ဧသတာဝတ္ထု ၁

၁။ မိဖုရားဝါရှတီ မောင်းထုတ်ခြင်း (အခန်း )

 : ကျမ်းစာပညာရှင်များအားလုံးက အာရွှေရုမင်းလက်ထက် ကာလဖြစ်သည်ဟု သဘောမတူကြသော်လည်း၊ အများစုက မဟာဒါရိမင်း၏သား အာရွှေရုမင်းလက်ထက်ဖြစ်သည်ဟု ခံယူကြသည် (NKIV Marg ကိုကြည့်)။ အာရွှေရု (Xerxes) သည်ဘီစီ ၄၈၆/၄၈၅ တွင်နန်းတက်သည်။

ပထမဆုံးပွဲတော်ကို ရက်ပေါင်း (၁၈၀)လုံးလုံး ကျင်းပသည်ဟု မယူဆလို။ နိုင်ငံတော်တွင် ရှင်ဘုရင်၏ ဘုန်းတန်ခိုး ကြွယ်ဝမှုပြသရာ ကာလဖြစ်သည်။ အခြားခေတ် ကာလ၌ တိုင်းပြည်မငြိမ်မသက် ဖြစ်နေချိန်တွင် အာရွှေရုမင်းလက်ထက်၌ ငြိမ်ဝပ်ပိပြားစွာ အင်ပါယာချဲ့ထွင်ခြင်းကို ဆိုလိုသည်။

: ဒုတိယအကြိမ်ပွဲတော်သည် ()ရက်ကြာ၍ ရှုရှန်နန်းတော်၌ လူသူအပေါင်းအား ဖိတ်ခေါ်ဧည့်ခံသည်။ နန်းတော်ရင်ပြင်၌ စည်ကားသိုက်မြိုက်စွာကျင်းပသည်။ ဘုရင်တည်ခင်းသော ယစ်ရွှေရည်အား စိတ်ကြိုက်သုံးဆောင်ကြသည်။ အပိုဒ်ငယ် ၆သည် သမ္မာကျမ်းစာတွင် ဖတ်ချင်စဖွယ် အကောင်းဆုံးကျမ်းပိုဒ်တခုဖြစ်သည်။ ဧည့်သည်တော်များအား မိမိစိတ်ကြိုက် ရွေးချယ်စားသောက်ခွင့်ပြုသည်။

 :၁၂ အခြားမိန်းမဖော်များကို ဧည့်ခံနေသော မိဖုရားဝါရှတိအား အလှဝါကြွားစေရန် ရှင်ဘုရင်က ဖိတ်ခေါ်သည်။ ပါရှန်းဘုရင်များသည် မိမိတို့ မိဖုရား၏ အဆင်းအလှ မက်မောဖွယ်ကောင်းပုံကို လူပုံအလယ်တွင် ဂုဏ်ယူလေ့ရှိသည်။ အာရွှေရုမင်းသည်လည်း အရက်လာတွေ့သည်နှင့်အမျှ သူ့မိန်းမ၏အလှကို ထုတ်ဖော်ဂုဏ်ယူချင်နေသည်။ ရှင်ဘုရင်၏ ဖိတ်ခေါ်ခြင်းကို ရှုဝါတီဘုရင်က ငြင်းဆန်သောကြောင့် အာရွှေရုမင်း ဒေါသထွက်သည်။

 :၁၃၂၀ အတိုင်ပင်ခံ မှူးမတ်များအား အကြံဉာဏ်တောင်းရာ မိဖုရားဝါရှတိ၏ အပြုအမှုသည် မိုက်ရိုင်းသည်။ အခြားမိန်းမများအား ရိုင်းစိုင်းမှု သင်ပြခြင်းဖြစ်သည်ဟု အခါတော်ပေးကြသည်။ မင်းတိုင်ပင်အမတ် မမုကန်က မိဖုရားဝါရှတိ၏ အပြုအမူသည် ရှင်ဘုရင်သာမက တိုင်းသူပြည်သားများကိုလည်း မထီမဲ့မြင်ပြုရာရောက်သည်။ ပေရသိနှင့် မေဒိမင်းများက ကြားသိလျှင်လည်း ထိုသဘောတည်းရှိလိမ့်မည်။ သို့ကြောင့် နောက်တဖန် ဘုရင့်ရှေ့တော်သို့ ခစားခွင့်မပြုထိုက်ကြောင်း လျှောက်လဲသည်။

 :၂၁၂၂ မင်းတိုင်ပင်အမတ်များ၏ အကြံပြုချက်အတိုင်း ဘုရင်ကြီးက ချက်ချင်းအမိန့်ထုတ်ပြန်သည်။ ဘာသာစကားအမျိုးမျိုးဖြင့် ပြန်ဆို၍ အင်ပါယာ တခုလုံးသို့ ဖြန့်စေသည်။ အိမ်ထောင်ဦးစီးသော ယောက်ျားသားသည် မိမိအိမ်ထောင် မိသားစု၏ ဦးစီးခေါင်းဆောင်ဖြစ်သည်။ မိန်းမများသည် မိမိခင်ပွန်း အယုတ်အမြတ်ကို ရိုသေကြရမည်ဟု ဆိုသည်။ Dr.J.Version McGee က “မမုကန်၏ မိန်းမမှာ ကြက်ခေါင်းစိတ်မခံ မိန်းမဖြစ်တန်ရာသည်။ မမုကန်သည် ထိုဘုရင်အမိန့်တော်ကို မိတ္တူကူး၍ သူ့မိန်းမအား ပြသပေမည်ဟုဆိုသည်။