ကောရိ န္တု သြဝါဒစာဒုတိယစောင် ၄

() ဧဝံဂေလိ တရားဟောကြားရန် တာဝန်ရှိခြင်း(:)

          : အခန်းငယ် ၁-၆ တွင် ခရစ်တော်၏ အမှုတော်ဆောင်တိုင်းသည် ဧဝံဂေလိတရား ဟောပြောရန်တာဝန်ရှိကြောင်း အတိအလင်း ဆိုထားသည်။ အမှုတော်ထမ်းဆောင် ခြင်းသည် အချည်းနှီးမဟုတ်။ အမှုတော်တွင် လျှို့ဝှက်ချက် မရှိ။ ရိုးစင်းသည်။ ဖြောင့်မှန် သည်။ တည်ကြည်သည်။

ပေါလုသည် ဘုရားသခင်က အရည်အချင်းပေးအပ်သောကြောင့် အံ့ဖွယ်လိလိ ဟောနိုင်ခြင်းဖြစ်သည်။ ထိုအချက်အလက်သည် အချက်အချာကျသည်။ ဘုရားသခင်၏ အမှုတော်သည် ပျောက်ဆုံးနေသော ပေါလု၏ စိတ်နှလုံ:ကို ပင်ဘဝသစ် သို့ပြောင်းလဲစေခဲ့သည်။ ထို့ကြောင့် အမှုတော် ထမ်းဆောင်ရာတွင်  သူရဲဘောကြောင်စရာ မရှိ။ လိုအပ်သော ခွန်အားကို ဘုရားရှင် တော်စီစဉ်ပေးသည်။ သူရဲဘောကြောင်ခြင်းသည် လူကို ကျရှုံး၍ ၊ရဲစွမ်းသတ္တိသည် လူကို ကြီးကျယ်စေသည်။

ပေါလု သည် စိတ်ပျက်အားငယ်ခြင်းမရှိ။ သူရဲဘောမကြောင်။ ရဲဝံ့စွာဖြင့် ဟောကြားသောကြောင့် ဘုရားသခင်က အံ့ဖွယ်အစွမ်းထပ်ဆောင်ပေးသည်။

          : ဖိလိပ္ပိက ဤအခန်းကို ဤသို့ချယ်သထားသည်။ ဟိုစပ်စပ် ၊ဒီ စပ်စပ် မလုပ်။ မရိုးမသား မလုပ်။ လှည့်ဖျား လုပ်စားခြင်း မပြု။ နှုတ်ကပတ်တော်ကို အလွဲသုံးစားမဟုတ်။ လူတိုင်း၏ အသိဦးနှောက်ထဲမှာ ဘုရားသခင် အလင်းထွန်းတောက်စေဖို့ ရိုးရိုးစင်စင်သာ ဟောပြော ရသည်။

ဤစကားသည် ကောရိန္သု အသင်းတော်ထဲသို့ ခြေကျွံ ဝင်လာကြသော အယူမှားဆရာ များကို ရည်ညွှန်းဟန်တူသည်။ ထိုသူများ၏ နည်းဗျူဟာသည် စိတ်ဝင်စားဖွယ် အလှည့် အပြောင်းမရှိပါ။ စာတန် လမ်းစဉ် ကျင့်သုံးကြသည်။ ရှက်ဖွယ်အပြစ်ပြု ကျင့် ကြသည်။ သမ္မာတရား ကို လက်တလုံ:ကြား လိမ်လည် လှည်းဖျားကြသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို ခုတုံးလုပ်စားကြသည်။ ထို့ကြောင့် ပေါလုက ငါတို့သည် နှုတ်ကပတ်တော်ကို မှောက်လှန်၍ မဟောဟုဆိုခြင်း ဖြစ်သည်။ ထိုသူများ သည် ကျေးဇူးတော် တရားကို အသအချာမရှင်း။ ကျေးဇူးတော် နှင့် ပညတ်တော်တရား ရောထွေးမျက်စိလည် သူများဖြစ်ကြောင်း ပေါလု သိရှိသည်။

တမန်တော် ပေါလု၏ လမ်းစဉ်သည် ထိုသူများနှင့် တသီးတခြားစီဖြစ်သည်။ ဘုရားသခင်၏ မျက်မှောက်တော်၌ သမ္မာတရား၏ အလင်းတွင် သက်ဝင်လှုပ်ရှား၍ လူအပေါင်းတို့ သြတ္တပ္ပ စိတ်ကြည်လင်အောင် ပြုမူဆောင်ရွက်ကြ၏ ဟုဆိုထားသည်။ သမ္မာတရား ၏ အလင်းကို ဆောင်ရွက်ကြ၏ ဟုဆိုရာတွင် နည်းလမ်း(၂) ခုရှိသည်။ လူပြိန်းများ နားလည်အောင် ရှင်းလင်းပြတ်သားစွာပြောဆိုသည်။ နောက်တနည်းမှာ နှုတ်ဖြင့် ပြောဆိုခြင်း မဟုတ်ဘဲ၊ မိမိတို့ အသက်တာဖြင့် ပြသခြင်းဖြစ်သည်။ ပေါလုသည် ထိုနည်း ဗျူဟာ(၂)ခု စလုံ:ကျင့်သုံးသည်။ သူကိုယ်တိုင် လိုက်လံဟောပြောသည်။ ဟောသည့် အတိုင်း လည်း သူကိုယ်တိုင် လိုက်နာ သည်။ ထို့ကြောင့် လူအပေါင်းတို့ သြတ္တပ္ပ စိတ်ကြည် လင်အောင် ပြုမူဆောင် ရွက်ကြ၏ ဟုဆိုနိုင်ဖြစ်သည်။

