ယောဘဝတ္ထု ၆

၃။ ယောဘ၏တုန့်ပြန်စကား (အခန်း ၆၊၇)

၆:၁-၁၃ ယောဘက သူ့စကားလွန်ကြောင်း ဝန်ခံသည်. သို့သော် အကျိုးအကြောင်းခိုင်လုံသည်။ သူ့ခံစကားရသော ဆင်းရဲဒုက္ခသည် သောင်ပြင်ထက် ကြီးလေးသည်။ တန်ခိုးတော်ဖြင့်ပစ်သော မြှားဆိပ်တို့သည် တစ်ကိုယ်လုံးတွင် ပျံ့နှံ့သည်။ အမင်္ဂလာ ပေါင်းစုံ ကျရောက်သည် မှတ်သော်လည်း ယောဘသည် ထိုဒုက္ခသံသယာထဲမှ မင်္ဂလာစကားများ ကိုစာဖတ်ပရိတ်သတ်ထံသို့ ပို့ပေးနိုင်သည်။ အကျိုးအကြောင်းမခိုင်လုံဘဲ လျှာရှည်လေဖောခြင်းမဟုတ် အကောင်းမမြသဖြင် မည်တွန်တောက်တီးခြင်း မဟုတ်ပါ။ ဆင်းရဲဒုက္ခများ၏နောက်ဆက်တွဲသည် ငိုကြွေးခြင်းမျက်ရည်ဖြစ်သည်။ ယောဘသည် အနာရောဂါနောက်တွင် အော်မြည်နေရသည်။ သို့တွင်အနာရတ်မျှော်လင့်စရာမရှိ အသက်ရှင်ရန်အားအင်နတ္ထိ အသက်ရှင်လျှက်လည် ဆန်ကုန်မြေလေးဖြစ်သည်။

၆:၁၄-၂၃ ယောဘက သူ့မိတ်ဆွေများ အားလိုချင်သည့် ပုံစံအတိုင်း မရှိကြသောအခါ စိတ်ပျက်မိသည်။ ယခုဖြင့်ယခု ကွယ်ပျောက်တတ်သော ရေစီချောင်းနှင့် နှိုင်းလိုက်သည်။ သူ့ကိုကူညီမစရန် အကူအညီမတောင်း နားပူနားဆာ မလုပ်သော်လည်း သူ့အားအပြစ်မြင်နေကြပြီ။

၆:၂၄-၃- ဧလိဖတ်က လျှို့ဝှက်သော အဖြစ်ရှိသည်ဟု စွပ်စွဲသည်။ ယောဘသည် စိတ်ဆိုးခြင်းမရှိ အကျိုးအကြောင့်နှင့် ဆင်ခြင်၍တုံ့ပြန်သည်။ သူ့အပြစ်များကို လက်ညှိုးထိုးပြစေချင်သည်။အငယ် ၂ရ သည် သူ့သူငယ်ချင်းအားအား တုံ့ပြန်ထိုးစစ်ဆင်ခြင်းဖြစ်သည်။ သူ့မိတ်ဆွေများသည် ယောဘ၏ ငယ်ကျိုးငယ်နာမှစပြီးအူမချေးခါးအထိ သိရှိနေသူများဖြစ်ဟန်တူသည်။