ရှင်ပေတရုသြဝါဒစာဒုတိယစောင် ၃

၄။      ပြောင်လှောင်သရော်သူများ ပေါ်ထွန်းလာမည့်အကြောင်း (အခန်း )

          :    ပြီးခဲ့သော အခန်း(၂)တွင် မိစ္ဆာဒိဠိသင်ဆရာများအကြောင်း ဆွေးနွေးပြီးနောက် ဤအခန်းတွင် နောက်ဆုံးကာလ၌ ပေါ်ထွန်းလာမည့် ပြောင်လှောင်သရော်သူများ အကြောင်းကို ကြိုတင် သတိပေးထားသည်။ ရှေးဦးစွာ သမ္မာကျမ်းစာကို မြဲမြဲစွဲကိုင်ဖို့ တိုက်တွန်းထားသည်။

:     ဓမ္မဟောင်းကာလမှ သန့်ရှင်းသော ပရောဖက်များအကြောင်းကို ကြားသိခဲ့ကြပြီးပါပြီ။ ဓမ္မသစ် ကာလတွင်မူ မိစ္ဆာဒိဠိဆရာများသည် သခင်ဘုရား၏ ဒေသနာများကို လွဲမှားစွာ သွန်သင်လာကြမည့် အကြောင်း ကြိုပြောထားသည်။ သမ္မာကျမ်းစာသည် နေ့ရက်ကာလ စဉ်ဆက်ကာကွယ်ပေးသည့် တစ်ခုတည်းသော နည်းလမ်းဖြစ်သည်။

:    နောက်ဆုံးကာလ၌ ပြက်ယယ်ပြုတက်သောသူတို့သည် မိမိတို့ တပ်မက်ခြင်းအတိုင်း ကျင့်နေမည်။ ထိုအချက်ကို ခရစ်ယာန်များ မှတ်သားထားရမည်။ မာနထောင်လွှားလျှက် အပြစ်တင်စရာများသာ ဖြစ်မည်။ ထိုလက္ခဏာမျိုးတွေ့လျှင် ကာလအချိန်သည် ပို၍ နီးလာပြီဟု မှတ်ယူရမည်။

ထိုမတရားသူများသည် မိမိရမ္မက်ဆန္ဒအတိုင်းသာ ပြုကျင့်ချင်ကြသည်။ ဘုရားသခင်အား သိကျွမ်းခြင်းကို ငြင်းပယ်ကြသည်။ သူတို့မိုက်မဲမှု၏ ဆိုးပြစ်များကိုလည်း စိုးရိမ်ပူပန်ခြင်းမရှိကြ။ နောက်ဆုံး အပြစ်စီရင်ခြင်းကိုလည်း စဉ်းစားကြည့်ကြဟန်မတူ။

:    ခရစ်တော်ဘုရား ပြန်လည်ကြွလာမည့်အကြောင်းကို ခါးခါးသီးသီး သရော် ပြောင်လှောင်ကြသည်။”

”  သခင်ဘုရား ကြွလာမည်ဟူသော ကတိတော်သည် အဘယ်မှာရှိသနည်း” ဟု မိုက်မဲစွာ ပြက်ရယ်ပြုကြသည်။ ဘယ်မှာကတိတော်ပြည့်စုံ သလဲဟု ဆိုခြင်းဖြစ်သည်။ အဘယ်ကိုယ်တော် ကြွလာမည့်အကြောင်းကို ဆိုလိုကြသနည်း။

ခရစ်တော်ဘုရားသည် သန့်ရှင်းသူများကို ချီဆောင်ဖို့ ကြွလာမည့်အကြောင်း(၁ သက် ၄:၁၃-၁၈)လား။ ခရစ်တော်ဘုရား ပထမကြွလာမည့်အကြောင်းကို နားစွန်နားဖျားဖြင့်ကြားသိပြောဆိုခြင်းဖြစ်သည်။

သန့်ရှင်းသောသူများနှင့်အတူ ခရစ်တော်ဘုရား နိုင်ငံတော်တည်ထောင်ဖို့ ကြွမြန်းလာခြင်း (၁ သက်၃:၁၃)ကို ဆိုလိုကြသလား။ ဤအကြောင်းအရာ ဖြစ်ဖို့များသည်။

ဤကျမ်းပိုဒ်၏ ဆိုလိုရင်းမှာ ကမ္ဘာကြီးအား ဘုရားသခင်က နောက်ဆုံးတရားစီရင်ခြင်း သို့မဟုတ် ကမ္ဘာ ကုန်ဆုံးကြောင်း ဖြစ်သည်။ နှစ်ပေါင်းတစ်ထောင် အုပ်စိုးခြင်းအပြီးတွင် ကောင်းကင်နှင့်မြေကြီး ပျက်စီးမည့်အကြောင်း ကိုသရော်ကြခြင်း ဖြစ်သည်။

ခရစ်ယာန်များကို လူဘုံအဖွဲ့အစည်းကို အမြဲခြောက်လှန့်နေကြသည်။ ဘုရားသခင်သည် သမိုင်းတလျှောက်မှာ ပါဝင်၍ လူဆိုးများကို တရားစီရင်သည်။ ကမ္ဘာကြီးကို ဖျက်ဆီးသည်ဟု ဆိုသည်မှာ အဓိပ္ပါယ်မရှိပါ။ဘာမှ ကြောက်စရာမလိုဘူး။ ပျော်သလိုနေကြရမည်။ လူ့သမိုင်းတလျှောက်မှာ ဘုရားသခင်က ဝင်ရောက်စီရင်သည် ဆိုသည့် သက်သေအထောက်အထား မခိုင်လုံပါ။ ဘာကြောင့်ထိုဘုရားကို ယုံကြည်ကိုးကွယ်ရမည်နည်းဟု ပြောဆိုတတ် ကြ သည်။

