သက်သာလောနိတ်သြဝါဒစာပဌမစောင် ၅

() သခင်ဘုရား၏နေ့ရက်(:၁၁)

: ဤနေရာတွင် ရှင်ပေါလုက အခြားသင်ခန်းစာသို့ ခေါင်းစဉ်ပြောင်းသည်။ ချီဆောင်ခြင်းနှင့် သခင်ဘုရားနေ့ရက် အကြောင်းဖြစ်၍ ဂရိဘာသာဖြင့် peride ဟုဆိုသည်။

ယုံကြည်သူများအတွက် ချီဆောင်ခြင်းသည် ပူပန်စရာမဟုတ်။ ခရစ်တော်နှင့် မဆိုင်သောသူများသာ ပူရသည်။ ဤနေရာတွင် အချိန်နှင့်ကာလ အရေးကြီးသည်။ ထိုကာလသည် ယုဒများ၏ လက္ခဏာနှင့် ဆိုင်သည်။ ထိုကာလတွင် ဘုရားသခင်သည် ဣသရေလလူမျိုးနှင့် ဆက်ဆံပတ်သက်လာမည်ဟု ရှေးဦးပရောဖက်များက ဟောကြားခဲ့ပြီး ဖြစ်သည်။ တပည့်တော်များက ယေရှုခရစ်တော်အား မည်သည့်အချိန်ကာလတွင် နိုင်ငံတော် တည်ထောင်မည်နည်းဟု မေးကြသောအခါ ထိုအချိန်ကာလ သိစရာမလိုပါ (တ၁:၇)ဟုပြန်ဖြေခဲ့သည်။ ထို့ကြောင့် အချိန်ကာလ သည်နိုင်ငံတော်တည်ထောင်သည့်အချိန်သာဖြစ်သည်။

ရှင်ပေါလုကလည်း သက်သာလောနိတ်သားများသို့ ဩဝါဒပေးရာတွင် အချိန်ကာလ မပြောပါ။ တစ်ခုရှိသည်မှာ သန့်ရှင်းသူများအတွက် အချိန်ကာလသည် မှုစရာမဟုတ်။ ထိုအချိန်ကာလ မစမီ ကောင်းကင်သို့ ချီဆောင်ခြင်း ခံကြရမည်။

အချိန်ကာလနှင့် သခင်ဘုရား၏ နေ့ရက်ကို ဓမ္မဟောင်းကျမ်းတွင် မတွေ့ရပါ။ ထိုစိတ်လှုပ်ရှားဖွယ်ရာ ချီဆောင်ခြင်း (၁ကော၁၅:၅၁)နေ့ရက်ကို တပည့်တော်များသို့လည်း သွန်သင်ခြင်းမရှိပါ။

: သန့်ရှင်းသူများက သခင်ဘုရား၏ နေ့ရက် သိကြပါသည်။ နေ့ရက်အတိအကျကိုမူ မသိကြသော်လည်း မျှော်လင့်ချက် ရှိကြသည်။ ထိုနေ့ရက်နှင့် ပတ်သက်၍ ရှင်ပေါလုက မည်သို့ ဆိုထားသနည်း။ (၂၄)နာရီလုံးလုံး မဖြစ်နိုင်ပါ။ သို့သော် မျက်စိတစ်မှိတ်လျှပ်တပြက်တွင် ဖြစ်သွားနိုင်သည်ဟုဆိုသည်။

ဓမ္မဟောင်းကျမ်းအရ ပြောရလျှင် အပြစ်စီရင်ရာနေ့၊ အမှောင်ကျသည့်နေ့၊ ဖျက်ဆီးသည့်နေ့
(ဟေရှာ ၂:၁၂၊ ၁၃:၉-၁၆၊ ယောလ ၂:၁-၂) ဟုတွေ့ရသည်။ ဣသရေလလူမျိုးများ၏ ရန်သူများအား ဘုရားသခင် အပြစ်ဒဏ်ပေးသည့်နေ့ (ဇေ၃:၈-၁၂၊ ယောလ ၃:၁၄-၁၆၊ ဩ ၁၅-၁၇၊ ဇာ ၁၂:၈-၉) ဟုတွေ့ရသည်။ သို့သော် ဘုရားသခင်က သူ့လူများ ဖောက်ပြန်၍ ရုပ်တုကိုးကွယ်ကြသောကြောင့် အပြစ်ဒဏ်ပေးသည့်အကြောင်းကိုလည်း (ယောလ ၁:၁၅-၂၀၊ အာ ၅:၁၈၊ ဇေ ၁:၇-၁၈)တွင် တွေ့ရသည်။  အပြစ်စီရင်ရာနေ့ သခင်ဘုရား၌ အောင်ပွဲခံခြင်းကို (ယောလ ၂:၃၁-၃၂) တွင် တွေ့ရသည်။

သခင်ဘုရား၏ နေ့ရက်သည် ဤကျမ်းပိုဒ်ပါ အချိန်ကာလဖြစ်ဖို့ နီးစပ်သည်။ ချီဆောင်ခြင်းကာလနှင့် နောက်ပိုင်း ဖြစ်နိုင်သည်။

၁။ ဘေးဒဏ်ကြီးကာလ သို့မဟုတ် ယာကုပ်၏ဘေးဒဏ်ကာလ(ဒံ ၉:၂၇၊ယေ ၃၀:၇၊မ ၂၄:၄-၂၈၊၂သက် ၂:၂၊ဗျာ ၆:၁-၁၉:၁၆)

၂။ သန့်ရှင်းသူများနှင့်အတူ ကိုယ်တော်ဘုရားကြွလာခြင်း(မ ၄:၁-၃၊၂သက် ၁:၇-၉)

၃။ ကမ္ဘာပေါ်တွင်ခရစ်တော်ဘုရား အနှစ်တစ်ထောင်အုပ်စိုးခြင်း(ယောလ ၃:၁၈၊ဇာ၁၄:၈၊၉)

၄။ ကောင်းကင်နှင့် မြေကြီးအား မီးဖြင့် နောက်ဆုံးဖျက်ဆီးခြင်း (၂ပေ ၃:၇-၁၀)။

သခင်ဘုရား၏ နေ့ရက်သည် ယေဟောဝါ ဘုရားသခင် လူသားများ အမှုအရာတွင် တင်းပြည့်ကျပ်ပြည့် ပါဝင်ခြင်း ဖြစ်သည်။ ဣသရေလလူမျိုး၏ ရန်သူများ အပြစ်စီရင်ခြင်း၊ ဣသရေလလူမျိုး ယုံကြည်မှုလွဲမှားသူများ စီရင်ခြင်း၊ သူ့လူများရွေးနှုတ်ခြင်း၊ ခရစ်တော်၏ နိုင်ငံတော် တည်ထောင်ခြင်းများ ပါဝင်သည်။

ထိုဘုရားသခင်၏ နေ့ရက်သည် သူခိုးရောက်လာသောအချိန်ကဲ့သို့ ဖြစ်မည်။ လုံးဝမျှော်လင့်မထားသော အချိန်ဖြစ်သည်။ ပြင်ဆင်ခြင်း မရှိသည့်အချိန် ဖြစ်သည်။

: ထိုနေ့ရက်သည် ရုတ်တရက် လှည့်စားခြင်း၊ ဖျက်ဆီးခြင်းဖြင့် မြေကြီးလက်ခတ် မလွဲရောက်လာမည်။

ဘုရားသခင်၏ အပြစ်စီရင်ခြင်းသည် ချက်ချင်း ကျရောက်လျက် အရာခပ်သိမ်းကို ပျက်စီးစေမည်။ ပျက်စီးစေခြင်း ဆိုသည်မှာ ပျောက်ဆုံးခြင်း၊ ပပျောက်ခြင်း မဟုတ်ပါ။ သုံးမရအောင် ပျက်စီးခြင်း ဖြစ်သည်။ မီးဖွားနေသော ကိုယ်ဝန်သည် ခံစားသည့်ဝေဒနာမျိုး ဖြစ်၍လူတိုင်း မလွှဲမရှောင်ကြုံတွေ့ရမည်။ ထိုဘေးရန်မှ ကင်းလွတ်သော မယုံကြည်သူ တစ်ယောက်မှ ရှိမည်မဟုတ်။

