တမန်တော်ဝတ္ထု ၂

() ပင်တေကုတ္တေနေ့နှင့် အသင်းတော်မွေးဖွားခြင်း (:၄၇)

:  သခင်ခရစ်တော် ရှင်ပြန်ထမြောက်ပြီး ရက်ပေါင်း (၅၀) နေ့ရက်သည် ပင်တေကုတ္တေနေ့ ပွဲတော်ရက် ဖြစ်သည်။ ထိုနေ့ရက်သည် ရှင်ပြန်ထမြောက်ခြင်း၏ အသီးအပွင့်၊ သန့်ရှင်းသောဝိညာဉ်တော် အထူးဆင်းသက်ရာ နေ့ကြီး ဖြစ်သည်။ ထိုနေ့တွင် တပည့်တော်များသည် စုဝေးဝတ်ပြုကြသည်။ ပင်တေကုတ္တေနေ့တွင် တစ်မျိုးပြောင်းလဲကြခြင်းသည် ဓမ္မဟောင်းကျမ်းချက်များအတိုင်း ဖြစ်နေသည် (ဝတ် ၂၃:၂၅-၂၆ ကို ကြည့်ပါ)။ (ဆာလံ ၁၃၃) “ဘုရားသခင်၏ လူစုတော်သည် စိတ်သဘောတညီတညွတ်ရှိလျက် နေထိုင်ကြသည်မှာ အလွန်ကောင်းမွန်၍ တင့်တယ်လှပါသည်တကား” ဟူသောသီချင်းကို ဆိုကောင်း ဆိုကြမည်။

:  သန့်ရှင်းသောဝိညာဉ်တော် ရောက်လာသောအခါ ကြီးမားသော အသံကြား၍ မျက်ဝါးထင်ထင်နှင့် ကိုယ်တိုင် ကြုံတွေ့ကြသည်။ ထိုအခါ လေပြင်းမုန်းတိုင်း တိုက်ခတ်သံနှင့်တူသော အသံသည် အထက်ကောင်းကင်မှ ရုတ်တရက်ပေါ်လာ၏။ လေပြင်းမုန်တိုင်းသည် သန့်ရှင်းသောဝိညာဉ်တော်၏ လက္ခဏာတစ်ပါး၊ (ဆီ၊ မီး၊ ရေထဲသို့) ဖြစ်သည်။ ဝိညာဉ်တော်၏ လှုပ်ရှားမှုသဘောဖြစ်သည်။

:  မီးလျှာကဲ့သို့သော အရာသည် ရှည်ထွက်လျက်။ တပည့်တော်များထဲသို့ စီးဝင်သည်။ သို့သော် မီးမဟုတ်။ မီးကဲ့သို့အသွင်ပုံစံရှိသည်။

ထိုအဖြစ်ပျက်သည် မီးဖြင့်နှစ်ခြင်းမင်္ဂလာခံခြင်းနှင့် မဆိုင်ပါ။ သန့်ရှင်းသောဝိညာဉ်တော်ဖြင့် နှစ်ခြင်းမင်္ဂလာခံခြင်းနှင့် မီးဖြင့်နှစ်ခြင်းမင်္ဂလာခံယူခြင်း (မ ၃:၁၁-၁၂၊ လု ၃:၁၆-၁၇) သည် အခြေအနေ၊ အဖြစ်အပျက်မတူညီပါ။ ပထမအရာမှာ ကောင်းကြီးမင်္ဂလာ၌ နှစ်ခြင်းမင်္ဂလာခံခြင်း၊ ဒုတိယသည် အပြစ်စီရင်ခြင်းဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည်သူများအတွက်ဖြစ်၍၊ မီးသည် မယုံကြည်သူများအတွက် ဖြစ်သည်။ ပထမအချက် ပြည့်စုံစေရန် အသင်းတော်၌ တန်ခိုးပေးထားသည်။ ဒုတိယအချက်အနေဖြင့် မယုံကြည်သူများ ဖျက်ဆီးခြင်းခံရမည်။

ဗတ္တိဇံယောဟန်က လူအုပ်ကြီး ရေ၌နှစ်ခြင်းမင်္ဂလာခံယူရန် ဟောကြားပြီး ခရစ်တော်က သန့်ရှင်းသောဝိညာဉ်တော်၌နှစ်ခြင်းမင်္ဂလာခံယူရန် သွန်သင်သည် (မ ၃:၁)။ နောင်တရရှိသူများအား(မာ ၁:၅) သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာခံယူကြမည့်အကြောင်း (မာ ၁:၈) ဟောကြားသည်။

:၃  တွင် ယင်းမီးလျှာတို့သည် အဖြာဖြာကွဲကာ ထိုသူတို့အသီးသီးအပေါ်တွင် တည်နေ၏ ဟုဆိုသည်။ တပည့်တော်များ ဘာသာစကား အမျိုးမျိုးချက်ချင်း ပြောတက်သွားကြသည်။ ထိုမီးနှင့်တူသောလျှာ ဆိုသည်မှာ သန့်ရှင်းသောဝိညာဉ်တော် တန်းခိုးဖြစ်၍ ရဲရင့်ခြင်း၊ တောက်လောင်ခြင်း၊ ဆန္ဒပြင်းပြခြင်းရှိစေသဖြင့် နှုတ်ကပတ်ဟော ကြားဝံ့သည်တွန်းအားဖြစ်သည်။

စိတ်အားထက်သန်ခြင်းသည် ဝိညာဉ်တော်အသက်တာ၏ ပဓာနအချက်ဖြစ်၍ သက်သေခံခြင်းသည် အပြင်သို့ ထုတ်ဖေါ်ပြသခြင်းဖြစ်သည်။

:  ပင်တေကုတ္တေနေ့တွင် ပေါ်ထွန်းသော အံ့ဖွယ်နိမိတ်လက္ခဏာမှာ သန့်ရှင်းသော ဝိညာဉ်တော်ပြည့်ဝကြ၍ အခြားသောဘာသာစကားများဖြင့် ချက်ချင်းပြောဆိုကြသည်။

ထိုအချိန်မှစ၍ တပည့်တော်များသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝကြသည်။ သူတို့အထဲ၌ ဝိညာဉ်တော်ကျိန်းဝပ်သည်(ယော ၁၄:၁၇)။ ထိုအံ့ဖွယ်နိမိတ်လက္ခဏာသည် သန့်ရှင်းသောဝိညာဉ်တော် သက်တော်စဉ် တဆစ်ချိုးကွေ့ဖြစ်သည်။ ဓမ္မဟောင်းကာလတွင် ဝိညာဉ်တော် ထင်ရှားခဲ့သော်လည်း ထိုသူများအထဲ၌ ကိန်းဝပ်ခြင်းမရှိခဲ့၊ (ဆာ ၅၁:၁၁)။                    ပင်တေကုတ္တေနေ့မှစ၍ လူများထဲတွင် စတင်ကျိန်းဝပ်ခဲ့သည် (ယော ၁၄:၁၆)။

ပင်တေကုတ္တေနေ့တွင် ယုံကြည်သူများသည် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ပြည့်ဝကြသည် သာမက ကိန်းဝပ်သည်။ ဘုရားသခင်၏ ဝိညာဉ်တော်နှင့်ပြည်ဝသူသည် ကယ်တင်ခြင်းရရှိသည်။ သန့်ရှင်းသော ဝိညာဉ်တော်နှင့် ပြည့်ဝလျှင် နှုတ်ကပတ်တော်၌ မွေ့လျော်သည်။ ဆုတောင်းခြင်း၊ အာရုံပြုခြင်း၊ နာခံခြင်းဖြင့် ရှင်သန်သည်။ သန့်ရှင်းသောဝိညာဉ်တော်နှင့် ပြည့်ဝကြစေ​လော့” (ဧ ၅:၁၈)ဟု ဆိုထားသည့်အတိုင်း အခြားသူများကို ဝေငှတိုက်တွန်းသည်။

ပင်တေကုတ္တေနေ့၌ သန့်ရှင်းသောဝိညာဉ်တော် ရောက်လာခြင်းက ယုံကြည်သူများအား အသင်းတော်၊ ခရစ်တော်၏ ခန္ဓာကိုယ်ပေါ်ထွန်းစေပါသည်။

ဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာခံယူခြင်းဖြင့် ယုဒဖြစ်စေ၊ ဂရိဖြစ်စေ၊ ကျွန်ဖြစ်စေ၊ လူလွတ်ဖြစ်စေ၊ ဝိညာဉ်တော်၌ တသွေးတသားတည်း ဖြစ်ကြသည်။ (၁ကော ၁၂: ၁၃ )။ ယုံကြည်သူဖြစ်လျှင် ယုဒလူနှင့် တပါးအမျိုးသားသည်လည်း ယေရှုခရစ်တော်၌ ခရစ်တော်၏ ခန္ဓာကိုယ်အစိတ်အပိုင်းဝင် ဖြစ်သွားကြသည်၊( ဧ ၂: ၁၁-၁၂)

တပည့်တော်များသည် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝကြသောအခါ ဝိညာဉ်တော် ပေးအပ်သည့် တန်ခိုးစွမ်းရည်အတိုင်း ဘာသာစကား အမျိုးမျိုးဖြင့် ဟောပြောကြသည်။ တစ်ခါမှ မကြားမပြောဖူးသော နိုင်ငံရပ်ခြား ဘာသာစကားများဖြင့် တရားဟောနိုင်သည်။ လက်ဟန်ခြေဟန်ဖြင့်ပင် တရားဟောနိုင်သည်။ လက်ဟန်ခြေဟန်ဖြင့် သာမန်ကာလျှံကာ ပြောဆိုကြခြင်းမဟုတ်။ ဘာသာစကားအမျိုးမျိုးပြောတတ်သော ဝိညာဉ်ဆုကျေးဇူးသည် ဘုရားသခင်အား သက်သောခံရာ၌ အံ့ဖွယ်နိမိတ် လက္ခဏာတစ်ပါးဖြစ်သည်။  ( ဟေဗြဲ  ၂း၃-၄ ) ထိုကာလတွင် ဓမ္မသစ်ကျမ်း မပေါ်ထွန်းသေးပါ။ ထို့နောက်ပိုင်းမှသာ နှုတ်ကပတ်တော်များကို ဘာသာစကားအမျိုးမျိုးဖြင့် ပေအက္ခရာပေါ် တင်နိုင်ခြင်းဖြစ်သည်။

ပင်တေကုတ္တေနေ့တွင် ရရှိသောဘာသာစကား အမျိုးမျိုးသည် ဝိညာဉ်တော်ဆုကျေးဇူးများမဟုတ်ဟု မဆိုပါ။ ဝိညာဉ်တော်အမှုမဟုတ်လျှင် အောက်ပါအချက်များ စဉ်းစားစရာ ဖြစ်လာမည်။

၁။ လူသုံးထောင်ပြောင်းလဲခြင်း (တ ၂: ၄၁)

၂။ လူငါးထောင်ပြောင်းလဲခြင်း (တ ၄:၄)

