ရှင်မာကုခရစ်ဝင် ၉

၄။ အစေတော်ခံ၏ ယေရုရှလင်ခရီးစဉ် (အခန်း ၉-၁၀)

(က) အစေတော်ခံရုပ်ပြောင်းရုပ်လွဲခြင်း (၉:၁-၁၃)

တပည့်တော်များအား ဆင်းရဲဒုက္ခခံခြင်း၊ အသေခံခြင်းများ ခံစားရမည့်အကြောင်း ပြောပြပြီး နောက်၊ မိမိတို့ အသက်တာကိုလည်းဆက်ကပ်ခြင်းဖြင့် နော်တော်သို့ လိုက်ဖို့မှာ ကြားခဲ့သည်။ နေ့စဉ်အ သက်တာအားရှုမှတ်တန်ဖိုးထားခြင်းဖြင့် တနေပြီးတနေ့ ဆုလက်ဆောင်များရရှိမည့်အကြောင်းကို လည်း သွန်သင်ထားသည်။

၉:၁-ရ သခင်ဘုရားက အချို့သော တပည့်တော်များသည် ဘုရားသခင်၏ နိုင်ငံတော်တန် ခိုးကို မမြင်ရမီ မသေရဟုဆိုသည်။ ထိုသူများမှာ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့ကို ရည်ညွှန်ခြင်းဖြစ် သည်။ ရုပ်ပြောင်းရုပ်လွဲပြုတော်မူသော တောင်ပေါ်တွင် ဘုရားသခင်၏ နိုင်ငံတော်ကို ဘုန်းတန်ခိုးနှင့် တကွတွေ့မြင်ကြသည်။ ခရစ်တော်၏ နာမတော်၌ ခံစားရသောဆင်းရဲဒုက္ခများသည် ကိုယ်တော်ဘုရား ပြန်လည်ကြွလာသောအခါ ထိုကဲ့သို့ ဘုန်းတန်ခိုးနှင့် ပြည့်ဝမည့် အကြောင်း ဤကျမ်းပိုဒ်က သွန်သင်ပါ သည်။ ထိုတောင်ပေါ်၌ ကိုယ်တော် ဘုရား၏ ရုပ်ပြောင်းရုပ်လွဲခြင်းသည် အနှစ်တထောင် အုပ်စိုးခြင်းကာ လ၏ ရှေ့ပြေးပုံစံဖြစ်သည်။

၁။ ယေရှုသည်ရုပ်ပြောင်းသွားသည်။ ခန္ဓာကိုယ်မှ ပြိုးပြက်သောအရောင်များ ထွန်းလင်း တောက်ပနေသည်။ ဝတ်ရုံများသည်လည်း အရောင်တဖိတ်ဖိတ် တောက်ပသည်။ သခင် ဘုရားပထမအကြိမ်ကြွရောက်လာချိန်၌ ဘုန်းတန်ခိုးကိုယ်ရောက်ကိုယ်ဝါပြသခြင်းဖြစ်သည် အောက်ကျို့နှိမ့်ချခြင်း၊ ဝမ်းနည်းခြင်း လူသား၊ ကြေကွဲသူအဖြစ်ပေါ်ထွန်းခဲ့သည်။ သို့သော် နောက်တကြိမ်တွင်မူ ဘုန်းတန်ခိုးထိန်ဝါလျက် ဆင်းသက်လာမည်။ တစုံတဦးကမှ အပြစ် မရှာရဲ။ ဘုရင်တကာတို့၏ ဘုရင်၊ သခင်တကာတို့၏ သခင်အဖြစ်တွေ့မြင်ကြမည်။

၂။ ဧလိယ နှင့် မောရှေလည်းတွေ့ရသည်။ သူတို့သည် (က) ရှေးဦးသန့်ရှင်းသူများ (ခ) ပညတ်တရား (မောရှေ)နှင့် ပရောဖက်များ (ဧလိယ) (ဂ) သေလွန်သောသန့်ရှင်းသူများနှင့် ဘဝပြောင်းသူများကို ကိုုယ်စားပြုသည်။

၃။ ပေတရု၊ ယာကုပ်နှင့် ယောဟန်တို့သည် ဓမ္မသစ်ကာလသန့်ရှင်းသူများကို ကိုယ်စားပြု သို့ ဘုရားသခင်နိုင်ငံတော်တည်ထောင်ချိန်၌ ရှိမည့် အသက်ရှင်နေသူများ ကိုကိုယ်စားပြု သည်။

၄။ ယေရှုသည် အဓိကဖြစ်သည်။ ပေတရုက တဲဆောင် (၃)ခု လုပ်ပေးမည်ဟု လျှောက် သောအခါ ကောင်းကင်မှ ငြင်းပယ်သော အသံတော်ထွက်လာသည်။ အရာခပ်သိမ်းတို့တွင် ခရစ်တော်သည် အဓိကဖြစ်သည်။ ဧမာနွေလ ဘုရား မြေပေါ်၌ ဘုန်းတန်ခိုးနှင့် ပြည့်စုံသူ ဖြစ်သည်။

