ရှင်မာကုခရစ်ဝင် ၆

(ဋ) နာဇရက်သားများက ကိုယ်တော်အားငြင်းပယ်ကြခြင်း (၆:၁-၆)

၆:၁-၃ ယေရှုခရစ်တော်သည် တပည့်တော်များနှင့် အတူနာဇရက်သို့ပြန်လာကြသည်။ နာဇရက်သည်ကိုယ်တော်ကြီးပြင်းရာအရပ်၊ လက်သမားဘဝဖြင့် မိသားစုကို ကျွေးမွေးရာအရပ်ဖြစ်သည်။ ဥပုသ်နေ့တွင် တရားစရပ်၌ တရားဒေသနာဟောကြားသည်။ တရားနာပရိသတ်သည် ကိုယ်တော်၏ ဉာဏ်ပညာပြည့်ဝပုံ တရားတော်လေးနက်ပုံတို့ကို အံ့ဩကြသည်။ သို့သော်ဘုရားသားတော်အဖြစ် လက်မခံနိုင်ကြ။ နာဇရက်သားမာရိ၏သားမှန်း သိကြသည်။ ရပ်သူရွာသားများ မျက်စိအောက်တွင် လူလား မြောက်ကြီးပြင်းလာသူဖြစ်သည်။ ယေရှု၏ ညီတော်နှင့် နှမငယ်များရှိနေသေးသည်။ ယခုအောင်နိုင်သူစစ် သူကြီးပမာရောက်ရှိလာခြင်းကို လက်မခံနိုင်ကြ။ သို့သော်ကိုယ်တော်ဘုရားသည် အောက်ကျို့နှိမ့်ချစွာ ရောက်ရှိလာပါသည်။

၆:၄-၆ ထို့ကြောင့် ယေရှုက ပရောဖက်သည် မိမိမြို့ရွာမှတပါး အခြားအရပ်ဒေသတွင် အသရေထင်ရှားသည်ဟုဆိုသည်။ ထိုအရပ်ဒေသရှိပရိသတ်သည် ကိုယ်တော်နှင့် ဆွေမျိုးသွေးသားနီးစပ် သူများဖြစ်သည်။ အရိုးသိအစင်းသိများဖြစ်သည်။ “မိမိအိမ်မှ တပါးအခြားနေရာ၌အသရေရှိသည်”။ နာဇရက်သားများကိုယ်တိုင်လည်း မနာလိုမစ္ဆေရစိတ်ရှိသူများ ဖြစ်သည်။ နာဇရက်သားထံမှ မည်သည့် မင်္ဂလာထွက်လာနိုင်မည် နည်းဟူသောစကားသည် ခရစ်တော်အား မထီမဲ့မြင်ပြုခြင်းဖြစ်သည်။ မယုံကြည် သူ၏ဇာတိရုပ်ပြသကြပြီး။ ထိုမယုံကြည်စိတ်က ဂါလိလဲတွင် ယေရှုအမှုတော်ပြုဖို့ ဟန့်တားပိတ်ပင်လေပြီ။ လူမမာအနည်းငယ်မျှကိုသာ ကျန်းမာစေခွင့် ရခဲ့သည်။ မယုံကြည်ကြသော်လည်း ယေရှုခရစ်တော်ကို အံ့ဩကြသသည်မျာ အမှန်။ ထိုအကြောင်းကို J.G. Miller ကဤသို့သတိပေးသည်။

မယုံကြည်ခြင်းသည် အကုသိုလ်ကို အစဉ်ဖိတ်ခေါ်သည်။ လူ့ဘဝအသက်တာ လိုအပ်ချက် ကျေးဇူးတော် ကရုဏာတော်နှင့် လက်တလုံးကြားသာလွဲပါသည်။

