ရှင်မဿဲခရစ်ဝင် ၇

(ဒ) အခြားသူအား စစ်ကြောစီရင်ခြင်း မပြုရ (၇:၁-၆)

ဤသင်ခန်းစာသည် လောကချမ်းသာကို ဝေဖန် ခြင်းအကြောင်းဖြစ်၍ အရေးကြီးသော သင်ခန်းစာ (၂)ချက်ရှိသည်။ ကြွယ်ဝချမ်းသာသော ခရစ်ယာန်များကို ဝေဖန်တတ်ကြသည်။ ပြီးခဲ့သော သင်ခန်းစာတွင်လည်း အနာဂတ်အတွက် စိုးရိမ်ပူပန် ခြင်းနှင့် ပတ်သက်၍ ဆုံးမဩဝါဒပေးထားသည်။ မည်သူမှယုံကြည်ခြင်း မပြည့်ဝခြင်းသည် ဝေဖန်စရာမဟုတ်။

အခြားသူအား ဝေဖန်ခြင်းမပြုရဟုဆိုရာတွင် အောက်ပါအချက်များပါဝင်သည်။ အပြင်ပန်း လက္ခဏာကြည့်၍ စစ်ကြောခြင်းမပြုရ (ယော ၇:၂၄၊ ယာ ၂:၁-၄)။ တပါးသူ၏ အသိတရားအား မှားသည် ဟုဝေဖန်ပိုင်းခြားခြင်းမပြုလုပ်ရ (ရော ၁၄:၁-၅)။ အခြားခရစ်ယာန်များ၏ ယုံကြည်ဆက်ကပ်မှုကို ဝေဖန် ခြင်းမပြုရ (၁ကော ၄:၁-၅)။ သီတင်းသုံးဖော် ယုံကြည်သူအား အတင်းမပြောရ (ယာ ၄:၁၁-၁၂)။

၇:၁ တခါတရံ ဤကျမ်းပိုဒ်ကို နားလည်မှုလွဲတတ်ကြသည်။ “သူတပါးအမှုစစ်ကြောဆုံး ဖြတ်ခြင်းမပြုလျှင် မိမိလည်း စစ်ကြောဆုံးဖြတ်ခြင်းနှင့် ကင်းလွှတ်သည်”ဟု ကျမ်းစာကဆိုထားသည်။ သခင်ယေရှုက ခရစ်ယာန်အချင်းချင်း စစ်ကြောစီရင်ခြင်းမပြုရန် သွန်သင်ထားသည်။ ဓမ္မသစ်ကျမ်းတွင် အခြားယုကြည်သူများ၏ အခြေအနေ၊ အကျိုးအကြောင်း စီရင်မည့်ပုံစံအမျိုးမျိုး ပုံဥပမာဖြင့် ရှင်းပြထား သည်။ ခရစ်ယာန်အနေဖြင့် အဆိုးနှင့် အကောင်း၊ အကောင်းနှင့် အကောင်းဆုံးရွေးချယ်တတ်ဖို့ အောက် တွင် နာမူနာအချို့ဖော်ပြထားသည်။

၁။ အခက်အခဲရွေးချယ်စရာကြုံတွေ့လျှင် ယုံကြည်သူခရစ်ယာန်သည် အသင်းတော် ယုံကြည်သူများရှေ့၌သာ စီရင်ရသည်။ (၁ကော ၆:၁-၈)

၂။ ထိုသူ၏ အမှုအရာကို ဒေသန္တရအသင်းတော်က သာလျှင် စီရင်အရေးယူသင့်သည် (မ ၁၈:၁၇၊ ၁ကော ၅:၉-၁၃)

၃။ သင်ဆရာနှင့် သွန်သင်ချက်များကို ဘုရားသခင်၏ နှုတ်ကပတ်တော်ပေတံဖြင့် ယုံကြည် သူများက စီရင်ရသည် (မ ၇:၁၅-၂၀၊ ၁ကော ၁၄:၂၉၊ ၁ယော ၄:၁)

