ကောရိ န္တု သြဝါဒစာဒုတိယစောင် ၆

: ဤကျမ်းပိုဒ်သည် ကောရိန္သု ယုံကြည်သူများအား ကျေးဇူးတော် ထင်သာမြင်သာ ရှိအောင် အသုံးပြုဖို့ တိုက်တွန်းအားပေးခြင်း ဖြစ်သည်။

ကယ်တင်ခြင်း မရရှိသေးသူများ အား နှုတ်ကပတ်တော် ပိုမို ဟောပြောရန်ဖြစ်သည်။ ပေါလုသည် ဘုရားတရားမသိသူ လူပြိန်းများအား အံ့ဘွယ် ကျေးဇူးတော် ဖြင့် လိုက်လံဟောကြားသူဖြစ်သည်။ ခံစားရရှိထားသော ကျေးဇူးတော်များကို အလဟာသ မှိုမတက် စေနှင့် ဟု    ခယတောင်းပန်သည်။ ကောင်းသောမြေရှားသည်။ ထို့ကြောင့် သီးနှံ ဖြစ်ထွန်း၍ လူအများ မှီဝဲနိုင် စေရန် နှုတ်ကပတ်တော် မျိုးစေ့ ကြဲခိုင်းသည်။

          :(ဟေရှာ ၄၉:၈) အား ကိုးကားခြင်း ဖြစ်သည်။ ကျမ်းပိုဒ်ကို လှန်လျောပြန်ကြည့်လျှင် ဘုရားသခင်၏ လူများက မေရှိယသခင် ကို ငြင်းပယ် ကြသော ကြောင့် အချေအတင် ဖြစ်ကြကြောင်းတွေ့ရမည်။ အခန်းငယ် (၇) ကိုကြည့်လျှင် လူမျိုးတော်က ငြင်းပယ်ကြသောကြောင့် ခရစ်တော် အသေခံ ကြောင်း တွေ့ရမည်။ အငယ်(၈)တွင်မူ ယေဟောဝါ ဘုရားရှင်သည် ယေရှု၏ ဆုတောင်းသံ ကို နားညောင်း၍ အကွယ်အကာ ပေးကြောင်း တွေ့ရမည်။

ကယ်တင်ရာ နေ့ရက်ရောက်သောအခါ သင်တို့ အား ငါကယ်မပြီ ဆိုသည်မှာ ခရစ်တော် ဘုရား ရှင်ပြန်ထမြောက်ရာနေ့ ကို ဆိုလိုသည်။ ကျေးဇူးပြုခြင်း ကို ခံယူရန် အချိန်ဆိုသည်မှာ ကိုယ်တော်ဘုရား သေခြင်းမှ ရှင်ပြန်ထမြောက်ခြင်း အချိန်အခါ ကို ဆိုလိုသည်။

ဤတရားဒေသနာသည် ကယ်တင်ခြင်း မရသူများ ထံသို့ ပေါလု၏ စကားဖြစ်သည်။ ကယ်တင်ခြင်း နေ့ရက်သည် ယနေ့ကာလ သင်ဖြစ်၏။ တနည်းအားဖြင့် ပရောဖက် ဟေရှာယကပြောခဲ့သော ကယ်တင်ရန်နေ့ရက်သည် ယနေ့ ဖြစ်သည်ဟု ဆိုသည်။ ထို့ကြောင့် ကယ်တင်ခြင်း ရရှိရန် ကယ်တင်ရှင် ခရစ်တော်အား ယုံကြည်ဖို့ တိုက်တွန်းခြင်း ဖြစ်သည်။

()အမှုတော်၌ ပေါလု၏ အမူအကျင့် (:၁၀)

          : ပေါလု၏ တရားဒေသနာဟောပြောခြင်းအတွေ့အကြုံသင်ခန်းစာများ တွေ့ရသည်။ တရားနာ ပရိသတ်သည် ကြားနာရသော တရားစကားမျှနှင့်မလုံလောက်။ ပုဂ္ဂိုလ်ခင်မှ တရားမင်ဆိုစကားအတိုင်း နားဖြင့် ကြားရသော ဒေသနာရှင်၏အသက်တာကို ပိုမိုသင်ခန်းစာယူတတ်ကြသည်။ သူတပါးမျက်စောင်းထိုး၊ လေစိမ်း တိုက်မည့်အပြုအမူ၊ အပြောအဆို တခုမှမလုပ်ရဟု ကောရိန္သုသားများအား တားမြစ်သည်။ ဤစကားသည် အယူမှားဆရာများ၏ အပုတ်ချခြင်းကို သွယ်ဝိုက်၍ ချေပခြင်းဖြစ်သည်။ အမှုတော်ဆောင်တိုင်းသည် ခရစ်တော်၏မူပိုင်များ ဖြစ်သည်။

