ရှင်လုကာခရစ်ဝင် ၁၂

၈။ ယေရုရှလင်လမ်းတွင် သွန်သင်ခြင်းနှင့် အနာရောဂါကင်းငြိမ်းစေခြင်း (အခန်း ၁၂-၁၆)

(က) သတိပေးခြင်းနှင့် သတ္တိမွေးခြင်း (၁၂:၁-၁၂)

၁၂:၁ သခင်ယေရှုက ကျမ်းတတ်ပုဂ္ဂိုလ်နှင့် ဖာရိရှဲများအား ထိုသို့ ပုတ်ခတ်ပြစ်တင်သော အခါအတိုင်းမသိလူများစွာတို့စုဝေးရောက်ရှိလာကြသည်။ ကျမ်းတတ်ပုဂ္ဂိုလ်များနှင့် သခင်ယေရှု၏ စကား စစ်ထိုးပွဲကို စိတ်ဝင်စား၍ နားထောင်ရန် လာရောက်ကြခြင်း ဖြစ်ပေမည်။ သခင်ယေရှု၏ ဘာသာရေးခေါင်း ဆောင်များမကြောက်ပုံကို တအံ့တဩမြင်ကြသည်။ လူသိထင်ရှားကျော်ကြားမှုတိုင်းသည် အပြစ်မဟုတ် ပါ။ သမ္မာတရားကို ဘယ်သောအခါမှ ဖုံးကွယ်၍ မရပါ။ ကိုယ်တော်သည် တပည့်တော်များထံသို့ လှည့်၍ ဖာရိရှဲတဆေးများကို ကြဉ်ရှောင်ကြလော့ဟု သတိပေးလိုက်သည်။ တဆေးသည် ဟန်ဆောင်ခြင်းသ ဘောဖြစ်သည်။ မျက်နှာဖုံးစွပ်ခြင်း၊ အတွင်းသရုပ်နှင့် အပြင်လက္ခဏာမတူ ကွဲပြားခြင်းဖြစ်သည်။ ဖာရိရှဲ များသည် ဟန်ပန်သွင်ပြင်ကြည့်ကောင်းသော်လည်း မျက်နှာဖုံးစွပ်ထားသော အပေါ်ယံသဘောကောင်းသူ များဖြစ်သည်။

၁၂:၂-၃ ဟန်ဆောင်ဖုံးကွယ်ခြင်း ပေါ်မည့်ရက်ရောက်လာပြီ။ ဖုံးထားလျက်ရှိသမျှတို့သည် ပွင့်လိမ့်မည်။ မှောင်မိုက်ထဲ၌ ပြောသမျှတို့သည်လည်း အလင်း၌ နားကြားကြလိမ့်မည်။

ဟန်ဆောင်ဟန်ပန်မျက်နှာဖုံးစွပ်ခြင်းကို သမ္မာတရားက အနိုင်ယူမည်။ ထို့နောက်တွင် တပည့်တော်မျာသည် ရဲရဲဝံ့ဝံ့ပြောဆိုကြသည်။ ဣသရေလများက မေရှိယကို၎င်း၊ သန့်ရှင်းသောဝိညာဉ် တော်ကြွလာခြင်းကို၎င်း၊ လက်မခံငြင်းပယ်ကြသော်လည်း ကြောက်ရွံ့တုန်လှုပ်ခြင်းမရှိဘဲ၊ သခင်ယေရှု၏ မင်္ဂလာသတင်းကို အနှံ့အပြားလိုက်လံဟောကြားကြသည်။ အိမ်ခေါင်မိုးပေါ်တက်၍ အော်ပြောသည့်သ ဖွယ် လူအများက ကြားသိကြသည်။ နားမကြားနိုင်အောင် မိမိကိုယ်ကို ကန့်သတ်ချုပ်ချယ်သူများသည် လောကဆရာဖြစ်သည်။၄၁

၁၂:၄-၅ သခင်ယေရှုက တပည့်တော်များအား နာမတော်မြတ်၌ အရှက်အကြောက်မရှိဖု့ိ၊ စုံစမ်းခြင်းကာလ၌ အဖိုးမဖြတ်နိုင်သော ချစ်မေတ္တာ သံယောဇဉ်ထားရှိရန် “ငါ့အဆွေတို့” ဟုနွေးထွေး လှိုက်လှဲစွာ ခေါ်လိုက်သည်။ ကမ္ဘာအနှံ့ ဧဝံဂေလိတရားဟောကြားခြင်းသည် တပည့်တော်များအဖို့ ညှဉ်း ပန်းနှိပ်စက်ခြင်းနှင့်အသက်အန္တရာယ် ကြုံကိန်းရှိသည်။ သို့သော် ဖာရိရှဲများတွင်သာ ကန့်သတ်ချက်ရှိ သည်။ ရုပ်ခန္ဓာ သေဆုံးခြင်းသည် ကန့်သတ်ချက်သာဖြစ်သည်။ မှုစရာမလိုပါ။ တပည့်တော်များအား ညှဉ်းပန်းနှိပ်စက်သူများသည် လူထက် ဘုရားသခင်ကိုကြောက်ရသည်။

၁၂:၆-ရ သခင်ဘုရားက တပည့်တော်များအား ကွယ်ကာပုံသည် စိတ်ဝင်စားဖွယ်ကောင်း ပါသည်။ ဘုရားသခင်က စာကလေးမှစ၍ ဂရုစိုက်ကြောင်း ယေရှုက ရှင်းပြသည်။ (မ ၁၀:၂၉)တွင် စာကလေးနှစ်ကောင်အား အဿရိတစ်ပြားနှင့် ဝယ်သည်ဟုဆိုသည်။ ဤကျမ်းပိုဒ်တွင် စာကလေးငါး ကောင်အား အဿရိနှစ်ပြားဖြင့် ဝယ်သည်ဟုဆိုသည်။ တနည်းအားဖြင့် အတွဲမညီဘက်ပဲ့သော စာကလေးကို လွှတ်လိုက်သည်ဟု နားလည်ရသည်။ ထိုအတွဲမညီဘက်ပဲ့သော စကလေးသည် ဈေးကွက် တွင် တန်ဘိုးမရှိ။ သို့သော် ဘုရားသခင်အမြင်တွင်မူ အဘိုးထိုက်တန်သည်။ ထိုစကလေးကိုပင်တန်ဖိုး ထားလျှင် ဧဝံဂေလိတရားလိုက်ဟောသူများကို အဘယ်မျှ တန်ဖိုးထားစောင့်ရှေက်မည်နည်း။ ဘုရားရှင် သည် လူ့ဦးခေါင်းပေါ်ကဆံပင်မှစ၍ ရေတွက် ထိန်းသိမ်းပေးထားပါသည်။