၄။ ၂ကော ၆:၁၄တွင်ပေါလု၏ သွန်သင်ချက်အတိုင်း ခရစ်ယာန်များသည် ယုကြည်သူဖြစ် လျှင် ဝေဖန်စောကြာခြင်းမပြုအပ်။

၅။ ထိုသူ၏ အရည်အချင်းကို သင်းအုပ်များနှင့် သင်းထောက်များက စစ်ကြောစီရင်ရသည် (၁တိ ၃:၁-၁၃)

၆။ ထိုထက်စာလျှင် အားနည်းချက်ချို့ယွင်းချက်များကို အားပေးထူမသင့်သည် (၁သက် ၅:၁၄)

၇:၂ သခင်ယေရှုက “သတစ်ပါးကို စီရင်သော သူသည် ထိုတရားအတိုင်းစီရင်းခြင်းခံရ မည်” ဟုသတိပေးထားသည်။ မိမိစိုက်သည့်အတိုင်း ပြန်ရိတ်ရမည်ဟု ဆိုခြင်းဖြစ်သည်။ ထိုအေကြာင်း နှင့်ပတ်သက်၍ ရှင်မာကုက ၄:၂၄ တွင်၎င်း၊ ရှင်ပေါလုကာ က ၆:၃တွင်၎င်း ရှင်းပြထားသည်။

ရး၃-၅ တပါးသူ၏ အပြစ်အသေးအဖွဲတွေ့မြင်တတ်သူသည် မိမိတွင်လည်း ထိုသို့သော အပြစ်ရှိကြောင်း သတိပေးထာသည်။ မိမိမျက်စိထဲမှ တံကျင်ကိုမမြင်ဘဲ၊ အခြားသူများမျက်စိထဲမှ ငြောင့် ငယ်ကို မြင်တတ်ကြသည်။ သူတပါးအပြစ်ကို ထောက်ပြခြင်းသည် မိမိအပြစ်ကို ပို၍ ကြီးလေးစေသူဖြစ် သည်။ အခြားသူများအပြစ်ကို မမြင်ခင် မိမိအားနည်းချက်ကို ဦးစွာတွေ့မြင်ရမည်။

၇:၆ အမှုအရာတိုင်းကို စီရင်ဖို့မတားမြစ်ကြောင်းဤကျမ်းပိုဒ်က သွန်သင်ထားပါသည်။ သန့်ရှင်းသောအရာများကို ခွေးမပေးနှင့်၊ ပုလဲရတနာကို ဝက်ရှေ့မှာ အချထားနှင့် ဟု တပည့်တော်များကို သင်ပြသည်။ မောရှေပညတ္တိကျမ်းတွင် ခွေးနှင့် ဝက်သည် မစင်ကြယ်သော သတ္တဝါများဖြစ်သည်။ နှုတ်က ပတ်တော်ဟောပြောရာတွင် လူအမျိုးမျိုး၊ နတ်အဖုံဖုံတွေ့ရသည်။ ခရစ်တော်နာမတော်၌ ခါးသီးစွာ ငြင်းဆန်ူများအားဆက်လက်မသွန်သင်ဘို့ သတိပေးခြင်းဖြစ်သည်။ ပြောလေဆိုးလေ၊ နေမြင့် လေအရူးရင့် သူများဖြစ်သည်။

ထိုသူများအတွက် မလိုလားအပ်ဘဲ အချိန်ဖြုန်းတီးခြင်းမပြုနှင့်။ ထို့ထက်စာလျှင် ထိုသူများ အတွက်ဆုတောင်းပေးခြင်းကပိုကောင်းပါသည်။ ရှေ့ဆက်ရမည့် သင်ခန်းစာတွင်ဆုတာင်းခြင်းဆက်လက် လေ့လာကြစို့။

(ဓ) တောင်းပါ၊ ရှာပါ၊ ခေါက်ပါ၊ (၇:၇-၁၂)

