ဧဖက်သြဝါဒစာ ၄

၂။ ဘုရားသခင်၌ ယုံကြည်သူများ၏ ဘဝအသက်တာ  (အခန်း ၄:၆)

(က) ခရစ်ယာန်မိဿဟာယ၌ တလုံးတဝတည်းရှိခြင်း (:)

          : ဘာသာရပ်တစ်ခုသို့ ပြောင်းထားသည်။ ယခင်အပိုင်းသည် ခရစ်ယာန်ဖြစ်လာကြပုံ၊ ခရစ်တော်၏ ခေါ်သံစကား ဖြစ်သည်။ ခေါ်တော်မူခြင်း ကျေးဇူးတော်ခံစားသူများ၏ ကြွယ်ဝသောအသက်တာကို ရှင်းပြခဲ့သည်။ ဤအခန်းမှစ၍ ခရစ်ယာန်တစ်ယောက်အနေဖြင့် လက်တွေ့အသက်တာတွင် ကျင့်ဆောင်ရမည့်အချက်များကို သွန်သင်ထားသည်။ ယုံကြည်သူ များသည် ခရစ်တော်၏ခေါ်သံကို တုံ့ပြန်ဖြေကြားသူများဖြစ်သည်။ ထို့ကြောင့် ဧဖက်သားများသည် အခန်း ၁-၃ တွင် ဒေသန္တရအသင်းတော်များဖြစ်ကြောင်းနှင့် အခန်း ၄-၆ တွင် ကောင်းကင်လူ့အဖွဲ့အစည်းကဲ့သို့ နေထိုင်မည့်အကြောင်း ရှင်းပြထားသည်။ Scott  က ”အသင်းတော်၌ တလုံးတဝတည်းဖြစ်ဖို့ ပိုမိုလုပ်ဆောင်ရမည့်အကြောင်း၊ အသက်တာအသီးသီး တွင် စင်ကြယ်ရမည့်အကြောင်း၊ မိမိတို့အိမ်တော်နှင့် ပုလဲနံပသင့်ရမည့်အကြောင်း၊ စာတန်၏တန်ခိုးကို တိုက်ခိုက်ချေမှုန်းရ မည့်အကြောင်း သွန်သင်သော အခန်းဖြစ်သည်” ဟုထောက်ပြသည်။

ပေါလုက သူ့ကိုယ်သူ အကျဉ်းသားအဖြစ် ဒုတိယအကြိမ်ဝန်ခံသည်။ သို့သော်ဘုရားသခင်၏ အကျဉ်းသား ဖြစ်သည်။ Therododret  က”လောကသားများက ရှက်ရွံ့စရာဟု ထင်မှတ်ကြသော်လည်း ပေါလုကမူအမြင့်မားဆုံး ဂုဏ်သိက္ခာဟုယူဆသည်။ သူ၏ဂုဏ်သရေသည် ယေရှုခရစ်တော်၏ ကျေးကျွန်ဖြစ်သည်၊ လောကဘုရင်၏ ဂုဏ်သိက္ခာထက် ပိုမိုတန်ဖိုးထားသည်” ဟုဆိုသည်။

ပေါလုသည် ယေရှုခရစ်တော်အား ယုံကြည်သူ နာခံသူဖြစ်သောကြောင့် ယေရှုခရစ်တော်၌ ချုပ်နှောင်ခြင်းခံရသူဟု သူ့ကိုယ်သူဂုဏ်ယူသည်။ သူ့ကြောင့် စာဖတ်ပရတ်သတ်များကိုလည်း သူကဲ့သို့ ခရစ်တော်၏ခေါ်သံကို နားထောင်ကြ ရန်နိုးဆော်သည်။ လုပ်ကြပါဟုတိုက်ရိုက်အမိန့်မပေးပါ။ ယဉ်ကျေးသိမ်မွေ့စွာ စကားအလှသုံး၍ ကျေးဇူးတော် ဟူသော စကားလုံးကို ရွေးချယ်အသုံးပြုသည်။

ကျင့်ဆောင် ဟူသောစကားလုံးကိုဩဝါဒကျမ်း(၂:၂၊ ၁ဝ၊ ၄:၁၊ ၁၇၊ ၅:၂၊ ၈၊ ၁၅)တို့တွင် (၇)ကြိမ်တိတိ သုံးထားသည်။ တစ်ဦးချင်းအသက်တာတွင် လုပ်ဆောင်ရမည့် အချက်များ ဖြစ်သည်။ ကြွယ်ဝစွာ လျှောက်လှမ်းခြင်း၊ ကျင့်ဆောင်ခြင်း ဆိုသည်မှာ ခရစ်တော်၏ခန္ဓာကိုယ်၌ပါဝင်ခြင်းဖြင့် ဂုဏ်သိက္ခာရှိရှိမကြောက်မရွံ့၊ စိုးရိမ်ကြောင့်ကြခြင်း မရှိရန်ဆိုလိုသည်။

: မည်သည့်ပတ်ဝန်းကျင် အသိုင်းအဝိုင်းရောက်ရောက် ခရစ်ယာန်အသက်သာကိုပြသဖို့ရန် အထူးအရေးကြီး သည်။ ထိုအသက်တာပြသနိုင်ရန် အောက်ပါအချက်များရှိရပါမည်။

စိတ်နှိမ့်ချခြင်း။ စစ်မှန်သော စိတ်နှိမ့်ချခြင်းသည် ခရစ်တော်ထံမှ ဆင်းသက်လာပါသည်။ စိတ်နှိမ့်ချခြင်း သည်မိမိကိုယ်ကို အချည်းနှီးသတ္တဝါဖြစ်ကြောင်း ခံယူသိမှတ်ခြင်း၊ မိမိထက်အခြားသူများသည် အရေးပါ အရာရောက်သူများဖြစသည်ဟု ဦးစားပေးခြင်းဖြစ်သည်။ လိမ်လည်လှည့်ဖျားခြင်းနှင့် ထောင်လွှား မောက်မာခြင်း၏ ဆန့်ကျင်ဘက်တရားများ ဖြစ်သည်။

နူးညံ့သိမ်မွေ့ခြင်း။  စိတ်လိုက်မာန်ပါလုပ်ဆောင်ခြင်းမပြုဘဲ၊ ဘုရားသခင်အားဝန်ခံခြင်းဖြစ်သည်။ မညှာတာမှုနှင့် လက်စားချေခြင်းမပြုပါ။ အကောင်းဆုံးဥပမာကို တွေ့မြင်နိုင်သည်။ ထိုကြောင်းကို Wright  ကဤသို့ထောက်ခံထားသည်။

အံ့ဖွယ်ကောင်းလောက်ပါပေသည်။ ကမ္ဘာကြီးကိုဖန်ဆင်းသူ၊ ကြယ်နက္ခတ်တာရာများ ဖန်ဆင်း၍၊ စနစ်တကျချိန်ဆွဲထားသူ၊ တောင်ကုန်းတောင်တန်းများကိုလည်း အလေးချိန် ညီမျှစွာ ချိန်ဆတတ်သူ၊ ရေလယ်ကျွန်းမှစ၍ အသေးစိတ်ပြုပြင်တတ်သူ၊ ပင်လယ်သမုဒ္ဒရာများကိုလည်း စနစ်တကျ ပြင်ဆင်သူသည် မိုးကောင်းကင်မှ ဆင်းသက်လာ၍ လူ့ဘဝခံယူသောအခါမောက်မာထောင်လွှားခြင်း မရှိ၊ နူးညံ့သိမ်မွေ့စွာ နေသည်။ လူသားများအတွက် မမေ့ပျောက်နိုင်သော စံနမူနာအသက်တာ ပြခဲ့သည်။၂၄

            စိတ်ရှည်ခြင်း။ ပုံမှန်အနေအထားမရှိအောင်ပြုလုပ်ခြင်း၊ အမျက်ဒေါသနှိုးဆွခြင်းများကို သီးခံခြင်းဖြစ်သည်။ စိတ်ရှည်ခြင်းကိုခွေးကြီးနှင့်ခွေးကလေးဇာတ်လမ်းဖြင့် နမူနာကြည်ရအောင်။ ခွေးကလေးက ခွေးကြီးကိုဟောင်သောအခါ ခွေးကြီးကကိုက်နိုင်ပါသည်။ တကိုက်စာသာရှိပါသည်။ သို့သော်လည်း ခွေးကလေး၏ အပြုအမူကို အလေးမထား၊ ဂရုမစိုက် ပါ။ ထိုပုံစံမျိုးဖြစ်သည်။

မေတ္တာစိတ်နှင့် တစ်ယောက်ကိုတစ်ယောက်သည်းခံခြင်း။ တစုံတစ်ဦးက အခြားသူအား အမှားအယွင်း၊ ပုဂ္ဂိုလ်ရေး၊ အရည်အချင်းနှင့် အမျက်ဒေါသများ နှိုးဆွစော်ကားမိသောအခါ သည်းခံခွင့်လွှတ်ခြင်းဖြစ်သည်။ ထိုသို့သည်းခံခွင့်လွှတ်သည် ဟုဆိုရာတွင် အပြင်ပန်းနှုတ်ဖျားတွင်သာမက၊ စိတ်နှလုံးထဲတွင်လည်း အမှတ်မတေး၊ လုံးဝဖြေလွှတ်ရသည်။ ”မင်းကို သည်းခံတာ(၂)ကြိမ်ရှိပြီ” ဟူသော ခွင့်လွှတ်ခြင်းမျိုးမဟုတ်။ ချစ်ခြင်းမေတ္တာသည် မိတ်ပျက်ခြင်းမရှိစေပါ။

: ဝိညာဉ်တော်ကပေးသော စည်းလုံးညီညွတ်မှုကို အစွမ်းကုန်ထိန်းသိမ်းကြလော့။ အသင်းတော်ကာလ မတိုင်မှီတွင် ယုဒလူမျိုး၊ တပါးအမျိုးသားလူမျိုးဟူ၍ လူမျိုးရေးခွဲခြားမှုရှိခဲ့သည်။ ထိုလူမျိုးရေး ခွဲခြားမှုအုတ်တံတိုင်းကြီးကို ယေရှုကဖြိုဖျက်ခဲ့ပြီ။ သို့သော် အသက်တာအသီးသီးတွင် မည်သို့ပေါင်းစပ်နိုင်မည်နည်း။ အနာဖေးပျောက်နိုင်ပါမည်လား။ ယုဒခရစ်ယာန်အသင်းတော်၊ တပါးအမျိုးသားများ ခရစ်ယာန်အသင်းတော်ဟူ၍ ရှိဖို့လိုအပ်ပါသေးသလား။ ထိုသို့မရှိရပါ။ ထိုသို့ သွေးဝမ်းကွဲခြင်း မရှိကြသည့်အပြင် ခရစ်ယာန်အသက်တာ၌ တလုံးတဝတည်းရှိကြမည်ဟု ပေါလုက သွန်သင်ပါ သည်။

ဝိညာဉ်တော်ကပေးသော စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းရမည်။ သန့်ရှင်းသောဝိညာဉ်တော်သည် ယုံကြည် သူများကို ခရစ်တော်၌ စုစည်းပါသည်။ ခရစ်တော်၏ ခန္ဓာကိုယ်တည်းဟူသောအသင်းတော်၌ တစုတစည်းတည်း ပါဝင်စေ ပါသည်။ ဝိညာဉ်တော်၌ တစုတစည်းတည်းဖြစ်ခြင်းသည် မည်သည့်အရာကမှ မဖျက်ဆီးနိုင်သော သွေးစည်းခိုင်မာမှု ဖြစ်သည်။ ခိုက်ရန်ဖြစ်ပွားခြင်း၊ ရန်ဖြစ်ခြင်းများက ခရစ်ယာန်မိဿဟာယကို မထိုးဖောက် မဖျက်ဆီးနိုင်ပါ။ ဝိညာဉ်တော်က ပေးသော စည်းလုံးညီညွတ်ရေးကို ထိန်းသိမ်းခြင်း ဆိုသည်မှာ အချင်းချင်းသင့်တင့်လျောက်ပတ်စွာ ဆက်ဆံခြင်း ဖြစ်သည်။