၃။ ရှမာရိများက သန့်ရှင်းသောဝိညာဉ်တော်လက်ခံခြင်း (၈ :၁၇)။

အချို့က စဉ်ဆက်မပြတ်ရှိနေသည်ဟု ခံယူကြသည်။

၁။ ပင်တေကုတ္တေနေ့၊ တစ်နေရာတည်းတွင်ဖြစ်သည်။ ခရစ်တော်၏ ခန္ဓာကိုယ်သည် ထိုနေရာတွင်ပုံပေါ်သည်။ ယုံကြည်သူများသည် ကောင်းသော နှစ်ခြင်း မင်္ဂလာခံယူကြသည်။

၂။  ၃ နေရာ ၄ နေရာတွင် အဆင့်ဆင့်ဖြစ်သည်။ ပင်တေကုတ္တေနေ့ (အခန်း ၂)ရှမာရိများ(အခန်း၈)၊ ကောနေလိယအိမ် (အခန်း ၁၀)၊ ဧဖက်မြို့ အခန်း(၁၉)။

၃။ အချိန်တိုင်းမှာလူတိုင်းအားကယ်တင်နိုင်သည်။

ဝိညာဉ်တော် ပြည့်ဝသူများသည် အသက်တာ ပြောင်းလဲကြသောကြောင့် စင်ကြယ်သောအသက်တာ ရရှိကြသည်။ ကျေးဇူးတော်၏ အမှုတော်ကိုလည်း လုပ်ဆောင်ကြရသည်။ သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာခံယူများသည်-

၁။ အသင်းတော်၌ပါဝင်ကြသည်။

(၁ကော ၁၂: ၁၃)။

၂။ တန်ခိုးပြည့်ဝကြသည်။(တ ၁:၈)။

:၁၃  ကမ္ဘာအရပ်ရပ်ရှိ ဘာသာရေးကိုင်းရှိုင်းသော ယုဒများသည် ထိုပင်တေကုတ္တေနေ့ ပွဲတော်ဆင်နွဲကြရန် ယေရုရှလင်မြို့သို့စုရုံးရောက်လာကြသည်။ ထိုသတင်း သိကြသောအခါ ကောလဟာလ ထင်မှတ်ကြသဖြင့် အဖြေမှန်သိရန်တပည့်တော်များရှိရာသို့ စုရုံးလာကြသည်။ ကိုယ်တွေ့မျက်မြင် နဖူးတွေ့ဒူးတွေ့ ကြုံတွေ့ကြ၍ ဘုရားသခင်၏ဝိညာဉ်တော်အမှုကို အံ့အားသင့်ကြသည်။

ပရိသတ်အုပ်ကြီး ရောက်ရှိလာသောအခါ တပည့်တော်များသည် နိုင်ငံရပ်ခြားဘာသာစကား များဖြင့် တရားဟောစပြုနေကြသည်။ ထိုဂါလိလဲသားများသည် တစ်ခါမှ သင်ယူခြင်းမရှိဘဲ ဘာသာရပ်ခြား စကားဖြင့် ပိုင်ပိုင်နိုင်နိုင် တရားဟောကြသောအခါ ပင်လယ်ရပ်ခြားမှရောက်လာသူများသည် မျက်လုံးပြူးကြသည်။ တခြားသောဘာသာ စကားများသည် စိတ်နှလုံးထဲမှသိရှိ၌ ပြောဆိုကြခြင်းမဟုတ်။ သူတို့နှုတ်ပါးစပ်ကို ဝိညာဉ်တော်က ပြင်ဆင်ပေးခြင်းဖြစ်သည်။ တရားနာပရိသတ်များသည် မွေးရာပါ ယုဒသို့မဟုတ် ယုဒဘာသာမှ ပြောင်းလဲလာသူ အရပ်လေးမျက်နှာ မှရောက်ရှိသူများဖြစ်သည်။ တရားဟောသော ဘာသာစကားသည် ရပ်ဝေးမြေခြားဘာသာစကား ဖြစ်သွားသောအခါ အံ့ဘနန်းဖြစ်ကြသည်။

ပင်ကေတုတ္တေနေ့တွင် ပေးသော ဘာသာစကားအမျိုးမျိုး ပြောတတ်ခြင်း ဝိညာဉ်ဆုကျေးဇူးသည် လူတိုင်းအား ဧဝံဂေလိသတင်းကြားသိရန် ဝိညာဉ်တော် လုပ်ဆောင်ချက်ဖြစ်သည်။ ထို့ကြောင့် စာရေးဆရာတစ်ဦးက “ဘုရားသခင်သည် လူမျိုးတိုင်းအား ဘာသာစကားပေးထားသော်လည်း ဧဝံဂလိသတင်းစကားမှာမူ လူမျိုးတိုင်းသို့ ပေးပါသည်” ဟုဆိုသည်။

ထိုသို့ဘာသာစကားအမျိုးမျိုးပြောခြင်းသည် ဘုရားသခင်၏ အံ့ဖွယ်နိမိတ်လက္ခဏာများကို ထင်ရှားစေခြင်းဖြစ်သည် (၂:၁၁)။ ဣသရေလ လူမျိုးများသို့ နိမိတ်လက္ခဏာပြခြင်းဖြစ်သည် (၁ကော ၁၄:၂၁-၂၂)။ အထူးသဖြင့်ပေတရုသည် အခြားသောဘာသာစကားဖြင့် ဟောပြောသူအဖြစ် ထင်ရှားသည်။

တရားနာပရိသတ်သည် အနယ်နယ်အရပ်ရပ်က ရောက်ရှိလာသူများဖြစ်သည်။ တပည့်တော်များထိုသို့ ဘာသာစကားအမျိုးမျိုးပြောဆိုကြခြင်းကို တွေ့မြင်ကြသောအခါ ရူးကြောင်မူးကြောင်ဖြင့် ပြောဆိုခြင်းသည် ဟု ထင်မှတ်ကြသည်။ တပည့်တော်များသည် တစုံတစ်ခုကြောင့် ရူးမူးနေကြသည်မှာ မှန်ပါသည်။ သို့သော် အရက်မူးခြင်းမဟုတ်၊ သန့်ရှင်းသောဝိညာဉ်တော် ရူးနေကြခြင်း ဖြစ်သည်။

အသစ်ပြုပြင်ခြင်း မရှိသေးသောသူများအား ထိုအကြောင်းမျိုး ရှင်းပြသက်သေထူစရာရှိပါသေးသည်။ တစ်ခါက မိုးယံမှ ဘုရားသခင်၏ အသံတော်ထွက်ပေါ်လာရာ လူသားများက မိုးကြိုးသံ(ယော ၁၂:၂၈-၂၉)ဟု ထင်မှတ်ကြသည်။ ယခုလည်း သန့်ရှင်းသော ဝိညာဉ်တော်နှင့်   ပြည့်ဝလျက် ဘာသာစကားအမျိုးမျိုး ပြောသည်ကို အရက်မူးနေကြသည် ဟု မဟုတ်မဟပ်စွပ်စွဲနေကြပြန်ပြီ။ Schiller က “နှုတ်ကပတ်တော်သည် ထွန်းတောက်စွာ ရောက်ရှိလာသော်လည်း ဖုံသလဲသို့ ပစ်ချကြသည်” ဟုဆိုသည်။

: ၁၄  တကြိမ်တစ်ခါက သခင်ယေရှုကို ခါးသီးစွာ ငြင်းပယ်ခဲ့သော တပည့်တော်တစ်ဦးသည် ယခုအခါ ပရိသတ်ဗိုလ်ပုံအလယ်မှာ မားမားမတ်မတ်၊ ငွါးငွါးစွန့်စွန့် ရပ်ချေပြီ၊ တောမင်းဘုရင် ခြင်္သေ့ကဲ့သို့ သတ္တိသွေးပြောင်မြောက်စွာမင်းမူနေပြီ။ ပင်တေကုတ္တေနေ့ကသတ္တိသွေးပေးခဲ့သည်။ ဝိညာဉ်တော်ဖြင့် ပြည့်ဝ နေပြီ။

ကဲသရိဖိလိပ္ပိတွင် သခင်ဘုရားက ပေတရုအား ကောင်းကင်သော့ အပ်နှင်းမည့်အကြောင်း ကတိတော် (မ ၁၆:၁၉) ပြုခဲ့သည်။ ယခု ဤအခန်းတွင် ယုဒလောကကို ဖွင့်သည့်သော့ချောင်းအဖြစ် အသုံးပြုကြောင်း တွေ့ရသည် (ငယ် ၁၄)။ အခန်း ၁၀ တွင် တပါးအမျိုးသားလောကကိုလည်း ဖွင့်လှစ်ဦးမည်။

:၁၅  ထိုတမန်တော်က တပည့်တော်များသည် အရက်မူးနေခြင်းမဟုတ်ကြောင်း ဦးစွာရှင်းပြသည်။ အချိန်အားဖြင့်လည်း နံနက်(၉)နာရီသာရှိသေးသဖြင့် အရက်သမားများ စားသောက်မူးယစ် ချိန်လည်းမဟုတ်သေး။  ယုဒများ ထုံးစံအရလည်း တရားစရပ်သွားမည့်နေရာတွင် နံနက်(၁၀) နာရီမတိုင်မီ ဘာမှ မစားသောက်ရပါ။ နေ့လယ်ခင်းနောက်ပိုင်းမှသာလျှင် အစာစားသောက် မှီဝဲလေ့ရှိသည်။

:၁၆၁၉  သန့်ရှင်းသောဝိညာဉ်တော်သွန်းလောင်းခြင်း အမှန်တကယ်ရှိသည့်အကြောင်းကို      ပရောဖက်ယောလက စဟောကြားခဲ့ဘူးသည်။ (ယောလ ၂:၂၈ နောက်ပိုင်း)။

ပရောဖက်ယောလဟောကြားသည့် ပင်တေကုတ္တေနေ့ အကြောင်းသည် အပြည့်အစုံမဟုတ်ပါ။ အထူးသဖြင့် ဤအခန်းမှ အငယ် ၁၇-၁၉ အကြောင်းမပြည့်စုံ။ နောက်ဆုံးနေ့၌ ပေါ်ထွန်းလာမည့် လက္ခဏာနမူနာမျှသာ ဖြစ်သည်။ အကယ်၍ ယောလပရောဖက်ပြုချက် ပြည့်စုံလျှင် (၃:၁၉)ပါ ဣသ​ရေလတစ်မျိုးသားလုံး နောင်တရ၍ သခင်ယေရှု လက်ခံကြမည့် အကြောင်း ကျမ်းစာကားပေါ်လာမည်မဟုတ်။

ယောလပရောဖက်ကျမ်း ကိုးကားခြင်းသည်  အထောက်အထားအဖြစ် ကိုးကားခြင်းဖြစ်သည်။ နောက်တကြိမ်တွင် ပြည့်စုံစွာ ထပ်မံဖေါ်ပြဦးမည်။

