ဗျာဒိတ်ကျမ်း ၂၀

၂၀: အနှစ်တထောင်နိုင်ငံတော်မစမှီ မာရ်နတ်ကိုစစ်ကြောရသည်။ ကောင်းကင်တမန်တပါးသည် အနက်ဆုံ:သောတွင်းသော့နှင့် သံကြိုးကြီးကိုင် ဆောင်လျက် ကောင်းကင်ဘုံက ဆင်းသက်လာမည်။

သခင်ဘုရားကြွလာသောအခါ စာတန်ကိုချုပ်နှောင်ထားသည် (မ ၁၂:၂၉) ဟု ကျမ်းစကားဆို ထားရာ ဤစစ်ကြောခြင်းသည် အခြားကိစ္စရပ်တခု ဖြစ်သည်။

          ၂၀: ကောင်းကင်တမန်က စာတန်အား သံကြိုးကြီးဖြင့် အနှစ်တထောင် တုတ်နှောင်လိုက်သည်။ ယောဟန်က ထိုစာတန်အစား” နဂါး ၊မြွေဆိုး၊ နတ်ဆိုး နှင့် မာရ်နတ်” ဟုလေးမျိုးကင်ပွန်း တပ်ထားသည်။

၂၀: အနှစ်တထောင်အုပ်စိုးခြင်း ကာလတွင် ထိုမာရ်နတ်ဆိုးအား အဆုံးမရှိသော တွင်းထဲသို့ ပစ်ချထားသည်။ထိုတွင်းနက်ကြီးသည် အသူတရာနက် တောက်သဖြင့် စာတန်ဆိုးသည် ထွက်မလာနိုင်ပါ။ လူများကိုလည်း လှည့်ဖျား၊ ရိုက်စားခြင်းမပြုနိုင်ပါ။ ခရစ်တော်၏ အနှစ်တထောင် အုပ်စိုးခြင်း ကာလပြီးဆုံ:သော အခါ ခဏတဖြုတ် ပြန်လွှတ်ပေးမည်။ မီးကုန်ယမ်းကုန် သောင်းကျန်းလာမည်(ငယ် :၇-၁၀)

          ၂၀: ထို့နောက် ကောင်းကင်ပလ္လင်ပေါ်၌ အမိန့်အာဏာ အပြည့်အစုံဖြင့် စိုးစံသူများကို တွေ့မြင်ရ သည်။ ထို သန့်ရှင်းသူများ သည် အသင်းတော် ကာလတလျှောက် သစ္စာရှင်များ ဖြစ်၍ ခရစ်တော်နှင့် အတူတကွ သတို့သမီးအဖြစ် စိုးစံသူများဖြစ်သည်။ သားရဲ၏ အမှတ်တံ ဆိပ် များကို ငြင်းပယ်သော မာတုရများကိုလည်း ထိုနေရာတွင် မြင်တွေ့ကြရသည်။ ထိုသူများသည် ဘေးဒဏ်ကြီးကာလတွင် သစ္စာရှိရှိ အသေခံကြသော သန်ရှင်း သူများဖြစ်သည်။ ထိုအုပ်စုနှစ်စုစလုံ:သည် ငြိမ်သက်ခြင်းနှင့် ကြွယ်ဝခြင်းရွှေခေတ်တွင် ခရစ်တော် နှင့် အတူတကွ စိုးစံမည့်သူများဖြစ်သည်။

၂၀: ဤကျမ်းပိုဒ်၏ ပထမပိုင်းသည် စကားချပ် ဖြစ်သည်။ မယုံကြည်သူများ၏ အလောင်းကောင် များသည် အနှစ်တထောင် အုပ်စိုးခြင်းကာလ မပြီးဆုံ:မီ၊ ထမြောက်ခြင်းမရှိ။ အနှစ်တထောင် ကာလပြီးဆုံ:၍ ပလ္လင်ဖြူတရားစီရင် ခြင်း ဌာန ၌ အပြစ်စီရင်ခြင်းခံရန် ထမြောက်လာကြမည်။