၅။ တိမ်သည် ဓမ္မဟောင်းခေတ် သန့်ရှင်းသော နေရာ၏ အသန့်ရှင်းဆုံး သောဌာနတော်၌ ဘုရားသခင်ကိန်းဝပ်သည့်လက္ခဏာ ဖြစ်သည်။ ဘုရားသခင်ကိန်းဝပ်ကြောင်း မြင်သာ အောင်ပြသခြင်းဖြစ်သည်။

၆။ ကောင်းကင်မှ အသံတော်ဆိုသည်မှာ အဘဘုရားသခင်၏ အသံတော်ဖြစ်သည်။ ဤသူ သည်ကား အချစ်ဆုံးသားတော်ဖြစ်သည်ဟူသောအသံတော်ဖြစ်သည်။

၉:၈ တိမ်များပျောက်လွင်သွားသည့်အခါ ယေရှုတပါးတည်းသာ မြင်ရသည်။ အခြားသူများ ကိုမမြင်ရတော့ပါ။ ခရစ်တော်ဘုရားသည် တပါးတည်းသော ဘုန်းတန်ခိုးနှင့် ပြည့်စုံသူ၊ နိုင်ငံတော်တည် ထောင်သောအခါတွင်လည်း ဘုန်းတန်ခိုးဖြင့် တွေ့မြင်ရမည့်သူ တပည့်တော်များ စိတ်နှလုံးထဲ၌ စွဲမှတ် ထင်ကျန်ရမည့် ပုံပြသက်သေဖြစ်သည်။

၉:၉-၁ဝ ခရစ်တော်နှင့် တပည့်တော် (၁၂)ပါးတို့ထိုတောင်ပေါ်မှ ပြန်ဆင်းလာသောအခါ တွေ့မြင်ရသော အကြောင်းအရာများအား ရှင်ပြန်ထမေမြာက်ခြင်း မတိုင်မီ ကြားပြောခြင်းမပြုရန် တားမြစ် သည်။ နောက်ပိုင်းကျမ်းစကားည် ပဟေဠိဆန်သည်။ ကိုယ်တော်အသေခံ၍ ရှင်ပြန်ထမြောက်မည့်အ ကြောင်းကို အတိတ်စိမ်းပေးခြင်းလား။ သေခြင်းမှ ထမြောက်ခြင်းဟူသောစကားကို နားမလည်နိုင်ကြ။ ယုဒများသည်ပြန်လည်ထမြောက်မည်ကို ယုံကြည်ကြသည်။ သို့သော် ယေရှုပြောသော ထမြောက်ခြင်း သည်သီးသန့်ဖြစ်သည်။ သေလွန်သူများထဲမှ ရှင်ပြန်ထမြောက်မည့် တဦးတည်းသောသူဖြစ်သည်။ အများ နည်းသူ ထမြောက်ခြင်းမဟုတ်။ ထိုထမြောက်ခြင်းသည် ဓမ္မသစ်ကျမ်း၏ သမ္မတရားဖြစ်သည်။

၉:၁၁ တပည့်တော်များအတွက် နိုင်ငံတော်ဟူသော ပြဿနာရှိနေပြန်သည်။ မာလခိက “မေရှိကြွလာမည့်လမ်းကို ဧလိယက လမ်းရှင်းပေးမည်။ လမ်းညှိထားမေမည်ဟု ပရောဖက်ပြုခဲ့သော် လည်း ယခုအချိန်ထိ ဧလိယကိုရှာမတွေ့ကြသေး (မာလ ၄:၅) ဟုဆိုထားသည်။ ဧလိယအဘယ်မှာနည်း။ သမ္မကျမ်းစာလာအတိုင်း ဧလိယကဦးစွာလာရမည်မဟုတ်လား။

၉:၁၂-၁၃ ယေရှုကလည်း ဧလိယ ဘုရင်လာသည်မှာ မှန်ကန်ပါသည်။ သို့သော် ထိုထက် အရေးကြီးသည်မှာ ဓမ္မဟောင်းကျမ်းတွင် လူသားတော်သည်ကြီးမားသော ဆင်းရဲဒုက္ခခံစားနေရပြီမဟုတ် လားဟုဆိုသည်။ ဧလိယအမှန် ရောက်လာခဲ့သည် (ဗတိ္တဇံယောဟန်ကိုဆိုလိုသည်)။ သို့သော် လူများက မူ ဧလိယဟူသော အမည်ဖြင့် အတိအကျတွေ့လိုကြသည်။ ဗတိ္တဇံယောဟန်အသတ်ခံရသကဲ့သို့ လူသား တော်လည်း အသေခံရမည့်အကြောင်း ပုံဆောင်ခြင်းဖြစ်သည်။ ရှေ့တော်ပြေးကိုလည်း ငြင်းပယ်ခဲ့ကြ သည်။ ယခုရှေ့တော်ပြေး နောက်မှရောက်လာသော ဘုရင်ကိုလည်း ငြင်းပယ်ကြဦးမည်။

