ရှင်လုကာခရစ်ဝင် ၆

(င) လူသားတော်သည် ဥပုသ်နေ့၏ အရှင်သခင် (၆:၁-၂)

၆:၁-၂ ဥပုသ်နေ့နှင့် ပတ်သက်၍ ဘာသာရေးခေါင်းဆောင်များ၏ ဆန့်ကျင်မှုအထွဋ်အထိပ် ကို ဤကျမ်းပိုဒ်တွင် တွေ့ရသည်။ ပထမဆုံးအချက်မှာ ဒုတိယဧကဥပုသ်နေ့အကြောင်းကစသည်။ ပထမ ဥပုသ်နေ့ဆိုသည်မှာ ပသခါပွဲအပြီး ပထမဦးဆုံး ဥပုသ်နေ့ဖြစ်သည်။ နောက်ဥပုသ်နေ့သည် ဒုတိယ ဧကဒက် ဥပုသ်နေ့ဖြစ်သည်။ ထိုဧကဒက်ဥပုသ်နေ့တွင် သခင်ယေရှုနှင့် တပည့်တော်များသည် လယ်ကွင်း ပြင်ကို ဖြတ်၍ ခရီးသွားကြသည်။ လယ်ကွင်းဖြတ်စဉ် စပါးနှံများကို ချွေကြသောကြောင့် ဖာရိရှဲများက ရန်တွေ့ခြင်းမဟုတ်ပါ။ အစာငတ်ခရီးသည်များ စားသုံးခွင့်ရှိကြောင်း၊ ပညတ်တရားက ခွင့်ပြုထားသည်။ (တရား ၂၃:၂၅)။ ဥပုသ်နေ့ကို မစောင့်စည်းကြသောကြောင့် ဝေဖန်ပုတ်ခတ်ကြခြင်းဖြစ်သည်။

၆:၃-၅ သခင်ယေရှုက ဒါဒိတ်၏ ဘဝဖြစ်စဉ်ကို ထောက်ပြ၍ ပြန်ဖြေသည်။ ဥပုသ်နေ့တွင်  အလုပ်မလုပ်ရန် ပညတ်သည်မဟုတ်။ ဒါဝိဒ်နှင့် သူ့လူများ ငတ်မွတ်ကြဘူးသည်။ ဘုရားသခင်၏ အိမ်တော်ထဲသို့ဝင်၍ ပူဇော်သက္ကာမုန့်တော်များကို စားကြသည်။ ထိုမုန့်တော်သည် ယဇ်ပုရောဟိတ်များ သာလျှင် ဆက်ဆံခွင့်ရှိသည်။ သို့သော် ဘုရားသခင်သည် ဒါဝိ်းကို အရေးမယူ။ ကင်းလွတ်ခွင့်ပေးသည်။ ထိုအမှားသည် ဣသရေလများကို ဆာလောင်ငတ်မွတ်စေရန် ပြဌာန်းသည်မဟုတ်။

ဤအမှုကိစ္စသည်လည်း ထိုဖြစ်စဉ်အတိုင်းဖြစ်သည်။ ခရစ်တော်နှင့် တပည့်တော်များသည် ဆာဆောင်မွတ်သိပ်ကြသည်။ ဖာရိရှဲများကမူ ဆာလောင်ခြင်းကို အလေးမမြင်။ ဥပုသ်ပျက်ခြင်းကိုသာ မြင်သည်။ ပညတ်တရားကို ဦးစားပေးတင်ပြသဖြင့် ထိုစကားတော်ကို မချေပနိုင်ကြ။ ဥပုသ်နေ့အား တလွဲ မြင်ခြင်းမှ အမြင်မှန်ပေးလိုက်သည်။

၆:၆-၈ ဥပုသ်နေ့နှင့် ပတ်သက်၍ အခြားစောဒကတခုမှာ ဥပုသ်နေ့တွင် အနာရောဂါကင်း ငြိမ်းစေခြင်းဖြစ်သည်။ သခင်ခရစ်တော်က ဥပုသ်နေ့တွင် လက်တဆက်သေနေသူအား အနာရောဂါ ပျောက်ကင်းစေပုံကို ဖာရိရှဲများက အပြစ်ရှာဖို့ အခွင့်ကောင်းချောင်းနေကြသည်။ ကိုယ်တော်၏လုပ်ဆောင် ပြုမူပုံကို သိကြပြီးဖြစ်သောကြောင့် ထိုဂီလာန ဒုကိ္ခတကိုလည်း ကျန်းမာစေမည်ဟု ယုံကြည်ကြပြီး ဖြစ်သည်။ သခင်ဘုရားသည် ပရိသတ်အား စိတ်ညစ်အောင်မလုပ်ပါ။ ကိုယ်တော်သည် ထိုဒုကိ္ခတအား တရားစရပ်လူလယ်ခေါင်တွင် ဦးစွာမတ်တပ်ရပ်စေပါသည်။ ထိုဇာတ်လမ်းဆန်သော အဖြစ်အပျက်ကို ပရိသတ်များက စိတ်ဝင်စားကြည့်ရှုခဲ့ကြသည်။

၆:၉ ထို့နောက် သခင်ယေရှုက ပရိသတ်အား ဥပုသ်နေ့တွင် ကောင်းမှုကုသိုလ်ပြုအပ်ပါ သလားဟု မေးမြန်းသည်။ ယုတ္တိရှိရှိဖြေလျှင် ပြုကောင်းပါသည် ဟုဖြေကြရမည်။ ထိုသို့ဖြေလျှင် သူတို့စ ကားအတိုင်း ကိုယ်တော်ဘုရားက ကျန်းမာခွင့်ပေးမည်။ အကယ်၍ မလုပ်သင့်ဘူးဟုဖြေကြလျှင် ဘုရား သခင်ပညတ်ထားသော ဥပုသ်နေ့ ပညတ်ချက် ချိုဖောက်ရာရောက်မည်။

၆:၁ဝ ထိုပြဿနာရှာသူများက မဖြေကြ။ ယေရှုက လက်တဖက်သေနေသော ထိုုလူနာအား လက်ဆန့်တန်းခိုင်းလိုက်သည်။ (ဒေါက်တာလုကာတပါးတည်းကသာ လက်ယာလက်ဟု အတိအကျ ရေးသည်)။ ယေရှုနှုတ်စကားတွင် တန်ခိုးရှိသဖြင့် ထိုလူနာ၏ သေသောလက်သည် အကောင်းပကတိဖြစ် သွားသည်။

၆:၁၁ ဖာရိရှဲနှင့် ကျမ်းတတ်ပုဂ္ဂိုလ်များသည် ဒေါသစိတ်ယစ်မူးကြသည်။ ဥပုသ်နေ့ကို ချိုးဖောက်မှုဖြင့် သခင်ယေရှုအား အစိမ်းလိုက်ဝါးစားချင်ကြသည်။ ကိုယ်တော်ဘုရား၏ တခွန်းတည်းသော စကားဖြင့် ထိုလူနာကျန်းမာသွားသည်။ အစေတော်ခံမပြုနိုင်သော အရာဟူ၍မရှိ။ ဖာရိရှဲများသည် ကိုယ် တော်အားမည်သို့လုပ်ကြရမည်နည်း]ု ကြံစည်ကြသည်။

ဥပုုသ်နေ့သည် လူသားများကောင်းကျိုးချမ်းသာ ရရှိဖို့ ဘုရားရှင်တော် စီစဉ်တော်မူခြင်း ဖြစ်သည်။ ဥပုသ်နေ့၏ အနှစ်သာရသည် ကောင်းမှုကုသိုလ်ပြုလုပ်ရန် တားမြစ်ခြင်းမဟုတ်။