ယေရှုကို နားမလည်ကြသောအခါ တပည့်တော်များလည်းဝမ်းနည်းကြသည်။ ယေရှုသည် အောက်ကျို့နေတတ်သူဖြစ်သည်။ ထိုကဲ့သို့သော အမူအကျင့်သည် ဝိညာဉ်ရေးရာကြွယ်ဝခြင်းဖြစ်သည် ကိုသိမှတ်ကြပါသလား။ မိမိဇာတိမြေမှ လက်မခံကြသောအခါ ကိုယ်တော်ဘုရား၏ အနီးပတ်ဝန်းကျင် ကျေးလက်မြေသို့နှုတ်ကပတ်တော် လိုက်လံဟောကြားသည်။

(ဌ) တပည့်တော်များစေလွှတ်ခြင်း (၆:၇-၁၃)

၆:7 တပည့်တော်များ (၁၂)ပါးအား စေလွှတ်ရန် အချိန်တန်ပြီ။ ကိုယ်တော်ဘုရား၏ သွန်သင်ချက်များနာခံရရှိခဲ့ကြပြီ။ ယခုနှုတ်ကပတ်များလက်တွေ့ဟောကြားရတော့မည်။ နှစ်ယောက်တတွဲ စီစေလွှတ်လိုက်သည်။ နှစ်ယောက်ရှိခြင်းကြောင့် နှစ်ခါပြောကြမည်။ ပရိသတ်များကလည်း သက်သေခံ ချက်နှစ်ခါ ပြောကြမည်။ ပရိသတ်များကလည်း သက်သေခံချက် နှစ်ခါကြားကြမည်။ နှစ်ယောက်ဖြစ်ခြင်း ကြောင့်အပြန်အလှန်ဆွေးနွေးတိုင်ပင်အားပေးဖော်ရကြမည်။ နတ်ဆိုးများနှင် ထုတ်ခွင့်တန်ခိုးကိလည်း ကိုယ်တော်ကပေးလိုက်သည်။ ဤတန်ခိုးသည် ဘုရားသခင်ထံတွင် သာရှိသည်။ ယခုထိုတန်ခိုးကို မျှဝေ ပေးလိုက်သည်။

၆:၈ အကယ်၍ ခရစ်တော်ဘုရား၏ နိုင်ငံတော်သည် ဤကမ္ဘာလောကဖြစ်သည်ဆိုလျှင် ငယ် ၈-၁၁သည်လည်း လိုအပ်မည်မဟုတ်။ လက်တွေ့နှင့် တခြားစီဖြစ်နေသည်။ တပည့်တော်များ၏ ခရီး အတွက် စားနပ်ရိက္ခာ ပြင်ဆင်ပံ့ပိုးခြင်းမရှိ။ အိတ်မပါ၊ မုန့်မပါခါးပန်း၌ ကြေးငွေကို ပင်ထည့်ခွင့် မပြု။ လိုအပ်သော အရာဟူသမျှကိုယ်တော်အား ယုံကြည်ခြင်းဖြင့် ပြည့်ဝစေမည်။

၆:၉ ဘိနပ်နှင့် တောင်ဝှေးကိုသာ ယူဆောင်ခွင့်ပြုသည်။ တောင်ဝှေးမှာ တောရိုင်းတိရစ္ဆာန် များဘေးရန်မှ ကွယ်ကာရန်ဖြစ်သည်။ တပည့်တော်များသည် စွဲမက်စရာတခုမှမရှိ၊ အဆောင်အယောင် တခုမှ မပါကြ။ လိုအပ်သောတန်ခိုးကို ဘုရားသခင်ထံမှ ရရှိကြမည်။ ကိုယ်တော်အပေါ်သို့ လုံးဝမှီခိုရမည်။ ဘုရားသားတော်ထံသို့ ဘဝတခုလုံးပုံအပ်လျက် နှုတ်ကပတ်တော် လိုက်လံဟောကြားရပေတော့မည်။

