တမန်တော်ဝတ္ထု ၃

() ခြေဆွံ့သူကျန်းမာခြင်းနှင့် ဣသရေလများအား ပေတရုကဆုံးမခြင်း (:၂၆)

:  ပေတရုနှင့် ယောဟန် ဗိမာန်တော်သို့ရောက်ရှိသည့်အချိန်သည် ညနေ(၃)နာရီခန့် ဖြစ်သည်။ ယခင်ကျမ်းပိုဒ်အတိုင်း ကနဦး ယုဒခရစ်ယာန်များသည် ခရစ်ယာန်ဘာသာ ယုံကြည်သက်ဝင်သွားကြသော်လည်း ဗိမာန်သို့ သွားနေကြဆဲဖြစ်သည်။ ထိုကာလသည် စပ်ကူးမတ်ကူး အသွင်ကူးပြောင်းရေးကာလ ဖြစ်သည်။ ယုဒရိုးရာ ထုံးတမ်းစဉ်လာကို လုံးဝလွှင့်ပစ်၍ မရသေး။ ယနေ့ ယုံကြည်သူများသည် ထိုပုံသဏ္ဌာန်မျိုးနှင့် မသင့်တော်ပါ။ ဓမ္မသစ်ကျမ်းတွင် “တပ်ပြင်သို့ ထွက်သွားကြလော့၊ အထံတော်သို့ သွားကြလော့” (ဟေဗြဲ ၁၃: ၁၃) ဟု မိန့်မှာထားပြီးဖြစ်သည်။ (၂ကော ၆:၁၇-၁၈ ကိုကြည့်ပါ)

:  ပေတရုနှင့် ယောဟန်တို့ ဗိမာန်တော်သို့ ဝင်သောအခါ တင့်တယ် အမည်ရှိသော တံခါးဝ၌ သူတောင်းစားတစ်ယောက်တွေ့သည်။ ထိုတံခါးသည် တင့်တယ်ဆိုသော တံခါးအမည်လှလှနှင့်မလိုက်။ ထိုသူဖုန်းစားသည် မွေးရာပါခြေထောက် မသန်မစွမ်းသောကြောင့် ဘုရားကျောင်းသို့ လာသမျှထံမှ လက်ဝါးဖြန့်တောင်းစားသည်။ ထိုကျမ်းပိုဒ်အရ အသင်းတော်သည် ခိုကိုးရာမဲ့၊ အားနွဲ့သူများ ကွန်းထောက်ခိုနားရာ ဖြစ်သည်။ ရုပ်ပိုင်း၊ ဝိညာဉ်ပိုင်း အားနည်းသူများ မှီကိုးရာဖြစ်သည်။

:  ထိုသူတောင်းစားက တောင်းစားနေကြပုံစံအတိုင်း ပေတရုတို့နှင့်ဦးအား မျှော်လင့်ချက်ဖြင့် လက်ဝါးဖြန့်၍ တစာစာတောင်းခံသည်။

:  ကူဖေါ်လောင်ဖက်မရှိ၊ ခိုကိုးရာမဲ့ဖြစ်ကြောင်း ပေတရု တွေ့မြင်သောအခါ ဘုရားသခင် ဘုန်းတော်ထင်ရှားဖို့ရာ ဖြစ်သည်ဟု နားလည်လိုက်သည်။ (ဝိညာဉ်တော်က ဦးဆောင်လျှင် ဘုရားသခင် ကောင်းချီးမင်္ဂလာကို မြင်ရသည်။ ထိပ်ဖူးမပါသော ကျည်ဆံဖြင့် ပစ်ခတ်သကဲ့သို့ လေထဲတွင် မြည်ပါသည်)

ပေတရုက “ငါကိုကြည့်စမ်းဟု ဆိုသည်။ ထိုစကားသည် သူ့ကိုလူတိုင်း သိအောင် ပတ်ဝန်းကျင်အား မိတ္တူပေးခြင်းမဟုတ်၊ တပည့်တော်နှင့် သူတောင်းစား မခွဲခြား၊ လူလူချင်း အဆင့်အတန်း တန်းတူသတ်မှတ်ခြင်းဖြစ်သည်။

