ဧဖက်သြဝါဒစာ ၅

: အပြစ်ခွင့်လွှတ်ခြင်းအကြောင်းကို ၄:၃၂ တွင် သွန်သင်ခဲ့သည်။ ထိုကျမ်းချက်နှင့်ဆက်စပ်၍ ဆိုထားသည်မှာ ဘုရားသခင်က ခရစ်တော်အားဖြင့် သင်တို့အပြစ်များကို ခွင့်လွှတ်သကဲ့သို့ အချင်းချင်းအပြစ်များကိုလည်း ခွင့်လွှတ်ကြဖို့ သွန်သင်ပါသည်။ ဘုရားသခင်၏ချစ်သားများ ဖြစ်ကြသည်နှင့်အညီ ဟုကျမ်းစာက အလေးထားဖော်ပြပါသည်။ လူ့သဘောသဘာဝအရ သားသမီးများသည် မိဘများအကျင့်ကို လက်ခံရယူသူများဖြစ်သည်။ ဝိညာဉ်ရေးရာတွင်လည်း ဘုရားသခင်သည် ခမည်းတော်ဘုရားဖြစ်သောကြောင့် ခမည်းတော်ဘုရား၏ချစ်သားများဖြစ်သည်နှင့်အညီ ခမည်းတော်၏ အမူအကျင့်ကို နမူနာယူရသည်။

: နောက်တချက်မှာ ချစ်ခြင်းမေတ္တာရှိသောအသက်တာ လျှောက်လှမ်းခြင်းဖြင့် ဘုရားသခင်၏စိတ်တော်၌ ထိတွေ့ရန်ဖြစ်သည်။ ချစ်ခြင်းမေတ္တာဖြင့် အသက်တာ လျှောက်လှမ်းခြင်းဆိုသည်မှာ တပါးသူများကို ချစ်ခြင်းမေတ္တာ ထားရှိဖို့ဖြစ်သည်။ ထိုသို့သော မေတ္တာမျိုးရှိရန် ခရစ်တော်၏သက်တော်စဉ်က စံနမူနာပြထားသည်။ ပြီးပြည့်စုံသော နမူနာပေတည်း။ ခရစ်တော်သည် လောကသားများကို ချစ်တော်မူသောကြောင့် ကရာနီကုန်းပေါ်တွင် သူကိုယ်တိုင် သူ့အသက်ကို ပေးလှူခဲ့သည်။

ခရစ်တော်၏ပေးလှူခြင်းသည် ဘုရားသခင်အတွက် မွှေးရနံ့သာဖြစ်သည်။ ကိုယ်တော်၏ပေးလှူခြင်းရနံ့သည် ဘုရားသခင်လက်သင့်ခံသော ပူဇော်သက္ကာဖြစ်သည်။ ဆုံးစ ဖော်ပြနိုင်စွမ်းမရှိသော မွှေးရနံ့သာ ဖြစ်သည်။ F.B.Meyer  က ”ကိုယ်တော်၏ချစ်ခြင်းမေတ္တာသည် အတိုင်းအဆမရှိကြီးမားလှသည်။ ထိုချစ်ခြင်းမေတ္တာဖြင့် ပူဇော်သောမွှေးရနံ့သာသည် ကောင်းကင်နိုင်ငံတစ်ခုလုံး သင်းပျံ့သွားသည်။ ဘုရားသခင်၏စိတ်တော်နှင့် ထိတွေ့ပျော်ရွှင်ရာဖြစ်သည်”၃၃ ဟုဆိုသည်။

သခင်ယေရှု၏ အခြားသူများအတွက် သူ့ကိုယ်သူပေးလှူခြင်းသည် ခမည်းတော်ဘုရားသခင်၏ စိတ်နှလုံးကို ရွှင်မြူးချမ်းမြေ့စေသည်။ ထိုကဲ့သို့ပင် ယုံကြည်သူများသည်လည်း အခြားသောသူများ၏ စိတ်နှလုံးချမ်းသာစေဖို့ လုပ်ဆောင် ပေးအပ်ကြပါစို့။

အခြားသူများ၊ ဟုတ်ပါ့၊အခြားသူများသို့

                        ငါ၏ဆောင်ပုဒ်ဖြစ်ပါစေသား။

                        တပါးသူအား ဝေငှအားပေးနိုင်ဖို့

                        အသက်ရှင်ပါရစေသား။

                                                Charles D.Meigs.