: သခင်ဘုရား၏ နေ့ရက်သည် မယုံကြည်သူများအပေါ် အမျက်တော်ကျရောက်သည့် ကာလဖြစ်သည်။ ယုံကြည်သူများအတွက် မည်သို့ ရှိသနည်း။ ယုံကြည်သူများသည် အမှောင်ထဲတွင် နေသူများ မဟုတ်သဖြင့် မှုစရာမလိုပါ။

ထိုနေ့ရက်သည် ညအချိန်တွင် လာတက်သော သူခိုးကဲ့သို့ ရောက်လာမည် (ငယ် ၂)။ သူခိုးသည် ပြောင်းလဲသူလည်း ဘဝမှောင်နေသည်။ ယုံကြည်သူသည် ထိုအမှောင်ထဲတွင် နေသူ မဟုတ်သောကြောင့် ပူပန်စရာမရှိပါ။

: ခရစ်ယာန်များသည် အလင်း၏သား၊ နေ၏သားများဖြစ်သည်။ ညဉ့်သားကောင်များ မဟုတ်။ ထိုစကားသည် သားတော်ကို ငြင်းပယ်သူများအပေါ် အမျက်ဒေါသဖလား သွန်းလောင်းသောအခါ ကင်းလွတ်ခွင့်ရမည့် အကြောင်း ဖြစ်သည်။ သခင်ဘုရားနေ့၌ အပြစ်စီရင်ခြင်းသည် အမှောင်ထဲ၌ ရှိနေသူများ အကျင့်စာရိတ္တ ပျက်ပြားသူများ၊ ဝိညာဉ်ရေးရာ ညဉ့်နက်ကျသူများ၊ ဘုရားသခင်နှင့် မဟာမိတ် မပြုသူများအတွက်သာ ဖြစ်သည်။ ညဉ့်၏သားများ ဖြစ်သည် ဆိုသည်မှာ ဘုရားသခင် နေ့ရက်၏ သားများဟု ဆိုလိုခြင်း ဖြစ်သည်။ သခင်ဘုရား၏ နေ့ရက်အပြစ်စီရင်ခြင်းသည် ကိုယ်ကျင့်သိက္ခာ ပျက်ပြားသူများ စီရင်ခြင်းဖြစ်သည်။

: နောက်ထပ် အပိုဒ်ငယ် (၃)ခုတွင် ယုံကြည်သူများ၏ အသက်တာအကြောင်းကို တွေ့ရသည်။
သမ္မာသတိရှိ၍ စောင့်နေကြရန် ဖြစ်သည်။ စုံစမ်းခြင်း၊ ပျင်းရိခြင်း၊ ထိုင်းမှိုင်းခြင်း၊ ကြောင်တောင်တောင်ဖြစ်ခြင်း မရှိရန် သတိပေးသည်။ ထိုအမူအကျင့်များကို ပြောင်းပြန်လှန်၍ ဇွဲရှိရှိ၊ သတိရှိရှိဖြင့် ကယ်တင်ရှင်အလာကို စောင့်မျှော်ကြရမည်။

ယဉ်ကျေးသိမ်မွေ့ခြင်း ဆိုသည်မှာ ပြောင်းလဲသော အသက်တာ၌ အောက်ကျို့နှိမ့်ချသည် သာမက၊ အစားအသောက် အနေအထိုင်မှစ၍ အရာရာတွင် ရောင့်ရဲခြင်း၊ ချွေတာခြင်းလည်း ပါဝင်သည်။

: သဘာဝအားဖြင့် ညနှင့်အိပ်ပျော်ခြင်းသည် တစ်ဆက်တစပ်တည်း ဖြစ်သည်။ ဝိညာဉ်ရေးရာနယ်ပယ်တွင် အမှုမဲ့နေခြင်းသည် အမှောင်ထဲတွင် ရှိနေခြင်း၊ အသက်တာမပြောင်းလဲခြင်း ဖြစ်သည်။

သောက်စားတက်သူများသည် မှောင်ရိပ်ခို၍ သောက်စားတတ်ကြသည်။ အမှောင်ကိုနှစ်သက်ကြသည်။ အဘယ်ကြောင့်ဆိုသော် သူတို့အကျင့်ဆိုးကို အမြင်မခံလိုကြ (ယော ၃:၁၉)။ “night club”သည် လူသိထင်ရှားသော မူးယစ်သောက်စားခြင်း၊ ညမှောင်ရိပ်၌ ဆူညံပျော်ပါးခြင်းဖြစ်သည်။

: နေ့၏သားများသည် ကိုယ်တော်၏ အလင်းတည်းဟူသော အလင်းထဲတွင် လျှောက်လှမ်းသူများ
(၁ယော ၁:၇) ဖြစ်သည်။ အပြစ်စီရင်ခြင်း၊ အပြစ်တရားနှင့် ကင်းလွတ်မည့်သူများဟု ဆိုလိုသည်။ ခရစ်ယာန်များ၏ လက်နက်ဝတ်ရုံ ဝတ်ဆင်ခြင်းလည်း ဖြစ်နိုင်သည်။ လက်နက်ဆိုရာတွင် ယုံကြည်ခြင်းနှင့် ချစ်ခြင်းမေတ္တာ သံချပ်ကာအင်္ကျီ၊ ကယ်တင်ခြင်း သံခမောက်ဖြစ်သည်။ တစ်မျိုးဆိုလျှင် ခရစ်ယာန် လက်နက်ဆိုသည်မှာ ယုံကြည်ခြင်း၊ ချစ်ခြင်း မေတ္တာနှင့် မျှော်လင့်ခြင်း ဖြစ်သည်။ ထိုလက်နက်များသည် ခရစ်ယာန်များ၏ ကိုယ်ကျင့်သိက္ခာ အခြေခံတရားများ ဖြစ်သည်။ အသေးစိတ် ထပ်ရှင်းပြစရာလိုမည်မထင်ပါ။ တမန်တော်ကြီးက နေ့၏သားများသည် ဘုရားသခင်၌ မွေ့လျော်ခြင်းအသက်တာ ဖြစ်သည်ဟု ရိုးစင်းစွာဆိုထားသည်။ လောကတပ်မက်ခြင်းဟု
ကာကွယ်ရန် မည်သည့် ရင်အုပ်တန်ဆာများ ဝတ်ဆင်ရမည်နည်း။ ယုံကြည်ခြင်းသို့မဟုတ် ဘုရားသခင်၌ တည်မှီခြင်း ဖြစ်သည်။ ယုံကြည်ခြင်းသို့မဟုတ် ဘုရားသခင်၌ တည်မှီခြင်းဖြစ်သည်။ ချစ်ခြင်းမေတ္တာ ဆိုသည်မှာသခင် ဘုရားနှင့် တခြားသူများအား ချစ်ခင်ခြင်း ဖြစ်သည်။ မျှော်လင့်ခြင်းဆိုသည်မှာ ခရစ်တော်ဘုရား ကြွလာခြင်းကို ဆိုလိုသည်။

အခန်း မှ ဆန့်ကျင်ဘက်အရာများ

မယုံကြည်သူ                                                      ယုံကြည်သူ

သူတို့                                                                သင်

အိပ်ပျော်ခြင်း                                                     နိုးထခြင်း
သောက်စားခြင်း                                                 သောက်စားမှုကင်းခြင်း

အမှောင်ထဲမှာ                                                    အမှာင်ထဲမှာမရှိခြင်း

ညနှင့် အမှောင်၏သားများ                                   အလင်းနှင့် နေ့၏သားများ

တည်မှီခြင်း                                                        မတည်မှီခြင်း
ကိုယ်ဝန်သည်ကဲ့သို့                                            အမျက်ဒေါသမှကင်း