: အပိုဒ်ငယ် ၄-၁၀တွင် ပေါလု၏အမှုတော် ဆောင်ရွက်ပုံတွေ့ရသည်။ ပေါလုသည် အမြင့်ဆုံးသော ဘုရားရှင်၏ အစေခံဖြစ်သည့်အတိုင်း ချမ်းမြေ့သော အသက်တာရှိသည်။ ထိုအကြောင်းကို Danneyက ဤသို့ ထောက်ခံထားသည်။

လေးနက်သော တရားဓမ္မများသည် ပေါလု၏ ပင်ကိုယ်အတွေးများကို ချိုးဖဲ့ဝင်ရောက်သည်။ လှည့်ပတ် စီးဆင်းသည်။ တခါတခါ အဆက်အစပ်မရှိ။ သို့သော် အားလုံးပြန်ခြုံကြည့်လျှင် အထစ်အငေါ့မရှိ။ အကွေ့အကောက်မရှိ။ ပြေပြစ်သည်။၂၉

အပိုဒ်ငယ် ၄နှင့်၅သည် ပေါလုခံစားရသော ခန္ဓာကိုယ် နာကျင်ခြင်းဖြစ်သည်။ နောက်ကျမ်းပိုဒ် (၂)ခုသည် ကျေးဇူးတော်ခံစားခြင်းအကြောင်းဖြစ်သည်။ (အပိုဒ်ငယ် ၈-၁၀)သည် အမှုတော်ထမ်းဆောင်ရာ၌ ကြုံတွေ့ရသော ဆန့်ကျင်ဘက် အဆင်မပြေမှုများဖြစ်သည်။

စိတ်ရှည်သည်းခံခြင်းဆိုသည်မှာ  ပုဂ္ဂိုလ်ရေးအရဖြစ်စေ၊ ဒေသန္တရအသင်းတော်၌ဖြစ်စေ ရင်ဆိုင်ကြုံတွေ့ ရသော အခက်အခဲပြဿနာများကို ရင်ဆိုင်ဖြေရှင်းသည့်နည်းလမ်းဖြစ်သည်။

ခဲယဉ်းကြပ်တည်းမှုဆိုသည်မှာ ခရစ်တော်၏နာမတော်ကြောင့် ခံစားရသည့် ညှဉ်းပန်းနှိပ်စက်ခြင်း ဖြစ်သည်။

အခက်အခဲဆိုသည်မှာ ပုဂ္ဂိုလ်ရေးခံစားချက်၊ အထူးသဖြင့် စားဝတ်နေရေး အကြပ်အတည်းဖြစ်သည်။

စိတ်အနှောက်အယှက်ဆိုသည်မှာ မကြာခဏကြုံတွေ့ရသော မလိုလားအပ်သည့် အမှုအရာများ ဖြစ်သည်။

: ပေါလုသည် အချက်များစွာ ရိုက်နှက်ခြင်းခံရဘူးသည်။ (တ ၁၆:၂၃)။ ထောင်ချခံရကြောင်းကို (၂ကော ၁၁:၂၃)တွင် ရေးထားသည်။ ဧဝံဂေလိတရားဟောပြောရာ၌ ရုန်းရင်းဆန်ခတ်ပြုခြင်း မကြာခဏ ကြုံတွေ့ရသည်။ တပါးအမျိုးသားများထံတွင် ဟောပြောရခြင်းထက် ယုဒများထံ ဟောကြားစဉ်တွင် ပိုမိုခံစား ခဲ့သည်။ ပေါလုသည် ကြိုးစားပမ်းစား တဲချုပ်လုပ်၍ အခြားတဘက်တွင်လည်း ဧဝံဂေလိတရားကို မလစ်ဟင်း အောင် ဟောပြောသည်။ မအိပ်မနေဆိုခြင်းမှာ အားလပ်သောအချိန်များသည် စာတန်ဝင်ရောက်သည့် အချိန်ကောင်းဖြစ်သောကြောင့် အချိန်အားမထားခြင်းဖြစ်သည်။ အစာရှောင်ခြင်းဆိုသည်မှာ စိတ်ပါဝင်စား လုပ်ဆောင်ခြင်းဖြစ်သည်။ သို့သော် ဤကျမ်းပိုဒ်တွင်မူ အစာရှောင်ခြင်းမဟုတ်။ စားစရာမရှိ၍ မွတ်သိပ်ခြင်း ဖြစ်သည်။

