ရှင်ယောဟန်ခရစ်ဝင် ၁၁

(ခ) လာဇရုဖျားနာခြင်း (၁၁:၁-၄)

၁၁:၁ လူထုပရိသတ်အကြားတွင် ဖြစ်တော်မူသော သခင်ယေရှု၏ အံ့ဖွယ်နိမိတ်လက္ခ ဏာတွေ့ရမည်။ သေလွန်သူအား ထမြောက်စေခြင်းသည် အကြီးမားဆုံးနိမိတ်လက္ခဏာဖြစ်သည်။ လာဇရုသည် ယေရုရှလင်အရှေ့ဘက် (၂)မိုင်အကွာရှိဗေသနိရွာ ကလေးတွင် နေထိုင်သူဖြစ်သည်။ မာရိနှင့် ညီမမာသတို့ရွာဟု လူသိများကြောင်း ဘုန်းတော်ကြီး Ryle က ဤသို့ဆိုသည်။

ဘုရားသခင်က သူ့သားသမီးများရွေးချယ်ပုံကို သတိထားကြည့်ပါ။ ကျေးရွာ ဇနပုဒ် ကိုပင် လျှင် မြို့ပြထက် ထင်ရှားကျော်ကြားစေသည်။ မာရိနှင့် မာသတို့၏ ရွာကလေးသည် နာမတော်ကြောင့် လူသိများထင်ရှားသော်လည်း ထိုခေတ်ကာလတွင် မြို့ပြနိုင်ငံဖြစ်သော Memphis နှင့် Thebes သည် ဓမ္မ သစ်ကျမ်းတွင်ရှာမတွေ့၃၄

၁၁:၂ ထိုဗေသနိမာရိသည် ယေရှု၏ ခြေတော်အားနံ့သာဆီမွေးသွန်းလေင်း၍ ဆံပင်ဖြင့် သုတ်ပေးသူဖြစ်သည်။ ထိုသို့လုပ်ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်၏ စေ့ဆောင်ချက်ဖြစ်သည်။ ယေရှုသည် တပည့်တော်များ၏ ဆက်ကပ် ကိုးကွယ်မှုတိုင်းကို လက်ခံသည်။

၁၁:၃ လာဇရုဖျားနာနေသည့်အချိန်တွင် သခင်ယေရှုသည် ယော်ဒန်မြစ်တဖက်သို့ ရောက်နေသည်။ မာရိနှင့် မာသတို့ညီအစ်မက သခင်ဘုရားထံမှ အကူအညီတခုခုရလိုငြား မျှော်လင့် ချက် ဖြင့် လာဇရုဖျားနာကြောင်၊ သတင်းစကားအကြောင်း၊ ကြားလိုက်သည်။

၁၁:၄ ယေရှုက သေစေမည့်ရောဂါမဟုတ်ဟုနှစ် သိမ့်အားပေးလိုက်သည်။ ထိုစကားမှာ လာဇာရုမသေဟုဆိုခြင်းမဟုတ်။ လာဇရုလည်းသေမည်၊ သို့သော် သေခြင်းမှ ထမြောက်မည်။ ထိုသို့ ဖျား နာခြင်းမှာ ဘုရားသားတော် ဘုန်းတော်ထင်ရှားဖို့ဖြစ်သည်။ ယေရှုက လာဇရုအားသေခြင်းမှ ထမြောက် စေခြင်းဖြင့် ဘုရားဘုန်းတော်ထင်ရှားဖို့ သခင်ယေရှု သည် မေရှိယအမှန်ဖြစ်ကြောင်း၊ သက်သေပြ သည်။ ထိုနိမိတ်လက္ခဏာကိုကြည့်၍ ဘုရားသခင်၏ ဘုန်းတန်ခိုးကို လူများက ချီးမွမ်းဖို့ ဖြစ်သည်။

လာဇရု၏ ဖျားနာခြင်းသည် အပြစ်၏ ရလာဒ်မဟုတ်ပါ။ လာဇရုသည ်ဘုရားတပည့်တော် ပမာ ယုံကြည်သူဖြစ်သည်။။ သခင်ဘုရား၏ အချစ်တော်လည်းဖြစ်သည်။

(ဂ) ယေရှု၏ ဗေသနိခရီး (၁၁:၅-၁၆)

၁၁:၅ အိမ်ထောင်မိသားစုထဲသို့ အနာရောဂါဝင်ရောက်လာသောအခါ စိတ်မသာ ယာကြပါ။ ယခုဖျားနာသူသည် ကိုယ်တော်ချစ်သောသူဖြစ်သည်။

၁၁:၆-ရ သခင်ဘုရားသည် ဤမောင်နှမ (၃)ယောက်ကို အမှန်တကယ်ချစ်ခင်သလားဟု တွေးစရာရှိနိုင်သည်။ ထိုသတင်းစကားကြားလျှင့် ကြားချင်း ဗေသနိသို့ မပြန်ဘဲ သုံးရက်ထပ်ကြာသည်။ သခင် ခရစ်တော်ထိုသို့ နှောင့်နှေးကြန့်ကြာခြင်းသည် ငြင်းပယ်ခြင်းမဟုတ်ပါ။ အကယ်၍ ယုံကြည် သူများ၏ ဆုတောင်းသံများ ချက်ချင်းအဖြေမရလျှင် ဘုရားသခင်သွန်သင်လိုသောအချက်ရှိသည်။ စိတ်ရှည်စွာ သီးခံစောင့်ကြည့်ပါ။ လိုချင်သော အဖြေထက်သာ၍ ကောင်းသော အဖြေပေးကြောင်း၊ အံ့ဩ စွာ တွေ့ရမည်။ ကိုယ်တော်သည် မာရိ၊ မာသနှင့် လာဇရုမောင်နှမများအား ချစ်ခင်တော်မူသည်နှင့် အညီ တခုခုပြသစရာရှိသည်။ အရာခပ်သိမ်းတွင် အဘခမည်းတော်၏ အလိုတော်အတိုင်းလုပ်ဆောင်သည့်အား လျှော်စွာ ခမည်းတော် ပေးသောအချိန်ဇယာကြည့်ရသည်။

၁၁:၈ တပည့်တော်များသည် မျက်စိအလင်းရသူအကြောင်းနှင့်ပတ်သက်၍ ရပ်သူရွာသား များက ယေရှုအားခဲပေါက်ဖို့ ကြိုးပမ်းကြသည်ကို သတိရကြသောကြောင့် စိုးရိမ်ကြသည်။ ယုဒများအား မျက်နှာချင်းရင်မဆိုင်ရဲကြ။ သခင်ယေရှု၏ အသက်အန္တရာယ် စိုးရိမ်ကြသည်။