ဤထမြောက်ခြင်းကား ပထမအကြိမ် ထမြောက်ခြင်းဖြစ်သည် ဟု ကျမ်းစကဆိုသည်။ ထမြောက်ခြင်းသည် တခုတည်းသာ မဟုတ်ပါ။ ဖြောင့်မတ်မှန်ကန်သူများ၏ ထမြောက်ခြင်းကို အလီလီ ဆိုထားသည်။ ခရစ်တော်ရှင်ပြန်ထမြောက်ခြင်း (၁ကော၁၅:၂၃)၊ အသင်းတော်ချီဆောင်ခြင်းခံရသောအခါ ခရစ်တော်၌ တည်နေသူများ ထမြောက်ခြင်း (၁သက်၄:၁၃-၁၈) လမ်းမအလယ်မှ အလောင်းကောင်နှစ်ခု သက်သေခံချက်အဖြစ် ထမြောက်ခြင်း (ဗျာ၁၁:၁၁) တို့သည် ဤကျမ်းပိုဒ်ပါ ဘေးဒဏ်ကြီးကာလမှ သန့်ရှင်းသူများ ထမြောက်ခြင်း (ဒံ၁၂:၁၂ ကိုကြည့်) ဖြစ်သည်။ တနည်းပြောရလျှင် ပထမအကြိမ် ထမြောက်ခြင်းတွင် ခရစ်တော်နှင့် စစ်မှန် သော ယုံကြည်သူများ တမျိုး၊ တနေရာစီ ထမြောက်ခြင်း အားလုံ: အကြုံးဝင်သည်။

          ၂၀: ထိုပထမအကြိမ် ထမြောက်ခြင်းတွင် ပါဝင် သူများသည် မင်္ဂလာရှိသူများဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် မယုံကြည်သူများကို မီးအိုင်ထဲ သို့ ပစ်ချခြင်း (:၁၄) ခံနေရသော်လည်း ထိုသူများသည် ဒုတိယသေခြင်း ကြုံ ရတော့မည် မဟုတ်။ ထိုသူများသည် ဘုရားသခင်၏ ယဇ်ပုရောဟိတ်၊ ခရစ်တော်၏ ယဇ်ပုရောဟိတ်များဖြစ်၍ ၊အနှစ်တထောင်ကာလ ပတ်လုံး ခရစ်တော်နှင့် အတူ စိုးစံကြရမည်။

          ၂၀: အနှစ်တထောင် အုပ်စိုးခြင်းကာလပြီးဆုံးသော အခါ စာတန် မာရ်နတ်ကို ခဏပြန်လွှတ်ပေးမည်။ သူလည်း တိုင်းနိုင်ငံများအား လှည့်ဖျားရိုက်စားရန် အရပ်လေးမျက်နှာသို့ ပြေးလွှားသွားလာပြီး၊ ခရစ်တော်အား ပြစ်တင်ရှုတ်ချဖို့ လိုက်လံ မြူဆွယ်ဖြားယောင်းမည်။ ကျမ်းစကားကမူ ဂေါဂနှင့် မာဂေါဂဟု ဆိုသည်။ ထို စကားလုံးကို (ယေ၃၈၊၃၉)နှင့် ရောထွေးသွားနိုင်သည်။ မာဂေါဂ ဆိုသည်မှာ ဣသရေလ မြောက်ပိုင်းလွင်ပြင် ဒေသကြီးဖြစ်၍ ဂေါဂ ဆိုသည်မှာ ထိုအရပ်ဒေသကို အုပ်စိုး စိုးစံသူဖြစ်သည်။ ဤ ကျမ်းစကားတွင် ထိုစကားလုံးသုံးခြင်းသည် ယေဘုယျသဘော တင်စားခြင်းဖြစ်သည်။ယေဇကျေလကျမ်း သည် အနှစ်ထောင်ကာလကိုရည် ညွှန်း၍ ဤကျမ်းပိုဒ်မူကားအရပ်ဒေသကို တင်စားခေါ် ဝေါ် ခြင်းဖြစ်သည်။

          ၂၀: မယုံကြည်သော သူပုန်ကန်သူများ စုဆောင်း တပ်ဖွဲ့ ပြီးသောအခါမာရ်နတ်သည် ယေရုရှလင်မြို့အား သိမ်းပိုက်ရန် ဝိုင်းရံလာမည်။ သို့သော် ထိုမြို့တော်သည် ဘုရားသခင် ချစ်စဖွယ်သောမြို့တော်ဖြစ်သောကြောင့် ကောင်းကင်ဘုံမှ မီးများ ပစ်ချခြင်းဖြင့် ထိုသူပုန်များအား မီးလောင်ပြာကျစေမည်။

() စာတန်နှင့် မယုံကြည်သူများအား အပြစ်စီရင် ခြင်း(၂၀:၁၀၁၅)

