ဧသတာဝတ္ထု ၁၀

၅။ မော်ဒကဲ၏ ပီတိ

၁၀: ဧသတာဝတ္ထုကို မော်ဒကဲ၏ပီတိဖြင့်နိဂုံးချုပ်ထားသည်။ မော်ဒကဲ၏ရဲဝံ့စွန့်စားခန်းကို မေဒိနှင့် ပါရှားဘုရင်များ၏ ရာဇဝင်ကျမ်းတွင် အပြည့်အစုံ မှတ်တမ်းတင်ထားသည်။ ဧသတာဝတ္ထုနှင့်ပတ်သက်၍ Carl Armending ကဤသို့ဆိုထားပါသည်။

ရာဇဝင်ကျမ်းများရှိ ဇာတ်ကောင်အများစုသည် သင်္ဂြိုဟ်ခြင်းဖြင့် ဇာတ်လမ်းအဆုံးသတ်လေ့ရှိသည်။ ထိုအထဲတွင် မော်ဒကဲမပါရှိပါ။ မော်ဒကဲ၏ စွန့်စားမူသည် ခေတ်အဆက်ဆက်ရှင်သန်နေပေမည်။ “လောကနှင့် လောကီတပ်မက်ခြင်းသည် ရွှေ့သွားကွယ်ပျောက်တတ်သော်လည်း ဘုရားသခင်၏ အလိုတော်နှင့်အညီ ကျင့်သောသူမူကား နိစ္စထာဝရတည်း” (၁ယော ၂:၁၇)။၁၃

၁၀: မော်ဒကဲသည် မိမိလူမျိုးအကျိုးဆောင်သော မျိုးချစ်ပုဂ္ဂိုလ်ဖြစ်သည်။ ထိုအကြောင်းကို Spurgeon သူ၏အမှုတော် လုပ်ငန်းတွင် ဤသို့လက်တွေ့အသုံးချသည်။

မော်ဒကဲသည် မျိုးချစ်ပုဂ္ဂိုလ် အမှန်ဖြစ်သောကြောင့် အာရွှေရုမင်းလက်ထက်တွင် အမြင့်ဆုံးသောရာထူးရရှိခဲ့သည်။ သူ့၏ဘဝအဓိပ္ပာယ်သည် မိမိလူမျိုး၏ စည်းစိမ်ချမ်းသာဖြစ်သည်။ ဤဇာတ်လမ်းတွင် သူသည်သခင်ယေရှုပုံဆောင်သည်။ သူကိုယ်တိုင်၌ စည်းစိမ်ဥစ္စာ၊ ဘုန်းတန်ခိုးရှိသော်လည်း ကိုယ်ကျိုးအတွက်မသုံး။ အများပြည်သူအတွက်သုံးသည်။ ယနေ့ယုံကြည်သူများသည်လည်း အသင်းတော်၏ မော်ဒကဲများဖြစ်စေချင်သည်။ မိမိအစွမ်း အစရှိသမျှကို အသင်းတော်အတွက် ဖြစ်ရသည်။ အချို့ကိစ္စရပ်များတွင် မိမိမှ ကြီးစိုးသကဲ့သို့ မိမိအား လွှမ်းမိုးခံရသည့်အချိန်လည်း သစ်ငုတ်နိမ့်တုံမြင့်တုံ ရှိတတ်ပါသည်။ သို့သော် အစွမ်းသတ္တိရှိသမျှထုတ်၍ သခင်ယေရှုကဲ့သို့ မဟာလူသား ပုံစံဖြစ်ရသည်။ နောက်တခုမှာ ဘုရင်တို့၏ ဘုရင်နှင့် မိဿဟာယခိုင်မြဲခြင်းဖြစ်သည်။ ပြည့်စုံသောလူသား ဟူ၍မရှိပါ။ နေ့စဉ်ဘဝ အသက်တာတွင် အငြိမ်မနေ၊ အသားမကျလှုပ်ရှား ရုန်းကန်နေရပါသည်။ ထိုအထဲမှ အစွမ်းသတ္တိထုတ်၍ ဘုရားသခင်၏ လူသားအဖြစ်လောကကို အောင်နိုင်ရာသည်။၁၄

မှတ်စု

၁။ (နိဒါန်း) သီးသန့် ယုဒလူဆိုသည်မှာ ယုဒလူမှန်သော်လည်း ယုဒအစဉ်အလာကို ကြပ်တည်းစွာ စောင့်ထိန်းခြင်းမရှိသူ၊ မောရှေစိရင်ကျမ်းကို တသွေမသိမ်း လိုက်နာခြင်းမရှိသူဖြစ်သည်။