: ပေါလုသည် အမှုတော်ထမ်းဆောင်ရာတွင် သန့်ရှင်းစင်ကြယ်သည်။ ညစ်ညမ်းသည်ဟု စွပ်စွဲခံရ အောင် တရားမျှတမှု ကင်းမဲ့ခြင်းမရှိ။

ပညာသတိရှိရှိပြုလုပ်သည်။ ဖြစ်ကတတ်ဆန်းမလုပ်။ ဝိညာဉ်အသိနှင့်ယှဉ်၍ လုပ်သည်။ မှတ်သားနာယူ လောက်သော သင်ခန်းစာဖြစ်၏။

စိတ်ရှည်သည်းခံသည်။ ဤစကားကို ကောရိန္သုသားများက သဘောမတူကြ။ အဘယ့်ကြောင့်ဆိုသော် သူတို့အမှားများကို မကြာခဏထောက်ပြသည်။ အမှန်မှာ ပေါလု၏စေတနာဖြစ်သည်။ ကရုဏာဒေါသဖြစ်သည်။ အမုန်းခံ၍ ပဲ့ပြင်ခြင်းဖြစ်သည်။ ကိုယ်ကျိုးမငဲ့ဘဲ သူများကောင်းကျိုး ရှေးရှုခြင်းဖြစ်သည်။

ပေါလု၏ အမှုတော်သည် သန့်ရှင်းသောဝိညာဉ်တော်၏ တန်ခိုးဖြစ်သည်ဆိုသည်မှာ သံသယမရှိ။

ဖြူစင်သောမေတ္တာဆိုသည်မှာ ပေါလု၏စေတနာသည် သူတပါး၏အကျိုးဖြစ်ထွန်းရေးကိုသာ ဦးစား ပေးသည်။ မူယာမာယာမပါ မာန်မာနမရှိ။ စေတနာ သဒ္ဒါရက်ရောသည်။

: သွန်သင်သမျှသည် သမ္မာတရားချည်းသာ ဖြစ်သည်။ သမ္မာတရားကိုလည်း လေးစားကြည်ညို သည်။

ဘုရားသခင်၏ဘုန်းတန်ခိုးဖြင့် ဟောပြောခြင်းဖြစ်သည်။ ပင်ကိုယ်အရည်အချင်းနှင့် ဘုရားရှင်၏ တန်ခိုးမရောနှော။ ဘုရားသခင်၏ ဘုန်းတန်ခိုးကို မှီတည်သည်။ အချို့က ဤစကားသည် ဘုရားသခင်ပေးသော အံ့ဖွယ်နိမိတ်လက္ခဏာ ပြသနိုင်ခြင်း တန်ခိုးဖြစ်သည်ဟုဆိုသည်။

ဖြောင့်မတ်သော အကျင့်တည်းဟူသော လက်နက်ဆိုသည်မှာ (ဧ ၆:၁၄-၁၈)ပါ မယိုင်မလဲ ဖြောင့်မှန် သည့် ကိုယ်ကျင့်တရားဖြစ်သည်။ ဖြောင့်မတ်ခြင်းဝတ်လုံ ဝတ်ဆင်သူသည် ပြစ်မှားစော်ကားခြင်း မခံရဟူသော စကားလည်းရှိဘူးသည်။ အကယ်၍ အသိအာရုံသည် ဘုရားဘက်သို့လှည့်လျှင် စာတန်၏ပစ်ကွင်းကျဉ်းသွား ပါသည်။