          ၂၀:၁၀ စာတန် မာရ်နတ်အား ကန့်မီးအိုင်ထဲ သို့ ပစ်ချသောအခါ သားရဲ၊မိစ္ဆာပရောဖက်များ နှင့် အတူ ဝေဒနာပြင်းစွာ ခံစားရသည်။

အနှစ်တထောင် နိုင်ငံတော် အပြီးတွင် စာတန်မာရ်နတ်က သူပုန်ကန်သူများစုဆောင်း၍ တပ်ဖွဲ့ခြင်းသည် အံ့အားသင့်နိုင် ပါသည်။ ခရစ်တော် အုပ်စိုးသည့် ကာလတွင် မွေးဖွားသောကလေးများသည်လည်း ကယ်တင်ခြင်း ရဖို့ရန် လိုအပ်သည်။ ထိုကလေးတိုင်းက ခရစ်တောအား ဖြောင့် မတ်သော ဘုရားအဖြစ် လက်ခံမည်မဟုတ်ပါ။လောကီ အကျင့်များ ရှိ၍ ယေရုရှလင် မြို့နှင့် ဝေးကွာစရာအကြောင်းရှိသည်။

သားရဲနှင့် မိစ္ဆာပရောဖက်များသည် အနှစ်တထောင်နောက်ပိုင်း တွင် လည်း ငရဲပြည်တွင် ရှိနေသေးသည်။ နေ့၊ညဉ့်မပြတ် ကာလအစဉ်အဆက် ချုပ် နှောင်ထားသည်ဟူသော ကျမ်းစကားအားဖြင့် ဖယ်ရှင်းသုတ်သင်ထားကြောင်း နားလည်ရသည်။

          ၂၀:၁၁ နောက်အကြောင်းအရာသစ် တခုမှာ ပလ္လင်ဖြူတရားစီရင်ခြင်းဖြစ်သည်။ ထိုအမူအရာသည် ကြီးစွာသောအမှု ကိစ္စဖြစ်သည်။ အဖြူရောင်သည် ပြည့်စုံခြင်း၊ စင်ကြယ်ခြင်း ဖြစ်၍ သခင်ယေရူ ကိုယ်တော်တိုင် တရားစီရင် မည် (ယော ၅:၂၂-၂၇) ။ကောင်းကင် နှင့် မြေကြီးသည်မျက်နှာ တော်ရှေ့မှာ နေစရာ မရှိအောင် ပြေးလွှင့် နေကြသည် ဟုဆိုခြင်းမှာ ဤတရားစီရင်ခြင်း သည် ထာဝရကာလ နှင့် သက်ဆိုင်၍ ဖန်ဆင်းထားသော မျက်မှောက်အရာများ ဖျက်ဆီးမည့်အကြောင်း ဖြစ်သည် (၂ပေ ၃:၁၀)။

          ၂၀:၂၁ သေလွန်သောသူ အကြီးအကဲတို့ သည် ပလ္လင်တော်ရှေ့မှာ ရပ်နေကြသည်။ ထိုရပ်နေသူများမှာ အရွယ်စုံ မယုံကြည်သူများဖြစ်သည်။ စာစောင်နှစ်စောင်ဖွင့် ထားသည်။ တစ်စောင်မှာ ခရစ်တော်၏ အသွေးတော်ဖြင့် ဝယ်ယူထားသူများ ပါဝင်သောအမည်စာရင်း ဖြစ်သည်။ နောက်စာစောင် တခုသည် ကယ်တင်ခြင်း မရရှိသောသူများ၏ အကျင့်စရိုက်ကို အသေးစိတ်မှတ်တမ်း တင်ထားသည့်စာစောင်ဖြစ်သည်။ ထိုစာစောင်နှစ်ခုစလုံးတွင် အမည်စာရင်းမပါရှိသူ တစ်ယောက် မှ မရှိ။ ပြု ခဲ့ သော အပြစ်ဒုစရိုက်များက ခံထိုက်သော အပြစ်ဒဏ်များကို ဖော်ပြနေသည်။

