ကောရိ န္တု သြဝါဒစာဒုတိယစောင် ၃

()ပေါလုအား အမှုတော်အတွက် ခန့်အပ်ရခြင်း(:)

          : (အခန်း၂:၁၇) တွင် နောက်ပိုင်းတွင် အမှုတော် ဟောပြောပုံ အား ဂုဏ်အင်(၄) ချက်ဖြင့် ရှင်းပြထားသည်။ ဤအချက်များသည် သူ၏တရားဒေသနာများ ခိုင်မာသော သတင်းကောင်းဖြစ်ကြောင်း ပြသခြင်း ဖြစ်သည်။ ထိုစကားနှင့် ဆက်စပ်၍ ငါတို့သည် ဝါကြွားရာရောက် ပြန်သလော” ဟုစကား စထားသည်။ ဤနေရာတွင်  ပြန်ဟူသောစကားသည် ယခင်က ဝါကြွားခဲ့သည်ဟုဆိုလိုသည်မဟုတ်။

သူ့ကို စွပ်စွဲသူများအား တဖန် စွပ်စွဲကြဦး မှာလား ဟု ထေ့ငေါ့ ခြင်းဖြစ်သည်။” သို့သော် အချို့သူများ လုပ်ဆောင် နေကြသကဲ့သို့ ထောက်ခံစာပြ ရဦးမှာလား” ဟု သရော်ထားသည်။ တချို့ သောသူများဆို သည်မှာ (၂:၁၇) ပါ အယူမှား ဆရာများကို ရည်ညွှန်းခြင်းဖြစ်သည်။ ထိုသူများ သည် ယေရုရှလင် မှ ထောက်ခံစာ များ ယူဆောင် ခြင်းဖြစ် နိုင် သည်။ ကောရိန္သု အသင်း တော်သို့ ရောက်သောအခါ ထိုထောက်ခံစာကို ပြသကြပါလိမ့်မည်။ ကနဦးအသင်းတော်ကာလတွင် ယုံကြည်သူများသည် တနေရာမှ တနေရာသို့ သွားလာပြောင်းရွေ့ သောအခါ မိခင်အသင်းတော်၏ ထောက်ခံစာ ယူဆောင်သွားလေ့ရှိသည်။ ထိုသို့ ထောက်ခံစာ မပါခြင်း နှင့် ပတ်သက်၍ ပေါလုသည် စိုးရိမ်ခြင်း အလျဉ်း မရှိ။ စင်စစ်တွင် ထိုအယူမှား ဆရာများ သည် ထောက်ခံစာသာ ပါရှိခြင်း ဖြစ်သည်။ မည်သည့် အသင်းတော် တွင်မှ တမန်တော် ၊အမှုတော် ဆောင် အဖြစ် တာဝန်ယူဆောင် ရွက်နေသူများ မဟုတ်။

          : ကောရိန္သု သို့ ရောက်ရှိလာကြသော ယုဒဝါဒီ များသည် ပေါလု၏ တမန်တော်ရာထူးကို မေးခွန်းထုတ် စစ်ကြောကြသည်။ ယေရူခရစ်တော်၏ အစေခံမဟုတ်ကြောင်း ငြင်းဆိုကြသည်။ ကောရိန္သု ယုံကြည်သူများစိတ်ထဲတွင် ဇဝေဇဝါ ဖြစ်သွားကြသည်။ ထို့ကြောင့် ပေါလုနောက်တခါလာလျှင် တပည့်တော် အစစ်အမှန်ဖြစ်ကြောင်းထောက်ခံစား ယူဆောင်လာစေရန် အကြောင်းဖန်လာသည်။ နောက်တခါ ပေါလုအလည်အပတ်သွားလျှင်  ထောက်ခံစာ ပြရမည်လားဟု မေးမှာ သေချာသည်။ သို့မဟုတ် အလည်အပတ်သွားဦးမှာလား။ ပေါလုသည် တမန်တော် ဟုတ်မှန်ကြောင်း ကောရိန္သု သားများ၏ ယုံကြည်ခြင်း စာမျက်နှာပေါ်တွင်  ဝိညာဉ်တော် တံဆိပ် ခတ်မထား ဘူးလား။ ထို့ သို့လော သို့လော သမားများကို အဖြေပေးထားသည်။ ကောရိန္သုသားများ နားလည် သဘောပေါက် နိုင်ရန် ပေါလုက ရင်တွင်းဖြစ်စကားပြောခြင်းဖြစ်သည်။ ဤစာစောင်သည် ပေါလုက မှင်နှင့် စက္ကူသုံ:၍ ရေးခြင်း မဟုတ်။ ခံစားချက်စာမျက်နှာပေါ်တွင် ဝိညာဉ်ဖြင့် ရေးသားခြင်း ဖြစ်သည်။ စင်စစ်တွင်မူ ကောရိန္သုသားများသည် ပေါလု အမှုတော်ဆောင် ခြင်း၏ အသီးအပွင့်များ ဖြစ်သည်။ပေါလုသည် ဥယျာဉ်မှူး ဖြစ်သည်။ သူပျိုးထောင် သောအပင်များဖြစ်သည်။ ပေါလုကြောင့် တနယ်တကျေး လုံ: အသက်တာပြောင်းလဲကြသည်ကို လှည်းနေ လှေအောင်း မြင်းဇောင်းမကျန် လူတိုင်းသိသည်။ ယခုတော့ အပြောင်းကြီးပြောင်းလဲ ကုန်ပြီ။ မယုံကြည်သူများက နတ်ကိုးကွယ်ခြင်းမှ ဘုရားရှင်ကို ကိုးကွယ်လာတတ်ကြသော်လည်း ပေါလု ပျိုးထောင်ပေးခဲ့သည့် ကောရိန္သု သားများဘုရားစစ် ဘုရားမှန် ကိုးကွယ် ရာမှ ရုပ်တုဆင်းတု ကိုးကွယ်ခြင်းသို့ဇောက်ထိုး ပြောင်းပြန် ပြောင်းလဲကြရတော့မည်။ ကောရိန္သုသားများသည် ပေါလု၏ အမှုတော် သက်သေများ မဟုတ်လော။