ပင်တေကုတ္တေနေ့တွင် ဘုရားသခင်၏ဝိညာဉ်တော် သွန်းလောင်းခြင်းသည် လူ့သဘောသဘာဝအရ ရေလောင်းခြင်းမျိုးမဟုတ်။ ဘေးဒဏ်ကြီးကာလ အဆုံးတွင် အပြည့်အစုံတစ်ခါ သွန်းလောင်းဦးမည်။  ခရစ်တော်ဘုရား ဘုန်းတန်ခိုးဖြင့် ကြွလာသောအခါ ကောင်းကင်နိုင်ငံတွင် အံ့ဖွယ်လက္ခဏာ၊ မြေကြီးပေါ်တွင် နိမိတ်များ ထင်ရှားပြသမည် (မ ၂၄:၂၉-၃၀) သခင်ယေရှုပေါ်ထွန်းလာပြီး မြေကြီးပေါ်ရှိ ရန်သူများကို အနိုင်ယူအောင်ပွဲခံ၍ နိုင်ငံတော်တည်ထောင်မည်။ အနှစ်တစ်ထောင် အုပ်စိုးခြင်းကာလ စသောအခါ ဘုရားသခင်၏ ဝိညာဉ်တော်သည် တပါးအမျိုးသား ယုဒအမျိုးသားအားလုံးအား ဝိညာဉ်တော်သွန်းလောင်းမည်။ အနှစ်တစ်ထောင်ကာလပတ်လုံး ဝိညာဉ်တော်ဖြင့် ပြည့်ဝကြမည်။ အရွယ်အလတ် ဖိုမလူမျိုးရေး၊ လူမျိုးရေးခွဲခြားခြင်းမရှိ။ ဗျာဒိတ်နှင့် ရူပါရုံများ၊ ပရောဖက်ပြုချက်များ ပြည့်စုံသွားမည်။ ဗျာဒိတ်တော်ပါ ဆုလက်တဆောင်များ ပေးအပ်ခြင်းဖြင့် ဆက်ဆံရေးကောင်းမွန်ကြောင်း သက်သေအထောက်အထား တွေ့ရမည်။ ထိုအကြောင်းအရာသည် ပရောဖက်ယောလ၏ နောက်ဆုံးနေ့ ပရောဖက်ပြုချက် (ငယ် ၁၇ ) ဖြစ်သည်။ သို့သော်အသင်းတော်နှင့်မဆိုင်၊ ဣသရေလ လူမျိုးနှင့်သာ သက်ဆိုင်သည်။

:၂၀   ထာဝရဘုရား၏ နေ့ထူးမြတ်ကြီးပေါ်ထွန်းခါနီးတွင် ကောင်းကင်၌ ထူးခြားသော နိမိတ်လက္ခဏာ ပေါ်ထွန်းလာမည်။  ထို ထာဝရဘုရားသခင်၏နေ့ ဆိုသည်မှာ ရန်သူများကို ချေမုန်းအောင်ပွဲခံဖို့ဘုန်းတန်ခိုးဖြင့် ဆင်းသက်လာခြင်းဖြစ်သည်။

:၂၁  ထာဝရဘုရား၏ နာမတော်ကို အမှီပြုတမ်းတသူများသည် ကယ်တင်ခြင်းရရှိကြမည် ဟု ပရောဖက်ယောလ၏ ပရောဖက်ပြုချက်ကို အဆုံးသတ်လိုက်သည်။ ထိုသတင်းကောင်းသည် လူတိုင်းအား သခင်ယေရှုကို ယုံကြည်ရန် ကမ်းလှမ်းဖိတ်ခေါ်ခြင်း မင်္ဂလာသတင်းဖြစ်သည်။ ဘုရားသခင်၏နာမတော် ဆိုသည်မှာ ဘုရားသခင်၏ အမှုအရာဘုန်းတန်ခိုးအလုံးစုံကို ရည်ညွှန်းသည်။ နာမတော်အား မှီခိုတမ်းတခြင်း ဆိုသည်မှာ စိတ်နှလုံး အကြွင်းမဲ့ဖြင့် အော်မြည်တမ်းတခြင်းဖြစ်သည်။

:၂၂၂၄  သခင်ဘုရားဆိုသည်မှာ လက်ဝါးကပ်တိုင်တွင် အသေခံခဲ့သော ယေရှုဖြစ်၍ ဘုရားသခင်နှင့် ခရစ်တော်အမှန်ဖြစ်ကြောင်း ပေတရုက ထပ်မံရှင်းပြ အတည်ပြုပေးသည်။ ပေတရုသည် ယေရှုခရစ်၏ လူ့ဇာတိသက်တော်စဉ်ကို စကားကြောရှည် မရှင်းပြတော့ပါ။ အဓိက လိုရင်းအချက်ဖြစ်သော အသေခံတော်မူခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်နိုင်ငံသို့ကြွခြင်း၊ ဘုန်းတန်ခိုး အပြည့်အစုံဖြင့် ခမည်းတော်၏ လက်ယာဘက် တွင် စိုးစံခြင်းအကြောင်းများကို အလေးအနက်ထားရှင်းပြသည်။ အကယ်၍ ယေရှု၏ အလောင်းတော်သည် သင်္ချိုင်းဂူထဲတွင် ရှိနေသေးလျှင် ထိုသို့သောပြောနိုင်မည်မဟုတ်။ ယုဒများနှင့် အငြင်းပွား နပမ်းသတ်စရာအကြောင်းရှိနိုင်သည်။ သူတို့သတ်ခဲ့သော သူ ကောင်းကင်နိုင်ငံသို့ ရောက်သွားကြောင်း သိကြသောအခါ သူတို့ကို မှတ်မိလိမ့်မည်ဟု သိမှတ်ကြသည်။

နာဇရက်သားယေရှုသည် ဘုရားသခင်က လူ့ဇာတိခံယူရန် စေလွတ်ထားသူဖြစ်သောကြောင့် ဘုရားသခင်၏ ဘုန်းတန်ခိုးဖြင့် အံ့ဖွယ်နိမိတ်လက္ခဏာများ ပြသခဲ့သည် (ငယ် ၂၂ )ဟု တပည့်တော်များက ရှင်းပြသည်။ ဘုရားသခင်က အကြံအစည်တော်ရှိသည့်အတိုင်း ယုဒများထဲသို့ စေလွှတ်ပေါ်ထွန်းစေခဲ့သည်။ သို့သော် ယုဒလူမျိုးများက လက်မခံငြင်းပယ်ကြသောကြောင့် တပါးအမျိုးသားများ လက်ထဲသို့ တွန်းပို့၍ အသေခံစေကြသည် (ငယ် ၂၃)။ မည်သို့ပင်ဖြစ်စေကာမူ သခင်ဘုရားသည် သေခြင်း၏ ဝေဒနာများကို ဖြေလွှတ်ပြီး သေသူများအလယ်မှ ရှင်ပြန်ထမြောက်သည်။ သေခြင်းက သခင်ဘုရားကို ဖမ်းဆီးချုပ်နှောင်ထားခြင်း မပြုနိုင်ပါ။ အဘယ်ကြောင့်ဆိုသော် အောက်ပါအကြောင်းများကြောင့်ဖြင့်သည်။

၁။ ဘုရားသခင်၏ ဘုန်းတန်ခိုးအရ ရှင်ပြန်ထမြောက်သည်။ အပြစ်မရှိသော်လည်း အပြစ်သားများအတွက် အသေခံခဲ့သည်။ ရွေးနှုတ်ခြင်းအမှုတော်ပြည့်စုံအောင် လုပ်ဆောင်ပြီး ဖြစ်သောကြောင့် ဘုရားပီပီ ရှင်ပြန်ထမြောက်ရသည်။

၂။ ဓမ္မဟောင်းပရောဖက်ပြုချက်များတွင်လည်း ရှင်ပြန်ထမြောက်မည်ဟု ဆိုထားကြသည်။ ထိုအကြောင်းများကို ဒါဝိဒ်က စပ်ဆိုထားပါသည်။

:၂၅၂၇  ဆာလံ ၁၆ တွင် ကိုယ်တော်ဘုရား၏ သက်တော်စဉ်၊ အသေခံခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ဘုန်းတန်ခိုးပြည့်စုံခြင်းအကြောင်းကို ဒါဝိဒ်က စပ်ဆိုထားပါသည်။

ဒါဝိဒ်က  ကိုယ်တော်ဘုရား၏ သက်တော်စဉ်သည် အကန့်အသတ်မရှိ ယုံကြည်မှုရှိကြောင်း ခမည်းတော်နှင့် ဆက်သွယ်မှုအား မည်သည့်အရာကမှ  မဟန့်တားနိုင်ကြောင်း၊ သဘောတော်၊ ဘာသာစကား နှင့် အသွေးအသားများသည် လည်း ပျော်ရွင်ခြင်း၊ မျှော်လင့်ခြင်း၊ အပြည့်အဝရှိကြောင်းစပ်ဆိုထားသည်။

ကိုယ်တော်ဘုရားသည် အသေခံတော်မူသော်လည်း ဝိညာဉ်အားသေရွာတွင်မထား၊ အသွေးအသားခန္ဓာကိုယ်ပျက်စီးခြင်း မရောက်နိုင်ကြောင်း ဒါဝိဒ် က ကြိုမြင်သည်။  တနည်းပြောရလျှင် သခင်ယေရှု၏ ခန္ဓာကိုယ်သည် ယိုယွင်းပျက်စီးခြင်းမရောက်နိုင်၊ သင်္ချိုင်းဂူထဲတွင် နိဂုံးမချုပ်နိုင်။ ဤကျမ်းပိုဒ်သည် သခင်ယေရှု၏ ဝိညာဉ်သည် အကျဉ်းခံရသည်ဟု ကောက်ချက်ယူ၍ မရနိုင်။ ကိုယ်တော်ဘုရား၏ ဝိညာဉ်တော်သည် ကောင်းကင်ဘုံသို့ ကြွမြန်း သွားပါသည်။ (လု ၂၃:၄၃) တွင် ရုပ်ခန္ဓာကိုယ်သာ အုတ်ဂူထဲတွင် ရှိသည်ဟု ဆိုသည်။

:၂၈  ကိုယ်တော်ဘုရား ရှင်ပြန်ထမြောက်သွားသောကြောင့် ကိုယ်တော်ဘုရားသည် ထိုအသက်လမ်းကို လူသားများအား ပြသပေးမည်ဟု ဒါဝိဒ်ယုံကြည်သည်။ ဆာ ၁၆:၁၁ တွင် အသက်လမ်းကို တွေ့ရှိမည်ဟု ဆိုထားပါသည်။ ထိုကျမ်းပိုဒ်ကို ကိုးကား၍ ( တ ၂း၂၈ ) တွင် “အသက်ရှင်ရာလမ်းသို့ ကျွန်တော်မျိုးအား ကိုယ်တော်ရှင်ပြညွှန်တော်မူပါ” ဟုဆိုထားပါသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ပြသမှုဖြင့် “မူပါမည်” ဟု  အနာဂတ်စကားမသုံးဘဲ “မူပါ၏” ဟု ပြည့်စုံပြီးကြောင်း၊ အတိတ်စကားဖြင့် သုံးထားသည်။

ကယ်တင်ရှင်ဘုရား၏ ဘုန်းတန်ခိုး ကြွယ်ဝပုံကို (ဆာ ၁၆:၁၁) တွင် ဒါဝိဒ်က “ကိုယ်တော်သည် အသက်ရှင်ရာလမ်းကို ပြညွှန်သောကြောင့် ရွှင်လန်းဝမ်းမြောက်၍ ထာဝစဉ်ပျော်မွေ့လျက်ရှိပါ၏” ဟု ဆိုထားပါသည်။