(ခ) သူငယ်ထံမှ ညစ်ညမ်းသော နတ်ဆိုးနှင် ထုတ်ခြင်း (၉:၁၄-၁၉)

၉:၁၄-၁၆ တပည့်တော်များအားလုံး တောင်ထိပ်သို့ တက်ခွင့်မရကြပါ။ ကိုယ်တော်နှင့် တပည့်တော် (၃)ဦးတောင်ထိပ်ပေါ်မှ ပြန်ဆင်းလာသောအခါ တောင်ခြေ၌ ကျန်ရှိသော တပည့်တော်များ နှင့် ကျမ်းတတ်ပုဂ္ဂိုလ်များသည် အချေအတင် ငြင်းခုံကြလျက် လူအုပ်ကြီးဖြစ်နေကြသည်။ သခင်ဘုရားကို တွေ့ရှိကြသောအခါ အငြင်းအခုန်သည် မီးကိုရေလောင်းချသည့် ပမာငြိမ်ကျသွားသည်။ လူအုပ်ကြီးသည် လည်း ကိုယ်တော်အား ဝိုင်းအုံကြိုကြသည်။ ကိုယ်တော်က တပည့်တော်များအား “ဘာအကြောင်းအရာ ငြင်းခုန်ကြသနည်း”ဟု မေးလိုက်သည်။

၉:၁၇-၁၈ ပရိသတ်ထဲမှ လူတစ်ဦးသည် ကိုယ်တော်ထံရောက်လာပြီးသူ့သားသည် နတ်ဆိုး၊ နတ်အ၊ စွဲကပ်နေကြောင်း သူသားအားမြေကြီးပေါ်သို့ ဆွဲလှဲပစ်ပြီး အံတကြိတ်ကြိတ် ဖြစ်စေကြောင်း၊ ပါစပ်မှ အမြှုပ်တစီစီထွက်စေကြောင်း၊ ကျန်းမာခွင့်ပေးပါရန် တောင်လျှောက်သည်။ တပည့်တော်ကို  အကူအညီတောင်းခဲ့သော်လည်း နတ်ဆိုးအားမနှင်ထုတ်ပေးနိုင်ကြောင်း တင်ပြသည်။

၉:၁၉ ယေရှုက တပည့်များအား သင်တို့ကို နတ်ဆိုးနှင်ထုတ်ခွင့် တန်ခိုးပေးခဲ့သည်မဟုတ် လော။ အဘယ်ကြောင့် မစွမ်းဆောင်နိုင်ကြသနည်း။ ငါသည်သင်တို့နှင့် အတူမည်မျှနေရမည် ကိုသိကြသ လားဟုဆိုသည်။ မည်မျှကြာဆိုသည်မှာ တန်ခိုးအစွမ်းမရှိကြသည့်အတိုင်းအတာကို ဆိုလိုသည်။

၉:၂၀-၂၃ ကိုယ်တော်ရှေ့သို့ နတ်ဆိုးစွဲသော ထိုသူငယ်ကို ခေါ်ဆောင်လာကြသောအခါ ထိုနတ်ဆိုးနတ်အက သူငယ်အား ပိုမိုဖိစီးနှိပ်စက်သည် ခရစ်တော်မှ လူနာ၏ ဖခင်အားဤရောဂါဖြစ်ပွား သည်မှာ မည်မျှကြပြီလဲဟုမေးရာ ငယ်စဉ်တောင်ကျေးကလေးဘဝက စတင်၍ ရောဂါဖြစ်ပွားခဲ့ပါသည်ဟု ဆိုသည်။ မီးထဲ၊ ရေထဲတွင်လည်း သေလုမတတ်မကြာခဏလဲကျသည်၊ သေဘေးမှ သီသီကလေးလွတ် ကြောင်း ရှင်းပြသည်။ ထို့ကြောင့် သခင်ယေရှုအား အကူအညီ တောင်းသည်။ သခင်ဘုရားအတွက် ထိုရောဂါဆိုးကြီးအား ကင်းငြိမ်းစေရန် အခက်အခဲ မရှိပါ။ သို့သော်လည်း လူနာ၏ ဖခင်ကိုယ်တိုင် ယုံကြည်ခြင်းလိုအပ်သည်ဟုဆိုသည်။ အသက်ရှင်သော ဘုရားသခင်ကို ယုံကြည်ခြင်းသည်ဆုလက် ဆောင်ရရှိရာဖြစ်သည်။ ကိုယ်တော်အတွက် ခက်ခဲသောအရာဟူ၍မရှိပါ။

၉:၂၄ လူနာဖခင်က ဘုရားရှင်ကို ယုံကြည်ပါသည်။ မယုံကြည်သောအပြစ်များကိုလည်း ခွင့်လွှတ်တော်မူပါဟု မျကရည်ဝဲ၍ တောင်းပန်သည်။ ကျွန်ုပ်တို့သည် ယုံမှားသံသယမရှိ။ ယုံကြည်ခြင်း၏ ဆန့်ကျင်ဘက်ဖြစ်သော အတွင်းသံသယစိတ်များကို ထုတ်ပစ်ရမည်။