: ဤကျမ်းပိုဒ် အစပိုင်းသည် အငယ်၂ နှင့် ဆန့်ကျင်ဘက် ဖြစ်နေသည်။ ကောရိန္သုသားများသို့ ရေးသောစာသည် ပေါလု၏ နှလုံးသားတွင် ရေးမှတ်သောစာ ဟုဆိုသော်လည်း ဤကျမ်းပိုဒ်တွင် ခရစ်တော် ကိုယ်တိုင် ရေးသောစာဟု ဆိုပြန်သည်။ အဘယ်သို့ ကွာခြား သနည်း။ အပိုဒ်ငယ်(၂) သည် သူရေးသည့် စာမှန်ကန်ကြောင်း အတည်ပြု ခြင်း ဖြစ်သည်။ အပိုဒ် ငယ်(၃) သည် အကြောင်းအရာ ရှင်းပြချက်ဖြစ်သည်။ ထို့ကြောင့် ဤကျမ်းပိုဒ်နှစ်ပိုဒ်ကို” ဤစာသည် ခရစ်တော်ပြောပြသည့် အတိုင်း  ငါရေးလိုက်သောစာ ဖြစ်သည်” ဟု ဆက်စပ်ဖတ်ရှုလျှင်  သင့်လျှော်မည်။ တနည်း အားဖြင့် ကောရိန္သု သားများသည် ပေါလုသွန်သင်ဟောပြောချက်ဖြင့် ခရစ်တော်၏ ကျေးဇူးတော် ခံစားကြခြင်းဖြစ်သည်။ ကောရိန္သုသားများသည် အစကတည်းက ယုံကြည် သူများ ဖြစ်သည်။ ဘုရားရှင် က ပေါလု အား လက်နက် ကရိယာ စီရင်ခွဲ ခန့်ခြင်း ဖြစ်သည်။ ယုံကြည်သူများ သင်ခန်းစာ ဖြစ်သည်။ ယေရူ ခရစ်တော်က အသက်တာအသီးသီး မှာ အမှုတော် ပြု ပါသည်။ သို့သော် ပေါလုကို ထူးခြားစွာ အသုံးပြုသည်။

ပေါလု၏ ဆန့်ကျင်ဘက်လူများ သည် ထောက်ခံစာကို  မှင်ဖြစ်ရေးသား ကြသည်။ ပေါလုမူကား အသက်ရှင် သော ဘုရားသခင်၏ ဝိညာဉ် ဖြင့် ရေးသား သည်။ မှင်သည် ပြယ်တတ်သည်။ မှိန်တတ်သည်။ ပျက်စီးတတ်သည်။ ဝိညာဉ်မူကား လူ့နှလုံ:သားပေါ် တွင် ရေးမှတ်သောကြောင့် ထာဝရ တည်တံ့သည်။ ထိုစာကို ကျောက်ပြားပေါ် တွင်ရေးသည် ဟုဆိုထား သည်။ ကောရိန္သု မြို့ လယ်ခေါင်လူသွား လူလာ လမ်းဆုံကျသော နေရာများ တွင်ရှာ တွေ့မည်မဟုတ်။ ယုံကြည် သူများ ၏ အသက်တာ စာမျက်နှာ များ ပေါ်တွင်သာ တွေ့နိုင်သည်။

          ကျောက်ပြားနှင့်  နှလုံးသား ဟုဆိုရာတွင် စဉ်စားစရာရှိသည်။ ပညတ်တရား နှင့် ကျေးဇူးတော်ကို ဆိုလိုခြင်း ဖြစ်သည် ။ သိနာတောင်ပေါ်ရှိ ကျောက်ပြားပေါ်တွင် ပညတ်တော်များ ရေးသားခဲ့ သည်။ သို့သော်လည်း ဧဝံဂေလိတရား ကိုမူ ချစ်ခြင်းမေတ္တာ၏ ဘူမိ နက်သန် နှလုံးသားမြေပေါ်တွင် ရေးမှတ်ထားသည်။ ထိုအကြောင်းကို သိပ်သည်းကျစ်လစ်အောင် ဤသို့ ကလောင်မှတ်ခြင်း ဖြစ်ပေမည်။

: ပေါလုက သူသည် တမန်တော်အဖြစ် ဘုရားရှင်ကိုယ်တိုင် ရွေးခန့် သူဖြစ်ကြောင်း အတိအလင်းပြောဝံ့သည့်စကားကို ကြားသိခဲ့ကြပြီ။ အဘယ်ကြောင့် ထိုသို့ ဆိုဝံ့သနည်းဟု ပေါလုကိုမေးချင် သည်။ ထိုမေးခွန်းကို ဤကျမ်းပိုဒ်တွင် ဖြေထားသည်။ သူ့ကိုယ်သူ ခန့်အပ် ခြင်း မဟုတ်။ သခင်ဘုရားကိုယ်တိုင် ရွေးကောက် ခန့်အပ် ခြင်းဖြင့်သည် ဟုဆိုသည်။ ပေါလု သည် အမှုတော် ထမ်းဆောင်ရန် သူ့ကိုယ်သူ ယုံကြည် စိတ်ချမှု မရှိ၊ အရည်အချင်း မမှီ ဟု လက်ခံ ထားသူ ဖြစ်သည်။ သို့သော် လည်း သခင် ခရစ်တော်၏ ပါဝင်မှု ဖြင့် ပေါလု၏ အမှုတော်ဆောင်ချက်များ သည် ဘုရားသခင် ၏ အမှုတော် မှန်ကန်ကြောင်း၊ ကောရိန္သုသားများက သက်သေထူကြပါသည်။ ကောရိန္သုသားများ၏ အသက်တာပြောင်းလဲခြင်းသည် ပေါလု၏ သက်သေခံ အထောက်အထား များ ဖြစ်သည်။