ရုတ်တရက်မချိမဆန့်ခံစားပြီးပျက်စီးခြင်း              လွတ်၍၊ ကယ်တင်မှုရရှိခြင်း။

သို့ရောက်ခြင်း

: ချီဆောင်ခြင်းက အမျက်ဒေါသနှင့် ကယ်တင်ခြင်း ပေါ်ထွန်းစေသည်။ ယုံကြည်သူများ၏
ကယ်တင်ခြင်းသည် ကောင်းကင်နိုင်ငံသို့ ဝင်ရောက်ခြင်း ဖြစ်၍  အမျက်ဒေါသသည် ကမ္ဘာမြေပေါ်တွင် မယုံကြည်သူများ ဆင်းရဲဝေဒနာကျခံခြင်း ဖြစ်သည်။

ယုံကြည်သူများသည် နေ့၏သားများ ဖြစ်သောကြောင့် ဘေးဒဏ်ကြီးကာလ အမျက်ဖလား သွန်းလောင်းစဉ်တွင် အမျက်ဒေါသ မသင့်ကြ။ ကယ်တင်ခြင်း အပြည့်အဝ ခံစားရမည်။ အပြစ်နှင့် လုံးဝပတ်သက်ခြင်း မရှိကြရ။

အချို့က ဤနေရာမှ အမျက်ဒေါသသင့်ခြင်းကို ငရဲရောက်ခြင်းယူဆကြသည်။သို့သော်
ရှင်ပေါလုက ဤနေရာတွင် ငရဲဟူသော စကားမပြောပါ။ ဤကမ္ဘာမြေပေါ်တွင် ခံစားရမည့်ဒုက္ခဟုဆိုသည်။
သခင်ဘုရား၏နေ့ရက်သည် ဤကမ္ဘာမြေပေါ်ရှိ လူ့သမိုင်းတွင်အပြင်းထန်ဆုံးသော အမျက်ဒေါသသင့်ရာနေ့
(မ၂၄:၂၁)လည်းဖြစ်သည်။ ထိုနေ့ရက်အတွက်အကျိုးတော်ဆောင်ပေးမည့်သူမှာကယ်တင်ရှင်ခရစ်တော်တစ်
ပါးသာရှိပါသည်။

အချို့က ဘေးဒဏ်ကြီးကာလသည် စာတန်အမျက်ဒေါသ ထွက်၍ သောင်းကျန်းသည့်ကာလ (ဗျာ ၁၂:၁၂)ဟု ဆိုကြသည်။ ဘုရားသခင်၏ အမျက်ဒေါသ မဟုတ်ပါ။ အသင်းတော်လည်း စာတန်၏ အမျက်ဒေါသ ရင်ဆိုင်ရမည်ဟု ဆိုသည်။ သခင်ဘုရား ကြွလာသည့်အခါတွင်မူ မရင်ဆိုင်ရပါ။ ဘေးဒဏ်ကြီးကာလတွင် ဘုရားသခင်နှင့် သိုးသငယ်၏ အမျက်ဒေါသ သင့်မည့်အကြောင်းများကို (ဗျာ၆:၁၆၊ ၁၇၊ ၁၄:၉-၁၀၊ ၁၉၊ ၁၅:၁၊ ၇၊ ၁၆:၁၊ ၁၉) တို့တွင် ရေးထားသည်။

:၁၀ ဤကျမ်းပိုဒ်တွင် ကျွန်ုပ်တို့အတွက် သခင်ယေရှုခရစ်တော် ပေးဆပ်ခဲ့သော အမျက်ဒေါသမှ ကင်းလွတ်ခွင့်နှင့် ကယ်တင်ခြင်းအကြောင်း ရှင်းပြထားသည်။ “ငါတို့သည် နိုးလျက်ဖြစ်စေ၊ အိပ်ပျော်လျက်ဖြစ်စေ ထိုသခင်နှင့် အသက်ရှင်မည့်အကြောင်း၊ ငါတို့အဘို့ အသေခံတော်မူပြီ

အိပ်ပျော်သည်ဖြစ်စေ၊ နိုးသည်ဖြစ်စေ ဟူသော စကားကို (၂)မျိုး ခံယူနိုင်သည်။ ကျမ်းစာ “လေ့လာသူများက သေသည် ဖြစ်စေ၊ ရှင်သည်ဖြစ်စေ” ဟု ဆိုကြသည်။ ထိုဘေးဒဏ်ကြီးကာလရှိ ယုံကြည်သူများကို ခရစ်တော်၌ သေလွန်သူများနှင့် အသက်ရှင် ကြွင်းကျန်သူများ ဟူ၍ (၂)မျိုးခွဲကြသည်။ ထို့ကြောင့် ထိုနေ့ရက်ကာလတွင် ကျွန်ုပ်တို့သည် သေလွန်ပြီးသည်ဖြစ်စေ၊ အသက်ရှင်နေသေးသည် ဖြစ်စေအတူတူရှိနေကြရမည်။ ခရစ်ယာန်သေခြင်းသည် အချည်းအနှီး ကုန်ဆုံးပျောက်ကွယ်ခြင်း မရှိပါ။ သခင်ဘုရားက မာသအား “ငါသည်ထမြောက်ခြင်းနှင့် အသက်ရှင်ခြင်းအကြောင်း ဖြစ်သည်။ ငါ့ကို ယုံကြည်သောသူ သည်သေခြင်းသို့ မရောက်” ဟု ရှင်းပြခဲ့သည်။ ဘေးဒဏ်ကြီးကာလ မတိုင်မှီ သေလွန်သူများလည်းထမြောက်မည်။ ငါ့ကိုယုံကြည်သောသူသည် (ဘေးဒဏ်ကြီးကာလတွင် အသက်ရှင်နေသူ) သေခြင်းသို့ ရောက်မည် မဟုတ် (ယော ၂၅:၂၆)။

အချို့ ကျမ်းစာသမားများက “နိုးသည်ဖြစ်စေ၊ အိပ်ပျော်သည်ဖြစ်စေ” ဆိုခြင်းမှာ သမ္မာသတိရှိသူနှင့် နမော်နမဲ့နေသူဟု ဆိုကြသည်။ တနည်းပြောရလျှင် ဝိညာဉ်ရေးရာ နိုးကြားသူနှင့် ဇာတိအသွေးအသား၌ မွေ့လျော်သူကို ဆိုလိုသည်။ မည်သို့ ဖြစ်စေ သခင်ဘုရားနှင့် ဆုံတွေ့ရမည် ဖြစ်သည်။ ကျွန်ုပ်တို့၏ ထာဝရ ကယ်တင်ခြင်းသည် ဤလောကပေါ်ရှိ ဝိညာဉ်ရေးရာအပေါ်တွင် မတည်ပါ။ အစစ်အမှန် ပြောင်းလဲလျှင် ကိုယ်တော် ပြန်လာသောအခါ ကိုယ်တော်နှင့်အတူ အမြဲတမ်း စိုးစံကြမည်။ ကျွန်ုပ်တို့၏ ဝိညာဉ်ရေးရာ နိုးထမှုသည် လက်ဆောင်ဖြစ်သွားမည်။ ကယ်တင်ခြင်းသည် ခရစ်တော်အား ယုံကြည်ခြင်း၌သာ တည်ပါသည်။

ဤကျမ်းပိုဒ်မှ နိုးခြင်းသည် (ငယ်၆နှင့်၇)တွင် သုံးသော အိပ်ပျော်ခြင်းသည် လောကအရာများထဲတွင် ကျန်ရှိနေခြင်း ဖြစ်သည်။ သို့သော်(၄:၁၃-၁၅)ပါ သေခြင်းနှင့် မဆိုင်ပါ။

:၁၁ ကယ်တင်ခြင်း၊ ကယ်တင်ရှင်အား ချစ်ခြင်း၊ မကြာမီ ကိုယ်တော်ကြွလာမည့် အကြောင်းများသည် ကြီးမြတ်သော မင်္ဂလာတရား ဖြစ်သောကြောင့် အချင်းချင်းတိုက်တွန်း၍၊ တစ်ယောက်ကိုတစ်ယောက် တည်ဆောက်ရသည်။ အဘယ်ကြောင့်ဆိုသော် ယုံကြည်သူများသည် အနာဂတ်တွင် အထံတော်ပါး၌ အတူတကွနေကြရမည့်သူများ ဖြစ်သည်။ သို့ကြောင့် ယခုအချိန်မှစ၍ စတင်လေ့ကျင့်ကြရမည်။