: ပေါလုသည် သူဟောကြားသော တရားတော်များအား စိတ်ရင်းစေတနာ ထက်သန်စွာ ဆက်ကပ်သည်။ လူတိုင်းလက်ခံယုံကြည်နိုင်အောင်  အဟောသာမဟုတ်၊ အသက်တာဖြင့် လည်းပြသသည်။ အကယ်၍ ပေါလု ဟောကြားသောတရားဒေသနာကိုသဘောမပေါက်၊ မလိုက်နာနိုင်လျှင်ဘုရားသခင်၏ ချို့ယွင်းချက်မဟုတ်ပါ။ ပေါလု၏ အားနည်းချက်လည်း မဟုတ်။ ကြားနာသူ၏ ပျက်စီးခြင်း သာဖြစ်သည်။ အဘယ်ကြောင့် ထိုသို့ နားပင်း ကြသနည်း။ နောက်ကျမ်းပိုဒ်တွင် အဖြေပေးထား ပါသည်။

: စာတန်သည် ပြစ်မှုကျူးလွန်သူ ဖြစ်သည်။ ဤကျမ်းပိုဒ်တွင် ဤလောကကို အစိုးရသောမင်း ဟုဆိုထားသည်။ မယုံကြည်သူများ၏ စိတ်နှလုံးကို  ဖုံးအုပ်ထား သည်။ အမှောင်တိုက်ထဲတွင် လှောင်သွင်းထား သည်။ ခရစ်တော်၏ ဧဝံဂေလိသတင်းစကားမကြားနိုင်အောင် အလုံပိတ်အကျဉ်းချထားသည်။

သြကာသလောကတွင် နေသည် ထွန်းလင်းတောက်ပနေပါသည်။ သို့သော်လည်း နေနှင့် လူအကြားမှာ တခုခုကြားခံသော အခါ အလင်းရောင် မမြင်ရ။ ထိုကဲ့သို့ပင် ဧဝံဂေလိတရားသည် လည်း နေကဲ့သို့ ထွန်းလင်းတောက်ပနေပါသည်။ လူတိုင်း၏ စိတ်နှလုံ:ထိနွေးထွေးပါသည်။သို့သော်လည်းထိုသို့ အလင်းရောင် မခံစားရအောင် စာတန်ကကြားဝင်၍ ဟန့်တားဖုံးကွယ်သည်။ မာန တိမ်လွှာ၊ ပုန်ကန်ခြားနားခြင်း၊ ဒေါသအငွေ့ ၊အတ္တ တိမ်သလ္လာ နှင့် အခြားအကျင့်ဆိုး တစ်ထောင်တို့က ကြားဖြတ်ဟန့်တားသည်။ စာတန်သည် လူများကို ကယ်တင်ခြင်း မရရှိ စေချင် သော ကြောင့်  ဖေါ်ပြပါ နည်းလမ်းမျိုးစုံကို ကျင့်သုံးသည်။

ဧဝံဂေလိ သတင်းကောင်းသည် ခရစ်တော်၏ ဘုန်းကျက်သရေ ဖြစ်သည်။ ခရစ်တော်ဟု အယောင်ဆောင်ခြင်း ကြောင့် လက်ဝါးကပ်တိုင်ပေါ်သို့ ရောက်ခြင်းမဟုတ်။ ယေရူခရစ်တော်၊ ဘုရားသားတော်ဖြစ်သည်။ ကားတိုင်တွင် အသေခံ ၊သဂြိုဟ်ခြင်း ခံ၊ ရှင်ပြန်ထမြောက်တော်မူ၍ လက်ျာတော်၌ နိစ္စထာဝရ စိုးစံသော ဘုန်းတန်ခိုးရှင်ဖြစ်သည်။ ယုံကြည်သူများ၏ မျှော်လင့်ချက် ၊ကောင်းကင်ဘုံစံ၊ ဘုရားသားတော် ဖြစ်သည်။

          : နှုတ်ကပတ်တော် ဟောပြောရာ၌ ထားရှိရမည့် အညံ့ဆုံးသော ရည်ရွယ်ချက်နှင့် အကောင်းဆုံ:သောရည်မှန်းချက်ကို ပြသထားသည်။ အညံ့ဆုံ:သော ရည်ရွယ်ချက် ဆိုသည်မှာ မိမိအကြောင်းပြောခြင်း ဖြစ်၍ အကောင်းဆုံ:သော ရည်မှန်းချက်ဆိုသည် မှာ ယေရူအကြောင်းဖြစ်သည်။

ယုဒဝါဒီများသည် အထူးသဖြင့် မိမိအကြောင်းကိုယ်ရည်သွေး လေ့ရှိကြသည်။ ပေါလုဒေသနာသည် ထိုသူများနှင့် ပြဒါးတလမ်း သံလမ်းဖြစ်သည်။ ပေါလုသည် တရားနာပရိသတ်အား အလ္လပသလ္လပပြောခြင်း ဖြင့်  အချိန်မဖြုန်းစေလို။ သူ၏ ရည်မှန်းချက်မှာ ယေရူတပါးတည်းသာ ဖြစ်သည်။ ယောက်ျား၊ မိန်းမ၊ လူကြီး ၊သူရွယ်မရွေး ယေရူခရစ်တော် ရှေ့မှောက်သို့ ပို့ဆောင်၍ ဒူးထောက် ဆုတောင်းစေဖို့သာ တွေးသည်။

ပေါလုက သူ့လုပ်ဖေါ်ဆောင် ဖက်များကို ယေရူ၏အစေခံကျွန်များ ဟုမိတ်ဆက်ထား သည်။ သူတို့ တဖွဲ့ လုံးသည် ခရစ်တော်၏ အစေခံကျွန် များဖြစ်သည်။ လူတိုင်းအား သခင် ဘုရားထံ သို့ပို့ဆောင်ရန် ခရစ်တော်မဟာ စေစားချက်အတိုင်း လုပ်ဆောင်သူများ ဖြစ်သည်။

