ရာဇဝင်ချုပ်ဒုတိယစောင် ၁၂

၁၂: ၃ရာ ၁၄:၂၂၂၄ တွင် ရောဗောင် မင်း၏ တယူသန် သောက်တလွဲ လုပ်ဆောင်ချက် တချို့ အသေးစိတ် မှတ်သားထားသည်။ ရာဇဝင်ချုပ်တွင်မူ ဘုရားသခင်၏ ပညတ်တော်များ  ချိုးဖောက်သည်ဟု သာခပ်ဖွဖွလေးရေး ထားသည်။ သူ၏စိတ်နှလုံးသည် ဘုရားသခင်အား ရှာဖွေတမ်းတလိုစိတ် မရှိ(ငယ်၁၄) ။ ရှောလမုန်မင်း ကွယ်လွန်ပြီး(၅)နှစ်ကြာသောအခါ အဲဂုတ္တုမင်း သည် ယေရုရှလင်မြို့တော် တံခါးဝသို့ ရတနာသိုက် တူးဖို့ ရောက်ရှိလာကြသည်။ ရောဗောင်မင်း ချွေး တလုံးလုံး တပင် တပန်းဆောက်လုပ်ထားသမျှ သည် ခဲလေသမျှ သဲရေကျကုန်သည်။ အမှန်မှာ အဲဂုတ္တုဘုရင်ရှိရှက် ဘုန်းတန်ခိုး ထွန်းတောက်သောကြောင့် မဟုတ်ပါ။ ယုဒလူများက ဘုရားသခင်အပေါ် သစ္စာမဲ့ လာကြခြင်း ဖြစ်သည်။

 ၁၂: ပရောဖက်ရှေမာယ သည် ရောဗောင်မင်း ထံ သို့ ဒုတိယအကြိမ်ရောက်ရှိလာသည်( ၁၁:၂ကိုကြည့်) ဘုရားသခင်ကို သစ္စာဖောက် ကြသောကြောင့် ယုဒပြည်အား နှိမ့်ချ၍ ဘုရားသခင်ကို သိရှိသွားကြသဖြင့် ယေရုရှလင်မြို့ကို အပြီးအပိုင် မဖျက်ဆီးတော့ပါ။ သို့သော် မှတ်မိလောက်အောင် သင်ခန်း စာပေးမည်။ ရှိရှက်မင်း ထံကျွန်ခံ စေမညဟုဆိုသည်။

 ၁၂:၁၂ တိုင်းသူပြည်သားများ လွတ်ငြိမ်းချမ်းသာခွင့် ရရှိကြသော်လည်း တိုင်းပြည် စုတ်ပြတ်သွားသည်။ ရောဗောင်မင်း က အပေးအယူလိုက် ညှိသည်။ ဘုရားသခင် ဗိမာန်တော်နှင့် မင်းဘဏ္ဏာမှ ရွှေများကိုပေး လိုက်ရသည်။ ထိုရွှေ စင်များနေရာ တွင် ကြေးဒိုင်းလွှားများ ဖြင့် အစားဖြည့်သည်။

၁၂:၁၃၁၆ ရောဗောင်မင်း၏ ဘဝဇာတ်သိမ်းသည် မလှ။ နာမည်ပျက်ဖြင့် အဆုံးသတ်သည်။ ဘိုးတော်ဒါဝိဒ် မင်းနှင့် ရောဗောင်၏ ကွာခြားပုံကို ဆာ ၂၇:၈ နှင့် ဤအခန်းငယ် ၁၄ တို့အား ယှဉ်ဖတ်ခြင်းဖြင့် ပိုမိုသိသာ နိုင်သည်။ ဒါဝိဒ်သည် ဘုရားသခင်ရှေ့တော်သို့ လှူ ဒါန်းရောဗောင် သည် ထိုအလှူ ကုသိုလ်များ ကိုပြန်ခွာသည်။