၇:၇-၈ တောင်ပေါ်ဒေသနာအာရှိရင်းစွဲအတိုင်း နားထောင်လျှင် တရားတော်အနှစ်သာရကို နားလည်နိုင်ကြမည်မဟုတ်။ ထို့ကြောင့် ထိုတောင်ပေါ်ဒေသနာနားလည်းနိုင်ရန် ဉာဏ်ပညာလိုအပ် ကြောင်းနားလည် ရသည်။ ဤကျမ်းပိုဒ်တွင် တောင်းဖို့၊ ရှာဖွေဖို့၊ တံခါးခေါက်ဖို့ သွန်သင်ပါသည်။ ခရစ် ယာန်အသက်တာတွင် ဉာဏ်ပညာရရှိဖို့ ဆုတောင်းခြင်းအားနည်းဖြင့်ချဉ်းကပ်ရသည်။

အပိုဒ်ငယ် ရနှင့် ၈ သည် ယုံကြည်သူများသို့ ပေးထားသော ချက်လက်မှတ်အလွတ်ဖြစ် သည်။ မေးမြန်ခြင်းဖြင့် လိုရာခရီးရောက်နိုင်ပါသည်။ သို့သော်ရည်မှန်းချက်မဟုတ်သေး။ ဤစကား၏ နောက်ကွယ်တွးင် သမ္မာကျမ်းစာသွန်သင်ချက်နှင့် ဆုတောင်းခြင်းပါရှိသေးသည် ဤကျမ်းချက်သည် အပြည့်အစုံမဟုတ်သေးပါ။ ယေဘူယျသာဖြစ်သဖြင့် အခြားကျမ်းချက်များပေါင်းစပ်ရသ်။ ဥပမာအားဖြင့် ဆာ ၆၆:၁၈တွင် စိတ်နှလုံး၌ အပြစ်ဒုစရိုက်ငဲ့ကွက်လျှင် ဆုတောင်းချက်များအဖြေမရနိုင်ကြောင်းသွန်သင် ထားသည်။ ယုကြည်ခြင်း၊ အပြည့်အဝဖြင့် ဆုတောင်းရမည် (ယာ ၁:၆-၈)။ အလိုတော်အတိုင်းဆုတောင်း ရမည် (ယော ၅:၁၄)။ စဉ်ဆက်မပြတ်ဆုတောင်းရမည် (လု ၈:၁-၈)။ စိတ်နှလုံးကြည်လင်ဖြောင့်မတ်စွာ ဆုတောင်းရမည် (ဟေဗြဲ ၁၀:၂၂)။

၇:၉-၁ဝ ဆုတောင်းချက်များအား ဘုရားသခင်နားညောင်း၍ အဖြေပေးမည်ဟူသော ခံယူချက်ဖြင့် ဆုတောင်းရမည်။ ထိုအာမခံကို အဘဘုရားသခင်က ကတိတော်ပေးထားသည်။ သာမန်လူ သားများပင်လျှင် သားက မုန့်တောင်းလျှင်ကျောက်ခဲပေးမည့် မိဘမရှိပါ။ ငါးတောင်းသောအခါ မြွေပွေးပေး မည့်မိဘမရှိပါ။ ငတ်မွတ်ဆင်းရဲသော သား၏တောင်းဆိုချက်ကို ကြည့်ရက်ရှုစိမ့်နိုင်သော မိဘဟူ၍မရှိပါ။

၇:၁၁ ဘုရားသခင်သည် မိဘမျာထက်ကြီးမြတ်သူဖြစ်သည်။ လောကလူ့ဇာတိမိဘများက ထိုသို့ပေးကမ်းလျှင် ကောင်းကင်ဘုံရှင်ဘုရားသခင်သည် အကောင်းဆုံးအဖြေ ပေမည်မှာသေချာသည်။