၂။ (နိဒါန်း) ပါရှန်းပြည်ကို ယုခုခေတ်တွင် အီရန်နိုင်ငံဟုခေါ်သည်။ ပြောဆိုသောဘာသာစကားကို Farsi ဖာရစီ(ပါရှန်း) ဟုခေါ်သည်။ အာရေဗျဘာသာစကားနှင့် မတူသော်လည်း အာရေဗျစကားလုံးနှင့် ယဉ်ကျေးမှု လွှမ်းမိုးသည်။

၃။  (နိဒါန်း) “ကုစားခြင်း” ဟူသော စကားရပ်ကို အမျိုးမျိုးဖွင့်ဆိုကြသည်။ သူတို့ကို သူတို့လုံးဝပျက်စီး သူမှန်းမသိကြ။ ဘုရားသခင်သည် သူ့လူမျိုးတော်အား အရိပ်နောက်ကွယ်မှ စောင့်ရှောက်ကြည့်ရှုနေပါသည်။ ယေရုရှလင် ဗိမာန်တောမှ ဝေးကွာကြသည့်ကာလအတွင်း မပစ်ပယ်။ ဟေဗြဲကျမ်းမူရင်းနှင့် ကျမ်းပယ်များနှင့်လည်း မကွာခြားလှပါ။ ဘာသာရေးလှုပ်ရှားမှုကို ဇာတ်လမ်း ဇာတ်ကွက်၊ ပြဇာတ်ပမာပုံဖော်ထားသည်။ သို့ကြောင့် ယုဒများနှင့် အချို့ Protestant များက ကျမ်းစာတွင် မထည့်သင့်ကြောင်း ဝေဖန်ကန့်ကွက်ကြသည်။

၄။ (နိဒါန်း) W.Graham Scroggie, Know Your Bible,Vol.1, The Old Testament,p.96.

၅။ (နိဒါန်း) Quoted by Scroggie, Ibid.

၆။ (နိဒါန်း) အင်္ဂလိပ်စကားလုံး Susan နှင့် Susannah သည် ဟေဗြဲစကားလုံး”Lily”မှ ဆင်းသက်လာခြင်းဖြစ်သည်။

၇။ (၁:၁၃-၂၀) J. Vernon, McGee, Ruth and Esther, Woman of Faith.pp.232.33.

၈။ (၂:၁၉-၂၃) Cited by Carl Armerding Esther, For Such a Time as This,p.35.

၉။ (၃:၁၂-၁၅) Irving L.Jensen, Ezra, Nehemiah, Esther,p.88.

၁၀။ (၄:၁၀-၁၅) Matthew Poole, Matthew Poole’s Commentary on the Holy Bible,p.913.

၁၁။ (၆:၁-၃) J.G Bellett, Witnesses for God in Dark and Evil Times,being. Studies and Meditation on the Books of Ezra, Nehemiah and Esther,p.70.

၁၂။ (၉:၁၇-၂၈) Purum သည် ဟေဗြဲဝေါဟာရဖြစ်၍ “မဲပေါက်ခြင်း” ဟုအဓိပ္ပာယ်ရသည်။

၁၃။ (၁၀:၁-၂) Armerding, Esther,p.128.

၁၄။ (၁၀:၃) Charles Haddon Spurgeon,Morning and Evening,p.557. Reading for November 28,Evening.

တရားနှစ်ဆီကျမ်းပန်းချီမိတ်ဆက်

စာကဗျာများသည် ဘာသာပြန်ဆို၍ မရသောစကားများဖြစ်သည်ဟု ဆရာကြီးတပါးက အဆိုရှိခဲ့ဘူးသည်။ သို့သော်ကံကောင်းထောက်မစွာ ဓမ္မရဿနရသစာပေတွင်မူ မမှန်ပါ။ ဓမ္မဟောင်း ဟေဗြဲကျမ်းစာသည် ရေကန်အသင့်ကြာ အတင့်ဖြစ်နေသည်။ ဂန္တဝင် အင်္ဂလိပ်နှင့် ပြင်သစ်ကဗျာများသည် ကာရံ၊ နဘေ၊ စည်း၊ နာရီများစည်းကမ်း တင်းကြပ်လွန်းသဖြင့် ထိုသံစဉ်အတိုင်း ပြန်ဆိုရန်ခက်ခဲသည်။

ဟေဗြဲကဗျာသည် သံတူအစ အက္ခရာပုဒ်များဖြင့် ဖွဲ့ဆိုထားသောကြောင့် အခြားကဗျာများထက် ယဉ်သာသည်။

ရှေးပရောဖက်များ စာကဗျာဖြင့် ရေးသားဖွဲ့ဆိုထားလေ့ရှိကြသည်။ ကျမ်းများအနက် ဓမ္မဟောင်းကျမ်းတွင် (၅)ကျမ်းရှိသည်။ ယောဘဝတ္ထု၊ ဆာလံသီချင်း၊ သုတ္တံကျမ်း (နယပုံပြင်)၊ ဒေသနာကျမ်း (အာစရိယောဝါဒကျမ်း)၊ ရှောလမုန်သီချင်း(ဂီတမေနီကျမ်း)တို့ဖြစ်သည်။