:၂၉  သို့သော်လည်း ဒါဝိဒ် သည် သူကိုယ်တိုင် ထိုအသက်လမ်းဖြစ်သည်ဟု မဆို။ သူ့ရုပ်ခန္ဓာကိုယ်သည် လူမြင်သူမြင်တွင် ယိုယွင်းပျက်စီးခဲ့သည်။ နောင်လာနောင်သားများသည်လည်း ဒါဝိဒ် အုတ်ဂူ ကို တွေ့မြင်ကြရသည်။ ရှင်ပြန်ထမြောက်သည်ဟု မဆိုခဲ့ပါ။

:၃၀၃၁  ဒါဝိဒ်သည် ဆာလံသီချင်းကို ပရောဖက် အနေဖြင့်ရေးသားသည်။ တပါးသူသည် ရှင်ပြန်ထမြောက်၍ နိစ္စထာဝရ စိုးစံမည့်အကြောင်း၊ ထိုမေရှိယသည် သေလွန်သော်လည်း သူ့ဝိညာဉ်ကို ကမ္ဘာမြေတွင် မကျန်ရစ်ကြောင်း၊ ခန္ဓာကိုယ်လည်း ပျက်စီးခြင်းမရှိကြောင်း၊ ကတိတော်ပြုချက်ကို စွဲမှတ်သည်။

:၃၂၃၃  ပေတရုက ယုဒပရိသတ်အား တဖန်လှုပ်နှိုးလိုက်သည်။ ဒါဝိဒ်မင်း ပရောဖက်ပြုသောသူသည် နာဇရက်သား ယေရှု ဖြစ်သည်ဟုဆိုသည်။ ထိုယေရှုသည် ဘုရားသခင်က ထမြောက်စေတော်မူ ၍ ကောင်းကင်ဘုံသို့ ပြန်ကြွသွားကြောင်း၊ မျက်ဝါးထင်ထင်မြင်သောအခါ ခမည်းတော်ဘုရား၏ လက်ယာတော်၌ စိုးစံလျက် သန့်ရှင်းသောဝိညာဉ်တော် အား စေလွတ်မည့်အကြောင်း ရှင်းပြသည်။ ထိုအကြောင်းအရာများသည် ကနဦးနေ့ရက်တွင် ယေရုရှလင်မြို့မှ အဖြစ်အပျက်များဖြစ်သည်။

:၃၄၃၅ ထိုမေရှိယသခင်နှင့် ပတ်သက်၍ ဒါဝိဒ်က မည်သို့ဆိုထားသနည်း။ သူကိုယ်တိုင်မှာမူ ထိုသခင်ကဲ့သို့ ထမြောက်မည်မဟုတ် (ဆာ ၁၁၀: ၁) ဟုဆိုသည်။ သို့သော် သင်၏ရန်သူများကို ခြေတင်ခုံဖြစ်စေမည်ဟူသော ယေဟောဝါစကားတော်ဖြင့် မေရှိယအား ပုပ္ပနိမိတ်ပြုပေးသည်၊ (၃၃:၃၅ သည် ဘုရားသခင် နိုင်ငံတော် တည်ထောင်ရန် အချိန်ကာလကြန့်ကြာ စောင့်ဆိုင်းခြင်းအကြောင်း ရှင်းပြသော ကျမ်းပိုဒ်ဖြစ်သည်)။

:၃၆  တဖန် ယုဒပရိသတ်များသို့ ကျေညာချက်ထုတ်ပြန်သည်။ သင်တို့ လက်ဝါးကပ်တိုင်မှာ သတ်သောယေရှုသည် ဘုရားသခင် စေလွတ်သော ကိုယ်တော်ဘုရားနှင့် ခရစ်တော်အစစ်အမှန်ဖြစ်ကြောင်း သိမှတ်ကြလော့။ Bengel က “ ထိုကျမ်းစကားသည် ပျားတုတ်သကဲ့သို့ ထိမိနာကျင်၍ ထိုထက် ထိမိသော စကားမရှိတော့ပါ” ဟု ဆိုသည်။ သင်တို့လက်ဝါးကပ်တိုင်တွင် သတ်သောသူသည် ယေရှုဖြစ်သည်။ ယုဒများသတ်ပစ်သောသူသည် ဘုရားသခင် ဘိသိက်ပေးထားသော သူဖြစ်ကြောင်း၊ ထိုယေရှုသည် ကောင်းကင်နိုင်ငံတွင် ယခု စိုးစံနေကြောင်း သန့်ရှင်းသော ဝိညာဉ်တော်က သက်သေခံသည်၊ (ယော ၇:၃၉ ကိုကြည့်)။

:၃၇  ထိုသို့သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးဖြင့် သိစိတ်ဝင်လာကြသောအခါ တရားနာ ပရိသတ်များသည် “ငါတို့အဘယ်သို့ ပြုကြရမည်နည်း ဟု အော်ဟစ်ကြသည်။ ကြီးမားသော အပြစ်ကျူးလွန်ခဲ့ကြကြောင်း လက်သွေးပေသွားကြောင်း ဝန်ခံကြသည်။ သူတို့သတ်သွားသော ယေရှုသည် ဘုရားသခင်၏ အချစ်ဆုံးသော သားတော်ဖြစ်ကြောင်း သိရှိသွားကြသည်။ သို့သော် ယေရှုရှင်ပြန်ထမြောက်ပြီး ကောင်းကင်ဘုံနန်းစံနေပြီ။ ထိုလူသတ်သမားများ သည် အပြစ်စီရင်ခြင်းမှ ကင်းလွတ်နိုင်ပါ့မည်လား။

:၃၈  ပေတရုက ထိုအပြစ်များ ဖြေလွှတ်ခွင့်ရရန် နောင်တရ၍ ယေရှုခရစ်တော် နာမတော်၌ နှစ်ခြင်းမင်္ဂလာခံယူကြလော” ဟု ဖြေသည်။ ပထမဦးစွာ ဘုရားသခင်အား ဆန့်ကျင်ကျူးလွန်ခဲ့ကြသည့် အပြစ်များကို စိတ်နှလုံးရင်းမှ နောင်တရခိုင်းသည်။

ထို့နောက် အပြစ်ဖြေလွတ်ဖို့ရန် ယေရှုနာမတော်၌ နှစ်ခြင်းမင်္ဂလာခံယူကြရမည်။ ဤကျမ်းပိုဒ်အရဆိုလျှင် ကယ်တင်ခြင်းရရှိရန် နှစ်ခြင်းမင်္ဂလာ ခံယူရမည်ဟု ဆိုလိုဟန်ရှိသည်ဟု နားယောင်နိုင်သည်။ ထိုသို့မဟုတ်ကြောင်း အောက်ပါကျမ်းပိုဒ်များ ကြည့်ရှုနိုင်သည်။

၁။ ဓမ္မသစ်ကျမ်းပိုဒ်များစွာတွင် ခရစ်တော်ယေရှုအား ယုံကြည်ခြင်းဖြင့်သော ကယ်တင်ခြင်းရရှိနိုင်သည်။ (ဥပမာ ယော ၁:၁၂၊ ၃:၁၆-၃၆၊ ၆:၄၇၊ တ ၁၆:၃၁၊ ရော ၁၀:၉)။

၂။ ကားတိုင်ပေါ်မှ သူခိုးသည် နှစ်ခြင်းမင်္ဂလာမခံယူဘဲ ကယ်တင်ခြင်းရသည်။ (လု ၂၃:၄၃)

၃။ ကယ်တင်ရှင်သခင်က နှစ်ခြင်းမင်္ဂလာသည် ကယ်တင်ခြင်း၏ အဓိကအနှစ်သာရ ဖြစ်ကြောင်း သွန်သင်ခြင်း မပြုခဲ့ပါ။

၄။ ရှင်ပေါလုသည် ကောရိန္သုသားများအား လူအနည်းငယ်သာ နှစ်ခြင်းမင်္ဂလာပေးခဲ့သည်။ နှစ်ခြင်းမင်္ဂလာသည် ကယ်တင်ခြင်းမင်္ဂလာဖြစ်လျှင် ဝမ်းသာစရာဖြစ်သည်၊ (၁ကော ၁:၁၄-၁၆) ဟု ဆိုသည်။

အပြစ်ခွင့်လွတ်ခြင်းရရှိရန် နှစ်ခြင်းမင်္ဂလာ ခံယူကြဖို့ အရေးကြီးကြောင်း ယုဒများ ရှင်းပြခဲ့ပြီးဖြစ်သည်၊ (တ ၂၂:၁၆ ကိုကြည့်)။ ထို့ကြောင့် ဤကျမ်းပိုဒ်သည် လျှို့ဝှက်နက်နဲသည်။ ဣသရေလလူမျိုးက သခင်ဘုရားအား လက်ဝါးကပ်တိုင်တွင် သတ်ပစ်ခဲ့ကြသည်။ ထို့ကြောင့် ယခု ယုဒများက “ထိုသူသေရခြင်းအတွက် အကျွန်ုပ်နှင့် အကျွန်ုပ်တို့၏ သားမြေးများ တာဝန်ဖြစ်ပါစေ” (မ ၂၇:၂၅)ဟု မချိတင်ကဲ ပြောကြသည်။ မေရှိယသခင် အသေခံခြင်းသည် ဣသရေလအမျိုး၏ လက်ချက်ဖြစ်သည်။

အချို့ယုဒများသည် သူတို့အမှားကို သိရှိနေကြပြီ။ ဘုရားသခင်ထံတွင် နောင်တရနေကြပြီ။ သခင်ယေရှုအား ကယ်တင်ရှင်သခင်အဖြစ် ယုံကြည်ခြင်းဖြင့် အပြစ်ခွင့်လွှတ်ခြင်း ရရှိကြသည်။ အသစ်တဖန် မွေးဖွားခြင်းခံကြရပြီ။ ရေ၌နှစ်ခြင်းမင်္ဂလာ ခံယူ၍ ယုဒလူထုကြီးနှင့် ပြတ်တောက်ကြသည်။ သခင်ဘုရားကိုယ်တော်တိုင် ထိုသူများထံ၌ စိုးစံကိန်းဝပ်တော်မူသည်။ နှစ်ခြင်းမင်္ဂလာက အပြင်ပန်း အပြစ်များကို ဆေးကြောပေးသည်။ ခရစ်တော်ကို ငြင်းပယ်သည့် အပြစ်အား သင်ပုန်းချေပေးသည်။ ယုဒမြေမှ ဘုရားသခင် စိုးစံရာသို့ ဝင်ရောက်ကြသည်။ သို့သော်နှစ်ခြင်းမင်္ဂလာက ကယ်တင်ခြင်းမပေးပါ။ ခရစ်တော် အား ယုံကြည်ခြင်းတစ်မျိုးတည်းကသာလျှင် ကယ်တင်ခြင်းပေးပါသည်။ အခြားနည်းလမ်းဖြင့် ကယ်တင်ခြင်းရကြောင်း သွန်သင်ခြင်းသည် ကျိန်ခြင်းအမင်္ဂလာ ဖြစ်သည်။ (ဂလာ ၁:၈-၉)

