ရာဇဝင်ချုပ်ဒုတိယစောင် ၃၅

 ၃၅: ဟေဇကိမင်းရှေ့က ပြသသွားသည့်အတိုင်း ယဇ်ပုရောဟိတ်များနှင့် လေဝိအမျိုးသားများကို ကိုယ်စီ တာဝန်ကျေပွန်ရန် ခန့်အပ်ကြပ်မတ်သည်။ ဗိမာန်တော်ရှိ ပဋိညာဉ်သေတ္တာတော်ကို သန့်ရှင်းစင်ကြယ်စေသည်။ ယဇ်ပုရောဟိတ်များသည်လည်း စည်းလုံးညီညွတ်စွာ ကိုယ်စီတာဝန် ထမ်းဆောင်ကြသည်။ ပသခါပွဲတော်ကျင်းပဖို့ ပြင်ဆင်ကြသည်။ ပဋိညာဉ်သေတ္တာအား ဗိမာန်တော်မှ ရွှေ့၍ပြန်သွင်းခြင်းသည် မေးစရာမေးခွန်းကြီး ဖြစ်ပါသည်။ ညစ်နွမ်းခြင်းမရှိအောင် ယဇ်ပုရောဟိတ်မင်းများက ပုခုံးထမ်း၍ တနေရာမှ တနေရာသို့ ဒေသစာရီလှည့်လည်ပေးခြင်း ဖြစ်နိုင်သည်။ သို့မဟုတ် မနောရှေကသော်၎င်း၊ နေရာရွှေ့ခြင်းလည်း ဖြစ်နိုင်သည်။ မည်သို့ဖြစ်စေ ယောရှိမင်းက နေသားတကျ ဖြစ်အောင် ပြန်လည်ထားရှိပါသည်။

 ၃၅:၁၉ အာရှုရီဘေးရန်ကြောင့် တိုင်းပြည်ဆင်းရဲသော်လည်း၊ ယောရှိမင်းသည် ဘုရားတရားကိုင်းရှိုင်း၍ ပေးလှူခြင်းစေတနာသဒ္ဒါထက်သန်သူဖြစ်သောကြောင့် ပွဲတော်အတွက် ယဇ်ကောင်အမြောက်အမြားလျူဒါန်းသည်။ အခြားလူကြီးသူမ၊ မှူးကြီးမတ်ရာများကလည်း တတတ်တအားပါဝင်လှူဒါန်းကြသည်။ မောရှေစီရင်ရေးသားခဲ့သည့် ပသခါပွဲတော်ကျင်းပသည့် ပုံစံအတိုင်း တသွေမသိမ်းလိုက်ရာကျင်းပကြသည်။ လေဝိသားများက ချီးမွမ်းသီချင်း ကျူးဧပူဇော်ကြသည်။ ရှမွေလလက်ထက်တွင် နောက်ဆုံးကျင်းပခဲ့သည့် ပုံစံအတိုင်း ပသခါပွဲတော်ကို စည်းကားသိုက်မြိုက်စွာ ဆင်နွဲကြသည်။ ထိုပွဲတော်သည် အကြီးအကျယ်ဆုံး၊ အခမ်းနားဆုံ:မဟုတ်သော်လည်း ယေဟောဝါဘုရားသခင်ရှေ့တော်၌ အပျော်ရွှင်ဆုံးပွဲတော်ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ပြည်သူများ၏ ကိုးကွယ်ပူဇော်ခြင်းအတိုင်းအတာလေးနက်သည်။ထိုပသခါပွဲကဲ့သို့သော စည်းကားသည့်ပွဲမရှိစဘူး(ငယ် ၁၉ နှင့် ၃၄:၈တို့ကိုယှဉ်ဖတ်ပါ)။

၃၅:၂၀၂၄ နောက်ထပ်(၁၃)နှစ် နန်းစံကာလအကြောင်းမသိရပါ။ ယောရှိမင်းသက်တော်(၃၉)နှစ်တွင် အဲဂုတ္တုမင်းနေခေါဘုရင်နှင့် စစ်ဖြစ်သည်။ အဲဂုတ္တုစစ်တပ်သည် ဗာဗုလုန်ပြည်အားစစ်တိုက်ရန် အာရှရိပြည်တလျှောက် ဖြတ်သန်းချီတက်ခြင်းဖြစ်သည်(၄ရာ ၂၃:၂၉)။ နေဇာဘုရင်နောက်ကွယ်တွင် ဝှက်ထားသော ဘုရားသခင်၏ လက်တော်ကို ယောရှိဘုရင်က မမြင်၊ ဘုရားသခင်ကိုလည်း ကြိုတင်မေးမြန်းတိုင်ပင်ခြင်းမပြုဘဲ ၊ ဖာရော့မင်းအဲဂုတ္တုဘုရင်ကို သွားတားသည်။ သို့ဖြင့် ယောရှိမင်းသည် အငှားဗိုက်ဖြင့် ဓါးထိုးခံရသည်။ တိုက်ပွဲတွင်ကျဆုံ:သည်။၂၈ဘုရားတရားသိသော ပြည့်ရှင်မင်းဆုံးရှုံးသောကြောင့် ယုဒပြည်သူများ ကြေကွဲဝမ်းနည်းကြသည်။ ဘုရားသခင်၏ အမျက်ဒေါသသင့်ခဲ့သည်(၃၄:၂၂-၂၈)။