: အပြစ်သား ဘဝမှ အသက်တာပြောင်းလဲ လာပုံ ကိုဖန်ဆင်းခြင်း၌ အလင်းရောင် ထွန်းလင်းပုံနှင့် ခိုင်းနှိုင်းထားသည်။

ဖန်ဆင်းခြင်းတွင် မူ ဘုရားသခင်က “လင်းစေ” ဟု အမိန့်ပေး၍ အလင်းပေါ် ထွန်းခြင်းဖြစ်သည်(က၁:၃)။

ထိုကဲ့သို့ ပင် မှောင်မိုက်နေသော လူ့စိတ်နှလုံးများ ကိုလည်း ပေါလုတို့ အဖွဲ့ က  အလင်းရောင်လိုက်လံမျှဝေ ပါသည်။ည ဖန်းဆင်းခါစ တွင် ဘုရားသခင်က အမှောင်ထု အား အလင်းရောင် လိုက်လံ မျှဝေ ပါသည်။ ဖန်ဆင်းခါစတွင် ဘုရားသခင်က အမှောင်ထုအား အလင်းရောင် ရရှိရန် အမိန့်ပေးခဲ့ သည်။ အသစ်ဖန်ဆင်းခြင်း တွင်မူ သခင် ဘုရားကိုယ်တော်တိုင် လူတို့ စိတ်နှလုံ: ထဲ၌ လိုက်လံထွန်းလင်းသည်။ အဘယ်မျှ အဖိုးကြီးမား ပါသနည်း။

အစအဦး ဖန်ဆင်းခြင်း ကို အသစ်ဖန်ဆင်းခြင်း တွင် မြင်ယောင်ကြည့် ပါ။ ဘုရားသခင်သည် အပြစ်မရှိသောလူကို ဖန်ဆင်းခဲ့ သည်။ သို့သော် အပြစ်တရားဝင်လာသောအခါ လောကကြီးတခုလုံး မှောင်မိုက်ကျ ရောက်သွားသည်။

ဘုရားသခင် ၏ ဝိညာဉ်တော် လူ့စိတ်နှလုံ:ထဲ သို့ ထိုးဖောက်ဝင် ရောက်သောအခါ ဖန်ဆင်းခြင်း အစကဲ့ သို့ ဖြစ်သည် ဟု ဧဝံဂေလိ တရားက သွန်သင်ပါသည်။

ဘုရားသခင်က လူ့စိတ်နှလုံ:သား အလင်းထိုးပြသော အခါ လူသည် အပြစ်နွံထဲ တွင် ကျရောက်သူဖြစ်နေ၍ ကယ်တင်ရှင် လိုအပ် ကြောင်းနားလည်လာသည်။ ဖန်ဆင်းခြင်းသည် ရုပ်ဝတ္တုပစ္စည်းများနှင့် ဝိညာဉ်များဖြင့် အစပြုသည်။ သန့်ရှင်းသောဝိညာဉ် တော်ဖြင့် လူ့စိတ်ဝိညာဉ် အသက်တာ အစပြု ပါသည်။ (သီးသန့်ရှင်းလင်း ချက်)။

လူ့စိတ်နှလုံ:ကို အလင်းပေးကြောင်း ဤကျမ်းပိုဒ်တွင် ရှင်းပြထား ပါသည်။ KJV နှင့် NKJV တွင်ယေရူ၏ မျက်နှာတော်ကိုဖူးမြော်နိုင်ဖို့ ဘုရားသခင်က ဘုန်းတန်ခိုးတော်ဖြင့် အလင်းပေးနိုင်သည် ဟုဆိုပါသည်။ သို့သော်J.N.Darby  က “ဘုရားသခင်၏ ဘုန်းတန်ခိုး တော်ဖြင့် အလင်းပေးသောကြောင့် ယေရူခရစ်၏ မျက်နှာတော် ဖူးမျှော် ခွင့်ရသည်” ဟုပြောင်းပြန်လှန် ပစ်လိုက်သည်။ တနည်းအား ဖြင့် ဘုရားသခင် သည် လူ့စိတ်နှလုံးများ ကိုတမင်သက်သက် အလင်းပေးခြင်း မဟုတ်ပါ။ အခြားသူများကို ရောင်ပြန်ဟပ် ဖို့ ဖြစ်သည်။ ခံစားရသော ကောင်းကြီးမင်္ဂလာများသည် မောင်ပိုင်စီးဖို့ မဟုတ်၊ အခြားသူများအား ဝေငှဖို့ ရောင်ပြန် ဟပ် ဖို့ ဖြစ်သည်။

ထိုအသက်တာမျိုး ပိုင်ဆိုင်ရန် ပေါလုအသက်တာအား နမူနာ ယူနိုင်သည်။ ဒမာသက်လမ်း ခရီးသွားစဉ် တွင် သူ့စိတ်နှလုံ:ကို ဘုရားသခင် က မီးထိုးပြသသည်။ သူမုန်းတီးခဲ့သော ယေရူသည် အုတ်ဂူ ထဲတွင်  သဂြိုဟ်ခဲ့ပြီးဖြစ်သည်။ သို့သော်လည်း ဘုရားသခင်က  သူ့စိတ်နှလုံ:အား အလင်း ပေးသောကြောင့် ထိုနေ့မှ စ၍ ယေရူခရစ်ကို ဖူးမျော်ခွင့်ရသည်။

() ရွံ့စေးမြေအိုးနှင့် ကောင်းကင်ဆိုင်ရာ အကြောင်းကံ(:၁၈)