: အပိုဒ်ငယ်(၃)နှင့်(၄)တွင် သန့်ရှင်းသူများသည် မတရားသောမေထုန်မှီဝဲခြင်းနှင့် ကင်းစင်ဖို့ ဆုံးမထားသည်။ ဆင်ခြင်ရှောင်ရှားရမည့် ကိလေသာညစ်နွမ်းခြင်းကို တစ်ခုခြင်းရှင်းပြထားသည်။

မတရားသောမေထုန် မတရားသောမေထုန် ဆိုသည်မှာ လူသိရှင်ကြား၊ တရားဥပဒေထုံးတမ်းစဉ်လာနှင့်အညီ လက်ထပ်ထိမ်းမြားခြင်းမပြုသူနှင့် လင်မယားနေခြင်းဖြစ်သည်။ ဤကျမ်းပိုဒ်တွင် သူများအိမ်ထောင်နှင့်ပြုမှားခြင်း သီးသန့်မပါသဖြင့် သူ့ကြင်ယာနှင့် မှားယွင်းခြင်းလည်း ပါဝင်သည်။

အမျိုးမျိုးသောကိလေသာ အဓိပ္ပါယ်များစွာ ကျယ်ပြန့်ပါသည်။ စိတ်ဖြင့်ပြစ်မှားခြင်းအပါအဝင်၊ မစင်ကြယ် ညစ်ညမ်းသောပုံ၊ ဇာတ်လမ်းဇာတ်ကား၊ အညှီအဟောက်စာပေများ၊ ကိလေသာနှိုးဆွစေသော အသုံးအဆောင်ပစ္စည်းများ၊ ဦးခဲဆေးနည်းများလည်း ပါဝင်သည်။

လောဘလွန်ကြူးခြင်း လောဘဟုဆိုလျှင် သာမန်အားဖြင့် ငွေကြေးတပ်မက်ခြင်းဟုသာ ပြေးမြင်ကြသည်။ ထို့ထက်မကပါ။ ရုပ်ဝတ္ထုပစ္စည်းလိုချင်တပ်မက်ခြင်းအပါအဝင် ဖိုမကိစ္စ၌ စိတ်အားထက်သန်ခြင်းလည်း ပါဝင်သည်။ မျက်စိဖြင့် တပ်မက်ပြစ်မှားခြင်းလည်း အကြုံးဝင်သည်။ ထွ ၂၀:၁ရ ”ကိုယ်နှင့်စပ်ဆိုင်သော သူ၏မယား၊ ယောက်ျား လိုချင်တပ်မက်သောစိတ်မရှိနှင့်” ဟု ပြဋ္ဌာန်းထားသည်။

ဤအကျင့်များသည် ခရစ်ယာန်အသက်တာနှင့် လားလားမျှမသက်ဆိုင်ပါ။ ရှောင်သင့်သည့်အတိုင်း စကားနှင့်ပင် မဆက်ဆံသင့်ဟု ဆိုထားသည်။ ထိုအမှုအရာများသည် လုံးဝရှောင်ကြဉ်ရမည်။ အချင်းချင်းပြောဆိုဆွေးနွေးခြင်းသော်၎င်း၊ သူများပြောဆိုရာတွင် ပါဝင်ခြင်းသော်၎င်း၊ အလျဉ်းမပြုရ။ ရှက်ကြောက်ရွံ မုန်းဖွယ်ရာသာ ဖြစ်သည်။ နားကြားပါများလျှင် ဝင်ရောက်ပြောဆိုမိ၍ ပြောဆိုပါ များလာလျှင်လည်း ကိုယ်ထိလက်ရောက်ကျူးလွန်တတ်သည်။ သို့ကြောင့် မိမိကိုယ်ကို ထိန်းသိမ်းနိုင်ရန် ပေါလုက သန့်ရှင်းသူများ ဖြစ်ကြသည့်အတိုင်းဟု စည်းကြိုတားထားသည်။ ယုံကြည်သူများသည် ယိုယွင်းဖောက်ပြန်တတ်သော လောကီအမှုရေးရာများနှင့် ကင်းရှင်းရသည်။ ဒုစရိုက် အမှောင်လောကထဲမှ ခပ်ဝေးဝေး နေရသည်။

