ရာဇဝင်ချုပ်ဒုတိယစောင် ၃

: လိုအပ်သောပုံစံဇယားရေးဆွဲခြင်း၊ ကုန်ကြမ်းပစ္စည်းများ စုဆောင်းခြင်း လုံလောက်သော အခါ ရှောလမုန်မင်း နန်းစံ၊ စတုတ္တနှစ်မြောက်တွင် ဗိမာန်တော် ဆောက်လုပ်ခြင်း စတင်သည်။ ကျွမ်းကျင်အလုပ်သမားပေါင်း တစ်သိန်း ငါးသောင်းသုံးစွဲသည်။ ကုန်ပစ္စည်းများက ရေတွက်၍ မကုန်နိုင်။ နှစ်ပေါင်း(၇)နှစ်ကျော်ကြာ ခဲ့သည်။

မောရိတောင်ပေါ်တွင် အုတ်မြစ်ပန္နက် ချကြသည်။ ဗိမာန်တော်သည် အရှည်ပေ ၉ဝ၊ အကျယ်ပေ ၃ဝ၊ အမြင့်ပေ ၄၅(၃ရာ၆ရာတွင် အသေးစိတ်ပါရှိသည်) ရှိသည်။ အကြမ်းအားဖြင့် တဲတော် ရှစ်ဆ၏နှစ်ဆကြီး၍ ပေ ၃ဝ ရှည်လျားသော အိမ်တော်ဦးလည်း ပါဝင်သည်။

: အတွင်းပိုင်း ပင်မအခန်းကြီးကို(၂)ပိုင်း ကန့်ထားသည်။ ထိုအခန်းများသည် အသန့်ရှင်းဆုံးသော အခန်း၊ကျက်သရေဆောင်ထက်ကျယ်ဝန်းကြသည်။ အဆောက်အဦကို ကျောက်တုံး၊ ကျောက်ဆောင်ဖြင့် ဆောက်လုပ်သည်။ အတွင်းပိုင်းကို အာရစ်သစ်သားများဖြင့် ထပ်ကာ၍ရွှေစင်ကွပထားသည်။  အဘိုးတန်ကျောက်မျက်ရတနာများဖြင့် အနုသုခုမလက်ရာပုံစံ အမျိုးမျိုး ထွင်းချယ်ထားသည်။ အတွင်းပိုင်းရှိမြင်မြင်သမျှကို ဘုရားသခင်၏ ဘုန်းတန်ခိုးကြွယ်ဝချမ်းသာမှု ပုံဖော်ထားသော ရွှေစငဖြင့် အတိကွပ်ထားသည်။

:၁ဝ၁၃ အသန့်ရှင်းဆုံး ဌာနတော် ကျက်သရေဆောင်၌ ခေရုဗိမ်နှစ်ပါး (ပဋိညာဉ် သေတ္တာပေါ် ကရုဏာတော် ပလ္လင်၌ စံမြန်းသည့် ပုံစံ ဖြင့်)သွန်းလုပ်ထားသည်။ တောင်ပန်များသည် အသန့်ရှင်းဆုံးဌာနတော် တဘက်တချကထိ ရှည်သည်။ ထိုတောင်ပန်များအောက်တွင် ပဋိညာဉ်သေတ္တာတော် ရှိသည်(၅:၇)။ ခေရုဗိမ် ဆိုသည်မှာ သမ္မာကျမ်းစာတွင် မကြာခဏ ဖတ်ရူရအောင် ဝိညာဉ်ရေးရာ သတ္တဝါဖြစ်သည်။ နံရံများ(ငယ်၇)နှင့် ကုလားကာ( ငယ်၁၄) များသည် ဘုရားသခင်ကို စောင့်မျှော်ကြခြင်း ပုံဆောင်သည်။ ဗိမာန်တော်နှင့် ယဇ်ပလ္လင်တို့သည် ဘုရားသခင်ကိန်း ဝပ်စံပယ်ရာ ဌာနတော် အမှန်ဖြစ်သည်။ ကောင်းကင်နိုင်ငံတွင် နေ့နေ့ညည ဝတ်ပြုကိုးကွယ် ချီးမွမ်း သည့်နေရာမျိုး ဖြစ်သည်(ဟေဗြဲ၈:၅)။ ခရစ်တော်ကိုလည်း ပုံဆောင်ကြသည်(ယော၁:၁၄၊ ကိန်းဝပ်ရာ ဆိုသည်မှာ စကားပြေအား ဖြင့် ယဇ်ပလ္လင်ဖြစ်သည်(၂:၁၉)။

:၁၄ ၁၇ အခန်းနှစ်ခန်းကို ကုလားကာဖြင့် ခြားထားသည်။တံခါးများရှိသည်(ငယ်၇)။ဗိမာန်တော် အရှေ့မျက်နှာစာရှိတိုင်ကြီးနှစ်တိုင်တွင်သလဲသီးပုံရတနာ တစ်ရာစီချယ်မှုန်း တန်ဆာဆင်ထားသည်။ ညာဘက်တိုင်ကို ယာခိန်၊ ဘယ်ဘက်တိုင်ကို ဗောဇ ဟုခေါ်သည်။