          : လူ့လောကတွင် အရေးမပါ အရာမရောက်သော အရာ အံ့ဖွယ်ရတနာ ဖြစ်သည့် အကြောင်းကို ပေါလုက ပုံနှိုင်းထားသည်။ ရွံ့အိုးမြေသည် တနည်းအားဖြင့် ပုံစံမကျနသော လူ့အသက်တာကို ခိုင်းနှိုင်းခြင်းဖြစ်သည်။ ဤနေရာတွင် ဧဝံဂေလိသတင်းကောင်းကို အရောင်တဖိတ်ဖိတ် တောက်နေသော စိန်ပွင့် အဖြစ် ညွှန်းဆိုသည်။ ထိုအဖိုးတန်ကျောက်မျက်ရတနာအိုးကို ဘာမှအဖိုးမတန်သော မြေအိုးထဲတွင် မည်ကဲ့သို့ သိမ်းဆည်းရက်ပါမည်နည်း။

ပုံမကျ ပန်းမကျ အရောင်မွဲပြာမြေအိုး

မည်သူ အဖိုးထိုက်တန်စေမည်နည်း ၊

ကောင်းကင်ရတနာ စိန်လျှံတောက်ပ

ခရစ်တော်ဘုရား လူ့လောကသို့ ဆင်းသက်လာ။

ကျိုးပဲ့ကြေမွ မြေအိုး အပိုင်းအစတွေ

ငတ်မွတ်သူတွေ တစာစာမြည် ၊

မတိုသောလယ် ရက်ရောသော စေတနာ

သားတော် စကြာ ဆုပဏ္ဍာ။

အဆံမပါ အခွံချည်းသာ မြေအိုး

မည်သူအထူး ဂရုပြုမှာလဲ၊

ဘုရားသခင် ကရုဏာတော်ထားလို

ယေရူခရစ်တော်အားဖြင့် ပြည့်လျှံစေရာ။

ထိုဗလာမြေအိုး၊ အခွံအိုး

အလင်းပြည့်လျှံ ၊ဖြိုးမောက်ရာ

အံ့ဖွယ်ကျေးဇူးတော်ပါ။

သခင်ယေရူဖြည့်ဆည်းပေးလို့သာ။

T.R.Frances Bevan.

ရွံ့မြေအိုး ထဲသို့ အဖိုးတန်ရတနာ များကို ဘုရားသခင် အဘယ်ကြောင့် သိမ်းဆည်းထားသနည်း။ဘုရားသခင် ဘုန်းတော်ထင်ရှားဖို့ ဖြစ်သည်။ ဘုရားသခင်က လူသားများကို ရုပ်ဝတ္ထုများဖြင့် အသက်မွေးဝမ်းကြောင်း မပြုစေလို။ နှုတ်ကပတ်တော်၌သာ ကြီးထွား ရင့်ကျက်စေလိုသည်။ အထူးသဖြင့် ဧဝံဂေလိသတင်းစကားကို လူ့အားနည်းချက်ကြောင့် မမှေး မှိန်စေလို။ ဖန်ဆင်းသော အရာများကို ချီးမွမ်းခြင်း မစောစေလို။ ဖန်ဆင်းရှင်ကိုသာ  ချီမွမ်းထောပနာ ပြုစေချင်သည်။

ပျော်ရွှင်သော ချီးမွမ်းကိုးကွယ်ခြင်း ဆိုသည်မှာ လူသားများ၏ တန်ခိုးအစွမ်းနှင့် မဆိုင်လူလူချင်း ချီးမွမ်းဖို့ မဟုတ် ဖန်ဆင်းသော အရာများ ကိုကြည့်၍ ဖန်ဆင်းရှင်အား ချီးမွမ်းဖို့ဖြစ်သည်။

Houghton

Jowett ကလည်း ဤသို့ ဆိုသည်။

အထဲမှာ ရှိသောရတနာ ကို မသိဘဲ ထည့်ထား သော မြေအိုးဖြင့် တန်ဖိုးဖြတ်လျှင် မှားတတ်ပါသည်။ ကိုင်ဆောင်သူထက် သူ့လက်ထဲက ရတနာကို အလေးထားရသည်။ ပန်းချီကားကို ကြည့်ရသကဲ့သို့ အခမ်းအနားထက် အစားအသောက် ကတန်ဖိုးရှိပါသည်။ ထိုကဲ့သို့ ပင် ခရစ်ယာန်အသက်တာမှာလည်း ဘုန်းတော်မင်္ဂလာကို လူကဖုံးအုပ် တတ်ကြသည်။ အမှန်စင်စစ် ချီးမွမ်းဖွယ်ရာ ဘုန်းတန်ခိုး သည် လူသားများ မဟုတ်။ ဘုရားသခင်နှင့် သာ ထိုက်တန်သည်။

ဤကျမ်းပိုဒ်က(တရား၇) ကိုပြန်လည် သတိရ စေပါသည်။ထိုကျမ်းပိုဒ်တွင် ဂိဒေါင်က စစ်သည်တော် များအား ကရားအိုးအလွတ်တွင် မီးထွန်း လျက်ယူဆောင်ခိုင်းသည်။ အချက်ပေးလိုက်သည့်နှင့် တပြိုင်နက် တံပိုးမှုတ်ကြပြီး မြေအိုးကို ရိုက်ခွဲကြသည်။ အမှောင် ရိပ်ထဲတွင် မီရောင်များ လင်းကနဲ ထတောက်သည်။ ရန်သူများ လည်း ကြောက်လန့် တုန်လှုပ် သွားကြသည်။ လူပေါင်းများစွာက ဝိုင်းအုံ တိုက်ခိုက်လာကြ သည်ဟု ထင်မှတ်ကြသည်။ အမှန်မှာ ဂိဒေါင် စစ်သားများသည် လူ(၃၀၀) ​ရာသာ ရှိသည်။ ထိုကဲ့သို့ ပင် ခရစ်တော်၏ အမှုတော် ဟောပြောရာတွင်လည်း မိမိဇာတိကို ရိုက်ခွဲဖယ်ရှားလျှင် ခရစ်တော်၏ အလင်းထွန်းတောက်ပါသည်။ အခြားသူများက ဧဝံဂေလိအလင်းကို ပေါ်လွင် ထင်ရှားစွာ တွေ့မြင် နိုင်သည်။ ထို့ကြောင့် ယုံကြည်သူတိုင်းသည် ဘုန်းတော် ထင်ရှားစေသူများ ဖြစ်သော ကြောင့် အမှောင်ထဲတွင် ပိုမို အလင်းတောက်ပစေရန် မိမိဇာတိများ ကို ဖယ်ရှားပစ်ရသည်။