၉:၁၄-၂ရ ယေရှုက ထိုနတ်ဆိုးနတ်အအား အမိန့်ပေးမောင်းထုတ်သောအခါ နာကျင်စွာ အော်ဟစ်၍ထွက်သွားသည်။ သူငယ်၏ ခန္ဓာကိုယ်လည်း လူသေကောင်ကဲ့သို့ တောင့်တောင့် ကြီးကျန် ရစ်ခဲ့သည်။ ပရိသတ်ကမူ ထိုသူငယ်အား သေပြီဟု ထင်ကြသည်။ ကိုယ်တော်က လက်ဖြင့်ဆွဲထူပြီး သူ့ဖ ခင်ထံအပ်နှံလိုက်သည်။

၉:၂၈-၂၉ မိမိတို့သာရှိနေကြသောအခါ တပည့်တော်များက ကိုယ်တော်အား တိုးတိုးလေး မေးမြန်းခဲ့ကြသည်။ တပည့်တော်များမှ မောင်းထုတ်ခဲ့ကြပါသော်လည်း အဘယ်ကြောင့် နတ်ဆိုးထွက်မ သွားသနည်းဟု မေးသည်။ ယေရှုက နတ်ဆိုးများ မောင်းထုတ်ရန် အစာရှောင်ဆုတော်ငးဖိုလိုသည်ဟုဖြေ သည်။ ယုံကြည်သူများ၏ အသက်တာတွင်လည်း ဤအဖြစ်အပျက်မျိုးအကြိမ်မည်မျှ ကြုံတွေ့ဘူးခဲ့ကြပါ သနည်း။ မနေမနား ပင်ပန်းကြီးစွာ လုပ်ဆောင်ကြပါသော်လည်း ဘုရားသခင်၏ ဘုန်းတော်ထင်ရှားခြင်း မတွေ့ရပါ။ ထိုအချိန်အခါမျိုးတွင် ဤကျမ်းပိုဒ်ပါကိုယ်တော်ပြောသော စကားတော်ကို သတိရပါ။

(ဂ) အသေခံမည့်အကြောင်း၊ ရှင်ပြန်ထမြောက်မည့်အကြောင်း တဖန်ဗျာဒိတ်ပေးခြင်း (၉:၃၀-၃၂)

၉:၃ဝ ဖိလိပ္ပုကဲသရိ ခရီးစဉ်ပြီးဆုံးသွားပြီ။ ယခု ဂါလိလဲသို့ ပြန်လာသည်။ ဤခရစီးစဉ်ည် လက်ဝါးကပ်တိုင်နှင့် နီးစပ်သည်။ သို့ကြောင့် သိုသို သိပ်သိပ် ဖြစ်စေချင်သည်။ လူထုပရိသတ်သို့ တရားဟောကြားခြင်းလည်းပြီးဆုံးပြီ။ တပည့်တော်များနှင့် အတူနေ၍ ကိုယ်တော် အသေခံမည့်အကြောင်း ဆွေးနွေးပြောပြချင်သည်။

၉:၃၁-၃၂ ကိုယ်တော်က စကားပလ္လင်မခံဘဲ၊ အဖမ်းခံ၍ ကွပ်မျက်ခြင်းခံရမည့် အကြောင်း၊ သုံးရက်မြောက်သောနေ့တွင် ရှင်ပြန်ထမြောက်မည့်အကြောင်း ဗျာဒိတ်ပေးသည်။ တပည့်တော်များက ထိုစကားကို သဘောမပေါက်ကြသော်လည်း မမေးဝံ့ကြ။ ကျွန်ုပ်တို့လည်း မင်္ဂလာမရှိသောစကား များကို လျှာမရှည်သင့်ပါ။

(ဃ)  နိုင်ငံတော်၏ ကြီးမြတ်ခြင်း (၉:၃၃-၃၇)

၉:၃၃-၃၄ ကပေရနောင်သို့ရောက်ရှိကြသောအခါ ကိုယ်တော်ဘုရားက တည့်တော်များထံ လမ်းတွင် မည်သည့် အကြောင်းအရာငြင်းခုံကြသနည်းဟု မေးသည်။ မည်သူအကြီးမြတ်ဆုံးနည်းဟူ၍ ငြင်းခုံကြကြောင်း ပြောပြဖို့ရှက်နေကြသည်။ ရုပ်ပြောင်းရုပ်လွဲမြင်ခဲ့ပြီဖြစ်၍ နိုင်ငံတော်တွင် ထိုကဲ့သို့ ဘုန်းတန်ခိုးရှိမည့် အကြောင်းပြောချိန်တွင် တပည့်တော်များထဲ၌ မည်သူအကြီးမြတ်ဆုံးနည်းဟု အငြင်းပွားခြင်းသည် ရင်နာစရာ ကောင်းပါသည်။ ယေရမိပရောဖက်ပြုသည့်အတိုင်း လူ့စိတ်နှလုံးသည် ယိုယွင်းပျက်စီးခြင်း၏ အထွဋ်အထိပ် ဖြစ်ပါသည်။