၆:၁ဝ အိမ်တအိမ်သို့ဝင်ရောက်ပြီးလျှင် ထိုနေရာမှ မထွက်မချင်း ထိုအိမ်တွင်သာ တည်းခို ရန်ကိုယ်တော်က မှာကြားသည်။ ထိုသို့ညွှန်ကြားသည်မှာ သက်သာရာဇိမ်ကျရာများသို့ မရွေ့ပြောင်းရန် တားမြစ်ခြင်းဖြစ်သည်။ ထိုခရီးစဉ်၏ ရည်ရွယ်ချက်မှာ ကိုယ်တော်ဘုရားကိုယ် တိုင်မရောက်ခဲ့သော နေရပ် ဒေသများသို့ တရားဟောကြားစေခြင်း ဖြစ်သည်။ ရပ်သူရွာသားများကိုယ်တိုင် အပင်ပန်ခံ တရားရှာဖွေ စရာမလို၊ အိမ်တိုင်ရာရောက် ဧဝံဂေလိ စကားဟောပြောခြင်း အစီအစဉ်ဖြစ်သည်။

၆:၁၁ အကယ်၍ တပည့်တော်များကို လက်မခံဟောပြောသော သတင်းစကားကို ငြင်းပယ် ကြလျှင် ခယတောင်းဆိုမနေနှင့်။ ထိုသူများသည် ဝကိရှေ့တွင် ပုလဲရတနာချပေးခြင်းဖြစ်သည်။ ခြေ ထောက်ဖုံခါ၍ ထသွားကြပါ။ ဘုရားသားတော်ကို ငြင်းပယ်ကြခြင်းဖြစ်ကြောင်း သခင်ယေရှုကမှာလိုက် သည်။

ကိုယ်တော်၏ အချို့သော ညွှန်ကြားချက်များသည် ကာလံဒေသံဧကံဓနံလိုက်၍ ညွှန်ကြား ခြင်းဖြစ်သည်။ အချိန်အခါ အခြေအနေအလိုက် ညွှန်ကြားချက်ဖြစ်သည် (လု ၂၂:၃၅-၃၆)။ အချို့သည် ကာလစဉ်ဆက်ကျင့်သုံးလိုက်နာရသည်။

၆:၁၂-၁၃ တပည့်တော်များသည် အရပ်တကာသို့ထွက်သွား၍ ဧဝံဂေလိသတင်းစကား ဟောကြားကြသည် နတ်ဆိုးများနှင့် ထုတ်ကြသည်။ ဆီလူးဘိသိက်မင်္ဂလာပေးကြသည်။ နေမကောင်းမ ကျန်းမာသူ ဂီလာနများအား အနာရောဂါ ကင်းငြိမ်းစေကြသည်။ ဆီလူးဘိုသိက်ပေးခြင်းမှာ သန့်ရှင်းသော ဝိညာဉ်တော်၏ တန်ခိုးဖြင့် ထမြောက်စေခြင်းအမှတ်လက္ခဏာဖြစ်သည်။

(ဍ) ခရစ်တော်၏ရှေ့တော်ပြေးခေါင်းဖြတ်ခံရခြင်း (၆:၁၄-၂၉)

၆:၁၄-၁၆ ယေရှု၏ မင်္ဂလာသတင်းစကားသည် နေရာအနှံ့သို့ ကျယ်ပြန့်ရာ ဟေရုဒ်မင်းထံ ရောက်သွားသည် ထိုယေရှုသည် သူခေါင်းဖြတ်သတ်ခဲ့သော ဗတ္တိဇံယောဟန် လူပြန်ဝင်စားခြင်း ဟုဆိုကြ သည်။ ဟေရုဒ်ကမူ သူခေါင်းဖြတ်ခဲ့သော ယောဟန်ပြန်လည်ထမြောက်သည်ဟု ယုံမှတ်သည်။ ဗတိ္တဇံ ယောဟန်သည် ဘုရားသခင်ထံတော်မှ တိုက်ရိုက်စကား ကြားနာသူဖြစ်သည်။ ထိုအကြောင်းကို ဟေရုဒ် ကမသိ။ ယခုမူဟေရုဒ်သည် အတိတ်တစ္ဆေခြောက်လှန့်ခြင်းခံနေရပြီ။ မည်သို့ ရင်ဆိုင် ကျော်လွှား ရမည် နည်း။