: စကားပြောဆိုရာတွင် ဆင်ခြင်ရသည်။ ရှေ့နောက်ဘေးဘယ်ညာ မစဉ်းစားဘဲ လွှတ်ကနဲ ပြောဆိုခြင်းမပြုရ။

ညစ်ညမ်းသောစကား ညစ်ညမ်းသောပုံပြင်ဇာတ်လမ်း၊ အဖြစ်အပျက်၊ ဒူးအထက် ခါးအောက်နှင့်ပတ်သက်သော ပြက်လုံးဟာသများ၊ မစင်ကြယ်သော ဝေါဟာရအသုံးအနှုံးများ ရှောင်ကြဉ်ရသည်။

ပြက်ပယ်ပြယ်ပယ်သောစကား ပြောသူ၊ နာသူ၊ မည်သူ့အတွက်မှအကျိုးမရှိသော အရေမရအဖတ်မရ ကွမ်းစကား ဖြစ်သည်။ သောင်တင်ရေမရ စကားဖြစ်သည်။

ယုတ်မာရိုင်းစိုင်းသောစကား သူတပါးကိုထိုးနှက်သောစကား၊ သရော်သောစကား၊ ချီးမွမ်းခြေကျောက်စကား၊ အဓိပ္ပါယ်နှစ်ခွဖြစ်သော အသွားမလွတ်၊ အနှောင့်မလွတ်စကားများဖြစ်သည်။ ထို့ကြောင့် မိမိပြောဆိုသောစကားများသည် ဘေးအန္တရာယ်ကင်းစင်ရမည်။ နှုတ်မှထွက်သောစကားလုံးသည် စိတ်ထဲမှ ထွက်ပေါ်လာခြင်းဖြစ်သည်။ သင့်စကားသည် သင့်စိတ်နှလုံးခံယူချက်သဘောကို ထုတ်ဖော်ပြသခြင်းဖြစ်သည်ကို သတိပြုရမည်။

ရီမောစရာ ဟာသပြက်လုံးထုတ်ခြင်းသည် ကြီးမားသောအန္တရာယ်ရှိသည်။ အဘယ့်ကြောင့်ဆိုသော် တစုံတစ်ယောက် အားထိပါးနိုင်သည်။ သို့ကြောင့် ထိုသို့သောစကားများကို ပြောဆိုနေမည့်အစား ကျေးဇူးတော်ချီးမွမ်းခြင်း၌ နှုတ်ဆွာသင့် သည်။ မင်္ဂလာစကားကိုသာ ပြောဆိုသင့်သည်။ ဘုရားတရားစကားပြောဆိုခြင်းဖြင့် အခြားသူများနမူနာယူဖွယ်ရာ ဆောက်တည်ဖွယ်ရာ ဖြစ်စေသင့်သည်။