နှစ်ခြင်းမင်္ဂလာသည် အပြစ်များဆေးကြောမှု ဝန်ခံခြင်းဖြစ်ကြောင်း Ryrie က ဤသို့ရှင်းပြထားသည်။

နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် အပြစ်ဖြေလွှတ်ကြောင်း မဆိုလိုပါ။ ယေရှုခရစ်တော်ကို ယုံကြည်ခြင်းဖြင့်သာလျှင် အပြစ်ဖြေလွှတ်ကြောင်း ဓမ္မသစ်ကျမ်းပိုဒ်များစွာတွင် တွေ့ရသည်။ နှစ်ခြင်းမင်္ဂလာခံသောကြောင့် အပြစ်ဖြေလွှတ်ခြင်းမဟုတ်။ အပြစ်ဖြေလွှတ်ကြောင်း အသိအမှတ်ပြုခြင်း ဖြစ်သည်။ ဂရိဝေါဟာရ “eis” သည် အဘယ်ကြောင့်ဆိုသော်ဟု အနက်ရသည်။ မ၁၂:၄၁ တွင်အဘယ်ကြောင့်ဆိုသော် နောင်တရသောကြောင့်ဟု ဂရိကျမ်းတွင်ဆိုထားသည်၊ သောကြောင့်ဟု မဆိုပါ။ ပင်တေကုတ္တေနေ့တွင် ရောက်လာသော ပရိသတ်အုပ်ကြီးသည် နောင်တရကြသောကြောင့် အပြစ်လွှတ်ဖြေလွှတ်ခြင်းကို နှစ်ခြင်းမင်္ဂလာ ခံယူခြင်းဖြင့် အသိအမှတ်ပြုခြင်းဖြစ်သည်။

နောင်တရ၍ နှစ်ခြင်းမင်္ဂလာခံယူကြလျှင် သန့်ရှင်းသောဝိညာဉ်တော်၏ ဆုကျေးဇူးရရှိကြမည် ဟု ပေတရုက အာမခံချက် ပေးသည်။ ယနေ့ခေတ်ကာလတွင်လည်း ထိုကနဦးအသင်းတော်များ၏ လုပ်ဆောင်ချက်များကို အသေအချာ သဘောမပေါက်ဘဲရှိနေတတ်ကြသည်။ H.P.Barker က The Vicar of Christ စာအုပ်တွင် တမန်တော်ဝတ္ထုထဲ၌ သန့်ရှင်းသောဝိညာဉ်တော် ခံယူပုံ (၄) မျိုးရှိကြောင်း ထောက်ပြထားသည်။

တ ၂:၃၈ တွင် ယုဒ ခရစ်ယာန်များ၏ ခံယူချက်အဆင့်ဆင့်ကို ဤသို့ရှင်းပြထားသည်။

၁။ နောင်တရခြင်း၊

၂။ ရေနှစ်ခြင်းမင်္ဂလာခံယူခြင်း၊

၃။ သန့်ရှင်းသောဝိညာဉ်တော်ခံယူခြင်း၊

ရှမာရိ ပြောင်းလဲသူများ အဆင့်ဆင့်ခံယူပုံကို ၈:၁၄-၁၇ တွင် ဤသို့ မှတ်တမ်းတင်ထားသည်။

၁။ ယုံကြည်ခြင်း၊

၂။ ရေနှစ်ခြင်းမင်္ဂလာခံယူခြင်း၊

၃။ တမန်တော်များက ဆုတောင်းပေးခြင်း၊

၄။ တမန်တော်များက လက်တင်ကောင်းကြီးပေးခြင်း၊

၅။ သန့်ရှင်းသော ဝိညာဉ်တော် ခံယူခြင်း၊

တပါးအမျိုးသားပြောင်းလဲသူများ ခံယူပုံအဆင့်ဆင့်ကို (တ ၁၀:၄၄-၄၈)တွင် ဤသို့ ထောက်ပြထားသည်။

၁။ ယုံကြည်ခြင်း၊

၂။ သန့်ရှင်းသောဝိညာဉ်တော်ခံယူခြင်း၊

၃။ ရေနှစ်ခြင်းမင်္ဂလာခံယူခြင်း

နောက်ဆုံး ဗတ္တိဇံဆရာယောဟန်၏ တပည့်များအား ယုံကြည်သူများ၏ ခံယူပုံ အဆင့်ဆင့်ကို (တ ၁၉:၁-၇)တွင် ဤသို့ ဆိုထားသည်။

၁။ ယုံကြည်ခြင်း၊

၂။ နှစ်ခြင်းမင်္ဂလာထပ်မံခံယူခြင်း၊

၃။ တမန်တော်ပေါလုက လက်တင်ကောင်းကြီးပေးခြင်း၊

၄။ သန့်ရှင်းသောဝိညာဉ်တော်ခံယူခြင်း၊

ကယ်တင်ခြင်းရရှိရန် နည်းလမ်း(၄)မျိုးရှိသည် ဟု သွန်သင်ပါသလား။ မဟုတ်ပါ။ ကယ်တင်ခြင်းသည် သခင်ခရစ်တော် ယုံကြည်ခြင်း တစ်ခုတည်းပေါ်တွင်သာ တည်မှီပါသည်။ စပ်ကူးမတ်ကူး အသွင်ပြောင်းကာလမှာ သန့်ရှင်းသော်ဝိညာဉ်တော် ခံယူကြပုံဖြစ်သည်။ ဘုရားရှင်တော်က အကုန်အစင် သိပါသည်။ ရွေးချယ်ရမည့် နည်းလမ်းကို ပြသခြင်းဖြစ်သည်။

ထိုသို့ဆိုလျှင် ယနေ့ခေတ်အခါတွင် မည်သို့အသုံးပြုရမည်နည်း။ ဣသရေလလူမျိုးက မေရှိယအား ငြင်းပယ်သည့် အချိန်မှစ၍ ယုဒလူမျိုးများသည် ဘုရားပေးသော အခွင့်အရေးလက်လွှတ်ဆုံးရှုံးခဲ့ကြပါသည်။ ယနေ့ခေတ်ကာလတွင် ထိုလူမျိုးကို ဘုရားသခင်က ခေါ်နေပါသည်။ (တ ၁၅:၁၄)။ ယနေ့ခေတ်ကာလ ယုံကြည်သူများသည် တမန်တော်ဝတ္တု အခန်းကြီး ၁၀ အတိုင်းရှိရသည်။

ယုံကြည်ခြင်း။

သန့်ရှင်းသောဝိညာဉ်တော် ခံယူခြင်း။

ရေနှစ်ခြင်းမင်္ဂလာ ခံယူခြင်း။

ယနေ့ခေတ်ကာလတွင် ယုဒလူမျိုးဖြစ်စေ၊ တပါးအမျိုးသားဖြစ်စေ ဤအစီအစဉ်အတိုင်း ခံယူကြသည်ဟု ယုံကြည်ရပါသည်။ အာဏာဆန်လွန်းသည်ဟု ထင်ကောင်းထင်နိုင်ပါသည်။ တ ၂:၃၈ ပါ ယုဒလူမျိုးအား ရပ်စဲခြင်းနှင့် တ ၁၀:၄၄-၄၈ ပါ အခြေအနေသည် မည်သည့်အချိန်တွင် စပါသနည်းဟု မေးစရာရှိနိုင်ပါသည်။ အချိန်ကာလ အတိအကျ မပြနိုင်ပါ။ သို့သော်လည်း တမန်တော်ဝတ္တုအရ ဆိုလျှင် ယုဒလူမျိုးများက သတင်းကောင်း ငြင်းပယ်၍ တပါးအမျိုးသားများထံသို့ ဧဝံဂေလိသွားရောက် ဟောကြားခြင်းမှ အစပြုသည်ဟု ဆိုနိုင်ပါသည်။                    တမန်တော်ဝတ္တုအဆုံးတွင်မူ ဣသရေလလူမျိုးအား အသားပေးကြောင်း တွေ့ရသည်။ သို့သော် မယုံကြည်မှုကြောင့် ရွေးကောက်တော်မူသော လူမျိုးဟူသည့် အခွင့်အရေးဆုံးရှုံးပြီးဖြစ်သည်။ အသင်းတော်ကာလ သမိုင်းတွင် ဘုရားသခင်သည် တပါးအမျိုးသားအား ခေါ်ယူထားကြောင့် တ ၁၀:၄၄-၄၈ တွင် တွေ့ရပါသည်။

:၃၉ သန့်ရှင်းသော ဝိညာဉ်တော်၏ ကတိတော်သည် လက်ရှိလူများသာမက နောင်လာနောက်သား သားသမီးများ ရပ်ဝေးမြေခြား တပါးအမျိုးသားများ၊ ဘုရားသခင်ခေါ်တော်မူသောသူများအားလုံး နှင့် အကြုံးဝင်သည် ဟု ပေတရုက ရှင်းပြသည်။

ကိုယ်တော်၏ အသွေးတော်သည် သားစဉ်မြေးဆက် ကျေးဇူးတော် ခံစားရမည့်အကြောင်း စိတ်ချသေချာစွာဖြင့် သခင်ဘုရားအား လက်ခံယုံကြည်သွားကြသည်။

အချို့သောသူများက ဤကျမ်းပိုဒ်ကို ကိုးကား၍ ယုံကြည်သူမိဘများ၏ သားသမီးများသည် ကယ်တင်ခြင်းရရှိသူများဖြစ်သည်ဟု အယူမှားတတ်ကြသည်။ ထိုအကြောင်းကို Spurgeon က ဤသို့ ရှင်းပြသည်။

အသင်းတော်က ဇာတိ၌ မွေးသောသူသည် ဇာတိ၏သား ဝိညာဉ်တော်၌ မွေးသောသူသည် ဝိညာဉ်တော်၏ သားဖြစ်သည် ဟု မခံယူပါ။ စင်ကြယ်သောအရာနှင့် မစင်ကြယ်သောအရာ မည်သူခွဲခြားသိရှိနိုင်သနည်း။ လူ့ဇာတိသဘောရ မွေးဖွားသူသည် သဘာဝ၏ ညစ်နွမ်းခြင်းနှင့် ပတ်သက်နေသော်လည်း ငြိမ်သက်ခြင်းရှာမတွေ့။ ပဋိညာဉ်သစ်အရ ဘုရားသခင်၏ သားသမီးသည် ဘုရားသခင်၌ မွေးဖွားသူသာ ဖြစ်သည်။ သွေးသားအားဖြင့်၊ ဇာတိအားဖြင့်၊ လူ့အကြံအစည်အားဖြင့် မွေးဖွားသူသည် ဘုရားသားသမီးမဟုတ်။

ကတိတော်၏ အဓိကအချက်မှာ မိမိရင်သွေးများအတွက်သာမဟုတ်။ နေရပ်ဌာနေအသီးသီးမှ ဘုရားသခင်ခေါ်သောသူ အားလုံးနှင့်ဆိုင်သည်။ ဧဝံဂေလိ သတင်းစကားဖြင့် ဖိတ်ခေါ်နေပါသည်။