ငြိမ်သက်ခြင်းဆိုသည်မှာ ခန္ဓာကိုယ်တစ်ခုတည်းတွင် အစိတ်အပိုင်းအမျိုးမျိုး ရှိကြသော်လည်း တစ်ခုနှင့်တစ်ခု ဆက်နွယ်မှု အဆင်ပြေချောမောခြင်းဖြစ်သည်။ မတူညီသော အစိတ်အပိုင်းများကြောင့် တုံ့ပြန်မှုအမျိုးမျိုး ပေါ်ပေါက်လာ နိုင်ပါသည်။ တသီးတခြားအဖွဲ့များ ပေါ်ပေါက်လာနိုင်ပါသည်။ သို့သော် ဝိညာဉ်ရေးရာတွင်မူ စည်းလုံးညီညွတ်ရေးသည် မရှိမဖြစ်လိုအပ်ချက်ဖြစ်သည်။ သံသယမေးခွန်းသည် ဇာတိသွေးသားဆန်၍ ဒေသန္တာရအသင်းတော်တွင်၎င်း၊ အမှုတော် လုပ်ငန်းတွင်၎င်း အပြစ်အနာဆာ ဖြစ်စေပါသည်။ သို့ကြောင့် ကိုယ်ရေးကိုယ်တာရှုထောင့်များ၊ အပြုအမူများ၊ အယူအဆများ ကို သတိထားရမည်။ ဘုရားသခင်၏အမှုတော်၌ ငြိမ်သက်စွာလုပ်ဆောင်ခြင်းဖြင့်သာလျှင် ကောင်းကြီးမင်္ဂလာခံစားနိုင် ပါသည်။

: မတူခြားနားသော အကြောင်းခံတရားများရှိသော်လည်း အောက်ပါအချက်များနားလည်ခံယူလျှင် ခရစ်ယာန်စည်းလုံးညီညွတ်ရေး ဖော်ဆောင်နိုင်ပါသည်။

ကိုယ်တကိုယ်။ လူမျိုး၊ အသားအရောင်၊ နိုင်ငံ၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ စရိုက်ဗီဇအမျိုးမျိုး ခြားနားသော်လည်း ပင်တေကုတ္တေနေ့မှစ၍ ချီဆောင်ခြင်းကာလတိုင်အောင် ယုံကြည်သူများသည် တသွေးတသားတည်း ရှိကြသည်။ ဂိုဏ်းဂဏ၊ အယူဝါဒ၊ အဖွဲ့အစည်းများသည် ပြင်ပလက္ခဏာ အတားအဆီးများသာ ဖြစ်သည်။ သခင်ခရစ်တော်ဘုရား ပြန်လည်ရောက်ရှိ လာသောအခါ ထိုအမှုအရာ အတားအဆီးများအားလုံး ပျောက်လွင့်ကုန်မည်။ မျက်မှောက်ကာလ ရှုမှတ်ရမည့်အရာသည် ”ဂိုဏ်းဂဏ၊ အယူဝါဒများသည် ပျောက်လွင့်ကုန်မည်၊ ယေရှုခရစ်တော်၌ အရာခပ်သိမ်းစုစည်းကြမည်” ဟုဖြစ်သည်။

ဝိညာဉ်တဝိညာဉ် ယုံကြည်သူအသီးသီးထဲတွင် ကျိန်းဝပ်သောဝိညာဉ် (၁ကော ၆:၁၉)သည် ခရစ်တော်၏ ခန္ဓာကိုယ်၌ တည်သောဝိညာဉ်ဖြစ်သည် (၁ကော ၃:၁၆)။

မျှော်လင့်ချက်တစ်ပါး။ အသင်းတော်၌ ပါဝင်သူတိုင်းသည် ရှေးမဆွက ကံကြမ္မာစီရင်ထားသူများ ဖြစ်သည်။ ခရစ်တော်နှင့်တူ၍ ခရစ်တော်ကဲ့သို့ ခရစ်တော်၏ဘုန်းတန်ခိုး ပြည့်စုံကြမည်။ တစ်ခုတည်းသော မျှော်လင့်ချက်မှာ ထိုကဲ့သို့ ခရစ်တော်နှင့်တူညီမည့်ချီဆောင်ခြင်းကာလကို မျှော်လင့်တောင့်တခြင်းဖြစ်သည်။

: သခင်တစ်ပါး ကောင်းကင်တွင်၎င်း၊မြေကြီးပေါ်တွင်၎င်း၊ဘုရားငယ်များစွာရှိကြ(ဘုရားများစွာ၊ သခင်များစွာ) သော်လည်း ဘုရားသခင်မှာ တဆူတည်းသာရှိပါသည်။ ထိုအရှင်သခင်မှာ ယေရှုခရစ်တော် (၁ကော ၈း၅၊၆၊ ၁ကော ၁:၂ တို့ကိုကြည့်ပါ)သာဖြစ်ပါသည်။

ယုံကြည်ခြင်းတစ်ပါး ခရစ်ယာန်ယုံကြည်ခြင်းကို ဆိုလိုသည်။ ”သန့်ရှင်းသူတို့၌ အထက်ကအပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်းတရား (ယု ၃)”ဟုဆိုထားသည်။ ဓမ္မသစ်ကျမ်းတွင် အခြားကျမ်းပိုဒ်များစွာရှိပါသည်။

ဗတ္တိဇံတစ်ပါး ဤနေရာတွင် နှစ်မျိုးကောက်ယူနိုင်ပါသည်။ ပထမအချက်မှာ ဝိညာဉ်တော်၌ ဗတ္တိဇံတပါးဖြစ်၍၊ ခရစ်တော်ကို အမှန်တကယ်ယုံကြည်ခြင်းဖြင့် ထိုသူ၏အသက်တာ၌ ယေရှုရှင်သန်ခြင်း (၁ကော ၁၂:၁၃)ဖြစ်သည်။ နောက် ဗတ္တိဇံတပါးမှာ ခရစ်တော်အသေခံခြင်း၊ သင်္ဂြိုဟ်ခြင်း၊ ရှင်ပြန်ထမြောက်ခြင်းကိုဝန်ခံ၍ အသက်တာပြောင်းလဲခြင်းဖြစ်သည်။ ယနေ့ကာလတွင် ဗတ္တိဇံခံခြင်းပုံစံအမျိုးမျိုးကွဲပြားသော်လည်း ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၌ ဗတ္တိဇံ ခံယူခြင်းကိုသာလျှင် ဓမ္မသစ်ကျမ်းက အသိအမှတ်ပြုပါသည်။ ဗတ္တိဇံခံယူပြီးသူသည် ခရစ်တော်၏ တပည့်ဟုတ်မှန်ကြောင်း ဝန်ခံခြင်းဖြစ်သည်။ အကျင့်ဟောင်းကို သင်္ဂြိုဟ်ပြီး အသစ်သောအသက်တာ၌ ဘဝအစပြုခြင်းဖြစ်သည်။

: ဘုရားသခင်တစ်ဆူ ဘုရားသခင်၏သားသမီးဖြစ်သူတိုင်း အရာခပ်သိမ်းအဘတည်းဟူသော ဘုရားသခင် တဆူတည်းသာ ရှိကြောင်းသိကြသည်။ ထိုဘုရားရှင်သည် အောက်ပါအချက်များနှင့် ပြည့်စုံသည်။

အရာခပ်သိမ်း၏အထက်မှာရှိသည် ထိုဘုရားရှင်သည် စကြာဝဠာမိုးမြေတစ်ခုလုံး၏ အချုပ်အခြာ အရှင်သခင် ဖြစ်သည်။

အနှံ့အပြားတွင်ရှိသည်။ နေရာအနှံ့အပြားတွင်ရှိ၍ အရာခပ်သိမ်းကို ဘုန်းတော်ထင်ရှားဖို့ အသုံးပြုနိုင်သည်။

လူတိုင်းထဲ၌ရှိသည် တချိန်တည်းတွင် နေရာအနှံ့အပြားရှိ ယုံကြည်သူတိုင်းထံတွင်ရှိသည်။

() ခန္ဓာကိုယ်၌ အစိတ်အပိုင်းဝင်များဖြစ်ခြင်း (:၁၆)

          ၄းရ ခရစ်တော်၏ခန္ဓာကိုယ်၌ အစိတ်အပိုင်းဖြင့်ပါဝင်ခြင်းသည် ဂုဏ်အင်္ဂါရပ်(၂)ခုရှိသည်။ ပထမတစ်ခုသည် ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုအဖြစ် ပါဝင်ခြင်းဖြစ်၍ နောက်တစ်ခုသည် ထိုသို့ပါဝင်သည့်အလျောက် ဆုတစ်မျိုးစီ ပေးပါသည်။ ခရစ်တော်သည် ဆုပေးတော်မူသည့်အတိုင်း ငါတို့သည်ကျေးဇူးတော်ကို အသီးသီးကိုယ်စီခံရကြပြီ။ ထိုစကားမှာ ခရစ်တော်က တန်ရာတန်ရာ ဆုပေးခြင်းဖြစ်သည်။ ခရစ်တော်ပေးသောဆုဆိုသည်မှာ သန့်ရှင်းသောဝိညာဉ် (ယော ၁၄:၁၆၊၁၇၊ တ၂:၃၈၊၃၉)ဖြစ်သည်။ သန့်ရှင်းသောဝိညာဉ်တော်သည် သန့်ရှင်းသူတိုင်းသို့ ကိန်းဝပ်လျက် ဆုလက်ဆောင်များ ကို ပြန့်ပွားစေနိုင်ရန် ခွန်အားနည်းလမ်းများ ပေးပါသည်။ ထိုသို့ဖြင့် ယုံကြည်သူများအား အရေအတွက်နှင့် အရည်အချင်းပါ တိုးများစေပါသည်။

: ထိုသို့ယုံကြည်သူများအား ဆက်စပ်ထားသည်နှင့်အညီ အမှုတော်တွင်၎င်း၊ အသင်းတော်တွင်၎င်း၊ အထူးဆု လက်ဆောင်များကိုလည်း ပေးထားသည်။ ဤစကားသည် (ငယ် ၇)မှ ဆုလက်ဆောင်နှင့်မဆိုင်ပါ။ လူတိုင်းအား ဆုလက်ဆောင်တစ်မျိုးစီဟု မကန့်သတ်ထားပါ (ငယ် ၁၁)။ အထူးဆုလက်ဆောင် ပေးထားသည်များလည်း ရှိပါသည်။

