ရာဇဝင်ချုပ်ဒုတိယစောင် ၁၄

() အာသမင်း (အခန်း၁၄၁၆)

၁၄: လာမည့်အခန်း (၃)ခုတွင် အာသမင်း၏ အနှစ်(၄ဝ)နန်းစံပုံ ကိုလိုရင်းတိုရှင်း ရေးထားသည်။ ထိုအခန်း(၃)ခု ကို ၃ရာ ၁၅:၉-၂၄ တွင် အကျဉ်းရေးထားပြီးဖြစ်သည်။ ဤအပိုဒ်ငယ်(၁) သည် အထက်အခန်း(၁၃)နှင့် ချိတ်ဆက်ပေးသည်။ ဟေဗြဲကျမ်းမူတွင် အခန်း(၁၄:၂)မှ အစပြုထား သည်။

 ၁၄: အာသမင်းနန်းစံချိန်တွင် နိုင်ငံတော်အေးချမ်းသာယာ၍ ဖွံ့ဖြိုးခြင်းအကြောင်း ရင်းမှာ တိုင်းပြည်အုပ်စိုးသူမင်း ဘုရားသခင်ထံသို့ တိုးဝင် ချဉ်းကပ်သည်။ တိုင်းပြည်အဝှမ်းတွင် ဘုရားတုကိုးကွယ်ခြင်းကိုလည်း သန့်စင်သည်။၁၅ မြို့ပြခံတပ်ကြီးများ တည်ဆောက်၍ တဘက်တွင် ကာကွယ် ရေးအင်အားလည်း ဖြည့်ဆည်းသည်။

၁၄:၁၅ အေးချမ်းသာယာနေသော ယုဒပြည်၏ ရေမျက်နှာပြင်ကို အဲသရောပိစစ်သား တစ်သန်း နှင့် မြင်းစစ်သည် သုံးရာဖြင့် လာရောက်ကျူးကျော် လှုပ်ခတ်သည်။ ယုဒစစ်တပ် ပမာဏသည် မနှိုင်းသာအောင် သေးငယ် သော်လည်း ယေဟောဝါ ဘုရားသခင် က စောင့်ရှောက်ကူညီသောကြောင့် ထိုးစစ်တပ်ကြီးကို အောင်မြင်သည်။

အပိုဒ် ၁၁ ပါ အာသမင်း၏ ဆုတောင်းချက်သည် လိုရင်းတိုရှင်းဖြစ်၍ ထိမိသည်။ တိုက်ပွဲကာလတွင် အချိန်ဖြုန်း၍ ထိမိသည်။ တိုက်ပွဲ ကာလတွင် အချိန်ဖြုန်း၍ မရ။ ဆုတောင်းချက်သည် တိုသည်။ ရှည်သည်။ အဓိက မဟုတ်။ ဘုရားသခင် နားညောင်းဖို့ အဓိက ကျသည်။ ထို့ကြောင့် စိတ်မနော အရင်းဖြင့် ဆုတောင်းရသည်။ အာသမင်းသည် ဘုရားကိုင်းရှိုင်းသူ ဖြစ်သောကြောင့် သူ့ ဆုတောင်းချက်များအား ဘုရားသခင်က ချက်ချင်း အဖြေပေးသည်။ မကုရှေမြို့ အနီး ဇေဖချိုင့်ဝှမ်းတွင် ဓါးဓါးချင်း၊ လှံလှံချင်း ခုတ်ပိုင်း တိုက်ခိုက်ကြသည်။ သတ္တုအချင်းချင်း ပွတ်တိုက်သော မီးများလင်းလက်၍ အသံဗလံများ ဆူညံသည်။ ဖိလိတ္တိတို့၏ မြေဂေဇာမြို့တွင် တိုက်ပွဲ အဆုံးသတ်သည်။ လူအမြောက်အများ သေဆုံးကြရသည်။ ကျွဲနှစ်ကောင်ခတ်သည့် အကြေားတွင် မြေစာပင်များလည်း သေကြေပျက်စီးကြသည်။ တိုက်ပွဲ ပြီးဆုံးသော အခါ စစ်နိုင်သော အာသမင်းသည် သုံ့ပန်းများ၊ ဖမ်းဆီးရမိ တိရစ္တာန်နှင့် ပစ္စည်းများကိုယူဆောင်၍ ယေရုရှလင် သို့ ပြန်လာသည်။