သူတို့အကျင့်စရိုက်သည် ပစ်စလက်ခတ်အမှတ်သညာ မရှိခြင်း ဖြစ်သည်။ ဘိုးဘေးများ အိပ်ပျော်သည်နောက် ခပ်သိမ်းသောအရာတို့သည် ဖန်ဆင်းစက ဖြစ်သကဲ့သို့ ဖြစ်မြဲဖြစ်ကြ၏ ဟုဆိုလျှက် ကဲ့ရဲ့တတ်ကြ၏။ လူ့လောက ဘသာဝကြီးလည်း သူ့သဘောအတိုင်း ဖြစ်မြဲဖြစ်နေခြင်း ဖြစ်သည်။ မည်သည့်သဘာဝလွန် တန်ခိုးရှင်က ဖန်တီးချယ်လှယ်ခြင်း မရှိဟု ယူဆကြသည်။

လောကကြီးသည် သူ့ပုံစံအတိုင် ဖြစ်မြဲဖြစ်နေသည်ဟု ယုံကြည်ကြသည်။ ရှေးယခင်ကလည်း ဤအတိုင်းဖြစ်ခဲ့၍ ယခုကာလတွင်လည်း ရှေးယခင်အတိုင်းဖြစ်နေကာ အရာရာသည် သူ့သဘောအတိုင်း သာဖြစ်နေကြသည်ဟု ခံယူ ကြသည်။

ထိုအယူအဆသည် တစ်သားတည်း တစ်ပုံစံတည်း လောကကြီး ဖြစ်ပျက်နေသည်ဟူသော အယူအဆနှင့်တိုးတက် ပြောင်းလဲခြင်း နိယာမတို့၏ ချိတ်ဆက်ဖြစ်သည်။ တိုးတက်ပြောင်းလဲခြင်း နိယာမ မှန်ကန်လျှင် သက်ရှိသတ္တဝါများသည်လည်း စနစ်တကျ ညီတူညီမျှ ပြောင်းလဲလာကြရမည်။ အကယ်၍ ဤကမ္ဘာလောကကြီးသည် သဘာဝဘေးအန္တရာယ် ကြီးများနှင့် မမျှော်မှန်းနိုင်သော ကံဆိုး မိုးမှောင်ကျခြင်းကြောင့် ပျက်စီးခဲ့ရသည် ဆိုလျှင် ဒါဝင် အယူအဆအချို့ သည်အကျိုးသက်ရောက်မှု ရှိကောင်း ရှိနိုင်သည်။

:    ထိုမထီမဲ့မြင်သမားများက ရေလွှမ်းမိုးခြင်းကို ပြင်းထန်စွာကဲ့ရဲ့ကြသည်။ ဘုရားသခင်သည် တကြိမ်တစ်ခါဝင်ရောက်၍ ဆိုးသွမ်းမိုက်မဲသူများကို သန့်စင်ခဲ့သည်။ ထိုသို့ တကြိမ်တစ်ခါပြုလုပ်ခဲ့လျှင် နောက်တစ်ကြိမ် ဝင်ရောက်လာဖို့ အကြောင်းရှိပါသည်။

ထိုအချိန်အခါကလူများသည် အဆိုးကြီးဆိုးနေကြသည်။ သူတို့ အသိဉာဏ်ပညာကို မာနထောင်လွှားကြသည်။ သူတို့အကြောင်းပြချက်ကို ဟုတ်လှပြီဟု ထင်မှတ်ကြသည်။ သိပ္ပံနည်းကျသည်။ ယုတ္တိခိုင်လုံသည်ဟု ဘဝင်မြင့် ကြသည်။ သို့သော်လည်း သူတို့ထင်မှတ်သမျှသည် လူသမိုင်းတွင် အမဲစက်မှတ်တိုင်အဖြစ် ကျန်ရစ်ခဲ့သည်။ ဘူမိဗေဒ လေ့လာစရာအဖြစ်သာ ကျန်ရှိခဲ့ကြသည်။

ထိုသို့ ဘုရားသခင်ကို မေ့လျော့၍ ဆိုးသွမ်းကြသောကြောင့် ကောင်းကင်ရေပြွန်ပေါက်များကို ဖွင့်လှစ်သော ကြောင့် ပျက်စီးခြင်းသို့ ရောက်ကြရ၏။ ကောင်းကင်နှင့်မြေကြီးသည် ဘုရားသခင်၏ နှုတ်ကပတ်တော်ဖြင့် ဖန်ဆင်းထားသောကြောင့် နဂိုရ်အတိုင်း ရှိမြဲရှိနေ၏။ (ဟေဗြဲ ၁၁:၃)။ ထို့ကြောင့် ရေထဲကထွက်၍ ဖြောင့်တည်သောမြေကြီး ဟုဤ ကျမ်းပိုဒ်ကဆိုထားသည်။ ထိုကျမ်းစကားသည် နက်နဲလှသောကြောင့် အကုန်အစင် နားမလည်နိုင်ဟု ဝန်ခံပါသည်။ က ၁:၂ တွင် ကမ္ဘာမြေကြီးသည် ရေဖြင့်လွှမ်းမိုးကြောင်း နားလည်ရသည်။ အငယ် ၆ ကို ဆက်ဖတ်လျှင် မြေနှင့်ရေကို ဘုရားသခင်ကခွဲခြားစေသောကြောင့် သက်ရှိသတ္တဝါများ အသက်မရှင်နိုင်ဟု တွေ့ရသည်။ထိုအကြောင်းကို (ဆာ ၂၄:၂)တွင် ” ထိုနေရာကို သမုဒ္ဒရာပေါ်မှာမူတည်၍ ရေများပေါ်တွင် မြဲမြံစေတော်မူပြီ” ဟု ထပ်ဆိုထားသည်။

သိပ္ပံနည်းကျသည်ဖြစ်စေ၊ မကျသည်ဖြစ်စေ ရှင်ပေတရုစကားအတိုင်း ကမ္ဘာမြေကြီးသည် ရေထုအားဖြင့် ဖြစ်သည်။ ကမ္ဘာမြေကို တိမ်သလာက ဖုံးလွှမ်းမည်။ ၃/၄ သည် ရေထုဖြစ်၍ အများဆုံးထုသည် အရည်ဖြစ်သည်။ ထို့ကြောင့် ကမ္ဘာကြီးသည် ရေထုကြီးဖြင့် ဖွဲ့စည်းထားသော ဂြိုလ်ဖြစ်၍ လူ့ဘဝကို ဆက်လက်တည်တံ့စေသည်။