ထိုအဖြစ်အပျက်ကို John Whitcombက ဤသို့မြင်သည်။

ဓမ္မဟောင်းကျမ်းတွင်အထူးခြားဆုံးဇာတ်ကွက်တခုဖြစ်သည်။ ဘုရားတရားမသိသော အဲဂုတ္တုဘုရင် ဒုတိယနေဇာမင်းက ဘုရားသခင်စေခိုင်းချက်အရ စစ်ချီသည်ဟုဆိုသော်လည်း ဘုရားသခင်၏ အစီအစဉ်ကိုဖျက်ဖို့ ကြိုးပမ်းသည်။ သို့ကြောင့်ဘုရားသခင်၏ ဖျက်ဆီးခြင်း ခံရသည်(၆ရာ ၃၅:၂၁)။ နေဇာမင်း၏ စကားကို ဝါဒဖြန့်ချီခြင်းဟု ထင်မှားကြသည်။ သမိုင်းရေားဆရာက ယောရှိမင်းသည် နေဇာမင်းပြောသော စကားအား  ဘုရားသခင်ထံမှ လာသောစကားမဟုတ်မှ အထင်လွဲပုံရသည်ဟုဆိုသည်။ နေဇာဘုရင်သည် ဘုရားသခင်၏ စကားကို ယုံကြည်သောကြောင့် ယောရှိမင်းအား သတ်ဖြတ်ခြင်းဖြစ်သည်။ ထိုသို့ဆိုလျှင် သဘောတူလက်ခံနိုင်ကြပါသလား။ မနာခံမှုကြောင့် ယောရှိမင်း၏ ကယ်တင်ခြင်း ဆုံးရှုံးခြင်းမဟုတ်ပါ။ ဘုရားသခင်သည် ရုပ်တုကိုးကွယ်သောမင်းများသို့ တိုက်ရိုက်စကားပြောလေ့မရှိပါ။ စိတ်နှလုံးပြောင်းဖို့သာလျှင် ပြောရိုးသာရှိသည်။ (က ၁၂:၁၇-၂၀၊ ၂၀:၃-၇ နှင့် ယှဉ်ကြည့်ပါ)။ ဘုရားသခင်က အဲဂုတ္တုစစ်တပ်အား ဥဖရတ်မြစ်ရိုးတစ်လျှောက်တွင် စစ်ကစားလှုပ်ရှားစေလိုသည်။ သို့မှသာလျှင်နေဗုခဒ်နေဇာမင်း အာရှုရိစစ်တပ်အား နှိမ်နှင်းအောင်မြင်နိုင်မည်။ လမ်းတလျှောက် ချီတက်လာ၍ ယုဒပြည်ကိုလည်း သိမ်းပိုက်နိုင်မည်(ယေ ၂၅:၈-၁၁ နှင့်ယှဉ်ဖတ်ပါ)။၂၉

၃၅:၂၅၂၇ ယောရှိမင်းသေဆုံးသောကြောင့် ပရောဖက်ယေရမိ ငိုကြွေးသည်။ ဖမ်းဆီးခေါ်ဆောင်သွားခြင်း ခံကြရသည့်နောက်ပိုင်းတွင်လည်း တေးကဗျာဆရာများက လွမ်းတေးသီဖွဲ့ စပ်ဆိုကြသည်။ ယောရှိမင်းသည် စာတတန်ပေတတန် ရေးမှတ်အပ်သော သူတထူးဖြစ်သည်။ ဘုရားသခင်၏ ပညတ်တော်များကို လေးစားကြည်ညိုသည်။ သူ၏ယုံကြည်သစ္စာသည် ဘုရားသခင်၏ ပညတ်တော်များကို လေးစားကြည်ညိုသည်။ သူ၏ ယုံကြည်ယုံကြည်ခြင်းသစ္စာသည် ဘုရားသခင်၏ ပညတ်တော်များကို လေးစားကြည်ညိုသည်။ သူ၏ ယုံကြည်ခြင်းသစ္စာသည် ဘုရားသခင်၏နှုတ်ကပတ်တော်၌ အမြဲရှင်သန်နေသည်။ ယေ ၂၂:၁၆ တွင် “သူသည် ဆင်းရဲငတ်မွတ်သော သူတို့အမှုကို စောင့်၍ တရားသဖြင့် စီရင်၏။ ထိုသို့ပြု၍ ကောင်းစားခြင်းရှိ၏” ဟု ကျမ်းစကားထူထားသည်။ ယောရှိသည် ဘုရားသခင် သိကျွမ်းသူဖြစ်ကြောင်း ဘဝအသက်တာဖြင့် သက်သေပြသည်။ ငယ်ရွယ်နုပျိုစဉ် ကာလကပင် ဘုရားသခင်ကို ရျာဖွေသည်(၃၄:၃)။ ဘဝတသက်တွင်နာခံခြင်းဖြင့် အသက်ရှင်သည်။ “မောရှေတရား၌ ပါသမျှကို ကျင့်သဖြင့် စိတ်နှလုံးအကြွင်းမဲ့ စွမ်းသတ္တိရှိသမျှနှင့် ထာဝရထံတော်သို့ပြောင်းလဲ၍ ယောရှိမင်းနှင့်တူသော ရှင်ဘုရင်တပါးမှ မပေါ်စဘူး။ နောင်ကာလ၌လည်း မပေါ်မရှိ” (၄ရာ ၂၃:၂၅)။