၉:၃၅-၃ရ ကိုယ်တော်က တပည့်တော်များ၏ အငြင်းအခုံစကားကိုသိသည်။ ထို့ကြောင့် အောက်ကျို့နှိမ့်ချခြင်းရှိကြရန် သင်ခန်းစာပေး၍ ဆုံးမသည်။ တပည့်တော်မှန်ိလျှင် မိမိကိုယ်ကို အခြားသူ များအတွက် ကြည်ဖြူစွာ အစေခံရမည်။ ကလေးသူငယ်ကဲ့သို့ သောစိတ်သဘောထားမျိုးကို သခင်ဘုရား အလိုတော်ရှိသည်။ နာမတော်မြတ်၌ သနားကြင်နာတတ်သူသည် ကြီးမြတ်သောအမှုပြုသူဖြစ်သည်။ ဘုရားသခင်၏ နာမတော်၌ ကျေးဇူးပြုသူသည် ဘုရားသခင်အား ကျေးဇူးပြုခြင်း ဖြစ်သည်။ “ယေရှုသခင် ဘုရားရှင်အား ချီးမွမ်းကိုးကွယ်ပါ၏ ။ သွန်သင်တော်မူချက်များသည် လေးနက်၍ စိတ်နှလုံးကို တို့ထိပါ၏။ အတ္တကို ချိုးဖဲ့လျက် ကိုယ်တော်၌ အသက်ရှင်ရသောအခွင့်ကို သွန်သင်တော်မူပါ”။

(င) စိတ်ဝမ်းမကွဲရန် တပည့်တော်များကို တားမြစ်ခြင်း (၉:၃၈-၄၂)

ဤအခန်းတွင် အားနည်းချက် အများအပြားဖော်ပြထားသည်။ ရုပ်ပြောင်းရုပ်လွဲပြုသော တောင်ပေါ်တွင်ပေတရုက ကိုးယိုးကားယားပြောခဲ့သည် (ငယ် ၅-၆)။ တပည့်တော်များက နတ်ဆိုး နတ်ကန်းအား မမောင်းထုတ်နိုင်ကြ (ငယ် ၁၈)။ အချင်းချင်းထဲတွင် မည်သူအကြီးမြတ်ဆုံးနည်းဟု အငြင်း ပွားကြသည် (ငယ် ၃၄)။ ယခု (ငယ် ၃၈-၄၀) တွင် သွေးဝမ်းကွဲပြားဂိုဏ်ဂနခွဲခြားခြင်း အကြောင်းတွေ့ရ ပြန်သည်။

၉:၃၈ ယေရှု၏ အချစ်ဆုံးတပည့်တော်ယောဟန်က ယေရှုအား လူတစ်ဦးသည် ကိုယ်တော် ၏ နာမတော်ဖြင့် နတ်ဆိုးမောင်းထုတ်ကြောင်း ထိုသူသည် တပည့်တော်များထဲက မဟုတ်သောကြောင့် တားမြစ်ခဲ့ကြောင်းသတင်းပို့သည်။ ထိုသူသည် မှားယွင်းသော အယူဝါဒနှင့် အပြစ်တွင် ပျော်ပိုက်ရန် လမ်းညွန်ခြင်းမဟုတ်ပါ။

၉:၃၉ ယေရှုက ထိုသူအား မတားမြစ်ပါနှင့်။ င့ါကို ယုံကြည်ခြင်းရှိလျှင် ငါ၏နာမတော်ဖြင့် နတ်ဆိုးများနှင် ထုတ်ပါစေ။ သူသည် င့ါဘက်၌ ရပ်တည်လျှင် စာတန်၏ တဘက်၌နေသူ ဖြစ်သည်။ င့ါကို အမှီပြုသူတိုင်း ငါ့အား အလွယ်တကူကဲ့ရဲ့သူမဟုတ်ဟု မှာလိုက်သည်။

၉:၄ဝ ဤကျမ်းပိုဒ်သည် (မ ၁၂:၃၀)ပါ “င့ါဘက်၌ မနေသော သူသည် ငါ့ရန်ဘက်ဖြစ်၏။ ငါနှင့်အတူမစုသိမ်းသောသူသည် ကြဲဖြန့်သောသူဖြစ်၏”ဟူသော ကျမ်းပိုဒ်နှင့် ဆန့်ကျင်သည်။ သို့သော် အသေအချာဆန်း စစ်လျှင် မဆန့်ကျင်ပါ။ သူ့အကြောင်းနှင့် သူရှိသည်။ ရှင်မဿဲကျမ်းတွင်မူ ဘုရားသား တော်အား နတ်ဆိုးတန်ခိုးရှိသူအဖြစ် သမုသ်ခြင်းဖြစ်သည်။ ကိုယ်တော်နှင့် အတူမရှိသူသည် ကိုယ်တော် အားဆန့်ကျင်သူဖြစ်သည်ဟု ဆိုလိုခြင်းဖြစ်သည်။