:    ထိုနိယာမသဘောအတိုင်း ကမ္ဘာမြေကြီးသည် ရေ၏ ဖျက်ဆီးခြင်း အန္တရာယ် အဆင်သင့်လွယ်ထား နေသည်။ ရေဓာတ်အခံရှိသည်။ ပင်လယ်သမုဒ္ဒရာမှာ ရေပြည်လျှံနေသည်။ အပေါ်မှာ တိမ်သလာထဲ၌ ရေမှုံရေမွှားများရှိ နေသည်။ ဘုရားရှင်က အပေါ်နှင့်အောက်မှ ရေလွှတ်လိုက်သောအခါ (က ၇:၁၁) ကုန်းမြေတပြင်လုံးသည် ရေလွှမ်းမိုး လျှက် သင်္ဘောထဲသို့ မရောက်သော သက်ရှိသတ္တဝါ ဟူသမျှသည်လည်း ပျက်စီးကုန်သည်။

ဝေဖန်ရေးသမားများက ဤအကြောင်းကို အကြီးအကျယ် ဝေဖန်ကြသည်။ ထိုရေလွှမ်းမိုးခြင်း ဘေးဒဏ်ကြီးသည် ရာစုနှစ်ပေါင်းများစွာ ဖြစ်ပျက်ခဲ့သော စိတ်ဝင်စားဖွယ်ရာ ဇာတ်လမ်းဖြစ်သည်။ ခါးသီးစွာ ဝေဖန်ငြင်းပယ်ကြသော်လည်း ရှေးဦးလူသားများနှင့် ခေတ်သစ်လူများ မှတ်သားဖို့ ကမ္ဗည်းကျောက်တိုင်အဖြစ် ကျန်ရှိနေသည်။ အထူးသဖြင့် ဘုရား ရှင်၏ နှုတ်ကပတ်တော်၌ ရှိနေပါသည်။

:    ဘုရားရှင်က ကမ္ဘာကြီးကို ဖန်ဆင်းစဉ်တွင် ရေကိုလည်း ကမ္ဘာကိုဖျက်ဆီးနိုင်အောင် ထည့်သွင်း ဖန်ဆင်းထားသည်။ ထိုကဲ့သို့ပင် မိုးနှင့်မြေကို ဖျက်ရန် မီးကိုလည်း အသင့်ပြင်ထားသည်။

ယခုအဏုမြူခေတ်ကာလသည် စွမ်းအင်ပိုင်ဆိုင်မှု ခေတ်ဖြစ်သည်။ နူကလီးယားဗုံးတလုံး၏ ဖျက်ဆီးနိုင်မှု စွမ်းအားကို နားလည်ကြပါသည်။ ကမ္ဘာမြေကြီးသည် မီးလောင်ပျက်စီးရန် အကြောင်းရင်းက ရှိနေသည်။ ဘုရားရှင်၏ ကျေးဇူးတော်ကြောင့် ယခုကဲ့သို့ နေထိုင်နိုင်ကြသေးခြင်းဖြစ်သည်။ကော ၁:၁ရ တွင်” ခပ်သိမ်းသော အရာတို့သည် တန်ခိုးတော်အားဖြင့် တည်ကြ၏” ဟုဆိုထားသည်။အကယ်၍ လက်တော်သာရွေ့တော်မူလျှင် အရာခပ်သိမ်းသည် ဗြောင်းဆန်ကုန်မည်။တချိန်တည်းတွင် ကောင်းကင်နှင့် မြေကြီးသည်လည်း မီးဖြင့်သန့်စင်ရန် အဆင်သင့် လုပ်ထား သည့်အတိုင်း ဘုရားမသိသေးသူများကို စီရင်သွားပါမည်။

:   ဘုရားသခင်၏ အပြစ်စီရင်မည့် ထိုနေ့ရက်သည် အဘယ်ကြောင့် နှောင့်နှေးနေသနည်း။ ပထမဦးစွာ သိရှိရန်မှာ ဘုရားသခင်၏ အချိန်နာရီကို မသိရှိနိုင်ကြပါ။ ဘုရားရှင်သည် လူသားများ၏ အချိန်နာရီတိုင်းအလုပ် လုပ်သည်မဟုတ်။ လူ့အချိန်နာရီသည် နေနှင့်ကမ္ဘာမြေကြီး ရွေ့လျားမှုပေါ်မှာ သတ်မှတ်ထားသည်။ ဘုရားသခင်၏ အချိန်နာရီသည် ထိုအချက်ပေါ်မှာ မမူတည်ပါ။

ထာဝရဘုရားမှာ ကာလတစ်ရက်သည် အနှစ်တထောင်ကဲ့သို့ ၎င်း၊ အနှစ်တစ်ထောင်သည် တစ်ရက်ကဲ့သို့၎င်း ဖြစ်သည်။ တစ်ရက်ကို နှစ်ပေါင်းတစ်ထောင် ဖြစ်နိုင်သကဲ့သို့ နှစ်ပေါင်းတစ်ထောင်ကိုလည်း တစ်ရက်အဖြစ် သတ်မှတ်နိုင်သည်။ အချိန်ကာလကို ဆွဲဆန့်နိုင်သကဲ့သို့ ကြုံလည်းကြုံနိုင်သည်။