:၄၀  ပေတရု၏ စကားသည် မကုန်သေးပါ။ သခင်ယေရှုကို သတ်ဖြတ်ကြသော ယုဒလူမျိုးအား နောင်တွင် သူယုတ်မာများအဖြစ် အခေါ်မခံရစေရန် သွန်သင်ချက်များကိုသာ အဓိကထား ထောက်ပြခြင်းဖြစ်သည်။ ထိုသို့ ခေါ်မခံရစေရန်မှာ သခင်ယေရှုအား မေရှိယသခင်အဖြစ် အသိအမှတ်ပြုခံယူ၍ နှစ်ခြင်းမင်္ဂလာခံယူခြင်းသည် ခရစ်ယာန်ဖြစ်ကြောင်း သက်သေပြရန်ဖြစ်သည်။

:၄၁  လူအုပ်ကြီးသည် ပေတရု၏ သွန်သင်ချက်များအား နှုတ်ကပတ်တော်အဖြစ် ခံယူကြ၍ ဝမ်းသာအားရ၁၀ နှစ်ခြင်းမင်္ဂလာခံယူကြသည်။

ထိုနေ့တွင် နှစ်ခြင်းမင်္ဂလာခံယူသူများသည် လူပေါင်း သုံးထောင် ရှိသည်။ ပေတရု၏ အမှုတော်ဆောင်ချက်တွင် ဝိညာဉ်များစွာ ပြောင်းလဲကြသည်မှာ သန့်ရှင်းသော ဝိညာဉ်တော် ပါဝင်မှုသက်သေ အထောက်အထား ဖြစ်သည်။ ထိုသို့ အောင်မြင်ခြင်းသည် သခင်ယေရှုက ဂါလိလဲတံငါသည်သို့ “မင်းကို လူမျှားသောတံငါဖြစ်စေမည်” (မ ၄:၁၉) ဟူသောစကားတော် ပြည့်စုံခြင်းဖြစ်သည်။ ယော ၁၄:၁၂ တွင် “ငါအမှန်ဆိုသည်ကား ငါ့ကို ယုံကြည်သူသည် ငါပြုသောအမှုတို့ကို ပြုလိမ့်မည်။ ထို့ထက်ကြီးမြတ်သည့် အမှုများကို ပြုလိမ့်မည်” ကျမ်းချက် သက်ရောက်ခြင်းလည်း ဖြစ်သည်။

ထိုနေ့၌ ပြောင်းလဲသူများမှာ လူပေါင်းသုံးထောင်တိတိရှိသည်ဟု မှတ်တမ်းတင်ထားသည်။ သခင်ဘုရား၏ တပည့်တော် အစေခံများသည် အမှုတော်လုပ်ငန်းကို ပိုမိုတိုးချဲ့ လုပ်ဆောင်ကြရသည်။

:၄၂  ထိုသူများ၏ အသက်တာပြောင်းလဲခြင်းသည် အမှန်တကယ်ပြောင်းလဲလာကြခြင်း ဖြစ်သည်။ ထိုသို့ ပြောင်းလဲကြပုံကို အောက်ပါအတိုင်း သက်သေပြကြသည်။

၁။ တမန်တော်များ၏ ဆုံးမသြဝါဒ။ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးဖြင့် သွန်သင်ခြင်းဖြစ်သည်။ ပထမဦးစွာ နှုတ်တိုက်သွန်သင်ကြသည်။ ထိုသွန်သင်ချက်များကို နောင်အခါ ဓမ္မသစ်ကျမ်းအဖြစ် ထင်ရှားလာသည်။

၂။ မိဿဟာယဖွဲ့ခြင်း။ အသက်တာပြောင်းလဲကြောင်း အထောက်အထားတစ်ခုမှာ ယုံကြည်ခါစ လူများသည် ဘုရားသခင်၏ လူများနှင့် ရောနှောမိတ်ဖွဲ့လျှက် အချင်းချင်းတိုက်တွန်း အားပေးကြသည်။ လောကနှင့် ကင်းကွာ၍ ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြသည်။ အခြားယုံကြည်သူခရစ်ယာန်များနှင့် ထိတွေ့ဆက်ဆံကြသည်။

၃။ မုန့်ဖဲ့ပွဲတော်ဝင်ခြင်း။ ဓမ္မသစ်ကျမ်းတွင် ပွဲတော်ဝင်ခြင်း၊ ဘုရားသခင်၏ ညစာမှီဝဲခြင်းဟု ဆိုသည်။ ယုံကြည်သူများသည် ဘုရားသခင်၏ ပွဲတော်၌ ပါဝင်ခြင်းသည် မရှိမဖြစ်လိုအပ်သည်။ တ ၂၀:၇ အရ ကနဦးယုံကြည်သူများ သည် ရက်သတ္တပတ်၏ မထမနေ့၌ မုန့်ဖဲ့ပွဲတော်ဝင် လေ့ရှိသည်။ ကနဦးအသင်းတော်၏အစောပိုင်းနေ့ရက်ကာလများတွင် ယုံကြည်သူများသည် ချစ်ခြင်းမေတ္တာပွဲတော်အဖြစ်၊ သန့်ရှင်းသူ အချင်းချင်း ပေါင်းဖက်ရာ၌ သုံးကြသည်။ ထိုသို့ဖြင့် အကာပေမေတ္တာ သို့မဟုတ် မေတ္တာပွဲတော်အဖြစ် လက်ခံကျင်းပကြသည်မှာ ယနေ့ကာလတိုင် အောင်မြင်လာသည်။

၄။ ဆုတောင်းခြင်း။ ဆုဆောင်ခြင်းသည် ကနဦးအသင်းတော်သားများ၏ ဝတ်ပြုကိုးကွယ်ရာ၌ စတုတ္ထအချက်လက္ခဏာ ဖြစ်သည်။ ဘုရားသခင်၏ သွန်သင်ချက်၊ လမ်းညွှန်မှု၊ စွန့်ကြဲမှုခံယူခြင်းဖြစ်သည်။

:၂၃ လူများသည် သန့်ရှင်းစင်ကြယ်သော အသက်တာသို့ ရောက်ရှိသွားသည်။ သန့်ရှင်းသော ဝိညာဉ်တော်၏ ဘုန်းတန်ခိုး ထင်ရှားပြသသောအခါ လူအုပ်ကြီးသည် အံ့သြကြောက်လန့် ကြသည်။ ဝိညာဉ်တော်နှင့် ပြည့်ဝသော တပည့်တော်များ၏ အံ့ဘွယ်နိမိတ်များကို ရပ်သပ်ရှုမော်ဘွယ် တွေ့ကြသည်။ အံ့ဘွယ်နိမိတ်လက္ခဏာများကို မြင်ရသောအခါ အံ့အားသင့်ကြသည်။

:၄၄၄၅  ယုံကြည်သူများသည် တစုတဝေးတည်းနေထိုင်လာကြပြီး ဘုံစနစ်ကျင့်သုံး လာကြသည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာကို နားလည်ခံယူကြသဖြင့် တစ်ဦးနှင့်တစ်ဦး အထင်ကြီးခြင်း၊ အထင်သေးခြင်းမရှိကြပါ။ မိမိတို့ ပိုင်ဆိုင်သမျှကို ထုတ်၍ အတူတကွမျှဝေသုံးဆောင်ကြ သည်(၄:၃၂)။ မိဿဟာယ ဖွဲ့ချင်စိတ်ပြင်းပြကြသည်။ ပုဂ္ဂလိကပိုင် ပစ္စည်းများကို ရောင်းထုတ်၍ ချို့တဲ့သူများကို ဝေငှကြသည်။ သာတူညီမျှ ဘဝတူဖြစ်ကြသည်။

ထိုသူများသည် စတ်နှလုံးအရင်းဖြင့် ချစ်ခင်ခြင်းဖြစ်ကြသောကြောင့် ဖြူစင်သောမေတ္တာစိတ် မေတ္တာမှန်ဖြင့် ချစ်ခင်ကြသည်။ အတ္တဖယ်ရှားလျက် အားနည်းပြိုလဲခြင်းမရှိနိုင်သော ဘုရားသခင်၏ မေတ္တာတော်၌ တည်ကြသည်။ မည်သူ့တိုက်တွန်းချက်၊ စည်းကမ်းဥပဒေသ ကြောင့်မှမဟုတ်။ မိမိတို့ စိတ်ရင်းစေတနာအတိုင်း ခရစ်တော်ကို သိကျွမ်းခြင်း၌ စုပေါင်းကြခြင်းဖြစ်သည်။ ခရစ်တော်၌ စုရုံးခြင်းကောင်းကြီးမင်္ဂလာကို မည်သည့်အရာက မှ မဖျက်ဆီးနိုင်။ အမှုတော်ပြုလေ ပိုမိုကျယ်ပြန့် အောင်မြင်လေဖြစ်သည်။ ပိုင်ဆိုင်သမျှအရာအား လုံးကို ထုခွဲရောင်းစား၍ ချို့တဲ့နွမ်းပါး သူများအား ပေးကမ်းကြခြင်းဖြင့် ခရစ်ယာန်အသက်တာကို ပြသကြသည်။ ၁၁

ကနဦး ယုံကြည်သူများ၏ အသက်တာမျိုးသည် ယခုကာလအတွက် အတုယူစရာ စံနမူနာဖြစ်သည်။ တစုံတစ်ဦးသည် မိမိကိုယ်ကို ချစ်သကဲ့သို့ အိမ်နီးနားချင်းများကိုလည်း ချစ်ရသည်။ သန့်ရှင်းသောဝိညာဉ်တော်ပြည့်ဝလျှင် တပါးသူများကို ပေးကမ်းဝေငှရန် ဝန်မလေးတတ်ပါ။

စစ်မှန်သော ခရစ်ယာန်သည် ဘေးနားလူများဆင်းရဲ့ချို့တဲ့နေသောအခါ တစ်ဦးတည်းချမ်းသာစည်းစိမ် ခံလေ့မရှိပါ။

:၄၆  ဤကျမ်းပိုဒ်သည် ပင်တေကုတ္တေနေ့ ဘာသာရေး အသက်တာနှင့် အိမ်ထောင်မိသားစု ယုံကြည်ခြင်းအပေါ်သို့ အကျိုးသက်ရောက်ပါသည်။

ဘာသာရေး အသက်တာ၌ အကျိုးသက်ရောက်သူများမှာ ဦးစွာပြောင်းလဲကြသော ယုဒ ကျောထောက် နောက်ခံ ရှိသူများ ဖြစ်သည်။ အသင်းတော် ဖြစ်ထွန်းပေါ်ပေါက်လာသော်လည်း ယုဒဗိမာန်တော်များသည် ချက်ချင်း ပြောင်းလဲပစ်၍ မရနိုင်ပါ။ မည်သို့ပင် ပြောင်းလဲလာစေကာမူ တမန်တော်များ ခေတ်တွင် မသာအဝတ် ဖုံးအုပ်ထားသော ယုဒအစဉ်အလာက အသက်ရှိနေသေးသည်။ ထို့ကြောင့် ယုံကြည်သူများသည် ဗိမာန်တော်များသို့၁၂ တက်ရောက်နေကြဆဲ။ ဓမ္မဟောင်းကျမ်းကို ဖတ်ရှုစောင့်ထိန်းနေကြဆဲ။ နေအိမ်များမှာတွင်မူ မိသားစုအတူတကွ မုန့်ဖဲ့ ကြသည်။ တစ်ယောက်နှင့်တစ်ယောက် မေတ္တာဖြင့် ခွန့်ကျွေးနေကြဆဲ။ ဤနေရာတွင် မုန့်ဖဲ့ခြင်း ဆိုသည်မှာ နံနက်၊ ညနေပုံမှန် အစာစားသုံးခြင်းဖြစ်သည်။ ကယ်တင်ခြင်းမှရရှိသော ဝမ်းမြောက်ခြင်းသည် နေ့စဉ်အသက်တာသို့ စီးဝင်လျက် ဘုန်းတန်ခိုး၏ ကိုယ်ရောင်ကိုယ်ဝါ အဖြစ် ပေါ်ထွန်းသည်။