ဤမာကုခရစ်ဝင်ကျမ်းတွင် ခရစ်တော်သို့မဟုတ် ခရစ်တော်၏ အမှုတော်နှင့် မဆိုင်ပါ။ သခင်ဘုရား၏ အမှုတော်ပါဝင်ခြင်းနှင့် သက်ဆိုင်သည်။ မေတ္တာတရားနှင့် ဆက်နွယ်သည်။ ကိုယ်တော်၏ အမှုတော်အား ဆန့်ကျင်ခြင်းမပြုသူသည် စာတန်၏ အမှုတော်အား ဆန့်ကျင်သူဖြစ်၍ ခရစ်တော်၏ အမှု ဘက်၌ ရပ်တည်သူဖြစ်သည်။

၉:၄၁ ခရစ်တော်၏ နာမတော်မြတ်ဖြင့် အသေးငယ်ဆုံးသော ကောင်းမှုကုသိုလ်သည် လည်း ဆုလက်ဆောင်ထိုက်သန်သည်။ တပည့်တော်တဦးအား သောက်ရေကြည်တခွက်ကမ်းလှမ်းခြင်း သည် အမှတ်တမဲ့ခရစ်တော်ကို ပိုင်ဆိုင်ခြင်းဖြစ်သည်။ နာမတော်မြတ်ဖြင့် မကောင်းဆိုးဝါးများ နှင်ထုတ် ပေးနိုင်သည်။ သောက်ရေတခွက်သည် ပုံဥပမာပေးခြင်းဖြစ်သည်။ ထိုနှစ်ခုစလုံးသည် ကိုယ်တော်၌ အဖိုးတန်မင်္ဂလာတရားများဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်နှင့်ဆိုင်သည်”ဟူသောစကား သည် ယုံကြည်သူများအားစုစည်းခြင်း ဖြစ်သည်။ ထိုစကားကို လိုက်နာခြင်းသည် ဝိညာဉ်ဆိုး၏ ရန်တွေ့ ငြင်းခုံခြင်းနှင့် မနာလိုမှုများမှ ကင်းလွတ်နိုင်သည်။

၉:၄၂ ကိုယ်တော်၏ အစေခံများသည် အပြောအဆို အလုပ်အကိုင်အားဖြင့် အခြားသူများ ကို လွှမ်းမိုးဖမ်းစားနိုင်ရသည်။ ယုံကြည်သူတဦးအား ပျက်စီးစေခြင်းသည် ဘဝအသက်တာ တခုလုံး ပျက် သုဉ်းစေခြင်း ဖြစ်သည်။ ထိုသို့အခြားသူကို အယူအဆလွဲမှားစေသူ၊ ဝိညာဉ်ပျောက်ဆုံးစေသူသည် အသက်ရှင်ခြင်းထက် လည်ပင်းတွင် ကြိတ်ဆုံဆွဲ၍ ရေနက်ထဲသို့ပစ်ချခြင်းက ပိုကောင်းသည်။

(စ) မိမိကိုယ်ကို မညှာတာဘဲ စည်းကမ်းရှိခြင်း (၉:၄၃-၅၀)

၉:၄၃ ဤကျမ်းပိုဒ်တွင် စည်းကမ်းစနစ်တကျရှိခြင်းနှင့် မလိုလားအပ်သောအရာများကို တွန်းလှန်ဖယ်ရှားဖို့ ကြပ်တည်းစွာ သွန်သင်ထားသည်။ စစ်မှန်သော တပည့်တော်တိုင်းသည် လောကီ ဇာတိနှင့် အစဉ်မပြတ်တိုက်ပွဲဆင်နွဲသူများဖြစ်သည်။ ယိုယွင်းပျက်စီးသော အပိုင်းကို ဖယ်ရှားပစ်ရမည်။ ဝိညာဉ်ရေးရာ အောင်မြင်မှုကို ထိန်းသိမ်းထားရမည်။

သခင်ဘုရားက လက်၊ ခြေထောက်၊ မျက်စိအစုံအလင်ဖြင့် ငရဲပြည်ရောက်ခြင်းထက် ခန္ဓာ ကိုယ်မစုံလင်ခြင်း ပိုကောင်းသည်ဟုဆုံးမသည်။

လက်ဖြင့် လုပ်ဆောင်ရသည်။ ခြေထောက်ဖြင့်သွားရသည်။ မျက်စိဖြင့် တပ်မက်စိတ်ဖြစ် ပေါ်စေသည်။ ဤအရာများကို ကောင်းစွာမထိန်းကျောင်းပါက ပျက်စီးခြင်းသို့ပို့သော အန္တရာယ်ကောင်များ ဖြစ်သည်။