() သန့်ရှင်းသူများသို့ အမှန်တကယ်တိုက်တွန်းချက်(:၁၂၂၂)

:၁၂ သက်သာလောနိတ်သားများက သင်းအုပ်များအား ဝေဖန်ပြစ်တင်ခြင်း ပြုကောင်းပြုကြပုံ ရသည်။ လူပျင်းများကမူ အပြစ်တင်ကြမည် မဟုတ်ပါ။ ဤကျမ်းပိုဒ်သည် ဦးစီးဦးဆောင်သူများအား ရည်ညွှန်းရေးသားထားဟန် တူသည်။

သန့်ရှင်းသူများအား အမှုတော်ဆောင်များကို အသိအမှတ်ပြုကြရန် သွန်သင်ထားသည်။ ထိုသူများသည် ဝိညာဉ်ရေးရာလမ်းပြများ ဖြစ်သည်။ “သခင်ဘုရားအခွင့်နှင့် အုပ်စိုးခြင်း” ဟူသောစကားက ရှင်းလင်းနေပါသည်။ သင်းအုပ်များသည် ဘုရားသခင်၏ သိုးထိန်းများဖြစ်သည်။ သိုးထိန်း၏ ဝတ္တရားမှာ သွန်သင်ခြင်း၊ အုပ်စိုးခြင်း ထိန်းကျောင်းခြင်း ဖြစ်သည်။

ဓမ္မသစ်ကျမ်းထဲတွင် အသင်းတော်တစ်ပါး၌ သင်းအုပ်တစ်ယောက်မက ရှိကြောင်း သွန်သင်ထားပါသည်။ ထို့ကြောင့် ထိုဒေသန္တရ အသင်းတော်သို့ သိုးစုကို အုပ်စိုးသော သင်းအုပ်များဟု ဆိုခြင်းဖြစ်သည်။ Denn ၌က ဤသို့ ရှင်းပြသည်။

ထိုကာလ သက်သာလောနိတ်တွင် တစ်ဦးတစ်ယောက်က ဦးစီးဦးဆောင်ခြင်း မဟုတ်ပါ။ အမူတော်ဆောင် တစ်ပါးသည် ယခုခေတ်ကာလတွင် အမှုတော်များစွာ တိုးချဲ့နိုင်သည်။ သူ့လက်ထဲတွင် လူအများအပြား ရှိသည်။၁၅

မည်သို့ပင်ဖြစ်စေ လူတစ်ဦးယောက်၏ အားနဲချက်သည် လူတိုင်းအပေါ်သို့ မသက်ရောက်နိုင်ပါ။ အသင်းတော်သည် ဒီမိုကရေစီစနစ် မဟုတ်။ တစ်ဦးတစ်ယောက်၏ ဦးဆောင်မှုဖြစ်သည်။

:၁၃ သင်းအုပ်များသည် သခင်ဘုရား၏ အမှုတော် ထမ်းဆောင်သူများ ဖြစ်သည်။ သူတို့လုပ်ငန်းဆောင်တာသည် သခင်ဘုရား၏ အမှုအရာဖြစ်သည်။ ထို့ကြောင့် ချစ်ခြင်းမေတ္တာ ရှေ့ထား၍ တိုင်ပင်ရသည်။ အချင်းချင်းအသင့် အတင့်နေကြလော့ဟု တိုက်တွန်းထားသည်။ ခရစ်ယာန်များအကြားတွင် နေရာတိုင်း၌ တွေ့ရသော အဓိကပြဿနာမှာ တစ်ယောက်နှင့်တစ်ယောက် မသင့်မြတ်ခြင်း ဖြစ်သည်။ ယုံကြည်သူတိုင်းသည် အသင်းတော်အား ခွဲခြမ်း၊ ပျက်စီးစေနိုင်သော အစွမ်း ရှိကြသည်။ ဝိညာဉ်တော်တန်ခိုးဖြင့်သာလျှင် ချစ်ခြင်းမေတ္တာ၊ ကြေမွခြင်း၊ ပျက်စီးစေနိုင်သော အစွမ်းရှိကြသည်။ ဝိညာဉ်တော်တန်ခိုးသာလျှင် ချစ်ခြင်းမေတ္တာ၊ ကြေမွခြင်း၊ ခွင့်လွှတ်ခြင်း၊ စာနာခြင်း၊ သနားခြင်း၊ စိတ်နှလုံးနူးညံ့ခြင်း တည်ဆောက်၍ ငြိမ်သက်ခြင်း ရရှိနိုင်သည်။ သို့ကြောင့်ရှင်ပေါလုက လူသားခေါင်းဆောင်များအား ဆန့်ကျင်ခြင်း မပြုဘဲအသိအမှတ်ပြုကြရန် သွန်သင်သည်။

:၁၄ ဝိညာဉ်ရေးရာခေါင်းဆောင်များသို့ ရည်ရွယ်ရေးသားသော ဩဝါဒ ဖြစ်သည်။ ပြဿနာ မည်သို့ ကိုင်တွယ် ဖြေရှင်းရမည့်အကြောင်း ရေးထားသည်။

၁။ မတရားစွာပြုသောသူကို သတိပေးလော့။အသင်းတော်ငြိမ်သက်ခြင်းကို ထိပါးနိုင်သော မဖွယ်မရာ အမှုအရာများကို ဆိုလိုသည်။ မတရားသူများသည် အလုပ်လုပ်ရန် အပျင်းထူသူများ ဖြစ်သည်။ (၂သက် ၃:၆-၁၂)အရ အလုပ်မလုပ်၊ ခြေဦးတည့်ရာ လျှောက်သွားလျက် ဖိုသီဖတ်သီ နေထိုင်သူများဖြစ်သည်။

၂။ စိတ်အားငယ်သူများကို အားပေးလော့။ တိုက်တွန်းအားပေးရန် လိုသူများကို ပြဿနာ လွန်မြောက်စေခြင်းဖြင့် သခင်ဘုရား၌ ခွန်အားယူစေရသည်။ Ockenga က “စိတ်အားငယ်သူ များကို နှစ်သိမ့်ပေးရမည်။ ဧဝံဂေလိသတင်း ရောက်အောင် တွန်းပို့ပေးရမည် ”ဟု ဆိုသည်။ အသင်းတော်များတွင်သတင်းဝေငှခြင်းမျိုးမဟုတ်။ သနားကြင်နာခြင်း၊ မေတ္တာနှင့်ဆောက်တည်ရာ ရအောင်ဖြည့်ဆည်းပံ့ပိုးရသည်။

၃။ အားနည်းသူအား ထောက်မလော့။ ဝိညာဉ်ရေးရာ၊စိတ်ဓါတ်ရေးရာ၊ ရုပ်ပိုင်းဆိုင်ရာအားနည်းသူများ ဖြစ်သည်။ အဓိကအားဖြင့် ယုံကြည်ခြင်း၊ ဝိညာဉ်ရေးရာအားနည်းခြင်းအား ဖြည့်ဆည်းရမည်ဖြစ်သကဲ့သို့ ငွေရေးကြေးရေး ချို့တဲ့သူများကိုလည်း ထောက်မရသည်။

၄။ ခပ်သိမ်းသောသူအားရှည်သောစိတ်ရှိလော့။အခြားသူများကအဖော်အဖက်မပြု၊ မေ့လျှော့သူများအား ကျေးဇူးတော် ခံစားကြောင်း သွားရောက် ပြသရမည်။