၁၂:၈ ယခုကာလတွင် ကိုယ်တော်ဘုရားကို ဝန်ခံသူတိုင်းအား၊ ဘုရားသခင်၏ ကောင်း ကင် တမန်များရှေ့မှောက်တွင် သခင်ဘုရားက တဖန်ပြန်လည်ဝန်ခံမည်။ ထိုသို့ဆိုရာတွင် အမှန်တကယ် ယုံကြည်သူများကို ဆိုလိုသည်။ ဝန်ခံခြင်းဆိုသည်မှာ သခင်ယေရှုအား တပါးတည်းသော ကယ်တင်ပိုင် ရှင်သခင်အဖြစ် ခံယူခြင်းဖြစ်သည်။

၁၂:၉ လူတို့ရှေ့မှာ ငြင်းပယ်သူများ ကိုလည်း ဘုရားသခင်၏ ကောင်းကင်တမန်ရှေ့ မှောက်တွင် သခင်ဘုရားက တဖန်ပြန်လည်ငြင်းပယ်မည်။ ထိုကျမ်းစကား၏ အဓိကပစ်မှတ် ခရစ်တော်ကို အသိအမှတ်ပြုရန် ရှက်သူများ၊ ခရစ်တော်အား ငြင်းပယ်သော ဖာရိရှဲများဖြစ်သည်။ ထိုနေ့ရက်ရောက် သော အခါ သခင်ဘုရားက သင့်ကိုငါမသိ ဟု ဆိုလိမ့်မည်။

၁၂:၁ဝ တပည့်တော်များအား လူသားတော်ကဲ့ရဲခြင်းနှင့် သန့်ရှင်းသော ဝိညာဉ်တော် ကဲ့ရဲ့ဆန့်ကျင်ခြင်း ခြားနားပုံကိုရှင်းပြထားသည်။ အကယ်၍ နောင်တစိတ်နှင့် ယုံကြည်ခြင်းရှိလျှင် လူသား တော်အား ကဲ့ရဲ့ခဲ့မှုများကို ခွင့်လွှတ်နိုင်ဖွယ် ရာရှိပါသည်။ သို့သော် သန့်ရှင်းသော ဝိညာဉ်တော်ကို ပြစ်တင်ကဲ့ရဲ့ခြင်းသည် ခွင့်လွတ်ခြင်းမရနိုင်။ ထိုအပြစ်ကို ဖာရိရှဲများက ယုံကြသည် (မ ၁၂:၂၂-၂၃ ကိုကြည့်)။ ဤအပြစ်သည် အဘယ်အပြစ်များနည်း။ သခင်ယေရှု၏ မကောင်းဆိုးဝါးနတ်ဆိုးများကို မောင်းထုတ်ခြင်းတန်ခိုးအား ကဲ့ရဲ့ခြင်းမျိုးဖြစ်သည်။ ထိုကဲ့ရဲ့ခြင်းသည် သန့်ရှင်းသော ဝိညာဉ်တော်ကို ကဲ့ရဲ့ပြစ်တင်ရာ ရောက်သည်။ အဘယ်ကြောင့်ဆိုသော် သခင်ယေရှု၏ တန်ခိုးတွင် သန့်ရှင်းသော ဝိညာဉ် တော်၏ တန်ခိုးပါရှိသည်။ ထို့ကြောင့် ဘုရားသခင်၏ ဝိညာဉ်တော်အားပြစ်မှားရာရောက်သည်။ ထိုအပြစ် မျိုးသည် ယခုကာလမှစ၍ ကာလစဉ်ဆက် အပြစ်ခွင့်လွှတ်ခြင်းမရနိုင်။

အမှန်တကယ်ယုံကြည်သူ ခရစ်ယာန်များသည် ထိုအပြစ်ကျူးလွန်ခြင်းမရှိနိုင်။ သို့သော် ဖောက်ပြန်တတ်ကြသည်။ ဖောက်ပြန်ခြင်းသည် ခွင့်မလွှတ်နိုင်သော အပြစ်မဟုတ်။  အပြစ်သားကိုယ်တိုင် သခင်ဘုရားနှင့်ပြန်လည်ဆက်သွယ် မိဿဟာယပြုနိုင်သည်။

မယုံကြည်သူများက ခရစ်တော်အား ငြင်းပယ်ခြင်းသည်လည်း ခွင့်မလွတ်နိုင်သော အပြစ် မဟုတ်ပါ။ မယုံကြည်သူသည် အဖန်တလဲလဲ ကြားသိထိတွေ့ခြင်ဖြင့် အသက်တာပြောင်းလဲလာနိုင်ပါ သည်။ တခုရှိသည်မှာ မယုံကြည်ခြင်း၌ နွံနစ်ကျောက်ချလျှင် မပြောင်းလဲနိုင်၊ သို့သော် သခင်ယေရှု၏ ဘုန်းတန်ခိုးသည် ဗေလဇေဗုလ နတ်မင်းထံမှ ငှားရမ်းခြင်းဖြစ်သည်ဟူသော ဖာရိရှဲများ၏ မသိနားမလည် မှုမျိုးသည် ခွင့်လွှတ်နိင်ဖွယ်ရာမရှိ။

၁၂:၁၁-၁၂ တပည့်တော်များအား အစိုးရတရားရုံးတွင် စစ်ဆေးခြင်းခံရလျှင် ကြောက်ရွံ့ တုန်လှုပ်ခြင်းမရှိဖို့၊ စကားလုံးရှာဖွေအကြံမအိုက်ကြဖို့ အားပေးထားည်။ ပြောသင့်ပြောထိုက်သောစကား လူများကို နှုတ်ဖျားသို့ သန့်ရှင်းသော ဝိညာဉ်တော်က လာရောက် ထည့်ပေးပါလိမ့်မည်။ ထိုသို့ပြောရာတွင် စုံစမ်းခြင်းရောက်သည့် ကာလ၌ ဆုတောင်းခြင်း၊ တရားဟောခြင်း၊ နှုတ်ကပတ်တော် သွန်သင်ခြင်းဖြင့် အချိန်မဖြုန်းနှင့်ဟု ဆိုလိုသည်မဟုတ်။ အပျင်းမထူကြနှင့် ဟု ဆိုလိုသည်။ နာမတော်မြတ်၌ ရုံးကန္နား ရောက်ကြလျှင် စိုးရိမ်ပူပန်ခြင်းမရှိကြနှင့်။ သန့်ရှင်းသော ဝိညာဉ်တော်က ကူညီလမ်းပြမည်။ ဝိညာဉ်တော် နှင့့်အတူလျှောက်လှမ်းကြရန်နှင့် ထိုသို့လျှေက်လှမ်းလျှင် သန့်ရှင်းသော ဝိညာဉ်တော်က သင့်တင့်လျောက် ပတ်သောစကား ဖော်ပြပေးမည် ဖြစ်၍ ယုံကြည်အားထားဖို့သွန်သင်ခြင်းဖြစ်သည်။