: ပေါလု က သူသည် အစွမ်းအစ ရှိသူမဟုတ် ကြောင်း ထပ်မံ ဝန်ခံသည်။ သူလုပ်ဆောင် သမျှသည် ခရစ်တော်၏ ဘုန်းတန်းခိုး အားဖြင့် သာ ဖြစ်သည်။ ခန္ဓာကိုယ်ထဲမှ အစွမ်းအစ ပေါ်ထွက်လာသည်မဟုတ်။ အထက်ကောင်းကင်ထံမှ ရရှိခြင်းဖြစ်သည်။ မိမိကိုယ် ကို အမှတ်မပေး။ အကယ်၍ ဘုရားသခင်၏ ကူညီမှု ဘုန်းတန်ခိုးသာ မပါရှိလျှင်  ဘာဆိုဘာမှဖြစ်မြောက်အောင် စွမ်းဆောင်နိုင်မည်မဟုတ်။

()ပဋိညာဉ်ဟောင်းနှင့် ပဋိညာဉ်သစ်တို့၏ ဝိရောဓိ(:၁၈)

          : သခင်ဘုရားကိုယ်တိုင်က ရွေးကောက်ခန့်အပ်ခြင်းနှင့် ပေါလုကိုယ်တိုင်၌ အစွမ်းအစ၊ အရည်အချင်းမရှိသည့် အကြောင်း ပြောဆိုပြီးနောက် အမှုတော်ထမ်းဆောင်ခြင်းကို ဆက်လက် ရေတွက်သည်။ ပဋိညာဉ်ဟောင်း(ပညတ်တရား) နှင့် ပဋိညာဉ်သစ်(ကျေးဇူးတော်) တို့၏ ဝိရောဓိဖြစ်ပုံကိုရှင်းပြထား သည်။ အချက်ကျကျ ရှင်းပြထားသည်။ သူ့ကို ဝေဖန်ကြသော ကောရိန္သု သားများသည် ပညတ်တရားနှင့် ကျေးဇူးတော်မသဲကွဲရောထွေးသော ယုဒဝါဒီသမား များဖြစ်သည်။ မောရှေ၏ ပညတ်တရားများသည် ဘုရားသွန်သင်ချက်များ ဖြစ်၍ အကြွင်းမဲ့လိုက်နာရသည်ဟု သွန်သင်ကြသည်။ ယခု ပေါလုက ပဋိညာဉ်ဟောင်းမှ အဓိကအချက်ကို ပဋိညာဉ်သစ်တွင် ထုတ်ဖော်ပြသည်။ ပထမဦးစွာ ပေါလုသည် ပဋိညာဉ်သစ်၏ အစေခံဖြစ်ကြောင်း သူ့ကိုယ်သူမိတ်ဆက်သည်။ ပဋိညာဉ်ဆိုသည်မှာ ကတိသဘော တူညီချက်၊ သက်သေ အထောက်အထား ဟု အနက်ရသည်။ပဋိညာဉ်ဟောင်းသည် မူဝါဒစည်း စနစ်ကျင့်ထုံး ပြဌာန်းထား သော မောရှေပညတ်ကျမ်းဖြစ်သည်။ ထိုပဋိညာဉ်သည် ချို့ယွင်းချက် ရှိသည်။ ဘုရားသခင်ဘက်မှ တာဝန်နှင့် လူ့ဘက်မှ အကျင့် ဟူ၍ ရှိသည်။ လူက လိုက်နာ လုပ်ဆောင်နိုင်မှ သာလျှင်  ဘုရားသခင်က ကောင်းချီးမင်္ဂလာပေးသည်။ လူ့ဘက်မှ အကျင့် ဟူ၍ ရှိသည်။ လူဘက်မှ အခြေခံအကြောင်းတည်သောကြောင့် လူသည် ဖြောင့်မတ်ခြင်း မရောက်နိုင်။ ပဋိညာဉ်သစ် မှာဧဝံဂေလိ သတင်းကောင်းဖြစ်သည်။ ယေရူခရစ်တော်က ရွေးနှုတ်သောကြောင့် ယုံကည်သူတိုင်း သည် ကျေးဇူးတော်အား အခမဲ့ လွတ်လပ်စွာ ခံစားခွင့်ရှိကြသည်။ ပဋိညာဉ်သစ်တွင် ရှိနေသူများသည် လူကို မှီခိုခြင်း မပြု။ ဘုရားသခင်ကိုသာ အားကိုးယုံကြည်ကြသည်။ ထို့ကြောင့် ပဋိညာဉ်သစ်သည် ပဋိညာဉ်ဟောင်းတွင် မပြည့်စုံနိုင်သော အရာခပ်သိမ်းကို ပြည့်စုံစေသည်။

ပညတ်တရားနှင့် ကျေးဇူးတော် တရားအကြား ဝိရောဓိများရှိသည်။ ဤကျမ်းပိုဒ်တွင် ပဋိညာဉ်တရား သစ်သည် ပေအက္ခရာ တင်ထားသော ကျမ်းမဟုတ်၊ ဝိညာဉ်တော် တရား ဖြစ်၏။ အက္ခရာတင်သော ပညတ်တရားသည် အသက်သေစေတတ်၏ ဝိညာဉ်တော်မူကား အသက်ရှင်စေတတ်၏ ဟုဆိုသည်။ ကျယ်ကျယ်ပြန့်ပြန့် အဓိပ္ပါယ်ကောက်ရလျှင် ပညတ်တရားသည် အတိအကျ လိုက်နာစောင့်ထိန်းရသည်။ လိုက်နာများ၏ အသက်တာကိုနမူနာ ယူကြည့်နိုင်သည်။ ဆယ်ဖို့တဖို့မှစ၍  ပညတ်တရားကို အသေးစိတ်အတိအကျ လိုက်နာကြသည်။ ကျင့်စဉ် တခုအဖြစ် ခံယူကျင့် သုံးခြင်း ဖြစ်သည်။ သို့သော်လည်း အကျင့်းစရိတ္တတွင်မူမေတ္တာတရား၊ ကရုဏာတရား မရှိကြ(မ၂၂:၂၃)။ ထိုစကားသည် ကျမ်းစကား ဖြစ်သည်။ အနက်ဖွင့် ဆိုခြင်းမျှသာ မဟုတ်။ဤ ကျမ်းပိုဒ်မှ အက္ခရာ တင်​ျေသာ ပညတ်ဆိုသည်မှာ မောရှေပညတ်တော်ကို ရည်ညွှန်းခြင်း ဖြစ်၍ ဝိညာဉ် ဆိုသည်မှာ ဘုရားသခင် ၏ ကျေးဇူးတော်ကို ဆိုလိုခြင်း ဖြစ်သည်။ ပညတ်တရားသည် သေစေ၏ဆိုခြင်းမှာ ပညတ်တရားသည် စောင့်ထိန်းခြင်းဖြစ်၍ ဧဝံဂေလိတရား မည်ကဲ့သို့ အသီး အပွင့် မဖြစ်ထွန်းနိုင်၊ ထိုအကြောင်းကိုJ.M.Davies က ဤသို့ အကျဉ်းချုံး ရေးထားသည်။