၁၁:၉ သခင်ယေရှုက လူသည် အလင်းရောင်ရရှိသောနေ့တာ (၁၂)နာရီတွင် အလုပ်လုပ် ရသည်။ အလင်းရောင်မြင်ရသဖြင့် ဘာမှ စိုးရိမ်ကြောက်ရွံ့စရာမရှိ။ အလင်းရောင်တွင် သူ၏ သေခြင်း၊ ရှင်ခြင်းကို ခွဲခြားသိမြင်နိုင်သည်ဟု ရှင်းပြသည်။

သခင်ယေရှု၏ စကားမှာ ဝိညာဉ်သဘောအားဖြင့် “သခင်ဘုရားသည် ဘုရားသခင်၏ အလိုတော်နာခံ၍ လှုပ်ရှားသွားလာခြင်းဖြစ်သည်။ ထို့ကြောင့် အသက်အန္တရာယ်ဘေးရန်ကိုမမူ၊ အချိန်မတန်လျှင် သေကံမရောက်သက်မပျောက်၊ အမှုတော်ကို နောက်ဆုံးအချိန်ထိ လုပ်ဆောင်မည်”ဟု ဆိုလိုခြင်းဖြစ်သည်။

ဤစကားကို ယုံကြည်သူတိုင်း စွဲမှတ်သင့်သည်။ သခင်ဘုရားနှင့် မိဿဟာယဖွဲ့၍ အမှု တော်ထမ်းဆောင်မည်သည့်လောက အန္တရာယ်က မှလာရောက်မထိပါးနိုင်ပါ။ စိုးရိမ်ကြောက်ရွံ့စရာမရှိပါ။

၁၁:၁ဝ ညမှောင်ထဲ၌ လမ်းလျှောက်သူသည် ဘုရားသခင်အား မယုံကြည်သူ၊ မိမိသဘော အတိုင်း ထင်ရာစိုင်းသူဖြစ်သည်။ ထိုသူ၏ ခရီးလမ်းသည် ဘုရားသခင် မပါရှိသောကြောင့် အချိန်မရွေး လွယ်လင့်တကူ လဲကျနိုင်သည်။

၁၁:၁၁ လာဇရုသေနေသည်ကို သခင်ဘုရားက အိပ်ပျော်နေသည်ဟုဆိုသည်။ ဓမ္မသစ် ကျမ်းအိပ်ပျော်ခြင်းဟူသော စကားလုံးသည် ရုပ်ခန္ဓာနှင့်သာသက်ဆိုင်သည်။ ဝိညာဉ်နှင့် မပတ်သက်သေ နေသည့် အခါ ဝိညာဉ်အိပ်ပျော်နေသည်ဟူသော သွန်သင်ချက်ကျမ်းစာထဲတွင် မရှိပါ။ ထိုကာလတွင် လူ့ဝိညာဉ်သည် နဂို ခိုအောင်သော ခန္ဓာကိုယ်ထက်ကောင်းသော နေရာခရစ်တော်ထံသို့ ရောက်ရှိပါသည်။ ဤကျမ်းပိုဒ်တွင် သခင်ယေရှု၏ သဗ္ဗညုတဉာဏ်ကို တွေ့ရသည်။ လာဇရုဖျားနေသည်ဟု သတင်းကြား သည့်အချိန်တွင် အသက်ပျောက်ပြီးကြောင်း ကိုယ်တော်သိသည်။ အကယ်၍ လာဇရုသည် အိပ်ပျော်နေရိုး မှန်လျှင် အိပ်ပျော်သူများနိုးစေသကဲ့သို့ သခင်ယေရှုက လာဇရု ကိုလှုပ်နိုးမည်။ ဤနေရာတွင် အရေးကြီး သောအရာသွန်သင်လိုချက်ရှိသည်။

၁၁:၁၂ သခင်ဘုရားက “အိပ်ပျော်နေသည်”ဟူသောစကားကိုတပည့်တော်များက သဘော မပေါက်။ သေဆုံးသည်ကို ဆိုလိုမှန်းမရိပ်မိကြ။ အိပ်ပျော်ခြင်း သည် ခွန်အား ပြည့်ဖြည့်ခြင်းဖြစ် သည်။ ထိုသို့ နေမကောင်း၍ အိပ်ပျော်ခြင်းဖြစ်သောကြောင့် ဗေသနိတိုင်အောင်သွားရောက်လှုပ်နှိုးစရာမ လိုဟု ထင်ကြသည်။ ယေရှုနှင့် တကွ သူတို့၏ အသက်ဘေးအန္တရာယ် စိုးရိမ်သောကြောင့် မာရိနှင့် မာသ ကို ခင်မင်ကြပါလျက် နှင့် ဗေသနိသို့မသွားရဲကြ။

၁၁:၁၃-၁၄ ယေရှု ပြောသော “အိပ်ပျော်သည်”ဆိုသည်မှာ “အသက်ဆုံးခြင်း”ဖြစ်သည်။ တပည့်တော်များကနားမလည်။ ထို့ကြောင့် ယေရှုက ဗြောင်ဖွင့်ပြ ရတော့သည်။ “လာဇရုသေပြီ”ဟုဆို သည်။ “သခင်ဘယ်လိုလုပ်သိသလဲ” ဟု မမေးရဲကြသော်လည်း သခင်စကားကို ယုံကြသည်အတည်ပြော သောကြောင့် နှုတ်ခွန်းမဟရဲကြ။

၁၁:၁၅ လာဇရုသေဆုံးသောကြောင့် သခင်ယေရှုဝမ်းနည်းသည်။ သို့သော် ထိုအချိန်တွင် ဗေသနိမှာ ကိုယ်တော်ရှိမနေသောကြောင့် ဝမ်းသာသည်။ အကယ်၍ ထိုအချိန်မှာ ယေရှုသာ ဗေသနိမှာ ရှိနေလျှင် လာဇရုသေမှာမဟုတ်။ သခင်ယေရှုရှိသောနေရာမှာ လူသေသည့်အဖြစ်အပျက်တခုမှ ကျမ်းစာ တွင် မတွေ့။ တပည့်တော်များသည် လူသေအပေါ် သခင်ဘုရားပြုမည့်အမှုကို စိတ်ဝင်တစားရှိကြသည်။ လူသေပြန်ထလာမည်ကို မျက်ဝါးထင်ထင် မြင်တွေ့ရတော့မည်။ တပည့်တော်များ၏ ယုံကြည်ချက်သည် ပိုမိုခိုင်မာလာသည်။ ထို့ကြောင့် လာဇရုသေချိန်၌ ဗေသနိတွင် ယေရှု မရှိခြင်းသည် ဝမ်းသာစရာဖြစ်သည်။ တပည့်တော်များကယုံကြည်မှုအပြည့်အဝမရှိသေးကြောင်း၊ ယေရှုကသိသောကြောင့် “သင်တို့ ယုံကြည် မည့်အကြောင်း” ဟု စကားကွန့်လိုက်သည်။ ဗေသနိတွင်ပြုမည့် အမှုဖြင့် တပည့်တော်များယုံကြည်ခြင်း ပြည့်ဝစေလိုသောကြောင့် တပည့်တော်များအား ယော်ဒန် တဖက်ကမ်းမှ ခေါ်ဆောင်လာသည်။