ပထမဆုံးတွေ့မြင်ရမည့်အချက်မှာ ထမြောက်ခြင်း၊ ကောင်းကင်သို့ပြန်ကြွခြင်း၊ ယေရှုခရစ်တော်အဖြစ် ဘုန်းတော် ထင်ရှားသည်။ ပေါလုက ဆာ ၆၈:၁၈ တွင် ”ကိုယ်တော်သည် အထက်ဘဝဂ်သို့ တက်ကြွတော်မူသောအခါ မိမိနှင့်အတူ သုံ့ပန်းအမြောက်အများကို ခေါ်ဆောင်သွားတော်မူ၏။ လူသားတို့အား ဆုကျေးဇူးများစွာ ချပေးတော်မူ၏”ဟုဆိုထားသည်။                : ဤနေရာတွင် ထမြောက်ခြင်း သည် စဉ်းစားစရာပြဿနာ ဖြစ်သည်။ မေရှိယသည် ကောင်းကင်သို့ မည်ကဲ့သို့ ကြွမြန်းသွားသနည်း။ ခမည်းတော်ဘုရားနှင့် အတူ ကောင်းကင်ဘုံတွင် ထာဝရစိုးစံသည် မဟုတ်ဘူးလား။ ထိုသို့ ကောင်းကင်နိုင်ငံသို့ ပြန်လည်ကြွမြန်းသည် မှန်လျှင် ပထမဦးစွာ မြေကြီးပေါ်သို့ ဆင်းသက်ရပေမည်။ ဆာ ၆၈:၁၈ တွင် ကောင်းကင်နိုင်ငံသို့ ကြွမြန်းသည့်အကြောင်း ရေးထားသည်။ သို့ကြောင့် အပိုဒ်ငယ်(၉)သည် အပိုဒ်ငယ်(၈)နောက်သို့ လိုက်ရသည်။ ဆာ ၆၈ တွင် ”မြင့်သောအရပ်သို့ကြွသည်ဟုဆိုသည်မှာ နိမ့်သောအရပ်သို့ ဆင်းသက်ခဲ့သည်ဟု အဓိပ္ပါယ်ရသည်။ ထိုကျမ်းစကားကို အသေးစိပ်ပြည့်စုံခဲ့ကြောင်း သိရှိကြပြီးဖြစ်ပါသည်။ သခင်ယေရှုသည် ဗက်သလင်နွားစာခွက်ထဲသို့ ဆင်းသက်ခဲ့ပါသည်။ အသေခံပြီးလျှင် သဂြိုဟ်ခြင်းခံခဲ့ရသည်။  အစစွာမြေကြီးအောက်သို့ ဟူသောစကားကို အချို့က သေရွာ သို့မဟုတ် ငရဲပြည်ဟု အဓိပ္ပါယ်ကောက်ယူကြသည်။ ထိုသို့မဖြစ်တန်ရာ။ အောက်ကျနောက်ကျခံ၍ မြေကြီးပေါ်သို့ဆင်းသက်ခြင်းကို ဆိုလိုပါသည်။ ငရဲပြည်မဟုတ်ပါ။ ခရစ်တော်အသေခံစဉ်တွင် သူ့ဝိညာဉ်သည် ကောင်းကင်နိုင်ငံသို့ရောက်သည် (လု ၂၃:၄၃၊ ၄၆)ဟုဆိုသည်။ ငရဲပြည်ဟု မပြောပါ။

အခြားအင်္ဂလိပ်ကျမ်းမူတစ်ခုတွင်မူ ”အနိမ့်ဆုံးသောမြေလွှာသို့ ဆင်းသက်ပြီးမှ ကောင်းကင်နိုင်ငံသို့ ပြန်လည်ကြွသွားသည်” ဟုဆိုထားသည်။

:၁ဝ ဆာ ၆၈:၁၈ မှ အစစွာသော မြေကြီးအောက်သို့ ဟူသောစကားသည် ယေရှု၏လူ့ဇာတိခံယူခြင်း၊ အသေခံခြင်း၊ သင်္ဂြိုဟ်ခံခြင်းကို ဆိုလိုခြင်းဖြစ်သည်။ ကောင်းကင်မှ ထိုဆင်းသက်သူသည် အပြစ်၊ စာတန်၊ နတ်ဆိုး၊ မရဏများကို အနိုင်ယူ၍ ခပ်သိမ်းသောကောင်းကင်အထွဋ်ကို ကျော်လွန်တက်ကြွတော်မူသောသူ ဖြစ်သည်။

အလုံးစုံကိုပြည့်စုံစေသူဆိုသည်မှာ ကောင်းကြီးမင်္ဂလာအဖြာဖြာ၏ အရင်းအမြစ်၊ အရာခပ်သိမ်း၏ အထွဋ်အမြတ်၊ အချုပ်အခြာအာဏာပိုင်စိုးခြင်းကို ဆိုလိုသည်။ ”လက်ဝါးကပ်တိုင်၏အနက်နှင့် ကိုယ်တော်၏ မြင့်မားသောဘုန်းတန်ခိုး အကြားတွင် ခြားနားသောကွက်လပ်လဟာမရှိ” ဟု F.W.Grant ၁၅ ကဆိုသည်။

အပိုဒ်ငယ် ၈-၁ဝ တွင်ဖော်ပြသော ဆုကျေးဇူးပေးသူသည် ခရစ်တော်ဖြစ်သည်။ ကောင်းကင်နိုင်ငံသို့ပြန်မကြွမီ ထိုကျေးဇူးပေးအပ်ခြင်းမရှိခဲ့ပါ။ ဓမ္မဟောင်းကာလတွင် အသင်းတော်မပါဝင်ပါ။ ထိုသို့ဖြစ်ခဲ့လျှင် အသင်းတော်တွင်လည်း ဝိညာဉ်ဆုကျေးဇူးရှိမည်မဟုတ်။

:၁၁ ပေးထားသောဝိညာဉ်ကျေးဇူးများကို ထုတ်ဖော်ပြသသည်။ အံ့ဩစရာကောင်းသည်မှာ ဗီဇပါရမီမဟုတ်ဘဲ၊ လူများဖြစ်နေသည်။ အချို့ကိုတမန်တော်၊ အချို့ကိုပရောဖက်၊ အချို့ကိုဧဝံဂေလိဆရာ၊ အချို့ကိုဓမ္မဆရာ၊ အချို့ကို သင်းအုပ်ဆရာခန့်ထားသည်ဟုဆိုသည်။

တမန်တော်များဆိုသည်မှာ နှုတ်ကပတ်တော်ဟောပြောဖို့၊ အသင်းတော်ထူထောင်ဖို့ ဘုရားသခင်ကိုယ်တိုင် တိုက် ရိုက်ခန့်အပ်ထားသူများဖြစ်သည်။ ခရစ်တော်ဘုရားရှင်ပြန်ထမြောက်ခြင်းကို မျက်ဝါးထင်ထင် တွေ့မြင်ကြသူများ ဖြစ်သည် (တ ၁:၂၂)။ အံ့ဖွယ်နိမိတ်လက္ခဏာ ပြနိုင်သောတန်ခိုးရှိကြသည်(၂ကော ၁၂:၁၂)။ နှုတ်ကပတ်တော် သတင်းစကားများကို ကြားပြောရှင်းပြသူများ ဖြစ်သည်(ဟောဗြဲ၂:၄)။ ဓမ္မသစ်ကျမ်းပရောဖက်များ ဖြစ်သည်နှင့်အညီ အသင်းတော်များ ထူထောင်ကြသည်(ဧ၂:၂ဝ)။ တမန်တော်များဆိုသည်မှာ ခရစ်တော်ဘုရားပြန်လည်ကြွမြန်းပြီးမှ ကျန်ရစ်သောသူများ ကိုဆိုလိုသည်။

ပရောဖက်များဆိုသည်မှာ ဘုရားရှင်၏နှုတ်တော်ထွက်စကားများကို ဖွင့်ပြသူများဖြစ်သည်။ ဘုရားသခင်၏ကားကို တိုက်ရိုက်လက်ခံရရှိသူများဖြစ်သည်။ ဘုရားသခင်၏ နှုတ်ကပတ်တော်ကို သန့်ရှင်းသောဝိညာဉ်တော်ဖြင့် လက်ခံရရှိ၍ အသင်းတော်သို့ တဆင့်ပြောကြားသူများဖြစ်သည်။

ယနေ့ခေတ်ကာလတွင်မူ တမန်တော်များနှင့် ပရောဖက်များမရှိကြတော့ပါ။ အသင်းတော် ပေါ်ထွန်းသည့်အချိန်မှစ၍ သူတို့အခန်းကဏ္ဍပြည့်စုံသွားသည်။ ဓမ္မသစ်ကျမ်းစံချိန်စံညွှန်းနှင့် ပြည့်စုံသည်။ ဓမ္မသစ်ကာလပရောဖက်များဟု ပေါလုဆိုရာတွင် ခရစ်တော်ဘုရားကောင်းကင်နိုင်ငံသို့ ပြန်မကြွမှီ စီမံခန့်ခွဲသူများကို ဆိုလိုသည်။ ဓမ္မဟောင်း ကာလပရောဖက်များ မဟုတ်ကြောင်းသေချာသည်။

ဧဝံဂေလိဆရားများဆိုသည်မှာ ကယ်တင်ခြင်းသတင်းကောင်းဖြစ်သည်။ ပျောက်ဆုံးသူများအား ခရစ်တော်ထံသို့ ပို့ဆောင်သူများဖြစ်သည်။ အပြစ်သားများ၏ ရောဂါဆိုးအခြေအနေကို ရှာပေး၍၊ လုံးဝအမြစ်ပြတ်ပျောက်ကင်းစေနိုင်သော သမားတော်ကြီးခရစ်တော်ထံသို့ ပို့ဆောင်သူများဖြစ်သည်။ ဧဝံဂေလိဆရာသည် ဒေသန္တရအသင်းတော် ပြင်ပသို့ထွက်၍ ကမ္ဘာအနှံသတင်းကောင်း ဟောပြောရသည်။ အသက်တာပြောင်းလဲသူများကို သက်ဆိုင်ရာဒေသန္တရအသင်းတော်သို့ မိတ် ဆက်အပ်နှံရသည်။

သင်းအုပ်ဆိုသည်မှာ သိုးထိန်းကြီး၏ကွပ်ကဲမှုအောက်မှ သိုးထိန်းဖြစ်သည်။ သိုးအုပ်ကိုထိန်းကျောင်း ကျွေးမွေး ရသည်။ ဉာဏ်ပညာရှိရသည်။ အမှားများကိုပဲ့ပြင်ဆုံးမနိုင်စွမ်းရှိရသည်။ ခွန်အားပေးနိုင်ရသည်။ တည်ကြည်ခိုင်မာရသည်။

ဒေသန္တရအသင်းတော်ရှိအသင်းတော်လူကြီးများနှင့် လက်တွဲလုပ်ဆောင်ရသည်။ သဘောတရားမှာ သင်းအုပ်သည် အသင်းတော်၏ဝိညာဉ်ရေးရာ ဆရာဖြစ်၍၊ အသင်းတော်လူကြီးများသည် အသင်းတော်၏ စီမံအုပ်ချုပ်ရေးကိုကိုင်တွယ် ရခြင်းဖြင့် သင်းအုပ်ကိုပံ့ပိုးရသည်။ ဒေသန္တရအသင်းတော်တွင် တစ်ဦးထက်မက သင်းအုပ်များရှိသည် (တ ၂၀:၁၇၊၂၈၊ ၁ပေ၅:၁၊၂)။

ဓမ္မဆရာဆိုသည်မှာ သမ္မာကျမ်းစာပါ နှုတ်ကပတ်တော်များကို သန့်ရှင်းသူများ နားလည် သဘောပေါက်အောင် ရှင်းပြသူများ၊ အဓိပ္ပါယ်ဖွင့်ဆိုသူများဖြစ်သည်။ ဧဝံဂေလိဆရာများသည် သမ္မာကျမ်းစာကို အခြေခံ၍ ဟောကြားရသည်။ ဓမ္မဆရာများမှာမူ ကျမ်းစာ၏ အနှစ်သာရကိုဖွင့်ဆိုရသည်။