ဤအက္ခရာ ပေလွှာသည် ပညတ်တရားက သိနာတောင်ပေါ်တွင် လူပေါင်း(၃၀၀၀) သေကြေစေခြင်း ဖြစ်သကဲ့သို့ ဝိညာဉ် တော်တရားသည် လူပေါင်း(၃၀၀၀) အားပင် တေကုတ္တေ နေ့ တွင် ကယ်တင်ခြင်းပေးသည့် ပုံစံဖြစ်သည်။

: အပိုဒ်ငယ် ၇နှင့်၈ သည် ဝိရောဓိတရား အဆက်ဖြစ်သည်။ ပညတ်တရားနှင့် ဧဝံဂေလိတရားအဆက် ဖြစ်သည်။ ပညတ်တရားနှင့် ဧဝဂေလိတရား၏ဘုန်းတန်ခိုးကို ယှဉ်ပြသည်။ ဘုန်းတန်ခိုး အကြာင်းကို အခန်း၃ နှင့်၄ တွင်(၁၇) ကြိမ်တိုင်တိုင် ရေးပြထားသည်။ ပဋိညာဉ်ဟောင်းကို ကျောက်ပြား ပေါ်တွင် ရေးမှတ်ထားသည့် သေခြင်းဒေသနာ ဟုလည်းခေါ် ကြသည်။ ထိုတရားမှာ ပညတ်တော် ဆယ်ပါးဟု လူသိများသည်။ ပညတ်တော် မစောင့်ထိန်းလျှင် သေပွဲဝင်ကြသည်။ (ထွ၁၉:၁၃) ။ ပဋိညာဉ်ဟောင်းတွင် ဘုန်းတန်ခိုးမရှိဟု ပေါလုက မပြောပါ။ ထိုကိစ္စသည် အဓိကမဟုတ်။ ဘုရားသခင် က မောရှေအား သိနာတောင်ပေါ်တွင် ပညတ်တော် ဆယ်ပါးပေးခဲ့စဉ် ဘုန်းတန်ခိုး အပြည့်အစုံ ပေးခဲ့သည်။ (ထွာ ၁၉) ။ ထိုသို့ ဘုရားသခင် နှင့် ဆက်ဆံ ခွင့်ရသောကြောင့် မောရှေ၏ မျက်နှာသည်လည်း ဘုန်းတန်ခိုး ထွန်းတောက်ခဲ့သည်။ ဘုရားသခင်၏ဘုန်းတန်ခိုး အာနုဘော် ရောင်ပြန်ဟပ်သည်။ ထိုသို့ မောရှေ၏ မျက်နှာသည် ဘုန်းတန်ခိုး ရှိသောကြောင့် ဣသရေလ လူမျိုးများက မောရှေ၏ မျက်နှာအား မကြည့်ဝံ့ခြင်း ဖြစ်သည်။ မျက်စိကျိန်းစပ်ကြသည်။ မျက်နှာမှ ဘုန်းတန်ခိုးများ ပျယ်လွင့်သောအခါ ဟုဆိုခြင်းသည် မောရှေတွင် ဘုန်းတန်ခိုးအမြဲတန်းမရှိ ဟုဆိုခြင်းဖြစ်သည်။ ယာယီခဏသာရှိခဲ့သည်။ ထို့ကြောင့် ဓမ္မဟောင်းကာလ ဘုန်းအသေရေသည် အမြဲ တမ်း မတည်တံ့။ ကာလ အပိုင်း အခြားသာဖြစ်သည် ဟု နားလည်ရသည်။ ပညတ်တရား သည် အတိအကျ ဆက်စပ်ဖွဲ့စည်း သည်။ အပြစ်ကို ထင်းကနဲ ကွက်ကနဲ ပြသသည်။ ဘုရားသခင် ရှေ့၌ စင်ကြယ် စွာနေရမည့် အချက်များကိုလည်း ရှင်းပြသည်။ သို့သော် ခရစ်တော် ဘုရား ပေါ်ထွန်းလာသည့်တိုင်အောင်ပညတ်တရား ပြည့်စုံအောင် စောင့် ထိန်းသူမရှိ(ရော ၁၀:၄)။ ပညတ်တရားသည် ဖြောင့်မတ်စင်ကြယ်ခြင်း၏ ပုံရိပ်များသာ ဖြစ်သည်။ ရှေ့ပြေးနိမိတ် လက္ခဏာ သာ ဖြစ်သည်။ အစစ်အမှန် အကောင်အထည်မူကား လောကကယ်တင်ရှင် ယေရူခရစ်သာဖြစ်သည်။