၁၁:၁၆ ဗေသနိသို့သွားလျှင် ယုဒများကသခင်ယေရှုကို လုပ်ကြံလိမ့်မည်ဟု သောမက ယုံကြည်သည်။ တပည့်တော်များကို လိုက်ပါသွားလျှင်လည်း ယေရှုနှင့် တတူသေပွဲဝင်ရမည်ဟု ယုံမှတ် သည်။ ထို့ကြောင့် အခြားတပည့်တော်များအား ယေရှုနှင့် အဖော်လိုက်သွားကြဖို့တိုက်တွန်းသည်။ သောမ ၏ စကားသည် ဝိညာဉ်ခွန်အားထက် သူရဲဘောကြောင်ခြင်းသက်ရောက်သည်။

(ဃ) ယေရှု – အသက်ရှင်ခြင်းနှင့် ထမြောက်ခြင်း (၁၁:၁၇-၂၇)

၁၁:၁၇-၁၈ လာဇရုသေဆုံးသည်မှာ (၄)ရက်ရှိနေပြီ။ လာဇရု၏ ပြန်လည်ထမြောက်ခြင်း အံ့ဖွယ်နိမိတ်လက္ခဏာပြသနိုင်ရန်သန့်ရှင်းသော ဝိညာဉ်တော်က သခင်ယေရှုအားနေ့ရက်ကန့်သတ်ပေး ခြင်းဖြစ်သည်။ သခင်ယေရှုထံသွားရောက်ပြောကြားသည့် အချိန်မရှေးမနှောင်းတွင် လာဇရုသေဆုံးခြင်း ဖြစ်သည်။ ထိုစဉ်က ယေရှုရှိနေသော ဗေသဗရသည်ဗေသနိမှ တနေ့ခရီးသာ ဝေးသည်။ ယေရှုသည် လာဇရုဖျားနာကြောင်းကြားသော်လည်း ချက်ချင်း လိုက်မလာ (၂) ရက် ဆက်နေသေးသည်။ အပြန်တွင် တရက်ထပ်ကြာသည်။ လာဇရုသေခြင်း (၄)ရက်မြောက်သွားသည်။

ဗေသနိသည် ယေရုရှလင် အရှေ့ဘက် (၂)မိုင်ကွာတွင်ရှိသည်။

၁၁:၁၉ ဗေသနိသည် ယေရုရှလင်နှင့်နီးကပ်သောကြောင့် ယေရုရှလင်မှ ယုံကြည်သူများ နှင့် အသိမိတ်ဆွေများသည် ယုဒလူအမြောက်အများ ရောက်လာကြသည်။ ထိုသို့ ဝမ်းနည်း ကြေကွဲ ခြင်းနှင့် တွေ့ကြုံရသောအိမ်သည် ခဏအကြာတွင် ဝမ်းမြောက်ခြင်းနှင့်ပြည့်စုံသွားသည်။

၁၁:၂ဝ သခင်ယေရှုကြွရောက်လာကြောင်း ကြားသိသောအခါ မာသသည် အလျင်အမြန် သခင်ထံသိုပ ပြေးသွားသည်။ ရွာပြင်ဘက်တွင်ဆုံကြသည်။ အိမ်ထဲတွင် မာရိသည် မည်သည့် အလုပ် လုပ်နေကြောင်းမသိပါ။ ယေရှုရောက်လာခြင်းအားအင်နုံးချိမထနိုင်ခြင်းလည်း ဖြစ်နိုင်သည်။ ရင်းနှီးကျွမ်း ဝင်သောသခင့်အလာကို အဘယ်ကြောင့် မကြိုဆိုခဲ့သနည်း။ မသိရပါ။

၁၁:၂၁ အကယ်၍ ယေရှုသာရှိနေလျှင် ယေရှုက သေခြင်းကို တားမြစ်နိုင်မည်ဟု မာသက တထစ်ချ ယုံကြည်သည်။မာသ၏ ယုံကြည်ခြင်းသည် မပြည့်စုံပါ။ ယေရှုသည် ရုပ်ခန္ဓာကိုယ်သာ မသေအောင်ပြလုပ်နိုင်သည်ဟု ယုံကြည်သသည်။ လူမမာများအနာကင်းငြိမ်းစေသည့် အပြင် သေခြင်းကို လည်းထမြောက်စေနိုင်ကြောင်းမသိ၊ မာသအကြောင်းပြောသည့်အခါ မကြာခဏ ဝမ်းနည်းဖွယ်ရာ တွေ့ရ သည်။ ဆေးဝါးများကသာလျှင် အနာရောဂါ ပျောက်ကင်းစေသည်ဟုထင်ကြသည်။ ဆေးဝါးရှိလျှင် သူမ၏ ချစ်သော မောင်လေးမသေဟု ယူဆသည်။ ထိုအရာအားလုံးသည် ဘုရားသခင် လက်ထဲမှာ ရှိသည်။ သခင်ဘုရား၏ ခွင့်ပြုချက်မရှိဘဲ မည်သည့် အရာမှ ဖြစ်ပျက်ရိုးထုံးစံမရှိ။

၁၁:၂၂ ဤနေရာတွင် ထိုနှမငယ၏ ယုံကြည်ခြင်းအားနည်း မှုကို တွေ့ရသည်။ သခင်ဘုရားက ကူညီနိုင်သည်ကို ယုံကြည်သော်လည်း မည်သည့်တိုင် အတာထိ ကူညီမည်ကို မမှန်း နိုင်။ ဘုရားသခင်က ဘုန်းတန်ခိုး ပြမည်။ အကောင်းဆုံး ပြင်ဆင်ပေးမည်ကို ယုံကြည်သည်။ သို့သော် ချက်ချင်း လက်ငင်း သူမ၏ မောက်ထမြောက်မည်ဟု မမျှေင်လင့်။ ဤနေရာတွင် မာသပြောသော “တောင်းလျှောက်”ဟူသော စကားမှာ ဖန်ဆင်းခံများက အရှင်သခင်ထံသို့ အသနားခံသော စကားဖြစ်သည်။ မာသသည် သခင်ယေရှု၏ ဇာတိတော်အားအသေအချာ နားမလည်းကြောင်း ထင်ရှား သည်။ သခင်ယေရှုသည် သာမန်လူထက်ကြီးမြတ်သူဖြစ်သော်လည်း ရှေးပရောဖက်များထက် မကြီးမြတ် ဟု ယုံကြည်သည်။

