ဧသတာဝတ္ထု ၅

၄။ ယုဒလူများသတ်ဖြတ် ညှဉ်းဆဲခြင်းမှ အသက်ရှူချောင်ခြင်း (အခန်း ၅၊၉)

(က) ဧသတာ၏ အသနားခံခြင်းနှင့် ဟာမန်၏ ဒေါသ (အခန်း )

 : ယုဒလူမျိုးနှင့်တကွ (၃)ရက်လုံးလုံး အစာရှောင်ဆုတောင်းပြီးသောအခါ ဧသတာသည် နန်းတတ်နန်းစာဆင်မြန်းလျက် ရှင်ဘုရင်၏ ဖိတ်ခေါ်ခြင်းမရှိဘဲလျက် အရဲစွန့်၍ ဝင်ရောက်ခစားသည်။ ဧသတာ၏ စွန့်စားမှုကို ရှင်ဘုရင်က အသိအမှတ်ပြု၍ ရာဇလှံတံ ကမ်းပေးလိုက်သည်။ တိုင်းပြည် တဝက်ပေးရပေးရ၊ ပေးမည်ဟုလည်း ဘုရင်ကြီးက ကတိပေးလိုက်သည်။ (ဆိုလိုသည်မှာ ဆုတောင်းချက်အား အစွမ်းကုန်ဖြည့်ဆည်းပေးမည်)။ ဘုရားသခင်သည် ခရစ်တော်တည်းဟူသောရာဇလှံတံအား ယုံကြည်သူတိုင်းထံသို့ လက်လှမ်းပေးကမ်းပါသည်။ နောင်တရ၍ ပြန်လာကြသူများအား ကြိုဆိုနေပါသည် (ဟေဗြဲ ၁၀:၂၂ ကိုလည်းကြည့်ပါ)။

: ဧသတာက ဘုရင်ကြီးနှင့် ဘုရင့်လက်စွဲတော် ဟာမန်အား ပွဲတော်တည်ခင်းဧည့်ခံဖို့ ခွင့်တောင်းသည်။ ညစာပွဲတော် သုံးဆောင်နေကြစဉ် ဘုရင်ကြီးက မိဖုရားကြီး၏ ဆန္ဒအားမေးမြန်းသည်။ ဧသတာက နောက်တညနေတွင် ညနေစာကျွေးမွေး ခွင့်ထပ်မံတောင်းဆိုသည်။ ထိုကဲ့သို့ ဧသတာ (၂)ရက်ရွှေ့ အချိန်ဆွဲခြင်းကို အမျိုးမျိုး နားလည်နိုင်သည်။ (၁)ရှင်ဘုရင်နှင့် ပိုမို ရင်းနှီးချင်သည်။ ရှင်ဘုရင်နှင့်ပိုမို ရင်းနှီးခြင်းဖြင့် စကားအရာရောက်စေချင်သည်။ ပုဂ္ဂိုလ်ခင်တရားမင်ချင်သည်။ (၄:၁၀−၁၂) မှတ်စုကို လည်းကြည့်ပါ။ (၂) ရဲဆေးတင်ချင်သည်။ (၃) သူ့အစီအစဉ်သည် သာမန်ကိစ္စမဟုတ်။ သေရေးရှင်ရေးဖြစ်၍ အလေးအနက် ဖြစ်စေချင်သည်။ (၄) ဟာမန်၏ မာန်မာနကို ချိုးနှိမ်ချင်သည်။ ဇာတိရုပ်ကို ဖော်ထုတ်ချင်သည်။ ထို့အပြင် ဧသတာ၏ မဟာဗျူဟာလည်း ဖြစ်နိုင်သည်။

 :၁၄ ဟာမန်သည် ဂုဏ်ယူဝင့်ကြွားစွာ ညနေပွဲတော် သုံးဆောင်သည်။ ညစာစားပွဲတော်သို့ ဝင်ရောက်လာစဉ် လမ်းခုလတ်တွင် မောဒကဲအား တွေ့မြင်၍ လိပ်ပြာမလုံသော်လည်း ဟန်ကိုယ်ဖို့ မာန်သူဖို့ ချိန်ထားသည်။ ဟာမန်သည် မယား ဇေရက်အား ဘုရင်ကသူ့ကို မြောက်စားပုံ၊ ဧသတာမိဖုရားက ဘုရင်ကြီးနှင့်အတူ ညနေစာကျွေးပုံကို ကြွားလုံးထုတ်ပြပြီးနောက် မော်ဒကဲအား မျက်မုန်းကျိုးပုံကို ပြောပြသည်။ သူ့မိန်းမကလည်း ၇၅ ပေမြင့်သောတိုင်ပေါ်တွင် မော်ဒကဲအား ကြိုးဆွဲချသတ်ရန် အကြံဉာဏ်ပေးသည်။ သို့ဖြင့် ဘုရင်ကြီး၏ ကြိုတင်ခွင့်ပြုချက်အရ မောဒကဲသည် ကားတိုင်ပေါ်သို့ သတ်မည့် အခြေအနေ ဆိုးရောက်ရှိသည်။