၆:၁၇-၂ဝ ဗတ္တိဇံယောဟန်အသတ်ခံရခြင်းမှာ ဤသို့ဖြစ်သည်။ ဟေရုဒ်ကညီတော်မောင် ဖိလစ်၏ ဇနီးကို သိမ်းပိုက်ခြင်းအား ယောဟန်က ပြစ်တင်ကန့်ကွက်သည်။ ဖိလစ်၏ မိန်းမဟေရောဒိ သည်ဟေရုဒ်၏ မယားဖြစ်လာသည်။ ထိုမိန်းမကလည်း ယောဟန်ကို အညှိုးထားသည်။ သို့သော် ယောဟန်သည်မှန်ကန်သူဖြစ်သဖြင့် ဟေရုဒ်က လေးစားသည်။ မည်မျှပင်ရာထူးအာဏာစည်းစိမ်ကြွယ်ဝ သူဖြစစေ အမှန်တရားနှင့် ယှဉ်လာလျှင် ခေါင်းငိုက်စိုက်ကျစမြဲဖြစ်သည်။

၆:၂၁-၂၅ ဟေရောဒိ အတွက်အခွင့်အရေးပေါ်လာသည်။ ဟေရုဒ်မင်း၏ မွေးနေ့ပွဲတော် ကျရောက်ရာသမီးတော်အား ကခိုင်းသည်။ သမီးတော်၏ တင်ဆက်မှုကို သဘောကျသဖြင့် တိုင်းပြည်တ ဝက်ကိုပင် ဆုလက်ဆောင်ချမည်ဟု ဟေရုဒ်က ကတိစကားဆိုသည်။ သမီးတော်က ဘာဆုတောင်း ရမည် လဲဟု မိခင်အား သွားရောက်တိုင်ပင်ရာ ဗတိ္တဇံယောဟန်၏ ဦးခေါင်းကို တောင်းခိုင်းသည်။

၆:၂၆-၂၈ ဟေရုဒ်မင်းထောင်ချေက်မိနေပြီ။ သူပေးမည့်ဆုလာဒ်မှာလည်း အချည်းနှီးမ ဟုတ်။ နောက်ကွယ်တါင် အကြံရှိသည်။ ပြီးတော့လူကိုပါယူရန်ဖြစ်သည်။ ယခုမူ အပြစ်ကတခုပြီးတခု ရစ်ပတ်နှောင်ဖွဲ့နေပြီ။ မိန်းမ မာယာကျော့ကွင်းတွင် သားကောင်ဖြစ်ရပြီ။

၆:၂၉ ထိုသတင်းဆိုးကို ယောဟန်တပည်များကြားသိသောအခါ ယောဟန်၏ ရုပ်အ လောင်းကို သင်္ဂြိုဟ်ကြပြီး၊ အကျိုးအကြောင်းအား ယေရှုထံကြားပြောကြသည်။

(ဎ) လူငါးထောင်အားကျွေးမွေးခြင်း (၆:၃၀-၄၄)

၆:၃ဝ ဤအံ့ဖွယ်အမှုသည် ခရစ်တော်ဘုရား (၃)နှစ်တာ အမှုတော်အစပြုစဉ်က အဖြစ်အ ပျက်ဖြစ်သည်။ ခရစ်ဝင်ကျမ်း (၄)စောင်လုံးတွင် မှတ်တမ်းတင်ထားသည်။ ခရီးတပတ်ညှည့်လည်ဟော ကြားပြီးနောက် ကပေရနောင်သို့ တပည့်တော်များနှင့် အတူ ကိုယ်တော်ဘုရားပြန်ရောက်သည် (ငယ် ၇-၁၃ကိုကြည်)။ အောင်မြင်မှုအတွက် ပျော်ရွှင်သကဲ့သို့၊ ခြေလျင်လျှောက်ရသောကြောင့် ပင်ပန်းနွမ်းနယ် သည် လည်းရှိသည်။ သို့ကြောင့် ဂါလိလဲပင်ကမ်းခြေတွင် အနားယူအားမွေးဖို့ ရောက်လာကြသည်။