:  ထိုသူတောင်းစားသည် ငွေစငွေနထက် အခြားမျှော်လင့်ချက်မရှိ။ လက်ဝါးဖြန့်ခံသော်လည်း မျှေင်လင့်ထားသကဲ့သို့ မဟုတ်ဘဲ၊ စိတ်ပျက်ဖွယ်ရာ စကားဖြစ်သည်။ ပေတရုနှင့် ယောဟန်က ငါတို့မှာ ပေးစရာပိုက်ဆံမရှိ၊ သို့သော် ထို့ထက်ကောင်းသော ပေးစရာရှိသည်။ နာဇရက်သားယေရှု နာမတော်ဖြင့် နင့်ကို အမိန့်ပေးသည် ထ၍လမ်းလျှောက်လော့ ဟုဆိုကြသည်။ ထိုအကြောင်းကို တရားဟောဆရာ တစ်ဦးက “ခြေဆွံ့သူက ငွေစတောင်းခံသောအခါ ထိုငွေစထက် ကောင်းသောခြေထောက်ရသွားသည်” ဟု ဟောကြားဘူးသည်။

တစ်ခါက ပုပ်ရဟန်းမင်းငွေပုံကြီးရေတွက်နေစဉ် Thomas Aquina အလည်ရောက်ရှိသည်။ ပုပ်ရဟန်းမင်းက “ပေတရုလို ပေးစရာငွေမရှိဘူးလို့ ပြောစရာမလိုတော့ဘူး” ဟုပြောရာ ဧည့်သည်က “ထ၍လမ်းလျှောက်လော့” ဟု ပြောရန်လိုသေးကြောင်း စကားဖြည့်လိုက်သည်။

:  ပေတရုက လက်ဆွဲ ထူမလိုက်သောအခါ ထိုခြေထောက်မသန်သူသည် လူကောင်းပကတိ ဖြစ်သွားသည်။ ဤနေရာတွင် လူ့သဘာဝခွန်အားနှင့် ဝိညာဉ်ခွန်အားသည် ဒွန်တွဲလျက်ရှိကြောင်း နားလည်ရသည်။ ခြေထောက် ကောင်းစေခြင်းသည် ရုပ်ခန္ဓာကျန်းမာစေခြင်းဖြစ်၍ လက်ဆွဲထူမခြင်းသည် ဝိညာဉ်ရေးရာ အသက်တာထူမကူညီခြင်းဖြစ်သည်။

:  အံ့သြဖွယ်ရာ အနာရောဂါကင်းငြိမ်းစေရာတွင် တဖြေးဖြေးခြင်းမဟုတ်။ ချက်ချင်းကောင်းသွားသည်။ ဘုရားသခင်၏ ဝိညာဉ်တော်၏စကားသည် အဘယ်မျှ ဘုန်းတန်ခိုးကြီးပါသနည်း။ ထစေသည်၊ လမ်းလျှောက်စေသည်၊ ခုန်ပေါက်စေသည်။

ကလေးသူငယ် တစ်ယောက် ပထမဆုံးခြေလှမ်းစလှမ်းသောအခါ ကလေးကိုယ်တိုင် မိမိကိုယ်ကို စိတ်ချယုံကြည်မှုရှိ၍ မိဘများ ဝမ်းသာကြရသကဲ့သို့။ တသက်လုံးလမ်းမလျှောက်နိုင်သော ထိုသူတောင်းစား ချက်ချင်းလမ်းလျှောက်နိုင်သည့်အခါ အဘယ်မျှ ဝမ်းသာမည်နည်း။

ဤအံ့ဘွယ်လက္ခဏာသည် နာဇရက် ယေရှု၏ နာမတော်ဖြင့် ပြည့်စုံခြင်းဖြင့်သည်။ ဣသရေလများ ကားတိုင်တွင် ကွပ်မျက်ခဲ့ကြသောသူသည် ယုဒများ အနာရောဂါကင်းငြိမ်းစေသူနှင့် ကယ်တင်ရှင်သခင် ဖြစ်ကြောင်း သက်သေအထောက်အထားဖြစ်သည်။