၁။ ဓမ္မရသကျမ်းစာအုပ်များ

(က) ယောဘဝတ္ထု

သမ္မာကျမ်းစာအုပ်များထဲတွင် ရှေးအကျဆုံးဖြစ်ဟန်တူသည်။ အကျိုးအကြောင်း အမှားနှင့်အမှန် ဝေဖန်ဆွေးနွေးပြောဆိုကြသော်လည်း၊ ပညတ်တရား အထောက်အထားအဖြစ် ထုတ်ဖော်ပြဌာန်းခြင်းမရှိ။ ခံစားနေရသော အနာရောဂါ ဝေဒနာအား ယောဘနှင့်သူ့မိတ်ဆွေများ ဓမ္မပြဇာတ်ဆန်ဆန် အပြန်အလှန်ပြောဆို၍ ဓမ္မဒဿန အဖြေရှာခြင်းအကြောင်းဖြစ်သည်။ တရားဓမ္မအား နောက်ဆုံးသတ္တုချသောအခါ ဘုရားသခင်၏ ဘုန်းတန်ခိုးကြီးမားမှုကို တွေ့ရှိကြသည်။ ဤဝတ္ထုသည် ဓမ္မဒဿန စာအုပ်တွင် အလေးအနက်ဆုံးကျမ်းဖြစ်သည်။ မယုံကြည်သူများပင်လျှင် အတွေးပေါက်တရားရောက်နိုင်သော အံ့ဖွယ်စာကဗျာဖြစ်သည်။

() ဆာလံသီချင်း

ခရစ်ယာန်များအတွက် ထင်ပေါ်ကျော်ကြား လူသိများ ဓမ္မဟောင်းကျမ်းတစောင်ဖြစ်သည်။ ဓမ္မသစ်ကျမ်းက မကြာခဏ ကိုးကားဖော်ပြလေ့ရှိသည်။ ဤကျမ်းကို လူကြိုက်များခြင်းမှာ သီချင်းဖြစ်သောကြောင့်သာ ကြိုက်ကြခြင်းမဟုတ်။ ဓမ္မဒဿနကျယ်ပြန့်စွာ ပါဝင်သည်။

ဆာလံကျမ်းသည် ရှေးအခါက ဣသရေလတို့ ဝတ်ပြုကိုးကွယ်ရာ၌ သီဆိုရသော ဝတ်ပြုသီချင်းဖြစ်သည်။ ဘီစီ ၁၄၀၀(မောရှေ) မှ ဘီစီ ၄၀၀(ဧဇရ) ခေတ်ထိ နှစ်ပေါင်းတစ်ထောင်အတွင်း သီဆိုကြသော တေးကဗျာများ ငါးအုပ်မှ ရွေးထုတ်စုစည်းခြင်းဖြစ်သည်။

() သုတ္တံကျမ်း

ဓမ္မဟောင်းကျမ်းထဲမှ လူသိအများဆုံး၊ ယုံကြည်သူများဒုတိယအများဆုံး လက်စွဲအသုံးပြုသည့် ကျမ်းတစ်စောင်ဖြစ်သည်။ ဘုရားသခင်အမြင်ဖြင့် လူ့ဘဝကို အောင်မြင်စွာနေထိုင်သက်ရှင်နည်း၊ နှုတ်ကောင်းချိုမြိန် သုခမိန်စကားဖြစ်၍ ပြိုင်စံရှားသည့် ဉာဏ်ပညာစာပေအလင်္ကာသက်သက်ဖြစ်သည်။

() ဒေသနာကျမ်း

သမ္မာကျမ်းစာရှုထောင့်ဖြင့် သွန်သင်ရန် အခက်အခဲဆုံးကျမ်းဖြစ်သည်။ အဓိသော့ချက် စကားလုံးများမှာ “နေရောင်ခြည်အောက်မှာ” နှင့် “ဆရာ” ဖြစ်သည်။ ထို့ကြောင့် လူ့ဒဿန အတွေးအမြင်များဖြစ်သည်။ သို့သော် စာပေအရေးအသား အတွေးအခေါ်တွင် စံတင်ရသော ဓမ္မရသစာပေမွန်ဖြစ်သည်။

()သီချင်းများ၏ သီချင်း (ရှောလမုန်သီချင်း)

သမ္မာကျမ်းစာကို ချစ်ခင်မြတ်နိုးလိုလားသူတိုင်း စစ်မှန်သောမေတ္တာ၊ ဖြူစင်သော အချစ်ရသစာပေအဖြစ်ခံယူကြသည်။ “သီချင်းများ၏ သီချင်း” ဟုဆို၍ ဟေဗြဲဘာသာစကားအားဖြင့် “နူးညံ့သိမ်မွေ့ဆုံးတေးကဗျာ” ဟု အနက်ရသည်။ ရှောလမုန်လက်ရာသီချင်း (၁၀၀၅) ပုဒ် (၃ရာ ၄:၃၂) ပါဝင်သည်။