၆:၃၁-၃၂ ကိုယ်တော်ဘုရား၏ “ငါတို့ဆိတ်ကွယ်ရာအရပ်သို့သွား၍ ခေတ္တမျှနားကြကုန်အံ့” ဟူသော စကားကို မကြာခဏကြားဘူးပါသည်။ ထိုသို့ပြုလုပ်ရန်လိုအပ်ပုံကို Kelly က ဤသို့ထောက်ခံ ထားသည်။

ပင်ပန်းကြီးစွာအလုပ်လုပ်ပြီးသောအခါ နားအေးပါးအေး အနားယူရန် အမှန်တကယ်လို အပ်သည်။ မိမိကိုယ်ကို ငြင်းပယ်ခြင်းသည် အခြားသူများကို ကောင်းကျိုးပြုခြင်းဖြစ်သည်။ သို့သော် အနား ယူအားဖြည့်ရန် လိုအပ်သည်။ ဤစကားသည် ယေရှုက ကျွန်ုပ်တို့အား ပြောသောစကားဖြစ်သည်။၁၀

၆:၃၃-၃၄ လူအုပ်ကြီးသည် ကိုယ်တော်ဘုရားနောက်သို့ ကမ်းလုံးညွှတ်မျှလိုက်လာကြ သည်။ ထိုသူများ၏ မျက်နှာကြည့်သောအခါ ကိုယ်တော်ဘုရားက သနားသည်။ ဝိညာဉ်အသိမရှိသည့်အ ပြင်ငတ်မွတ်ခေါင်းပါးကြသည်။ ကူညီမစမည့်သူမရှိ၊ ထို့ကြောင့် တရားရေအေးတိုက်ကျွေးခြင်းဖြင့် စတင် သည်။

၆:၃၅-၃၆ နေညိုချိန်ရောက်သော်လည်း တပည့်တော်များသည် စားစရာတခုမှမရှိ။ လူထုပရိသတ်က လည်းတနေကုန် ဆာလောင်နေကြသည်။ ထို့ကြောင့် ထိုလူအုပ်ကြီးအား ပြန်လွှတ်ရန် ကိုယ်တော့ထံခွင့် ပန်ကြသည်။ကိုယ်တော်သည်တပည့်တော်များအပြစ်မဆို။ ပရိသတ်သည် အလိုက် ကမ်းဆိုးမသိခြင်းလား၊ ကိုယ်တော့ကိုချစ်ခင်ကြသောကြောင့်လား။

၆:၃၇-၃၈ သခင်ယေရှုက တပည့်တော်များအား “စားစရာတခုခုကျွေးမွေးခိုင်းသည်” က လေးသူငယ် မိန်းမများအပြင် ယောကျာ်းကြီးငါးထောင်ရှိသည်။ သူတို့တွင် မုန့်ငါးလုံးနှင့် ငါးနှစ်ကောင် သာရှိသည်။ မည်သို့ကျွေးရပါ့။

၆:၃၉-၄၄ ဤအံ့ဖွယ်နိမိတ်လက္ခဏာတွင် ကိုယ်တော်က လူသားများအား အဘယ်မျှ မေတ္တာရှိသည်ကို တွေ့ရသည်။ ကိုယ်တော် ကိုယ်တိုင်လောကသားများအား အသက်မုန့် ကျွေးခဲ့သည်။ ကိုယ်တော်၏ ခန္ဓာကိုယ်ချိုးဖဲ့၍ လောကသားများအား ထာဝရအသက်ပေးသည်။ သခင်ဘုရား၏ ညစာစား ပွဲတော်ကို ကြည့်လျှင် ကိုယ်တော်အသေခံသည်။ ကောင်းကြိးပေးသည်။ ချိုးဖဲ့သည်၊ မျှဝေသည်ကို တွေ့ရ သည်။