:၁၀  ထိုသူတောင်းစားသည် ဝမ်းသာအားရ ရွှင်လန်းစွာဖြင့် ဘုရားသခင်၏ ဂုဏ်တော်အား ချီးမွမ်းသောအခါ လူတွေ အံ့သြကြသည်။ အဘယ်ကြောင့်ဆိုသော် နေ့ရက်စဉ်ဆက် တစ်ခါးဝတွင်လဲလျောင်း၍ တောင်းစားနေသူ တစ်ယောက်က လူကောင်းပကတိဖြစ်လာမည်ဟု မည်သူကမျှ မထင်ခဲ့ကြ။ ယခုမူ လုံးဝအကောင်းပကတိ ဖြစ်သွားသည်။ လူထုပရိသတ်သည် ထိုအမှုအရာကို တွေးမရအောင် အံ့သြတွေဝေကြသည်။

:၁၁  နေကောင်းကျန်းမာသွားသောကြောင့် ထိုသူတောင်းစားသည် ဗိမာန်တော်ဝင်းအတွင်းတွင် ကခုန်ပေါက်ပြေးလွှားသည်။ ထိုအံ့ဖွယ်နိမိတ် အကြောင်းကို ပေတရုက တရားဟောသည်။

:၁၂  လူထုပရိသတ်က ပေတရုအား စိမ်းစိမ်းကြီး ကြည့်ရှုနေကြသော အခါ ပေတရုက ဤအနာရောဂါပျောက်ကင်းခြင်းသည် မိမိတို့အစွမ်းအစ ဘုန်းတန်ခိုးဖြင့် မဟုတ်ကြောင်း ဦးစွာရှင်းပြလိုက်သည်။

:၁၃၁၆  ထိုအံ့ဘွယ်နိမတ် လုပ်နိုင်သူ အရှင်သခင်သည် ယေရှုသခင်ဖြစ်ကြောင်း မဆိုင်းမတွ ပြောပြသည်။ ထိုယေရှုသည် ယုဒများငြင်းပယ်၍ ကားစင်သို့ပို့ခဲ့သူ၊ ယခုကောင်းကင်နိုင်ငံတွင် စိုးစံသူ ဖြစ်သည်ဟုဆိုသည်။ ထိုသခင်ကို ယုံကြည်သောကြောင့် ဤဒုက္ခိတသည်လည်း ခြေထောက်ကောင်း သွားခြင်းဖြစ်သည်။

ပေတရုသည် ပြောရင်းဆိုရင်း သတ္တိပွားလာသောကြောင့် ထိုဣသရေလ လူအုပ်အား အောက်ပါအတိုင်း ဆုံးမလိုက်သည်။

၁။ ယေရှုကို တပါးသူလက်ထဲသို့ ပို့ဆောင်သည်။

၂။ ပိလတ်မင်းက အပြစ်မရှိလွှတ်ပေးဖို့ ပြုသော်လည်း ငြင်းပယ်ဆန္ဒ ပြကြသည်။

၃။ ဖြောင့်မတ်စင်ကြယ်သူကို ငြင်းပယ်လျက် ရာဇဝတ်ကောင် လူသတ်သမား (ဗာရဗ္ဗ)ကို စေလွှတ်ဖို့ တောင်းဆိုကြသည်။

၄။ အသက်၏သားတော် ကို ကွပ်မျက်ကြသည်။

ထိုလူအပြုအမူများကို  ဆန့်ကျင်၍ ဘုရားသခင်က ဤသို့လုပ်ဆောင်သည်။

၁။ သေခြင်းမှထမြောက်စေ သည် (အငယ် ၁၈)