၁၁:၂၃ မျက်စိတမှိတ်တွင်မာသ၏ ယုံကြည်ခြင်းသည် ဒီရေအလားမြင့်သွားသည်။ ယေရှုက လာဇရု အားထမြောက်ရန် အမိန့်ပေးလိုက်သည်။ ထိုဝမ်းနည်း ကြွေကွဲနေသော အမျိုးသမီးအား တဆင့် ပြီးတဆင့် ယုံကြည်ခြင်းကြီးမားစေပုံ၊ ဘုရားအသုံးတော်ခံဖြစ်ကြောင်းထင်ရှားစေပုံတို့သည် အံ့အားသင့်ဖွယ်ရာဖြစ်သည်။

၁၁:၂၄ တနေ့သော ထမြောက်ရာနေ့ကြီးတွင် လာဇရုလည်း ထမြောက်လိမ့်မည်ဟု မာသယုံကြည်သည်။ ယခုကဲ့သို့ ချက်ချင်းထမြောက်လိမ့်မည်ဟု မထင်မှတ်ခဲ့။ သေခြင်းမှ ထမြောက်ခြင်း ကို ယုံကြည်သည်။ သို့သော် နော်ဆုံးနေ့ဟူသော နေ့ရက်ဤမှ ထမြောက်မည်ဟု ယုံကြည်ခဲ့သည်။

၁၁:၂၅ သခင်ယေရှုက မာသအား “မာသ၊ င့ါကို နားမလည်းဘူးလား၊ နောက်ဆုံးသော နေ့မှာ လာဇရုထမြောက်မည်ဟု ငါမပြော၊ ငါသည် ဘုရားသခင်ဖြစ်သည်။ သေခြင်းမှ ပြန်လည် ထမြောက် ခွင့် တန်ခိုးင့ါလက်ထဲမှာ ရှိသည်။ ယခုလာဇရုကို ထမြောက်စေခဲ့ပြီ၊ နောက်လည်း ထိုနည်းတူ ပြုဦးမည်” ဟုပြောသယောင်ရှိသည်။

ယုံကြည်သူများအားလုံး ထမြောက်ကြမည့် အကြောင်း သခင်ဘုရားကပြောပြသည်။ ထို ထမြောက်ခြင်းသည် သခင်ဘုရားက သူ့လူများအားကောင်းကင် နိုင်ငံသို့ တခါတည်း ခေါ်ဆောင်သွား မည့်အကြောင်း ဖြစ်သည်။ ထိုအချိန်ကာလတွင် ယုံကြည်သူနှစ်မျိုးရှိသည်။ ယုံကြည်ခြင်း၌ သွေလွနသူများ နှင့် ထိုနေ့ရက်တွင် အသက်ရှင်ကြွင်းကျန်သူများဖြစ်သည်။ ကိုယ်တော်ဘုရားကြွလာခြင်း သည် ပထမအဆင့်တွင် ထမြောက်ခြင်းဖြစ်၍ နောက်တဆင့်သည် အသက်ပေးဖို့ဖြစ်သည်။ ပထမအုပ်စု များအကြောင်းကိုအပိုဒ်ငယ် ၂၅နောက်ပိုင်းတွင်”င့ါကိုယုံကြည်သောသူသည် သေလွန်သော်လည်း ရှင် လိမ့်မည်”ဟု ဆိုထားသည်။ ဆိုလိုသည်မှာ ခရစ်တော်ဘုရား ကြွမလာခင် သေလွန်သူများ သည်လည်း ထိုနေ့ရက်တွင် ထမြောက်ကြမည်။ Burkitt ကဤသို့ဖွင့်ဆိုထားသည်။

အိုအရှင်သေခြင်းမရဏာထက်ကြီးမြတ်တော်မူပါတကား။ ခရစ်တော်နှင့်မိတ်ဆွေများကို သေခြင်းက မခွဲခြားစေနိုုင်ပါ။ အခြားမိတ်ဆွေများသည် ကျွန်ုပ်တို့ကို ထားပစ်ခဲ့ပြီးသွားနှင့်ကြသည်။ သို့သော် သေခြင်းကဖြစ်စေ၊ ရှင်ခြင်းကဖြစစေ၊ သခင်ယေရှု၏ မေတ္တာတော်ကို မတားဆီးနိုင်ပါ၃၅

Bengel က “အသက်၏ သားတော်နှင့် အတူတူနေရလျှင် မည်သူကမှ ရေးထားသည်။ ကယ်တင်ရှင်ဘုရားကြွရောက်လာသည့်အချိန်တွင် အသက်ရှင်ကြွင်းကျန်နေသော ယုံကြည်သူများ သည် နောက်တခါသေခြင်းနှင့်မကြုံရ။ မျက်စိတမှိတ် လျှပ်တပြတ်တွင် ခန္ဓာကိုယ်ရုတ်ခြည်းပြောင်းလဲသွားပြီး၊ သေခြင်းမှ ထမြောက်လာသူများနှင့် အတူ ကောင်းကင်နိုင်ငံသို့ ဆောင်ယူသွားခြင်းခံရမည်။လာဇရု၏ သေခြင်းသည် ချိုမြိန်သွားမည်။ ပြာများ သည်လည်း အလှတန်ဆာဖြစ်သွားမည်။ သခင်ယေရှုကမာသအား “ယုံပါသလား” ဟုစစ်မေးသည်။

၁၁:၂ရ မာသ၏ ယုံကြည်ခြင်းသည် နေမွန်းတည့် ချိန်ကဲ့သို့ တောက်ပသွားသည်။ ယေရှုအား၊ ခရစ်တော်၊ ဘုရားသားတော်၊ ရှေးပရောဖက်များဟောကြားခဲ့ကြသည်။ အကမ္ဘာမြေသို့ ရောက် လာမည့်ပရောဖက် မှန်ကန်ကြောင်း ဝန်ခံလိုက်သည်။ ထိုသို့ယုံကြည်ခြင်းသည် လာဇာရုပြန်လည်ထ မြောက်ပြီးမှမဟုတ်၊ မထမြောက်ခင်ဖြစ်သည်ကိုသတိပြုပါ။

(င) လာဇရုဂူတွင်ယေရှုမျက်ရည်ကျခြင်း (၁၁:၂၈-၃၇)

၁၁:၂၈-၂၉ မာသသည် သခင်ယေရှုနှင့် တွေ့ဆုံပြီးနောက် တဟုန်တည်းသုတ်ခြေတင် ၍ ရွာထဲသို့ပြန်ပြေးသည်။ မာရိအား သခင်ဘုရားက မေးနေကြောင်း တိတ်တိတ်ကလေးပြောလိုက်သည်။ ကမ္ဘာလောက ဖန်ဆင်းရှင် ကယ်တင်ရှင်သခင်သည် ဗေသနိရွာ သူမ မာရိကို မေးသည်။ ယနေ့လည်းလူ များကို ခေါ်နေပါသည်။ ဧဝံဂေလိတရားဟောကြားဖို့ လူတိုင်းအား ဖိတ်ခေါ်နေသည်။ ထိုအသံကိုကြား၍ တံခါးဖွင့်သူများဖိတ်ခေါ်နေသည်။ ထိုအသံကိုကြား၍ တံခါးဖွင့်သူများထံသို့ ကယ်တင်ရှင်ဘုရားဝင်ရောက် ပါသည်။ မာရိလည်းကြားလျှင်ကြားခြင်း အချိန်မလင့် စေဘဲ၊ သခင့် ထံပြေးသွားသည်။