ဤကျမ်းပိုဒ်က ယုံကြည်သူများ အမှန်တကယ်ပျောက်ဆုံးနိုင်သည်ဟု သွန်သင်ပါသလား။ သို့သော် ဓမ္မသစ်ကျမ်းတခုလုံးကို လေ့လာဆင်ခြင်လျှင် စစ်မှန်သော ခရစ်ယာန်သည် ဘယ်သောအခါမှ ငရဲပြည်မလားနိုင်ပါ။ အသစ်တဖန် မွေးဖွားဟန်ဆောင်၍ စိတ်ကူးရမှ မဿဟာယဖွဲ့သူများ၊ ဇာတိ၌ ပျော် မွေ့သူများနှင့် သာသက်ဆိုင်သည်။ ထိုသူများသည် အမှန်တကယ် ကယ်တင်ခြင်းမရရှိသူများဖြစ်သည်။

၉:၄၄-၄၈ သခင်ဘုရားက ငရဲပြည်ကို ပိုးမသေမီးမငြိမ်းရာနေရာအဖြစ် ထပ်ပြောထားသည်။ ထိုစကားသည် ကျမ်းစကားဖြစ်သည်။ အမှန်တကယ် ယုံကြည်လျှင် လောကအရာသို့သာ အမြဲမှန်းဆသင့် ပါသည်။ “အို ဘုရားရှင် ဝိညာဉ်အသက်ရှင်ရာကို ပို့ဆောင်တော်မူပါ။”

ခြေထောက်ဖြတ်တောက်ခြင်း၊ မျက်စိထုတ်ပစ်ခြင်းကို မည်သူမှမလုပ်ချင်ကြပါ။ ထိုသို့ အစွန်းရောက်ရန်လည်း ယေရှုအလိုတော်မရှိပါ။ ထိုကိုယ်လက်အင်္ဂါများအားဖြင့် ငရဲာလားခြင်းထက် အမှု တော်မြတ်၌ ပါဝင်စေဖို့ ပိုမိုလိုလားပါသည်။

၉:၄၉ အပိုဒ်ငယ် ၄၉-၅ဝသည် အလွန်နားလည်ရခက်သော ကျမ်းချက်ဖြစ်သည်။ သို့ကြောင့် တကြောင်းပြီးတကြောင်း လေ့လာကြည့်ကြရအောင်။ ယဇ်ကောင်တိုင်းအား ဆားခတ်ရသကဲ့ သို့ ခပ်သိမ်းသောသူတို့သည် မီးဆားခတ်ခြင်းခံရမည်။ (၁) ဆားဆိုသည်မှာ ဘာလဲ (၂) ဆားခတ်သည်ဆို သည်မှာ ဘာလဲ (၃) ခပ်သိမ်းသောသူဆိုသည်မှာ ကယ်တင်ခြင်းရရှိသူ (သို့) မရရှိသူ နှစ်မျိုးစလုံးကို ဆိုလိုခြင်းလား။

မီးဆိုသည်မှာ ငရဲ (ငယ် ၄၄၊၄၆-၄၈) သို့မဟုတ် အပြစ်စီရင်ခြ်ငးအမျိုးမျိုး၊ ယုံကြည်သူများ ၏ လုပ်ဆောင်မှု စီစစ်ခြင်းလည်း ပါဝင်နိုင်သည်။

ဆားဆိုသည်မှာ စင်ကြယ်စေခြင်း၊ အကွယ်အကာပေးခြင်း၊ ဖြူးခြင်းဖြစ်သည်။ အရှေ့တိုင်း ပြည်များတွင် သစ္စာရှိခြင်း၊ ရင်းနှီးချစ်ခင်ခြင်း၊ သစ္စာရှိခြင်း၊ ကတိတည်ခြင်း အဓပ္ပါယ်ဖြင့် ဖော်ဆောင်ကြ သည်။

လူတိုင်းဟူသောစကားသည် ကယ်တင်ခြင်းမရရှိသူများကို ရည်ညွန်းလျှင် ငရဲမီးသို့လား ကြရမည်။ ထာဝရအပြစ်ဒဏ်ခံစားကြမည်။ ကယ်တင်ခြင်း ရရှိသူများကို ရည်ညွန်းလျှင်မူကား အသက်တာ ကို ဘုရားသခင်၏ မီးဖြင့် အရည်အချင်းစစ်ဆေးခြင်းဖြစ်သည်။ သို့မဟုတ် မိမိကိုယ်ကို ငြင်းပယ်ခြင်း၊ စနစ်တကျထိန်းသိမ်းခြင်းဖြင့် ပျက်စီးခြင်းမှ လွတ်ကင်းကြမည် သို့မဟုတ် ခရစ်တော်တရားပလ္လင်ရှေ့၌ စစ်ဆေးခြင်းခံရမည်။