၂။ စေခံယေရှုအား ဘုန်းတန်ခိုးပွင့်စေ သည်။ ၁၆၁၁ ကျမ်းအရ သားတော်ယေရှုဟု မခေါ်ပါ။

 ခရစ်တော်ကို ယုံကြည်ခြင်းဖြင့်အနာရောဂါ ကင်းငြိမ်းကြောင်း မှတ်သားပါ (ငယ် ၁၆)။ ဤကျမ်းပိုဒ်တွင် နာမတော်အားဖြင့် ကျန်းမာခြင်းအခွင့် ရသည်ဟု ဆိုသည်။ ထိုနာမတော်မှာ သခင်ယေရှုခရစ်တော်၏ ထိုနာမတော်ဖြစ်၍ နာမတော်၌ပင် ဘုန်းတန်ခိုးတည် သည်။

:၁၇  ရှင်ပေတရု၏ လေသံသည် အပြောင်းကြီးပြောင်းသွားသည်။ သူ၏ ယုဒညီ အကိုများအား ချစ်ခင်မြတ်နိုးသောကြောင့် စာနာစိတ်ဖြင့် သူတို့၏ မသိနားမလည် မိုက်မှားခဲ့မူကို နောင်တရ၍ ပြောင်းလဲကြဖို့ တောင်းပန်သည်။

ယုဒလူမျိုးများက ယေရှုသခင်အား ကားတိုင်ပေါ်တွင် ကွပ်မျက်ကြခြင်းသည် မသိနားမလည်မှု မိုက်မှားမှုဖြစ်သည်ဟု ပေတရုကဆိုသည်။  ယေရှုသည် မေရှိယသခင် အစစ်အမှန်ဟုတ်ပါသလား။ ယုဒများအလယ်တွင် အံ့ဖွယ်လက္ခဏာများ ပြပါသလား။ ယေရှုသည် ဘုရားသခင်နှင့် တန်းတူဟု ယူဆခဲ့ပါသလား။ ဟုတ်ပါသည်။ အကုန်မှန်ပါသည်။ ယေရှုခရစ်တော်သည် ဘုရားသခင်ဖြစ်သော်လည်း လူ့ဇာတိခံယူသည်ကို ယုဒများ မသိနားမလည်ကြ။ မေရှိယကို မျှော်လင့်ခဲ့ကြသည်မှာ မှန်သော်လည်း ယေရှုကဲ့သို့ အောက်ကျနောက်ကျ ရောက်လာမည်ဟု မထင်ခဲ့ကြ။ စစ်မက်ဗိုလ်ပါ အလုံးအရင်းနှင့် ကြီးကျယ်ခမ်းနားစွာ ရောက်လာမည်ဟု ထင်မှတ်ခဲ့ကြသည်။

ယေရှုကို ဘုရားသားတော်မှန်း မသိကြ။ ဘုရားသခင်၏ အစေခံတစ်ယောက်အနေဖြင့်သာ လက်ခံကြသည်။ ထိုဘုရားအစေခံက ကားတိုင်ပေါ်တွင် အသေခံနေစဉ်တွင်ပင် “သူတို့ဘာလုပ်ကြသည်ကိုမသိ” (လု ၂၃:၃၄) ဟု ဆိုခဲ့သည်။ ရှင်ပေါလုကလည်း “ဤဉာဏ်ပညာတော်အကြောင်းကို မည်သူမှ နားမလည်ကြ။ အကယ်၍ သိရှိနားလည်လျှင် ဘုန်းအသရေတော် အရှင်ကို လက်ဝါးကပ်တိုင်တွင်တင်၍ သတ်ကြမည်မဟုတ်” (၁ကော ၂:၈) ဟုဆိုသည်။

ဣသရေလများသည် ထိုမျှကြီးလေးသော မိုက်မှားမူကို ကျူးလွန်ခဲ့ကြသည်။ မည်မျှပင်အမှုကြီးလေး စေကာမူ ဘုရားသခင်သည် ချစ်ခြင်းမေတ္တာဖြင့် ခွင့်လွှတ်နိုင်သူဖြစ်သည်။