:   ဘုရားမသိသောသူ မိုက်များသည် အပြစ်စီရင်ခြင်းဖြင့် ဘဝအဆုံးသတ်ရမည်ဟု ကတိတော်ပြုထားသည်။ ထိုသို့ရက်ရွှေ့နှောင့်နှေးနေလျှင် ဘုရားသခင်သည် ကတိတော်မတည်ရာ ရောက်သလား။ မဟုတ်ပါ။ အချိန်ပေး သည်းခံခြင်း ဖြစ်သည်။ ဘုရားသခင်သည် သူ့လူများအား တစုံတစ်ဦးမှ မပျက်စီးစေလိုပါ။ လူတိုင်းအားနောင်တမျက်ရည် နှင့်အတူ အထံတော်ပါးသို့ အပြေးရောက်လာစေချင်သည်။ လူတိုင်းနောင်တရစေရန် အချိန်ဆွဲကာ ကယ်တင်ခြင်း အခွင့်အရေးပေးခြင်း ဖြစ်သည်။ ဟေရှာ ၆၁: ၂ တွင် ဘုရားသခင်၏ နှစ်သက်ရာနှစ်နှင့် ကလဲ့စားချေရာရက်ဘဝကြောင်းကို တွေ့ရသည်။ ဆိုလိုသည်မှာ ဘုရားသခင်၏ ဂရုဏာတော်ကို ပြသရန်နှင့် အပြစ်စီရင်ခြင်း အမှုထူးကို (ဟေရှာ ၂၈: ၂၁)နားလည်ရန် ဖြစ်သည်။ နှစ်ပေါင်းတစ်ထောင်တိုင်အောင် ရက်ဆန့်နိုင်သကဲ့သို့ တစ်ရက် တည်းနှင့်လည်း အပြစ်စီရင်နိုင်သည်။

ရေလွှမ်းမိုးခြင်းမတိုင်မှီ နှစ်ပေါင်း(၁၂ဝ)တိုင်အောင် စိတ်ရှည်သီးခံခဲ့သည်။ ယခုတဖန် ကမ္ဘာကြီးကိုမီးဖြင့် ဖျက်ဆီးမည့်အချိန်မှာ နှစ်ပေါင်းထောင်နှင့်ချီ၍ စိတ်ရှည်သီးခံသည်။

: ၁ဝ မှတ်သားရမည့်အချက်မှာ ဘုရားသခင်၏နေ့ရက်သည် လာနေသည်။ဘုရားသခင်၏နေ့ရက်ဆို သည်မှာ အပြစ်စီရင်ရာနေ့ဖြစ်သည်။ ဓမ္မဟောင်းကျမ်းစကားအရ ပြောဆိုရလျှင် ဒုစရိုက်သမားများ၊ ရန်သူများအား နှိပ်ကွပ်ရာနေ့ ဖြစ်သည်။ (ဟေရှာ ၂: ၁၂၊ ၁၃: ၆-၉၊ယေဇ ၁၃: ၅၊ ၃ဝ: ၃၊ ယောလ ၁: ၁၅၊ ၂:၁၊ ၁၁၊ ၃၁၊ ၃: ၁၄၊ အာ ၅: ၁၈၊ ၂ဝ၊ ဩ: ၁၅၊ ဇေ ၁: ၇၊ ၁၄၊ ဇာ၁၄: ၁၊ မာလ၄: ၅) ဓမ္မသစ်ကျမ်းတွင်မူ ထိုအချိန်နာရီနှင့် ပတ်သက်၍ အဆင့်ဆင့် ဖော်ပြထားသည်။

၁။        ဘေးဒဏ်ကြီးကာလ၊ မယုံကြည်သူ ဣသရေလများအား ဘုရားသခင် အပြစ်စီရင်မည့်ကာလ ဖြစ်သည်။ (၁ သက်၅: ၂၊၂ သက် ၂: ၂ NU text)

၂။         ကိုယ်တော်ပြန်ကြွလာသောအခါ ဘုရားသခင်ကို မသိသူနှင့်ဧဝံဂေလိတရားကို မနာခံသူများကို ဂလဲ့စား ချေမည်။(၂ သက်၁: ၇-၁ဝ)

၃။        ခရစ်တော်ဘုရား အနှစ်တစ်ထောင်အုပ်စိုးသည့်ကာလတွင် သံမဏိဒုတ်ကိုသုံး၍အုပ်စိုးမည်။(တ ၂: ၂ဝ)

၄။        ထိုအခါကောင်းကင်နှင့်မြေကြီးကို မီးဖြင့်သန့်စင်မည်။အခန်း(၃)၏ အဓိကသွန်သင်ချက်ဖြစ်သည်။

သူခိုးကဲ့သို့ ရောက်လာမည်။ မထင်မှတ်၊ မမျှော်လင့်သောအချိန်ကို ဆိုလိုသည်။ မိုးကောင်းကင်သည်လည်း ပျောက်လွင့်သွားမည်။ ကြယ်၊ နက္ခတ်၊တာရာများရှိသော ကောင်းကင်ပြင်ကို ဆိုလိုသည်။ တတိယထပ်ကောင်းကင် နိုင်ငံမဟုတ်သေး။ ဘုရားရှင်တော် စိုးစံရာနရာမဟုတ်။ ထိုသို့အသံကြီးစွာနှင့် ဝေးလွင့်သွားကြသောအခါ လောကဓာတ် တို့သည် ပူအားကြီး၍ ပျက်ကြလိမ့်မည်။ လောကဓာတ်ဆိုသည်မှာ ကိုင်တွယ်ထိတွေ့နိုင်သော အရာဝတ္ထုများကို ဆိုလိုသည်။ စကြဝဠာ အနုမြူဗုံးကွဲသကဲ့သို့ အရာခပ်သိမ်းပျက်စီးသွားမည်။

မြေကြီးပေါ်မှာစ၍ မြေကြီးပေါ်မှာ ပြုလုပ်သမျှသော အရာတို့သည် လောင်ကျွမ်းကြလိမ့်မည်။ ဖန်ဆင်းထားသော အရာများသာမက လူမှုဝန်းကျင်တစ်ခုလုံး လောင်ကျွမ်းပြာကျသွားမည်။ မြို့ကြီးပြကြီးများ အဆောက်အဦး ဗိသုကာကြီးများ၊ သိပ္ပံပညာတီထွင်ပြုလုပ်မှုများ အကုန်အစင်ပျက်စီးသွားမည်။