(စ) တပည့်တော်တဆယ့်နှစ်ပါး ရွေးချယ်ခန့်အပ်ခြင်း (၆:၁၂-၁၉)

၆:၁၂ တပည့်တော်များ မရွေးချယ်မီညတွင် သခင်ယေရှုသည် ညဉ့်လုံးပေါက်ဒူးထောက်ဆု တောင်းသည်။ ကိုယ်တော်၏ ဘုရားသခင်အပေါ် တည်မှီခြင်းကို ဖော်ထုတ်ပြသခြင်း ဖြစ်သည်။ ရှင်လုကာ တပါးတည်းသာလျှင် တညလုံး ဆုတောင်းကြောင်းမှတ်တမ်းတင်ထားသည်။

၆:၁၃-၁၆ သခင်ယေရှုခန့်အပ်တော်မူသော တပည့်တော် တဆယ့်နှစ်ပါး၏ အမည်စာရင်းကို ကြည့်ကြပါစို့။

၁။ ပေတရုခေါ်သောရှိမုန်။ ယောန၏သား၊ တမန်တော်များထဲတွင် ကာလကြာရှည်တည်မြဲ သူဖြစ်သည်။

၂။ ပေတရု၏ ညီအန္ဒြေ။ နောင်တော် ပေတရုအား သခင်ယေရှုထံ ပို့ဆောင်ပေးသူဖြစ်သည်။

၃။ ယာကုပ်။ ဇေဗေဒဲ၏သား၊ ပေတရု၊ ယောဟန်တို့နှင့် အတူ ရုပ်ပြောင်းရုပ်လွဲ တောင်ပေါ်သို့ လိုက်ပါသူ၊ ဟေရုဒ်အဂြိပ္ပ (၁)၏ ကွပ်မျက်ခံသူဖြစ်သည်။

၄။ ယောဟန်။ ဇေဗေဒဲ၏သားဖြစ်သည်။ ယေရှုသခင်က ယာကုပ်နှင့် ယောဟန်ကို မိုးကြိုး၏ သားများဟု ခေါ်သည်။ ရှင်ယောဟန်ခရစ်ဝင်ကျမ်း၊ ရှင်ယောဟန်ဩဝါဒနှင့် ဗျာဒိတ်ကျမ်း များကို စီရင်ရေးသားသူဖြစ်သည်။

၅။ ဖိလိပ္ပု။ ဗေသရှေဒနယ်မှ ဖြစ်ပြီး၊ နသန်နေလအား ခရစ်တော်ထံ ပို့ဆောင်သူဖြစ်သည်။ တမန်တော် ဝတ္ထု၌တွေ့ရသော ဖိလိပ္ပုပင်ဖြစ်ပါသည်။

၆။ ဗာသောလမဲ။ နာသန်နေလဟု လူသိများသည်။ သူ၏ နာမည်အရင်းကို တပည့်တော် တဆယ့်နှစ်ပါးစာရင်းတွင်သာ တွေ့ရသည်။

၇။ မဿဲ။ လေဝိဟုလည်းခေါ်သည်။ အခွန်အကောက်ကောက်ခံသူဖြစ်သည်။ ခရစ်ဝင် ပထမဆုံးကျမ်း ရေးသားသည်။

၈။ သောမ။ Twin ဟုလည်းခေါ်သည်။ လက်တွေ့မမြင်မခြင်း၊ ယေရှုခရစ်တော်ရှင်ပြန်ထ မြောက်ခြင်းကို မယုံကြည်သူဖြစ်သည်။

၉။ ယာကုပ်။ အာလဖဲ၏သားဖြစ်သည်။ ဇေဗေဒဲ၏ သားယာကုပ်အား ဟေရုဒ်မင်းကကွပ် မျက်ပြီး၊ နောက်ပိုင်းတွင် ယေရုရှလင်အသင်းတော်၌ တာဝန်ယူသူဖြစ်သည်။

၁၀။ ရှိမုန်ခေါ်ဇေလုပ်။ သူ၏ အကြောင်းကို အနည်းငယ်သာ သိခွင့် ရသည်။

၁၁။ ယုဒ။ ယာကုပ်၏ သားဖြစ်သည်။ ယုဒဩဝါဒစာရေးသားသူယုဒနှင့်အမည် နာမတူညီနေ သည်။ လူအများက လေဗဲခေါ် သဒ္ဒဲဖြစ်မည်ဟုထင်မှတ်ကြသည် (မ ၁၀:၃၊ မာ ၃:၁၈)။

၁၂။ ယုဒရှကာရုတ်။ ယုဒပြည် Kerioth သားဖြစ်သည်။ ဂါလိလဲနယ်မှ တဦးတည်းသော တပည့်တော်ဖြစ်သည်။ သခင်ယေရှုအား သစ္စာဖောက်သူဖြစ်သည်။ သခင်ယေရှုက ပျက်စီး ခြင်း၏ သားဟု သမုသ်သည်။

တပည့်တော်များသည် သာမန်လူသားများထက် ထူးကဲသူများ၊ အရည်အသွေး ပိုမိုပြည့်ဝသူ များမဟုတ် ကြပါ။ လူ့ကိုယ်စားပြုသူများဖြစ်သည်။ ကြီးသောအမှု ပြုနိုင်ကြခြင်းမှာ သခင်ယေရှုနှင့် ကျွမ်းဝင်ခြင်းကြောင့် ယေရှုထံမှ ဘုန်းတန်ခိုးရရှိခြင်းဖြစ်သည်။ အသက်နှစ် ဆယ်ကျော် အားကောင်း မောင်းသန်လူငယ်လူရွယ်များ ချည်းဖြစ်သည်။ ငယ်ရွယ်နုပျိုသောကာလသည် စိတ်အားထက်သန်မှု အကောင်းဆုံး၊ သင်ယူတတ်မြောက်ရန် အရွယ်ကောင်း၊ အခက်အခဲများကို ရင်ဆိုင်ကျော်လွှား နိုင်သော စွမ်းအား သတ္တိရှိသူများဖြစ်သည်။ သခင်ယေရှုသည် တပည့်တော်တဆယ့်နှစ်ပါးသာ ရွေးချယ်ခန့်အပ် သည်။ အရေအတွက်ထက် အရည်အချင်းကို ဦးစားပေးသည်။ မှန်ကန်သော အရည်အသွေးပေး၍ တကမ္ဘာလုံးသို့ ဧဝံဂေလိတရားဟောကြားစေသည်။

တပည့်တော်များအား တကြိမ်တခါတည်း ရွေးချယ်ခြင်းသည် ဘုရားသခင်၏ နိုင်ငံတော် အကြောင်းအား သင်ကြားပို့ချလို၍ ဖြစ်သည်။ ဤအခန်းအနှစ်သာရမှာ တပည့်တော်များ၏ ကြန်အင် လက္ခဏာနှင့် နောက်ခံသမိုင်းကြောင်းဖြစ်သည်။

၆:၁၇-၁၉ ဤကျမ်းချက်တွင် တောင်ပေါ်၌ ဒေသနာ ဟောကြားခြင်းအကြောင်း ရေးထား သည် (မ ၅-၇)။ တောင်ပေါ်မှ ဆင်းကြွသည် ဆိုသော်လည်း တောင်ကုန်း၊ တောင်မြင့်ကြီးမဟုတ်။ မြင်သာ ထင်သာသော တောင်ကုန်းဖြစ်သည်။ လူအများနေနိုင်အောင်နေရာရွေးခြင်းဖြစ်သည်။၁၄