၂။ ဓမ္မဟောင်းစာကဗျာများ ခံစားကြည့်ခြင်း

ကံအကြောင်းမလှသည်မှာ ယနေ့ခေတ်ကာလတွင် ကျောင်းများ၌ စာပေရသ၊ ကဗျာကဏ္ဍ တိမ်ကောမှေးမှိန်ခြင်းဖြစ်သည်။ စာကဗျာရသစာပေများ စိတ်ဝင်စားအောင် လှုံ့ဆော်မှုနည်းပါးလာခြင်း၊ ထိုသို့နည်းပါးခြင်းကြောင့် နားမလည်ကြခြင်း၊ စာကဗျာ၊ အလင်္ကာနားလည် ကျွမ်းကျင်သောဆရာများ ရှားပါးလာခြင်းတို့ကြောင့် စာပေအနုသုခုမ နွမ်းနယ်ပပျောက်ကုန်သည်။ မည်သို့ပင်ဖြစ်စေ စာကဗျာကို စိတ်ဝင်စားခြင်း ခံစားမြည်းစမ်းခြင်းသည် ပန်းရုံတောမျ တော်ဝင်နှင်းဆီပန်း ပွင့်လန်းခြင်းဖြစ်သည်။ ရုက္ခဗေဒပညာအရ နှင်းဆီပန်းသည် ခွဲခြမ်းစိတ်ဖြာ သုတေသနလေ့လာစရာသာ ဖြစ်ကောင်းဖြစ်မည်။ သို့သော် အနုပညာရသဖြင့် ကြည့်ရှုလျှင် လူစိတ်နှလုံးကို ရွှင်ပျစေသည်။ ပတ်ဝန်းကျင်ကို ပသာဒရရှိစေသည်မှာ အမှန်ဖြစ်သည်။

ဓမ္မဟောင်းစာကဗျာ၊ ဓမ္မရသကျမ်းများဖတ်ရှုခံစားခြင်းသည် ကန္တရတောမြိုင်လယ်မှ နှင်းဆီနီလေးတပွင့်အား တယောက်ပြီးတယောက် လက်ဆင့်ကမ်း၍ အရသာခံစားခြင်းမျိုးဖြစ်သည်။ တနည်းအားဖြင့် သိပ္ပံနည်းကျကျ၊ လက်တွေ့မြည်းစမ်းခြင်းဖြစ်သည်။ အကယ်၍ နွေဦးနှင်းဆီဖူးငုံနှင့် ခေါင်ရမ်းပန်း၊ ဖက်ဖူးရောင် ကြက်သွေးနီ၊ သန္တာရောင်နှင့် ပန်းနုရောင်မရင့်တရင့် ခွဲခြားခံစားတတ်လျှင် ဤဓမ္မရသပေများသည် စာရှုသူ၏ စိတ်ဘဝင်ဝိညာဉ် ချမ်းမြေ့စေပါမည်။

ထိုကဲ့သို့ အရောင်အဆင်း အနုပညာရွေးချယ် ခံစားတတ်ပြီးလျှင် စာကဗျာ၏ အရသာကိုလည်း မြည်းစမ်းအရသာတွေ့နိုင်မည်။ ဆုလံဆရာနှင့် အခြားလက်ရာရှင်များ၏ ခံစားချက်များကို ပိုမိုနားလည်ပေးနိုင်မည်ဟု ယုံကြည်ရသည်။ ဤကျမ်းငါးစောင်သည် စာကဗျာ၊ ဓမ္မရသသက်သက်လည်းမဟုတ်ပါ။ ဓမ္မဟောင်းကျမ်း၏ နှလုံးသည်းအိမ်ဖြစ်သကဲ့သို့ ဓမ္မသစ်ကျမ်းတွင် မတွေ့ရသော ကျမ်းလက်ရာမျိုးလည်းဖြစ်သည်။