ဤကျမ်းပိုဒ်အရ သင်းအုပ်နှင့်ဓမ္မဆရာသည် တစ်မျိုးစီထားသော်လည်း တစ်ယောက်တည်းကလည်း လုပ်ဆောင်နိုင်သည်။ သို့သော် ထိုသို့တရားသေ မမှတ်စေလို။ သင်းအုပ် မဟုတ်သော်လည်း ဓမ္မရေးရာကို တွင်ကျယ်စွာ လုပ်ဆောင် နိုင်သူရှိသကဲ့သို့၊ သင်းအုပ်သည်လည်းဓမ္မဆရာဆုကျေးဇူး မရရှိဘဲဟောပြောသည်ကို တွေ့ရမည်။ အကယ်၍ သင်းအုပ်နှင့်ဓမ္မ ဆရာကို တစ်ဦးတစ်ယောက်တည်းဟု ယူမှတ်နိုင်လျှင် ထိုညီမျှခြင်း တရားအရ၂၆ ၂:၂ဝ တွင် ပါရှိသောတမန်တော်နှင့် ပရောဖက် သည်လည်းတစ်ဦးတစ်ယောက်တည်း ယူမှတ်နိုင်စရာကြောင်းရှိလာသည်။

နောက်ဆုံးမှာ ဘုရားသခင်ပေးသော ဝိညာဉ်ဆုကျေးဇူးနှင့် ပင်ကိုယ်ဗီဇအရည်အချင်း ကွခြားမှု ရှင်းပြလိုပါသည်။ မည်သို့ပင်ပင်ကိုယ်ဗီဇအရည်အချင်း ရှိစေကာမူ ကယ်တင်ခြင်းမရရှိလျှင် သူ၏သွန်သင် ဟောပြောချက်များသည် ဓမ္မသစ်ကျမ်းနှင့်မကိုက်ညီနိုင်။ ဝိညာဉ်ဆုကျေးဇူးသည် သဘာဝလွန်တရားဖြစ်သည်။  သာမန်လူမျိုးမစွမ်းဆောင်နိုင်သော စွမ်းဆောင်နိုင်ကြသည်။

:၁၂ ဝိညာဉ်ဆုကျေးဇူးပေးခြင်း၏ ရည်မှန်းချက်ကိုထုတ်ဖော်ပြသသည်။ ခရစ်တော်တည်ဆောက်ခြင်း အလို့ငှာ၊သန့်ရှင်းသူများအား အမှုတော်ဆောင်ခြင်းအတွက် အသင့်ပြင်ဆင်ပေးရန်ဖြစ်သည်။

၁။        ဝိညာဉ်ဆုကျေးဇူးသည် သန့်ရှင်းသူများအားစနစ်တကျရှိရန်၊

၂။         သန့်ရှင်းသူများ အမှုတော်ဆောင်ရန်၊

၃။        ခရစ်တော်၏ ခန္ဓာကိုယ်တည်ဆောက်ရန်၊ အမှုတော်ဆောင်ခြင်းသည် သီးသန့်ကန့်သတ်ခြင်းမရှိပါ။ အထူးတလည်

လေ့ကျင့်သင်ကြားခြင်းလည်း မဟုတ်ပါ။ ထမ်းရွက်ခြင်း ဟုသာရှင်းရှင်းလင်းလင်းဆိုပါသည်။ ဝိညာဉ်ရေးရာ

အမှုအားလုံးပါဝင်သည်။               ဤကျမ်းပိုဒ်အရ သန့်ရှင်သူတိုင်းသည် အမှုတော်ဆောင်များ ဖြစ်ကြသည်။

ဝိညာဉ်ကျေးဇူးသည် ခရစ်တော်၏ ခန္ဓာကိုယ်တည်ဆောက်ရန် ပေးအပ်ခြင်းဖြစ်သည်။ Vance Havner  က ဤသို့ရှင်းပြသည်။

ခရစ်ယာန်တိုင်းသည် ခရစ်ယာန်အမှုထမ်းဆောင်ရန် တာဝန်ပေးအပ်ခံရသူများဖြစ်သည်။ အသင်းတော်ထဲ၌ ဧဝံဂေလိစကားပြောဖို့၊ နာခံဖို့မဟုတ်ပါ။ အသင်းတော်ပြင်ပသို့ ထွက်သွား၍ ဟောပြောသင့်သည့် အချိန်အခါလည်း ရှိရသည်။ ထိုသို့ ဟောပြောရန် ခန့်ထားသူများဖြစ်သည်။ ဘုရားသခင်၏ သက်သေခံများဖြစ်ကြရသည်။ တရားပလ္လင်စိုးမိုးခြင်း၊ ငွေကြေးရှုပ်ထွေးခြင်း ပြုစရာနေရာမဟုတ်။ ယနေ့ခေတ်ကာလတွင် အသင်းတော်တာဝန် ထမ်းဆောင်ဖို့ အချိန်ပြည့်ဝန်ထမ်းငှားရမ်းကြသည်။ သင်းအုပ်များက တနင်္ဂနွေတရက်သာ ရုံးထိုင်၍စစ်ဆေးကွပ်ကဲသည်။ အမှန်မှာခရစ်ယာန်တိုင်းသည် အချိန်ပြည့်အမှုတော်ဆောင်များဖြစ်သည်။ သင်းအုပ်၊ ဓမ္မဆရာ၊ ဧဝံဂေလိဆိုသူတွေသည် မည်သူတွေနည်း။ ဘာလုပ်ဖို့လဲ။ သန့်ရှင်းသူများအမှုတော်တွင် ပါဝင်စေဖို့မဟုတ်ဘူးလား။၂၇

ဘုရားရှင်စေခိုင်းသည်မှာ သန့်ရှင်းသူများအား သူတို့ကိုယ်တိုင်အမှုတော်၌ ပါဝင်လာကြစေရန် နှိုးဆော်ဖို့ဖြစ်သည်။ သန့်ရှင်းသူများကိုယ်တိုင် ကွန်ယက်ချဲ့ကားနိုင်ဖို့ဖြစ်သည်။ အောက်ပါကားချပ်ကိုကြည့်ပါ။

အလယ်ကအမှတ်အသားကို ဓမ္မဆရာဝိညာဉ်ဆုကျေးဇူးဟု ဆိုကြပါစို့။ သူမှတဆင့်လက်ကမ်းမှီရာ ဘေးပတ်လည် သို့သွန်သင်ခြင်းဖြင့် ယုံကြည်ခြင်းတည်ဆောက်သည်။ ထိုသူများကလည်း ထိုဆရာကဲ့သို့ပင် လက်ဆင့်ကမ်း၍ ထပ်ဆင့် သွန်သင်ကြသည်။ ထိုနည်းဗျူဟာဖြင့် အသင်းတော်ကြီးထွားအောင် တည်ဆောက်ရသည်။ အသင်းတော်အရွယ်အစားနှင့် ဝိညာဉ်ရေးရာနှစ်ခုစလုံး ကြီးထွား ရင့်ကျက်အောင် လုပ်ဆောင်ရသည်။

ခရစ်တော်အမှုတော် ထမ်းဆောင်ရန် သီးခြားလူတန်းစား သတ်မှတ်ခြင်းသည် ဘုရားသခင်၏ နိုင်ငံပြန်ပွားကြီးထွားရေး အဟန့်အတား ဖြစ်သည်။ ဧဝံဂေလိ ပျံနှံရေးနှင့် အသင်းတော် ကြီးထွားရေး ကန့်သတ်ချက်များ ဖြစ်သည်။ အမှုတော် ဆောင်များနှင့် အမှုတော်ဆောင်မဟုတ်သူများဟူသော စည်းခြားနားချက်သည် အမှုတော်ကြီးထွားခြင်း၏ အတားအဆီး ဖြစ်သည်။

:၁၃ ကျမ်းပိုဒ်သည် မည်သည့်ကာလတိုင်အောင် အသင်းတော်ကြီးထွားစေရမည်နည်း ဟူသောမေးခွန်း၏ အဖြေစကားဖြစ်သည်။ ရလာဒ်အဖြေမှာ တလုံးတဝတည်းဖြစ်သည့်အချိန်၊ ရင့်ကျက်သော အသက်တာ၊ ခရစ်တော်၌ပြည့်စုံခြင်းရှိသည့်အချိန်ထိအောင် ဖြစ်ပါသည်။

          တလုံးတဝတည်းဖြစ်ခြင်း။ အသင်းတော်အား ကောင်းကင်နိုင်ငံသို့ ချီဆောင်သောအခါ ယုံကြည်ခြင်း၌ တလုံးတဝတည်း ဖြစ်သွားကြမည်။ ယခုကာလတွင်မူ မှန်ကြည့်ရသကဲ့သို့ အရိပ်ကိုသာ တွေ့မြင်ရသည်။ အကြံဉာဏ် မတူညီကြပါ။ သို့သော် ဘုရားသခင်သားတော်သိကျွမ်းခြင်း၌မူ တညီတညွှတ်တည်းရှိကြသည်။ ယခုကာလတွင် ဘုရားသခင်ကို ကိုယ့်အမြင်နှင့် ကိုယ်အမျိုးမျိုးမြင်ကြသည်။ ထိုကာလတွင်မူ အသေအချာ တွေ့မြင်ကြရမည်။

          ရင့်ကျက်ခြင်း  ချီဆောင်ခြင်းကာလ ရောက်သောအခါ ရင့်ကျက်ခြင်း နှင့်ကြီးထွားခြင်း အသက်တာပြီးဆုံး သွားမည်။ ခရစ်တော်၏ခန္ဓာကိုယ်တွင် အသီးသီးပါဝင်ကြသော ဝိညာဉ်ရေးရာကြီးထွားမှု ပြည့်စုံရပ်စဲသွားမည်။

ခရစ်တော်၌ပြည့်စုံခြင်း။ ခရစ်တော်၌ယုံကြည်သူများ၏ အသက်တာပြည့်စုံသွားကြမည်။ လူတိုင်းသည် အကျင့်သိက္ခာတွင် ယေရှုနှင့်တူကြမည်။ တကမ္ဘာလုံးနှင့်ဆိုင်သော အသင်းတော်သည်လည်း ကြီးထွားခြင်း ပြည့်စုံမည်။ ဦးခေါင်းတည်းဟူသောခရစ်တော်နှင့် ပေါင်းဖက်လျှက် ဘုန်းတန်ခိုးပြည့်စုံသွားမည်။ ခရစ်တော်၏ပြည့်စုံခြင်းသည် အသင်း တော်၏ပြည့်စုံခြင်းဖြစ်၍ အရာခပ်သိမ်းသည်ခရစ်တော်၌ အဆုံးသတ်ကြမည်။ ခရစ်တော်၏ပြည့်စုံခြင်းပမာဏရပ် ဟူသည်မှာ အသင်းတော်၏ပြည့်စုံခြင်းဖြစ်၍  ဘုရားသခင်၏အကြံအစည်တော် ပြီးပြည့်စုံခြင်းဖြစ်သည်။ ထိုနေရာတွင် သတိထား ရှောင်ကြဉ်ရမည့် အချက်(၃)ချက်ရှိပါသည်။

မရင့်ကျက်ခြင်း ခရစ်တော်အတွက်ဆင်းရဲဒုက္ခ မကြုံဘူးသောသူများသည် ကလေးသူငယ်များ ဖြစ်သောကြောင့် အပြောင်းအလဲလွယ်သည်။ လေတိုက်ရာလွင့်ပါသွားတက်သည်။ အတွေ့အကြုံနုနယ်သည်။ သို့ကြောင့် ဟေဗြဲ  ၅:၁၂တွင် ”လုံ့လဝိရိယထုတ်၍၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသော မျှော်လင့်ခြင်းနှင့် ပြည့်စုံစေခြင်းငှာ” ဟု သတိပေးထား သည်။