ဖြောင့်မတ်သော အကျင့်တည်းဟူသော လက်နက်များကို လက်ယာဘက်နှင့်လက်ဝဲဘက်၌ ဝတ်ဆင်ခြင်း ဟူသော ကျမ်းပိုဒ်၏အနက်ကို အတိအကျပြန်ဆိုရန် ခက်ခဲပါသည်။ ရှေးခေတ်များ၌မူ စီးချင်းထိုးရာတွင် ညာဖက်တွင် ဓါးကိုင်၍၊ ဘယ်လက်တွင် ဒိုင်းလွှားကိုင်ရသည်။ ဓါးသည် တိုက်စစ်ဖြစ်၍ ဒိုင်းလွှားသည် ခုခံရန် ဖြစ်သည်။ ထိုကဲ့သို့ပင် ခရစ်ယာန်များ၏ အသက်တာသည် ထိုးစစ်နှင့် ခံစစ်နှစ်ခုစလုံးအတွက် အကြုံးဝင်သည်ဟု ဆိုလိုဟန်ရှိသည်။

: အငယ် ၈-၁၀သည် အမှုတော်ဆောင်ရာ၌ ကြုံတွေ့ရသော ဝိရောဓိ တရားဖြစ်သည်။ တပည့်တော် မှန်လျှင် အမှုတော်ဆောင်ရာ၌ တောင်ထိပ်တက်ရသကဲ့သို့ ချိုင့်ဝှမ်းကိုလည်း ဖြတ်ရသည်။ ချီးမွမ်းကြသကဲ့သို့ ကဲ့ရဲ့ခြင်းလည်း ခံရသည်။ သတင်းကောင်းရှိသကဲ့သို့ ကောလဟာလလည်း အပြောခံရသည်။ အချို့က အားပေးသကဲ့သို့ အချို့ကရှုတ်ချသည်။ လူလိမ်လူညာဟု စွပ်စွဲခြင်းခံရသော် စင်စစ်တွင် အမြင့်ဆုံးသော ဘုရားရှင်၏ အစေခံစစ်မှန်သောသူဖြစ်သည်။

: လောကသားများက မသိကြ၊ မထင်ရှား၊ နားမလည်ကြသော်လည်း ဘုရားသခင်နှင့် ယုံကြည်သူ များ၃၀က ကောင်းစွာသိရှိနားလည်ကြသည်။

အသက်တာသည် လူသေကဲ့သို့ ဖြစ်သော်လည်း အသက်ရှင်နေသည်။ ကြောက်ရွံ့တုန်လှုပ်ဖွယ်ရာ မောင်းထုတ်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အကျဉ်းချခြင်း ခံနေရသော်လည်း ဧဝံဂေလိသတင်းကောင်းဟော ပြောရန်မူ စိတ်အားထက်သန်နေဆဲ။ ထိုအချက်ကို အပြစ်ဒဏ်ပေးခံရသော်လည်း မသေဟု ဆိုခြင်းဖြစ်သည်။ ကိုယ်ထိလက်ရောက် ရိုက်နှက်ပုတ်ခတ်ခြင်း အကြိမ်ပေါင်းများစွာ ခံခဲ့သည်။ တခါတရံ သေလုမျှောပါး၊ သေဇောငင်အောင် ရိုက်နှက်ကြသည်။ ထိုသတင်းစကားများက ပန်းသတင်းလေညှင်းဆောင်ခဲ့သည်။

:၁၀ ဝမ်းနည်းခြင်းနှင့် ကြုံတွေ့သည့်အခါတိုင်းတွင်လည်း ပျော်ရွှင်နိုင်သည်။ ဧဝံဂေလိသတင်းကောင်း တွင် ဝမ်းနည်းခြင်းဝေါဟာရမရှိပါ။ လျှပ်တပတ်ဖြတ်သန်းခြင်းသာ ရှိကောင်းရှိမည်။ ယေရှုအကြောင်း၊ ကတိတော်အကြောင်းစဉ်းစားလျှင် ပျော်ရွှင်ချမ်းမြေ့ခြင်းသာ ခံစားရသည်။