: ပညတ်တရားဟောင်းကို အပြစ်စီရင် ခြင်းတရားတော် ဟု ခေါ်ဆိုသည်။ ပညတ်တော်တရားကို အပြည့်အစုံ စောင့် ထိန်းနိုင်သူတယောက်မှ မရှိသဖြင့် လူတိုင်းအား အပြစ်စီရင်ခြင်းသို့ ပို့ဆောင်သည်။ ထို့ကြောင့် အကျိုးဆက်ကို ကြည့်၍ ခေါ်ဝေါ်ခြင်း ဖြစ်သည်။ သို့သော် ဖြောင့်မတ်ခြင်းတရားတော်သည်ထို သို့မဟုတ်။ များစွာကွာခြားသည်။ ထိုအကြောင်းကိုHodge ကဖြောင့် မတ်စင်ကြယ်ခြင်းတရားသည် ဖြောင့်မတ်ခြင်းကို ပြသည့်အပြင်သန့်ရှင်း စင်ကြယ်စေသည်။ ပညတ်တရား၏ အပြစ်စီရင်ခြင်းမှ လည်းကင်းလွတ်စေသည်” ဟုဆိုသည်။ ဧဝံဂေလိ ဘုန်းတန်ခိုးသည် ရုပ်ခန္ဓာ၌ မတည်။ ဝိညာဉ်၌ လေးနက် ခိုင်မြဲစွာ တည်သည်။ ကရာနီ ဘုန်းတန်ခိုးက သိနာတောင်ဘုန်းတန်ခိုးကို ဖုံးအုပ် လွှမ်းမိုး သွားပါသည်။

:၁၀ ပညတ်တရားဟောင်းသည် သူ့အကြောင်းနှင့်သူ ဘုန်းတန်ခိုးရှိသည်ဟု ဆိုရသော်လည်း ပဋျိညာဉ် သစ်နှင့် ချင့်ချိန် နှိုင်းယှဉ် လျှင် အချည်းနှီး ဖြစ်သည်။ ဤကျမ်းပိုဒ်က ရှင်းပြထားသည်။ ချိန်ခွင် တဘက်စီ တွင် ချိန်ကြည့် လျှင် ဇောက်ထိုးမိုးမျှော် ဖြစ်ပါမည်။ ထိုအကြောင်းကို A.T.Robertson က”တခုနှင့်တခု မယှဉ်သာအောင် ကွာခြားလွန်းသည်။ ပဋိညာဉ် သစ် ဘုန်းတန်ခိုးနှင့် ယှဉ်လျှင် ပဋိညာဉ်ဟောင်း၏ ဘုန်းတန် ခိုးသည် အခွံသာရှိသည်” ဟုဆိုသည်။Denney ကလည်း “ကောင်းကင်ယံတွင် နေမင်းထွန်းလင်း တောက်ပ သောအခါ အခြားအလင်းရောင် များ မိုးကောင်ကင်မှ ပပျောက်သွားသကဲ့သို့ ဖြစ်သည်။ “ဟု ဆိုသည်။

ဤကျမ်းပိုဒ်တွင် သမုတ်နှင့် ပရမတ္တတရားကို ယှဉ်ပြထားသည်။ ပျောက်ကွယ်သောအရာ ဆိုသည်မှာ ပညတ်တော် ဆယ်ပါး၊ သေခြင်း ဒေသနာ၊ ကျောက်ပြားပေါ် မှာ ရေးသားသော ပညတ်တော် (အငယ်၇) ဖြစ်သည်။ ဤကျမ်းပိုဒ်က သတ္တမနေ့ ဥပုသ်အသင်းများ၏ “ဝိထုံး နည်းနာ ပညတ်တရား မရှိသော်လည်း ပညတ်တော် ဆယ်ပါး ကစောင့်ထိန်းနေသည်” ဟူသော ခံယူချက်ကို ချေဖျက်သည်။

:၁၂ ဤကျမ်းပိုဒ်မှ မျှော်လင့် ချက်ဆိုသည်မှာ ဧဝံဂေလိ တရားသည် ဘယ်သောအခါမှ မှေးမှိန်ခြင်း၊ ပျောက်ကွယ်ခြင်း မရှိခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် အခိုင်အမာ အတိအလင်း အာမခံချက်ပေးထားသည်။ ထိန်ချိန်ဖုံးကွယ်ခြင်း မရှိ။ အချည်းနှီး သော စကားမဟုတ်။ ယနေ့ခေတ်ကာလ ဘာသာရေးပေါင်းစုံ၏ လက်ဖျား ခါရသော လျှို့ဝှက်နက်နဲချက်ဖြစ် သည်။ အသက်တာတရား ဖြစ်သည်။ တဆင့်စကားတဆင့် ကြားပြောရသော်လည်း ဧဝံဂေလိ တရားသည် ပြောင်းလဲခြင်းမရှိ။ အရင်းပကတိ အတိုင်းရှိနေသည်။ ဧဝံဂေလိ တရားကကယ်တင်ခြင်း၊ သုံ:ပါးတဆူ၊ကောင်းကင် နိုင်ငံ ၊ငရဲဘုံများကို အတိအလင်း ပြဆိုထားသည်။