တည်ငြိမ်မှုမရှိခြင်း။ နောက်အခြားအန္တရာယ်တစ်ခုမှဝိညာဉ်ရေးရာ မတည်ငြိမ်ခြင်းဖြစ်သည်။ မရင့်ကျက်သော ခရစ်ယာန်များသည် စိတ်ကူးစိတ်သန်း ခိုင်ခံခြင်းမရှိ။ ဘာသာရေး ခြေသလုံးအိမ်တိုင်သမားများအဖြစ် ဟိုရောက်လိုက်၊ သည်ရောက်လိုက် ပွဲစည်ရာသို့ ကူးတတ်ကြသည်။

စိတ်လွယ်ခြင်း ။ အန္တရာယ်အများဆုံးဖြစ်သည်။ နို့စို့သူငယ်အရွယ် ယုံကြည်ခါစများဖြစ်သောကြောင့် အဆိုးနှင့် အကောင်း ဝေဖန်ပိုင်းခြားခြင်း မတတ်စွမ်းနိုင်ကြသေးပါ (ဟေဗြဲ ၅:၁၃-၁၄)။ မှားယွင်းသော ဆရာများနောက်သို့ အဟုတ် မှတ်၍ လိုက်သွားတတ်ကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုဆရာများသည်လည်း ဘာသာရေးဝေါဟာရများ၊ တွင်တွင် ကျယ်ကျယ်ပြောဆိုသောကြောင့် တရားစစ်တရားမှန်ဟု ထင်သွားကြသည်။ သူတို့ကိုယ်တိုင် သမ္မာကျမ်းစာဖတ်ရှု လေ့လာ သောအခါမှသာလျှင် ထိုဆရာများသွင်သင်ချက်များကို တွေ့မြင်နိုင်မည်။ လောလောဆယ်တွင် ထိုလေတိုက်ရာလွင့်ပါသော တရားနောက်သို့ ယိမ်းပါးသွားကြပြီ။ စနစ်တကျလိမ်လည်လှည့်ဖျားမှု၏ သားကောင်ဖြစ်ရချေပြီ။

:၁၅ နောက်ဆုံးကျမ်းပိုဒ်နှစ်ခုတွင် ခရစ်တော်၏ခန္ဓာကိုယ်၌ ရင့်ကျက်ကြီးထွားမည့်အကြောင်း သွန်သင်ခဲ့သည်။ ပထမအချက်တွင် ယုံကြည်ခြင်းအကြောင်း ဖြစ်သည်။ ဒုတိယအချက်တွင် မှန်ကန်သောစိတ်ဝိညာဉ်ရှိဖို့ သွန်သင်ထားသည်။ ထိုသို့ပြောရာတွင် မေတ္တာတရားနှင့်ရှင်သော သမ္မတရားဖြစ်သည်။ ထိုအကြောင်းကိုBlaike  က ဤသို့ရှင်ပြသည်။

သမ္မာတရားဆိုသည်မှာ လှုပ်ရှားသွားလာသောအသက်ရှင်ခြင်းနှင့်ဆိုင်သည်။ သို့သော်သမ္မတရားသည် ချစ်ခြင်းမေတ္တာနှင့် စုံဖက်ရသည်။ ကောင်းသော စကားဖြစ်သော်လည်း ခက်ထန်မာကျောစွာပြောလျှင် စကားကောင်းမဟုတ်။ မင်္ဂလာတရားနှင့်ပြည့်စုံသောတရားသည် ဝိညာဉ်ရေးရာမပါသော တရားဟောဆရာများက ပြောဆိုလျှင် တရားဒေသနာ ကောင်း မဖြစ်နိုင်။၂၈ 

ဝိညာဉ်ဆုရရှိသော သန့်ရှင်းသူများသည် အမှုတော်တွင် စိတ်အားတက်ကြွကြသဖြင့် အရာရာ၌ ကြီးပွားကြသည်။ သူတို့ရည်မှန်းချက်သည် ခရစ်တော်ဖြစ်၍ကြီးထွားလိုစိတ်ရှိကြသဖြင့် အရာရာ၌ ကြီးထွားခြင်း ဖြစ်သည်။ လှုပ်ရှား ပြုမူတိုင်တွင် ခရစ်တော်နှင့်ပို၍ပို၍တူကြသည်။ ဦးခေါင်းတည်းဟူသော ခရစ်တော်၏ ဦးဆောင်မှုအောက်သို့ ခန္ဓာကိုယ် တည်းဟူသောအသင်းတော်ကလိုက်ပါ၍ ပိုမိုထိရောက်တွင်ကျယ်သည်။

:၁၆ ယေရှုခရစ်တော်သည် ကြီးထွားခြင်း၏ပန်းတိုင်မျှသာမဟုတ်ပါ။ ကြီးထွားခြင်း အကြောင်းအရင်းလည်း ဖြစ်သည်။ ခရစ်တော်တွင် တည်သည့်အချိန်မှစ၍ မှအစပြု၍၊ ခန္ဓာကိုယ်တစ်ခုလုံး တိုးတက်ကြီးထွား ရသည်။ အဆစ်အပိုင်းများသည်လည်း ခန္ဓာကိုယ်နှင့်ဆက်စပ်ကြသဖြင့် ကြီးထွားကြသည်။ ဆိုလိုသည်မှာ အသင်းတော်နှင့် ဆက်စပ် ပတ်သက်သော အစိတ်အပိုင်းသည်လည်း အသက်ရှင်ကြသဖြင့် ကြီးထွားရင့်သန်ကြသည်။ နောက်အရေးကြီးသောအချက် တစ်ခုမှာ အဆစ်အပိုင်းများသည် အခြားခန္ဓာကိုယ် အစိတ်အပိုင်းများနှင့်လည်း ဆက်စပ်ခြင်းဖြစ်သည်။ သာမန်အားဖြင့် လူ့ခန္ဓာကိုယ်သည် အရိုး၊ အဆစ်များနှင့် အသားများဖြင့် ဖွဲ့စည်းထားပါသည်။ အရိုးများကို အဆစ်များဖြင့် ချိတ်ဆက်ထား သည်။ ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးသည်လည်း အဆစ်များဖြင့် ဆက်ထားပါသည်။ ထို့ကြောင့် ခန္ဓာကိုယ်အစိတ်အပိုင်း အသီးသီးသည် ခရစ်တော်၏ခန္ဓာကိုယ်၌ အသုံးဝင်သော ကိုယ်လက်အင်္ဂါများဖြစ်ကြသည်။ ထူးကဲသောအစိပ်အပိုင်းဟူ၍ မရှိ။

ထိုကဲ့သို့ပင် ယုံကြည်သူအသီးသီးသည် ခရစ်တော်၏ခန္ဓာကိုယ်၌ အချိုးညီညီ တိုးတက်ကြီးထွားရသည်။ ခန္ဓာကိုယ် ကြီးထွားခြင်းသည် ခန္ဓာကိုယ်ဖွဲ့စည်းပုံ၌ မူတည်သည်။ ရိုးရိုးရှင်းရှင်းလေးပြောရလျှင် ခန္ဓာကိုယ်တည်းဟူသော အသင်းတော်ကြီးထွားဖို့ရန် အသင်းဝင်တိုင်း သမ္မာကျမ်းစာဖတ်ရှုလေ့လာခြင်း၊ ဆုတောင်းခြင်း၊ ဝတ်ပြုကိုးကွယ်ခြင်း၊ ခရစ်တော်၌ သက်သေခံခြင်းပြုကြရသည်။ ထိုအကြောင်းကို Ghafer  က ”အသင်းတော်သည် လူ့ခန္ဓာကိုယ်နှင့်တူညီသည်။ သူ့အကြောင်းနှင့်သူ ကြီးထွားရသည်” ဟုဆိုသည်။ အရွယ်အစားပိုမိုကြီးထွားစေရန် ချစ်ခြင်းမေတ္တာဖြင့် တည်ဆောက် ရသည်။ ယုံကြည်သူအချင်းချင်း ဆက်ဆံရာတွင် ချစ်ခြင်းမေတ္တာရှေးရှုရသည်။ ခရစ်ယာန်များသည် ခရစ်တော်၌ တည်နေသူ များဖြစ်သည့် အားလျော်စွာ ရင်းနှီးချစ်ကြည်စွာ ချစ်ခြင်းမေတ္တာထား၍ ကြီးထွားရင့်ကျက်ရသည်။

() အကျင့်လက္ခဏာသစ် (:၁၇:၂၁)

          :၁ရ ဤကျမ်းပိုဒ်မှစ၍ ၅:၂၁ တိုင်အောင် အကျင့်လက္ခဏာသစ်အကြောင်း သွန်သင်ထားသည်။ ခရစ်တော်၌ အသက်တာဆန်းစစ်ရမည်ဟုဆိုသည်။ အကျင့်ဟောင်းများကို ရွှံ့ပေသောအဝတ်အစားများကဲ့သို့ ချွတ်ပစ်ပြီး၊ သခင်ယေရှုခရစ်တော်၌ တန်ဖိုးရှိသောအဝတ်အစားဝတ်ဆင်ရမည်။ လျှပ်ပေါ်သော တပါးအမျိုးသားများကဲ့သို့ မကျင့်ကြရန် ဆုံးမထားသည်။ ယခင် တပါးအမျိုးသားများ မဟုတ်ကြတော့ပါ။ ယုံကြည်သူ ခရစ်ယာန်များဖြစ်နေကြပြီ။ ဘဝအသက်တာ ပြောင်းလဲကုန်ပြီ။ ခရစ်တော်မပါသောကမ္ဘာသည် အမှောင်အမိုက်ထဲသို့ နစ်ဝင်သူများ၊ အဆင့်အတန်း ဆုတ်နစ်သူများအဖြစ် ပေါလုကမြင်သည်။ ကြောက်ရွံ့တုန်လှုပ်ဖွယ်ရာ အကျင့်စရိုက်(၇)မျိုးနှင့် ကြုံတွေ့နေရသူများ ဖြစ်သည်။

ရည်ရွယ်ချက်မဲ့ခြင်း အတွေးအာရုံထဲတွင်ဘာမှမရှိ။ အချည်းနှီးလျှောက်လှမ်းနေသူများ၊ နောင်ခါလာနောင်ဈေး သမားများဖြစ်သည်။ ရည်ရွယ်ချက်မရှိ၊ ဘဝအသီးအပွင့်မရှိ၊ အဆီအနှစ်မရှိ၊ ခေါင်းပွများဖြစ်သည်။ ကမူးရှူးထုပ်လုပ်ကြ သော်လည်း တိုးတက်မှုရလာဒ်မရှိ၊ အရိပ်နောက်သို့ ပြေးလိုက်သူများဖြစ်သည်။ ဘဝအဓိပ္ပါယ်နှင့် ဘဝသစ္စာ ဆုံးရှုံးခဲ့ကြ သည်။

:၁၈ မျက်စိကွယ်သူများခြင်း မှောင်မိုက်လောကထဲ၌ ကျင်လည်နေကြသည်။ အမှောင်ထဲမှာရပ်နေသူများ၊ ပျောက်သောလမ်းမှာ စမ်းတဝါးသွားနေသူများဖြစ်သည်။ ပထမဦးစွာ ဝိညာဉ်သမ္မာတရားမြည်းစမ်းခွင့် ရကြသော်လည်း စိတ်နှလုံးမိုက်မဲ၍ ငြင်းပယ်ကြသောကြောင့် ဘုရားသခင်၏အသက်နှင့် ကင်းကွာကြသည်။