          : မြေအိုး တွင် ရတနာ သိမ်းထားခြင်း အကြောင်းကို ပေါလု ရှင်းပြသည်။ အပြင်းပန်းသဏ္ဌာန် အားဖြင့် အညတရဖြစ်သော်လည်း အတွင်းသားမှာ ယှဉ်မရအောင် ခွန်းအားအပြည့် ရှိသည်။ အဘက်ဘက်မှ ဖိအားပေးသော်လည်းပျက်စီးခြင်းသို့ မရောက်ဆိုခြင်းမှာ ဧဝံဂေလိတရားဟော ပြောရန် အခက်အခဲပေါင်းစုံ ရင်ဆိုင်ရသော်လည်း ခေါင်းမမော့နိုင်လောက်အောင် အဖြစ်ဆိုးနှင့် မကြုံဟု ဆိုလိုခြင်းဖြစ်သည်။

မကြံစည်နိုင်အောင်ရှိသော်လည်း ဆိုခြင်းမှာ လူ့အမြင်ဖြင့် ပြဿနာဖြေရှင်းရန် မတတ်နိုင်၍ လက်မှိုင်း ချရသည့် အကြိမ် ကြုံးတွေ့ရသော်လည်း ဘုရားသခင် သို့ ထိုသို့လက်မြှောက်ရန်ခွင့် မပြု။ လွတ်မြောက်လမ်း မရှိသောနေရာ ချောင်ပိတ်ခြင်း ခွင့်မပြုဟု ဆိုခြင်း ဖြစ်သည်။

: ညှဉ်းဆဲခြင်း ခံရသော်လည်း ရှုံးခြင်းမရှိ။ တခါတခါ သေလု မြောပါးတိုင်အောင်ဒဏ်ရာ ဒဏ်ချက် ခံစားရသော်လည်း မရပ်သေး။ အောက်သို့ လှဲချခြင်း ခံစားရသော်လည်း မရပါသေး။ အောက်သို့ လှဲချခြင်း ခံရသော်လည်း ဆုံးရာသို့ မရောက်ဆိုသည်မှာ ကြိမ်ဖန်များစွာ ပြင်းထန်စွာ ဒဏ်ရာရရှိခြင်း ဖြစ်သည်။ သို့သော် လည်း ဘုရားသခင်က ပြန်လည် ထူမသဖြင့် ဧဝံဂေလိသတင်းကောင်း ဆက်လက် ဟောကြားနိုင်သည်။

The New Bible Commentary တွင် ဤ(ငယ် ၈-၉) ကို ဤသို့ဖွင့် ဆိုထားသည်။ ခြေလက်များ မလှုပ်နိုင်အောင် ရိုက်နှက်သည်။ သတိမေ့မြောသည်ထိ ရိုက်ကြသည်။ ဦးခေါင်း တို့သည် သွေးဖြင့် ရဲရဲနီ၏၊ သို့သော် ညွှတ်ကား မညွှတ်။ ရန်သူများ က ထပ်ချပ်မကွာ လိုက်လံသော်လည်း ဘုရားသခင်ကလက်တွဲမဖြုတ်၊ မစွန့်လွှတ်၊ လဲကျသော်လည်း ဆုံ:ခန်းတိုင်မရောက်။

ဘုရားသခင်က သူ့အမှုတော် ထမ်းဆောင်သူအား အဘယ်ကြောင့် ဤမျှလောက် နာကျင်စေသည်ကို နားမလည်နိုင်အောင် ဖြစ်နေသည်။ အကယ်၍ ထိုသို့ မနာကျင် စေလျှင် မမှတ်မိမည်စိုးသောကြောင့် ထင်ပါ သည်။ အချို့ က အရိုးကွဲအောင် ရိုက်မှ အသဲစွဲ တတ်ကြသည်။ သို့သော် ဤကျမ်းပိုဒ်၏ ရည်ရွယ်ချက်မှာ ထိုသို့ မဟုတ်။ ဘုရားသခင် သည် သူလူသားအား ရင့်ကျက်ခြင်း အသက်တာလေ့ကျင့်ပေးခြင်း ဖြစ်သည်။ ဖျားနာခြင်း ၊အခက်အခဲ ပြဿနာကြုံတွေ့ခြင်း၊ ညှဉ်း ပန်းနှိပ်စက်ခြင်း ၊ စိတ်ပျက်စရာ ကြုံတွေ့ခြင်း များဖြင့် လေ့ကျင့် ပေးသည်။ အကာအရံ မြေအိုးကို ရိုက်ခွဲပစ် မှသာလျှင် အလင်းရောင်ထင်ရှားစွာ တောက်ပနိုင်မည် မဟုတ်လား။

ထိုနည်းလမ်း သာလျှင် ကျွန်ုပ် တို့ အသက်တာတွင် ယေရူခရစ် အသက်ရှင်ခြင်း နည်းလမ်းဖြစ်သည်။ ယေရူ၏ အသက်တာ ဟုဆိုရာတွင် လူ့လော ကမှာ ရှိနေသော လူသားဘဝကို ဆိုလိုသည်။ ယေရူ၏ ဇာတိတော်အမှန်သည် ကောင်းကင်ဘုံ၌ သာဖြစ်သည်။ ယေရူ၏ အသက်တာကို လောကသားများက မည်သို့ မြင်နိုင်မည်နည်း။ ယေရူခရစ်တော်ကြောင့် ယုံကြည်သူများ ဆင်းရဲဒုက္ခခံစား ရလျှင် ထိုခန္ဓာ ကိုယ်ထဲ၌ ယေရှု ရှိနေသည် ဟု သိမှတ်ရမည်။