တပည့်တော်များကလည်း အဖိုးတန် သင်ခန်းစာရရှိကြပါသည်။

၁။ လိုအပ်သမျှကို ဘုရားကထောက်ပံနိုင်ကြောင်းသံသယမရှိကြပါ။ လူငါးထောင်ကိုမုန့်ငါး လုံးနှင့် ငါးနှစ်ကောင်ဖြင့် အလျှံပယ်ကျွေးမွေးနိုင်လျှင် ကိုယ်တော်ကို ယုံကြည်သူများအား မည်သည့်ဘဝအခြေအနေတွင်မဆို ကျွေးမေါးနိုင်သည်။ အဝတ်အစားမရှိလည်း အမှုတော် ထမ်းရွက်ရဲကြသည်။ နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရား ဦးစွာရှာတွေ့လျှင် လိုအပ်သော အရားများပူပန်စရာမလိုတော့ပါ။

၂။ ဤပျက်စီးသောလောကကြီးသို့ မည်ကဲ့သို့ ဧဝံဂေလိတရားစေဟာကြားရမည်နည်း။ ယေရှုက “စားစရာပေးလိုက်ပါ” ဟုဆိုသည်။ ရှိသည့်အရာကို ပေးကမ်းကျွေးမွေးလျှင် မရေ တွက်နိုင်သော ကောင်းကြီးမင်္ဂလာခံစားရမည်။

၃။ လူအုပ်အား စနစ်တကျ ကွပ်ကဲသည်။ လူ (၁၅၀)စီ အတန်းလိုက် ထိုင်ခိုင်းသည်ကို သတိပြုပါ။

၄။ ကောင်းကြီးပေးပြီးနောက် မုန့်နှင့် ငါးကို ဖဲ့ဝေသည်။ ကောင်းကြီးမပေးလျှင်စားလောက် မည်မဟုတ်။ မချိုးဖဲ့လျှင် ဝေလောက်မည်မဟုတ်။

၅။ ယေရှုကိုယ်တိုင်စားစရာများကို မဝေပါ။ တပည့်တော်များကို ဝေခိုင်းသည်။ ကိုယ်တော် ၏စီမံကိန်းသည် တပည့်တော်များဖြင့် ဧဝံဂေလိအမှုတော်ပြု ရန်ဖြစ်သည်။

၆ အားလုံးဝလင်စွာ စားကြသည်။ ယနေ့ယုံကြည်သူများ၏ အမှုတော်အတွက် ဆက်ကပ် ထားမှုသည် တကမ္ဘာ လုံးရှိယုံကြည်သူများနှင့် နောင်လာနောင်သားများက ကြားသိကြ သည်။

၇။ စားကြွင်းစားကျန် (၁၂) တောင်းရှိသည်။ ထိုသို့ လိုက်ကောက်ခြင်းည် အလဟသမဖြစ် စေလိုသည့် အဓိပ္ပါယ်ရသည်။ ဖြုန်းတီးခြင်းသည် အပြစ်ဖြစ်သည်။

၈။ မူလအစီအစဉ်တိုင်းနားအေးပါးအေးအနားယူကြလျှင် ဤမျှမင်္ဂလာကြီးမြတ်သော နိမိတ် လက္ခဏာတွေ့မည်မဟုတ်။ ကျွန်ုပ်တို့အတွက်လှပသော သင်ခန်းစာဖြစ်ပါသည်။

(ဏ) ရေပေါ်တွင် သခင်ယေရှု လမ်းလျှောက်ခြင်း (၆:၄၅-၅၂)

၆:၄၅-၅ဝ သခင်ဘုရားသည် တပည့်တော်များအားကျွေးမွေးသုတ်သင်သည်သာမက ဘေးမသိရန်မခအောင်လည်း ကွယ်ကာစောင့်ရှောက်သည်။

တပည့်တော်အား အနောက်ဖက်ကမ်းသို့ လှေဖြင့် ကူးခိုင်းပြီးနောက် ခရစ်တော်သည် တကိုယ်တော်ဆုတောင်းဖို့ တောင်ပေါ်သို့ တက်သွားသည်။ ညအချိန်ဖြစ်၍ မှောင်နေပြီ။ လေဆန်တိုက် ခတ်သည်။ တပည့်တော်များစိုးရိမ်ကြောက်လန့်သောအခါ ကိုယ်တော်ဘုရားသည် တပည့်တော်များထံ သို့အရောက်လာသည်။ ရေပြင်ပေါ်တွင် အရိပ်မဲမဲလူသဏ္ဍာန်မြင်ကြသောအခါ ဖုတ်သစ္ဆေလေလားဟုတ ပည့်တော်က သူဟုတ်မှန်ကြောင်းပြောချိန်တွင် လေလည်းချက်ချင်းငြိမ်ကသွားသောကြောင့် သက်ပြင်းချ နိုင်ကြသည်။