၇:၁၂ ဤအခန်းငယ်က အခြားသင်ခန်းစာတခုလည်းထပ်ပေးပါသည်။ အဘဘုရားသခင် ကထိုမျှကောင်းမွန်ါသောအရာပေးလျှင် ယုံကြည်သူများသည်လည်း အချင်းချင်းကရုဏာပေးသင့်သည်။ အကျိုးအမြတ်တုံ့ပြန်ခြင်းကို မျှော်လင့်ချက်မထားဘဲ စိတ်စေတနာဖြူစင်စွာပေးဖို့ သွန်သင်ထားသည်။ ဤတရား သည် ခရစ်တော်၏ ရွှေပဋိညာဉ်သစ်ဖြစ်သည်။ လွန်ခဲသောရာစုနှစ် များစွာက ဤပဋိညာဉ်ဆန့် ကျင်ဖက်ပြုခဲ့ကြသော်လည်း ယခုကာလမှာမူ ဇောက်ထိုးပြောင်းပြန် ဖြစ်နေပြီ။ ခရစ်ယာန်အသက်တာ သည်အပြစ်နှင်ကင်းစင်ရုံမျှသာ မဟုတ်ပါ။ ကောင်းသော အမှုအရာလုပ်ဆောင်ဖို့လည်းလိုသေးသည်။

ဤရွေပဋိညာဉ်သည် ရှေးပရောဖက်ကျမ်းနှင့် ပညတိ္တကျမ်း၏ အနှစ်သာရဖြစ်သည်ဟု သခင်ယေရှုက မိန့်တော်မူသည်။ ဓမ္မဟောင်းကျမ်းက သွန်သင်သော ဖြောင့်မတ်ခြင်းသည် ဝိညာဉ်တော် ပြည့်ဝ၍ အတူလျှောက်လှမ်းသူများအသက်တာ၌ ပြည့်စုံသည်။ (ရော ၈:၄)။ ဤအချက်ကို လိုက်နာလက် ခံလျှင်နိုင်ငံတကာဆက်ဆံရေး၊ တိုင်းနိုင်ငံအချင်းချင်းဆက်ဆံရေး၊ မိသားစုဆက်ဆံရေးနှင့် အသင်းတော် အတွင်းဆက်ဆံရေး၌လည်း အောင်မြင်ကြီးထွားသွားပါမည်။

(န) လမ်းကျဉ်း (၇:၁၃-၁၃)

၇:၁၃-၁၄ ခရစ်ယာန်တပည့်တော်များ လျှော်ကလှမ်းရမည့်လမ်းသည် ခက်ခဲကျဉ်းမြောင်း ၍ ဝင်ပေါက်ကျဉ်းသည်ဟု အသိပေးထားသည်။ သို့သော်လည်း သစ္စာရှိစွာ ထိုလမ်းအတိုင်း လျှောက်လှမ်း သူသည် ချမ်းာခြင်းတွေ့ရသည်။ ထိုလမ်း၏ အခြားတဘက်တွင်မူ လမ်းကျယ်ရှိသည်။ လမ်းကျယ်ဆိုသည် မှာ ထင်ရာစိုင်း၍ သာယာမှုနောက်သို့လိုက်သော လမ်းဖြစ်သည်။ ထိုလမ်း၏ အဆုံးတွင်ပျက်စီးခြင်းရှိ သည်။ ဤစကားသည် ဝိညာဉ်ဆုံးရှုံးခြင်းမဟုတ်သေး။ ဘဝရည်မှန်းချက်မရှိ၊ လေလွင့် ပျက်စီးခြင်းဖြစ် သည်။