၃။ အလားတူအတုယှဉ်ခြင်း

ဓမ္မရသစာပေများ၏ အဓိကရေးသားဟန်သည် အင်္ဂလိပ်စာပေကဲ့သို့ ကာရံနရီယူခြင်းမဟုတ်ပါ။ သို့သော် အချီအချ၊ နရီသွားဖြင့် တန်ဆာဆင်ထားပါသည်။ ကဗျာအကြောင်းတွင် (၂)ခု သော်၎င်း၊ (၂)ခုထက်ပို၍သော်၎င်း၊နဘေထပ်များဖြင့် စုသီထားသည်။ ထိုသို့ မူလကဗျာနီးပါး ပြန်ဆိုနိုင်အောင် မူရင်းစာပေကို ပြဌာန်းအသုံးပြုခိုင်းသော ဘုရားသခင်၏ နာမတော်ကို ချီးမွမ်းပါသည်။ အခြားဘာသာစကား အသီးသီးပြန်ဆိုကြရာတွင် မူလအဓိပ္ပာယ် လုံးဝပျောက်ကွယ်ခြင်းမရှိ။ သခင်ယေရှုကိုယ်တော်တိုင်သည်လည်း လွတ်လပ်စွာ အလားတူကိစ္စမျိုး ပုံဥပမာပေး ဟောပြောလေ့ရှိသည်။ အတုယှဉ်၍ ခိုင်းနှိုင်းလေ့ရှိခဲ့သည်။ (ဥပမာ-မ ၅-၇ နှင့် ယော ၁၃-၁၇ ကို အသေအချာယှဉ်၍ ဖတ်ကြည့်ပါ)။

ဟေဗြဲဓလေ့ရိုးရာ ဥပမာများ ပေးထားသဖြင့် စာရှုသူများသည် အတွေးဆန့်နိုင်ကြမည်။ ဓမ္မဟောင်းကျမ်းအား ဖတ်ရှုလေ့လာရာတွင် သိရှိရုံမျှသာမက၊ နေ့စဉ်ဝတ်ပြုကိုးကွယ်ခြင်းနှင့် တရားဒေသနာများ နာယူရာတွင်လည်း အထောက်အကူပြုနိုင်မည်။ ထိုသို့ အကျိုးဖြစ်ထွန်းကြဖို့ ဤ BBC အနက်ဖွင့်ကျမ်းက ပံ့ပိုးနိုင်မည်ဟု ယုံကြည်ပါသည်။

(က) နက်တူအချက်ပြိုင်ရေးသားဟန်

အကြောင်းအရာနှစ်ခုကို ဝါကျတခုစီဖြင့် ရေးသား၍ ဒုတိယစာကြောင်းသည် ပထမစာကြောင်းကို ထင်ရှားပီပြင်စေသည်။ အထူးသဖြင့် သုတ္တံကျမ်းတွင် အကွေ့များသည်။

“ဖြောင့်မတ်ခြင်းတရားလမ်း၌ သေဘေးမရှိ။ အသက်ချမ်းသာလမ်းဖြစ်၏။”

( သု ၁၂:၂၈)

“ကျွန်မသည် ရှာရုန်အရပ်နှင်းဆီပွင့်၊ ကွင်းပြင်၌ပေါက်သော နှင်းပွင့်မျှသာဖြစ်၏။”

(သီ ၂:၁)

() ဝိသမသတ်ပြိုင်ရေးဟန်

အဓိပ္ပာယ်မတူ ဆန့်ကျင်သောအချက်နှစ်ခုအား အကြောင်းအရာ တစ်ခုတည်းတွင် စုဖွဲ့ခြင်းဖြစ်သည်။

“ဖြောင့်မတ်သောသူတို့၏ လမ်းကို ထာဝရဘုရား သိကျွမ်းတော်မူ၏။ မတရားသောသူတို့၏ လမ်းသည် ဆုံးရှုံးခြင်းသို့ ရောက်လိမ့်သတည်း။”

(ဆာ ၁:၆)

“မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်းတတ်၏။ ချစ်သောစိတ်သည် ခပ်သိမ်းသော အပြစ်တို့ကို ဖုံးအုပ်တတ်၏။”

(သု ၁၀:၁၂)

() သာမန်တူယှဉ်ရေးသားဟန်

နှစ်ခု(သို့) နှစ်ခုထက်ပိုသောအကြောင်း အရာများကို အကြောင်းနှစ်ကြောင်းဖြင့် ဖွဲ့ဆိုထားသည်။ သို့သော် အဓိပ္ပာယ်တခုတည်း တဆက်တစပ်တည်း ဖြစ်သည်။

“ငါ၏ရှင်ဘုရင်ကို သန့်ရှင်းသော ဇိအုန်တောင်တော်ပေါ်မှာ ငါကိုယ်တိုင် ဘိသိက်ပေးပြီ။”

(ဆာ ၂:၆)

() သမ္ဗန္ဓပေါင်းစပ် ရေးသားဟန်

Synthesis ဟူသော စကားလုံးသည် ဂရိဝေါဟာရမှ ဆင်းသက်လာခြင်းဖြစ်၍ ဖြည့်ဆည်းခြင်းဟု အနက်ရသည်)။ ဒုတိယစာကြောင်းသည် ပထမစာကြောင်းအား ပိုမိုလေးနက်စေသည်။

“ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည်ဆင်းရဲမခံရ”။

“နှလုံးသည် အသက်၏ အခြေအမြစ်ဖြစ်သောကြောင့် သင့်နှလုံးကို အထူးသဖြင့် စောင့်ရှောက်လော့”။

() ထိပ်တုံးခတ်ရေးဖွဲ့ဟန်

ပထမအကြောင်းသည် ထုတ်ဖော်ဖွင့်ဟချက်ဖြစ်၍ ဒုတိယအကြောင်းတွင် အနှစ်သာရပြည့်ဝသည်။

“သမင်ဒရယ်သည် ရေစီးသောချောင်းကို တောင့်တသကဲ့သို့ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကို တောင့်တပါသည်ဘုရား”

(ဆာ ၄၂:၁)

သမ္မာသတိမရှိ၊ အဆင်းလှသော မိန်းမသည် ဝက်မနှာခေါင်းဖျား၌ တပ်သောရွှေတန်ဆာနှင့် တူ၏”

(သု ၁၁:၂၂)

၄။ စာပေသဒ္ဒါရှုထောင့်

အမှန်တကယ်မဟုတ်သော်လည်း နေ့စဉ်အသက်တာတွင် ပုံဉပမာပေး တင်စားပြောနေကြသည်။ “သူမသည် တကယ်ကောင်းကင် မိုးနတ်သူဇာအတိုင်းဘဲ” “အားရပါးရ ထမင်းစားလိုက်တာ၊ ငါ့အိမ်က ဝက်မအတိုင်းဘဲ” စသဖြင့် ဆိုတတ်ကြသည်။

(က) နှိုင်းယှဉ်ဖော်ပြချက်

သမ္မာကျမ်းစာတွင် ရူပအလင်္ကာ၊ ဥပမာအလင်္ကာများဖြင့် နှိုင်းယှဉ်ဖော်ပြချက်များ တွေ့ရသည်။ အထူးသဖြင့် ဓမ္မရသကျမ်းငါးစောင်တွင် အများအပြား တွေ့ရသည်။

() ဥပမာအင်္လကာ

တခုနှင့်တခု နှိုင်းယှဉ်သောအခါ နှိုင်းယှဉ်သောအရာသည် နှိုင်းယှဉ်ခံသောအရာ၏ ဂုဏ်အင်္ဂါအရည်အချင်းနှင့် တူညီသည်။

“ကိုယ်တော်သည် ဖြောင့်မတ်သောသူကို ကောင်းကြီးပေး၍၊ ဒိုင်းလွှားသဖွယ် ကျေးဇူးတော်နှင့် ကွယ်ကာခြံရံတော်မူလိမ့်မည်။”

(ဆာ ၅:၁၂)

“တောပင်စုထဲမှ ရှောက်ချိုပင်ကဲ့သို့ ငါချစ်ရာသခင်သည် လူမျိုးသားစုထဲမှာ ဖြစ်တော်မူ၏။”

(သီ ၂:၃)

() တင်စားခြင်း

အနှိုင်းခံပုဂ္ဂိုလ်နှင့် နှိုင်းယှဉ်သည့်အရာသည် သွင်ပြင်လက္ခဏာအားဖြင့် မဖြစ်နိုင်သော်လည်း ဖြစ်နိုင်သည့် ဟန်တင်စားရေးသားသည့် အတိယဝုတ္တိအင်္လကာ ဖြစ်သည်။ ပေါ်လွင်ထင်ရှားသော နှိုင်းယှဉ်ချက်ဖြစ်သည်။

“ထာဝရဘုရားသခင်သည် နေလည်းဖြစ်တော်မူ၏” ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေကို ပေးတော်မူ၏။ ဖြောင့်မတ်စွာ ကျင့်သောသူတို့အား ကောင်းသောအရာကို ငြင်းတော်မမူ”                                                                                                       ( ဆာ ၈၄:၁၁)

ငါ့နှမ, ငါ့ခင်ပွန်းသည် ဝင်းကာသောဥယာဉ် ပိတ်ထားသောရေကန်၊ တံဆိပ်ခတ်သော ရေတွင်းဖြစ်ပေ၏”                                                                                              (သီ ၄:၁၂)

() သံတူအစအက္ခရာပုဒ်ကို ရေးဖွဲ့ဟန်

ထိပ်ခြင်းထပ်ကဗျာ ရေးဖွဲ့ဟန်ဖြစ်သည်။ အစစကားလုံးများ တူညီသည်။ (ဥပမာ-apt alliteration’s artful aid” ) ဥပမာအားဖြင့် ရှောလမုန်သီချင်းတွင် အစစကားလုံး၌ “sh” လေသံ (ဟေဗြဲ shin သံ) ဖြင့်အများမပြား အစပြုသည်။ ကျမ်းစာစောင် အမည်မှစ၍ “sh” “s”သံဖြစ်သည်။