:၁၈  ဘုရားသခင်သည် လူများ၏ အပြစ်ဒုစရိုက်အား ကြည့်ရှု၍ အလုပ်လုပ်သည်မဟုတ်။ မိမိအစီအစဉ်တော်အတိုင်း အလုပ်လုပ်ပါသည်။ မေရှိယသခင် အသခံတော်မူခြင်းသည် ဘုရားသခင်၏ အစီအစဉ်တော်ဖြစ်သည်။ ရှေးပရောဖက်များစွာလည်း မေရှိယအသေခံမည့်အကြောင်း ဗျာဒိတ်ပေးခဲ့ ကြသည်။ ထိုသို့ မေရှိယအသေခံရာတွင် ယုဒများသည် အဓိကတစ်နေရာမှပါဝင်သည်။ ယခု သူ့ကိုကယ်တင်ရှင်အဖြစ် ဝန်ခံကြဖို့ ကမ်းလှမ်းဖိတ်ခေါ်သည်။ ထိုသို့ဝန်ခံကြလျှင် ယုဒများ၏ အပြစ်မိုက်မဲမူများကို ခွင့်လွှတ်မည်။

:၁၉  ဣသရေလများသည် ခေါင်းချင်းဆိုင်၍ နောင်တရဖို့ ပြောနေကြပြီ။ ထိုသို့ နောင်တရ၍ ဝန်ခံကြလျှင် အပြစ်များခွင့်လွှတ်သစ်လွင်လန်းဆန်းသောဘဝသစ်၊ ခွန်အားသစ်ရရှိခံစား ကြမည်။

ဣသရေလလူများသို့ လိပ်မူပြောကြားသော (အပိုဒ်ငယ် ၁၂)ကို ပြန်လည်ဖတ်ကြည့်ပါ။ တစ်မျိုးသားလုံးနှင့်ဆိုင်သော နောင်တရကြလျှင် တစ်မျိုးသားလုံး ကောင်းကြီးမင်္ဂလာခံစားကြရမည်။ အားသစ်ခွန်သစ်ရရှိမည့် အချိန်သည် ကမ္ဘာမြေပေါ်တွင် တည်ထောင်မည့် ခရစ်တော်၏ အနာဂတ်နိုင်ငံတော်တွင် ဖြစ်ကြောင်း နောက်ပိုင်းကျမ်းပိုဒ်များတွင် တွေ့ရသည်။

:၂၀  အမျိုးသားလုံး နောင်တရလျှင် ဘုရားသခင်က မေရှိယသခင်ယေရှုကို စေလွှတ်ပေးမည် ဟုဆိုသည်။ ထိုစေလွှတ်ခြင်းသည် ဒုတိယအကြိမ်ယေရှုသခင် ကြွလာ၍ ကမ္ဘာမြေကို အနှစ်တထောင် အုပ်ချုပ်မည့်အကြောင်း ဖြစ်သည်။

:၂၁  “ဣသရေလများ နောင်တရလျှင် သခင်ယေရှု လူ့လောကသို့ ပြန်လာမည်ဟူသော ပေတရုစကားသည် မေးစရာဖြစ်နေသည်။ ကြီးမားသော အယူအဆကွဲ ပြားစရာရှိသည်။ အချို့က ကိုယ်တော်ဘုရား ပြန်လည်ကြွလာမည်ဟုသာ ရိုးရိုးလေးလက်ခံသည်။ တချို့က ထိုကတိစကားသည် စေ့စပ်သေချာခြင်းမရှိ ဟုဆိုကြသည်။ အချို့ကမူ တကယ်ဖြစ်ပျက်မည့် ပရောဖက်ပြုချက်ဖြစ်သည်ဟု ခံယူကြသည်။ မေးစရာကောင်းသော မေးခွန်းဖြစ်သည်။ ဣသရေလများ နောင်တမရမချင်း သခင်ယေရှုပြန်မလာသေးပါ။