:၁၁ ပြောင်လှောင်သရော်သူများ အကြောင်းမှ တဖန်သန့်ရှင်းသူများ၏ ဖိစီးမှုဒဏ်အကြောင်းသို့ ကူးပြောင်းထားသည်။ ထို့သို့ဖြေရှင်းမရနိုင်သော အမှုကိစ္စကြောင့်ဘုရားသခင်၏ မြင့်မြတ်စင်ကြယ်ခြင်းနှင့် ထိတွေ့နိုင်ရန်မည်သို့ ပြုမူကျင့်ကြံရမည်နည်း။ အရာဝတ္ထုတိုင်းသည် မမှတ်မိလောက်အောင် များပြားနေသည်။ လူ့အသုံးအဆောင် ပစ္စည်းများသည်လည်း တစ်ခုပြီးတစ်ခု ဝေးလွင့်ကုန်သည်။ အရာဝတ္ထုများသည် လူ့အသက်ရှင်ဖို့ရန် အသုံးပြုသောအရာ ပစ္စည်းသာဖြစ်သည်။ အားလုံးခြုံ၍ ပြောရလျှင် ဤလောက ပစ္စည်းဥစ္စာများသည် သန့်ရှင်းစင်ကြယ်စွာ နေထိုင်နိုင်ရန် အသုံးအဆောင်ပစ္စည်းများ ဖြစ်သည်။ ထို့ကြောင့်တဒ်ဂထက် ထာဝရဦးစားပေးရသည်။ တစ်နည်းပြောရလျှင် ရုပ်ဝတ္ထုပစ္စည်းများထက် ဝိညာဉ်ကို တန်ဖိုးထားသည်။ သင်္ခါရထာဝရကို အသားပေးရမည်။ တစ်နည်းပြောရလျှင် ရုပ်ဝတ္ထုပစ္စည်းထက် ဝိညာဉ်ကို တန်ဖိုးထားသည်။ သင်္ခါရမှ ထာဝရကိုအသားပေးရမည်။

:၁၂   ယုံကြည်သူများသည် ဘုရားရှင်တော်ကြွရောက်လာမည့် နေ့ရက်ကို ငဲ့လင့်နေရသည်။ အချို့ကဘုရား သခင်၏ နေ့ရက်အတွက်ဗျာများခြင်း ဟုဆိုသည်။ ထို့နေ့ရက်သည် အလွန်နီးကပ်လာပြီ ဖြစ်သောကြောင့် ငိုက်မြည်း ခြင်းမရှိဘဲ၊ အလျင်အမြန် ခါးစည်း၍ စောင့်နေဖို့ဖြစ်သည်။ သို့သော်အကြောင်း၂ ချက်ရှိသည်။ ဘုရားသခင်၏ နေ့ရက်သည် သခင်ဘုရား ကြွရောက်လာမည့် နေ့ရက်မဟုတ်ပါ။ ဒုတိယအချက်အနေဖြင့် ဟုတ်သည့်တိုင်အောင် ခရစ်တော် ကြွလာမည့် နေရက်အတွက် အဘယ်ကြောင့် အလျင်စလို ဗျာများစရာအကြောင်း ရှိပါသနည်း။

ဘုရားသခင်၏ နေ့ရက်ဆိုသည်မှာ ပြောနေကျစကားဖြစ်သည်။ နောက်ဆုံးအဆင့် ကောင်းကင်နှင့် မြေကြီးပျက်စီးကြရမည့် နေ့ရက်ဖြစ်သည်။ အပြီးသတ် အောင်ပွဲခံရာနေ့ဖြစ်သည်။ ထို့ကြောင့် ထိုနေ့ရက်ကို နေ့ရက်စဉ်ဆက် စောင့်မျှော်နေကြသည်            သို့သော် ဘုရားသခင်နေ့ရက်နှင့် ပတ်သက်၍ ဤကျမ်းစာက ”မိုဃ်းကောင်းကင်သည် မီးနှင့် ပျက်၍ လောကဓာတ်တို့သည် ပူအားကြီးလျှက် အရည်ကျိုခြင်းကို ခံရသောနေ့တည်းဟူသော ဘုရားသခင်၏ နေ့ရက်” ဟုအတိအကျ မပြောပါ။ ဘုရားသခင်၏ နေ့ရက်သည် နောက်ဆုံးပျက်စီးခြင်း ရောက်မည့် နေ့ရက်မဟုတ်ပါ။

:၁၃   အငယ် ၁၂ တွင် ယုံကြည်သူများက ဘုရားရှင်၏ နေ့ရက်စောင့်မျှော်ရသည့်အကြောင်း တိုက်တွန်း ထားသည်။ဤကျမ်းပိုဒ်တွင်မူ ဖြောင့်မတ်ခြင်းတရားတည်ရာ ကောင်းကင်သစ်နှင့် မြေကြီးသစ်မျှောင်လင့်ကြမည့်အကြောင်း ဆိုထားသည်။ ဤစကားအရ ဘုရားသခင်၏ နေ့ရက်သည် ကောင်းကင်သစ်နှင့် မြေကြီးသစ်စိုးစံမည့် နေ့ရက်ဟုနားလည်ရသည်။

ဟေရှာ  ၆၅:၁၇၊ ၆၆:၂၂ တွင်ကောင်းကင်သစ်နှင့် မြေကြီးသစ်တို့ အနှစ်တစ်ထောင်အုပ်စိုးခြင်းကို ရည်ညွှန်းသကဲ့သို့ ထာဝရနိုင်ငံတော်လည်း ဆိုလိုသည်။ ထိုကျမ်းပိုဒ်များအရ အနှစ်တစ်ထောင်ကာလတွင်အပြစ် ဒုစရိုက်များရှိနေသည်။(၆၅:၂၃)။ ထို့ကြောင့်ပေတရုက ကောင်းကင်နှင့်မြေကြီးသည် အဝေးသို့ လွင့်စင်ပျောက်ကွယ်သွား မည်ဟု ဆိုသည်။