: ညစ်ညမ်းယုတ်လျော့သူများသည် ခရစ်တော်နှင့်ဘုရားသခင်၏ နိုင်ငံတော်အမွေခံစားစရာ အကြောင်းမရှိကြ။ လောကတပ်မက်ခြင်း၊ ညစ်ညမ်းခြင်း၊ ကိလေသာညစ်ညမ်းခြင်းနှင့် ဘုရားသခင်၏အမွေဆက်ခံခြင်းသည် လားလားမျှမထိုက်။ ဆန့်ကျင်ဘက်ဖြစ်သည်။ ညစ်ညမ်းခြင်းသည် ရောဂါတစ်မျိုးဖြစ်သည်ဟု လူတွေက လိုရာဆွဲ တွေးကြသည်။ ဘုရားသခင်ကမူ အပြစ်ဒုစရိုက်ဖြစ်သည်ဟု သတ်မှတ်သည်။ လူတွေက လက်ခံချင်သော်လည်း ဘုရားသခင် က ငြင်းပယ်ရှုတ်ချသည်။ လူ့စိတ်သဘောထားနှင့် တိုက်ဆိုင်သည်။ ဘုရားသခင်ကမူ အသစ်တဖန်မွေးဖွားခြင်းကိုသာ လက်ခံသည်။

အဓိကဆိုးယုတ်ခြင်း(၃)မျိုးကို ရှင်းပြထားသည်။ မတရားသောမေထုန်၊ မစင်ကြယ်သောစိတ်သဘောထားနှင့် လောဘရမ္မက်ကြီးခြင်း တို့ဖြစ်သည်။ လောဘကြီးသူသည် ရုပ်တုကိုးကွယ်သူဖြစ်သည်။ အဘယ့်ကြောင့်ဆိုသော် ထိုလောဘနောက်သို့လိုက်သောကြောင့် ထိုလောဘစိတ်ကို ကိုးကွယ်သူဖြစ်၍ ဘုရားသခင်၏အလိုတော်နှင့် ဆန့်ကျင်သူဖြစ် သည်။ တနည်းအားဖြင့် ဘုရားသခင်ထက် ထိုအရာကို ဦးစားပေးခြင်း၊ ကိုးကွယ်ခြင်းဖြစ်သည်။ နောက်ထပ်တနည်းအားဖြင့် ဖန်ဆင်းရှင်ထက် ဖန်ဆင်းထားသောအရာကို ကိုးကွယ်ခြင်းဖြစ်သည် (ရော ၁:၂၅)။

ထိုသူများသည် ဘုရားသခင်၏နိုင်ငံတော်အမွေဆက်ခံခွင့် မရဟု ပေါလုက အတိအလင်းဆိုထားသည်။ ထိုသူများသည် အပြစ်နွံမှောင်မိုက်ထဲတွင် ကျင်လည်သူများဖြစ်၍ ငရဲပြည်သွားရာလမ်းသို့ ကြွမြန်းသူများ ဖြစ်သည်။ ယခု ကာလတွင်မူ လူ့မျက်စိဖြင့်မမြင်နိုင်သော နိုင်ငံတော်ကို သိမြင်နိုင်စွမ်းမရှိကြ။ ခရစ်တော်ကြွလာသောအခါ ထာဝရနိုင်ငံတော်၌ အသက်ရှင်ကြရမည့်အကြောင်းကို သိရှိခံယူနိုင်စွမ်းမရှိကြ။ ထိုသူများသည် ခရစ်တော်တရားပလ္လင် တော်ရှေ့၌ တရားစီရင်ခြင်းခံရမည် ဟုမဆိုပါ။ ခရစ်တော်၏ တရားပလ္လင်သည် ဆုလက်ဆောင်အမျိုးအစား၊ အရည်အချင်း ခွဲခြားချီးမြှင့်ရာဖြစ်သည်။ အထက်ပါ အပြစ်ရှိသူများသည် ခရစ်ယာန်ဖြစ်ကြသော်လည်း ကယ်တင်ခြင်းမရရှိသူများ ဖြစ်သည်။ နောင်တရ၍ ခရစ်တော်ကို ယုံကြည်လျှင် ကယ်တင်ခြင်းရရှိနိုင်သူများဖြစ်သည်။ သို့သော် အကယ်၍ နောင်တရသူ များဖြစ်လျှင် ထိုအပြစ်မျိုးလုပ်ကြမည်မဟုတ်။