ဣသရေလများက ခရစ်တော်အား ငြင်းပယ်ကြမည့်အကြောင်း အခန်းငယ် ၂၁ တွင် အထင်အရှားရေးထားပါသည်။ ယခုခေတ်ကာလသည် ခရစ်တော်ဘုရား ဒုတိယအကြိမ် မကြွလာမီ ကြားကာလ ကျေးဇူးတော်ကာလ ဖြစ်သည်။ အရာခပ်သိမ်းကို အသစ်ပြုပြင်ပြောင်းလဲတော်မူရာ၊ ကာလမတိုင်မီတိုင်အောင် ယေရှုခရစ်တော်သည် ကောင်းကင်နိုင်ငံ၌ စိုးစံနေမည်။ အရာခပ်သိမ်းအသစ်ပြုပြင်ရာကာလ ဆိုသည်မှာ အနှစ်တထောင် ခရစ်တော်အုပ်စိုးခြင်းကာလ ဖြစ်သည်။ ကမ္ဘာလောက စကြဝဠာတစ်ခုလုံး ကယ်တင်မှုရရှိခြင်းမဟုတ်ပါ။ ပျက်စီးယိုယွင်းတတ်သည့် ဖန်ဆင်းထားသောအရာများ အားလုံး ကယ်နှုတ်၍ ဤကမ္ဘာမြေပေါ်တွင် ခရစ်တော်ဘုရား နိုင်ငံတော်တည်ထောင်အုပ်စိုးမည့် အချိန်ကာလဖြစ်သည်။

ထိုအချိန်ကာလကို ရှေးပရောဖက်ကြီးများက အစုံအလင် ပရောဖက်ပြုကြပြီး ဖြစ်သည်။

အပိုဒ်ငယ် ၂၁ သည် ချီဆောင်ခြင်းကာလ မတိုင်မီအကြောင်းကို ဟောပြောခြင်းမဟုတ်ပါ။ အနှစ်တထောင် အုပ်စိုးချိန်အခါကျမှ ခရစ်တော်အား လူ့လောကသို့ ကြွရောက်လျှင် အသင်းတော်ချီဆောင်ခြင်း ကင်းလွတ်သွားမည်။ သို့သော် ဤနေရာမှ ပေတရုစကားသည် ဣသရေလ အများသားများနှင့်သာ သက်ဆိုင်သည် (ငယ် ၁၂)။ ဘုရားသခင်နှင့် ဣသရေလ လူမျိုးအား ဆက်နွယ်ပေးခြင်းဖြစ်သည်။ ဣသရေလလူမျိုးသည် ဘုရားသခင်နှင့် ဆက်စပ်ပတ်သက်မြဲ ဆက်စပ်နေကြသောကြောင့် ဘေးဒဏ်ကြီးကာလ အဆုံးတွင် သခင်ယေရှုကြွရောက် လာမည့်အကြောင်း သတိပေးခြင်းဖြစ်သည်။ ကျေးဇူးတော်ကာလတွင် တစ်ဦးချင်း၊ တစ်ယောက်ချင်း သခင်ယေရှုကို လက်ခံသော ယုဒများမှာမူ တပါးအမျိုးသားများနှင့် အတူ အသင်းတော်ချီဆောင်ခြင်းတွင် အကြုံးဝင်သွားပါမည်။ ထိုချီဆောင်ခြင်းကာလတွင် ယခင်ယေရှုသည် ကောင်းကင်နိုင်ငံမှ စောင့်နေမည်မဟုတ်။ လမ်းခုလတ်ကောင်းကင်ယံထိ လာရောက်ကြိုဆိုပါမည်။

:၂၂  ပေတရုသည် သခင်ခရစ်တော်ဘုန်းတန်ခိုးဖြင့် အုပ်စိုးမည့်အကြောင်းကို (ဝတ် ၁၈:၁၅၊ ၁၈၊၁၉) ကိုးကားပြသည်။ ထိုကျမ်းပိုဒ်တွင် သခင်ယေရှုကို ဣသရေလတို့၏ ရွှေခေတ်တွင် ဘုရားသခင်၏ သဘောတော်၊ ရွှေပဋိညာဉ်၊ ဘုရားသခင်၏ ပရောဖက်အဖြစ် ပုံဖေါ်ထားသည်။

မောရှေက ဘုရားသခင်က ပရောဖက်အဖြစ် ထမြောက်စေမည်ဟုဆိုသည်။ အကျင့်လက္ခဏာ၊ အရည်အသွေး၌ တူညီရုံမျှသာမဟုတ်၊ ထပ်တူထပ်မျှဖြစ်သည်။ သူသည် သူ့ကိုယ်သူထမြောက် သကဲ့သို့ ငါ့ကိုလည်း ထမြောက်စေမည်ဟုထပ်ဆိုထားသည်။