:၁၃ ပယ်ရှင်းသာအရာ၏ အဆုံးကို ဣသရေလတို့ စေ့စေ့မကြည့်ရူ စေခြင်းငှာ မောရှေသည် မိမိမျက်နှာကို ဖုံ:အုပ်သကဲ့သို့ ငါတို့သည် မပြုကြ။ ဤကျမ်းပိုဒ်၏ နောက်ခံသမိုင်းကို(ထွ၃၉:၂၉-၃၅) တွင်တွေ့ရသည်။ သိနာတောင်ပေါ်မှ ဆင်းလာသောအခါ မောရှေသည်သူ့မျက်နှာတောက်ပနေကြောင်းမသိ။ ဣသရေလသားများက တောက်ပနေသော မောရှေ၏ မျက်နှာကို ကြောက်ကြသောကြောင့် အနားသို့ မကပ်ရဲကြ။ အနားသို့ လာပါဟု ခေါ်မှသာ လျှင်ချဉ်းကပ်ရဲ ကြသည်။ ထို့နောက် ဘုရားသခင်ပေးသော ပညတ်တော်များကို ပြောပြသည်။ (ထွ ၃၄:၃၃)တွင် “မောရှေသည် သူတို့အား ဟောပြော၍ မပြီးမှီ မိမိမျက်နှာကို ဖုံအုပ်ခြင်း ဖြစ်သည်။ မောရှေမျက်နှာပေါ်မှ ဘုန်းတန်ခိုး များသည် ကွယ်ပျောက် တတ်သည်။ တနည်းအားဖြင့်မောရှေသို့ ဘုရားသခင်ပေးထားသော ဘုန်းတန်ခိုးသည် သမုတိသစ္စာတရားဖြစ်သည်။ အဆုံးတရားကို မမြင်စေချင်၊ စင်စစ် မောရှေက ဖုံးကွယ်ခြင်း မဟုတ်ပါ။ ဘုန်းတန်ခိုး ပပျောက်ခြင်းဖြစ်သည်။ ထိုအကြောင်းကို F.B.Meyer  က “မောရှေ မျက်နှာပေါ် မှ ဘုန်းတန်ခိုးများသည် အခြားနောက်တဦး မျက်နှာပေါ်သို့ ရောက်ရှိသွားသည်” ဟုဆိုသည်။ ထိုစကား မှာ သခင်ယေရူ ကြွလာခြင်းကို နေရာ ပေးခြင်းဖြစ်သည်။ ပဋိညာဉ်တရား သစ်မူ ဘယ်သောအခါမှ ဘုန်းတန်ခိုး ပပျောက်ခြင်းမရှိ သောကြောင့် တည်း။

:၁၄ သို့သော် သူတို့ စိတ်နှလုံ:သည် မိုက်မဲနေ ဣသရေလများ သည် မောရှေလုပ်ဆောင်ချက် ကို အမှန်တကယ် သဘောမပေါက်ကြ။ နှစ်ပေါင်း ရာနှင့် ချီ၍ မျက်စိကန်း နားလေးနေကြသည်။ ကာလကြာရှည် သောကြောင့် ပေါလုက ပညတ်တရားကို တွန်းဖယ်ပြီး ကယ်တင်ခြင်း ဘုရားကို ပြသသော အခါတွင် လည်း လက်မခံ နိုင်ကြ။ အဟောင်းကိုသာ အရိုးစွဲနေကြသည်။

ယနေ့ထက်တိုင်အောင် ဓမ္မဟောင်းကျမ်းကို တသသ ကိုင်ဆောင်နေကြ သဖြင့် ဉာဏ်မပွင့်ကြ။ တနည်းအားဖြင့် ယုဒများသည် မောရှေကျမ်းကိုသာ လက်ကိုင်စွဲနေကြသဖြင့် မောရှေတရား၏ အနှစ်သာရကို မမြင် နိုင်ကြ။ ပညတ်တရား ပျောက်ကွယ် ၍ ပဋိညာဉ်သစ် ဧဝံဂေလိ တရား ပေါ်ထွန်းသည်ကို မသိကြသေး။မောရှေပညတ်ကျမ်း၌ အိပ်မောကျနေဆဲ ဖြစ်သည်။

ခရစ်တော်ဘုရားက မျက်နှာဖုံးဖယ်ရှားလိုက်ပါပြီ။ ထိုမျက်နှာ ဖုံးဆိုသည်မှာ ပဋိညာဉ်ဟောင်းကို ဆိုလိုသည်။ တနည်း အားဖြင့် ယေရူခရစ်တော်ကြွလာသောကြောင့် ဓမ္မဟောင်းပညတ်တရားများသည် ပပျောက်ကုန်ပြီ။ ဘုန်းတန်ခိုး မရှိတော့ပါ ဟုဆိုလိုသည်။

ထိုအကြောင်းကို Hodgeက ဤသို့ ရှင်းပြသည်။

ဓမ္မဟောင်းကျမ်းသည် ခရစ်တော်ဘုရား ပေါ်ထွန်းလာ သောအခါ သိရှိနားလည် ဖို့ကြန်အင်လက္ခဏာကြိုတင်ပြောကြားခြင်း သာ ဖြစ်သည်။ ခရစ်တော်ဘုရားကို တွေ့မြင်သိကျွမ်း ကြသောအခါ

ဓမ္မဟောင်းမျက်နှာ ဖုံးသည် ခွာကျကုန်သည်။

:၁၅ ဓမ္မဟောင်းကျမ်းရှိ မောရှေ၏ မျက်နှာဖုံ:ကွာကျသော်လည်း  ယခု ယုဒလူမျိုး၏ စိတ်နှလုံးက ဖုံးအုပ်နေသေးသည်။ အကျင့် တရားအားဖြင့် ဖြောင့်မတ်ခြင်းတရား တောနင်းရှာ နေဆဲ ဖြစ်သည်။ ကရာနီကုန်းပေါ်မှ ခရစ်တော်ဘုရား၏ ကယ်တင်ခြင်း တရား အားဖြင့် သာ ကယ်တင်ခြင်းရရှိကြောင်း မသိကြသေး။ ယုန်တောင်ပြေး၊ ခွေးမြောက်လိုက် လုပ်နေကြသည်။ ပညတ်တရားသည် အပြစ်စီရင်ခြင်းသာ ပေးကြောင်း သဘောမပေါက်ကြ။ ပညတ်တရား စောင့်ထိန်းခြင်းဖြင့် ကယ်တင်ခြင်း ကြိုးပမ်းနေကြဆဲ။ သခင်ယေရူ ၏ ကျေးဇူးတော်နှင့် မေတ္တာတော်ကို မသိရှိကြသေး။