တပည့်တော် (၁၂)ပါးနှင့် အတူ ပရိသတ်များလည်း ရှိနေကြသည်။ ခရစ်တော်သွားလေရာ မှာ လူစုလူအုပ်ကြီးလိုက်ကြဟန်သည်။ လူထုပရိသတ်အား ညင်သာစွာ ဆက်ဆံခြင်းဖြင့် စမ်းသပ်သည်။ ဆရာတဦးကမူ “ဦးစာ ခရစ်တော်ကို ပူးပေါင်း၊ နောက်မှ အောင်ပန်းဆင်”ဟု ဆိုထားသည်။

ယုဒပြည်၊ ယေရုရှလင်တောင်ပုင်းရှိတုရုမြို့အနောက်မြောက်ဘက်ရှိ ဇိဒုန်မြို့ဘက်မှစ၍ အနယ်နယ်အရပ်ရပ်ကလူများ၊ စုဝေးရောက်ရှိလာကြသည်။ ယုဒလူမျိုးများပါရှိသကဲ့သို့ တပါးအမျိုးသား များလည်း ပြည့်နှက်နေသည်။ ဂီလာနဒုကိ္ခတများနှင့် ရောဂါသည်များက ခရစ်တော်အား ကိုင်တွယ်ထိတွေ့ ခွင့်ရရန် အတင်းတိုးဝှေ့ကြသည်။ ကိုယ်တော်ဘုရားတွင် အနာရောဂါကင်းငြိမ်းခြင်းတန်ခိုးရှိကြောင်း ယုံကြည်ညကြသည်။

ကိုယ်တော်ဘုရား၏ သွန်သင်ချက်များတွင် လောကကြီးကို မှောက်လှန်ပုံအား အမှန်တ ကယ်သိရှိရန် အရေးကြီးသည်။ ကိုယ်တော်ဘုရားသည် လက်ဝါးကပ်တိုင်လမ်းသို့ လျှောက်နေသည်။ အသေခံမည်။ သင်္ဂြိုလ်ခြင်းခံမည်။ တတိယနေ့တွင် ရှင်ပြန်ထမြောက်မည်။ ကောင်းကင်နိုင်ငံသို့ ပြန်တက် မည်။ ကယ်တင်ခြင်းတရားအခမဲ့ပေးကြောင်း ကမ္ဘာအနှံ့ပြားသိကြရမည်။ ထိုကယ်တင်ခြင်းတရားကို ကြားနာခြင်း ဖြင့်ရရှိသည်။ အဘယ်မျှ ကျယ်ပြန့်အောင်ဟောကြားကြမည်နည်း။ စစ်တပ်သဖွယ်စနစ် တကျဖွဲ့စည်း၍ လိုအပ်သော ငွေကြေး ထောက်ပံ့ရမည်။ အစာရေစာ ပေးကမ်းရမည်။ စိတ်နှလုံးပျော်ရွှင် အောင် မျှော်လင့် ချက်ပေးရမည်။ ကောင်းသော ပြည်သူ့ ဆက်ဆံရေးပြုလုပ်ရမည်။

(ဆ) မင်္ဂလာနှင့် အမင်္ဂလာ (၆:၂၀-၂၅)

၆:၂ဝ သခင်ယေရှုသည် တပည့်တော် (၁၂)ပါး အားရွေးချယ်ခွဲခန့်ပြီးနောက် ဆင်းရဲခြင်း၊ ငတ်မွတ်ခြင်း၊ ညှဉ်းပန်းနှိပ်ဆက်ခြင်းခံစားရန် စေလွှတ်လိုက်သည်။ ထိုနည်းဗျူဟာဖြင့် ကမ္ဘာအဝှမ်း ဧဝံဂေလိသတင်းပျံ့နှံ့နိုင်မည်လား။ ပျံ့နှံ့နိုင်မည်။ ထိုနည်းလမ်းမှတပါး အခြားနည်းလမ်းမရှိပါ။ သခင်ယေရှု ကမင်္ဂလာတရား (၄)ပါးနှင့် အမင်္ဂလာတရား(၄)ပါး တခါတည်း တွဲပေးလိုက်သည်။ “ဆင်းရဲသူတို့သည် မင်္ဂလာရှိကြ၏” ဆင်းရဲခြင်းသည် မင်္ဂလာတရားမဟုတ်ပါ။ ဆင်းရဲသူများသာ မင်္ဂလာရှိခြင်းဖြစ်သည်။ ဆင်းရဲခြင်းသက်သက်သည် မင်္ဂလာတရားမဟုတ်။ ကျန်ခြင်းအမင်္ဂလာဖြစ်သည်။ ဤနေရာတွင် သခင်ယေရှုပြောသော ဆင်းရဲခြင်းမှာ အမှုတော်မြတ်၌ ဆင်းရဲဒုက္ခခံစားခြင်းကို ဆိုလိုသည်။ အပျင်းထူခြင်း ဇွဲလုံ့လမရှိခြင်း၊ မိမိကိုယ်ကို ကန့်သတ်ချုပ်ချယ်မှုများခြင်းနှင့် မဆိုင်ပါ။ ကိုယ်တော်ဘုရား၏ မင်္ဂလာသ တင်းကောင်းအား အခြားသူများ မျှဝေပြောကြားရာတွင်ခံစားရသော ဆင်းရဲဒုက္ခများနှင့်သာ သက်ဆိုင်သည်။ ခက်ခဲနက်နဲသည်။ မလွယ်ပါဟု စဉ်းစားကောင်း စဉ်းစားနိုင်သည်။ ထိုနည်းဖြင့် တပည့် တော်များသည် လူချမ်းသာများဖြစ်သွားကြသည်။ ခရစ်တော်ကြွလာခြင်းကို မျှော်လင့်ချက်ထား၍ ချမ်းမြေ့ ငြိမ်သက်စွာ နေထိုင်ကြသည်။ လာဘ်လာဘတပါး မဟုတ်ပါလား။ တပည့်တော်များ ချမ်းသာ သည်ဆိုရာ တွင် ရွှေ၊ ငွေ၊ ဓနများ ချမ်းသာမည်ဟု ကတိမပေးခဲ့ပါ။ ထိုသို့ လောကဥစ္စာမချမ်းသာခြင်းသည် ဝိညာဉ်ရေး ရာကောင်းကြီးမင်္ဂလာ ခံစားရာဖြစ်သည်။ အကယ်၍ ရွှေ၊ ငွေ ကြွယ်ဝချမ်းသာ ကြပါက၊ ဘုရားသခင်အား မေ့လျှော့နိုင်သည်။ ဘုရားသခင်သည် သူ့ကိုသာ မှီခိုစေချင်သည်။ ယုံကြည်စွာသစ္စာရှိစေချင်သည်။ အရာခပ်သိမ်း ကုံလုံကြွယ်ဝချမ်းသာ ခြင်းထက် လတ်တလော လိုအပ်ချက်များ ပြည့်စုံ၍ သခင်ဘုရား၏ အမှုတော်ထမ်းရွက်သူများသည် ဘုရားသခင်၏ နိုင်ငံတော်ကို ပိုင်ဆိုင်သူများဖြစ်သည်။

၆:၂၁ “ယခုတွင် ငတ်မတ်သော သူတို့သည် မင်္ဂလာရှိကြ၏”။ ဤနေရာတွင်လည်း အစာရေ စာခေါင်းပါး၍ အားအင်ချိနဲပြတ်သားသူများ မင်္ဂလာရှိသည်ဟု ဆိုခြင်းမဟုတ်ပါ။ မိမိတို့ ဘဝလိုအပ်ချက် ကို ငြင်းပယ်၍ အငတ်ငတ်အပြတ်ပြတ်ဖြင့် သူတပါးကောင်းကျိုး၊ ရုပ်ပိုင်းနှင့် ဝိညာဉ်ရေးရာ နှစ်ဖြာလုပ် ဆောင်သူများကို ဆိုလိုခြင်းဖြစ်သည်။ မိမိတယောက်တည်း စားကောင်းသောက်ဖွယ်များကို မြိန်ရှက်စွာ မဆန့်မပြဲ စားသုံးခြင်းထက် မရှိဆင်းရဲသားများကို ပေးကမ်းစွန့်ကြဲခြင်းသည် ပို၍ အာဟာရဖြစ်သည်ဟု ဆိုလိုသည်။ မိမိကိုယ်ကို ငြင်းပယ်၍ အခြားသူများအား ပံ့ပိုးခြင်းသည် တနေ့သောအခါ ဆုလက်ဆောင် ရရှိမည့်အကြောင်းရင်းဖြစ်သည်။