: ၁၁ အသက်ရှင် ခြင်း၊သေခြင်း အကြောင်းကို ဆက်လက်ပြသထားသည်။ အတွေးနယ်ချဲ့ သင့်သော လေးနက်သည့် နိယာမတရား ဖြစ်သည်။ လူသည် အသားစားနေကြသော်လည်း ထိုနည်းကဲ့သို့ ဖြစ် သည်။ “မာတုရများ သွေးစက်သည် အသင်းတော်၏ မျိုးစေ့ ဖြစ်သည်။ “အသင်းတော် သည် ညှဉ်းပန်း နှိပ်စက်ခြင်းခံရလေလေ ၊အမဲ လိုက် ခြင်း ခံရလေလေ၊ ခရစ်ယာန်ယုံကြည်ခြင်း ပြန့်ပွားလေလေ ဖြစ်သည်။

ထိုနိယာမတရားကို လွယ်လင့်တကူ လက်ခံနိုင်ကြမည်မဟုတ်။ အမှုတော်ဆောင်းပါး ရက်စက်မှုခံရလျှင် စိတ်မသာကောင်းစရာ ဟုသာ ခပ်ပေါ့ပေါ့ တွေးတတ်ကြသည်။ စင်စစ်တွင်မူ ဘုရားသခင် ဆက်ဆံရေးနှင့် သက်ဆိုင်သည်။ ချို့ယွင်းချက် မရှိပါ။ ယေရူခရစ်နာမတော် မြတ်၌ သေခြင်းသည် သေတတ်သော ကျွန်ုပ် တို့ ခန္ဓာကိုယ်ထဲ၌ ယေရှုရှိနေကြောင်း ထင်ရှားခြင်းဖြစ်သည်။

:၁၂ ထို့ကြောင့် ပေါလုက ကောရိန္သု သားများသည် အသက်ရှင်ခြင်း အကြောင်းကိုသာ ရှေးရှုနေကြကြောင်း သတိပေးထားသည်။ ကောရိန္သု သို့ တခေါက်သွားစဉ်တွင် ဆင်းရဲဒုက္ခပြင်းစွာ ခံစားခဲ့သည်။ သို့သော် လည်း ကောရိန္သု သားများ၏ ကူညီမှုကြောင့် အသက်ချမ်းသာ ရာရခဲ့သည်။ ထိုသို့ ပေါလုခံစားခြင်းကြောင့်  လည်း ကောရိန္သု သားများ ထာဝရအသက်ရရှိကြခြင်းဖြစ်သည်။ ပေါလု၏ ကိုယ်ခန္ဓာဆင်းရဲခံရခြင်းသည် အခြားသူများ ဝိညာဉ် ချမ်းသာ ဖို့ဖြစ်သည်။ Robertson က”ပေါလု၏ သေလုမြောပါး ခံစားခြင်း သည် ပရိသတ် ၏ ဝိညာဉ်ကောင်းစား ဖို့ ဖြစ်သည် ဟုဆိုခဲ့သည်။

တခါတရံ အပြင်းဖျားနာ သည့်အခါ ယေရူရှင်အား အကူညီအော်တောင်းတတ်ကြသည်။ ပိုမိုအားကိုး ကြသည်။ အခက်အခဲ ပြဿနာများ အောင်မြင်ကျော်ကြား သောအခါကျေးဇူးတော် ချီးမွမ်းတတ်ကြသည်။ယေရှုဘုရား ကျွန်ုပ် တို့ထဲ၌ ရှိနေ၍ ခံစားတတ်ကြသည်။

:၁၃ လူသည် မြေအိုးကဲ့သို့ အခွံသာရှိ၍ ပျက်စီးလွယ်တတ်ကြောင်း ၊ အထက်ကျမ်းပိုဒ် များတွင် ဆိုခဲ့သည်။ ထိုအချက်ကို မည်သို့ နားလည်ရမည်နည်း။ အရှုံးပေးရမည်လား၊ လက်လျှော့ ရမည် လား၊ လက်မှိုင် ချရမည်လား။ ယုံကြည်ခြင်းဖြင့် ဧဝံဂေလိ တရားဟော ရသည်။ ဆင်းရဲဒုက္ခ၏ တဘက်တွင် ကောင်းကြီးမင်္ဂလာ ရှိသည်။

ဆာလံ ဆရာက(ဆာ ၁၁၆:၁၀) တွင်”ယုံကြည်ခြင်း ရှိသောကြောင့် ငါမြွက်ဆို၏ဟုဆိုထားသည်။ ယေရူ ကို ယုံကြည် သည်။ ယုံကြည်သည့် အတိုင်း အနက်ဆုံ:နေရာ ထိ တိုးဝင်သည်။ ပေါလု သည် ဆာလံဆရာကဲ့သို့ ယုံကြည် သည်။ ထို့ကြောင့် “ငါသည် ယုံကြည် သောကြောင့် မြွက်ဆို၏ဟု ထပ်ဆိုသည်။

ဆင်းရဲ ဒုက္ခများနှင့် ညှဉ်းပန်းနှိပ်စက်ခြင်း များသည် ပေါလု၏ နှုတ်ကို မပိတ်နိုင်။ သမ္မာတရားကိုယုံကြည် သောကြောင့် ရောက်လေရာမှာ မဟောဘဲမနေနိုင်။