:၁၆ ကျမ်းပိုဒ်သည် ယုဒလူမျိုးတဦးချင်း သို့မဟုတ် ဣသရေလအမျို:သားလုံးသို့ ရည်ညွှန်းခြင်း ဖြစ်ကောင်းဖြစ်နိုင်သည်။ သခင်ယေရူကို မေရှိယ ကယ်တင်ရှင်အဖြစ် လက်ခံယုံကြည်သူ တိုင်းသည် မျက်နှာဖုံ:ချွတ်သူများ ဖြစ်သည်။ ဖုံးကွယ်ခြင်းမရှိတော့ပါ။ ဣသရေလ တို့၏ မေရှိယ ဘုရားသခင်၏ သားတော်သည် အရိပ်ပညတ်တရားမှ အကောင်အထည် သမ္မာတရား သို့ ပေါ်ထွန်းပြီ။ ဤကျမ်းပိုဒ်သည်ဣသရေလအမျိုးသားလုံး ရည်ညွန်း၍ (ရော၁၁:၂၅၊၂၆၊၃၂) ပရောဖက် ပြုချက်များမှ ဖော်ပြထားသည့် ယုံကြည်သူများ သခင်ဘုရားထံ သို့ ပြန်လာရမည့် အကြောင်းဖြစ်သည်။

:၁၇ ယေရူခရစ်တော်သည် ဓမ္မဟောင်းကျမ်းကို ဖွင့်လှစ်ရသော သော့ချက်ဖြစ်သည် ဟု ပေါလုက တင်စား ထားသည်။ သခင်ဘုရားသည် ဝိညာဉ်တော် ဖြစ်၏ ဟုဆိုသည်။ ( NKJV ) အပါအဝင် ကျမ်းမူခပ်များများတွင် သန့်ရှင်းသော ဝိညာဉ်တော် ဟု ဆိုကြသည်)ဤကျမ်းချက်စကားအရ သခင်ဘုရားသည် ဓမ္မဟောင်းကျမ်း၏ ဝိညာဉ်တော် ဖြစ်နေသည်။ “ယေရူခရစ်၏ သက်သေခံချက်များသည် ပရောဖက်ပြုပြင်ခြင်း၏ ဝိညာဉ်ဖြစ်သည်”(ဗျာ ၁၉:၁၀) ။ဓမ္မဟောင်းမှ ရှေ့ပြေးပုံရိပ် များသည် ယေရူခရစ်တော်တွင် ပြည့်စုံသည်။ ယေရူ၏ ဝိညာဉ် ဆိုသည်မှာ ပညတ်တရားမှ လွတ်မြောက်ခြင်း၊ သမ္မာကျမ်းစာပါ ချုပ်နှောင်းခြင်း မှ လွတ်မြောက်ခြင်း၊ မျက်နှာဖုံးချွတ်ခြင်း ဖြစ်သည်။

          :၁၈ ပဋိညာဉ် ဟောင်းကလတွင် မောရှေ တပါးတည်းသာလျှင် ဘုရားသခင်၏ ဘုန်းတန်ခိုးတော် ကိုဖူးမျှော်ခွင့်ရသည်။ ပဋိညာဉ်ခေတ် လွန်ကာလတွင် သခင်ဘုရား၏ မျက်နှာတော်ကို လူတိုင်းဖူးမျှော် ခွင့်ရကြပါသည်။ မောရှေသည် စကားမဆုံ:ခင် မျက်နှာဖုံးအုပ်သော်လည်း၊ ကျွန်ုပ်တို့သည် မျက်နှာဖုံ: အုပ်စရာမလို။ မျက်နှာဖုံ:အုပ်ခြင်း မရှိဘဲ၊ မိမိတို့ အပြစ်များကို ဝန်ချတောင်းပန်နိုင်သည်။ အိန္ဒိယပြည် သာသနာပြု ဆရာကြီးတပါးက” အပြစ်ကို ခဝါချကာ၊ယုံကြည်လာကြသည်။ ပြီးလျှင် လုပ်ချင်သမျှ လုပ်လာ ကြသည်၊ အားလုံး ရောထွေးလိုက်ပြန်ကြသည်။ အမှားနှင့် အမှန် ကြားထဲမှာ ရှိနေကြသည်” ဟုဆိုဘူးသည်။

မျက်နှာဖုံးကို ဖွင့်လျက် မှန်ကိုကြည့်သကဲ့သို့ ဟုဆိုသည်။ မှန်ဆိုသည်မှာ နှုတ်ကပတ်တော်ကို ဆိုသည်။ ဓမ္မသစ်ကျမ်းကို လေ့လာသောအခါ ခရစ်တော်သည် ကိုယ်တော်၏ ဘုန်းကျက်သရေများကို ပြသကြောင်းတွေ့ရသည်။ မျက်နှာချင်းဆိုင် မတွေ့ဘူးသေး။ သို့သော် နှုတ်ကပတ်တော် ကြေးမုံဖြင့် မြင်နိုင်သည်။

နောက်တချက်မှာ သခင်ဘုရား၏ ဘုန်းတန်ခိုးဖြစ်သည်။ ခရစ်တော်ဘုရား လူ့လောက ၌ ရှိခဲ့စဉ်က နှလုံးသားအလှကို ရည်ညွန်းခြင်း မဟုတ်။ ဘုရားသခင် ၏ လက်ျာတော် ၌ စိုးစံနေရသည့် လက်ရှိ ဘုန်းအသေရေ ကိုဆိုလိုသည်။ခရစ်တော်၏ ဘုန်းအသေရေ ကိုDenney ကဤသို့ စကားတန်ဆာဆင်သည်။

ခမည်းတော်ဘုရား၏ ပလ္လင်တော်နှင့် အပြိုင်စိုးစံသည်။ ကိုယ်တော်သည် အသင်းတော်၏ ဦးခေါင်း ၊ အလုံးစုံသော ကျေးဇူးတော်၏ မူပိုင် လောကကို တရားစီရင်မည့် သူ၊ ဘုန်းတန်ခိုးဟူ သမျှအောင်နိုင်သူ၊ ကိုယ်တိုင် ဘုန်းတန်ခိုး အစွမ်း ရှိသူ၊အံ့ဖွယ်နိမိတ် တတ်စွမ်းနိုင်သူ ရှင်ဘုရင်ဖြစ်သည်။