ဘုရားတရားနှင့်ကင်းကွာခြင်း ဘုရားသခင်၏ အလင်းတရားကို ငြင်းပယ်ခဲ့ကြသောကြောင့် ဘုရားရှင်နှင့် ဝေးသထက်ဝေးကြသည်။ ထိုသို့ဝေးရခြင်းမှာ ထိုသူများ၏ရွေးချယ်မှု၊ မိုက်မဲမှု၊ စိတ်နှလုံး မာကြောမှုတို့ကြောင့် ဖြစ်သည်။ ဘုရားသခင်၏အလင်းတရားကို ငြင်းပယ်လျက် ရုပ်တု၊ဆင်းတုနောက်သို့ တကောက်ကောက် လိုက်ကြသည်။ ထိုသို့ဖြင့် ဘုရားသခင်နှင့်ဝေးပြီးလျှင် ဝေးနေကြတော့သည်။

:၁၉ အရှက်အကြောက်ကင်းမဲ့ခြင်း ကာမဂုဏ်လိုက်စားကြသည်။ ထိုအကြောင်းကို W.C.Wright  က ဤသို့ရှင်းပြသည်။

Moule  က အလွန်နာကျင်ဖွယ်ရာဖြစ်သည်ဟု ဆိုသည်။ အသိတရားက ဦးစွာငြင်းပယ်သည့်အချိန်တွင် အဘယ်မျှ နာကျင်သနည်း။ စိတ်နှလုံးထဲက လက်မခံနာကျင်ခြင်းဖြစ်သည်။ ပြောမထွက်သော်လည်း အဖြေရှင်းနေပါသည်။ ရင်မှာမွန်းကြပ်နေသည်။ ဆုံးခန်းတိုင်အောင် နာကျင်သည်။ ၂၉

            ဆိုးယုတ်ခြင်း သူတို့အမူအကျင့်က သူတို့ကိုကာမဂုဏ်ခံစားဖို့ တွန်းပို့နေသည်။ တပါးအမျိုးသားများ၏ ပင်ကိုယ်အပြစ်မှာ ကာမဂုဏ်လိုက်စားခြင်းဖြစ်သည်။ ပြောစရာမကျန်အောင် မိုက်တွင်းနက်ကြသည်။ ဘဝဇာတ်လမ်းသည် အရှက်ရဖွယ်ရာနှင့် ပျောက်ဆုံးခြင်းအကြောင်းသာဖြစ်သည်။ ယနေ့ခေတ်ကာလတွင်လည်း ထိုအပြစ်မျိုး လောကီသားများ အလယ်၌ တွေ့ရသည်။

မတော်မရော်ပြုမူခြင်း ကာမဂုဏ်အပါအဝင် ပြုမူမှုများသည် မသန့်ရှင်းသောအပြစ်များဖြစ်သည်။ ရောင်းဝယ် ဖောက်ကားခြင်း၊ စီးပွားရေးလုပ်ကိုင်ခြင်း မှစ၍ လူမှုပေါင်းသင်းရေးတွင်လည်း မတော်မရော် ပြုမူကြသည်။

ရောင့်ရဲမှုမရှိခြင်း လောဘရမ္မက်ကြီးသည်။ တင်းတိမ်ရောင့်ရဲခြင်းမရှိကြ။ လုံလောက်သည်ဟူ၍မရှိ။ သူတို့ အပြစ်များက ထိုကဲ့သို့သောအပြစ်မျိုးကို ထပ်ဆင့်ကျူးလွန်စေသည်။

:၂ဝ ခရစ်တော်ကို လက်ခံလာကြသောအခါ ဧဖက်သားများသည် အထက်ဖော်ပြပါ အကျင့်စရိုက်များ လုံးဝ ပြောင်းလဲလာကြသည်။ အဘယ်မျှ အံ့ဩဖွယ်ရာကောင်းသနည်း။ ခရစ်တော်သည် ကိုယ်ရည်ကိုယ်သွေးအားဖြင့် သန့်ရှင်း စင်ကြယ်သည်။ ဖြူစင်သည်။ အပြစ်တစုံတရာမရှိ။ ခြောက်ပြစ်သဲလဲ ကင်းစင်သည်။

:၂၁အကယ်၍ ခရစ်တော်ကိုသိကျွမ်းသောကြောင့် ခရစ်တော်၏သွန်သင်ချက်ကို ရရှိကြသောအခါ‘ ဟုဆိုသည်။ ဤနေရာတွင် အကယ်၍ ဟူသောစကားသည် ဧဖက်သားများအား ခရစ်တော်လက်မခံ ဟုဆိုလိုခြင်း မဟုတ်။ ခရစ်တော်ကိုသိရှိ၍ ခရစ်တော်၏သွန်သင်ချက်ကို လက်ခံသူများသည် ဖြောင့်မတ်စင်ကြယ်ခြင်းနှင့် ဘုရားတရား သိရှိကြသည်ဟု ဆိုလိုသည်။ ကြားသိဆိုသည်မှာ ယုံကြည်ခြင်းဖြင့် ခရစ်တော်အားလက်ခံခြင်း၊ ကယ်တင်ရှင်သခင်အဖြစ် သတ်မှတ်ခံယူခြင်းဖြစ်သည်။ ခရစ်တော်၏သွန်သင်ချက်ဆိုသည်မှာ ဧဖက်သားများ အသက်တာ လျှောက်လှမ်းရာတွင် ဆွဲကိုင်ရမည့်ခရစ်တော်နှင့် မိတ်ဿဟာယဖွဲ့ခြင်း၊ အသက်တာ ပြောင်းလဲခြင်းကို ဆိုလိုသည်။ Blaike  က ”ခရစ်တော်အား လက်ခံရာတွင် အရောင်အသွေး၊ အကျင့်လက္ခဏာအမျိုးမျိုး ရှိခဲ့ကြသည်။ ထိုမတူညီမှုများသည် ခရစ်တော်ထံမှ တန်ခိုးအမျိုးမျိုး ရရှိရန် ဖြစ်သည်”၃ဝ ဟုဆိုသည်။

သမ္မာတရားသည် ယေရှုထံတွင်ရှိသည့်အတိုင်း ဆိုသည်မှာ ယေရှုသည် သမ္မာတရားကို သွန်သင်သည်သာ မဟုတ်။ သူကိုယ်တိုင်လည်း သမ္မာတရားဖြစ်သည် (ယော ၁၄:၆)။ ယေရှုဟူသောအမည်နာမသည် လောကအသက်တာတွင် အမည်နာမဖြစ်သည်။ အောင်မြင်ခြင်းဟု အနက်ရသည်။ ထိုကဲ့သို့ပင် ပေါလုသည်လည်း တပါးအမျိုးသားများအတွက် အသက်ရှင်ခဲ့သည်။ အမည်နာမတွင် ဘဝအသက်တာထင်ဟပ်သည်။ ပညတ်ချက်ရာ ဓါတ်သက်ပါသည်။

:၂၂ ခရစ်တော်၏ ကျောင်းတော်တွင် အသက်တာမပြောင်းလဲခင် အကျင့်ဟောင်း၊ အကျင့်ပျက်၊ ဇာတိသွေးသား ပြင်းပြချက်များကို စွန့်ခွာပစ်ပယ်ဖို့ သွန်သင်ပါသည်။ လူကောင်းဆိုသည်မှာ အသက်တာမပြောင်းလဲခင်ဘဝ၊ အာဒံ၏သားသမီးဘဝကိုဆိုလိုသည်။ လိမ်လည်လှည့်ဖျားတတ်သော၊ ယိုယွင်းပျက်စီးတတ်သော၊ ပုန်းလျှိုးကွယ်လျှိုး လုပ်တတ်သော အကျင့်များအစရှိသည့် မတည်မြဲသော အကျင့်များ ဖြစ်သည်။ ဘဝအသက်တာအသစ် ခရစ်တော်၌ တည်သောအခါတွင်မူကား ထိုလူဟောင်းကို ကားတိုင်တင်၍ သင်္ဂြိုဟ်ခဲ့ပြီးဖြစ်သည်။လက်တွေ့အသက်တာတွင်မူ ပင်ကိုယ် ဇာတိသည် လူသေဖြစ်သည်။ ထို့ကြောင့် လူသစ်ဘဝရောက်သောအခါ လူဟောင်းကို တစ်ခါတည်း ပစ်ခွာလိုက်ရသည်ဟု ပေါလုသွန်သင်သည်။

:၂၃ ဒုတိယသင်ခန်းစာမှာ ယေရှုခြေရင်းတော်၌ တည်နေခြင်းဖြင့် ဝိညာဉ်သစ်ရရှိခြင်းဖြစ်သည်။ ဆိုလိုသည်မှာ အတွေးအခေါ်၊ စိတ်ကူးဟောင်းများ၊ လုံးဝပြောင်းပြန်လှန်ပြီး စင်ကြယ်သော အတွေးအခေါ်ရရှိခြင်း ဖြစ်သည်။ လူကောင်း အတွေးအမြင်မျိုးမရှိတော့ဘဲ ဘုရားသခင်၏ဝိညာဉ်တော်က လွှမ်းမိုးကြီးစိုးခြင်းဖြင့် ဘုရားတရားဘက်၌ ခိုင်မာစွာ ရပ်တည် ကြသည်။

          :၂၄ တတိယသင်ခန်းစာမှာ သမ္မာတရားဆိုင်ရာ ဖြောင့်မတ်သန့်ရှင်းသူ လူသစ် ဖြစ်ကြသည်။ ခရစ်တော်၌တည်သူသည် လူသစ်ဖြစ်သည်။ လူမည်သည်ကား ခရစ်တော်၌ တည်လျှင် အသစ်သောသတ္တဝါ ဖြစ်၏။ ဟောင်းသောအရာ တို့သည် ပြောင်းလဲ၍၊ ခပ်သိမ်းသောအရာတို့သည် အသစ်ဖြစ်ကြပြီ (၂ကော ၅:၁၇)။ ဤလူသစ်သည် ခရစ်တော်အားဖြင့် သစ်လွင်ခြင်းဖြစ်သောကြောင့် ခရစ်တော်နှင့်တူသည်။ ဖြောင့်မတ်သန့်ရှင်း၍ စင်ကြယ်သောအသက်တာ ရှိသည်။ ဖြောင့်မတ်ခြင်းဆိုသည်မှာ အခြားသူများကို ဦးစားပေးခြင်းဖြစ်သည်။ စင်ကြယ်ခြင်းဆိုသည်မှာ ”ဘုရားသခင်၏ နှုတ်ကပတ်တော်အတိုင်း အသက်ရှင်ခြင်းဖြစ်သည်” ဟု F.W.Grant  က ဖွင့်ဆိုသည်။၃၁

:၂၅ ဤကျမ်းပိုဒ်တွင် ယုံကြည်သူများရပ်တည်ချက်မှ ဘဝအခြေအနေသို့ သင်ခန်းစာကူးပြောင်းသည်။ ဘဝ ဟောင်းကိုစွန့်ခွာပြီး လူသစ်ဘဝသို့ ကူးပြောင်းသွားကြသည်။ ထိုသို့ စိတ်သစ်လူသစ်ဘဝသို့ ကူးပြောင်းပြီး ဖြစ်ကြောင်းကို နေ့စဉ်အသက်တာတွင် ပြသရမည်။