“ယခုတွင် ငိုကြွေးသော သူတို့သည် မင်္ဂလာရှိကြ၏”။ ဝမ်းနည်းကက်လက်ချုံးပွဲချကြွေးခြင်း သည်မင်္ဂလာရှိသည်ဟုဆိုခြင်းမဟုတ်။ ကယ်တင်ခြင်းမရရှိသေးသူများသာလျှင် မပဋာမြေလူးသကဲ့သို့ လူးလှိမ့်ငိုကြွေးကြသည်။ သခင်ယေရှုပြောသည်မှာ အမှုတော်အတွက် မျက်ရည်ပေါက်ကြီးငယ်ကျခြင်းကို ဆိုလိုသည်။ ပျောက်ဆုံးသူများ၊ ပျက်စီးသူများအတွက် နှမြောတသ၍ မျက်ရည်ကျခြင်းဖြစ်သည်။ အသင်းတော်အတွက်၊ သခင်ယေရှုအမှုတော်အတွက် ကျမျက်ရည်ကို ဆိုလိုသည်။ မျက်ရည်ကျ၍ မျိုးကြဲသူများသည် ရွှင်လန်းစွာ ပြန်ရိတ်ကြရမည်။

၆:၂၂ ပယ်ရှားနှင် ထုတ်ခြင်း၊ ကဲ့ရဲ့ခြင်း၊ အသရေရှုတ်ချခြင်းခံရသူများသည် မင်္ဂလာရှိ၏။ မိမိအပြစ်ကြောင့်၊ မိမိမိုက်မဲမှုကြောင့် ပယ်ရှားရှုတ်ချခံရခြင်းနှင့် မဆိုင်ပါ။ ခရစ်တော်အား ယုံကြည်ခြင်း၊ သစ္စာရှိခြင်းကြောင့် ပယ်ရှားခြင်း၊ အဆက်အသွယ်ဖြတ်ခြင်း၊ ကဲ့ရဲ့သရော်ခြင်း၊ သိက္ခာထိခိုက်ခြင်းနှင့်သာ သက်ဆိုင်သည်။

ဤမင်္ဂလာတရားလေးပါး၏ သော့ချက်စကားမှာ “လူသားတော်၏ နာမတော်”နှင့် သက်ဆိုင် ရမည်။ နာမတော်မြတ်၌ ခံစားရသော ကျိန်ခြင်းများသည် ကောင်းကြီးမင်္ဂလာခံစားရာဖြစ်သည်။ အထူးသတိပြုရန်မှာ ခရစ်တော်အား ချစ်ခင်မြတ်နိုးရမည်။ သို့သော် သူရဲကောင်းဆန်ဆန် မိုက်ရူးရဲမဖြစ် ရပါ။

၆:၂၃ ခရစ်တော်ကြောင့် ညှဉ်းပန် နှိပ်စက်ခြင်းခံရလျှင် ဝမ်းမြောက်စွာခံယူပါ။။ ကောင်းကင် နိုင်ငံတွင် မဟာဆုလက်ဆောင် ရရှိမည်ဖြစ်သည်။ သစ္စာရှိစွာ ခံစားလာခဲ့သော ဆင်းရဲခြင်းများကိုလည်း ပြန်လည်ရေတွက်လိမ့်မည်။

ဤမင်္ဂလာလေးပါး ခံစားသူသည် ဘုရားတရား ကိုင်းရှိုင်းသူ၊ ယဉ်ကျေးသိမ်မွေ့သူ၊ စိတ်ရှည်သီးခံသူ၊ ခက်ထန်သူ၊ ကျင့်ကြံသူဖြစ်သောကြောင့် ဘုရားသခင်၏ နိုင်ငံတော်တွင် စံပြပုဂိ္ဂုလ်ဖြစ် သည်။

၆:၂၄ သို့သော် အခြားတဘက်တွင် ခရစ်ယာန်လူ့အဖွဲ့အစည်းသစ်၌ အမင်္ဂလာ (၄)ပါးရှိ သေးသည်။ ယနေ့ခေတ်ကာလတွင် အမှန်တကယ်ကြုံတွေ့နေရသော အရားများဖြစ်သည်။ “ငွေရတတ် သောသူတို့သည် အမင်္ဂလာရှိကြ၏”။ ခရစ်တော်၏ ကယ်တင်ခြင်း သတင်းမာကားလိုက်ရဘဲ၊ သေလွန်သူ များစွာရှိသည်။ ထို့ကြောင့် ဧဝံဂေလိတရားကြာသိစေရန်၎င်း၊ အစာအာဟာရငတ်မွတ်၍၎င်း၊ နေ့စဉ်နှင့် အမျှလူပေါင်းများစွာ သေပွဲဝင်နေကြသည့်အချိန်တွင် မိမိငွေကြေးများကို ကိုယ်အကျိုးအတွက်သာ သုံးစွဲခြင်းသည် အမင်္ဂလာတရားဖြစ်သည်။ ဤစကားနှင့် ပတ်သက်၍ ခရစ်တော်ဘုရားက ခရစ်တော်ကို သာ ယုံကြည်စိတ်ချဖို့ မှာကြားထားပါသည်။ အိုစာမင်းစာအတွက် တွေးပူခြင်းသည် ဘုရားသခင်အား စိတ်မချရာရောက်ပါသည်။ ဤလောကဘဏ္ဍာစုဆောင်းခြင်းသည် မှားယွင်းသော အယူအဆဖြစ်သည်။ ထို့ကြောင့် ဤကျမ်းချက်နှင့် ဆန့်ကျင်၍ သခင်ယေရှုက “ဆင်းရဲသူများသည် မင်္ဂလာရှိ၏” (ငယ် ၂၀) ဟုဆိုခြင်းဖြစ်သည်။ ဆင်းရဲခြင်းဆိုရာတွင် ဝိညာဉ်ရေးရာချို့တဲ့အားနည်းခြင်းကို မဆိုလို။ ဤကျမ်းပိုဒ် (ငယ် ၂၄)ကို တနည်းအားဖြင့် “ဝိညာဉ်ရေးရာ ကြွယ်ဝဖို့ဆင်းရဲခြင်းမခံပါ”ဟု နားလည်ခံယူနိုင်သည်။ ကြွယ်ဝချမ်းသာ သော်လည်း မိမိကြွယ်ဝမှုကို ထာဝရချမ်းသာအတွက် အသုံးမချတတ်သူများသည် အမင်္ဂလာရှိသည်။ ထို့ကြောင့် မိမိသွေးသားဆန္ဒကို ငြင်းပယ်၍ ထာဝရချမ်းသာ ရရှိဖို့ မိမိချမ်းသာ မှုကို အသုံးချတတ်ဖို့လိုသည်။