ပေါလု၏ ခရစ်တော်နှင့် ဘုရားသခင်၏နိုင်ငံတော် ဟူသောစကားကို မှတ်သားပါ။ ခရစ်တော်နှင့် ဘုရားသခင်နှင့် တန်းတူရည်တူသတ်မှတ်ခံယူခြင်းဖြစ်သည်။

: လောကသားအများစုသည် ကိလေသာညစ်ညမ်းခြင်း၌ ဆိုးသထက်ဆိုးလာကြသည်။ ဘာပဲဖြစ်ဖြစ် လူ့ခန္ဓာ ကိုယ်လိုအပ်ချက် ဖြည့်ဆည်းပြည့်စုံဖို့က အရေးကြီးသည်ဟု ထင်မှားကြသည်။ စိတ်ကူးရှိသည့်အတိုင်း ထင်ရာမြင်ရာ လုပ်ဆောင်ကြသည်။ သူတို့စိတ်သဘောထားများကို လူ့ယဉ်ကျေးမှုအဖြစ် ဖန်တီးဇာတ် သွင်းလာကြသည်။ မင်္ဂလာမဆောင်မီ အတူတူနေခြင်း၊ တပြိုင်တည်းတွင် အိမ်ထောင်တစ်ခုမကရှိခြင်း၊ လိင်တူပေါင်းဖက်နေထိုင်ခြင်းများကို တရားဝင်ယဉ်ကျေးမှု သဖွယ် ပြုမူလာကြသည်။ အံ့ဩဖွယ်ကောင်းသည်မှာ အချို့အသင်းတော်လူကြီးပိုင်းက ထိုသဘောထား လက်ခံခြင်းဖြစ် သည်။ ထို့ကြောင့် လူသည် ဆိုးညစ်သော အကျင့်ဗီဇရှိသူဖြစ်သည်။

ခရစ်ယာန်များအတွက်ဟူ၍ စကားနှစ်ခွမရှိပါ။ ထိုအမှုအရာများကြောင့် ဘုရားသခင်၏ အမျက်တော်သည် ငြင်းဆန်တတ်သော သူတို့အပေါ်သို့ သင့်ရောက်ပေ၏ဟု ကျမ်းစကားရှိပါသည်။ မတရားသော မေထုန်နှင့် သူများ အိမ်ယာပြစ်မှားခြင်းအမှုကို တော ၂၅:၁-၉ တွင် ပြင်းပြင်းထန်ထန် ရှုတ်ချထားသည်။  မောဘအမျိုးနှင့် ညစ်ညမ်းသော ဣသရေလအမျိုးသား ၂၄ဝဝ အား ကွပ်မျက်ခဲ့သည်။ လိင်တူခြင်း ပေါင်းဖက်စုံမက်ကြသော သောဒုံနှင့် ဂေါမူရမြို့များကို လည်း ကောင်းကင်မှမီးလျှံကျ၍ ပျက်စီးပြာကျစေခဲ့သည်။ (က ၉:၂၄၊ ၂၈)

ဘုရားသခင်၏အမျက်ဒေါသသည် ထိုသဘာဝလွန်ဖြစ်ရပ်ဆန်းများဖြင့်သာ ကျရောက်စီရင်သည်မဟုတ်။ ယနေ့ ခေတ်ကာလတွင် AIDS  ရောဂါဖြင့် စစ်ကြောစီရင်နေပါသည်။ ရုပ်ခန္ဓာကိုယ်ဆင်းရဲခြင်းဖြင့် တနုံ့နုံ့မျက်မြင် ခံစားစေသည်။ အခြားသူများ သင်ခန်းစာယူတတ်အောင် စီရင်သည်။ ထို့ထက်ဆိုးဝါးသော စီရင်ခြင်း ခံရဦးမည်ဟု ရော ၁:၂ရ တွင် ဆိုထားပါသည်။ နောက်ဆုံးတွင် ဘုရားသခင်၏ အပြစ်စီရင်ခြင်းခံရမည် (ဟေဗြဲ ၁၃:၄)။ မနာခံသောသားသမီးအတွက် ကရုဏာတရားမရှိပါ။ နာခံခြင်းမရှိသော အာဒံ၏ သားသမီးများသည် အာဒံ၏လမ်းစဉ်အတိုင်း လျှောက်လှမ်းကြရမည် (ဗျာ ၂၁:၈)။