ဤသင်ခန်းစာတွင် လူ့ဘဝအသက်တာခရီး၏ လမ်းနှစ်သွယ် ဖော်ပြထားသည်။ လမ်းကျယ်လမ်းမသည် ပျက်စီးခြင်းသို့ လမ်းပြသည်။ (လု ၁၆:၂၅)။ လမ်းကျဉ်းသည် ဆင်းရဲကြပ်တည်း သော်လည်း အသက်လမ်းဖြစ်သည်။ ေယရှုသည် ထိုကျဉ်းသောတံခါး (ယော ၁၀:၉)နှင့် လမ်းခရီး (ယော ၁၄:၆) ဖြစသည်။ သခင်ယေရှုက ယုံကြည်သူများအားယုံကြည်စိတ်ချစွာ၊စည်းကမ်းရှိရှိစနစ်တကျ လိုက်  စေချင်သည်။ ထိုခက်ခဲသည့် အသက်တာသည် ဘဝအေးချမ်းသာယာစေသောလမ်းဖြစ်သည်။ လမ်ကျယ် ရွေးလျှင်ခရီးသွားဖော်များမည်။ သို့သော် ဘုရားသခင်ပေးသော အခွင့် အရေးလက်လွှတ်ဆုံးရှုံးမည်။

(ပ) အဩီးမင်အပင်သိ (၇:၁၅-၂၀)

၇:၁၅ နေရာတိုင်းတွင် တပည့်တော်အစစ်များဟန်သွန်သင်ကြသော်လည်း မှားယွင်းသော လမ်းကျယ်သို့ ဦးဆောင်သည့် မှားယွင်းသော ပရောဖက်များတွေ့ကြရသည်။ ထိုသူများသည် ရေစုန်မျှော သူများဖြစ်သောကြောင့် C.H. Spurgeon ပြောသည့်အတိုင်း “ဖျားနာသောနှံကောင်အားစွပ်ပြုပ်ရည်တိုက် ကျွေးခြင်း” ဖြင့် မလုံလောက်နိုင်ပါ။ ဘုရားသခင်၏ နာမတော်ကို တွင်တွင်မြွက်ဆို၍ သိုးရေခြုံထားကြ သောကြောင့် အဟုတ်အောက်မေ့ရသည်။ စိတ်နှလုံးမှမူဝံပုလွေကဲ့သို့ သွေးဆာနေကြသ်။ တဏှာမငြိမ်သူ များ၊ စားမာန်ခုတ်သူများဖြစ်သည်။

၇:၁၆-၁၈ ဤကျမ်းပိုဒ်သည် ထိုမှားယွင်းသော ပရောဖက်များဘေးရန်မျလုံခြုံကြရမည့် အကြောင်းဖြစ်သည်။ ထိုသူတို့၏ အကျင့်ကို ထောက်၍ သူတို့သဘောကို သိကြရမည်။ သူတို့၏ အကျင့်နှင့်မှားယွင်းသော သွန်သင်ချက်များက ကိုယ့်လျှိုးကိုယ်ပတ်လိမ့်မည်။ သစ်ပင်သည် မိမိဇာတိ အတိုုင်းအသီးအပွင့် သီးလေ့ရှိသည်။ ဆူပင်က စပျစ်သီးမသီးသကဲ့သို့ ဆူးပင်က ဘင်္ဘောသဖန်းသီး မသီးနိုင်။ ကောင်းသောအပင်သည် ကောင်းသောအသီးကိုသီးပါသည်။ လူ့လောကနယ်ပယ်တွင် ဖြစ်စေ၊ ဝိညာဉ်ရေးရာနယ်မယ်တွင်ဖြစ်စေ ထိုနိယာမတရားအတိုင်းဖြစ်သည်။ ထို့ကြောင့် အသက်တာနှင့် သွန်သင်ချက်အရည်အသွေးကို ဘုရားနှုတ်ကပတ်တော်ချိန်ခွင်ဖြင့် ချိန်ကြည့်ရသည်။ “သူတို့ပြောသောစ ကားသည် နှုတ်ကပတ်တော်နှင့် မညီလျှင် သူတို့၌ အာရုဏ်မတတ်သေး” (ဟေရှာ ၈:၂၀)။

၇:၁၉-၂ဝ ထိုမှားယွင်းသော ပရောဖက်၏ ကံကြမ္မာမှာ မီးပုံထဲသို့ပစ်ချရန် သာရှိသည်။ မှားယွင်းသောသင်ဆရာနှင့် ပရောဖက်များသည် ပျက်စီးခြင်းသို့ တွန်းပို့သူများဖြစ်သည်။ (၂ပေ ၂:၁)။ သူတို့၏ အသီးအပွင့် များဖြင့် အပင်ကို သိရှိရသည်။