(ခ) လောဘကြီးခြင်းအား ဆန့်ကျင်သတိပေးခြင်း (၁၂:၁၃-၂၀)

၁၂:၁၃ သခင်ဘုရားက လူအုပ်ကြီးအား တရားဒေသနာဟောကြားနေစဉ်၊ ပရိသတ်ထဲမှ လူတဦး ထလာပြီး၊ ညီအစ်ကို အကြားအဝေမတည့်သည့် အမွေသေတမ်းစာရှိသောနေရာတိုင်းမှာ ဆွေမျိုး များတတ်ပါသည်။ ဤနေရာတွင်လည်း ထိုသဘောအတိုင်းဖြစ်သည်။ ထိုသူသည် ထိုက်သင့်သော ဝေစုရ ရန်သို့မဟုတ် ရထိုက်သည်ထက်ပိုလိုချင်သောကြောင့် လာရောက်ဟန်တူသည်။

၁၂:၁၄ လူ့လောကသို့ သခင်ယေရှု ကြွရောက်လာခြင်းသည် လူမှုရေးရာပြဿနာများ ဖြေရှင်းဖို့ မဟုတ်။ မိန်းမယောကျာ်းမရွေး လူသားများ ကယ်တင်ဖို့ရောက်လာခြင်းဖြစ်ကြောင်း၊ ကိုယ်တော် ဘုရားက မဆိုင်းမတွ ဖြေကြားသည်။ လူ့မှုရေးအရာအမွေပြဿနာဖြေရှင်းဖို့မဟုတ်။ (လူမှုရေးရာပြဿနာ များဖြေရှင်းဆုံးဖြတ်ပေးရန် အခွင့်အာဏာမရထားပါ။ လူ့လောကသို့ ကြွလာခြင်း၏ ရည်ရွယ်ချက်မထိခိုက် မပျက်ပြားစေလိုပါ။)

၁၂:၁၅ သို့သော် ထိုအဖြစ်အပျက်ကိုယူ၍ တရားနာပရိသတ်အား လောဘရမက်မတက် ကြဖို့ သတိပေးဆုံးမလိုက်သည်။ လူတိုင်းစိတ်ဆန္ဒတွင် စည်းစိမ် ဥစ္စာပိုင်ဆိုင်ချမ်းသာ ချင်ကြပါသည်။ ထိုသို့လောကဘရမက်တက်ရာတွင် မေ့လျော့ထားသော အရေးကြီးကိစ္စရှိသည်။ “စည်းစိမ်လိုချင်ကြ သော်လည်း လူ့အသက်သည် စည်းစိမ်၌မတည်”။ ထိုအကြောင်းကို J.R. Millerက ဤသို့ထောက်ပြသည်။

ထိုစကားသည် ယခုခေတ်ကာလ၌ လူတိုင်းနှုတ်ဖျားတွင် ပြောဆိုသောစကားမျာဖြစ်ပြီး သခင်ဘုရားက (အနီကပ်)ပြခြင်းဖြစ်သည်။ သခင်ယေရှုက ကြွဝချမ်းသာခြင်း၏ ဘေးအန္တရာယ်ကြီးမား ပုံ ကို အခေါက်ခေါက်အခါခါ သွန်သင်ဆုံးမသော်လည်း လူခပ်များများသည် စိုးရိမ်ကြောက်လန့်မရှိကြ။ လော ဘတပ်မက်ခြင်းသည်လက်တွေ့အပြစ်မကျူးလွန်သေးပါ။ ပညတ်တော်ဆယ်ပါးမှ အမှတ်စဉ် ၆သို့မဟုတ်  ၈ ဖောက်ဖျက်ကျူးလွန်ပါက ပညတ်တရားတစ်ခုတည်းသာ ချိုးဖောက်သည်ဟု ထင်သော်လည်း ဆယ်ခုလုံး ကျူးလွန်ရာရောက်ပါသည်။ ငွေတပ်မက်ခြင်းသည် အပြစ်၏ အရင်းအမြစ်ဖြစ်သည်ဟု သမ္မာ ကျမ်းစာက သွန်သင်ပါသည်။ ငွေမလိုချင်သူမရှိပါ။ မှန်ပါသည်။ သို့သော် အတိုင်းထက် အလွန်လောကရ မက်တက်ခြင်းသည် အပြစ်၏ အကြောင်းရင်ဖြစ်သည်။ လူအသက်ရှင်ခြင်းသည် လောကစည်းစိမ် ချမ်းသာ ပိုင်ဆိုင်ခြင်အပေါ်တွင် မတည်ပါ။ မိမိပိုင်ဆိုင်သော ဥစ္စာပစ္စည်းကို ကြည့်ရှု၍ ကျေနပ်ချင်ကြသည်။ ဘဏ်ငွေစာရင်းကိုကြည့်၍ ဂုဏ်ယူချင်ကြသည်။ ထိုအချိန်ထိ မမှားသေးပါ။ သို့သော် လူ့ဘဝသည် ပိုင်ဆိုင် မှုဖြင့် တိုင်းတာရသည်မဟုတ်။ မည်ကဲ့သို့ သောလူဖြစ်သနည်းဟူသော အသိဖြင့် တိုင်းတာရ သည်။ ၄၂

၁၂:၁၆-၁၈ မိုက်မဲသော လူချမ်းသာ၏ ပုံဥပမာပေး၍ လူ့အသက်ရှင်နေခြင်းသည်။ ရုပ်ဝတ္ထုပစ္စည်း၌ မတည်ကြောင်း တဖန်ရှင်းပြထားသည်။ ထိုသူသည် ကောက်ပဲသီးနှံ ကြွယ်ဝသော ကြောင့် သိုလှောင်သိမ်းဆည်းဖို့ အခက်အခဲတွေ့သည်။ မည်သို့ထာရကောင်းမှန်းမသိ။ ပုတ်၊ ကျီများက လည်း မဆန့်။ အတွေးမုန်တိုင်းဝင်လာသည်။ လက်ရှိအဆောက်အဦးကို ဖျက်သိမ်းပြီး ထိုထက်ကြီးမား သော အဆောက်အဦးဆောက်လုပ်ဖို့ စိတ်ကူးရသည်။ လိုအပ်သလောက်သိမ်းဆည်း၍ ပိုလျှံသည်များကို မရှိဆင်းရဲသားများဝေငှခြင်းဖြင့် ရုပ်ပိုင်းချမ်းသာခြင်းနှင့် ဝိညာဉ်ချမ်းသာခြင်း၊ နှစ်ပါးစလုံး သုခချမ်းသာ ခံစားနိုင်ပါသည်။ Ambrose က ဆင်းရဲသား၏ ရင်ဘတ်၊ မုဆိုးမအိမ်၊ ကလေးပါးစပ်များသည် အမြဲတည် မြဲသောစပါးကျီများဖြစ်သည်ဟု မိန့်ဆိုဘူးသည်။