၆:၂၅ ဝစွာစားသော သူများသည် အမင်္ဂလာရှိကြ၏။ မရှိဆင်းရဲသားများ နံနက်စာညစာ အပူတပြင်းရှာဖွေနေချိန်တွင် ယုံကြည်သူ ခရစ်ယာန်ဖြစ်ပါလျက် နှင့်စားသောဆိုင်ကြီင်္းများတွင် ဈေးကြီး ကြီးဖောဖော သီသီစားသုံးခြင်းသည် အမင်္ဂလာဖြစ်သည်။ ဘုရားသခင် ဖန်ဆင်းသော အရာများတွင် မဖွယ်မရာမရှိဟု ဆိုတတ်ကြသေးသည်။ ထိုသူများသည် တနေ့ငတ်မွတ် ရမည်ဟု သခင်ဘုရား အမိန့်တော်ရှိသည်။ ယုံကြည်သူများ၊ သစ္စာရှိသူများ ဆုတောင်းချီးမြင့် သောနေ့ရက်တွင် ထိုသူမျာသည် ဝမ်းဟောင်းလောင်းရှိကြမည်။

ယခုရယ်မောတတ်သောသူတို့သည် အမင်္ဂလာရှိ၏။ ထိုသူများသည် ပျော်ပွဲရွှင်ပွဲတွင် မွေ့လျော်သူ၊ ပွဲလမ်းသဘင်ကြိုက်သူ၊ လောကတဒင်္ဂသာယာမှုကို မက်မောသူများဖြစ်သည်။ ဘဝကို အလေးမထား၊ ဟေးလားဝါးလားဖြင့် ဘဝနိဂုံးချုပ်သူများဖြစ်သည်။ ယခုကာလတွင် ရယ်မောသော ထိုသူများသည် ကုန်လွန် ဖြုန်းတီးခဲ့သော အခွင့်အရေး၊ အချိန်ကာလ၊ ဝိညာဉ်ရေးရာ ဆုံးရှုံးမှုများအတွက် တနေ့ရှိုက်ကြီးတငင်ငိုကြွေးကြရမည်။

၆:၂၆ လူတို့၏ ချီးမွမ်းခြင်းခံရသောအခါ သင်တို့သည် အမင်္ဂလာရှိကြ၏။ အဘယ်ကြောင့် နည်း။ အဘယ်ကြောင့်ဆိုသော် ဧဝံဂေလိသတင်းစကားအတိုင်း အသက်မရှင်ကြောင်းသေချာသည်။ လောကသားများ၏ အမူအကျင့်သည် ဧဝံဂေလိတရားအား အဟန့်အတား ဖြစ်စေသည်။ လောကသား များ၏ လက်ခုပ်ဩဘာသံအကြားတွင် ချီးမွမ်းခံရသူများမှာ မှားယွင်းသော ပရောဖက်များဖြစ်သည်။ ရှုချင် စဖွယ်၊ နာပျောက်ဘွယ်ပြောတတ်သူမျာဖြစ်သည်ဟု ဓမ္မဟောင်းကျမ်းက ဆိုထားသည်။ ဘုရားသခင်၏ အသိအမှတ်ပြုခြင်းထက် လူ့အကြိုက်ဆောင်သူများ ဖြစ်သည်။

(ဇ) လျှို့ဝှက်လက်နက်၊ ချစ်ခြင်း မေတ္တာ (၆:၂၇-၂၈)

၆:၂၇-၂၈ တပည့်တော်များအား ဘုရားသခင်အမြောက်လက်နက်ကြီးတပ်ဆင် ပေးလိုက် သည်။ ထိုလျှို့ဝှက်လက်နက်မှာ ချစ်ခြင်းမေတ္တာတရားဖြစ်သည်။ ထိုလက်နက်သည် ဧဝံဂေလိတရား ဟောပြောရာတွင် စွမ်းအား အကောင်းဆုံးဖြစ်သည်။ ချစ်ခြင်းမေတ္တာဟုဆိုရာတွင် စိတ်လှုပ်ရှားခြင်း၊ ရင်ခုန် အချစ်မျိုးမဟုတ်၊ သဘာဝချစ်ခြင်းမေတ္တာဖြစ်သည်။ ထိုချစ်ခြင်းမေတ္တာ၏ အတိမ်အနက်ကို အသက်တာ ပြောင်းလဲသူများ နားလည်ကျွမ်းဝင်ကြသည်။ သန့်ရှင်းသော ဝိညာဉ်တော်မရှိပါလျှင် သဘောမပေါက်နိုင်။ လူသတ်သမားသည်လည်း သူ့သားသမီးများကို ချစ်ကောင်းချစ်မည်။ သို့သော် ယေရှုသခင်ပြောသော ချစ်ခြင်းမေတ္တာသည် လေးနက်သိမ်မွေ့သည်။ လူတွင် ပထမဦးစွာ မွေးရာပါ အသက်ရှိသည်။ ဒုတိယတွင် ဘုရားပေးအသက်ရှိရမည်။ ပထမ အသက်သည် စိတ်လှုပ်ရှားခြင်းဖြစ်၍၊ ဒုတိယအသက်သည် ထိုထက်ကျယ်ပြန့်သည်။ လူတိုင်း၊ မိတ်ဆွေအပေါင်းအသင်းကိုချစ်ခင်ကြပါသည်။ သို့သော် မိမိရန်သူအား ချစ်ခင်ရန် မလွယ်၊ မိမိရန်သူအား ချစ်ခင်နိုင်သော မေတ္တာသည် ကြီးမားကျယ်ပြန့်သည်။ ဘုရားပေး အကာပေမေတ္တာဟုခေါ်သည်။ သင့်ကို မုန်းတီးသူအား ကျေးဇူးပြုပါ။ မိမိကိုယ်ကို ကျိန်ဆဲသူအား မေတ္တာ ပို့ဆုတောင်းပေးပါ။ ပါးတဖက်လရိုက်လျှင် အခြားပါး တဘက်ကိုလည်း ထိုးခံပေးပါ။

ထိုအကြောင်းကို F. B. Meyer က ဤသို့ရှင်းပြသည်။

ထိုအလေးနက်ဆုံးသော ချစ်ခြင်းမေတ္တာသည် ခရစ်ယာန်တို့၏ အပိုဆုလက်ဆောင်ဖြစ် သည်။ ရန်သူများကို မိတ်ဆွေရင်းချာကဲ့သို့ သဘောထားရမည်။ နေရောင်ခြည်နှင့် မိုးစက်မိုးဖွဲများသည် တရားသူအပေါ်၊ မတရားသူအပေါ်သာ တူညီးမျှဖြာဆင်းသကဲ့သို့ လူတိုင်းအား ချိုမြသော မေတ္တာပေးနိုင် ရမည်။ သူတပါး၏ အပြစ်အမှားများကို ရေမှတ်ခြင်းမပြုရ။

ကောင်းမှုကိုသာ အစဉ်ပှုမှတ်ရမည်။ ယုံကြည်ခြင်း၊ မျှော်လင့်ခြင်းနှင့် သစ္စာရှိခြင်းများကို ဘယ်သောအခါမှ ပျက်သုဉ်းလဲခြင်း မရှိစေရ။ ထိုချစ်ခြင်းမေတ္တာမျိုးသည် သန့်ရှင်းသော ဝိညာဉ်တော်နှင့် ယှဉ်သော ချစ်ခြင်းမေတ္တာဖြစ်သည်။

လူသည် မိမိကိုယ်မိမိ၌ အောင်မြင်မှုမရနိုင်။၁၆

ဤချစ်မေတ္တာသည် ကြည်လင်သာယာသည်။ လောကချစ်ခြင်းမေတ္တာသည် လူပိုပြန်လည် တိုက်ခိုင်နိုင်သည်။ တောရိုင်းတိရစ္ဆာန်ကဲ့သို့သော မလိုတမျိုးလိုတမျိုး ချစ်ခြင်းမျိုးဖြစ်သည်။ မိမိအပေါ်မှား ယွင်းသော အပြုအမူများကို မည်ကဲ့သို့ တုန့်ပြန်ရမှန်းမသိရှိကြ။ လောကအကျင့်၌ ရှုပ်ထွေးလျက်လောကီ သားဆန်ဆန် ပြုမူတတ်သည်။