ထိုကောင်းကင်သစ်နှင့် မြေကြီးသစ်တွင် ဖြောင့်မတ်ခြင်းရှိမည်ဟု ကျမ်းစာကဆို ထားသည်။ ယခုခေတ်ကာလတွင် ကျေးဇူးတော်သည် ဖြောင့်မတ်စွာ ရှိနေပါသည်။ (ရော၅:၂၁)။ အနှစ်တစ်ထောင်ကာလတွင်လည်း ဖြောင့်မတ်ခြင်းဖြင့် စိုးစံမည်။ (ဟေရှာ၃၂:၁)။ ဖြောင့်မတ်ခြင်းသည် ထာဝရတည်မည်။ ကမ္ဘာကြီးပေါ်တွင် နိုင်ငံတော်အုပ်စိုးသောအခါ ခရစ်တော်သည် သံမဏိလှံတော်ကိုကိုင်၍ ဖြောင့်မတ်စွာ စီရင်မည်။ သို့သော် ထိုနေရာမှာ သံမဏိဒုတ် သုံးစရာ မလိုတော့ပါ။ ဖြောင့်မတ်ခြင်း ပြည့်ဝနေသည်။ မည်သည့်အပြစ်ကမှ ထိုငြိမ်သက်ခြင်းနှင့် အနုသုခုမ အလှကို ဝင်ရောက်မဖျက်ဆီးနိုင်ပါ။

:၁၄ ထိုကောင်းကင်သစ်၊ မြေကြီးသစ်တို့ စိုးစံနိုင်ဖို့ရန် ဘုရားသခင်အလိုတော်နှင့်အညီ ဖြောင့်မတ်စင်ကြယ် စွာနေထိုင်နေရမည်။ ထိုတရားကို သိရှိရုံသာမဟုတ်ဘဲ ကျင့်ကြံနေရမည်။ ဘုရားသခင်ရှေ့တော်တွင် အပြစ်ဖို့စေရာ မှဲ့တစ်ကွက်မစွန်းပဲ စင်ကြယ်နေရမည်။ ထိုသို့စင်ကြယ်ရန် စိတ်နှလုံးလည်း ဖြောင့်မတ်စင်ကြယ်ရမည်။ ထိုသို့စိတ်နှလုံး စင်ကြယ်မှသာလျှင် ရှေ့တော်သို့ ငြိမ်ဝပ်စွာရောက်နိုင်မည်။

:၁၅  ငါတို့ဘုရားသီးခံတော်မူခြင်းသည် ကယ်တင်မည့်အကြောင်းဖြစ်သည်။အချိန်နှောင့်နှေး ကြန့်ကြာခြင်းသည် အပြစ်သားများအား နောင်တရ၍ ကယ်တင်ခြင်းရဖို့ရန် အချိန်ပိုပေးခြင်း ဖြစ်သည်။ လူတွင်ဤမျှ လောက်အပြစ်ဒုစရိုက် ပြည့်လျှံသည်ကို ဘုရားရှင်က မည်သို့သည်းခံ အောင့်အီးနိုင်မည်နည်း။ ဘုရားရှင်၏ ခန္တီပါရမီသည် အံချီးဖွယ်ရာဖြစ်သည်။ သို့သော် အကြောင်းရှိသည်မှာ လူဆိုးလူမိုက်များကိုလည်း မသေကြေမပျက်စီးစေချင်။ ထိုလူများကယ်တင်ခြင်းရရန် စိတ်ရှည်စွာအချိန်ပေးခြင်းဖြစ်၏။

ငါတို့ချစ်သောညီ ပေါလုသည် မိမိခံရသောဉာဏ်ပညာအတိုင်း သင်တို့ထံသို့ ရေးလိုက်သည့် စာများစွာ ရှိပါသည်။ ရှင်ပေါလုကို သက်သေထူသောကြောင့် စိတ်ဝင်စားဖွယ်များစွာရှိသည်။

၁။ ပထမအချက်မှာ ပေတရုကပေါလုအား ငါတို့ချစ်သာညီ ဟုဆိုခြင်း ဖြစ်သည်။ ပေတရုက ထိုသို့ဆိုသော်လည်း ပေါလုကမူ ပေတရုအား အန္တိအုတ်မြို့တွင် မစင်ကြယ်ခြင်းနှင့် ပတ်သက်၍ လူသိရှင်ကြား ပြစ်တင်ခဲ့သည်။ (ဂလာ ၂:၁၁-၂၁)။ ပေတရုကလည်း ထိုအပြစ်တင်ခြင်းကို ကျိုးနွံစွာ လက်ခံသည်။ ထို့ကြောင့်ကျွန်ုတို့သည်လည်း စေတနာနှင့် အပြစ်တင်လာလျှင် စောဒက မတက်နာခံနိုင်ရမည်။

၂။ ပေါလုသည် စာရေးသားခြင်း ဝိညာဉ်ဆုကျေးဇူး ရရှိထားသူဖြစ်သည်ဟု ခံယူသည်။ ထို့ကြောင့်ပေါလု ဩဝါဒစာများသည် ဝိညာဉ်တော်တန်ခိုးပြည့်ဝသည်မှာ သေချာသည်။

၃။ ပေတရု၏ စာဖတ်ပရိသတ်များသည် အခြားတစ်ဖက်တွင် ပေါလု၏စာကို တစ်ခုမက နှစ်ခုသုံးခု ဖတ်သူများ ဖြစ်သည်။ဩဝါဒစာများသည် စာဖတ်ပရိသတ်၊နယ်မြေလူထုသို့ သီးသန့်လိပ်မူ၍ရေးသားသော စာဖြစ်သည်။

ပေါလု၏မည်သည့်ဩဝါဒတွင် သခင်ဘုရား၏ခံစားသော ဆင်းရဲဒုက္ခများသည် ကယ်တင်ခြင်းဖြစ် သည်ဟု ပါရှိသနည်း။ ရော ၂:၄ကို ဖတ်ကြည့်ပါ။” ဘုရားသခင်၏ ကျေးဇူးတော်သည် သင်ကို နောင်တလမ်းသို့ သွေးဆောင်သည်ကို မသိမမှတ်ပဲ ကြွယ်ဝစွာ ပြုတော်မူခြင်း၊ သည်းခံတော်မူခြင်း စိတ်ရှည်တော်မူခြင်းတို့ကို မထီမဲ့မြင် ပြုသလော့ဟုဆိုထားသည်။