၁၁:၃၀-၃၁ သခင်ဘုရားက မာသတို့ညီအမနှစ်ယောက်ကို ဗေသနိရွာပြင်မှာ တွေ့ရပြီ။

ယုဒများသည် ကိုယ်တော်ရောက်လာနေကြောင်း မသိကြ။ မာရိသည် သင်္ချိုင်းကုန်းသို့ သွား၍ သွားငိုနေသည်ဟု ထင်ကြသည်။

၁၁:၃၂ မာရိသည် သခင်ယေရှုကို တွေ့လျှင် တွေ့ချင်းခြေတော်ရင်း၌ ပျပ်ဝပ်ရှိခိုးသည်။ သို့မဟုတ်အားအင်ကုန်ခမ်း၍ ပုံလဲကျခြင်းလည်း ဖြစ်နိုင်သည်။ သူလည်း မာသကဲ့သို့ပင် အကယ်၍ သခင် သာနေရှိနေလျှင် သူမောင်သေမည်မဟုတ်ဟု တမ်းတငိုကြွေးသည်။

၁၁:၃၃ မာရိနှင့် သူငယ်ချင်းများ ထိုသို့ငိုကျွေးဝမ်းနည်း နေကြသောအခါ သခင်ယေရှု သည်လည်း စိတ်လှုပ်ရှားသွားသည်။ လူ့လောကသို့အပြစ်ဝင်ရောက်လာသောကြောင့် လူများဆင်းရဲကြ သည်။ ဝမ်းနည်းကြသည်။ ငိုကြွေးကြသည်ဟုင တရားရပုံရှိသည်။ ထို့အပြစ် တရားကကိုယ်တော်၏ စိတ်နှ လုံးကို ထိခိုက်စေသည်။

၁၁:၃၄ လာဇရုအားသင်္ဂြိုဟ်ပြီးကြောင်း သိရှိရသောအခါ၊ ယုံကြည်ခြင်းရှိကြဖို့နှင့် သခင့် အားအကူအညီပေးဖို့ တောင်းဆိုသည်။ စိတ်မသာ ညီးတွားသူများအား လာဇရု အလောင်းရှိရာ သင်္ချိုင်းကုန်းကို လိုက်ပြခိုုင်းသည်။

၁၁:၃၅ ဤကျမ်းပိုဒ်သည် အင်္ဂလိပ်ကျမ်းစာတွင် အတိုဆုံးကျမ်းပိုဒ်ဖြစ်သည်၃၆ ဓမ္မသစ် ကျမ်းတွင် သခင်ယေရှုငိုခြင်း (၃)ကြိမ်ရှိရာတွင် ဤကျမ်းပိုဒ်သည် တခုဖြစ်သည်။ (ယေရုရှလင်မြို့တော် အတွက်နှင့် ဂေသရှေမန်တွင်လည်း ကိုယ်တော်မျက်ရည်ကျခဲ့သည်) ယေရှုမျက်ရည်ကျခြင်းသည် လူသား ဘဝ ထင်ဟပ်ပေါ်လွင်စေခြင်းဖြစ်သည်။ လူသားဘဝအပြစ်၏ ထိုးနက်ချက်တွေ့သောအခါ နှလုံးကြေကွဲ မျက်ရည်ကျသည်။ ဤနေရာတွင် သခင်ယေရှုမျက်ရည်ကျသည် ယုံကြည်သူများအား ဝမ်းနည်းသူများနှင့် ကြုံတွေ့သောအခါ မျက်ရည်ကျရမည့်အကြောင်း သွန်သင်ခြင်းမဟုတ်။ ခရစ်ယာန်အသက်တာသည် မယုံကြည်သူများကဲ့သို့ မျှော်လင့်ချက်မဲ့သူများမဟုတ်။

၁၁:၃၆ လူသားတော်မျက်ရည်ကျကြောင်း ယုဒမျာကတွေ့သောအခါ လာဇရုကိုချစ်ခင် သောကြောင့် မျက်ရည်ကျသည်ဟု ထင်ကြသည်။ ထိုသို့ မဟုတ်ပါ။ သခင်ယေရှုက သူတို့ကိုလည်း ချစ်ခင် သည်။ သေခြင်း သို့မရောက်စေချင်။ သို့သော် လူများက မသိနားမလည်ကြ။

၁၁:၃ရ တဖန်ယေရှုကို မေးခွန်းထုတ်ချင်ကြသည်။ အချို့က မွေးရာပါ မျက်စိမမြင်သူကို အလင်းမြင်စေနိုင်လျှင် ဤလာဇရု ကိုလည်း မသေအောင်မလုပ်နိုင် ဘူးလားဟု အတွန့် တက်ကြသည်။ ကိယ်တော်မှာ လုပ်နိုင်ပါသည်။ မသေအောင်တားဆီးနိုင်ပါသည်။ သို့သော် ထို့ထက်ကြီးမားသောအမှုဖြင့် ဘုရားသခင်၏ ဘုန်းတန်ခိုးတော်ကို ထင်ရှားစေလိုသည်။

(စ) သတ္တမအံ့ဘွယ်လက္ခဏာ လာဇရုထမြောက်ခြင်း (၁၁:၃၈-၄၄)

၁၁:၃၈ လာဇရု၏ အုတ်ဂူပြန်ဖော်ရာတွင် လှေကားထစ်များစသဖြင့် ပါရှိသောကြောင့် မြေကြီးအောက်ထဲတွင် မြုပ်နှံဟန်တူသည်။ ကျောက်တုံးတတုံးလည်း အပေါက်ဝတွင် ဆို့ထားသေးသည်။ ယေရှု၏ အုတ်ဂူသည်လမ်းလျှောက်နိုင်အောင်ကျယ်သောကြောင့် ထိုအုတ်ဂူမျိုးဖြစ်ဟန်မတူ။

၁၁:၃၉ အုတ်ဂူဝတွင် ပိတ်ဆို့ထားသော ကျောက်တုံးအား ယေရှုက ဖယ်ရှားခိုင်းလိုက် သည်။ သခင်ဘုရားက ဘယ်သူမှ မခိုင်းဘဲကိုယ်တိုင်လည်း လုပ်နိုင်ပါသည်။ သို့သော် လူများလုပ်စရာရှိ သည်ကို လူများအား လုပ်ခိုင်းခြင်းဖြစ်သည်။ လူများလုပ်နိုင်သောအရာကို သခင်ယေရှုက ဝင်မလုပ်ပါ။