(ဖ) သင့်ကို ငါမသိဘူးပါ (၇:၂၁-၂၃)

၇:၂၁ သခင်ယေရှုက သူ့ကို အမှန်တကယ်မသိကျွမ်းသူများအား သတိပေးပြန်သည်။ အမှန်တကယ်အသက်တာပြောင်းလဲခြင်းမရှိသူများကို သတိပေးထားသည်။ “င့ါကို သခင်သခင်ဟုခေါ်သူ တိုင်းကောင်းကင်နိုင်ငံတော်ထဲသို့ ဝင်ရမည်မဟုတ်” ဟုဆိုသည်။ ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်သူများသာလျှင် နို်င်ငံတော်ထဲသို့ ဝင်ခွင့်ရသည်။ ဘုရားသခင်၏ အလိုတော်ဆိုသည်မျာ သားတော်သခင်ယေရှုကို ယုံကြည်ခြင်း (ယော ၆:၂၉)ဖြစ်သည်။

၇:၂၂-၂၃ တရားစီရင်ရာနေ့၌ မယုံကြည်သူများခရစ်တော်ရှေ့ရောက်ကြသောအခါ (ဗျာ ၂၀:၁၁-၁၅) လူအများက သူတို့သည် ကိုယ်တော်အခွင်နှင့် ဆုံးမဩဝါဒပေးခဲ့ပြီ။ တရားဟောကြားခဲ့ပြီ။ နတ်ဆိုးကိုလည်း နှင်ထုတ်ခဲ့ကြပြီ။ တန်ခိုးကို လည်းပြသခဲ့ပြီမဟုတ်လောဟု သူတို့ကိုယ်သူတို့ သက်သေ ခံကြလိမ့်မည်။ ထိုသက်သေစကားများဖြင့် မလုံလောက်။ ထိုသူများကို သခင်ယေရှုက သင့်ကို ငါမသိဘူပါ ဟုငြင်းဆိုလိမ့်မည်။

ဤကျမ်းချက်အရအံ့ဖွယ်အမှုလက္ခဏာများသည် ဘရားသခင်ထံကသာလာသည်မဟုတ် ကြောင်း၊ နားလည်ရသည်။ အံ့ဖွယ်အမှုလက္ခဏာပြုသူအားလုံးသည်လည်း ဘုရား၏ အစေခံများမဟုတ် ကြပါ။ အံ့ဘွယ်အမှုလက္ခဏာဆိုသည်မျာ သာမန်လူ့အစွမ်းအစထက်သာလွန်သော အမှုဖြစ်သည်။ စာတန် လည်းစွမ်းဆောင်နိုင်သည်။ စာတန်ကလည်း လက်ပါးစေများကို နတ်ဆိုးများနှင် ထုတ်ခွင့် အမိန့်ပေးနိုင် သည်။ သူ၏နိုင်ငံကိုလည်း မပိုင်စိုးနိုင်ပါ။ နောင်အနာဂတ်တွင်ဤထက်ပိုဆိုးဦးမည်။

(ဗ) ကျောက်ပေါ်၌တည်ဆောက်ခြင်း (၇:၂၄-၂၉)

၇:၂၄-၂၅ သခင်ယေရှုကနာခံခြင်း၏ အရေးကြီးပုံကိုအိမ်ဆောက်ခြင်း ပုံဥပမာဖြင့် ခိုင်းနှိုင်း ရှင်းပြထားသည်။ ဤဩဝါဒစကားသည် ကြားသိရုံမျှနှင့် မလုံလောက်ပါ။ လက်တွေ့ကျင့်ကြံလုပ်ဆောင်ဖို့ လိုသည်။ သခင်ယေရှု၏ ဆုံးမစကားကို ကြားနာသော တပည့်တော်သည် လူလိမ္မာဖြစ်သောကြောင့် ကျောက်ပေါ်၌ အိမ်ဆောက်သည်။ ထိုသူ၏ ဘဝ အိုးအိမ်သည် အခြေခိုင်မာသောကြောင့် မိုးဒဏ်၊ လေဒဏ်ကြောင့် မပြိုလဲနိုင်။