၆:၅၁-၅၂ “တပည့်တော်များသည် အတို်ငထက်အလွန်မိန်းမောတွေဝေကြသည်။ စိတ်နှလုံး မိုက်ကြသည်ဖြစ်၍ မုန့်၌ပြသော တန်ခိုးတော်ကို ပမာဏမပြုကြ”။ ညနေခင်းက မုန့်ငါးလုံးဖြင့် လူငါး ထောင်အားကျွေးမွေးခဲ့သော်လ်ညး ကိုယ်တော်အတွက် မဖြစ်နိုင်သောအရာမရှိဟူသော အသိပျောက် နေကြဟန်တူသည်။ ရေပေါ်မှာ ကိုယ်တော်လမ်းလျှောက်သည်ကို အံ့ဩကြသည်။ ထိုအံ့ဖွယ်လက္ခဏာ သည် အထူးအဆန်းမဟုတ်။ ယုံကြည်မှုလျော့နဲခြင်းသည်သာ စိတ်နှလုံးကို မာကြောခက်ထန်စေသည်။ ဝိညာဉ်အသိကို ဆွံ့အစေပါသည်။

ဤနေရာတွင် အသင်းတော်၏ ပစ္စပ္ပုန်ကာလနှင့် နိဂုံးချုပ်မည့်ပုံကို တွေးမြင်နိုင်သည်။ ယေရှု တောင်ပေါ်တက်ခြင်းသည် ခရစ်တော်ကောင်းကင်ဘုံ၌ စိုးစံခြင်းကို ပုံဆောင်သည်။ မျက်မှောက်ကာလ အမှုတော်ကို တပည့်တော်များက ဆက်လက်ဆောင်ရွက်နေသည်။ တပည့်တော်ဆိုသည်မှာ အမှုတော် ဆောင်ရွက်နေသည်။ တပည့်တော်ဆိုသည်မှာ အမှုတော်ဆောင်အစေခံများကိုဆိုလိုသည်။ စုံစမ်းနှောင့် ယှက်ခြင်းခံရသူများဖြစ်သည်။ မကြမီ ကယ်တင်ရှင်ကြွလာမည့်အကြောင်းသည် ထိုအစေခံအမှုတော် ဆောင်များအား ကွယ်ကာလုံခြုံ၍ လွတ်မြောက်ရာ ကမ်းခြေတည်းဟူသော ကောင်းကင်နိုင်ငံသို့ ခေါ် ဆောင်သွားမည့် ပုံဆောင်ချက်ဖြစ်သည်။

(တ) ဂင်္နေသရက်တွင် အနာရောဂါငြိမ်းခြင်း (၆:၅၃-၅၆)

၆:၅၃-၅၆ အနောက်ဖက်ကမ်းခြေတွင် ကိုယ်တော်ရှိနေစဉ် မကျန်းမာသူ၊ ရောဂါသည်များ သည် ကျန်းမာခြင်းအတွက် အထံတော်သို့ပုံစံအမျိုးမျိုးဖြင့် ရောက်လာကြသည်။ ကိုယ်တော်ရောက်ရှိသော နေရာတိုင်းတွင် ဝိုင်းအုံကြသည်။ ဈေးလယ်ခေါင်သည်လည်း ဆေးရုံဖြစ်လာသည် ကိုယ်တော်၏ ဝတ်ရုံတို့ ထိခွင့် ရလျှင် ကျေနပ်ကြသည်။ ကျေနပ်သည့်အတိုင်း ကျန်းမာကြသည်။ ကိုယ်တော်ကို တို့ထိသူတိုင်း အနာရောဂါကင်းငြိမ်းကြသည်။

Previous Article
Next Article