          ၂၀:၁၃ ပင်လယ်သမုဒ္ဒရာ သည် လည်း သူ့ထံ၌ မြုပ်နှံထားသော သေလွန်သူများကို ပြန်လည် အပ်နှံ သည်။ သင်္ချိုင်းဆိုသည်မှာ မည်သည့်နေရာ ကိုမဆို သေလွန်သူများအား မြုပ်နှံထားသော နေရာကို ဆိုလိုသည်။ Hades(မရဏာပြည်) ကလည်း သူ့ထဲ တွင် ရောက်ရှိနေသော မယုံကြည်သူများ၏ ဝိညဉ်ကို ပြန်အပ်သည်။ အပြစ်စီရင်ခြင်းခံ ယူရန် ရုပ်ခန္ဓာနှင့် ဝိညဉ်များ ပြန်လည် ဆုံစည်း ပေါင်းစပ်ကြသည်။

ထို့သို့ဖြင့် မိမိ ပြုခဲ့သောအကျင့် ပေါ်တွင် ဆုလက်ဆောင်၊ မိုက်မှားမှုများ အတွက် အပြစ်ဒဏ်အသီးသီးခံယူကြရသည်။ မိမိ တို့ပြုခဲ့သော အကျင့် အတိုင်း ကိုယ့်ထိုက်နှင့် ကိုယ့်ကံ ဖြစ်သည်။

၂၀:၁၄ မရဏ္ဍာနိုင်ငံကို မီးအိုင်ထဲသို့ ပစ်ချလေ၏ ဟုသော ကျမ်းပိုဒ်ကို ဖတ်ရူရသောအခါ ရုပ်၊စိတ်၊ဝိညဉ် သုံးပါးစလုံ: ပါဝင်သည်။ ထို့ထက် ရှင်းပြ၍ ဒုတိယအကြိမ် သေခြင်းဖြစ်သည်။ NKJC Margin ကမူ မီးအိုင်ဟုဆိုသည်။

Madeaနှင့် Hell သည်ခြားနားသည်။ မပြောင်းလဲသေးသူ သေလွန်လျှင် ရုပ်ခန္ဓာကိုယ်အပြစ်ဒဏ် ခံရသောနေရာ သည် Hades(မီးအိုင်)ဖြစ်သည်။ ဒယ်အိုး ကြီးသဖွယ် ဖြစ်သည်။ ထိုနေရာရောက်ဖို့ ပလ္လင်ဖြူတရား စီရင်ခြင်းကိုစောင့်ရသည်။

ယုံကြည်သူများ သေလွန်မူကား၊ ကောင်းကင်ဘုံ၌ ကောင်းကြီးခံစားဖို့ရန် ရုပ်ခန္ဓာထမြောက်ဖို့ စောင့်မျှော်နေရသော မရဏ္ဍာဖြစ်သည်။ ယေရှုသေလွန်သောအခါ ပရဒိသုဘုံသို့(လု ၂၃:၄၃) သွားသည်။ ရှင်ပေါလုကမူ တတိယကောင်းကင် (၂ကော ၁၂:၂-၄) ဘုရားသခင် ကိန်းဝပ်စိုးစံရာ ဟု မှတ်ယူသည်။ တ၂:၂၇ တွင် သခင်ဘုရား ရောက်ရှိသော နေရာသည် Hadesဟု ဆိုသည်။ ဘုရားသခင်ကလည်း သူ့ဝိညာဉ်အား ထိုHades(မရဏ္ဍာနိုင်ငံ)တွင် မထားရစ်ပါ ကောင်းကြီးမင်္ဂလာခန္ဓာကိုယ်ဖြင့် ရစ်ပတ်လွှမ်းခြုံထား ပါသည်။

Hell (ငရဲပြည်) ဆိုသည်မှာ ဆိုးညစ်သူများအား နောက်ဆုံ: အကျဉ်းချနေရာ ဖြစ်သည်။ မီးအိုင်ဂေဟာန၊ ဒုတိယသေခြင်းများနှင့် အတူတူဖြစ်သည်။

          ၂၀:၁၅ ဤတရားစီရင်ခြင်းသည် အသက်စာစောင်၌ အမည်စာရင်းပါမပါ ဆုံ:ဖြတ်ချက်အတည်ပြု ခြင်းဖြစ်သည်။ ထိုအသက် စာစောင်စာရင်း၌ နာမည်ပါရှိသူများသည် ပထမအကြိမ် ထမြောက်ရာ၌ ပါဝင်ကြသည်။ ထို့ကြောင့် ဤ ကျမ်းပိုဒ်သည် ပလ္လင်ဖြူ တရားစီရင်ရာ၌ ရောက်ရှိလာသူများ၏ အကြောင်းဖြစ်သည်။

Previous Article
Next Article