:၄၇  ဘဝအသက်တာ သီးချင်းမှာ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာဖြင့် အမှောင်ထုမှ သားတော်၏ နိုင်ငံတော်ထဲသို့ ဝင်ရသည့်အကြောင်း စပ်ဆိုသော ကျေးဇူးချီးမွမ်းခြင်းနှင့် ဆာလံသီချင်းများဖြင့်သည်။

ထိုယုံကြည်သူများသည် ကိုယ်နှင့်စပ်ဆိုင်သူများ အားလုံး ချစ်ခင်မြတ်နိုး ကြသည်။ သို့သော် ကြာရှည်မတည်တံ့နိုင်။ ခရစ်ယာန်များ၏ ယုံကြည်ခြင်းအား ပတ်ဝန်းကျင်က မုန်းတီးဆန့်ကျင်ကြသည်။ ထို့ကြောင့် သခင်ဘုရားက တပည့်တော်များအား ပလွှားထင်ပေါ်ခြင်း မပြုကြရန် သတိပေးခဲ့သည် (လု ၆:၂၆)။ ညှဉ်းပန်းနှိပ်စက်ခြင်း၊ ဆင်းရဲခြင်းခံကြရမည် (မ ၁၀:၂၂-၂၃) ဟု မှာခဲ့သည်။ မိမိက ချစ်ခင်မြတ်နိုးပါသော်လည်း တဖတ်သတ် မေတ္တာသာ ဖြစ်သဖြင့် ခိုင်မာမြဲမြံခြင်းမရှိ။

သခင်ဘုရားက အသင်းတော်တွင် ကယ်တင်ခြင်း ရရှိသူများကို တိုးပွားစေသည်။ နေ့စဉ်နှင့်အမျှ ပြောင်းလဲသူများ ဒီရေအလားများပြားလာသည်။ ဧဝံဂေလိသတင်း ကြားသိရသူတိုင်း ယေရှုခရစ်တော်ကို လက်ခံလာကြသည်။ ဘုရားသခင်၏ စီမံခန့်ခွဲချက်ကို လူကလွန်ဆန်ခြင်းမပြုနိုင်။

ဤအခန်းတွင် သန့်ရှင်းသောဝိညာဉ်တော်က တန်ခိုးသွန်းလောင်းပုံ၊ ပေတရုက ယုဒလူမျိုးများ ဟောပြောပုံ၊ လူအုပ်ကြီးအသက်တာ ပြောင်းလဲကြပုံ၊ ကနဦး ယုံကြည်သူများ၏ အသက်တာအစပိုင်းများကို တွေ့မြင်ကြရပြီး ဖြစ်သည်။ ယခု Encyclopaedia Brittanica ၁၃ကြိမ်မြောက်ပုံနှိပ်ခြင်းမှ “အသင်းတော်သမိုင်း” ဆောင်းပါးကို ဝေမျှပါမည်။

အဓိက မှတ်သားရမည့်အချက်မှာ ကနဦးခရစ်ယာန်များသည် ဘုရားသခင်၏လူ များအဖြစ် မိမိကိုယ်ကိုခံယူ၍ ဘုရားထံတော်သို့ ချဉ်းကပ်ကြသည်။ ခရစ်ယာန်အသင်းတော်သည် လူ့အသိဉာဏ်ဖြင့် လူ့အစွမ်းအစဖြင့် ပေါ်ထွန်းခြင်းမဟုတ်။ ဘုရားသခင်အကြံအစည်တော်ဖြင့် ပေါ်ထွန်းခြင်းဖြစ်သည်။ ဘုရားသခင်က တည်ထောင်၍ ဘုရားသခင်က ထိန်းသိမ်းစောင့်ရှောက်သည်။ ကမ္ဘာမြေပေါ်မှာ ဘုန်းတော်ထင်ရှားဖို့ရန် တည်ထောင်ခြင်းဖြစ်သည်။ ထိုသဘောထားကို လက်ဦးယုံကြည်သူများသည် တစ်ဦးချင်း အသက်တာတွင်ဖြစ်စေ၊ လူမှုအသိုင်းဝန်းတွင်ဖြစ်စေ ခံယူကြသည်။ လောကအဖွဲ့အနှောင် သံယောဇဉ်များကို ဖြတ်တောက်ကြသည်။ လောကမှာ နေကြရသော်လည်း ကောင်းကင်နိုင်ငံသား မှတ်ပုံတင်ကိုင်ဆောင်ကြသည်။ အသက်တာကိုလည်း အထက်မိုးယံက စီမံအုပ်ချုပ်သည်။ ဤကမ္ဘာမြေသည် ယာယီဘုံနန်းသာဖြစ်သည်။ တကယ့်ဘဝ အသက်တာမှာ အနာဂတ်တွင်တည်သည်။

ခရစ်တော်ဘုရား မကြာခင်ကြွလာသောအခါ ဤလောက၏ လုပ်ငန်းဆောင်တာများနှင့် သာယာမှုများသည် မှေးမှိန်ပပျောက်သွားမည်။

ခရစ်ယာန်တို့၏ နေ့စဉ်အသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော်ရှိ နေပါသည်။ ကျေးဇူးတော်ကို ခရစ်ယာန်များ၏ အသီးအပွင့်အဖြစ် မြင်ကြရမည်။ ယုံကြည်ခြင်း၏ရလဒ်သည် ဝိညာဉ်အသက်တာ ကြွဝခြင်းတွင် မြင်နိုင်သည်။ သို့သော် သာမန်လူသားဘဝ၏ နေ့စဉ်အသက်တာတွင် တွေ့ရသည်မဟုတ်။ မြင့်ရာအရပ်သို့ ချီမခြင်းခံရသူများ၏ ဝန်းကျင်တွင်သာ မြင်နိုင်သည်။

မိသားစုအသင်းတော် နှင့် အစည်းအရုံးများ

ဂရိ ekklesia အသင်းတော်ဟူသော ဝေါဟာရကို၊ ဤနေရာတွင် ပထမဦးဆုံးတွေ့ရသည်။ ကနဦး ခရစ်ယာန်များ၏ ဗဟိုအချက်အချာသည် အသင်းတော်ဖြစ်သည်။

တမန်တော်ဝတ္ထုနှင့် ဓမ္မသစ်ကျမ်းတွင် မကြာခဏတွေ့ရသော အသင်းတော်သည် မိသားစုအသင်းတော်ဖြစ်သည်။ ကနဦးခရစ်ယာန်များသည် သီးခြားအဆောက်အဦးထက် နေအိမ်တွင် စုဝေးဝတ်ပြုကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် ဘာသာရေးထုံးစံပျောက်ကွယ်လျက် အထူးသဖြင့် စကြဝဠာနှင့်ဆိုင်သော နေအိမ်တွင် စုဝေးဝတ်ပြုမှုကို ဖော်ဆောင်ပြသခြင်းဖြစ်သည်။ Unger က “ထိုမိသားစု အသင်းတော်သည် ရာစုနှစ် ၂ ခုမျှတည်တံ့သည်” ၁၄ ဟုဆိုသည်။ အိမ်ထောင်မိသားစု အသင်းတော်သည် စီးပွားရေး ငွေကြေးအခက်ခဲထက် ဝိညာဉ်ရေးရာ မိုမိုဖြစ်ထွန်းစေသည်ဟု နားလည်ခံယူရသည်။ အသင်းတော်၊ ဗိမာန်တော်အဆောက်အဦးများတွင် စုရုံးဝတ်ပြုခြင်းသည် ဘုရားသခင်၏ စံပြဖြစ်သည်ဟု ခံယူကြသည်။

မည်သို့ပင်ဖြစ်စေကာမူ ၁-ရာစုနှစ် ယုံကြည်သူများသည် ယခုခေတ်ကာလထက် ယုံကြည်ခြင်း ခိုင်မာကြောင်း ဝန်ခံရပါသည်။

ပထမဦးဆုံးအချက်မှာ ပတ်ဝန်းကျင်တွင် ငတ်ပြတ်ချို့တဲ့နေသူရှိနေပါလျက် ဒေါ်လာသိန်းသန်းတန် ဘုရားကျောင်းတွင် ဇိမ်ခံပစ္စည်းများဖြင့် ချစ်ခြင်းမေတ္တာပြကြသည်။ ထိုအကြောင်းကို E Stanley က ဤသို့ ရေးထားသည်။

ရောမမြို့မှ ဘုရားသားခရစ်တော် ကိုးကွယ်ကြပုံကို အထင်ကြီးမောကြည့်ခဲ့သည်။ အဖိုးတန် ကျောက်မျက်ရတနာများ ဝတ်ဆင်လျက် ငတ်မွတ်ခေါင်းပါးသော ကလေးသူငယ်များ        လိုက်ကြည့်ကြသည်။ သခင်ယေရှုသည် ထိုသူငယ်များကို ထိုသို့ကြည့်ကြသလား၊ လက်ဝတ်ရတနာကို ကြည့်ပါသလား၊ ထိုသူ၏ ခရစ်တော်အပေါ် အတွေးအမြင်ကို တွေးဆ၍ မမှီနိုင်ပါ။ ထိုကဲ့သို့ လက်ဝတ် ရတနာဝတ်ဆင်လျှက် ဘုရားကျောင်းတော် တက်ရောက်သူနှင့် ငတ်မွတ်ခေါင်းပါးသော ကလေးသူငယ်များ ပတ်ဝန်းကျင်တွင် အမြဲတွေ့နေရသည်။  ဘုရားကျောင်းတွင်လည်း တွေ့ရသည်။ ထိုသူများ၏ ယုံကြည်ချက်သည် မတွေးဝံ့လောက်အောင် မှားယွင်းနေပါသည်။

ထိုမျှသာမကပါ။ ငွေကြေးမြောက်များစွာ သုံးဖြုန်းလျှက် အဖိုးကြီးမားသော နန်းဂေဟာ သုံးလုံး၊ လေးလုံးပိုင်ဆိုင်ထားကြသည်။ တရက်တွင် လေးနာရီ ငါးနာရီကြာမျှ လောကပျော်ပွဲရွှင်ပွဲ၌ အချိန်းဖြုန်းကြသည်။ အကျိုးအမြတ် ပြန်လည်ခံစားရမည်ဟု မျှော်လင့်ချက်မရှိသော လောကအရာများတွင် အချိန်နှင့်လုပ်အား ငွေကြေး မည်မျှသုံးဖြုန်းကြသနည်း။