၆:၂၉-၃၁ သင့်အပေါ်အကျင်္ီကို လုယူလျှင် ချစ်ခြင်းမေတ္တာပြ၍ နောက်တထည် ကိုလည်း ချွတ်ပေးလိုက်ပါ။ ထိုစေတနာမျိုးမြဲကျင့်ဆောင်ပါ။ မတရားသောသူများက လုယူသွားလျှင့် ပြန်ရဖို့မမျှော လင့်နှင့်။ မတောင်းဆိုနှင့်။ အခြားသူများကို ပေးကမ်းကူညီခြင်းသည် ချစ်ခြင်းမေတ္တာနှင့် ယှဉ်သော ရွှေပဋိညာဉ်ဖြစ်သည်။ ထိုသူ့အပေါ်ထားရှိသော မေတ္တာစေတနာအရ ဆုလက်ဆောင်ပြန်လည်ရရှိမည့် အကြောင်းမမေ့နှင့်။

၆:၃၂-၃၄ ကယ်တင်ခြင်းမရသူများသည်လည်း အခြားသူများကို ချစ်ခြင်းမေတ္တာထားတတ် ကြပါသည်။ သို့သော် ထိုချစ်ခြင်းမေတ္တာမျိုးသည် လူ့သဘောသဘာဝမေတ္တာဖြစ်သည်။ ဘဏ်နှင့် အပေါင်ဆိုင်များသည် အကျိုးရလာဒ်မျှော်လင့်ချက်ဖြင့် ငွေချေးပေးကြသည်။ လူ့မေတ္တာသည် ထိုကဲ့သို့ပင် အပြန်ကို မျှော်လင့်သော အသွားမေတ္တာဖြစ်သည်။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာသည် ထိုကဲ့သို့မဟုတ်။ အပြန်ကို မမျှော်လင့်ပါ။

၆:၃၅ ထို့ကြောင့် ယေရှုက သင့်ရန်သူကို ချစ်လော့။ ကျေးဇူးပြုလော့။ တစုံတခုကို မျှော်လင့်ခြင်းမရှိဘဲ၊ ချေးငှါးကြလော့ဟု ထပ်မံသွန်သင်သည်။ ထိုစိတ်သဘောထားသည် အမြင့်ဆုံးသော ဘုရားသားများ၏ ဂုဏ်အင်လက္ခဏာဖြစ်သည်။ သို့သော် ထိုနည်းလမ်းတခုတည်းဖြင့် ဘုရားသားဖြစ်ခွင့် ရသည်မဟုတ်။ ယေရှုခရစ်တော်အား ကယ်တင်ရှင်သခင်အဖြစ် ယုံကြည်လက်ခံခြင်းအားဖြင့် သာလျှင် ဘုရားသားသမီး ဖြစ်နိုင်သည် (ယော ၁:၁၂)။ ယုံကြည်သူများက ဘုရားသားသမီး၏ အကျင့် လက္ခဏာ အားလောကသားများသို့ ပြသရသည်။ ထိုနည်းနိသျှကို (ငယ်  ၂၇-၃၅)တွင် အသေးစိတ် ရှင်းပြထား သည်။ ထိုအရှင်သခင်သည် ကျေးဇူးမသိတတ်သူများ၊ ဆိုးညစ်သူများအား ကျေးဇူးပြုတော်မူ၏။ ထိုသို့ ပြုမူခြင်းသည် ခရစ်ယာန်မိသားစု အသက်တာ ဖော်ပြရာရောက်ပါသည်။ ဘုရားသခင်၌ အသစ်တဖန် မွေးဖွားခြင်းအကြောင်း ပြသရာဖြစ်သည်။

၆:၃၆ သနားစိတ်ဆိုသည်မှာ ဘုရားသင်က လောကသားများအား အပြစ်မမြင်၊ ချစ်မဝသကဲ့သို့ အခြားသူများအား ချစ်ခင်ခြင်း၊ ဂရုစိုက်ခြင်း၊ ဦးစားပေးခြင်းဖြစ်သည်။

၆:၃ရ ချစ်ခြင်းမေတ္တာနှင့် မဆိုင်သော အမှုနှစ်ခု ရှိသည်။ သူတပါးအား စစ်ကြောဆုံးဖြတ် ခြင်းအား စစ်ကြောဆုံးဖြတ်ခြင်းမပြုလျှင် သင်လည်းစစ်ကြောစီရင်ခြင်းခံရမည်မဟုတ် ဟုဆိုသည်။ သို့ကြောင့် အခြားသူများအား စစ်ကြောဆုံးဖြတ်ခြင်းမပြုရန် အရေးကြီးသည်။ လူတဦး၏ စိတ်နှလုံးအကြံ အစည်ကို မသိနိုင်ပါ။ စိတ်နှလုံးရှိသည့်အတိုင်း ပြောဆိုလုပ်ကိုင် သောကြောင့် ဝေဖန်စစ်ကြောခြင်း မပြု အပ်ပါ။ ခရစ်တော်အတွက် အမှုတော် ဆက်ကပ်ကြပုံကိုလည်း စစ်ကြောစီရင်ခြင်းမပြုရ (၁ကော ၄:၁-၅)။ အမှုကိစ္စအားလုံးကို ဘုရားသခင်က စစ်ကြောစီရင်ပါသည်။ ထို့ကြောင့် စစ်ကြောစစ်ဆေးခြင်း၊ ဆင်ဆာပြု ခြင်းမလုပ်ရန်လိုသည်။ စစ်ကြောစီရင်ခြင်းသည် အပြစ်ရှာဖွေခြင်းဖြစ်၍ ဝိညာဉ်ရေးရာ အဓိကရုဏ်းဖြစ်စေ ပါသည်။

သို့သော်မဖြစ်မနေ စစ်ကြောစီရင်ရမည့် အရာရှိသည်။ တနည်းအားဖြင့် မညီသော ထမ်းပိုး မထမ်းမိဖို့ စစ်ကြောစီရင်ရသည် (၂ကော ၆:၁၄)။ အပြစ်သည် နေအိမ်နှင့် အသင်းတော်များတွင် စစ်ကြော စီရင်တတ်သည်။ ခပ်တိုတိုပြောရလျှင် အဆိုးနှင့် အကောင်းဝေဖန်ပိုင်းခြားရသည်။ သို့သော် စောဒက တက်ခြင်း၊ အငြင်းသန်ခြင်းမဖြစ်စေရပါ။

သူ့အပြစ်ကို ခွင့်လွှတ်လျှင် ကိုယ့်အပြစ်လွှတ်လိမ့်မည်။ ခွင့်လွှတ်ခြင်းဆိုရာတွင် လိပ်ပြာသန့် သန့်ကျေကျေနပ်နပ် ခွင့်လွှတ်ခြင်းဖြစ်သည်။ အခြားကျမ်းချက်များတွင် ယေရှုခရစ်တော်အား ယုံကြည်လျှင် ချို့ယွင်းချက်မရှိ၊ အပြစ်ခွင့်လွှတ်ခြင်းခံရသည်ဟု ဆိုထားပါသည်။ ဤကျမ်းချက်နှစ်ခု၏ ကွဲပြားမှုကို မည်သို့ နားလည်ရမည်နည်း။ အဓိပ္ပါယ် (၂)မျိုးနားလည်နိုင်ပါသည်။ ဓမ္မစဉ်လာအရ ခွင့်လွှတ် ခြင်းဆိုသည်မှာ ယေရှုခရစ်တော်ကို ယုံကြည်သူတိုင်း ဘုရားသခင်က ခွင့်လွှတ်သည့်ခွင့် လွှတ်ခြင်း ဖြစ်သည်။ ထိုအပြစ်၏ အပြစ်ဒဏ်အတွက် သခင်ယေရှုက ပေးဆပ်ခဲ့ပြီးဖြစ်သောကြောင့် ယေရှုခရစ် တော်ကို ယုံကြည်သူတိုင်း အပြစ်စီရင်ခြင်းမခံရ။ ချို့ယွင်းချက်မရှိခွင့် လွှတ်ပြီးဖြစ်သည်။