ထိုသို့ သက်သေသာဓကပြရန် ပထမဦးစွာ လိမ်လည်လှည့်ဖျားတတ်သော အကျင့်ဆိုးကို ချွတ်ခွာ၍ သစ္စာတရားကို မြန်းခြုံရမည်။ လိမ်လည်လှည့်ဖျားခြင်းဆိုရာတွင် မရိုးသားသောစိတ်သဘောထား ပုံစံအမျိုးမျိုး အကြုံးဝင်သည်။ သမ္မာတရားနှင့်ကင်းကွာခြင်း၊ လှည့်စားခြင်း၊ ကတိသစ္စာဖောက်ဖျက်ခြင်း၊ ချဲ့ကားပြောဆိုခြင်း၊ ယုံကြည်မှု ဖောက်ဖျက်ခြင်း၊ စာရင်းလိမ်ခြင်း၊ ဝင်ငွေခွန်ရှောင်ခြင်းအစရှိသဖြင့် မရိုးမသားသော အမှုအရာအားလုံး ပါဝင်သည်။ ခရစ်ယာန်တို့၏နှုတ်မှထွက်သော စကားလုံးတိုင်းသည် မှန်ကန်တိကျသော စကားများသာ ဖြစ်ရသည်။ ဟုတ်မှန်လျှင် ဟုတ်မှန်သည်ဟူ၍၎င်း၊ မမှန်လျှင် မမှန်ပါဟူ၍၎င်း ပြောဆိုရသည်။ ခရစ်ယာန်အသက်တာသည် သမ္မာကျမ်းစာလာအတိုင်း မှန်ကန်သောအသက်တာရှိရသည်။

မှန်သောစကားဆိုရန် လူတိုင်းပြုကျင့်အပ်သည်။ ဤနေရာတွင် အိမ်နီးနားခြင်းဟုဆိုရာ၌ သီတင်းသုံးဖော် ယုံကြည်သူများကိုသာ ဆိုလိုဟန်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် ငါတို့သည် အချင်းချင်းအင်္ဂါချင်း ဖြစ်ကြ၏ ဟု ဆိုထားသည်။ အောက်ပါကျမ်းပိုဒ်များကိုလည်း ယှဉ်ဖတ်နိုင်သည် (ရော ၁၂:၅၊ ၁ကော ၁၂:၁၂-၁၇)။ ယုံကြည်သူအချင်းချင်း မမှန်သောစကား၊ မှားယွင်းသောသတင်းစကား ပြောကြားခြင်းသည် မမြင်ရက်စရာ၊ မတွေးဝံ့စရာ၊ မပြောရက်စရာ အမင်္ဂလာ စကားများဖြစ်သည်။ အန္တရာယ်များသည်။

:၂၆ ဒုတိယသတိထားရမည့်လက္ခဏာမှာ အပြစ်ပါသောဒေါသနှင့် မှန်ကန်သောစိတ်ဆိုးခြင်းဖြစ်သည်။ ယုံကြည်သူများသည်လည်း တစ်ခါတရံစိတ်ဆိုးတတ်ပါသည်။ ဘုရားသခင်အား စောဒကတက်တတ်ပါသည်။ မကောင်းသော အမှုအရာအား စိတ်ဆိုးခြင်းသည် မှန်ကန်သောစိတ်ဆိုးခြင်းဖြစ်သည်။ ထိုအခါမျိုးမှလွဲ၍ ကျန်သောစိတ်ဆိုးအမျက်ထွက်ခြင်း သည် အပြစ်ပါသောဒေါသဖြစ်သည်။ လိမ်လည်လှည့်စားခြင်း၊ မနာလိုခြင်း၊ စိတ်ပျက်ခြင်း၊ ဒဏ်ခတ်ခြင်း၊ မုန်းတီးခြင်းများ သည် ပုဂ္ဂိုလ်ရေးဆိုင်ရာအပြစ်ဖြစ်သည်။ ထိုအပြစ်မျိုးကို တရားတော်ကတားမြစ်သည်။ အာရစ္စတိုတယ်က ”လူတိုင်းစိတ်ဆိုး တတ်ကြသည်။ သို့သော် စိတ်ဆိုးခြင်းဆိုသည်မှာ စိတ်ဆိုးသင့်သည့်လူ၊ စိတ်ဆိုးသင့်သည့်အချိန်၊ မှန်သောစိတ်ဆိုးခြင်း၊ ရည်ရွယ်ချက်ရှိရှိဖြင့်စိတ်ဆိုးခြင်း၊ စိတ်ဆိုးမှုမှန်ကန်ခြင်းရှိရသည်။ သို့သော် ထိုစိတ်ဆိုးခြင်းမျိုး တွေ့ရခဲသည်” ဟု ဆိုဘူး သည်။

အကယ်၍ တရားနည်းလမ်းမကျသော အမျက်ဒေါသဖြစ်လျှင် ချက်ချင်းဝန်ခံဖယ်ထုတ်ရသည်။ ဝန်ချခြင်းဆိုသည်မှာ ဘုရားသခင်ထံအပြစ်ဝန်ချ၍ ကာယကံရှင်သို့ တောင်းပန်ခြင်းဖြစ်သည်။ ထိုသို့ ပြုမှားမိသည့်အတွက် တနုံ့နုံ့တမြေ့မြေ့ မခံစားရ။ နေအဝင်မခံဘဲ ချက်ချင်းတောင်းပန်ရမည်။ နေ့မကူးစေရ။ တညဉ့်လုံးစိတ်ဆင်းရဲမခံရ။ အမျက်မပြေဘဲ နေမဝင် စေနှင့် ဟု ကျမ်းစာကဆိုထားသည်။ ဘုရားသခင်နှင့် မိဿဟာယဖွဲ့ခြင်း၊ သီတင်းသုံးဖော်ညီအစ်ကိုများနှင့် ဆက်ဆံခြင်း

အား အဖုအထစ်မရှိစေနှင့်။ မိမိဒေါသ တစ်ခါတစ်ခါ မထိန်းချုပ်မိသောကြောင့် ပျော်ရွှင်မည့်ရက်ပေါင်း(၁ဝဝ)ကို မဆုံးရှုံးစေနှင့်။

:၂ရ အပြစ်ဝန်ချတောင်းပန်မှုမပြုခြင်းသည် မာရ်နတ်အားအခွင့်အရေးပေးခြင်း ဖြစ်သည်။ မာရ်နတ်သည် အပြုအမူမှားများကို အခွင့်ကောင်းယူဖို့ အမြဲစောင့်ကြည့်နေသည်။ သို့ကြောင့် မစ္ဆေရစိတ်၊ အမျက်ဒေါသ၊ မနာလိုစိတ်၊ မုန်းတီးခြင်း၊ စိတ်ယောက်ယတ်ခတ်ခြင်းများကို ရှောင်ကြဉ်ရမည်။ ထိုအမူအကျင့်များသည် ကယ်တင်ခြင်းမရသူများ၏ အကျင့်လက္ခဏာဖြစ်သည်။ ယုံကြည်သူများ၏ ဝိညာဉ်ရေးရာနှင့် ရုပ်ခန္ဓာများကို ဒုက္ခပေးတတ်သောအနှောင့်အယှက် အတားအဆီးများဖြစ်သည်။

:၂၈ ဤကျမ်းပိုဒ်တွင် ဆန့်ကျင်ဖက်တရားဖြစ်သော ခိုးယူခြင်းနှင့် ပေးကမ်းခြင်းအကြောင်း သွန်သင်သည်။ ဇာတိလူဟောင်းသည် သူခိုး၊ လူသစ်သည် ဒကာတော်ရေမြေ့ရှင်ဖြစ်သည်။ အဟောင်းကိုချွတ်ပစ်၊ အသစ်ကိုဝတ်ဆင်ပါ။  သို့ကြောင့် ပေါလုက ”ခိုးဝှက်သူသည် နောက်တဖန်မခိုးဝှက်စေနှင့်” ဟုဆုံးမသည်။ ခရစ်ယာန်များသည် ခြောက်ပြစ်ကင်းသဲလဲစင်ဟု တထစ်ချမဆိုနိုင်ပါ။ အကျင့်ဟောင်းစရိုက်ဆိုးများ ကပ်ပါလာနိုင်သည်။ အကြွေးမဆပ်ခြင်း၊ မေ့လျော့ဟန်ဆောင်ခြင်း၊ လုပ်ငန်းခွင်သို့ အချိန်မီမရောက်ခြင်း၊ အတိုင်းအထွာမှားယွင်းခြင်း၊ တလွဲရေတွက်ခြင်း စသည့်အကျင့်ဆိုးများ ကြွင်းကျန်နိုင်သည်။ ထိုအရာများသည်လည်း ခိုးခြင်းအကျင့်ထဲမှာ ပါဝင်သည်။ ထိုအမူအကျင့်များ သည် လူသစ်နှင့်မဆိုင်။ မောရှေ၏စီရင်ထုံးတွင် ခိုးယူခြင်းကိုတားမြစ်ထားသည် (ထွ ၂၀:၁၅)။ ထိုပညတ်တရားသည် တသွေမတိမ်းလိုက်နာရမည့် ကိုယ်ကျင့်တရားဖြစ်သည်။ ထိုသို့ခိုးယူဖို့နေနေသာသာ၊ မရှိဆင်းရဲသဖြင့် ခိုးယူသူများကို မခိုးယူစေဘဲ၊ ပေးကမ်းစွန့်ကြဲရသည်။ ကျေးဇူးတော်သည် ပညတ်တရားမဟုတ်ပါ၊ သန့်ရှင်းခြင်း၏ တန်ခိုးဖြစ်သည်။ ကျေးဇူးတော်တရားသာလျှင် ခိုးယူခြင်း ပညတ်တရားအား မှောက်လှန်၍ မင်္ဂလာတရားဖြစ်စေသည်။

လူသည် မိမိလိုအပ်ချက်များဖြည့်ဆည်းဝယ်ယူဖို့ အလုပ်လုပ်ကြသည်။ ဝင်ငွေတိုးလာသည်နှင့်အမျှ လူနေမှုအဆင့် အတန်းလည်း မြင့်မားလာသည်။ မိမိပတ်ဝန်းကျင်ကို မိမိဖန်တီးသည်။ ဤကျမ်းပိုဒ်သည် ဝိညာဉ်ရေးရာထက် ပတ်ဝန်းကျင် လူ့အရေးအရာပိုဆန်သည်။ မိသားစုလူနေမှုအဆင့်အတန်းမြင့်မားဖို့ သွန်သင်ခြင်းဖြစ်သကဲ့သို့ ထိုသို့မြင့်မားရန် တစ်ဦးချင်း စီ၏ အကျင့်စရိုက်လိုအပ်ချက်ကိုလည်း ဆုံးမခြင်းဖြစ်သည်။ ဝိညာဉ်ရေးရာလိုအပ်ချက်နှင့် နေအိမ်တွင် လိုအပ်ချက်များသည် မတူညီပါ။ တခြားစီဖြစ်သည်။ လူ့ဆန္ဒသည် ဘယ်သောအခါမှ လိုတရပြည့်စုံမည်နည်း။

:၂၉ တဖန် စကားအပြောအဆို၊ လေသံအပျော့အချိုအကြောင်း သွန်သင်ထားသည်။ ညစ်ညမ်းသောစကား ဆိုသည်မှာ သာမန်အားဖြင့် ယုတ်ညံ့သောစကားဖြစ်၍ နှိမ်ချသောစကား၊ စော်ကားသောစကား၊ ကိုယ်ရေသွေးစကား၊ ညစ်ညမ်းသော ပုံပမာစကားများလည်း ပါဝင်သည်။ ထို့အပြင် ဤကျမ်းပိုဒ်တွင် ဆိုလိုသည်မှာ အရေမရ အဖတ်မရ        ကွမ်းစကား၊ အချည်းနှီးစကား၊ ငါ့စကားနွားရစကား၊ မည်သူ့အတွက်မှ အကျိုးမရှိသောစကားများလည်း ပါဝင်သည်။ ဆောက်တည်ရာမရသော၊ ခွန်အားမဖြစ်စေသော တရားဒေသနာများလည်း အကြုံးဝင်သည်။ ထို့ကြောင့် ခရစ်ယာန်မှန်လျှင် စကားပြောဆိုရာတွင် ဆင်ခြင်ရသည်။