:    ရှင်ပေါလုရေးသားသော ဩဝါဒစာ တိုင်းတွင်လည်း ရှင်ပေတရု၏ ဩဝါဒနှစ်စောင်မှ အသစ်မွေးဖွားခြင်း၊ ခရစ်တော်၏ ဇာတိတော်၊ ခြောက်ပြစ်ကင်းသဲလဲစင် ဖြစ်သော်လည်း ဆင်းရဲဒုက္ခခံရပုံ၊ အစားအသေခံပေးခြင်း၊ ရှင်ပြန်ထမြောက်ခြင်း၊ ကောင်းကင်နိုင်ငံသို့ ပြန်ကြွခြင်း၊ နောက်အကြိမ်ပြန်ကြွလာမည့်အကြောင်း၊ ဘုရားသခင် နေ့ရက်နှင့် ထာဝရနိုင်ငံတော်အကြောင်း အစရှိသည့်သမ္မာတရားများ ပါရှိသည်။

သုံးပါးတစ်ဆူ ဘုရားသခင်၏ ရွေးကောက်မှု၊ လူတို့၏လွတ်လပ်လို စိတ်ရွေးချယ်မှုနှင့် အံအားသင့်ဖွယ်ရာ ဆင်းရဲဒုက္ခခံစားမှုအစရှိသည့် သမ္မာကျမ်းစာလာ အချို့အကြောင်းအရာများသည် နားလည်နိုင်စွမ်းမရှိအောင် ခက်ခဲ နက်နဲသည်။ သို့သော်လည်း အထက်က သမ္မာတရားများကို သိကျွမ်းပါက ဤအခက်အခဲများကို ကျော်လွန်နိုင်ပါမည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်သည် တိကျသည် အချိန်မှန်ကန်သည်။ ဘုရားသခင်၏လုပ် ဆောင်ချက်များသည် လူ့အတွေးဉာဏ်ဖြင့် မှန်းဆတမ်းတ၍ မမှီနိုင်အောင်လေးနက်လှကြောင်း ဝန်ခံချီးမွမ်းရပါမည်။

ပေတရုက နားလည်ရခက်သောပေါလု၏ ဩဝါဒစာများကို ဝေဖန်ခြင်းမပြုပါ။ ပေါလု၏ ရေးသားဟန်သည် နားလည်ရန်ခက်ခဲသော်လည်း လေးနက်သည်။ ထိုကိစ္စနှင့်ပတ်သက်၍ Barnes က ”ပေါလု၏ စာများနားလည်ရန် ခက်ခဲကြောင်း ရှင်ပေတရုက မပြောသော်လည်း ထိုခက်ခဲသော အချက်များသည် အလွန်လေးနက်သော သမ္မာတရား၏ လျှို့ဝှက်ချက်ဖြစ်သည်” ဟုဆိုသည်။

ထိုသမ္မာတရားများကို ယုံကြည်ခြင်းဖြင့် ရိုးရိုးစင်းစင်းလေး ဝန်ခံရသည်။ ဓမ္မတရားကို မသင်၊ငြိမ်သက်ခြင်းမရှိ သောသူတို့က နားလည်ရန် ခက်ခဲနက်နဲသော ကျမ်းပိုဒ်များကို သူတို့သဘောနှင့်သူ ဖျက်ဆီးတတ်ကြသည်။ မှားယွင်း သောဘာသာရေးဆရာအချို့က နှစ်ခြင်းမင်္ဂလာသည် ကောင်းကင်နိုင်ငံ၏ ဝင်ပေါက်ဖြစ်သည်ဟု ဆိုသည်။ ရှင်ပေါလု၏ ဩဝါဒစာကို ထိုသို့ဝေဖန်ကြသည် မဟုတ်၊ အခြားသမ္မာကျမ်းစာကိုလည်း ထိုအတိုင်းဝေဖန်ကြသည်။

ရှင်ပေတရု၏ဩဝါဒစာသည် ရှင်ပေါလု၏ ဩဝါဒစာနှင့် တပြေးညီဖြစ်သည်။ ဓမ္မဟောင်းပါကျမ်းချက်များကို ဓမ္မသစ်တွင်လည်း ကိုးကားထားကြသည်။ ရှင်ပေါလု၏ဩဝါဒစာများသည် ဝိညာဉ်တော်ဖြင့် တန်ခိုးမှုတ်သွင်းထား သောစာများဖြစ်ကြောင်း ရှင်ပေတရုက ဝန်ခံခဲ့သည်။

:၁၁  ယုံကြည်သူများသည် မတရားသောသူတို့၏ သွေးဆောင်ခြင်းကို အစဉ်ကာကွယ်လုံခြုံနေရမည်။ မှားယွင်းသော မိစ္ဆာဒိဌိသမားများသည် မူယာမာယာကြွယ်ကြွယ်ဖြင့် လှည့်စားသွေးဆောင်နေကြကြောင်း သတိထားနေရမည်။ ထိုသူများ၏ ခြေလှမ်းများသည် မကောင်းမှု ဒုစရိုက်ဖက်သို့ လားနေသောကြောင့် လွယ်လင့်တကူ မှန်းဆ သိသာနိုင်သည်။ ဝိညာဉ်ပျောက်ဆုံးမည့်သူများဖြစ်သည်။