မိဘများခွင့်လွှတ်ခြင်းဆိုသည်မှာ သူ့သားသမီး များ၏ အပြစ် ဝန်ခံမှုကို ခမည်းတော် ဘုရား သခင်က ခွင့်လွှတ်ခြင်းဖြစ်သည်။ ထိုအပြစ်ခွင့်လွှတ်ခြင်းကြောင့် ဘုရားသခင်၏ မိသားစုဝင်အဖြစ် မိဿဟာယဖွဲ့ခွင့် ရသည့်အပြင် အပြစ်စစ်ကြောခြင်းကိုလည်း မခံရတော့ပါ။ ညီအစ်ကို အချင်းချင်း ခွင့်မ လွှတ်သော အပြစ်ကို ဘုရားရှင်က ခွင့်မလွှတ်။ ထိုသို့ပြုသူများသည် ဘုရားသခင် မိသားစု၌ မိဿဟာယ လည်း မဖွဲ့နိုင်။ အပြစ်ခွင့် လွှတ်သူကို သခင်ယေရှုက သင့်အပြစ်လည်း ခွင့်လွှတ်ရာဖြစ်သည်။ ဟုဆို သည်။

၆:၃၈ ချစ်ခြင်းမေတ္တာသည် ပေးကမ်းခြင်းဖြစ်သည် (ယော ၃:၁၆၊ ဧ ၅:၂၅ တို့ကိုလည်း ကြည့်ပါ။) ခရစ်ယာန်အမှုတော်လုပ်ငန်းသည် ပေးဆပ်ခြင်း အသုံးတော်ခံခြင်းဖြစ်သည်။ စေတနာသဒ္ဒါ ထက်သန်စွာ ပေးလှူသည် ရက်ရောစွာ ဆုလက်ဆောင်ပြရသည်။ မျိုးစေ့ကြဲလျှင်ကြဲသည့်အတိုင်း အပြည့် ရိတ်သိမ်းလိမ့်မည်။ အလေးတင်းတောင်းအပြည့် အခြင်တွယ်အမှန်၊ ပြည့်ဝစွာ ပြုသူသည် မိမိပြုမူသည့် အတိုင်း ပြန်လည်ရရှိရသည်။ ရုပ်ဝတ္ထုပစ္စည်းများဖြင့် ကြဲရသော်လည်း ဝိညာဉ် ဘဏ္ဍာများရိတ်သိမ်း ရသည်။ ထို့ကြောင့် ကပ်စေနဲလျှင် ဆုံးရှုံးသည်။ ပေးကမ်းစွန့်ကြဲလျှင် ပြန်ရိတ်ရသည်။

(ဈ) မျက်မမြင်ကြောင်သူတော် ပုံဥပမာ (၆:၃၉-၄၅)

၆:၃၉ အထက်က အပိုဒ်တွင်တပည့်တော်များအား ပေးကမ်းစွန့်ကြဲခြင်းဖြင့် အမှုတော် ဆောင်ကြရန် သွန်သင်ခဲ့သည်။ ဤကျမ်းပိုဒ်တွင်မူ အခြားသူများအား ဝေငှရာတွင် အကန့်အသတ် ရှိပုံကို သတိပေးထားသည်။ မျက်မမြင်သည် အခြားမျက်မမြင်ကို မည်ကဲ့သို့ လမ်းပြနိုင်မည်နည်းဟု ထောက်ပြ သည်။ မျက်ကန်းနှစ်ယောက်စလုံးတွင်းထဲသို့ ကျလိမ့်မည်။ မိမိကိုယ်တိုင်၌ ဘုရားသခင်၏ နှုတ်ကပတ် တော် သမ္မာတရားကို နားမလည်လျှင် အခြားသူများကို ဝေငှနိုင်မည်မဟုတ်။ လမ်းပြနိုင်မည်မဟုတ်။ မမြင်မကန်းနှင့် လမ်းပြလျှင် လမ်းမှားကို သာပြမိလိမ့်မည်။ အထူးသဖြင့် ဝိညာဉ်ရေးရာလမ်းမှားမပြမိဖို့ အရေးကြီးသည်။

၆:၄ဝ တပည့်သည် ဆရာထက်မသာ၊ အပြီးသင်ပြီးသော ဆရာတိုင်း မိမိဆရာကဲ့သို့ ဖြစ်လိမ့်မည်။ မိမိမသိန်ားမလည်းသော ဘာသာရပ်ကို အခြားသူအား သင်ပြနိုင်မည်မဟုတ်ပါ။ သူ့တပည့်အား သူ့ထက်သာအောင်ပို့ဆောင်နိုင်မည်မဟုတ်။ များများပိုသင်လျှင် ဆရာနှင့် ပိုတူမည်။ သို့သော် ဆရာအရည့်အချင်းမှီလျှင် နောက်ထပ် တိုးတက်စရာမရှိတော့ပါ။ တပည့်တော်များသည် ဆရာနှင့် တူညီလျှင် ပြည့်ဝသော ကျင့်သား ရရှိသူများဖြစ်သည်။ ဆရာ၏ သွန်သင်ချက်များသည် တပည့် တော်၏ အသက်သွေးကြောဖြစ်သည်။ သွန်သင်ချက်များ ပြည့်စုံလျှင် တပည့်သည် ထို့ထက်သာလွန်၍ တတ်မြောက်စရာမရှိတော့ပါ။

၆:၄၁-၄၂ အရေးကြီးသော ပုံဥပမာဖြစ်သည်။ မျက်စိထဲဝင်သော တံကျင်နှင့် ငြောင့်ငယ်ကို ဥပမာပေး၍ ရှင်းပြထားသည်။ တနေ့သောအခါ လူတယောက်သည် ကြမ်းပြင်ပေါ်တွင် ပစ္စည်းတခု ကုန်းကောက်နေစဉ် ရုတ်တရုက် လေတိုက်သဖြင့် မျက်စိထဲသို့ ဖုံမှုန့်ဝင်သွားသည်။ ဖုံမှုန့်ထွက်သွား အောင်မျက်စိပွတ်သော်လည်း ပိုဆိုးသည်။ ထိုစဉ်တွင် မိတ်ဆွေတဦးရောက်လာသဖြင့် မျက်စိထဲမှ ဖုံမှုန့် ထုတ်ပေးရန် အကူအညီတောင်းသည်။ ဖြစ်နေသည်က ထိုသူသည်လည်း မျက်စိထဲငြေင့်ငယ်ဝင်၍ ဖယ်ထုတ်ဖို့ အကူအညီလာတောင်းသူဖြစ်နေသည်။ အတူတူနှင့် အနူနူဖြစ်နေကြသဖြင့် ပထမလူအား အကူအညီမပေးနိုင်ပါ။ သင်ခန်းစာမှာ မျက်မမြင်သည် အခြားမျက်မမြင်အား ဘာမှအကူအညီမပေးနိုင်ပါ။ တပါးသူကို ကူညီလမ်းပြမည်ဆိုလျှင် မိမိကိုယ်တိုင်သည် စံပြဖြစ်ရသည်။ သို့မဟုတ်လျှင် “ဟေ့ဆေးဆရာ ကိုယ်တိုင်ကို ကျန်းမာအောင် အရင်လုပ်ဦး”ဟု အပြောခံရမည်။