ဆင်ခြင်ခြင်း ကြားနာသူအတွက် အကျိုးရှိသော ဆောက်တည်ဖွယ်ရာစကားဖြစ်ရသည်။

သင့်တင့်လျှောက်ပတ်ခြင်း ကြားနာသူများနှင့် သဟဇာတဖြစ်ရသည်။ အချိန်အခါအဖြစ်အပျက်နှင့် လိုက်လျော ညီထွေရသည်။

အပြုသဘောရှိခြင်း ကြားနာသူများက ကျေးဇူးတော်ချီးမွမ်းဖွယ်ရာ ဖြစ်စေရသည်။ နာပျော်ဖွယ်၊ လက်ခံဖွယ်ရာ ဖြစ်ရသည်။

:၃ဝ ရွေးနှုတ်ခြင်းနေ့ရက်တိုင်အောင် သင်တို့ကိုတံဆိပ်ခတ်နှိပ်တော်မူသော ဘုရားသခင်၏ သန့်ရှင်းသော ဝိညာဉ်တော်ကို စိတ်မနာစေကြနှင့်။ ဤကျမ်းပိုဒ်သည် လာမည့်ကျမ်းပိုဒ်နှင့် ဆက်စပ်ဖတ်ရှုလျှင် ပိုမိုသဘောပေါက် လိမ့်မည်။ အပိုဒ်ငယ် ၂၅-၂၈ မှ မုသာ၊ မမှန်ကန်သောအမျက်ဒေါသနှင့် ခိုးမှုများလည်း အကြုံးဝင်သည်။ ထို့ထက် ကျယ်ကျယ်ပြန့်ပြန့်ပြောရလျှင် ကိုယ်တော်အား စိတ်နာကျည်းစေသော အမှုအရာအားလုံးပါဝင်သည်။

ခိုင်လုံသောအချက်(၃)ခုပေးထားသည်။

၁။        ကိုယ်တော်သည် ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည်။ မစင်ကြယ်သောအရာ ဟူသမျှသည် ကိုယ်တော်နှင့်မစပ်ဆိုင်။

၂။         ကိုယ်တော်သည် ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်ဖြစ်သည်။ သုံးပါးတဆူဖြစ်သည်။

၃။        ရွေးနှုတ်ခြင်းနေ့ရက်တိုင်အောင် ထိုသန့်ရှင်းသောဝိညာဉ်တော်ဖြင့် တံဆိပ်ခတ်နှိပ်ထားသည်။ ယခင်ကျမ်းပိုဒ်များတွင် ရှင်းပြသည့်အတိုင်း တံဆိပ်ခတ်နှိပ်ခြင်းဆိုသည်မှာ ပိုင်ရှင်ရှိကြောင်း လုံခြုံရေးအာမခံချက် ပေးခြင်း ဖြစ်သည်။ ခရစ်တော်ဘုရား ပြန်လည်ကြွလာ၍ လာရောက်ခေါ်ယူသည့် နေ့ရက်ကာလအထိ ကယ်တင်ခြင်းအာမခံချက် ပေးထားကြောင်း ကတိပေးသည်။ ထို့ကြောင့် ယုံကြည်သူများသည် အပြစ်တစုံတရာကျူးလွန်ခြင်း မပြုလုပ်ရန် တံဆိပ်ခတ်နှိပ်ခြင်းဖြစ်သည်ဟု ပေါလုကဆိုသည်။ သန့်ရှင်းသောဝိညာဉ်တော်သည်လည်း လူကဲ့သို့ခံစားတတ်သော အသိအာရုံရှိသောကြောင့် ဝမ်းမနည်းစေနှင့်ဟု သတိပေးသည်။ တနည်းအားဖြင့် သန့်ရှင်းသောဝိညာဉ်တော်ကလည်း ယုံကြည်သူများကို ချစ်ခင်မြတ်နိုးသည်။ ဝိညာဉ်တော်၏အမှုတော်မှာ ခရစ်တော်ဘုရားဘုန်းတော်ထင်ရှားဖို့၊ ယုံကြည်သူများ ခရစ်တော်ကဲ့သို့သော အသက်တာမျိုး ရှိဖို့ ဖြစ်သည် (၂ကော ၃:၁၈)။ ယုံကြည်သူခရစ်ယာန်တစ်ဦး သည် အပြစ်ဒုစရိုက်ကျူးလွန်မိလျှင် ဘုရားရှင်ထံ ငြိမ်းချမ်းရေးပြန်လည်ရယူသည်။ ဒုစရိုက်သည် ယုံကြည်သူ၏ ဝိညာဉ်ရေးရာ တိုးတက်မှုကို အဟန့်အတားဖြစ်စေပါသည်။ ထို့ကြောင့် အပြစ်ဝန်ချတောင်းပန်၍ နောင်တရခြင်းဖြင့် ခရစ်ယာန်အသက်တာ တည်ဆောက်ရသည်။

:၃၁ စိတ်ဆိုးခြင်း အမျက်ဒေါသနှင့် နှုတ်ကြမ်းအာကြမ်းစကားများကို လုံးဝသုတ်သင်ဖယ်ရှားရသည်။ ထိုအကျင့်ဆိုးများကို တစ်ခုချင်းရှင်းပြထားသည်။

နာကျည်းခြင်း စကားအကျကောက်ခြင်း၊ စောင်းချိတ်ပြောဆိုခြင်း၊ အပြစ်ခွင့်မလွှတ်ခြင်း၊ နှောင်းတမြေ့မြေ့ခံစား ခြင်းများဖြစ်သည်။

အမျက်ဒေါသ ပေါက်ကွဲခြင်း၊ ရုန်းရင်းဆန်ခတ်ခြင်း၊ ကိုယ်ထိလက်ရောက်ကျူးလွန်ခြင်း ဖြစ်သည်။

စိတ်ဆိုးခြင်း မကျေမနပ်ဖြစ်ခြင်း၊ ရန်လိုခြင်း၊ အရွဲ့တိုက်ခြင်း ဖြစ်သည်။

အာကျယ်ခြင်း အော်ကြီးဟစ်ကျယ် ငေါက်ငမ်းခြင်း၊ စိတ်ဆိုးမာန်ဆိုးပြောဆိုခြင်း၊ အော်ဟစ်ပြောဆိုခြင်း၊ မြည်တွန်တောက်တီးခြင်း ပါဝင်သည်။

အသရေဖျက်ခြင်း ကလဲ့စားချေစကား ငြင်းခုံခြင်း၊ ဂုဏ်သိက္ခာထိခိုက်အောင်ပြောဆိုခြင်း ဖြစ်သည်။

မစ္ဆေရစိတ် သူတပါးအကျိုးယုတ်အောင်လုပ်ခြင်း၊ အာဃာတထားခြင်း၊ သဘောထားသေးသိမ်ခြင်း တို့ဖြစ်သည်။

:၃၂ အထက်ပါကျမ်းပိုဒ်တွင် ဖော်ပြချက်များမှာ ပစ်ပယ်ရမည့်အချက်များဖြစ်သည်။ ယခုတဖန် ခရစ်ယာန် အသက်တာတွင် ပြည့်စုံရမည့်အချက်လက္ခဏာများကို ရှင်းပြပါမည်။

အချင်းချင်းကျေးဇူးတင်ခြင်း အတ္တဖယ်ရှားလျက် တပါးသူ၏အရေးကို ဦးစားပေးခြင်းဖြစ်သည်။ ကူညီရိုင်းပင်း လိုသော စိတ်သဘောထားဖြစ်သည်။

သနားစုံမက်ခြင်း ကိုယ်ချင်းစာနာစိတ်ဖြစ်သည်။ အခြားသူများ၏အခက်အခဲ ဝန်ထုပ်ဝန်ပိုးကို မျှဝေခံစားခြင်း ဖြစ်သည်။

အပြစ်လွှတ်ခြင်း မိမိအပေါ်ပြုမှားမိသောအပြစ်များကို ကလဲ့စားချေခြင်း၊ အာဃာတထားခြင်း၊ အညှိုးတေးခြင်း မပြုဘဲ အမြဲတမ်းခွင့်လွှတ်ခြင်းဖြစ်သည်။

ထိုအပြုအမူမျိုးကို သခင်ခရစ်တော်က စံနမူနာပြခဲ့သည်။ ကရာနီကုန်းပေါ်တွင် အပြစ်ခွင့်လွှတ်ခြင်းကို အထင်အရှား သက်သေပြခဲ့သည်။ လူသားများ၏ အပြုအမူတိုင်းဆိုလျှင် အပြစ်ခွင့်လွှတ်ကောင်းသူမဟုတ်။ သို့သော် ဘုရားသခင်သည် အပြစ်သားများကို ချစ်ခင်မြတ်နိုးသောကြောင့် အညှိုးတေးခြင်းမရှိဘဲ ချစ်ခြင်းမေတ္တာပြသတော်မူသည်။ ခရစ်တော်၏ အမှုတော်တွင် ဘုရားသခင်၏ဖြောင့်မတ်စင်ကြယ်ခြင်းကို တွေ့နိုင်သည်။ ထိုဖြောင့်မတ်စင်ကြယ်ခြင်းသည် ခရစ်တော်၌ တည်၍ လူသားများကို အပြစ်ခွင့်လွှတ်သည်။

ကျွန်ုပ်တို့၏ ဒေါ်လာတသန်းတန်အပြစ်ကို ဘုရားရှင်ကခွင့်လွှတ်လျှင် ကျွန်ုပ်တို့ကလည်း ဒေါ်လာတရာတန် သူတပါးအပြစ်ကို ခွင့်လွှတ်သင့်ပါသည် (မ ၁၈:၂၃-၂၈ နှင့်ယှဉ်ဖတ်ပါ)။ ထိုအကြောင်းကို Lenski  က ဤသို့ဆိုသည်။

လူတစ်ယောက်၏ ပြစ်မှားသောအပြစ်ကို ခွင့်လွှတ်လိုက်သောအခါ စိတ်ကြည်လင်ချမ်းသာသွားသည်။ အကယ်၍ အပြစ်ခွင့်မလွှတ်လျှင် စိတ်ထဲတွင် တနုံ့နုံ့တမြေ့မြေ့ ပူလောင်စွာခံစားရသည်။ မိမိကိုယ်ကိုဒုက္ခပေးသကဲ့သို့ဖြစ်သည့်အပြင် ဘုရားရှင်၏သွန်သင်ချက်များကိုလည်း မထေမဲ့မြင်ပြုရာ ရောက်သည်။ ထိုလူ၏လာရောက်တောင်းပန်ခြင်းကို မျှော်လင့်စရာမလို။ မတောင်းပန်ခင်က ခွင့်လွှတ်ရသည်။ သူ့အပြစ်နှင့်သူ ဘုရားရှင်နှင့် မျက်နှာချင်းဆိုင်ရခြင်းသည် ဘုရားရှင်နှင့် သူ၏အမှုကိစ္စသာဖြစ်သည် ( ၁၈:၁၅) သို့သော် လာရောက်တောင်းပန်လျှင်လည်း ခွင့်လွှတ်ဖို့ အဆင်သင့်ဖြစ်နေသည်။၃၂

Previous Article
Next Article