ရာဇဝင်ချုပ်ဒုတိယစောင် ၁၆

၁၆: အာသမင်းအရွယ်ထောက် ချိန်၁၇တွင် ဣသရေလ ဘုရင်ဗာရှာသည် ယေရု ရှလင်မြို့မှ မလှမ်းမကမ်းရှိ ရာမသို့ ချီတက်လာပြီ။ စစ်ရေး အင်အားလားစမ်းသည်။ ရာမမြို့အား ပိတ်ဆို့ ဝိုင်းရံ ထားသည်။

 ၁၆: အာသမင်းသည် အဲသရောပိ စစ်သည်များအား အနိုင်ပေးခဲ့သော ဘုရားသခင် ကို အားမကိုးတော့ဘဲ ဖောက်ပြန်လာသည်။ ဘုရားသခင်ဗိမာန် တော်ရှိ ဘဏ္ဏာတော်များကို ဖောက်ထုတ်၍ ရှုရိဘုရင် ဗင်္ဟာဒဒအား စစ်ပြေငြိမ်းလာဘ်အဖြစ်ပေးလိုက်သည်။ ဗင်္ဟာဒဒ်မင်းသည် အာသမင်းအား တိုက်ခိုက်ခြင်းမပြုတော့ဘဲ မြောက်ပိုင်းနိုင်ငံရှိ ဗာရှာမင်းကို တိုက်ခိုက်ကာ ရာမမြို့မှ ဆုတ်ခွာခိုင်းသည်။ အာသမင်းသည် သွေးမြေခ ခြင်းမရှိဘဲ စစ်ပြေငြိမ်းသွားသော်လည်း ဘုရားသခင်၏ အလိုတော်နှင့် မညီ။

 ၁၆:၁ဝ အာသမင်း၏ လုပ်ဆောင်ပုံ သည် ဘုရားသခင်အမြင်တွင် မျက်မွှေးတော်စူးသည်။ ထို့ကြောင့် ပရောဖက်အာနနိအား အာသမင်းထံ သို့ စေလွှတ်၍ အာသမင်း၏မိုက်မဲပုံ ကိုပြောင်ပြောင် တင်းတင်း အပုပ်ချစေသည်။ ဘုရားသခင်က အဲသရောပိစစ်ဘေးဒဏ်မှ ကယ်နှုတ်ခဲ့ပုံ ကို မမှတ်မိဘူးလားဟု ဆိုသည်။ ဘုရားသခင်သည် လူတို့၏ လုပ်ဆောင်ပုံများကို အစဉ်ရှုမှတ်နေပါသည်။ အာသသည် တရားသံဝေဂရခြင်း မရှိသည့်အပြင် အနာပေါ် ဒုတ်ကျသောကြောင့် ပရော ဖက်အာ နနိအား စိတ်ဆိုးပြီး ထောင်ချလိုက် သည်။ တိုင်းပြည်တွင် လည်း စစ်ရေး မငြိမ်မသက် လှုပ်ခတ်နေသည်။

 ၁၆:၁၁၁၄ အာသမင်းသည် ဘုရားသခင်၏ စကားတော်ကို အလေးမမူ သောကြောင့် ခြေထောက်တွင် အနာဆို စွဲ ကပသည်။ သို့သော် လည်း နောင်တရခြင်း မရှိ။ ဘုရားသခင်ထံ မျက်နှာ လှည့်ဖို့ ငြင်းဆန်နေဆဲ။ ဘုရားကို အားမကိုးဘဲ ဗိန္ဒောဆရာ ထပ်မံ အားကိုးသဖြင့် ဖြတ်လမ်းနည်းဖြင့် သေရွာ သို့ ရောက်ရှိသည်။ အချို့က ထိုဗိန္ဒောဆရာ ဆိုသည်မှာ ပျောက်စေဆရာ သို့မဟုတ် ရေမန်းဆရာ ဖြစ်မည်ဟု ဆိုကြသည်။

သေခါနီးတွင် ဖောက်ပြန်သော်လည်း အာသမသ်းသည်ယုဒဘုရင်များတွင် မင်းကောင်း မင်းမြတ် စာရင်းဝင် သည် (၁၅:၁၇)။ အာသမင်း ကွယ်လွန်သောကြောင့် တိုင်းသူပြည်သားများ ကြေကွဲ ဝမ်းနည်းကြသည်။ အမွှေး တိုင် မြောက် မြားစွာဖြင့် မီးရှို့ကြခြင်းသည် အလောင်း အားမီးရှို့ သင်္ဂြိုဟ်ခြင်း မဟုတ်( ငယ် ၁၄)။