လောကစည်းစိမ်ဖြင့် တိုင်းတာလျှင် ပေါလုသည်ကြပ်တည်းသည်။              သူ့ပိုင်ဆိုင်မှုရှာမတွေ့။ သို့သော် လည်း အမှုတော်ထမ်းဆောင်ရာ၌ ကြွယ်ဝချမ်းသာသည်ဟု ဆိုသည်။ ပိုင်ဆိုင်မှုတခုမှ မတွေ့ရသော်လည်း အရာခပ်သိမ်းကို တတ်စွမ်းနိုင်သည်။ ဤစကားနှင့်ပတ်သတ်၍ A.T.Piersonက “ပေါလု၏အတွေးပုံရိပ်များ သည် တိမ်သလ္လာအပေါ်တွင် လင်းလက်သော အလင်းတန်းဖြစ်သည်၃၀ဟု ဆိုသည်။

() ပေါလုအတွက် အခွင့်အရေး (:၁၁၁၃)

          :၁၁ ပေါလုက သူ့စိတ်နှလုံးတံခါးကို ကောရိန္သုသားများအတွက် ဖွင့်ထားကြောင်း ရှင်းပြသည်။ ကောရိ န္သုသားများအပေါ်တွင် ထားရှိသောချစ်ခြင်းမေတ္တာကို ပွင့်လင်းစွာ ပြောပြသည်။ ရင်ထဲရှိစကားများ ထိန်ချန်ခြင်း မရှိ၊ အကုန်အစင် ထုတ်ဖော်ပြသသည်။ ငါတို့၏စိတ်နှလုံးကို သင်တို့အဖို့ကျယ်စွာဖွင့်ထားပြီဟု ဆိုခြင်းမှာ ချစ်ခြင်းမေတ္တာရှေ့ထား၍ ကောရိန္သုသားများအား လက်ခံကြိုဆိုဖို့ အသင့်ရှိသည်ဟု ဆိုလိုသည်။

ထိုအကြောင်းကို Tozerက “ပေါလုသည် လူနှင့်မထိုက်တန်အောင် စိတ်သဘောထားကြီးသူဖြစ်သည်။ တခါတခါတပည့်သားမြေးများ၏ အမြင်ကျဉ်းမြောင်းမှုကြောင့် မကြာခဏ စိတ်အနှောင့်အယှက်ဖြစ်သည်။ ဝိညာဉ်ရေးရာ အဆင်မချောမှုတို့က သူ့စိတ်နှလုံးကို ဒဏ်ရာဒဏ်ချက်များစွာ ရစေသည်၃၂ဟု ဆိုထားသည်။

:၁၂ ပေါလုနှင့်ကောရိန္သုသားများအကြား ဆက်ဆံရေး အဖုအထစ်ရှိခြင်းမှာ ပေါလုတို့အဖွဲ့ကြောင့် မဟုတ်။ ကောရိန္သုသားများကြောင့်ဖြစ်သည်။ ပေါလုအပေါ်ထားရှိသည့်မေတ္တာသည် အကန့်အသတ်ရှိနေသည်။ ထို့ကြောင့် အမှန်တကယ် လက်ခံသည်ကို အတိအကျမပြောနိုင်။ ပေါလုဖက်ကမူ အကန့်အသတ်မရှိ။ မေတ္တာ ထားသည်။ ကောရိန္သုသားများ၏ ဆက်ဆံရေးကျခြင်းသာ ဖြစ်သည်။

:၁၃ အကယ်၍ ပေါလုတို့အဖွဲ့ကို ယုံကြည်သည်ဆိုလျှင် စိတ်နှလုံး ကျယ်ပြန့်စွာဖွင့်၍ ဆက်ဆံသင့် သည်။ ပေါလုကို ဖခင်သဖွယ် သဘောထားသင့်သည်။ ယုံကြည်ခြင်း ဖခင်အဖြစ် သဘောထားရသည်။ ထိုသို့ လက်ခံနိုင်ကြရန် ဘုရားသခင်တတ်စွမ်းနိုင်သည်။ (အငယ် ၁၁-၁၃)ကို Mottatt ကဖွဲ့ဆိုထားပါသည်။

ကောရိန္သုသားများထံမှ လိုချင်သောအရာတခုမှ မရှိပါ။ ငါ့နှလုံးသားတံခါးကို အကုန်ဖွင့်ထားပါသည်။ တံခါးစေ့ထားသည်မှာ သင်တို့သာဖြစ်သည်။ ငါ့အတွက် တံခါးဖွင့်ပေးဦး။ အပြန်အလှန် တံခါးမရှိ၊ ဓါးမရှိ၊ ရင်းနှီး စွာ ကူးလူးဆက်ဆံကြပါစို့။