၁၂:၁၉ အဆောက်အဦးသစ်၊ စပါးကျီသစ်ဆောက်ပြီးသည်နှင့် တပြိုင်နက်ငြိမ်ဝပ်စွာ အနားယူရန်ပြင်ဆင်သည်။ သူစိတ်ဝိညာဉ်တွင် “င့ါစပါးကျီ၊ ငါ့စပါး၊ င့ါပစ္စည်း၊ င့ါဟာ”ဟု သာတွေးသည် အနာဂတ်စီမံကိန်းကို ရေးဆွဲလိုက်သည်။ စားမယ်၊ သောက်မယ်၊ ပျော်ရွှင်မယ်၊ ဇိမ်ခံမယ်ဟု အတွေးရှိ သည်။

၁၂:၂၀-၂၁ ထိုသို့ အတွေးနယ်ချဲ့၍ မဆုံးမီဘုရားသခင်က “ထာဝရပျက်စီးချိန်ရောက်ပြီ။ ယနေ့ညပင် သင်သေရမည်” ဟုဆိုသည်။ သူ့ပိုင်ဆိုင်မှုအားလုံး လက်လွှတ်ရသည်။ ထိုသူ၏ အနာဂတ် စီမံချက်သည် သင်္ချိုင်းကုန်းတွင် နိဂုံးချု့ပ်သွားသည်။ အမှန်တကယ်မိုက်သော လူမိုက်ပါတကား။

ထိုပစ္စည်းများသည် မည်သူပိုင်ဆိုင်သွားသနည်းဟု ဘုရားရှင်မေးသည်။ မိမိကိုယ်ကို လည်း ထိုမေးခွ်းပြန်မေးသင့်သည်။ အကယ်၍ ခရစ်တော်ဘုရား ယနေ့ရောက်လာလျှင်ပိုင်ဆိုင်ထားသမျှ သော စည်းစိမ်ဥစ္စာများကို မည်သူပိုင်ဆိုင်မည်နည်း။ မနက်ဖြန်တွင် စာတန်လက်ထဲသို့ ရောက်မည့်အစား ဘုရားသခင် အမှုတော်အတွက် ယနေ့အသုံးပြုလျှင်ပို၍ မကောင်းပေဘူးလား။ ယခုကာလမှစ၍ ကောင်းကင်ဘဏ္ဍာဆည်းပူးကြပါစို့လား။ ဘုရားသခင်၌ ကြွယ်ဝစွာစုဆောင်းသင့်ပါသလား။ ပျက်စီးတတ် သော မသေမချာလူ့လောကတွင် ကိုင်ဆောင်ထားရမည်လား။

(ဂ) စိုးရိမ်ခြင်းနှင့် ယုံကြည်ခြင်း (၁၂:၂၂-၃၄)

၁၂:၂၂-၂၃ ခရစ်ယာန် အသက်တာတွင် အန္တရာယ်အကြီးဆုံးကိစ္စတစ်ခုမှာ စားဝတ်နေ ရေးကို ပထမဦးစားပေးလွန်းခြင်းဖြစ်သည်။ စားဝတ်နေရေးပြေလည်ဖို့ ငွေကြေးလုံးပယ်ရှာဖွေကြသည်။ ဘုရားသခင်၏ အမှုတော်ကို ဒုတိယနေရာထားကြသည်။ ဘဝဦးစားပေးသည် ခရစ်တော်ဖြစ်ရမည်ဟု ဓမ္မသစ်ကျမ်းက အခါခါသွန်သင်ထားသည်။ စားဝတ်နေရေးကို နောက်ဆက်တွဲအဖြစ်ထားရသည်။ ဘုရား သခင်ကို ယုံကြည်စွာဖြင့် ဘဝလိုအပ်ချက်များကို ဖြည့်ဆည်းဆောင်ရွက်ပါ။ ထိုသို့ လုပ်ဆောင်ခြင်းသည် ယုံကြည်ခြင်း အသက်တာဖြစ်သည်။

သခင်ယေရှုက စိုးရိမ်ခြင်းမရှိနှင့်ဟုဆိုသောအခါ ဘာမှ အလုပ်မလုပ်ဘဲ ဆုတောင်းစောင့် နေဖို၊ လက်ဖြန့်ခံဖို့မဟုတ်။ ထိုအရာများကို ကောင်းကင်မှ ချပေးမည်ဟု မပြောပါ။ ခရစ်ယာန်အသက်တာ သည် ပျင်းရိခြင်းမရှိရ။ လူ့ဘဝလိုအပ်ချက်အတွက် ငွေကြေးရှာဖွေ ရသည်။ အရေးမကြီး ဂရုစိုက်စရာမလို ဟုမဆိုလိုပါ။ သို့သော ထိုစားဝတ်နေရေးထက် အရေးကြီးသောအချက်များရှိသည်။ ယုံကြည်သူများသည် ကောင်းကင်ဘုရင်၏ သံတမန်များ ဖြစ်ကြပါသည်။ စားဝတ်နေရေးနှင့် လူမှုရေးကိစ္စရပ်များသည် ကိုယ်တော်ဘုန်းထင်ရှားဖို့သာ ဖြစ်ရသည်။

၁၂:၂၄ဘုရားသခင်က ဖန်ဆင်းထားသော သတ္တဝါများ ဂရုစိုက်ကျွေးမွေးစောင့်ရှောက်ပုံ ကိုသခင်ယေရှုက ကျီးကန်းပုံဥပမာပေးထားသည်။ ကျီးကန်းများသည် မနက်ဖြန်အတွက် ပူပန်စိုးရိမ်ခြင်း မရှိကြ။ စုဆောင်းထားခြင်းမပြုကြ။ မျိုးကြဲခြင်း၊ ရိတ်သိမ်းခြင်းမပြုကြ။ ဆိုလိုသည်မှာ အသက်မွေးဝမ်း ကျောင်းစိုးရိမ်ခြင်းမရှိဖို့ သွန်သင်ခြင်းဖြစ်သည်။ ဖန်ဆင်းထားသော သတ္တဝါများ၏ လိုအပ်ချက်များကို ဘုရားရှင်သိနေပါသည်။ ကိုယ်တော့ကိုမှီခိုလျှင် အစဉ်ထောက်ပံ့ကျွေးမွေးပါသည်။ ကျီးကန်းများကိုပင် အငတ်မထားလျှင် ကိုယ်တော် ဖန်ဆင်းထားသော၊ ကျေးဇူးပြုကယ်တင်ထားသော၊ အစေခံအဖြစ် ခေါ်ထားသော ယုံကြည်သူများကို မကျွေးပဲမနေပါ။ ကျီးကန်းများတွင် သိုလှောင်စရာကျီ၊ ပုတ်မရှိပါ။ သို့သော် နေ့စဉ်နှင့်အမျှ ဝအောင် စားရသည်။ အဘယ်ကြောင့် တင်းတိမ်ရောင့်ရဲခြင်းမရှိဘဲ အဆမတန် စပါးကျီနှင့် ပုတ်များဆောက်လုပ်ချင်ကြသနည်း။