“ယဇ်ကောင်ရှိသမျှ ဆားခတ်ရသကဲ့သို့” ဟူသောစကားသည် ဝတ် ၂:၁၃ (တော ၁၈:၁၉၊ ၄ရာ ၁၃:၅ကိုလည်းကြည့်) ကို ကိုးကားခြင်းဖြစ်သည်။ ဆားသည် ဘုရားသခင်နှင့် သူ့လူများအကြား ပဋိညာဉ်တည်ရန် တံဆိပ်ခတ်နှိပ်ခြင် သင်္ကေတဖြစ်သည်။ ကျွန်ု့ခန္ဓကိုယ်သည် အသက်ရှင်သော ယဇ်ကောင် (ရော ၁၂:၁-၂)ဖြစ်သည်။ ပုပ်သိုးပျက်စီးခြင်းမရှိစေရန် ဆားတည်းဟူသော ပဋိုညာဉ်ဖြင့် အုုပ် ထားရသည်။

၉:၅ဝ “ဆားသည်ကောင်း၏”ခရစ်ယာန်များသည် လောက၏ ဆားဖြစ်ကြ၏ (မ ၅:၁၃)။ ဘုရားသခင်က ကြံ့ခိုင်သူများ၊ စင်ကြယ်သူများ ဖြစ်စေချင်သည်။ တပည့်တော်ဖြစ်နေသရွေ့ကာလပတ် လုံးကောင်းကြီးမင်္ဂလာအဖြာဖြာနှင့် ပြည့်စုံကြသည်။

“သို့သော် အငံပျောက်ကင်းလျှင် ငံသော အရသာ ပြန်မရနိုင်” အငံဓါတ်မရှိသော ဆားသည် အချည်းနှီးဖြစ်သည်။ ဘဝအသက်တာမကျေပွန်၊ တပည့်တော်မပီသသော ခရစ်ယာန်သည် အကျိုးအာနိ သင်မရှိ၊ ခရစ်ယာန်အသက်တာသည် ယုံကြည်ခါစတွင် မီးဟုန်းဟုန်းတောက်ရုံမျှဖြင့် မလုံလောက်။ ဘုရား သားသမီးပီပီစဉ်ဆက်မပြတ်မိမိကိုယ်ကို ဆင်ခြင်းသုံးသပ်ရသည်။ ဘုရားသခင် ကယ်တင်ထားပြီးသော အသက်တာကို အလဟသမဖြစ်အောင် တန်ဖိုးထားရသည်။

“သင်တို့၌ ဆားရှိစေကြလော့” ဘုရားသခင်၏ ဘုန်းတန်ခိုးကိုထင်ရှားစေပါ။ ခရစ်တော်၏ ဘုန်းကျက်သရေ ထွန်းကားစေပါ။ သင့်လုပ်ဆောင်သမျှ၊ သင့်အသက်တာသည် ကို်ယ်တော်အတွက် ဖြစ် ပါစေ။

“အချင်းချင်း အသင်အတင့် နေကြလော့” ဤကျမ်းပိုဒ်သည် တပည့်တော်များတွင် မည်သူ အကြီးမြတ်ဆုံးနည်းဟု အငြင်းပွားကြစဉ် ဆုံးမသော ကျမ်းပိုဒ် (ငယ် ၃၃-၃၄ ကို ပြန်လည်ဖော်ပြခြင်းဖြစ် သည်။ မာန်မာနကို ဖယ်ရှား၍ အောက်ကျို့နှိမ့်ချခြင်းဖြင့် အစားထိုးရသည်။

ဤကျမ်းပိုဒ်ငယ် ၄၉နှင့် ၅ဝ ကို အကျဉ်းချုံးပြန်လည် ဖော်ပြလျက် ယုံကြည်သူများသည် အသက်တာကို ဘုရားသခင်ထံ ဆက်ကပ်ကိုးကွယ်ရမည်။ မီးနှင့် ဆားဆိုသည်မှာ မိမိကိုယ်ကို ငြင်းပယ် ခြင်း၊ မိမိကိုယ်ကို စစ်ကြေားခြင်းဖြစ်သည်။ ယဇ်ပလ္လင်ပေါ်မတည်သော ပူဇော်သက္ကာပြုခြင်းဖြစ်သည်။ ယုံကြည်သူမျးာသည် မူလဘဝသို့ပြန် ရောက်လျှင် အပြစ်ထူသောရမ္မက်၊ ကယ်တင်ရာမဲ့၊ ရည်ရွယ်ချက်မဲ့ ဖြစ်သွားသည်။ သူ့ဘဝအား သင်ပုန်းချေဖျက်ရာရောက်သည်။ ထို့ကြောင့် ဘုရားရှင်၏ အလိုတော် နှင့်အညီ ဘဝအသက်တာကို အခြားသူများ အတုယူမှီခိုရာ ဆားကဲ့သို့ ငံစေ၍ အခြားယုံကြည်သူများနှင့် လည်း ငြိမ်းချမ်းစွာ ယှဉ်တွဲနေရသည်။

Previous Article
Next Article