၇:၂၆-၂ရ ကိုယ်တော်ဘုရား၏ ဆုံးမစကားကို ကြားသော်လည်း လိုက်မလုပ်သူသည် လူမိုက်ဖြစ်၍ သဲသောင်ပြင်အိမ်ဆောက်သူဖြစ်သည်။ ဘဝမုန်တိုင်း ခက်ထန်သော အခါ ခိုင်ခံ့တည်မြဲခြင်း မရှိ။ မိုးဒဏ်၊ လေဒဏ်နှင့် ကြုံတွေ့သောအခါ ပြိုလဲပျက်စီးသွားသည်။

တောင်ပေါ်ဒေသနာအတိုင်း အသက်ရှင်သူကို လောကသားများက အရူးဟု သမုသ်ကြ သော်လည်း သခင်ယေရှုကမူ ပညာရှိဟု သတ်မှတ်သည်။ လောကသားများက မျက်မှောက်ကာလတွင် အရေးပါအရာရောက်သော၊ လူတွေ ကျယ်များကို အလေးပေးကြသည်။ သခင်ယေရှုကမူ ထိုသူကို လူမိုက် ဟုသတ်မှတ်သည်။ ဤကျမ်းချက်တွင် အိမ်ဆောက်သူအား ဥပမာပေး၍ လူလိမ္မာနှင့် လူမိုက်ခွဲခြားပြထား သည်။ လူလိမ္မာသည် ကျောက်ပေါ်မှာ အိမ်တည်ဆောက်သည်။ လူမိုက်သည် နောင်တရခြင်းမရှိ သခင် ယေရှုကို လက်မခံငြင်းပယ်သည်။ ဤကျမ်းချက်၏ သင်ခန်းစာသည် ကယ်တင်ခြင်းမဟုတ်။ ခရစ်ယာန် အသက်တာဖြစ်သည်။

၇:၂၈-၂၉ သခင်ယေရှု၏ ဩဝါဒစကားဆုံးသောအခါ တရားနာပရတ်သတ်များ အံ့ဩကြ သည်။ အကယ်စင်စစ် တောင်ပေါ်ဒေသနာ အနှစ်သာရကို သဘောပေါက်လျှင် အံ့ဩစရာမဟုတ်ပါ။

ခရစ်တော်ဆုံးမဩဝါဒနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များ၏ သွန်သင်ခြင်းများသည် ဆီနှင့်ရေကဲ့သို့ ကွာခြားသည်။ ကိုယ်တော်၏ ဩဝါဒသည် လေးနက်သည်။ တန်ခိုးရှိသည်။ ကျမ်းတတ်ပုဂ္ဂိုလ်များ၏ စကားများကား အပေါ်ယံစကားသာဖြစ်သည်။ ထိုသူများစကားမူကား ပဲ့တင်သံဖြစ်သည်။

ထိုအကြောင်းကို Jamreson, fausset နှင့် Biown တို့က ဤသို့ထောက်ခံကြသည်။

ကိုယ်တော်၏ စကားတော်သည် ဘုန်းတန်ခိုးပြည့်စုံသည်။ ဥပဒေပြဌာန်းသကဲ့သို့၊ တရားစီ ရင်ခြင်း အမိန့်ချမှတ်သကဲ့သို့၊ လေးနက်ခိုင်မာသည်။ သွန်သင်တော်မူချက်များသည် အလင်းရောင် တောက်ပသည်။ ထို့ကြောင့် ကျမ်းတတ်ပုဂိ္ဂုလ်များ သွန်သင်ချက်က မထိုးဖောက်နိုင် ၁၀

Previous Article
Next Article