ယောဘဝတ္ထု ၅

၅:၁-ရ ဧလိဖတ်က ယောဘအားသိတ်ခေါ်လိုက်သည်။ လူဖြစ်စေ ကောင်းကင်သားဖြစ်စေ အပြစ်၏ နောက်တွင် အပြစ်စီရင်ခြင်းက လိုက်ပါရစမြဲဖြစ်သည်။ ဧလိဖတ်ကိုယ်တိုင်သည်လည်း ဆိုးညစ်ခြင်းနှင့်အပြစ်တရားစီရင်ခြင်းအကြားတွင်ရပ်တည်နေကြာင်း ဝန်ခံသည်။ ဘေဒုက္ခဟုသည် အကြောင်းမရှိဘဲ မပေါ်ပေါက်နိုင်။ အကြောင်းရှိလျှင် အကျိုုုးရှိသည် အကြောင်းမရှိဘဲနှင့် အကျိုးမပေါ်ပေါက်နိုင်၊ လူသည် အပြစ်သားဖြစ်သည်။ မီးပွားသည် အပေါ်သို့ပြန်တက်နိုင်သည်နည်းတူ လူသည်လည်း အပြစ်၏အကျိုးဆက် အဖြစ်ဆင်းရဲဒုက္ခရောက်ကြသည်။

၅:၈-၁၆ သို့ကြောင့် တာဝရဘုရားသခင်ကို ရှာဖွေ၍ မိမ် ကိုယ်ကို ဝန်ခံရမည်။ အဘယ်ကြောင့်ဆိုသော် ဘုရားသခင်သည် ပညာနှင့်ပြည်စုံပြီးဘုန်းတန်းခိုးပြည့်ဝ၍ သတ္တလောက ဩကာသ လောကတစ်ခုလုံး ထိန်းချုပ်နိုင်စွမ်းရှိသည်။ အငယ် ၁၃ ကို ကိုးကား၍ ရှင်ပေါလုက ၁ ကော ၃:၁၉ တွင် လောကီပညယသည် ဘုရားခင်ရှေ့တွင် မိုက်မဲခြင်းဟုဆိုသည်။

၅:၁၇-၂ရ ဧလိဖတ်ကဘုရားသခင်၏ ဘုန်းတံခိုးကြီးမားပုံကိုဝန်ခံလျက် ဘုရားသခင်၏ ဘုန်တန်ခိုးကြီးမားပုံကို ဝန်ခံလျှက် ဘုရားသခင်က လူများအား အစာရေစာငတ်မွတ်ခေါ်င်းပါးခြင်း စစ်ဆေးစဉ်ဒဏ်သင့်ခြင်း မိုးခေါ်င်ခြင်း သာရဲတိရစာ္ဆန်ဘေး မှအချင်းချင်းသတ်ဖြစ်ခြင် ကြီးနိုင်ငယ်ညဉ်းအနိုင်ကျင့်ခြင်းမှ ကယ်တင်ပုံများကို ထောက်ပြသည်။ မိသားစုနှင့် အတူချမ်းမြေ့စွာနေထိုင်ခြင်း။ ဘဝလုံခြုံခြင်း သူများကို ကူညီစောက်ရှောက်နိုင်ခြင်း အသက်တာ ရှည်ခြင်းများကိုအောက်မေ့ကျေနပ်ပါဟုဖျောင်းဖျသည်။