မူရင်းကျမ်းတွင် ထိုသို့ ထိပ်ချင်းတူစကားလုံး ကာရံများဖြင့် ရေးဖွဲ့သော်လည်း အခြားဘာသာစကားသို့ ပြန်ဆိုရာတွင် လွန်စွာ အခက်အခဲရှိသည်။ KJV နှင့် NKJV ကျမ်းများက အစွမ်းကုန်လိုက်တု ထားပါသည်။

“ပရိယာယ်ပြုသောသူတို့၏ အမှုကို မကောင်းမြင်စေခြင်းငှာ၊ သူတို့၏ အကြံကိုဖျက်တော်မူ၏။ ပညာရှိတို့ကို သူတို့၏ ပရိယာယ်အားဖြင့် ဖမ်းဆီးတော်မူ၏။ လှည့်စားတတ်သောသူတို့၏ တိုင်ပင်ခြင်းကခု အချည်းနှီးဖြစ်စေတော်မူ၏”

(ယောဘ ၅:၁၂-၁၃)

“လူသည် မိန်းမဘွားသောသူဖြစ်သဖြင့် အသက်တို၍ ဒုက္ခနှင့်ပြည့်စုံပါ၏။ ပန်းပွင့်ကဲ့သို့ ပွင့်၍ရိတ်ခြင်းကို ခံရပါ၏။ မတည်မရပ်ဘဲ အရိပ်ကဲ့သို့ ရွေ့သွားတတ်၏။”

(ယောဘ ၁၄:၁-၂)

“မိမိလူတို့၌ ရွေးတော်မူခြင်းကျေးဇူးကို ပြုတော်မူ၏။ ပဋိညာဉ်တရားတော်ကို အစဉ်အမြဲထားတော်မူ၏။ နာမတော်သည် သန့်ရှင်း၏။ ကြောက်ရွံ့ ရိုသေဘွယ်ဖြစ်၏။”

(ဆာ ၁၁၁:၉)

“လက်ဆောင်သည် ခံသောသူအထင်အတိုင်း ကျောက်မျက်ကဲ့သို့ဖြစ်၍ မျက်နှာပြုလေရာ၌ အောင်တတ်၏။”

(သု ၁၇:၈)

“ကုန်းတိုက်သော သူ၏စကားသည် မြိန်သောခဲဘွယ်စားဘွယ်ကဲ့သို့ဖြစ်၍ ဝမ်းအတွင်းသို့ ဝင်တတ်၏။”

(သု ၁၈:၈)

() လူပုံဏ္ဍာန်လုပ်ဆောင်ခြင်း

ဘုရားသခင်၏ ဂုဏ်အင်္ဂါရပ်၊ နိပါတ်တော်များကို လူသားများ သိသာနားလည်အောင် လူပုံစံသို့ ဆွဲယူပုံဖော်ခြင်းဖြစ်သည်။

” ထာဝရဘုရားသည် သန့်ရှင်းသော ဗိမာန်တော်၌ ရှိတော်မူ၏” ထာဝရဘုရား၏ ပလ္လင်တော်သည် ကောင်းကင်ပေါ်မှာ တည်၏။ မျက်စိတော်သည် ကြည့်ရှု၍ မျက်ခမ်းတော်သည် လူသားတို့ကို စစ်တော်မူ၏။”

(ဆာ ၁၁:၄)

() သတ္တဝါသဖွယ်ပုံသွင်းခြင်း

အထက်တွင် လူပုံစံဖြင့် တင်စားသကဲ့သို့ ဘုရားသခင်၏ ဂုဏ်အင်လက္ခဏာများကို မြင်သာအောင် သတ္တဝါပုံစံဖြင့် ရုပ်လုံးဖော်ခြင်းလည်းရှိသည်။

“အတောင်တော်အမွှေးနှင့် ဖုံးအုပ်တော်မူ၍ အတောင်တော်အောက်၌ သင်သည်လုံခြုံစွာ နေရမည်။”

(ဆာ ၉၁:၄)

() လူ့အထွဋ်အထိပ်သဖွယ်ပုံဖော်ခြင်း

အရူပ၊ ရူပအရည်အချင်းများ သိမြင်နိုင်အောင် လူ့ပုံစံဖြင့် ဖော်ကျူးထားသည်။

“ကောင်းကင်သည် ဝမ်းမြောက်ခြင်းရှိစေ၊ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ၊ မြေကြီးသည်လည်း ရွှင်လန်းခြင်းရှိစေ။ ပင်လယ်နှင့် ပင်လယ်တန်ဆာသည် အသံဗလံပြုစေ။

လယ်ပြင်နှင့် လယ်ပြင်၌ ရှိသမျှသည်လည်း ဝမ်းမြောက်စေ။ ထိုအခါတော၌ ရှိသမျှသောအပင်တို့သည် ထာဝရဘုရားရှေ့တော်တွင် ရွှင်လန်းစွာသီချင်းဆိုကြလိမ့်မည်”