၁၂:၂၅-၂၆ သခင်ယေရှုက အဘယ်ကြောင့် စိုးရိမ်ကြသနည်း၊ စိုးရိမ်ခြင်းဖြင့် အသက်တ တောင်တိုးစေနိုင်ပါသလား ဟုမေးပါသည်။ စိုးရိမ်ခြင်းဖြင့် ဘဝအနေမမြင့် နိုင်သကဲ့သို့ အသက်လည်း ပိုမရှည်ပါ။ ထိုသို့သိပါလျက်နှင့် အဘယ်ကြောင့် ဘဝရှေ့ရေးတွေပူ ကြသနည်း။ ထို့ကြောင့် ရှိသမျှအစွမ်း ဖြင့် ခရစ်တော် အမှုတွင် ပါဝင်ကြပါစို့။ ဘဝရှေ့ရေးကို ကိုယ်တော် လက်ထဲသို့ အပ်နှံကြပါစို့။

၁၂:၂၇-၂၈ ဝတ်ကောင်းစားလှဦးစားပေးသူများကို တော်နှင်းပန်းနှင့် ခိုင်းနှိုင်းထားသည်။ နှင်းပန်းများသည် တောထဲတွင် အလေ့ကျပေါက်သောအပင်ဖြစ်သည်။ ချည်ခင်လည်းအဖြစ် အသုံးလည်း မဝင်။ သို့သော် ရှောလမုန်မင်း၏ ဝတ်ရုံများနှင့် အပြိုင် လှပနေကြသည်။ ယနေ့ပွင့်လှန်း၍နောက်တနေ့ တွင် မီးပုံထဲရောက်သွားသော ထိုနှင်းပန်းများကို လှပအောင်ဘုရားရှင်က တန်ဆာဆင်ပေးလျှင် ဘုရား သမီးများကို ပစ်ပယ်မည်မဟုတ်ပါ။ စားဝတ်နေရေး ပူပန်သောကရောက်၍ ယုံကြည်မှုအားနည်းနေကြသ လား။ ဘဝအသက်တာကို စားဝတ်နေရေးတွင် အချိန်ဖြုန်းနေမည့်အစား အသက်တာနှင့် တတ်စွမ်းသော ပညာပါရမီဖြင့် အမှုတော်၌ ပိုမိုဆက်ကပ်ကြပါစို့။

၁၂:၂၉-၃၁ စင်စစ် နေ့စဉ်လိုအပ်ချက်များသည် အသေးအဖွဲများသာဖြစ်သည်။ ရိုးစင်းစွာ အသက်ရှင်နိုင်ကြပါသည်။ ထိုသို့သိလျက်နှင့် စားဝတ်နေရေးကို အဘယ်ကြောင့် အဓိကထား စိတ်ပူကြ မည်နည်း။ အနာဂတ်အတွက် အဘယ်ကြောင့် သောကဗျာပါဒ ရောက်နေကြသနည်း။ ထိုအပြုအမူသည် ကယ်တင်ခြင်းမရသေးသူများ၏ ကျင့်စဉ်ဖြစ်သည်။ အဘဘုရားသခင်က နေ့စဉ်စားဝတ်နေရေးထောက်ပံ့ နေကြောင်းမသိသူများသည် လောကီသားများသာဖြစ်သည်။ လောကသားများသည် စားဝတ်နေရေး အတွက်သာ အသက်ရှင်ကြသည်။ ဘုရားသခင်၏ အကြံအစည်းမျာထိုသို့မဟုတ်။ ဘုရားရှင်က သူသားသ မီးများကို ရွံ့နွံထဲတွင် ပျော်ရွှင်စေဖို့ စိတ်ကူးမရှိ။ နိုုင်ငံတော်ကို ဦးစွာရှာကြလျှင် ဘယ်သောအခါမှ ငတ်မွတ်ဆင်းရဲကြမည်မဟုတ်။ ကောင်းကင်အိမ်တော်သို့ အိမ်ပြန်ဖို့ မစဉ်းစားဘဲ၊ လူ့လောဘ စားဝတ်နေ ရေး၏ ကျွန်ခံခြင်းသည် အဘယ်မျှ ဝမ်းနည်း စရာကောင်းပါသနည်း။

၁၂:၃၂ တပည့်တော်များသည် မကျင်လည်ခဲ့ဘူးသော သူစိမ်းမြေတွင် အကွယ်အကာမဲ့ စေလွှတ်သော သိုးစုငယ် ဖြစ်သည်။ မိမိကိုယ်ကို ခုခံကာကွယ်ရန် လက်နက်ကိရိယာမပေးလိုက်ပါ ဤသူ များသည် ခရစ်တော် နှင့်အတူ ဘုရားသခင်၏ နိုုင်ငံတော် အမွေခံကြမည့်လူငယ်လူရွယ် များဖြစ်သည်။ တနေ့သောအခါ ကိုယ်တော်ဘုရားနှင့် အတူ လောကကြီးကို အုပ်စိုးကြရမည်။ ထိုအကြောင်းကို ရည်မှတ် ၍ ဘဝခရီးစိုးရိမ်ခြင်းမရှိဖို့၊ အဘဘုရားသခင်ကို အားကိုးယုံကြည်ဖို့ သွန်သင်ထားပါသည်။