:၂၃  သခင်ယေရှု အုပ်စိုးခြင်းရောက်သောအခါ တကြိမ်တစ်ခါက စကားတော် မနာခံ၊ ငြင်းပယ်ကြသူများအား အကုန်အစင်ဖျက်ဆီးပစ်မည်။ ယခုငြင်းပယ်ကြသူများ သည်လည်း ထာဝရအပြစ်ဒဏ် စီရင်ခြင်းခံရမည်။ ဤကျမ်းပိုဒ်၏ အဓိက သွန်သင်ချက်မှာ ခရစ်တော်ဘုရားက သံလှံတံတော်ဖြင့် အုပ်စိုးခြင်းအား နာခံခြင်းမရှိ၊ ပုန်ကန်ကြသူများအား ထိရောက်စွာစီရင်မည့် အကြောင်းဖြစ်သည်။

:၂၄  ဣသရေလများ ပြန်လည်စုစည်းကြမည့် အကြောင်းကိုလည်း ပရောဖက်ပြုထားသည်။ ထိုနေ့ရက်အကြောင်းကို ရှမွေလမှစ၍ ရှေးပရောဖက်များ က ဟောကြားခဲ့ကြပြီးဖြစ်သည်။

:၂၅  ထိုရှေးပရောဖက်များ  ဟေားကြားချက်များသည် အာဗြဟံ၏ သားစဉ်မြေးဆက်များ အားလုံး နှင့် အကြုံးဝင်သည်ဟု ပေတရုက ယုဒတရားနာ ပရိသတ်အား ထပ်မံသတိပေးလိုက်သည်။ အာဗြဟံ၏ မျိုးစေ့အားဖြင့် ကမ္ဘာအဝှမ်းတွင် လူများပြားစေမည် ဟူသော ပရောဖက်ပြုချက်သည် ထင်ရှားသောစကား ဖြစ်သည်။ ကတိတော်ဟူသမျှသည် ထိုမျိုးစေ့တွင် တည်သည်။ ဥပမာအားဖြင့် သခင်ယေရှုအား မေရှိယအဖြစ် လက်ခံရမည့်အကြောင်း လည်းပါသည်။

:၂၆  ဘုရားသခင်သည် အစေခံများကို ထမြောက်စေခဲ့သည် (၃:၁၃)။ သားတော်ကိုလည်း ရွေးကောက်တော်မူသော ဣသရေလလူမျိုးအဖို့ စေလွှတ်သည်။ ထိုစကားမှာ သခင်ယေရှု ရှင်ပြန်ထမြောက်ခြင်းထက် လူသားဘဝ ခံယူခြင်းကို ဆိုလိုပါသည်။ အကယ်၍ သခင်ဘုရားကို လက်ခံကြ မည်ဆိုလျှင် ဆိုးညစ်မှုများကို စွန့်ပယ်ကြ ရမည်။

ပေတရု၏ ဤဟောကြားချက်ဒေသနာသည် အသင်းတော်ထက် နိုင်ငံတော်ကို ဦးစားပေးဟန်တူသည်။ လူမျိုးတစ်မျိုးလုံးထက် တစ်ဦးချင်းတစ်ယောက်ချင်းကို မစသည်။ ဘုရားသခင်၏ ဝိညာဉ်တော်သည် ရွေးကောက်ထားသော ဣသရေလလူမျိုးအား နှစ်လရှည်ကြာ ကရုဏာထားတော်မူသဖြင့် ကောင်းကြီးမင်္ဂလာခံစားကြစေရန် ယေရှုခရစ်တော်အား မေရှိယ အဖြစ်စေလွှတ်သည်။ ယေရှုကို ယုံကြည်လက်ခံစေချင်သည်။ နောက်တဖန် မြေကြီးပေါ်တွင် နိုင်ငံတော်တည်ဦးမည်။ သို့သော် ဣသရေလများသည် မကြားချင်ယောင်ဆောင်ကြသည်။

Previous Article
Next Article