ယေရူခရစ်သည် ရှင်ပြန်ထမြောက်သောအခါ ဘုန်းတန်ခိုး ပြည့်စုံသည်။ ကျွန်ုပ်တို့သည်လည်း ထိုပုံစံ မျိုးဖြစ်ရသည်။ တခွန်းတည်းပြောရလျှင် ခရစ်တော်နှင့် အတူ စင်ကြယ်စွာ စိုးစံရမည်။ မိမိတို့ ချည်းရှိနေမည် မဟုတ်။ အခြားသူများနှင့် နေရမည် မဟုတ်။ သခင်ဘုရားနှင့် အတူ စိုးစံမည်။ ခရစ်တော်နှင့် အတူ နေခြင်းကြောင့် ခရစ်တော်နှင့် တူသထက်တူကြမည်။

အံ့သြဖွယ်ကောင်းလောက်အောင် ဘုန်းတန်ခိုးကျက်သရေ လည်း ပြည့်စုံသထက် ပြည့်စုံလာကြမည်။ ခဏတဖြုတ် ပြောင်းလဲခြင်းမဟုတ်။ ခရစ်ယာန်အသက်တာတွင် မကြုံစဖူး သော အဖြစ်ထူးများ ခံစားကြရမည်။ ကမန်းကတန်းရုတ်ချည်းပြောင်းလဲ ခြင်း မဟုတ်၊ တစပြီးတစ ပြောင်းလဲခြင်းဖြစ်သည်။ ပညတ်တရားအောက်မှာ ပြန်လည် ပျောက်ကွယ်တတ်သော ဘုန်းတန်ခိုးမျိုးလည်း မဟုတ်။ အမြဲတမ်းတည်တံ့သည်။

ထိုသို့ ပြောင်းလဲခြင်း ရခြင်း သည် ဘုရားသခင်၏ ဝိညာဉ်တော်၊ ယေရူခရစ်တော်၏ ဝိညာဉ်တော် တန်ခိုး ဖြစ်သည်။ ထို့ကြောင့် ယေရူခရစ်တော်ဘုန်းတန်ခိုး ခံစားဖို့ ကိုယ်တော်ကို စေ့စေ့ ကြည့်ရှု ရမည်။ အလိုတော် နာခံရမည်၊ မိမိ တို့ အသက်တာတွင် ခရစ်တော်၏ ဝိညာဉ်တော် စိုးစံနေရာပေးရမည်။

သတေဖန်၏ အသက်တာပြောင်းလဲပုံကို ပုံဥပမာ ပေး၍ Darby ကဤသို့ ရှင်းပြသည်။

ကျောက်ခဲဖြင့် ဝိုင်းပေါက်သတ်ကြစဉ် သတေဖန်သည် ကောင်းကင်ကို မောကြည့်သောအခါဘုရားသခင်နှင့် ခရစ်တော်၏ ဘုန်းတန်ခိုးကို မြင်သည်။ ခရစ်တော်က ” ခမည်းတော် ဘုရား ၊ထိုသူများကို ခွင့်လွှတ်တော်မူပါ၊ ထိုသူများ သည် မိမိ တို့ ဘာလုပ်ကြသည်ကို နားမလည်ကြ” ဆိုသကဲ့သို့ သတေဖန်လည်းဆိုသည် လက်ဝါးကပ်တိုင်ပေါ်တွင် ခရစ်တော်က ” ဘုရားသခင်၊ အကျွန်ုပ် ၏ဝိညာဉ် ကို ခမည်းတော် လက်ထဲသို့ အပ်နှံ ပါသည်။” ဟု ဆိုသည်။ ထိုအတိုင်း ပင် သတေဖန်ကလည်း ” ခရစ်တော်၊ ငါ့ဝိညာဉ်ကို ကိုယ်တော်လက်သို့ အပ်နှံ ပါမည်” ဟု ဆိုသည်။ ခရစ်တော်၏ ပုံရိပ် ကူး ပြောင်းခြင်းဖြစ်သည်။ ထိုသို့ ပုံစံ တူခြင်းဖြင့် ခရစ်တော်က သတေဖန်အား အထံတော်သို့ ခေါ်ယူခွင့်ကို ခမည်းတော်ထံ တောင်းခံခဲ့သည်။

ပဋိညာဉ်သစ်တွင် အခြေအနေ တိုးတက်ပြောင်းလဲပုံကို ဆင်ခြင်ကြည့်ပါ။ ပဋိညာဉ်ဟောင်းကာလတွင် တဦးတည်းသာ မျက်နှာ တော်ဖူးမျှော်ခွင့်ရသည်။ပဋိညာဉ်သစ်တွင် သားမြေးစဉ်ဆက် ၊ နောင်လာနောက်သား များတိုင်အောင် ဖူးမျှော် ခွင့်ရကြသည်။ ခရစ်တော်၏ ဘုန်းတန်ခိုးတော် ကျွန်ုပ် တို့၏ မျက်နှာပေါ်တွင် ရောင်ပြန်ဟပ်ခြင်းဖြင့် ရုပ်သဏ္ဌာန် ပြောင်းလဲကြမည်။ သခင်ဘုရားနှင့် တူ သွားကြ မည်။ မောရှေ မျက်နှာပေါ်သို့ ထင်ဟပ်သော ဘုန်းအသေရေသည် အပေါ်ယံ သာဖြစ်သော်လည်း ကျွန်ုပ်တို့ မျက်နှာ သို့ ရောက်ပြန်ဟပ်ခြင်းသည် စိတ်မနောထိအောင် ဖြစ်သွားမည်။

ပဋိညာဉ်ဟောင်းနှင့်ပဋိညာဉ်သစ် ဝိညာဉ်ရေးရာ ပြောင်းလဲ တိုးတက်မှုကို ဤနေရာ၌  နိဂုံးချုပ်ထားသည်။

Previous Article
Next Article