၁၂:၃၃-၃၄ ရုပ်ဝတ္ထုပစ္စည်းများ ရှာဖွေစုဆောင်းခြင်းနှင့် အိုမင်းရင့်ရော်အရွယ်လွန်လာ သည်ကို တွေးပူမည့်အစား အချိန်နာရီနှင့် ဥစ္စာဓနများကို အမှုတော်အတွက် ပါဝင်ဆက်ကပ်ဖို့ သွန်သင်ပါ သည်။ ထိုနည်းလမ်းဖြင့် ထာဝရတည်မြဲသောကောင်းကင် ဘဏ္ဍာဆည်းပူးခိုင်းပါသည်။ ခေတ်ကာလ စည်းစိမ်ဘဏ္ဍာများသည် ခိုင်လုံတည်မြဲခြင်းမရှိပါ။ သူခိုးမခိုး၊ မပျက်စီးနိုင်သော စည်းစိမ်ဘဏ္ဍာမှာ ကောင်းကင်ဘဏ္ဍာသာဖြစ်သည်။ လောကရုပ်ဝတ္တုများသည် ယုံကြည်စိတ်ချစရာမရှိပါ။ ထို့ကြောင့်လည်း သခင်ယေရှုက “အကြင်အရပ်၌ သင်တို့ဘဏ္ဍာရှိ၏။ ထိုအရပ်သို့ သင်တို့စိတ်နှလုံးရောက်တတ်၏” ဟုဩ ဝါဒပေးထားပါသည်။ ဘဝခရီးမှာ လောကဥစ္စာငွေကြေးသာ ကိုးကွယ်လျှင် ထိုငွေကြေးနှင့် အတူ မလွဲဧကန်အမှန်ပျက်စီးမည်။

(ဃ) သတိရှိသော အစေခံ ပုံဥပမာ (၁၂:၃၅-၃၀)

၁၂:၃၅ တပည့်တော်များအား ကိုယ်တော်ဘုရား ကိုယုံကြည်အားကိုးဖို့သာမက၊ ကိုယ်တော်ဘုရားပြန်လာမည့် အချိန်ကို ငံ့လင့်ကြဖို့မှာ ထားသည်ခါးပန်းစည်း၊ ဆီမီးထွန်း၍ အဆင်သင့် စောင့်နေရမည်။ အရှေ့တိုင်းအရပ်များသည် လျင်မြန်စွာ ပြေးလွားလှုပ်ရှား နိုင်ဖို့ အလုပ်လုပ်ရာတွင် ဝတ်ရုံ ကို ခါးတွင် ပတ်ထားလေ့ရှိသည်။ ခါးပန်းစည်းခြင်းသည် အသင့်ဖြစ်နေကြောင်းနှင့် ဆီမီးသည် အဆင်သင့် ဖြစ်ကြောင်း၊ သက်သေခံချက်ဖြစ်သည်။

၁၂:၃၆ တပည့်တော်များသည် ကိုယ်တော်ဘုရားပြန်လာမည့်အချိန်ကို အစဉ်သင့်မျှော် လင့်စောင့်စားနေရသည်။ မင်္ဂလာဆောင်ပွဲမှ ပြန်လာသကဲ့သို့ စောင့်နေရသည်။ ထိုအကြောင်းကို kellyက ဤသို့ထောက်ခံထားသည်။

လောကအမှုအရာများကို မတွေးတော၊ မစဉ်းစား ဘေးဖယ်ထားလျက် တံခါးခေါက်သံ နားစွင့် နေကြသောကြောင့် တံခါးလာခေါက်သောအခါ ချက်ချင်းထဖွင့်နိုင်သည်။ ဖင့်နွဲခြင်းမရှိ အဆင်သင့် ဖြစ်နေကြသည်။ သခင်ဘုရားကို ချစ်ခင်မြတ်နိုးကြသောကြောင့် သခင့်အလာ၊ သခင့်ခြေသံ၊ တံခါးခေါက် သံကို တသိမ့်သိမ့် စောင့်မျှော်ရသည်။ တံခါးခေါက်သည်နှင့် တပြိုင်နက်ချက်ချင်း ဖွင့်ကြသည်။ ၄၃

သခင်ဘုရားမင်္ဂလာဆောင်ပွဲမှ မည်သည့်အချိန် ပြန်လာမည်ဟု ပြောမထားပါ။ ထိုမင်္ဂလာ ဆောင်ပွဲအပြန်သည် သိုးသငယ်မင်္ဂလာဆောင်ပွဲ သို့မဟုတ် ချီဆောင်ခြင်းလည်းဖြစ်နိုင်သည်။ သခင်ဘု ရား ပြောပြသော အခြေအနေအဖြစ်အပျက်သည်ရှင်းနေပါသည်။ ကိုယ်တော်ဘုရား ပြန်လာမည့် အကြောင်းဖြစ်သည်။ ကိုယ်တော်ဘုရား ပြန်လာမည့် အချိန်ကို မျှော်လင့်စောင့်စားဖို့ဖြစ်သည်။

၁၂:၃ရ မင်္ဂလာဆောင်ပွဲမှ ပြန်အလာကို တပည့်သားမြေးများက အဆင်သင့်စောင့်နေရ သည်။ သခင့်သတင်းကို နားစွင့်နေကြသည်။ တပည့်သားမြေးများက အဆင်သင့် စောင့်နေပုံတွေ့သောအ ခါ သခင်သည် ပျော်ရွှင်အားရသည်။ သခင်ကိုယ်တိုင်လည်း ခါးပန်းစည်းလျက် တပည့်သားမြေးများနှင့် အတူ စားပွဲဝိုင်း၍ အတူတူစားသုံးကြသည်။ ဤကျမ်းစကားသည် ကိုယ်ကျွေးသူများအား ကောင်းကင် နိုုင်ငံတွင် ကိုယ်တော်ဘုရားက ပြန်လည် ဧည့်ဝတ်ကျေပွန်မည့်အကြောင်း ဖြစ်သည်။ ဂျာမန် ကျမ်းစာသင် တန်း၊ ကျောင်းအုပ်ကြီးက ဤကျမ်းချက်သည် ဘုရားသခင်၏ နှုတ်တော်ထွက်စကားသံထဲတွင် အကြီးမြတ်ဆုံးသော ကတိတော်ဖြစ်သည်ဟုဆိုသည်။

၁၃:၃၅ ည (၉)နာရီမှ ညဉ့်လယ်ယံ (၂)ချက်တီးထိစောင့်နေကြသည်။ ညဉ့်လယ်ယံမှ မိုးသောက်ယံ (၃)ချက်တီးထိစောင့်နေကြသည်။ မည်သည့်အချိန်ဖြစ်စေ သခင်ပြန်အလာကိုစောင့်ဖို့ အစေ ခံများဝတ္တရားဖြစ်သည်။

၁၂:၃၉-၄ဝ သူခိုးလာမည့်အကြောင်းသိသော အိမ်ရှင်သည် ဖောက်ထွင်းခိုးယူခြင်း မခံရ အောင် ကင်းစောင့် နေပေမည်။ သူခိုးသည် မမျှော်လင့်သောအချိန် တွင်လာတတ်သည်။ သူခိုးလာမည်ကို သိလျှင် အိမ်ရှင်သည် အခိုးမခံရအောင် လုပ်ရပေမည်။ ဤကျမ်းပိုဒ်၏ သင်ခန်းစာမှာ သခင်ယေရှု ပြန်ရောက်လာမည့်အချိန်မည်သူမှ မသိနိုင်သည့်အကြောင်းဖြစ်သည်။ ကိုယ်တော်ဘုရားကြွလာသောအခါ လောကဘဏ္ဍာဆည်းပူးသူများသည် လူရောပစ္စည်းပါ ဆုံးရှုံးကြမည်။ အကယ်၍ ကိုယ်တော်ဘုရား ကြွလာမည့်အချိန်ကို မျှော်လင့်စောင့်စားသူများဖြစ်လျှင် လောကီဘဏ္ဍာမဆည်းပူးဘဲ၊ သူခိုးမခိုး၊ ခြပိုးမစား နိုင်သော ကောင်းကင်ဘဏ္ဍာဆည်းပူးရပါမည်။