:၁၅ ယုံကြည်သူအားလုံးသို့ သွန်သင်ခြင်း ဖြစ်သည်။ ကလဲ့စားချေခြင်းကို တားမြစ်သည်။ လူ့သဘောအရ ပါးရိုက်လျှင် နားကိုက်တက်ကြသည်။ သို့သော် ခရစ်တော်သွန်သင်ချက်မှာ ထိုသို့မဟုတ်။ တမူထူးခြားသည်။ သနားကြင်နာပါ။ ခွင့်လွှတ်ပါ။ ယုံကြည်သူဖြစ်စေ။ ကယ်တင်ခြင်း မရသူဖြစ်စေ မေတ္တာပြသပါဟု သွန်သင်သည်။

:၁၆ ပျော်ရွှင်ခြင်းသည် ခရစ်တော်အသက်တာ၏ အဓိကလက္ခဏာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော်သည် ပျော်ရွှင်ခြင်း၏ အရင်းအမြစ် ဖြစ်သည်။ အစဉ်အမြဲ ဝမ်းမြောက်လော့ ဟူသော စကားသည် ဂရိကျမ်းမူတွင် အတိုဆုံးသော ကျမ်းပိုဒ်ဖြစ်သည်။ အင်္ဂလိပ်ကျမ်းတွင်မူ “ယေရှုသည်ငို၏” ဟူသောစကားက အတိုဆုံး ဖြစ်သည်။

:၁၇ ဆုတောင်းခြင်းသည်လည်း ခရစ်ယာန်အသက်တာ၏ ပဓာနသင်္ကေတ ဖြစ်သည်။ ဆုတောင်းမည်မျှပင် အလုပ်မြောက်များစေကာမူ ဆုမတောင်းဘဲ နေမဝင်စေရ။ ဆုတောင်းရန် ပုံမှန်အချိန်ယူပါ။ အရေးပေါ် လိုအပ်ချက်များတွင်လည်း ဆုတောင်းနိုင်သည်။ ဆုတောင်းခြင်းဖြင့် အမှုတော်၌ မွေ့လျော်ရသည်။

:၁၈ ကျေးဇူးတော် ချီးမွမ်းခြင်းသည်လည်း ခရစ်ယာန်များ၏ ဗီဇဖြစ်သည်။ (ရော ၈:၂၈)အတိုင်း ဆိုလျှင်
အချိန်တိုင်း၊ နာရီတိုင်း၊ အမှုအရာတိုင်း၊ အရာခပ်သိမ်းတိုင်း၌ ကျေးဇူးတော်ချီးမွမ်းရသည်။ အပြစ်သိရှိ ကင်းဝေးရာ ဖြစ်သည်။

ဤပျော်ရွှင်ခြင်း၊ ဆုတောင်းခြင်းနှင့် ကျေးဇူးတော် ချီးမွမ်းခြင်းအကျင့်များသည် အသင်းတော်၏ တည်မြဲအမိန့် ဖြစ်သည်။ မိမိတို့လိုအပ်ချက်များအား သခင်ယေရှုအားဖြင့် အဘဘုရားသခင်ထံသို့ ပို့ဆောင်ခြင်းဖြစ်သည်။ ခရစ်တော်၏ နာမတော်ဖြင့် ဆိုခြင်းမှာ လူ့လောကမှာ ကိုယ်တော်ပြုခဲ့သော အမှုတော်နှင့်သွန်သင်ချက်များကို ပြန်လည်အောက်မေ့ သတိရစေဖို့ ဖြစ်သည်။ ကိုယ်တော်၏ သွန်သင်ချက်များသည် ပျော်ရွှင်ခြင်း၊ ဆုတောင်းခြင်းနှင့် ကျေးဇူးတော် ချီးမွမ်းခြင်း၌ ပြည့်စုံသွားပါသည်။

:၁၉ နောက်(၄)ချက်မှာ အသင်းတော်တွင် ပြုကျင့်ရမည့်အမှုအရာများ ဖြစ်သည်။

ဝိညာဉ်တော်အရှိန် မငြိမ်းစေနှင့် ဟု ဆိုခြင်းမှာ ယုံကြည်သူများအလယ်တွင် ကိုယ်တော်၏အမှုတော်အား အဟန့်အတားမရှိ ဖြစ်ထွန်းနေပါစေဟု ဆိုလိုသည်။ အပြစ်က ဝိညာဉ်တော်ငြိမ်းစေသည်။ ရိုးရာထုံးတမ်းစဉ်လာက ကိုယ်တော်ကို ငြိမ်းစေသည်။ လူလုပ်စည်းမျဉ်းများက ကိုယ်တော်အား ငြိမ်းစေသည်။ စည်းလုံးမှု ပြိုကွဲခြင်းက ကိုယ်တော်ကို ငြိမ်းစေသည်။ တစ်ယောက်ကမူ “လေစိမ်းတိုက်ခြင်း၊ အေးတိအေးစက်အမူအရာ၊ နှုတ်ဆိတ်ခြင်း၊ ကျမ်းစာလေ့လာမှုမရှိခြင်းတို့က ကိုယ်တော်အား အဝေးသို့ လွင့်စေသည်ဟု ဆိုသည်။ တစ်ဦးတစ်ယောက်ချင်းတွင်၎င်း၊ အသင်းတော်တွင်၎င်း မွန်းကြပ်ခြင်းက ဝိညာဉ်တော် မီးငြိမ်းစေပါသည်။

:၂၀ ပြီးခဲ့သော ဝိညာဉ်တော်မီး ငြိမ်းစေခြင်းကျမ်းပိုဒ်တွင် ပရောဖက်ပြုချက်အား မထီမဲ့မြင်ပြုခြင်းလည်း ပါသည်။ ညီငယ်အမှုတော်ဆောင် တီမောသေအကြောင်း ဒေသနာဟောကြားရာတွင် ထည့်ပြောနိုင်သည်။ တိမောသေအား ဝေဖန်အရှက်ရစေခြင်းသည် ခရစ်တော်၏ သက်သေခံချက်များ ကဲ့ရဲ့ခြင်း ဖြစ်သောကြောင့် ဝိညာဉ်တော် မီးငြိမ်းစေခြင်းဖြစ်သည်။

ဓမ္မသစ်ကျမ်းတွင်ပရောဖက်ပြုချက်သည် နှုတ်ကပတ်တော်ဖြစ်သည်ဟု ယေဘုယျအားဖြင့်
နားလည်ကြသည်။ ပရောဖက်များအကြောင်းကို သမ္မာကျမ်းစာတွင် ရင်းနှီးကြပါသည်။ ဒုတိယအချက်အနေဖြင့် ပရောဖက်ပြုချက်ဆိုသည်မှာ သမ္မာကျမ်းစာထဲတွင် တွေ့ရသော ဘုရားသခင်၏ အလိုတော်များဖြစ်သည်။

:၂၁ ယုံကြည်သူများသည် ကြားရသော သတင်းစကားများကို ဝေဖန်ပိုင်းခြားသိမြင်ပြီး ကောင်းသောရာကို အမြဲစွဲကိုင် ကြရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်များကို ဒေသနာဟောကြားခြင်း၊ သွန်သင်ခြင်းဖြင့် ကြားနာရသည်။ ဝိညာဉ်တော်ဖွင့်ခြင်းဖြင့် တစ်ယောက်တစ်မျိုး ပြောဆိုသွန်သင်နာယူကြသည်။ အချိန်တိုင်းမှာ ငြင်းခုံ အပြစ်တင်ကြသည်။ သို့သော်ဝိညာဉ်တော်မီးက ငြင်းခုံခြင်းကို မကုစားနိုင်ပါ။ Dr.Denn ၌ ကဤသို့ ရေးထားသည်။