(ဆာ ၉၆:၁၁-၁၂)

() အစ စကားလုံးစဉ်ရေးသားဟန်

ဤရေးသားဟန်ဖြင့် ဘာသာပြန်ရန်မဖြစ်နိုင်။ အဘယ်ကြောင့်ဆိုသော် မူရင်းကျမ်းသည် ဟေဗြဲဗျည်းကဲ့သို့ အခြားဘာသာစကားတွင် ကောက်ယူရန်မဖြစ်နိုင်။ ဆာ ၁၁၉ နှင့် မြည် ၄ ခန်းတွင် ထိုရေးသားဟန်ဖြင့် ရေးထားသည်။ သုတ္တံကျမ်းနောက်ဆုံးရှိ သီလနှင့် ပြည့်စုံသော မိန်းမအကြောင်း )သု ၃၁:၁၀-၃၁) သည်လည်း ထိုရေးဖွဲ့ဟန်ဖြင့် ရေးစပ်ထားသည်။

ယခုဖော်ပြသော စာပေသဒ္ဒါရေးဖွဲ့ဟန်အပြင် အခြားဥပဒေများလည်း ပါဝင်သေးသည်။ သို့သော်ဤမျှနှင့် လုံလောက်ပြီဟု ယူဆပါသည်။ အဓိကအရေးအသား ဖွဲ့နွဲ့ဟန်များ ဖြစ်ပါသည်။

အကယ်၍ ဤကျမ်း (၅)ကျမ်းကို စာကဗျာအလင်္ကာရှုထောင့်ဖြင့် အသေအချာလေ့လာလျှင် စာကဗျာရတနာသာမက ဘုရားသခင်၏ ဝှက်ထားသောရတနာများကိုလည်း တွေ့မြင်နိုင်ပါသည်။ စာပေ၏ အလှရတနာများကိုလည်း လေးနက်စွာ ထွင်းဖောက်မြင်နိုင်ကြမည် (ဒေ ၃:၁၁ ကိုလည်း ကြည့်)။

မှတ်စာ

၁။ ယောဘ၊ သုတ္တံနှင့် ဒေသနာကျမ်းများကိုလည်း သုတစာပေဟုဆိုသည်။ ကဗျာအလင်္ကာ ဉာဏ်ပညာသည်လည်း ဘုရားသခင်အား ကြောက်ရွံ့ခြင်းမှ လာသောဉာဏ်ပညာဖြစ်သည်။

၂။ သို့ကြောင့် KJV ကျမ်းမူသည် သမ္မာကျမ်းစာအား၊ ပညတ်တရား၊ သမိုင်း၊ ကဗျာ၊ ပေစာပုံစံ စုံလင်စွာဖြင့် မူလအာဘော်ပုံစံ မပျက်ရေးသားထားသည်။ ခေတ်ပေါ် ကျမ်းမူများတွင် ထိုရသဟန်ပျောက်ကုန်သည်။

၃။ ပထမဆာလံကျမ်းသည် ဝိသမသတ် ပြိုင်ရေးဟန်ဖြစ်သည်။ ဘုရားတရားကိုင်းရှိုင်းသူနှင့် မတရားသူများအကြား မူရင်းကျမ်းစကားဖြစ်သည်။ “အမှောင်သည် အလင်းကို ဆန့်ကျင်၍ အလင်းသည်လည်း အမှောင်၏ ဆန့်ကျင်ဘက်ဖြစ်သည်။”

၄။ သခင်ယေရှု ကိုယ်တိုင်ကလည်း တင်စားခြင်း ဝေါဟာရသုံးနှုန်းလေ့ရှိသည်။ သူ့ကိုယ်သူ “တခါး” “စပျစ်ပင်” “အသက်မုန့်” “သိုးထိန်းကောင်း” အဖြစ် တင်စားသုံးစွဲလေ့ရှိသည်။

၅။ ဤနိယာမအရ တရားဒေသရှင်များသည် အတင်းအဓမ္မ ရိုက်သွင်းခြင်း မပြုရ။

၆။ ဟေဗြဲ ဓမ္မသစ်ကျမ်းတွင် ” p ” (pi ရ၏ဂရိ) ကိုယူ၍ ရေးထားသည်။

၇။ Ronald Knox ကျမ်းမူတွင် ကြိုးစားပြန်ဆိုသေးသည်။ သို့သော်မအောင်မြင်ပါ။ အဘယ်ကြောင့်ဆိုသော် အင်္ဂလိပ်ဗျည်းနှင့် ဟေဗြဲဗျည်းအရေအတွက် မတူညီပါ။ ဟေဗြဲတွင် ဗျည်း (၂၂) လုံးသာ ရှိသဖြင့် မဖြစ်နိုင်။

 

****************