() မယုံကြည်သူများအတွက် ပေါလု (:၁၄:)

          :၁၄ အငယ် ၁၃တွင် ကောရိန္သုသားများအား ပေါလုကို တံခါးကျယ်ကျယ်ဖွင့်ပေးဖို့ တိုက်တွန်းခဲ့သည်။ ယခု မစင်ကြယ်သောအပြစ်များနှင့် ကင်းရှင်းစွာနေထိုင်ဖို့ သွန်သင်ထားသည်။ အဘယ်ကြောင့်ဆိုသော် ထိုကာ လတွင် အယူမှားဆရာများ နောက်ဖေးပေါက်မှ အတင်းတိုးဝင်နေကြသည်။

မညီသော ထမ်းပိုးမတပ်ဆင်ဖို့(တရား ၂:၁၀)တွင် “နွားနှင့်မြည်းကိုဖက်၍ လယ်မထွန်ရ”ဟု တားမြစ်ထားသည်။ နွားသည် စင်ကြယ်သော သတ္တဝါဖြစ်၍ မြည်းသည် မစင်ကြယ်သော သတ္တဝါဖြစ်သည်။ ခြေလှမ်းခြင်းလည်း မတူပါ။ ထိုကဲ့သို့ပင် ခရစ်တော်၏ထမ်းပိုးနှင့် စာတန်၏ထမ်းပိုးသည်လည်း ခြားနားသည်။ သခင်ယေရှုက “ငါ့ထမ်းပိုးသည် ပေါ့၍ထမ်းလွယ်၏” (မ ၁၁:၂၉-၃၀)ဟု ဆိုထားသည်။

မယုံကြည်သူများ အမှောင်လောက၊ ရုပ်တုဆင်းတု၊ မတရားဆိုးညစ်ခြင်း၌ ကျင်လည်နေသော မယုံ ကြည်သူများနှင့် ကင်ကင်းရှင်းရှင်းနေရန် ဆုံးမထားသည့် ကျမ်းပိုဒ်သော့ချက်ဖြစ်သည်။

အဓိကဆိုလိုရင်းမှာ အိမ်ထောင်ဘက်ရွေးချယ်ခြင်းဖြစ်သည်။ ခရစ်ယာန်မှန်လျှင် ကယ်ခြင်းမရရှိသူနှင့် အိမ်ထောင်မပြုရ။ အကယ်၍ ထိုသူနှင့်အိမ်ထောင်ပြုပြီဆိုလျှင်လည်း ဤကျမ်းပိုဒ်က မကွာရှင်းခိုင်းပါ။ ယုံကြည် သူ၏အိမ်ထောင်ရေးကိုသာယာစေချင်သည်။ ကယ်တင်ခြင်းမရသူနှင့်အိမ်ထောင်ပြုခဲ့လျှင် အကောင်းမြင်ဝါဒ ထား၍ ကယ်တင်ခြင်းလမ်းကြောင်းပေါ်သို့ ပို့ဆောင်ပေးရန် တာဝန်ရှိသည်။ (၂ကော ၇:၁၂-၁၆)

ယုံကြည်သူခရစ်ယာန်သည် မယုံကြည်သူနှင့်လက်မတွဲရပါ။ ယုံကြည်ခြင်းသည် တမျိုးတမည် ဖြစ်နေလျှင် သခင်ယေရှုကို လက်ခံကြိုဆိုနိုင်မည်မဟုတ်။ လူမှုဆက်ဆံရေးကိုလည်း တောက်လျှောက်ထိပါး နိုင်သည်။ အကယ်၍ ဆက်ဆံလျှင် ထိုသူများ၏လောက သာယာခြင်းထဲသို့ လိုက်ပါမသွားဘဲ၊ မိမိကသူတို့ဝိညာဉ် ဖမ်းဆီးရသည်။ မိမိအပြုအမူအသည် ထိုသူများနှင့် ထူးမခြားနားမဖြစ်ရ။ သစ္စာရှိသော ယုံကြည်သူများအသင်း တော်တွင် မယုံကြည်သူများအား အသင်းဝင်အဖြစ် လက်ခံရိုးထုံးစံမရှိ။