ယနေ့ခေတ်ပေါ်အသင်းတော်များတွင် လွတ်လပ်စွာစုဝေးကြ၍၊လွတ်လပ်စွာ ပရောဖက်ပြုကြသည်။ ဝိညာဉ်တော် ပေးသည့်ဆုအတိုင်း အမျိုးမျိုးပြောဆိုနေကြသည်မှာ ငိုစရာကောင်းသည်။ မကောင်းသောအမှု အမျိုးမျိုး ရှိနေသမျှကို ကြဉ်ရှောင်လော့၊ မှားယွင်းသောလျှာ၊ ပရောဖက်ပြုချက်၊ သွန်သင်ချက်များသည် ယေဘုယျအားဖြင့် မကောင်းမှုများဖြစ်သည်။၁၇
A.T.Pierson က (ငယ်၁၆မှ ၂၂)ကို အခြေခံ၍ သင်ခန်းစာ(၇)မျိုး ဖော်ထုတ်ထားသည်။
၁။ ဆုတောင်းခြင်းပုံစံ(ငယ် ၁၆)။ဘုရားသခင်၏ ကြီးမြတ်ခြင်းကို ရှာဖွေပါ။

၂။ ဆုတောင်းခြင်းပုံစံ(ငယ် ၁၇)။ ဆုတောင်းခြင်းသည် ဘယ်သောအခါ မသင့်လျော်၊ အထင်မှားစရာ မရှိ။

၃။ ကျေးဇူးတော်ချီးမွမ်းခြင်းပုံစံ(ငယ် ၁၈)။ဇာတိအသွေးအသား သာယာခြင်းမဖြစ်စေနှင့်။

၄။ ဝိညာဉ်ရေးရာပုံစံ (ငယ် ၁၉)။ ကျွန်ုပ်တို့အတွက် လွတ်လပ်စွာရှိပါစေ။

၅။ သွန်သင်ခြင်းပုံစံ(ငယ် ၂၀)။ ဘုရားသခင် ရွေးချယ်သော လမ်းကြောင်း ဖြစ်ရမည်။

၆။ စီရင်ခြင်းပုံစံ (ငယ် ၂၁)။ ၁ယော ၄:၁နှင့် ယှဉ်ကြည့်ပါ။ နှုတ်ကပတ်တော်ဖြင့် ဆန်းစစ်ပါ။

၇။ စင်ကြယ်ခြင်းပုံစံ (ငယ် ၂၂) သင့်အတွေးထဲသို့ မကောင်းမှုဝင်လာလျှင် ရှောင်ရှားပါ။

၄။ သက်သာလောနိတ်သားများအားနှုတ်ဆက်ခြင်း(:၂၃၂၈)

:၂၃ ယုံကြည်သူများအားလုံး စင်ကြယ်ဖို့ ပေါလုဆုတောင်းပေးသည်။ စင်ကြယ်ခြင်း၏ အရင်းအမြစ်သည် ဘုရားသခင်၌ ငြိမ်သက်မှုရရှိခြင်းဖြစ်သည်။ဤကျမ်းပိုဒ်မှ အကုန်အစင်ဟူသောစကားသည် အသက်တာ တစ်ခုလုံးတွင်ဟု အဓိပ္ပါယ်ရသည်။

အချို့က စင်ကြယ်ခြင်းကို ဖြောင့်မတ်ခြင်းဟု ဆိုသည်။ ယုံကြည်သူများ အသက်တာတွင် အပြစ်ကင်းစင်ခြင်းကို ဆိုလိုပါသည်။ မည်သို့ပင်ဖြစ်စေ ရှင်ပေါလုက သင်တို့ကို အကုန်သန့်ရှင်းစေတော်မှုပါစေသော်ဟု ဆုတောင်းပေးသည်။ အပြစ်များကို ချေဖျက်သန့်စင်ဖို့မဟုတ်၊ အသက်တာတစ်ခုလုံးတွင် ကိုယ်စိတ်ဝိညာဉ် သုံးပါးစလုံး သန့်ရှင်းဖို့ဖြစ်သည်။

သန့်ရှင်းစင်ကြယ်ခြင်း

ဓမ္မကျမ်းတွင် သန့်ရှင်းစင်ကြယ်ခြင်း (၄)ဆင့်တွေ့ရသည်။ အသက်တာ မပြောင်းလဲမီ၊ အနေအထား၊ လက်တွေ့အသက်တာနှင့် ပြည့်စုံခြင်း တို့ဖြစ်သည်။

၁။ ကယ်တင်ခြင်းမရသေးသော်လည်း လူသည်ပြင်ပအခွင့်အရေးများနှင့် ကင်းစင်နိုင်သူဖြစ်သည်။ (၁ကော ၇:၁၄)တွင် မယုံကြည်သူ ခင်ပွန်းသည်သည် သန့်ရှင်းစင်ကြယ်သော ဇနီးသည်အားဖြင့် အသက်တာ ပြောင်းလဲစင်ကြယ်စေနိုင်ကြောင်း တွေ့ရသည်။ ထိုသန့်ရှင်းခြင်းသည် အသက်တာ မပြောင်းလဲမီစင်ကြယ်ခြင်း ဖြစ်သည်။

၂။ အသစ်တဖန် မွေးဖွားခြင်းခံရသူသည် အနေအထားအရ သန့်ရှင်းသွားသောကြောင့် ခရစ်တော်၌ တလုံးတဝတည်း ဖြစ်သွားသည်။ ဆိုလိုသည်မှာ လောကအရာကို စွန့်ခွာပြီး ဘုရားသခင်၌ ပူးပေါင်းခြင်းဖြစ်သည်။ ထိုအကြောင်းကို (တ၂၅:၂၈၊ ၁ကော ၁:၂၊၆:၁၁၊ ၂သက်၂:၁၃၊ ဟေဗြဲ ၁၀:၁၀၊၁၄)တွင် တွေ့ရသည်။

၃။ လက်တွေ့အသက်တာ သို့မဟုတ် တိုးတက်သော သန့်ရှင်းစင်ကြယ်ခြင်း ဆိုသည်မှာ မျက်မှောက်အသက်တာတွင် လောကီနှင့် ကင်းစင်ပြီး၊ ဘုရားသခင်ထံတော်ပါးသို့ ပူးကပ်ခြင်း ဖြစ်သည်။ ထိုသို့ ပြုလုပ်ခြင်းဖြင့် ခရစ်တော်နှင့် ပိုတူသွားပါသည်။ ထို စင်ကြယ်ခြင်းသည် ပေါလုက သက်သာလောနိတ်သားများအား ဆုတောင်းပေးသည့် စင်ကြယ်ခြင်းမျိုး ဖြစ်သည်။ (၁သက ၄:၃-၄၊၂သက် ၂:၂၁) တွင်လည်း တွေ့ရသည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်
နာခံလျှင် ထိုစင်ကြယ်ခြင်းအား သန့်ရှင်းသော ဝိညာဉ်တော်က ယူဆောင်လာပေးပါသည် (ယော၁၇:၁၇၊၂ကော ၃:၁၈)။ ဤကမ္ဘာမြေမှာ ရှိနေသရွေ့ကာလပတ်လုံး ယုံကြည်သူတွင် ရှိရမည့် သန့်ရှင်းခြင်းမျိုး ဖြစ်သည်။ လူသည် လောကမှာရှိနေလျှင် အပြစ်ကင်းစင်ခြင်း၊ ပြည့်စုံခြင်း မရှိနိုင်သော်လည်း ရည်မှန်းချက် ပျောက်လွင့်သွားခြင်း မရှိရ။

၄။ ပြည့်စုံသော သန့်ရှင်းခြင်းဆိုသည်မှာ နောက်ဆုံး ကောင်းကင်နိုင်ငံတွင် ကြုံဆုံရမည့် စင်ကြယ်ခြင်း ဖြစ်သည်။ ခရစ်တော်နှင့်အတူ ကောင်းကင်နိုင်ငံသို့ ဝင်သောအခါ ခရစ်တော်ကဲ့သို့ ဝင်သောအခါ ခရစ်တော်ကဲ့သို့ သန့်ရှင်းရသည်။ အပြစ်နှင့်လုံးဝ ပတ်သက်ခြင်းမရှိ စင်ကြယ်သည် (၁ယော ၃:၁-၃)။

