ရာဇဝင်ချုပ်ဒုတိယစောင် ၇

၇:၁-၇ ရှောလမုန်ဘုရင်၏ ဆုတောင်းချက်စကား အဆုံးသတ်သည် နှင့်တပြိုင်နက် ကောင်းကင်ယံမှ မီးကျလာပြီး မီးရှို့ရာယဇ်ကို လောင်ကျွမ်းသည်။ ဗိမာန်တော်တခုလုံး ကိုလည်းဘုရားသခင်၏ ဘုန်းတန်ခိုးတော်ဖြင့် ပြည့်စုံသည်။ ကောင်းကင်ယံ ဘုန်းတန်ခိုးတိမ်ထောက်ဆင်းသက်လာ သဖြင့် ပရိသတ်အပေါင်းသည် သာမန်သလင်းပေါ်တွင် ပြားပြားဝပ်၍ ဝတ်ပြုကိုးကွယ်ကြသည်။ ရှောလမုန်ဦးဆောင်၍ နွားနှင့် သိုးထောင်ချီ ယဇ်ကောင် မီးရှို့ပူဇော်ကြသည်။

ယဇ်ပုရောဟိတ်များက ယဇ်ပလ္လင်အမှုအရာထမ်းဆောင်ကြ၍၊ တေးဂီတတူရိယာပညာရှင်များက ဒါဝိဒ်ဘုရင်စပ်ဆိုထားခဲ့သော တေးသီချင်းများဖြင့် ဂုဏ်ပြု ပူဇော်ချီးမွမ်းကြသည်။ ပရိသတ်အပေါင်းသည် မတ်တပ်ရပ်၍ ချီးမွမ်းကြသည်။ ချီးမွမ်းသီဆိုသံများသည် ခြိမ့်ခြိမ့်သဲလျက် မိုးယံသို့ ပျံ့လွှင့်သွားသည်။

ကြေးယဇ်ပလ္လင်တွင်ယဇ်ကောင်များ မကာမိသောကြောင့် အခြားယဇ်ပလ္လင် ယာယီဆောက်လုပ်ရသည်။

:၁ဝ အနုမောဒနပြုရာပွဲတော် မင်္ဂလာကို() ရက်တိုင်တိုင် ကြက်ပျံမကျ စည်ကားသိုက်မြိုက်စွာ ကျင်းပသည်။ အပြစ်ဖြေရာ ပွဲတော်နှင့် ဆက်သွားသည်။ ပွဲတော်ပြီးဆုံးသော အခါမှသာ ပရိသတ်များလည်း အိမ်ပြန်ကြရသည်။

:၁၁၁၆ နန်းတော်ဆောက်လုပ်ပြီးပြီ၊ ဗိမာန်တော်လည်းရောက်လုပြီးစီးသော ညဉ့်တွင် ဘုရားသခင်သည် ရှောလမုန်ဘုရင်အား ကိုယ်ရောင် ကိုယ်ဝါပြ၍ သတိပေးစကားဆိုသည်။ ငါမျက်နှာကို ရှာ၍ ဆုတောင်းလျှင် မိုးခေါင်ခြင်း၊ စပါးဖျက်ပိုး ဂျိုင်းကောင်အုပ်ကျခြင်း၊ ကာလနာရောဂါဆိုးကျခြင်းမရှိစေရ။ အပြစ်များကိုလည်း ခွင့်လွှတ်၍ အားအင်ပြည့်ဝကြရမည် ဟုကတိတော်ပေးလိုက်သည်။

ငယ်၁၄သည် ရွှေကျမ်း ချက်ဖြစ်သည်။ လိပ်စာရှင် သည် ရွေးကောက်တော်မူထား သော ဣသရေလအမျိုး ဖြစ်သော်လည်း ကျမ်းစာကိုလက်ခံယုံကြည်သော ယုံကြည်သူအပေါင်းတို့လည်းအကြုံး ဝင်သည်။ တလောကလုံးတွင် ခွန်အားယူစရာ၊ ဆောက်တည်စရာ၊ ဖြေဆည်စရာဖြစ်သည်။ ကတိတော် အတိုင်း လိုက်နာလျှင် လိုက်နာသည့်အတိုင်း ပြီးပြည့် စုံမည်။

ထိုအကြောင်းနှင့် ပတ်သက်၍ J.Barton Payne ကဤသို့ ဆိုသည်။

ဤရွှေကျမ်းချက်သည် ရာဇဝင်ချုပ်ကျမ်းချက်များတွင် အကြီးမားဆုံးကျမ်းပိုဒ်ဖြစ်သည်။ တမျိုးသားလုံးနှင့်ဆိုင်သော ကောင်းကြီးမင်္ဂလာ ဖြစ်၍ ရှောလမုန်၏မြေတွင်၎င်း၊ ဧဇရဝတ္ထုတွင်၎င်း၊ ယနေ့ခေတ်ကာလတွင်၎င်း၊ ထိုကောင်းကြီး ကတိတော်မျိုးမတွေ့ရ။ ယုံကြည်သူတိုင်း အပြစ်ဒုစရိုက် ရှောင်ကွင်း၍  ဘုရားသခင်ထံတော်သို့ တိုးဝင်ချဉ်းကပ်လျှင် နှုတ်ကပတ်တော်လာ အတိုင်းပြည့်စုံရသည်။ ကောင်းကင်နိုင်ငံသွား ရာ နိုးကြား ထကြွခြင်း နည်းလမ်းဖြစ်သည်။

:၁၇၂၂ အကယ်၍ ရှောလမုန်ဘုရင်သည် ဘုရားသခင်ရှေ့တွင် မင်းကျင့်တရားတော်နှင့်အညီ တင့်တောင့်တင့်တယ်ရှိလျှင် သူ၏ ရာဇပလ္လင်သည်လည်း သားစဉ်မြေး ဆက်တည်တံ့ခိုင်မြဲမည်။ တနည်းအား ဖြင့် ရှောလမုန်ဘုရင်နှင့် ပြည်သူများ သည် ရုပ်တုဘုရားတု ကိုးကွယ်လျှင် ဖမ်းဆီး ကျွန်ပြုခြင်း ခံကြမည်။ ဗိမာန်တော်ကိုလည်း ဘုရားသခင်၏ ငြင်းပယ်ခြင်းခံရမည်။ ဣသရေလလူများသည် ဘုရားသခင်၏ မျက်နှာတော်နှင့် ဝေးလံကြရမည်။

အပိုဒ်ငယ် ၁၆ တွင် ဗိမာန်တော်သည် တလောကလုံးတည်မြဲ ရမည်ဟုဆိုသော်လည်း ဘီစီ ၅၈၆ တွင် ပျက်သုဉ်းသည်။ ဘုရားသခင်၏ ကတိတော်သည် ချို့ယွင်းချက်ပါရှိသည်မဟုတ်ပါ။ ဣသရေလ တို့၏ ယုံကြည်မှုအားနည်းခြင်းနှင့် နာခံမှုပျက်ကွက်ခြင်းဖြစ်သည်။ အငယ် ၁၉၊၂ဝ တွင် အကယ်၍ ရုပ်တုဘုရားတု ကိုးကွယ်လျှင် ဖမ်းဆီး ကျွန်ပြုခြင်း ခံကြမည်။ ဗိမာန်တော်ကိုလည်း ဘုရားသခင်၏ ငြင်းပယ်ခြင်းခံရမည်။ ဣသရေလလူများ သည် ဘုရားသခင်၏ မျက်နှာတော်နှင့် ဝေးလံကြမည်။