ထိုသို့ အုတ်ဂူပြန်ဖော်သောအခါ မာသစိုးရိမ်နေသည်။ အသုဘချသည်မှာ (၄)ရက်ရှိပြီး ဖြစ်သောကြောင့် အပုပ်အနံ့ဆိုးများ ထွက်လာမည်ဟုထင်သည်။ လာဇရုသည် သေလျှင်သေချင်း ယုဒများ ထုံးစံအတိုုင်းနေ့တွင်း ချင်းသင်္ဂြိုလ်သည်မှာ (၄)ရက် ရှိပြီ၊ ထို့ကြောင့် အိပ်ပျော်ခြင်းမဖြစ်နိုင်။ ပတ်ဝန်းကျင် က လည်းသေသည်ဟု အသိအမှတ်ပြုကြသည်။ ထမြောက်လျှင်မူ အံ့ဘွယ် ဖြစ်ရပ်ဆန်းဖြစ်မည်။

၁၁:၄ဝ အပိုဒ်ငယ် ၂၃တွင် ယေရှုပြောခဲ့သော သူ့မောင်ပြန်လည်ထမြောက်မည့်အ ကြောင်းကို မာသနားမရှင်းပါ။ သို့သော် ယေရှုပြောသော “ယုံကြည်ပါမြင့်ရမည်”စကားရှိသည်။ င့ါကို ယုံကြည်လျှင် ဘုရားသခင်သာလျှင် ပြုတော်မူနိုင်သော အံ့ဖွယ်နိမိတ်လက္ခဏာင့ါထံတွင် ပြည့်စုံကြောင်း တွေ့ရမည်။ ဘုရားသခင်၏ ဘုန်းတန်ခိုးင့ါထံတွင်တွေ့ရမည်။ သို့သော်ဦးစွာ ယုံကြည် မှုရှိရမည်။ ယုံကြည် မှုရှိသမျှသာလျှင် မြင်ရမည် ဟုပြောသကဲ့သို့ ဖြစ်သည်။

၁၁:၄၁ ကျောက်တုံးကို ဖယ်ရှားလိုက်ကြပြီ။ အံ့ဘွယ်လက္ခဏာမပြမှီ၊ သခင်ယေရှုသည် အဘခမည်းတော်ထံ ဆုတောင်းသည်။ ဤအခန်းတွင် အစောပိုင်း၌ ယေရှုဆုတောင်းခြင်း မတွေ့ရပါ။ သို့သော်လည်း ဤအမှုကိစ္စ ကိုင်တွယ်ရတော့မည့် အချိန်မှစ၍ ဘုန်းတော်ထင်ရှားဖို့ အစဉ်မပြတ်ဆု တောင်းသည်မှာ ယုံမှားဖွယ်မရှိပါ။ ထို့ကြောင့် ဤအမှုတွင် ဘုန်းတော်ထင်ရှားပြသစေမည်ကိုသိသော ကြောင့် ကျေးဇူးတော်ချီးမွမ်းသည်။

၁၁:၄၂ သခင်ယေရှုသည် အသံထွက်ဆုတောင်းသောကြောင့် ဘုရားသခင် စေလွှတ် တော်မူသော သူဖြစ်ကြောင်း ပရိသတ်က ယုံကြည်ကြသည်။ ဘုရားသခင်ကမည်သို့ပြောဆိုလုပ်ကိုင်ရမည့် အကြောင်း တခုပြီးတခုပြသပေးသည်။ ဤနေရာတွင်လည်း အဘဘုရားသခင်နှင့် သားတော်၏ တလုံးတ ဝတည်းဖြစ်ပုံကို တွေ့ရသည်။

၁၁:၄၃ ဓမ္မသစ်ကျမ်းတွင် ဤကျမ်းပိုဒ်သည် ရှားရှားပါးပါး ယေရှုအော်ဟစ်သော ကျမ်းချက်ဖြစ်သည်။ တချို့က လာဇရုဟု နာမည်ခေါ်၍ ထမြောက်ခိုင်းခြင်းမှာ အခြားသေလွန်သူများ ရော ရောကောသော ကော ထမြောက်မှာစိုးသောကြောင့်ဖြစ်သည်ဟုဆိုကြသည်။

၁၁:၄၄ လာဇရုမည်သို့ ထမြောက်လာသနည်း။ အချို့ကထော့ထော့နင်းဖြင့် ထွက်လာသည်ဟု ဆိုသည်။ အချို့ကလေးဘက်ထောက်၍ ထွက်လာသည်ဟုဆိုသည်။ အချို့က တကိုယ် လုံးတွင် ချည်နှေင်ထားသော ကြောင့် သူအစွမ်းနှင့်သူ ထမြောက်လာနိုင်မည်မဟုတ်ဟု ထောက်ပြသည်။ အချို့က ယေရှုခြေတော်ရင်း သို့ ခန္ဓာကိုယ်ရွေ့လျောစေသည်ဟုဆိုသည်။ မျက်နှာတခုလုံးလည်း စောင်အုပ်ထားသောကြောင့် သေသည်မှာသေချာသည်။ အဘယ်သူမှ မျက်နှာစောင်အုပ်ပြီး (၄)ရက်လုံး လုံး အသက်ရူမွန်းကြပ်ခံနိုင်မျာ မဟုတ်။ ထို့ကြောင့်သခင်ယေရှုက လာဇရုအားရင်ဘက်ချည်နှောင်ထား သောကြိုးနှင့် အဝတ်ကို ဖယ်ရှားစေသည်။ ခရစ်တော်တပါးတည်းသည် ထိုလာဇရုအားထမြောက်စေနိုင် သည်။ ကျောက်တုံးဖယ်ရှားနိုင်သည်။ အဝတ်လည်း ဖြေလွတ်နိုင်သည်။ သို့သော် လူတို့၏ ချွတ်ချော်ခြင်း ကျောက်တုံး၊ လေတိုက် ရာပါသွားတတ်သော အဝတ်နှင့် အစွဲအလန်းများကို ကွာကျဖယ်ရှားစေချင်သည်။

(ဆ) ယုံကြည်သူများနှင့် မယုံကြည်သူယုဒများ (၁၁:၄၅-၄၇)

၁၁:၄၅-၄၆ ထိုလာဇရုထမြောက်ခြင်းကို ကြည့်ရှုတွေ့မြင်ကြသူများသည် သခင်ယေရှု ခရစ်တော်ကို မယုံကြည်ဘဲမနေနိုင်ကြ။ သင်္ချိုင်းထဲတွင် (၄)ရက် ကြာအောင် သေလွန်သူအား ထမြောက် စေနိုင်သူသည် ဘုရာအပြင် မည်သူများရှိပါတော့်အံ့နည်း။