တမန်တော်ကြီးက သက်သာလောနိတ်သားများအတွက် ဆုတောင်းပေးသည်။ ဆုတောင်းပေးချက်မှာ ဝိညာဉ်၊ စိတ်၊ ကိုယ်အတွက် ဖြစ်သည်။ လူများက ဆုတောင်းရာတွင် ကိုယ်၊ စိတ်၊ ဝိညာဉ်ဟု ဆိုလေ့ရှိသော်လည်း ဘုရားသခင်ကမူ ဝိညာဉ်၊ စိတ်၊ ကိုယ်ဟု ပြောင်းပြန်ခေါ်သည်ကို သတိပြုပါ။ မူလဖန်ဆင်းခြင်းတွင် ဝိညာဉ်သည် အရေးကြီးဆုံး ဖြစ်သည်။ ကိုယ်သည် နောက်ဆုံးမှ ဖြစ်သည်။ လူသည်ဝိညာဉ်ကို ချန်ထား၍ ကိုယ်ခန္ဓာအတွက် ဦးစားပေး အသက်ရှင်ကြသည်။ အပြစ်က ပြောင်းပြန်လှန်ခြင်း ဖြစ်သည်။ ထို့ကြောင့် အချင်းချင်းဆုတောင်းပေးရာတွင် ဝိညာဉ်ကို ရှေ့ဆုံးမှစ၍ ဆုတောင်းပေးရသည်။

ဤကျမ်းပိုဒ်အရဖြစ်စေ၊ အခြားကျမ်းချက်များအရဖြစ်စေ လူတွင်အရာ(၃)ခုဖြင့် ဖွဲ့စည်းထား
ကြောင်းနားလည်ရသည်။ ဝိညာဉ်က ဘုရားသခင်နှင့် ဆက်သွယ်ရသည်။ စိတ်သည် ခံစားချက်၊ အလိုဆန္ဒ၊
အကျိုးအကြောင်း (ယော၁၂:၂၇)များနှင့် ဆက်ဆံရသည်။ ခန္ဓာကိုယ်သည် အသွေးအသား၏ နေအိမ် (၂ကော၅:၁) ဖြစ်သည်။ ထို(၃)ပါးစလုံး ထိန်းသိမ်းရသည်။ အောက်ပါအတိုင်း ထိန်းသိမ်းဖို့ အကြံပြုပါသည်။

၁။ဝိညာဉ်ရေးရာပုံစံ

(က) အရာရာတိုင်းသည် ညစ်ညမ်းသည် (၂ကော ၇:၁)။

(ခ) အရာခပ်သိမ်းသည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် လူနှင့်ဘုရား ဆက်ဆံရေးအား အဟန့်အတားပြုသည် (ရော၈:၁၆)။

(ဂ) အရာခပ်သိမ်းသည် ကိုယ်တော်အား ကိုးကွယ်ရန်ရှာဖွေသူများကို တားဆီးသည်  (ယော ၄:၂၃၊ဖိ ၃:၃)။

၂။ စိတ်ပုံသဏ္ဍာန်

(က) မကောင်းသော အကြံအစည် (မ၁၅:၁၈၊ ၁၉၊ ဖိ ၂:၃)။

(ခ) ဇာတိသွေးသား ကိုးကွယ်ခြင်းကို စစ်ကဲ့သို့ ဆန့်ကျင်သည် (၁ပေ ၂:၁၁)။

(ဂ) ငြင်းခုံခြင်းနှင့် ရန်ပြုခြင်(ဟေဗြဲ ၁၂:၁၅)

၃။ ကိုယ်ခန္ဓာပုံစံ

(က) ညစ်ညမ်းခြင်း(၁သက် ၄:၃-၈)

(ခ) မကောင်းသောအရာများမှီဝဲခြင်း(ရော ၆:၁၉)။

အချို့က ကယ်တင်ခြင်း မရရှိသူများတွင် ဝိညာဉ်မရှိဟု ငြင်းတတ်ကြသည်။ ထိုသူများသည် (ဧ၂:၁) ပါဝိညာဉ်အသေကို ကောက်ယူခြင်း ဖြစ်နိုင်သည်။ ဝိညာဉ်အသေကို ကောက်ယူခြင်း ဖြစ်နိုင်သည်။ ဝိညာဉ်အသေဆိုခြင်းမှာ ဝိညာဉ်မရှိဟု ဆိုလိုရာ မရောက်ပါ။ ဘုရားသခင်နှင့် အဆက်အသွယ် ပြတ်တောက်ခြင်းကို ဆိုလိုပါသည်။ သူတို့ ဝိညာဉ်လည်း ရှင်နေပါသည်။ လောကအရာများတွင် ရှင်သန်နေကြသော်လည်း ဘုရားဘက်တွင်မူ အသေဖြစ်သည်။

Lenski ကဤသို့ သတိပေးထားပါသည်။

ခရစ်ယာန်ခပ်များများသည် မျက်နှာနှစ်ဖက်ရှိကြသည်။ အချို့မျက်နှာများသည် လောကဘက်သို့ တစောင်း လှည့်ကြည့်နေကြသေးသည်။ ထိုသို့ရှိနေသရွေ့ ကာလပတ်လုံး သန့်ရှင်းစင်ကြယ်ခြင်း မရှိနိုင်။၁၉

ငါတို့သခင်ယေရှုခရစ် ကြွလာတော်မူသော အခါသင်တို့၏ ကိုယ်ခန္ဓာ၊ စိတ်၊ ဝိညာဉ်အပေါင်းကို အပြစ်တင်ခွင့်နှင့် ကင်းလွတ်စေခြင်းငှာ စောင်မတော်မူပါစေသော ဟု တမန်တော်ကြီးက ဆက်လက် ဆုတောင်းပေးသည်။ ခရစ်တော်ဘုရား တရားပလ္လင်တွင်စိုးစံခြင်းကို ရည်ညွှန်းခြင်းဖြစ်သည်။ ထိုအချိန်တွင် ယုံကြည်သူများ၏ အသက်တာ၊ ဆက်ကပ်မှုနှင့် သက်သေခံမှုတို့ကို ပြန်လည်ကြားနာ၍၊ ဆုလာဘ်နှင့် လက်ဆောင်ချီးမြှင့်ပါမည်။

:၂၄ အထက်ပါ ကျမ်းပိုဒ်များတွင် လေ့လာပြီး ကြသည့်အတိုင်း သန့်ရှင်းစင်ကြယ်ခြင်း ရှိရန် အလိုတော်ရှိသည်။ အပြစ်တင်စရာမရှိဘဲ အထံတော်သို့ ချဉ်းကပ်ကြရန် လက်လှမ်းကြိုဆို နေပါသည်။ အစပြုသောသူသည် အဆုံးတိုင်အောင် ပြုပါစေ (ဖိ၁:၆)။ ကတိတော်ကို ယုံကြည်ဖို့ ပြောနေပါသည်။

:၂၅ သန့်ရှင်းသူများအတွက် ဆုတောင်းပေးရသည်။ ယုံကြည်သူများ ဆုတောင်းမှု ပျက်ကွက်ခြင်းသည် အပြစ်ဖြစ်သည်။

:၂၆ နောက်တစ်ချက်မှာ ညီအကိုများအား သန့်ရှင်းသောအနမ်းဖြင့် အချင်းချင်းနှုတ်ဆက်စေသည်။ ထိုခေတ်အခါက သင့်တင့်လျောက်ပတ်ပေမည်။ အချို့တိုင်းပြည်များတွင် ယောက်ျားချင်း၊ မိန်းမချင်း နှုတ်ဆက်အနမ်းဓလေ့ ရှိကြသည်။ အချို့တိုင်းပြည်များတွင် အမျိုးသားနှင့်အမျိုးသမီး အပြန်အလှန်အနမ်းဖြင့် နှုတ်ဆက်လေ့ရှိသည်။ ဤကျမ်းကိုဒ်၏ ဆိုလိုချက်မှာလည်း ထိုထက်မပိုပါ။