:၁၈  တဖန်သမ္မာကျမ်းစာက ဘုရားသခင်၏ ကျေးဇူးတော်အားဖြင့် မှားယွင်းသော မိစ္ဆာဒိဌိများကို ကာကွယ် တွန်းလှန်နိုင်ဖို့ သတိပေး တိုက်တွန်းထားသည်။ ထိုသို့တွန်းလှန်ကာကွယ်နိုင်ရန် အကြောင်း နှစ်ခုရှိသည်။ ကျေးဇူးတော်ဖြင့်၎င်း၊ ယေရှုခရစ်တော်ကို သိကျွမ်းခြင်းဖြင့်၎င်း၊ ခုခံတွန်းလှန်ရမည်။ လက်တွေ့ကျသော ဝိညာဉ်အသီး အပွင့်များ ဖြစ်သည်။ ကျေးဇူးတော်၌ ကြီးထွားခြင်းဆိုသည်မှာ အသိတရား တိုးပွားခြင်း၊ သို့မဟုတ်မနေမနား လုပ်ဆောင် ခြင်းမဟုတ်၊ သခင်ခရစ်တော်နှင့် ပိုတူခြင်းကို ဆိုလိုသည်။ သိကျွမ်းခြင်းဆိုသည်မှာ နှုတ်ကပတ်တော်၌ နှံ့စပ် ကျွမ်းဝင်ခြင်း ဖြစ်သည်။ သိကျွမ်းခြင်း၌ ကြီးထွားခြင်းဟု ဆိုလျှင် နှုတ်ကပတ်တော်၊ အမှုတော် စသည့်ဘုရားမှုတွင် လေ့လာဆည်းပူး အသိတရား တိုးပွားခြင်းဖြစ်သည်။

ရှင်ပေတရုသည် သန့်ရှင်းသူများအား တိုက်တွန်းနှိုးဆော်၍ မဝနိုင်ပါ။ နှိုးဆောင်ချက်၏ ဇာတ်လမ်း အထွဋ်အထိပ်မှာ ကယ်တင်ရှင်၌ ကောင်းကြီးမင်္ဂလာ သာယာကြမည့် အကြောင်းဖြစ်သည်။ ထို့ကြောင့် ဤသို့ ကျက်သရေရှိရှိ နှုတ်ခွန်းဆက်ထားသည်။ ထိုသခင်သည် ယခုမှစ၍ ထာဝရနေ့ရက်ကာလပတ်လုံး ဘုန်းအသရေတော် ရှိတော်မူစေသတည်း။ အာမင်။ ထိုနှုတ်ခွန်းဆက်ပြီးသည့်နောက်တွင်  ဘာလုပ်ရတော့မည်နည်း။ ကိုယ်တော်အား ကောင်းကြီးပေးကြပါစို့။ ဤဩဝါဒစာလည်း နိဂုံးမချုပ်နိုင်ခြင်းသည် ပို၍ ကျက်သရေမင်္ဂလာရှိပါပေသည်။

မှတ်စု

(Intro) E.G Homrighausen. “ The Second Espislteof Peter ” Exposion, IBXII,1957, P.166.

(၁:၅) စာရေးသူ၏ ဓမ္မမိတ်ဆွေ Tom )lson ၏တရားဒေသနာဟောကြားချက်မှ။

(၁:၅) R.C.H Lenski , Thef Interpretation of the Epistles of St.Peter St.John and St ude,p.266

(၁:၅) This famous story is widely recounted .See,for example,S.M.Houghton,Sketches from Church History,pp 114-116.

(၁:၆) Robert G.Lee,Seven Swords and Other Messages,p.46.

(၁:၁၆)When we use two wordsto give one meaning ,such as “ good and mad” to mean very mad,it is called a hendiadys (from the Greek for “one throughtwo”).The Bible uses this figure of speech frequently,as here ,so it is good to be able to recognize it.

(၁:၁၆) John A.Robinson,Honest to God .P.32-33.

(၁:၁၈) Roman Catholic တို့က၂Mt.Tabor တောင်ကုန်းသည် ခရစ်တော်ရုပ်ပြောင်းရုပ်လွှဲ လုပ်သောနေရာအဖြစ် ဆွဲမှတ်ယူကြသည်။ သမိုင်းကြောင်းအရဆိုလျှင် မဖြစ်နိုင်ပါ။ Tabor တောင်ကုန်းသည် တောင်ကုန်းဆိုရလောက်အောင် မမြင့်ပါ။ တပည့်တော်များက အလွန့်အလွန့်မြင့်သောတောင်ဟု ဆိုထားကြသည်။ Tabor တောင်ကုန်းပေါ်ရှိ ရောမမြို့ရိုးခံတပ်ဟု ဆိုခြင်းသည် ပို၍ ဖြစ်နိုင်ဖွယ်မရှိ၊ ဂါလိလဲမြောက်ဖက်ရှိ မြူနှင်းများ အမြဲအုပ် ဆိုင်းသော Mt.Hemon ၂:၄တောင်ကုန်း ဖြစ်နိုင်ဖွယ်ရာများသည်။

(၁:၂ဝ) ဂရိဝေါဟာရ epilusis ကိုလည်း origin ဟုအနက်ဖွင့်ဆိုနိုင်သကဲ့သို့ (NKJV မှတ်စုကိုကြည့်) Interpretation ဟုလည်းအနက်ရသည်။

၁၀(၁:၂ဝ) Dinsdale Young,The Unveiled Evangel,pp.13-14

၁၁(၁:၂၁) The Critical text (NU)reads “ but men  spoke from God”

၁၂(၂:၁) Wallie Amos Criswell, further documentation unavailable.

၁၃(၂:၁)  Nels Ferre.The Sun and the Umbrella pp.35,112

၁၄(၂:၁) Greald Kennedy, Grd’s Good News, P.125.

၁၅(၂:၂)   Robinson Honest p.118

၁၆(၂:၂)   NCC,Called to Responsible Freedom,p.11

၁၇(၂:၆)   A..Pollock,Why  I Believe  the Bible is the World of God,p.23

၁၈(၂:၁ဝ)   Pageant Magazine ,October,1965

၁၉(၂:၁ဝ)   Lenski,Inerpretation,pp 326-327

၂၀(၂:၁၇)   The word “ forever ” is omitted by NU here but not in the close Parallel in jude 13

၂၁(၂:၁၈)   The NU text here read  ” are  barely escaping”

၂၂(၃:၁ဝ)   Instead of  read  ” burned up” (Kataka  esetai),Perhaps meaning  ” aid bare”

၂၃(၃:၁၆)   AlbertBarnes,Notes on the New Testament ,X :268

Previous Article
Next Article