၆:၄၃-၄၅ ခရစ်တော် စတုတ္ထ ပုံဥပမာပေးချက်မှာ သစ်ပင်နှင့် အသီးဖြစ်သည်။ သစ်ပင် သည် အပင်၏ ဗီဇအတိုင်း ကောင်းသော အသီး သို့မဟုတ် မကောင်းသောအသီး သီးလေ့ရှိသည်။ ထိုအသီးကို ကြည့်ခြင်းအားဖြင့် သစ်ပင်၏ တန်ဖိုးဖြတ်ရသည်။ တပည့်တော်နယ်ပယ်မှာလည်း ထိုအတိုင်း ဖြစ်သည်။ စိတ်သဘောထားဖြူစင်၍ ဝိညာဉ်ရေးရာ ကျန်းမာကြံ့ခိုင်သူသည် မိမိစိတ်နှလုံး ဘဏ္ဍာတိုက်ထဲ က ကောင်းသော အရာကို ထုတ်ဖော်၍ အခြားသူများကို ပေးကမ်းဝေငှတတ်၏။ အခြားတဘက်တွင်မူ စိတ်နှလုံး မစင်ကြယ်ပါက မစင်ကြယ်သောအရာကို ထုတ်ဖော်လေ့ရှိ၏

အပိုဒ်ငယ် ၃၉-၄၅ တွင် သခင်ယေရှုက တပည့်တော်များအား သာသနာပြုခြင်း၏ အရည် အချင်းကို သွန်သင်သည်။ အရေးကြီးသော သင်ခန်းစာ ဖြစ်သည်။ တပည့်တော်များ သာသနာပြုခြင်း၏ ရလာဒ်သည် တပည့်တော်များ အပေါ်၌ မူတည်သည်။

(ည) နာခံခြင်းရှိဖို့ အမိန့်တော် (၆:၄၆-၄၉)

၆:၄၆ င့ါစကားကို နားမထောင်ဘဲနှင့် အဘယ်ကြောင့် သခင်သခင်ဟုခေါ်ကြသနည်း။ သခင်ဟုဆိုထားသည်။ သခင်သည် တပည့်၏ ဘဝတခုလုံးကို ပိုင်ဆိုင်သူဖြစ်သ်။ ထို့ကြောင့် သခင်ဟု ခေါ် ဝေါ်လျှက်နှင့် သခင့်စကားကို နားမထောင်သူသည် အပြောနှင့် မလုပ်မညီပါ။ သခင်ဟုခေါ်ဆိုလျှင် ထိုသခင်၏ စကားကို နာခံရသည်။ နှုတ်ဖျားမှ သခင်ဟု ခေါ်ဆိုရုံမျှနှင့် မလုံလောက်။ နှုတ်ကပတ်တော် အတိုင်း လိုက်နာခြင်း၊ စောင့်ထိန်းခြင်းမရှိလျှင် အမှန်တကယ်ယုံကြည်ခြင်း မဟုတ်။ အမှန်တကယ်နာခံ ခြင်းမဟုတ်။

ကိုယ်တော်လမ်းပြပါ၏။ လိုက်မလျှောက်နိုင်။ ကိုယ်တော်ဇီဝအသက်ပေးပါ၏။ မခံယူနိုင်။ ကိုယ်တော်သခင့်အရာခံယူပါ၏။ မနာယူနိုင်။ ထိုသို့ ပစ်ပယ်သော်လည်း ငါ့ကို အပြစ်မမြင်။ မုန့်ပေးပါ၏။ မစားဖြစ်။ သမ္မာတရားပြပါ၏။ မဆက်ကပ်နိုင်။ သို့ပင်ငြားလည်း င့ါကို အပြစ်မမြင်ရက်ပါလား။

Geoffrey o’ Hara.

၆:၄၇-၄၉ နာခံခြင်းကို သဘောပေါက်စေရန် ပုံဥပမာ (၂)ခုဖြင့် သွန်သင်သည်။ ဧဝံဂေလိ ယုံကြည်သူသည် ပညာရှိ၊ ခရစ်တော်ကို ငြင်းပယ်သောသူသည် ပျောက်ဆုံးသူဖြစ်သည်။ ဧဝ့ဂေလိတရား ဟောကြားရာတွင်လည်း ပုံဥပမာပေး ဟောကြားလေ့ရှိကြသည်။ သို့သော် ကျမ်းပိုဒ်ငယ် အာဘော်မှာ ထို့ ထက်ပိုမို လေးနက်သည်။

ပညာရှိသူသည် ခရစ်တော်ထံပါးသို့ လာ၍ ကိုယ်တော်၏ သွန်သင်ချက်များကို နာယူသည်။ ထိုသူ၏ အသက်တာသည် ခရစ်ယာန်တပည့်တော်ဘဝ၌ အုတ်မြစ်တည်သူဖြစ်သည်။ ထိုအသက်တာမျိုး သည် ခိုင်မာသော ဘဝ အသက်တာလမ်းစဉ် ဖြစ်သည်။ ကျောက်ဆောင်ပေါ်တွင် ခိုင်မြဲစွာ ပန္နက်တည် ထားသောကြောင့် လေမုန်တိုင်းနှင့် ရေတိုက်စားခြင်း၊ ဘေးအန္တရာယ်လည်း စိုးရိမ်စရာမရှိ။ ကျောက် ဆောင်ဆိုသည်မှာ ခရစ်တော်နှင့် ခရစ်တော်၏ သွန်သင်ချက် များဖြစ်သည်။၁၇

လူမိုက်သည် သွန်သင်ချက်များကို နားရှိ၍ ကြားရသော်လည်း နားထဲမဝင်။ ဘဝအသက် တာအတွက် လိုက်နာခြင်းမရှိ။ သူ့ဘဝကို သူ့အတွေးအခေါ်ဖြင့် တည်ဆောက်သည်။ လောကအရာပေါ်မှာ တည်မှီသည်။ အုတ်မြစ်ပန္နက်အခြေမခိုင်သောကြောင့် ဘဝမုန်တိုင်းထန်သော အခါ အိမ်တခုလုံးလေထဲ လွှင့်ပါသွားသည်။ သူ့ဝိညာဉ်က ကယ်တင်ခြင်း ရချင်ရမည်။ သို့သော် ဘဝကတော့ ပျေက်ဆုံးပြီ။

ပညာရှိသူသည် လူသားတော်၏ အမည်နာမအတွက်ဆိုလျှင် ပင်ပန်းဆင်းရဲခြင်း၊ ငတ်မွတ် ခြင်း၊ နာကြင်ခြင်း၊ ညှဉ်းပန်နှိပ်စက်ခြင်းခံနိုင်ရည်ရှိသည်။ လောကသားများက အရူးဟုခေါ်ဝေါ်ကြသော် လည်း သခင်ယေရှုဘက်ကကြည့်လျှင် ပညာရှိသုခမိန်ဖြစ်သည်။

လူမိုက်သည် ငွေကြေးရတတ်သူ၊ ဇိမ်ကြိုက်သူ၊ ထင်ပေါ်လိုသူ၊ ဂုဏ်ပကာသနမက်မောသူ ဖြစ်သည်။ လောကသားများက လူလိမ်မာ၊ လူတော်ဟုဆိုကြသော်လည်း သခင်ယေရှုဘက်က ကြည့်လျှင် လူမိုက်ဖြစ်သည်။

Previous Article
Next Article