အပိုဒ်ငယ် ၁၄-၁၆တွင် အရေးကြီးသော ဆက်ဆံရေးအကြောင်းများ သွန်သင်ထားသည်။

ဖြောင့်မတ်ခြင်းနှင့် မင်းမဲ့စရိုက်သည် မိမိပတ်ဝန်းကျင် အကျင့်စာရိတ္တနှင့် သက်ဆိုင်သည်။

အလင်းနှင့်အမှောင်သည် ဘုရားသခင်၏လက်ရာများအား ခွဲခြားသိမြင်နိုင်ရန်ဖြစ်သည်။

ခရစ်တော်နှင့် ဗေလျာလသည် အခွင့်အာဏာ နယ်ပယ်အသီးသီးရှိကြသည်။ တနည်းအားဖြင့် သူ့အသက်သခင်ကို သိကြသည်။

ယုံကြည်သူသော်၎င်း၊ မယုံကြည်သူသော်၎င်း၊ မိမိတို့၌ ယုံကြည်ခြင်းကိုယ်စီ ရှိကြသည်။

ဘုရားသခင်၏ဗိမာန်တော်နှင့် ရုပ်တုဆင်းတုသည် လူ၏ကိုးကွယ်ရာ အသီးသီးဖြစ်ကြသည်။

ဖြောင့်မတ်ခြင်းနှင့် မင်းမဲ့စရိုက်နှစ်ခုစလုံး ကျင့်သုံးသူမရှိ။ အကျင့်လက္ခဏာ ဆန့်ကျင်ဘက်ဖြစ်ကြ သည်။ အလင်းသည် အမှောင်နှင့် အတူတူမရှိနိုင်။ အလင်းရောက်လာလျှင် အမှောင်ပျောက်ကွယ်စမြဲ။ တချိန် တည်းတွင် အတူတူမဖြစ်ထွန်းနိုင်ကြပါ။

:၁၅ ဗေလျာလဆိုသည်မှာ ဆင်းရဲခြင်း၊ ဆိုးညစ်ခြင်းဖြစ်သည်။ စာတန်၏နာမည်တခုဖြစ်သည်။ စာတန်နှင့် ခရစ်တော်အကြားတွင် ငြိမ်းချမ်းရေးရရှိနိုင်ပါမည်လား။ လုံးဝမရှိနိုင်ပါ။ ယုံကြည်သူနှင့် မယုံကြည် သူများသည်လည်း ထိုသူများ၏နောက်လိုက် အသီးသီးဖြစ်ကြသောကြောင့် ငြိမ်းချမ်းရေး မရနိုင်ပါ။ ငြိမ်းချမ်း ရေးရအောင် ကြိုးပမ်းလျှင် ခရစ်တော်အားဆန့်ကျင်ရာရောက်ပါသည်။

:၁၆ ဘုရားသခင်၏ဗိမာန်တော်တွင် ရုပ်တုဆင်းတုများ နေရာမရှိပါ။ ထို့ကြောင့် ဘုရားသခင်၏ ဗိမာန်တော်ထဲတွင် မှီတင်းနေထိုသော ယုံကြည်သူသည် ရုပ်တုဆင်းတုထံသို့ ကူးချီသန်းချီ သွားစရာအကြောင်း မရှိ။ ဤနေရာတွင် ရုပ်တုဆင်းတုဆိုသည်မှာ လူလက်ဖြင့်လုပ်သော အရာများကိုသာ ဆိုလိုသည်မဟုတ်။ လူနှင့် ဘုရားအကြားတွင် ခုခံသောအရာများ ပါဝင်သည်။ ငွေကြေးဓန၊ သာယာခြင်း၊ ဂုဏ်ပကာသနနှင့် ရုပ်ဝတ္ထုပစ္စည်း များလည်း ဖြစ်နိုင်သည်။

ယုံကြည်သူများသည် ဘုရားသခင်၏ဗိမာန်တော်ဖြစ်သည်ဟူသော ကျမ်းစကားမှာ (ထွ ၂၉:၄၅၊ ဝတ်၂၆:၁၂၊ ယေဇ ၃၇:၂၇)က ကိုးကားခြင်းဖြစ်သည်။ ထိုအကြောင်းကို Denneyကဤသို့ ဆိုသည်။