ထိုသို့အံ့ဖွယ်နိမိတ်ပြသော်လည်းယုံကြည်ရန်မှာ တဥးစီ၏ တာဝန်ဖြစ်သည်။ အကယ်၍ စိတ်ကောင်းနှလုံးကောင်းမရှိသူသည် မည်မျှပင်တန်ခိုးပြ၍ သေခြင်းမှထမြောက်စေကာမူ ယုံကြည်ချင်မှ ယုံကြည်သည်။ ဤနေရာတွင်ထိုစကားအတိုင်းဖြစ်သည်။ အချို့ကယုံကြည်သကဲ့သို့ မယုံကြည်သူများ သည် ဖာရိရှဲများထံသို့သွားရောက်တိုင်တန်းကြသည်။ သခင်ယေရှုကို ယုံကြည်ခြင်း အကြောင်းလား။ မဟုတ်ပါ။ ယေရှုအားဖမ်းဆီး၍ သေဒဏ်မြန်မြန်ပေးရန် ဖာရိရှဲများအား သွေးထိုးလှို့ဆော်ကြသည်။

၁၁:၄ရ ထိုတိုင်ကြားချက်ရောက်လာသောအခါယဇ်ပုရောဟိတ်ဆရာကြီးများနှင့် ဖာရိရှဲများ သည် မည်သို့ အရေးယူရမည့်အကြောင်း အရေးပေါ်အစည်းအဝေးထိုင်ကြသည်။ ဘာလုပ်ရ မည်နည်း။ ထိုထက်စာလျှင် မည်သို့ဆက်လုပ်ရမည်နည်းဟုဆိုကာ ပိုမှန်လိမ့်မည်။ အရေးယူရန် အဘယ် ကြောင့် လက်နှေးကြသနည်း။ ဤလူသည် တားဆီး၍ မရနိုင်အောင် နိမိတ်လက္ခဏာတခုပြီးတခုပြသနေ သည်ဟု ဆိုကြသည်။ သခင်ယေရှု နိမိတ်လက္ခဏာအမျိုးမျိုးပြသည်ကို အသိအမှတ်ပြုကြသည်။ ထိုသို့ ဖြစ်လျှင် အဘယ်ကြောင့် မယုံကြည်ကြသနည်း။ သူတို့အပြစ်ကို သခင်ယေရှုက ထောက်ပြသောအ ကြောင့် မယုံကြည်ချင်ကြခြင်းဖြစ်သည် ထိုအကြောင်းကို Ryle ကဤသို့ဆိုသည်။

သခင်ဘုရားက အံ့ဖွယ်နိမိတ်လက္ခဏာအမျိုးမျိုးအဖုံဖုံ ထပ်ခါတလဲလဲပြသခြင်းကို အသိ အမှတ်ပြုကြခြင်းမှာ အံ့ဩစရာဖြစ်သည်။ အကယ်၍ သခင်ဘုရား၏ အံ့ဘွယ်လက္ခဏာများကို တားနိုင် စွမ်းရှိခဲ့လျှင် တားဆီးကြမှာ သေချာသည်။ သို့သော် ကြိုပမ်းကြပုံမရ။ နိမိတ်လက္ခဏာများတွေ့မြင်သူ ပရိသတ်များ ပြားလှသောကြောင့် မငြင်းပယ်နိုင်ကြပါ။ အငြင်းပယ်ရဲကြပါ။ မည်သည့်ခေတ်ဆန်းပညာများ ကမှ ခရစ်တော်၏ နိမိတ်လက္ခဏာများကို အသရေပျက်အောင်မလုပ်နိုင်ကြပါ။ ခြွင်းချက်မထုတ်နိုင်ကြ ပါ။ ခရစ်တော်သက်တော်ထင်ရှားစဉ်က ဖာရိရှဲများဖြစ်စေ၊ မိုးမြေရှိမည်သည့် လူသားကဖြစ်စေ၊ ကိုယ်တော်ပြု ခဲ့သောအံ့ဘွယ် နိမိတ်လက္ခဏာမျာကို ချေဖျက်နိုင်သူမရှိ။ ယခုနှစ်ကာလများတွင်မူ ပို၍ မရှိတော့ပါ ၃၇

၁၁:၄၈ ယုဒခေါင်းဆောင်များသည် သခင်ယေရှု၏ အံ့ဘွယ်နိမိတ်လက္ခဏာများကို မတား ဆီးနိုင်ကြကြောင်း ဝန်ခံကြသည်။ လက်ပိုက်ကြည့်နေပြန်လျှင်လည်း ယေရှု၏ အံ့ဘွယ်နိမိတ်နောက်သို့ တိုင်းသူပြည်သားများပါသွားမည်။ ထိုသို့ပါသွားကြ၍ ယေရှုအား ဘုရင်အဖြစ် တင်မြှောက်ကြလျှင် ရောမ အစိုးရကိုထိပါးနှောင့်ယှက်နိုင်သည်။ ယေရှုက ရောမအင်ပါယာကို အန်တုပုန်ကန်ချင်သည်ဟုထင်မှတ်ပြီး ယုဒခေါင်းဆောင်များကို မတားဆီးနိုင်ရကောင်းလားဟု အရေးယူသွားမည်။ လူမျိုးနှင့် နေရပ်ဒေသပါ ပျောက်ဆုံးသွားမည်ဟု စိုးရိမ်ကြသည်။ အေဒီ ၇ဝတါင် ထိုကဲ့သို့ တကယ်ဖြစ်လာသည်။ သို့သော် ယေရှုအား လက်ခံကြသောကြောင့် မဟုတ်။ ငြင်းပယ်သောကြောင့်ဖြစ်သည်။ ထိုအကြောင်းကို F.B. Mejer က ဤသို့ရှင်းပြသည်။

ခရစ်ယာန်များထဲတွင် ကောက်ကျစ်သော စီးပွားရေး၊ ခိုးဝှက်ယူသော အကျင့်ဆိုး၊ ငွေတိုးစားခြင်းများကြောက်ရွံ့ဘွယ်ရာကောင်းအောင် ဝင်ရောက်လာသောအခါ ကမ္ဘာကြီးသည် စောက် ထိုးပြောင်းပြန်ဖြစ်ကုန်သည်။ အမျက်ဒေါသ၊ ရန်ငြိူးနှင့် အတိုးအမြတ်က အရာရာကို ဖျက်ဆီးပစ်လိုက် သည်။ ၃၈

၁၁:၄၉-၅ဝ ထိုခေတ်ကာလ အေဒီ ၂၆မှ ၃၆ တွင် ယဇ်ပုရောဟိတ်ဆရာကြီးမှာ ကယာဖ ဖြစ်သည်။ ပေတရုနှင့် ယောဟန်ကို အမှုစစ်ကြစဉ်တွင်လည်း မင်းတိုင်ပင်အမတ်များကို ဦးစီးဦးဆောင်ခဲ့ သူဖြစ်သည်။ (တ ၄:၆)။ သူသည် သခင်ယေရှုကို လက်မခံမယုံကြည်သူဖြစ်သည်။