ယေရူခရစ်တော်ကို တကယ်ယုံကြည် လျှင် သူ့အကြောင်း မပြောဘဲ မနေနိုင်။

မြေမှုန့်တိုင်အောင် ကျဆင်းသော်လည်း ချစ်မြဲချစ်နေမှာဘဲ။

ယေရူခရစ်တော်ကလည်းလက်ကမ်းကြိုလျက်ပါ။

သင့်ဝိညာဉ်အားနည်းနေလျှင် အစဉ်မနှေး အထံတော်သို့ ပြေးခိုပါ။

:၁၄ ပေါလုသည် ခရစ်တော်အတွက် ရင်ဆိုင်ကြုံတွေ့ ရသော ဘေးအန္တာရာယ်များကို ကြောက်ရွံ့တုန်လှုပ်ခြင်း မရှိ။ ဤကျမ်းပိုဒ်သည် ခရစ်ယာန်များ အတွက် ကြောက်စိတ်ကင်းရမည့် သတ္တိသွေးစကား ဖြစ်သည်။ လူ့ဘဝအသက်တာသည် ဤဘဝဤမျှနှင့်သာမဟုတ် ပါ။ ယုံကြည် သူတိုင်း ပြန်လည် ထမြောက်ခြင်းကို ယုံကြည်လက်ခံကြသည်။ ဘုရားသခင်သည် တပါးတည်းသော သားတော်ယေရူကို ရှင်ပြန်ထမြောက်စေသကဲ့သို့ အခြားသားသမီးများကို လည်း ပြန်လည်ထမြောက်စေပါမည်။ ပေါလုနှင့် ကောရိန္သု ယုံကြည်သူများသည် အတူပြန်လည် ထမြောက်ကြလျက် ကောင်းကင်ဘုံတွင် ပြန်လည် ဆုံစည်းကြမည်။

:၁၅ ထိုသို့ ပြန်လည်ထမြောက်မည့်အကြောင်းကို စိတ်ချမ်းလက်ချ ယုံကြည်သောကြောင့် ဆင်းရဲဒုက္ခပြဿနာများကို အလျဉ်းမကြောက်။ အခက်အခဲပြဿနာတိုင်တွင် ရှုထောင့် နှစ်ခုရပ် ရှိသည်။ ကောရိန္သုသားများအား ကောင်းကြီးပေးလိုခြင်းနှင့် ကျေးဇူးတော်ချီးမွမ်းခြင်းဖြင့် ဘုရားဘုန်းတော် ထင်ရှားရန်ဖြစ်သည်။ ထိုရည်ရွယ်ချက်ရှိသဖြင့် မတုန်မလှုပ် မကြောက်မရွံ့ ပေါလုလုပ်ဆောင်သည်။ ပေါလုနှင့်တကွ လုပ်ဖော်ဆောင်ဖက်များသည် ဘုရားသခင် ဘုန်းတော် ထင်ရှားရာဖြစ်သည်။

ဆင်းရဲ ဒုက္ခကြုံတွေ့ရခြင်းသည် အခြားသူများ အပေါ် ဘုရားသခင်၏ ကျေးဇူးတော်ပိုမို ပြသနိုင်ရန် ဖြစ်သည်။ လူများအား ပိုမို ကယ်တင်နိုင်လေလေ၊ ဘုရားသခင်၏ ကျေးဇူးတော် ချီးမွမ်းလေလေ ဖြစ်သည်။ ကျေးဇူးတော် ချီးမွမ်းလေလေ ဘုရားရှင် တော်၏ ဘုန်းတော်ထင်ရှား လေလေ ဖြစ်သည်။

ထိုအကြောင်းကို The Living Bible  ကျမ်းမူတွင် ဤသို့ ဆိုထားသည်။

ဤဆင်းရဲဒုက္ခများသည် ကျွန်ုပ်တို့ အတွက် အကျိုး ရလာဒ် ဖြစ်သည်။ ခရစ်တော်၌ အောင်ပွဲများ​လေလေ ၊ကျေးဇူးတော် ချီမွမ်းလေလေဖြစ်သည်။ ထိုသို့ ကျေးဇူးတော် ပိုမို ချီးမွမ်းလျှင်၊ ဘုန်းတန်ခိုးတော် ပိုမို ထင်ရှား လာမည်။

          :၁၆ အန္တရာယ် ကို မမှု၊ အမှုတော် မြတ်၌ ကျားကို ခလုတ်၊ ငုတ်ကို သင်ဖျူး ၊ ဆူးကို မွေ့ ယာအဖြစ် ပေါလုခံယူ ခြင်းမှာ ထမြောက်ခြင်းကို ယုံကြည်သောကြောင့် သတ္တိပြောင်မြောက်ခြင်း ဖြစ်သည်။ ထို့ကြောင့် စိတ်ပျက်အား ငယ်ခြင်း အလျဉ်းမရှိခြင်းဖြစ်သည်။ လူ့ခန္ဓာကိုယ်သည် ဇာတိ အသွေးအသား ဖြင့် ဖွဲ့စည်း ထားသောကြောင့် အိုခြင်း၊ နာခြင်း၊ သေခြင်း သို့တဖြည်းဖြည်း ရွေ့လျားသော်လည်း ဝိညာဉ်အသက်တာမူ ပိုမို သစ်လွင်သထက် သစ်လွင် လန်ဆန်းသည်။

ပြင်ပရုပ်ခန္ဓာကိုယ်သည် ပျက်စီးတတ်သော သင်္ခါရ ပစ္စည်း ဖြစ်သည်။ သို့သော်လည်း ဝိညာဉ်ခွန်အား ကိုမူ သစ်လွန်လှပစေရန် ဘုရားသခင် က နေ့ရက်စဉ်တိုင်းတန်ခိုး အစွမ်းပေးသည်။ ထိုအကြောင်းကို Michelangelo က”ကျောက် ဆစ်ထုလေလေ၊ ရုပ်လုံ:ပေါ်လေလေ” ဟုဆိုထားသည်။