အနမ်းသည် ဘုရားသခင်သွန်သင်ချက်တွင် မပါရှိပါ။ တမန်တော်ကြီးက လေးစား ဂုဏ်ပြုသောအရာဖြင့် သွန်သင်ခြင်း ဖြစ်သည်။ သမ္မာကျမ်းစာကမူ ယဉ်ကျေးအရသာ ခွင့်ပြုနိုင်သည်။ ညစ်ညမ်းသော ဖိုမကိစ္စ မသက်ရောက်စေလိုပါ။ ထို့ကြောင့် ဘုရားသခင် ဝိညာဉ်တော်က သန့်ရှင်းသောအနမ်းဟု ဖော်ပြခြင်းဖြစ်သည်။

:၂၇စာစောင် ဖတ်သူများအား သန့်ရှင်းစေခြင်း ရှိကြပါစေသော် ဟု ဆုတောင်း မေတ္တာ ထပ်ပို့ပါသည်။ ထိုစကားနှင့် ပတ်သက်၍ အချက်(၂)ချက် ဖော်ပြစရာ ရှိပါသည်။

၁။ ဤစာကိုဘုရားသခင်၏ နှုတ်ကပတ်တော် ဖွင့်ပြခြင်းဖြင့် ရှင်ပေါလုက ရေးသားသည်။ ဓမ္မဟောင်းကျမ်းကို ယုဒတရားစရပ်များတွင် ဖတ်ကြသည်။ ဤကျမ်းစာကိုမူ အသင်းတော်တွင် ကျယ်လောင်စွာ ဖတ်ကြရသည်။

၂။ သမ္မာကျမ်းစာသည် ခရစ်ယာန်အားလုံးအတွက် ဖြစ်သည့်အခွင့်ထူးခံ လူတန်းစား လက်တစ်ဆုပ်စာများအတွက် မဟုတ်ပါ။ သမ္မာတရားသည် သန့်ရှင်းသူအားလုံးအတွက် ဖြစ်သည်။

Denny ကဤသို့ဆိုသည်။

ဉာဏ်ပညာအရာတွင်၎င်း၊ ဧဝံဂေလိတရားတွင်၎င်း၊ လူ၏ကြိုးပမ်းအားထုတ်မှု မလိုပါ။ ဤနေရာတွင် သစ္စာမဲ့ခြင်း သစ္စာဖောက်ခြင်း ပိုများပါသည်။ သစ္စာစကားများကို ပလ္လင်ပေါ်က ထိန်းရသည်။ သမ္မာကျမ်းစာပါရှိသမျှကို လူတိုင်း ဂရုတစိုက် ဖတ်ရှုသင့်သည်။ ၂၁

အငယ်၂၅:၂၇တွင် အောင်မြင်သောခရစ်ယာန် အသက်တာသော့ချက်မှာ

() ဆုတောင်းခြင်း(ငယ်၊၂၅)

() ယုံကြည်သူချင်း မိတ်သဟာယဖွဲ့ချစ်ခင်ခြင်း(ငယ်၊၂၆)နှင့်

() နှုတ်ကပတ်တော်ကိုမပြတ်ဖတ်မှတ် လေ့လာခြင်း(ငယ်၊၂၇)ဟု သွန်သင်ထားပါသည်။

:၂၈ နောက်ဆုံးတွင် ရှင်ပေါလု၏ စာကို မေတ္တာဖြင့် အဆုံးသတ်သည်။ ကျမ်းစာအဖွင့်တွင် နှုတ်ဆက်ခြင်းဖြင့်စ၍၊ အဆုံးတွင်လည်း နှုတ်ဆက်ခြင်းဖြင့် အပြီးသတ်သည်။ တမန်တော်ကြီး၏ ခရစ်ယာန်အသက်တာသည် ကျေးဇူးတော်ဖြင့်စ၍၊ ကျေးဇူးတော်၌ ဆုံးပါသည်။ အာမင်။

မှတ်စု

(နိဒါန်း) J.E.Frame, A Critical and Evangelical Commentary of St.Paul to the Thesalonians, (ICC), p.37.

(နိဒါန်း) G.R.H.Wood, St.paul’s First Letter, pp.13,14.

(၁:၁) အရေးပါသော မူရင်းကျမ်း၌ “from God our Father and the Lord jesus Christ,” ကိုဖြုတ်ပယ်ထားသော်လည်း mss အများစုတွင် ပါဝင်သည်။ နောက်အပိုဒ်ငယ်များ၌ ဆက်ပါလာသော စကားစုများနှင့် ဆင်တူရိုးမှားဖြစ်သဖြင့် ကူးရေးသူအလွယ်တကူ မှားယွင်းစေဟန်ရှိသည်။

(၁:၄) “ဘုရားသခင် ရွေးကောက်တော်မူခြင်း”နှင့် ပတ်သက်သော ရှင်းလင်းချက်ကို ဧဖက် အခန်း ၁၌ ဖတ်ရှုပါ။

(၁:၁၀) Wood; First Letter, p.17.

(၂:၁)J.Denny, The Second Epistle to Corinthians, p,100.

(၂:၁) Elliot Elisabeth, ed, The Journal o fJim Elliot, p.128.

(၂:၁၃) W.Scott, အသေးစိတ်အချက်အလက်များမရရှိပါ။

(၃:၂) Minister သည် Servant အတွက် ရိုးစင်းသော လက်တင်အသုးအနှုန်းဖြစ်သည်။

၁၀(၃:၃) Marvin Vincent, Word Studies in the New Testament, IV:34.

၁၁(၄:၆) Oscar Wilde, လိင်တူချင်းချင်းဆက်ဆံမှောက်မှားနိုင်ရန် မိမိချစ်ဇနီးကို အိမ်မှာချန်ရစ်ခဲ့သူ ဖြစ်သည်။

၁၂(၄:၈) (NU) ကျမ်းက “who also gives” ကိုနုတ်ပယ်ထားသည်။

၁၃(၄:၁၇) “raptus” သည် လက်တင်ဝေါဟာရ “rapere” မှ ဆင်းသက်လာသော ကာလပြကြိယာ ပုဒ်ဖြစ်သည်။ Jerome’s ၏ Vulgate ကျမ်း၌ မူလအသုံးပြုသော စကားလုံးမှာ “rapiemur cum illis” ဖြစ်သည်။

၁၄(၅:၁၀) မူရင်းစကားလုံးတို့မှာ Wake (၅:၁၀) နှင့် Watch (၅:၆)အတွက် gègoreò ဖြစ်ပါသည်။ (grègoreò သည် “Gregory” ၏ ဣထ္ထိလိင်ပုံစံဖြစ်၍ အနက်မှာ “Watchful” “သတိဖြင့် စောင့်နေသော” ဖြစ်သည်)။ (၅:၆၊၇) ၌ Sleep မှာ katheudò အတွက်ဖြစ်ရာ အတိအကျဆိုသော် အိမ်ပျော်ခြင်း (သို့) ဝိညာဉ်ရေး ပျင်းရိခြင်းနှင့် သတိမဲ့စွာ ဥပေက္ခာပြုခြင်း ဖြစ်သည် (Arndt and Gingrich). (၄:၁၃-၁၅) ၌ sleep ကို konimaò. အသုံးပြုထားသည်။

၁၅(၅:၁၂) James Denney. The Epistle to Thessalonians, pp.205.

၁၆(၅:၁၃) Elders သက်ကြီးသူများအတွက် ရှင်းလင်းဖော်ပြချက်ကို ၁တိ၊ ၃:၁-၇ နှင့် တိတု၊ ၁:၆-၉ မှတ်စု၌ ကြည့်ပါ။

၁၇(၅:၂၁) Denney. Thessalonians, pp.244.

၁၈(၅:၂၂) Arthur T.Pierson, အသေးစိတ်အချက်အလက်များ မရရှိပါ။

၁၉(၅:၂၃) R.C.H.Lenski. The interpretation of St.Paul’s Epistles to the Colossians, to the Thessalonians, to Timothy, to Titus and Philemon, p.364.

၂၀(၅:၂၇) အရေးပါသော ကျမ်းများ၌ “Holy” ကို ဖြုတ်ချန်ထားသည်။

၂၁(၅:၂၇) Denney, Thessalonians, pp.263,264.

Next Article