ထိုယဇ်ပုရောဟိတ်ဆရာကြီးသည် မယုံကြည်သူဖြစ်သည်နှင့် အညီ ယုဒများအားယေရှု ကို ကွပ်မျက်ကြရန် သွေးထိုးလှုံ့ဆော်လမ်းပြသူဖြစ်သည်။ ယုဒလူမျိုးများအားလုံး ကိုယ်စားသေသင့် သည်ဟု စကားလမ်းကြောင်းးပေးသည်။ ယုဒတမျိုုးလုံးအား ရောမအစိုးရက နှိပ်ကွပ် ဒုက္ခပေးခြင်းထက် ယုဒလူမျိုးများ ကိုယ်စးာယေရှုသေသင့်သည်ဟုဆိုသည်။ ထိုစကားည် ယေရှုသခင်လောကကြီးသို့ ကြွလာ ခြင်းအကြောင်းသိထားသကဲ့သို့ဖြစ်သည်။ အပြစ်သားများ ကိုယ်စားယေရှုအသေခံပေးသည့်အကြောင်း ကယာဖပြောစကားနှင့် ညီပါသည်။ သို့သော် ထိုကဲ့သို့ သိရှိယုံကြည်၍ ပြောခြင်းမဟုတ်ပါ။ အကယ်၍ ယုံကြည်ခြင်းဖြင့် ပြောသည်ဆိုလျှင်ယေရှုကလူ့ဝိညာဉ်များ ကယ်ဆယ်ကြောင်းကို မယုံဘဲ နေမှာမဟုတ်။

၁၁:၅၁-၅၂ ထိုသို့ ပြောရခြင်းအကြောင်းကိုဤကျမ်းပိုဒ်များတွင် ရှင်းပြထားသည်။ ထိုစကားသည် သူ့သဘောအတိုင်း ပြောခြင်းမဟုတ်။ ထိုသို့မဟုတ်။ဘုရားသခင်၏ အကြံအစည်တော် ပြည့်စုံစေရန် တစုံတရာ၏ လှုံ့ဆော်ချက်ဖြင့် ပါရမီဖြည့်ခြင်းဖြစ်သည်။ ဣသရေလလူမျိုးအတွက် သခင်ယေရှု အသေခံမည့်အကြောင်းပရောဖက်ပြုချက်ဖြစ်သောကြောင့် ပရောဖက်ပြုချက်ရရှိခြင်းဖြစ် သည်။ ဘုရားသခင်၏ အကူအညီဖြင့်သာ ပြောခြင်းဖြစ်သည်။ စင်စစ်တွင် ကယာဖသည် အပြစ်သား ဖြစ်သောကြောင့် ဘုရားသခင်၏ ဇာတိတော်ကို ပရောဖက်ပြုနိုင်ရာ အကြောင်းမရှိ။

သို့သော် သခင်ယေရှုသည် ကယာဖပရောဖက်ပြုသည့်အတိုင်း ဣသရေလအမျိုးအတွက် သာအသေခံသည်မဟုတ်။ တကမ္ဘာလုံးလူသားများအတွက် အသေခံခြင်းဖြစ်သည်။ ရွေးကောက်ထား သော တပါးအမျိုးသားများအတွက်လည်း ပါဝင်သည်။ အချို့က ကမ္ဘာအနှံ့ပျံ့နှံ့နေသော ယုဒလူမျိုးများ အတွက်ဟုဆိုကြသည်။ သို့သော် ဧဝံဂေလိသတင်းစကားရော်ကသော နေရာအနှံ့၊ လူမျိုးအနှံ့ ဖြစ်သည်ဟု ဆိုလျှင် ပိုမိုမှန်ကန်ပါသည်။

၁၁:၅၃-၅၄ ဖာရိရှဲများသည် ဗေသနိအံ့ဖွယ်နိမိတ်လက္ခဏာမြင်ရသော်လည်း မပြောင်းလဲ ကြ။ ထိုနေ့ရက်မှစ၍ သခင်ယေရှုကို ကွပ်မျက်ရန် တိုင်ပင်ကြံစည်ကြသည်။

ယုဒများ၏ ရက်စက်ရိုင်းစိုင်းမှုသတင်းကြားသော အခါသခင်ယေရှုသည် ဧဖရိမ်အရပ် ဒေသသို့တိမ်းရှောင်သည်။ ထိုအရပ်ဒေသသည် တသီးတခြားအဘယ်ကြောင့် တိတ်ဆိ်တ်ငြိမ်သက်သည် ကိုမသိနိုင်။

၁၁:၅၅ ယုဒများ၏ ပသခါပွဲတော်နီးကပ်လာသည် ထိုပသခါပွဲသည် သခင်ခရစ်တော် လက်ဝါးကပ်တိုင်နှင့် နီးစပ်ကြောင်း သတိပေးခြင်းဖြစ်သည်။ ရပ်သူရွာသားလူအများသည် မိမိတိုပကိုယ်ကို သန့်ရှင်စင်ကြယ်စေရန် ယေရုရှလင်မြို့သို့ စုရုံးရောက်ရှိလာကြသည်။ ဥပမာအားဖြင့် မစင်ကြယ်သော ခန္ဓာကိုယ်အသုဘအလောင်းကိုင်မိခြင်းမှစ၍ မသန့်ရှင်းသော ခန္ဓာကိုယ်အစိတ်အပိုင်းများကို ထိုပွဲတော် တွင် အပြစ်ဖြေစင်ကြယ်ကြရသည်။ အလွန်ဝမ်းနည်းဖွယ်ရာကောင်းသည် မျာ ယုဒများသည် ထိုပွဲတော် တွင် မိမိကိုယ်ကို စင်ကြယ်စေရန် သွားကြသော်လည်း သခင်ယေရှုကိုမူ အသက်ရန်ရှာကြသည်။ လူစိတ်နှ လုံး၏ ဆိုးရွားဖောက်ပြန်ပုံကို ဆင်ခြင်စဉ်းစားကြည့်ပါ။

၁၁:၅၆-၅ရ ဗိမာန်တော်တွင် လူစုမိကြသည်နှင့် နိမိတ်လက္ခဏာပြသူယေရှုအကြောင်း ကို တနေကုန်တနေခမ်းပြောနေကြတော့သည်။ အချို့က ထိုပွဲတော် သို့ ယေရှုရောက်လာမည်ဟု မျှော်လင့်ကြသည်။ သို့သော် မတွေ့ကြ။

ထို့ကြောင့် ယေရှုကို တွေ့လျှင် ဖမ်းဆီးချုပ်နှောင်ဖို့ ယဇ်ပုရောဟိတ်ကြီးများနှင့် ခေါင်း ဆောင်များက အမိန့်ထုတ်ပြန် ကျေညာမောင်ခတ်လိုက်သည်။ ဖမ်းဆီးရမိလျှင် ကွပ်မျက်မည်မျာ လူတိုင်း သိကြသည်။

Previous Article
Next Article