ယုဒများက ဘုရားသခင်၏အိမ်တော်ကို အလေးမြတ်ထား ကြည်ညိုသကဲ့သို့ ယုံကြည်သူများကိုလည်း မိမိခန္ဓာကိုယ်အား အလေးအနက်တန်ဖိုးထားစေချင်သည်။ လောကီအမှုရေးရာများနှင့် ကင်းဝေး၍ စင်ကြယ်စွာ ရှိစေချင်သည်။

:၁၇ ထို့ကြောင့် ဤသို့ စိမ်ခေါ်ခြင်း ဖြစ်သည်။ ဘုရားသခင်က သူ့လူမျိုးတော်အား အကျင့်ဆိုးများနှင့် မပတ်သတ်ဘဲ ကင်းရှင်းစွာနေထိုင်ဖို့ ညွှန်ကြားသည်(ဟေရှာ ၅၂:၁၁)ကို ပြန်လည်ကိုးကားသည်။ ခရစ်ယာန် များသည် ထိုအကျင့်ဆိုးများနှင့်မရောနှောရ။ သီးသန့်နေရသည်။ မစင်ကြယ်သောအရာဆိုသည်မှာ ယေဘုယျ အားဖြင့် လောကီရေးရာဖြစ်သည်။ ထို့ထက် ကျယ်ကျယ်ပြန့်ပြန့် စဉ်းစားလျှင် မကောင်းသောအမှုအရာ၊ ကုန်ကူး ခြင်း၊ လူမှု​ရေးနှင့် ဘာသာရေးနယ်ပယ်များ ပါဝင်သည်။

ဤကျမ်းပိုဒ်၏ဆိုလိုချက်သည် အခြားယုံကြည်သူများနှင့် ကင်းဝေးရန် ဆိုလိုခြင်းမဟုတ်။ မယုံကြည်သူ များအား ဝိညာဉ်တော်နှင့်စည်းရုံး၍ ငြိမ်သက်ခြင်း တည်ဆောက်ပေးရသည်။

:၁၈ နေ့ရက်စဉ်ဆက် နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ရန် မလွယ်ကူပါ။ အပိုဒ်ငယ် (၁၇)တွင် “သင်တို့ကို ငါလက်ခံမည်”ဟု ဆိုခဲ့သည်။ ယခုဤကျမ်းပိုဒ်တွင် “ငါသည် သင်တို့၏အဘဖြစ်မည်။ သင်တို့သည် လည်း ငါ၏သားသမီးများဖြစ်မည်“ဟု ဆိုထားပြန်သည်။ ခရစ်တော်နှင့်အတူ ရှိသူများက ဘုရားသခင်ကို အဘဟု ခေါ်ဆိုခွင့်ရှိသည်။ သို့သော် နှုတ်ကပတ်တော် နားထောင်ရုံမျှဖြင့် ဘုရားသခင်၏သားသမီးဖြစ်ရသည် မဟုတ်။ ဘုရားသခင်၏စကားတော်ဖြင့် သားသမီးဖြစ်ခွင့်ရခြင်း ဖြစ်သည်။

“ဘုရားသခင်၏ သားသမီးဖြစ်ခွင့်ရသော​ ကောင်းကြီးမင်္ဂလာသည် ဘုရားသခင်ကိုယ်တိုင်နှင့် ဆက်ဆံ ရခြင်းထက်လုံးဝမလျှော့” (သီးသန့်ရှင်းပြချက်)

ယနေ့ကာလတွင် ဧဝံဂေလိခရစ်ယာန်များနှင့် ရှေးရိုးဝါဒီများအကြားတွင် သဘောမတူညီမှု များစွာ ရှိသည်။ “မည်သို့လုပ်ရမည်နည်း”ဟု ဘုရားသခင်ကို မေးလျှောက်ကြသည်။ ဘုရားသခင်၏အဖြေစကားသည် ရှင်းလင်းပါသည်။ “​လောကသားများကို ကယ်တင်ဖို့ စေလွှတ်ထားသော တပါးတည်းသောသားတော် ခရစ်တော် ကို အသိအမှတ်မပြုနိုင်ကြဘူးလား”ဟု ဆိုပါသည်။ အပြင်ပန်းလက္ခဏာများအတွက် အဘယ်ကြောင့် မပြေမလည် အငြင်းပွားနေကြသနည်း။

Previous Article
Next Article