(င) သစ္စာရှိသော ငယ်သားနှင့် သစ္စာမရှိသော အစေခံ (၁၂:၄၁-၄၈)

၁၂:၄၁-၄၂ ထိုကဲ့သို့ အမြဲတမ်းအဆင်သင့်စောင့်စားနေရမည့် ပုံဥပမာသည် တပည့်တော် များအတွက်လား၊ လူအားလုံးနှင့် သက်ဆိုင်သလားဟု ပေတရုက သခင့်ကို မေးသည်။ ခရစ်တော် ဘုရား က အစေခံတိုင်းနှင့် သက်ဆိုင်သည်။ သစ္စာရှိ၍ ပညာရှိသော အစေခံသည် သခင့်အိမ်တော်ကို စောင့်ထိန်း ၍ သခင့်လူများကို ကျွေးမွေးသည်။ အစေခံ၏ အဓိကဝတ္တရားမှာ ပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ဖို့ မဟုတ်၊ လူများကို ကျွေးမွေးဖို့ဖြစ်သည်။ ဤကျမ်းချက်၏ အနှစ်သာရမှာ ရုပ်ဝတ္ထုများနှင့် လောဘကြီး သောတပည့်တော်များအား သတိပေးခြင်းဖြစ်သည်။ ရုပ်ဝတ္ထုပစ္စည်းများထက် လူက ပိုအရေးကြီးပါသည်။

၁၂:၄၃-၄၄ သခင်ဘုရားပြန်ကြွလာသော အခါ တပည့်သားမြေးများ၏ ဝိညာဉ်ရေးရာ ကောင်းစားကြသည့်အတိုင်း ဆုလက်ဆောင်ချီးမြှင့်မည်။ ဆုလက်ဆောင်ဆိုသည်မှာ အနှစ်တစ်ထောင် အုပ်စိုးခြင်းကာလတွင် ကိုယ်တော်ဘုရားနှင့် အတူ အုပ်စိုးမည့် အကြောင်း (၁ပေ ၅:၁-၄) ဖြစ်သည်။

၁၂:၄၅ အမှန်တကယ်ယုံကြည်ခြင်းမရှိသူသည်လည်း ခရစ်တော်၏ အစေခံဟန်ဆောင် တတ်သည်။ ဘုရားသခင်၏ လူများကို ကျွေးမွေးမည့်အစား အပြစ်တင်ခြင်း၊ ဓါးပြတိုက်ခြင်း၊ ကိုယ်ကျိုးရှာ ခြင်းပြုနိုင်သည်။ (ဖာရိရှဲကဲ့သို့ သောသူဖြစ်သည်)။

၁၂:၄၆ ခရစ်တော်ဘုရားပြန်လည်ကြွရောက်လာခြင်းကို သစ္စာတရားဟု မထင်သဖြင့် အခြားမယုံကြည်သူများနည်းတူ အပြစ်ဒဏ်ခံမည့်သူ ဖြစ်သည်။ နှစ်ခြင်းခုတ်ပိုင်းခြင်းခံရမည်ဟူသော ကျမ်းစကားကို အချို့ကျမ်းမူများတွင် ပြင်းထန်စွာဆုံးမကွပ်ကဲမည်ဟု ပြန်ဆိုကြသည်။

၁၂:၄၇-၄၈ ဤကျမ်းပိုဒ်များသည် အမှုတော်ဆောင်လုပ်ငန်း၏ အခြေခံဥပဒေသဖြစ် သည်။ အခွင့်အရေးပိုခံစားလျှင် တာဝန်ဝတ္တရားပိုမိုကြီးမားသည်။ ယုံကြည်သူများ ကောင်းကင်နိုင်ငံတွင် ခံစားရမည့်ဆုလက်ဆောင်အဆင့်အတန်းကို ရည်ညွှန်းသည်။ မယုံကြည်သူများအတွက်မူ ငရဲပြည်တွင်ခံ စားရမည့် ဝေဒနာအတိုင်းအတာ ပမာဏဖြစ်သည်။ ဘုရားသခင် ထံတော်သို့ အလိုတော်သိရှိဖို့ ရောက်လာသူများသည် သမ္မာကျမ်းစာဖတ်ရှုခြင်းဖြင့် မိမိတို့တာဝန်ဝတ္တရားကြီးမားပုံကို သိရှိကြပါသည်။ များစွာသော ဆုကျေးဇူးရရှိသူသည် များစွာဆပ်ရ၏။ များစွာ အပ်နှင်းခြင်းခံရသူသည် များစွာတောင်းလိမ့် မည်။ အခွင့်ထူးမရသော်လည်း မှားယွင်းသောလုပ်ဆောင်သူများသည် အပြစ်ဒဏ်ခံရမည်။

(စ) သခင်ခရစ်တော် ပထမကြွလာခြင်းအကြောင်းရင်း (၁၂:၄၉-၅၃)

၁၂:၄၉ လူ့လောကသို့ကြွရောက်လာခြင်းသည် ငြိမ်သက်ခြင်းမရနိုင်ဟု သခင်ယေရှုသိရှိ ပြီးဖြစ်သည်။ စော်ကားခြင်း၊ သရော်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်း၊ သွေးထွက်သံယိုဖြစ်မည့်အကြောင်းသိ သည်။ ကိုယ်တော်ဘုရားကြွရောက်လာခြင်း၏ အကျိုးသက်ရောက်မှုမှာ မြေကြီးပေါ်၌ မီးလောင်ရန်ဖြစ် သည်။ လက်ဝါးကပ်တိုင်ပေါ်သို့ ရောက်သည့်တိုင်အောင် ကမ္ဘာမြေပေါ်၌ အဘဘုရားသခင်၏ အမှုတော် ထမ်းရွက်သော်လည်း လူသားများက မယုံကြည်ကြ။ လူသားများက ညှဉ်းပန်းနှိပ်စက် မီးရှို့ကြမည့် အကြောင်း၊ ဆန့်ကျင်ကြမည့်အကြောင်းကိုယ်တော်ဘုရား သိရှိသည်။