ခေတ်မီတိုက်တာ အဆောက်အဦးပိုင်ဆိုင်ခြင်းသည် အသင်းတော်လုပ်ငန်း အဟန့်အတားကြီးတစ်ခုဖြစ်သည်။ အသင်းတော်ခေါင်းဆောင် လူကြီးများသည် ကြီးလေးသော ငွေကြေးအခက်အခဲများဖြင့် အသင်းတော်သစ်အတွက် ရုန်းကန်နေကြရသည်။ လစဉ်အလျှင်မမီ ဝင်ငွေနည်းပါးသူများက အသင်းတော်သို့ ပေးလှူနေကြရသည်။ အသစ်တဖန် မွေးဖွားခြင်း မခံရသေးသူများ အကြွေးလည်ပင်းခိုက်၍ အသင်းတော်ကို မျှော်လင့်ချက်ထားကြသည်။

အဆောက်အဦးကြီးများကို ဗန်းပြ၍ အမှုတော်နှင့် မဆိုင်သော ကိစ္စများတွင် ရှုပ်နေကြသည်။ လူ့အမြင်ကြည့်လျက် ဓမ္မသစ်ကျမ်းအမြင်ဟု ဆိုတတ်ကြသည်။ ကနဦးအသင်းတော်များ၏ အဓိက ရည်ရွယ်ချက်သည် ယုံကြည်သူတိုးပွားခြင်းဖြင့်သည်။ ယုံကြည်သူများ၏ တမန်တော်သွန်သင်ခြင်း၊ မိဿဟာယဖွဲ့ခြင်း၊ မုန်းဖဲ့ခြင်း၊ ဆုတောင်းခြင်းအတွက် စုဝေးကြသည် (တ ၂:၄၂)။ တနင်္ဂနွေနေ့အတွက် စည်းရုံးဖိတ်ခေါ်ခြင်းမပြုကြ။ တစ်ပတ်တာအတွင်း ခံစားရသော အတွေ့အကြုံများဖြင့် သက်သေခံကြသည်။ အသက်တာ ပြောင်းလဲလာသူများကို နွေးထွေးစွာ ကြိုဆိုကြသည်။ အိမ်ထောင်စုအသင်းတော်လည်း ကြီးထွား၍ သတ္တိရှိလာကြသည်။

တစ်ခါတရံ အသင်းတော်များသို့ ဖိတ်ခေါ်ဖို့ အခက်ခဲရှိပါသည်။ သမရိုးကျသမားများဟု ခါးသီးစွာ ငြင်းငယ်ခြင်းခံရတတ်သည်။ ရံပုံငွေ ကောက်ခံမှာ စိုးရိမ်ကြသည်။  “အသင်းတော်က အိတ်ကပ်ငွေများကို အလိုရှိသည်” ဟု ဆင်ခြင်ပေးကြသည်။ ထို့ကြောင့်ရှေးရိုးဝါဒီသမားများသည် အသင်းတော်တွင် ဝတ်ပြုပါဝင်ခြင်းထက် အိမ်ထောင်မိသားစု အသင်းတော်၌ စိတ်ပါဝင်စားကြသည်။

စင်စစ်တွင် အိမ်ထောင်မိသားစု အသင်းတော်သည် တိုင်းနိုင်ငံတိုင်း၊ ယဉ်ကျေးမှုတိုင်း၌ စံပြ အသင်းတော်ဖြစ်သည်။ ကမ္ဘာတဝှမ်းလိုက်ကြည့်လျှင်လည်း အဆောက်အဦးကြီးထက် အိမ်ထောင်မိသားစု အသင်းတော်က ပိုများပါသည်။

ယနေ့ကာလတွင် အသင်းတော်များ၊ သာသနာ့ရိပ်သာများ၊ ဂေဟာများကို ဂိုဏ်းဂနအလိုက်ဖြစ်စေ၊ နယ်မြေဒေသအရဖြစ်စေ၊ သာသနာနယ်အရဖြစ်စေ၊ အသင်းတော် အဆင့်ဆင့်ဖွဲ့စည်းခြင်း၊ စုပေါင်းဖွဲ့စည်းခြင်းများ တွေ့ရသည်။ ထိုသို့ ဖွဲ့စည်းခြင်းသည် တမန်တော်ဝတ္ထုမှ အသင်းတော်၏ ရည်ရွယ်ချက်နှင့် ဖီလာဆန့်ကျင်နေပါသည်။ ဒေသန္တရအသင်းတော်သာလျှင် ဤကမ္ဘာပေါ်တွင် ဘုရားရှင်စံထားသော အသင်းတော်ဖြစ်သည်။ တပည့်တော်များပါဝင် ထူထောင်ခဲ့သော ယုံကြည်ခြင်း မျိုးစေ့ကြဲရာဖြစ်သည်။

ယခုကာလတွင် ဂိုဏ်းဂနများစွာ၊ အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းဖေါင်းပွနေသည်။ အချိန် တိုင်းတွင် အကြံသစ်၊ ဉာဏ်သစ်ထုတ်၍ နယ်ပယ်သစ် ရှာဖွေကြသည်။ စုပေါင်းလုပ်ဆောင်ကြသည်လည်း ရှိသည်။

ထိုသို့ ကျယ်ပြန့်လာသောအခါ သာသနာပြုဆရာများသည် လုပ်ငန်းဆောင်တာ ပိုမိုကျယ်ဝန်းလာကာ၊ အာဏာပိုင်စီမံအုပ်ချုပ်သူ ဖြစ်လာသည်။ မူလရည်ရွယ်ချက် သာသနာပြုခြင်း မှေးမှိန်ပျောက်ကွယ်သွားသည်။ သာသနာပြုဆရာအားလုံး လုပ်ငန်းခွင်ထဲသို့ ကွင်းဆင်းကြလျှင်လည်း ပုဂ္ဂိုလ်ရေး အခက်အခဲရှိနေပြန်သည်။

အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းခြင်းဖြင့် အကြီးအကဲဌာနချုပ်တွင် ငွေကြေးရံပုံငွေလိုလာသည်။ အဖွဲ့အစည်းကြီးလေ အသုံးစရိတ် ပိုကြီးလေဖြစ်သည်။ ထိုစီမံအုပ်ချုပ် ရံပုံငွေကြောင့် သာသနာ့နယ်မြေတွင် သုံးရမည့်ငွေကြေး ထိခိုက်လုံးပါးစေသည်။

အဖွဲ့အစည်းအဆင့်ဆင့် ဖွဲ့စည်းခြင်းသည် သာသနာပြုခြင်း၏ အဟန့်အတားတစ်ခုခြစ်သည်။ သခင်ယေရှုက တပည့်တော်များကို မှာကြားတော်မူသမျှအား လုပ်ဆောင်ကြရန် စေစားခဲ့သည်။ အဖွဲ့အစည်း အဆင့်ဆင့်တွင် လုပ်ဆောင်နေသူများသည် ဘုရားသခင်၏ သမ္မာတရား ဟောကြားသွန်သင်ရန် အခွင့်အလန်းမရှိကြပါ။ ဌာနဆိုင်ရာ၏ ငွေကြေးသုံးစွဲ့မှု ခွင့်ပြုငွေအရ လုပ်ဆောင်ရသဖြင့် ကြီးကြပ် ကန့်သတ်မှုရှိနေသည်။

ထိုနည်းတူ ဓမ္မကောလိပ်၊ ဓမ္မတက္ကသိုလ်များသည်လည်း ထိုအကြပ်အတည်းမျိုး မကြာခဏ ရင်ဆိုင်ရသည်။ ခရစ်တော်အား သက်သေခံမည့်အစား ကျောင်းတစ်ခုနှင့် တစ်ခု ပြိုင်ဆိုင်ကြသည်။ မနာလိုဖြစ်နေကြသည်။

သာသနာ့အဖွဲ့အစည်း အဆင့်ဆင့်များသည် ကာလရှည်ကြာ လုပ်ဆောင်သည်နှင့်အမျှ လုပ်ဆောင်ချက်များ မှန်ကန်သည်ဟု ယူဆလာကြသည်။ တအိအိတရွေ့ရွေ့နှင့် ကာလကြာလာသောအခါ မူလရည်ရွယ်ချက်လည်း ပျောက်ဆုံးသွားသည်။ ခုန်ပျံကျော်လွှား၍ သက်ဝင်လှုပ်ရှားလာကြသည်။ ဝိညာဉ်ရေးရာ ဉာဏ်ပညာဖြင့် မူလဖွဲ့စည်းထားသော ကနဦးအသင်းတော်သည် ခေတ်မီလူမှုရေး အဖွဲ့အစည်းသဏ္ဌာန် ဖြစ်ပေါ်လာသည်။ ထို့အကြောင်းကို G.H. Lang က ဤသို့ဆိုထားသည်။

ပါးနပ်သော စာရေးသူတစ်ယောက်က တပည့်တော်များ ကျင့်သုံးသည့် သာသနာပြုသည့် နည်းလမ်းတွေ့ထားသည် ဟုဆိုသည်။ တပည့်တော်များသည် အသင်းတော်များတည်ထောင်သည်။ ရောက်လေရာမှာ အသင်းတော်ထူထောင်၍ သင်းအုပ်များခန့်အပ်သည်။ အမြဲတန်း သင်းအုပ်များရှိသည်။ သင်းအုပ်မရှိသော နေရာဟူ၍မရှိ ( ၁၄:၂၃၊ ၁၅:၂၃၊ ၂၀:၁၇၊ ဖိ :) လမ်းပြဖို့၊ စီမံဖို့၊ ထိန်းကျောင်းဖို့၊ အရည်ချင်းရှိသူကို ဘုရားသခင်က စီရင်ခွဲခန့်၍ သန့်ရှင်းသူများက အတည်ပြုပေးကြသည်။ (၁ကော ၁၆:၁၅၊ ၁သက် :၁၂၁၃၊ ၁တိ :၁၇၁၉) သင်းထောက်များကို အသင်းတော်က ခန့်အပ်သည် ( :၆၊ ဖိ :) သင်းထောက်များသည် လူကခန့်အပ်ခြင်းဖြစ်၍ သင်းအုပ်နှင့် ဆန့်ကျင်သည်ဆိုသော်လည်း အသင်းတော်၏ စီမံအုပ်ချုပ်မှု၊ ငွေကြေးရံပုံငွေ ကိုင်တွယ်သူဖြစ်၍ အရေးကြီးသည်။ တပည့်တော်များသည် အသင်းတော်ဖြစ်မြောက်ရေးအတွက် စုစည်းခြင်းသာပြုသည်။ အခြားအဖွဲ့အစည်းအဆင့်ဆင့်၊ သာသနာ့နယ်မြေများ   ကန့်သတ်ခြင်းများ ဓမ္မသစ်ကျမ်းတွင် မရှိပါ။ ၁၆

ကနဦး ခရစ်ယာန်များနှင့် တမန်တော်များ၏ ဦးဆောင်မှုသည် ဘုရားသခင် စီမံခွဲခန့်သော အသင်းတော်စံနှုန်းဖြင့် အမှုတောင်ဆောင်ကြသည်။ ဘုရားသခင်ရွေးချယ်ပေးသော နည်းလမ်းအတိုင်း လိုက်လုပ်ကြသည်။ ထိုစံနှုန်းမှာ ဒေသန္တရအသင်းတော်ဖြစ်သည်။

Previous Article
Next Article