Ironsideကလည်း ဤသို့ ထောက်ခံရေးသားထားသည်။

လူ့ခန္ဓာကိုယ် အသွေးအသားများသည်(၇) နှစ်ပြည့်တိုင်း အပြောင်းကြီးပြောင်းလဲသည်။ ခန္ဓာကိုယ်မှာကား ဤခန္ဓာကိုယ် ဖြစ်သည်။ ဥပဓိ ရုပ်မူကား နှစ်တိုင်း မပြောင်းလဲပါ။ စိတ်သဘောထား များသာ ကြီးမြတ်လာပါသည်။ လူ့ဘဝသည် ပိုးလောက်လန်းမှ ပြောင်းလဲလာသော လိပ်ပြာဘဝမျိုး ဖြစ်သည်။

:၁၇ စုံစမ်းညှဉ်းဆဲခြင်း ၊ ဆင်းရဲဒုက္ခရောက်ရှိ ခြင်းအကြောင်း များကို ရှင်းပြပြီး နောက် ထိုအခက်ခဲပြဿနာများအကြာမှ အလင်းတော်ထွန်းတောက်နိုင်ရမည့် အကြောင်းထပ်မံ ရှင်းပြသည်။ ထိုကျမ်းစကား အရ အစကတည်းက အလင်းမဟုတ်ကြ။ ခါးသီးခြင်း ရက်စက်ခြင်း များဖြစ်ကြသည်။

စုံစမ်းဆင်းရဲခြင်းများသည် ကြုံတွေ့ ခံစားရသူများ အတွက် ဝန်ထုပ် ဝန်ပိုးကြီးဖြစ်သည်မှာ မှန်ပါသည်။ သို့သော် ခံစားရမည့် ထာဝရဘုန်းအသေရေတော် နှင့် နှိုင်းစာလျှင် ပေါ့ပါးပါသည်။ အကျိုးအမြတ်နှင့် ယှဉ်လျှင် ဤမျှလောက်သော အရင်းအနှီးသည် ပစ်စလက်ခတ် မြုပ်နှံလိုက်ပါသည်။ ဆင်းရဲဒုက္ခသည် တဒင်္ဂါ ဖြစ်သည်။ ကောင်းကြီး မင်္ဂလာ ခံစားရမည့်ကာလသည် ထာဝရဖြစ်သည်။ လတ်တလော ခံစားရသော ဆင်းရဲဒုက္ခ သည် ရောက်လာမည့် အနာဂတ်ကမ္ဘာတွင် ချမ်းသာခြင်း၏ အရင်းအနှီးဖြစ်သည်။

Moorhead က”ဤဘဝ တွင် ခံစားရသော ဝမ်းမြောက်ခြင်းတခု သည် ထိုကာလတွင် ဆထက်တန်ဖိုးကြီးထွားမည်။ မျက်ရည်တစက်က ပင်လယ်သမုဒ္ဒရာ အပြည့် ဖြစ်သွားမည် ဟုဆို သည်။

ပိရမစ်ပေါ်တက်ရသကဲ့သို့ ဇွဲလုံ့လ မလျှော့ဘဲ၊ အားကြိုး မာန်တက် တက်ရမည့်အကြောင်းကို FE Marshက ဤသို့ ပုံဖေါ်တင်ပြထားသည်။

ဘုန်းတန်ခိုး ကြီးမြတ်သောဘုန်းတန်ခိုး

ဧရာမသာလွန်၍ ထာဝရကြီးမြတ်သော ဘုန်းတန်ခိုးကြီးထက်ကြီးမြတ်၍

 ထာဝရ တည်သော ဘုန်းတန်ခိုး

:၁၈ ဤကျမ်းပိုဒ်ကို သာမာန်ကာလျှံကာ မဖတ်ပါနှင့်။ အလေးအနက်ထား ဆင်ခြင်ပါဟု တိုက်တွန်းထားသည်။ လူ့အမြင်အာရုံသည် မြင်ရသော အပြင်ပန်းလက္ခဏာများအပေါ်တွင်သာ တန်ဖိုးဖြတ်စကားပြောကြသည်။ ဆိုလိုသည်မှာ ပေါလုတို့ ကြုံတွေ့ခံစားရသော ဆင်းရဲဒုက္ခ ဝေဒနာများကို ရည်ညွှန်းခြင်းဖြစ်သည်။ လူအတွေးဖြင့် မမျှော်မှန်းခဲ့သော အန္တရာယ်များ ဖြစ်သည်။ သို့သော်လည်း ထိုအန္တရာယ်များ အလွန်တွင် ဆုလက်ဆောင် အဆင့်သင့်ရှိနေသည်။ ခရစ်တော် ဘုရားပလ္လင်ရှေ့တွင် ချီးမြှင့် ခြင်းခံ ရမည်။ ထိုအကြောင်းကို Jowett ဤသို့ ဆိုသည်။

          ပထမအစတွင် အပေါ်ယံသာ မြင် ရသည်။ ထို နောက်မှ အတွင်း သရုပ်အနှစ်သာရ မြင်ရသည်။ ပထမအမြင်သည် လူ့သဘာဝ အမြင်၊ ဒုတိယ အမြင်သည် ဝိညာဉ်ရေးရာ အမြင်။ ပထမအမြင် သည် လူအတွေးအမြင်၊ ဒုတိယအမြင်သည် ယုံကြည်ခြင်း ဖြစ်သည်။ ဤကျမ်းချက် ၏ သွန်သင်ချက်သည် အတွင်း နှင့် အပြင်၏ ဆန့်ကျင့်ဘက်တရား ဖြစ်သည်။ နေရာတိုင်းမှာ သာယာ ခြင်းနှင့် နာကျင်ခြင်းရှိကြောင်း သင်ခန်းစာ ဖြစ်သည်။

Previous Article
Next Article