၁၂:၅ဝ ကိုယ်တော်ဘုရား ဗတ္တိဇံခံရန် စိတ်တော်ရှိ၏။ ဤဗတ္တိဇံသည် ကရာနီတောင်ကုန်း တွင်အသေခံမည့်အကြောင်းဖြစ်သည်။ ပျောက်သောလူသားများ ကယ်တင်ဖို့ရန် စိတ်ဒုံးဒုံးချပြီးဖြစ်သည်။ အရှက်အကြောက်၊ ဆင်းရဲဒုက္ခနှင့် အသေခံရန် ခမည်းတော်ဘုရားက အလိုတော်ရှိသည်။ ခမည်းတော် ဘုရား၏ အလိုတော်ကို သားတော် နာခံရမည်။

၁၂:၅၁-၅၃ လောကကြီးအားငြိမ်သက်ခြင်းပေးဖို့ရောက်လာခြင်းမဟုတ်ကြောင်း ကိုယ် တော်သိသည်။ တပည့်တော်များ ခရစ်တော်ထံချဉ်းကပ်လာသောအခါ သားမယားနှင့် ကွဲကွာကြသည်။ အိမ်မှာ ကျန်ရစ်ခဲ့သော အိမ်သူသက်ထား သားမယားများလည်း ညှဉ်းပန်းနှိပ်စက်ခြင်းခံကြရသည်။ အိမ် ထောင်မိသားစုများ ကွေကွင်းကြသည်။ သို့သော် ထိုအပြုအမူများသည် ဘုရားတရားမသိသောမယုံကြည် သူ မိသားစုများ၏ အဖြစ်အပျက်လက္ခဏာဖြစ်သည်။ ဤကျမ်းပိုဒ်၏ ဆိုလိုချက်သည် ယုံကြည်သူနှင့် မယုံကြည်သူ အတူတူ နေထိုင်နိုင်သည်ဟု ဆိုလိုခြင်းမဟုတ်။ အိမထောင်မိသားစု၌ နေထိုင်ကြသည်ဟု ဆိုလိုခြင်းသာဖြစ်သည်။ မယုံကြည်သူ အိမ်ထောင်မိသားစုတွင် ခရစ်တော်ဘုရားအား သိကျွမ်းသူ၊ မသိကျွမ်းသူပေါ်လာမည့်အကြောင်း၊ သွန်သင်ခြင်းဖြစ်သည်။

(ဆ) အချိန်ကာလနီးကပ်ကြောင်းနိမိတ်လက္ခဏာ (၁၂:၅၄-၅၉)

၁၂:၅၄-၅၅ အထက်ကျမ်းပိုဒ်များသည် တပည့်တော်များသို့ ပြောဆိုခြင်းဖြစ်၍ ဤကျမ်း ပိုဒ်သည် ပရိသတ်သို့ ဩဝါဒပေးခြင်းဖြစ်သည်။ လူထုပရိသတ်အား၊ အများသိရှိနားလည်သည့် ကာလရာ သီကို ပုံဥပမာပေးရှင်းပြသည်။ အနောက်အရပ်မှ တိမ်တောင်တိမ်လိပ် (မြေထဲပင်လယ်ဒေသကို အခြေခံ သည်) တွေ့မြင်လာသောအခါ မိုးရွာမည်ဟု သိကြသည်။ တောင်လေတိုက်လာလျှင် ပူအိုက်လာမည် ဟု သိကြသည်။ သို့သော် ထို့ထက်သိရှိရမည့် အရေးကြီးသောကိစ္စရှိသည်။

၁၂:၅၆ ဝိညာဉ်ရေးရာနယ်ပယ်တွင်မူ ထိုသို့ မဟုတ်။ လူ့သမိုင်းတွင် မကြုံစဘူးအရေးပါ အရာရောက်သောအချိန်အခါ ကျရောက်လာဦးမည်။ ဘုရားသားတော်သည် လူ့လောကသို့ကြွလာ၍ လောကသားများ အလယ်တွင် ရှိနေသည်။ ထိုသို့ အလည်အပတ်ရောက်လာခြင်းကို လောကသားများ မသိကြ။ သိနိုင်စွမ်းမရှိ၊ သိချင်စိတ်လည်းမရှိကြကိုယ့်အကြောင်းနှင့် ကိုယ်ပျော်နေကြသည်။

၁၂:၅၇-၅၉အကယ်၍ အသက်ရှင်ရသည့်ဘဝအဓိပ္ပါယ်သိရှိကြလျှင် အေးချမ်းငြိမ်သက်စွာ နေဖို့ ကြိုးပမ်းကြရလိမ့်မည်။ ဤနေရာတွင် အတိုက်အခံရန်တွေ့သူ၊ အရှင်သခင်၊ တရားသူကြီးနှင့် ရုံးလု လင်ဟူ၍ လေးမျိုးဖော်ပြထားသည်။ ထိုသူများသည် ဘုရားသခင်ကို ဖော်ညွန်းခြင်းဖြစ်သည်။ ထိုသူများနှင့် ပြေလည်ဖို့ဆိုသည်။ ဘုရားသခင်သည် လူများအလယ်တွင် ရောက်လာပြီး ကယ်တင်ခြင်းပေးဖို့ အခွင့် အရေးလာပေးပါသည်။ နောင်တရ၍ ယုံကြည်ကြဖို့ အလိုတော်ရှိသည်။ လက်မခံငြင်းပယ်ကြလျှင် တရားစီ ရင်ခြင်းခံရမည်။ အပြစ်စီရင်ခြင်းခံရမျာ သေချာသည်။ မယုံကြည်ခြင်းအပြစ်ဖြင့် စွဲချက်တင်မည်။ ထာဝရ အပြစ်ဒဏ်ထောင်နန်းစံကြရမည်။ လျော်စရာ၊ ငွေအကုန်အစင်မလျော်မချင်း ထောင်မှ လွတ်မည် မဟုတ်။ ဆိုလိုသည်မှာ ဘယ်သောအခါမှ လွတ်မည်မဟုတ်။ အဘယ်ကြောင့်ဆိုသော် လျော်စရာမရှိ၍ ထောင်ကျ ခြင်းကြောင့်ဖြစ်သည်။

ထို့ကြောင့် အသက်ရှင်သော လူ့ဘဝကာလတွင် အဓိပ္ပါယ်ရှိစွာ အဆင်ပြေပြေနေထိုင်ဖို့ သခင်ဘုရားက သွန်သင်သည်။ နောင်တရပြီး သခင်ဘုရား၏ အကူအညီလိုအပ်ကြောင်း လက်မြှောက်အ ရှုံးပေးလျှင် ကိုယ်တော်ဘုရားက အပြစ်ကြွေးများကို စဉ်းစားသက်ညှာပေးပါသည်။

Previous Article
Next Article