၅းရ သို့ကြောင့် ယုံကြည်သူများသည် ဘုရားတရားမသိသော ထိုသူများနှင့် ဆက်ဆံပတ်သက်ခြင်း မရှိရန် ကြပ်တည်းစွာသတိပေးထားသည်။ လိုက်နာခြင်းမရှိသူများသည် ခရစ်တော်အားမနာခံသူ၊ အခြားသူများ၏ ဘဝဖျက်ဆီးသူ၊ သက်သေခံချက်အား ဖျက်ဆီးသူ၊ မကောင်းမှုဒုစရိုက် လက်လှမ်းဖိတ်ခေါ်သူများ ဖြစ်သည်။

: ဤကျမ်းပိုဒ်တွင် အထက်အပိုဒ်(၇)မှအချက်များနှင့် နှိုင်းယှဉ်ထားသည်။ အလင်းနှင့်အမှောင် (ငယ် ၈:၁၄)ဟု နှိုင်းယှဉ် ရှင်းပြထားသည်။ ဧဖက်သားများအား သင်တို့သည် အထက်ကာလ၌ မှောင်မိုက်အတိဖြစ်၏။ ယခုမူကား သခင်ဘုရား၌ အလင်းဖြစ်ကြ၏ ဟုဆိုသည်။ ယခင်က အမှောင်ထုထဲတွင် နေကြသည်ဟုမဆိုပါ။ သူတို့ကိုယ်တိုင်က မှောင်မိုက်ကြသည်။ ယခုတွင်မူ ဘုရားသခင်နှင့် တလုံးတဝတည်းဖြစ်သောကြောင့် သူတို့ကိုယ်တိုင်သည် အလင်း ဖြစ်ကြ သည်။ ဘုရားရှင်သည် အလင်းဖြစ်သည်။ ထို အလင်းထဲတွင် နေကြရသောကြောင့် ဧဖက်သားများသည်လည်း လင်းကြ သည်။ အလင်း၏သားများဖြစ်ကြသည်။

: ဤကျမ်းပိုဒ်တွင် အလင်းထဲ၌ လျှောက်လှမ်းသူများ၏ အကျိုးကျေးဇူးအကြောင်းကို စကားညှပ်အဖြစ် ရှင်းပြထားသည်။

အလင်း၏အကျိုး၃၄ မှာ ကောင်းမြတ်ခြင်း၊ ဖြောင့်မတ်ခြင်း၊ သစ္စာစောင့်ခြင်းဖြစ်သည်။ ကောင်းမြတ်ခြင်း ဆိုသည်မှာ စိတ်သဘောထားပြည့်ဝ ဘုန်းတန်ခိုးပြည့်စုံခြင်းဖြစ်သည်။ ဖြောင့်မတ်ခြင်း ဆိုသည်မှာ ဘုရားသခင်နှင့် လူအကြားတွင် အငန်းအတာများကို သင့်တင့်လျောက်ပတ်စွာ ပြုမူခြင်းဖြစ်သည်။ သစ္စာစောင့်သိခြင်း ဆိုသည်မှာ ရိုးသား ခြင်း၊ သာတူညီမျှရှိခြင်း၊ မှန်ကန်ခြင်းဖြစ်သည်။ ထိုအရာသုံးခုကို ပေါင်းစပ်လျှင် အမှောင်ထဲတွင် မီးရှူးတန်ဆောင်အဖြစ် ထွန်းလင်းပါသည်။

:၁ဝ အလင်းထဲတွင် လျှောက်လှမ်းသူသည် အကျိုးကျေးဇူးဖြစ်ထွန်းသည့်အပြင် ဘုရားသခင်နှစ်သက်တော်ရာ လည်းဖြစ်သည်ဟု ဤကျမ်းပိုဒ်တွင်ဆိုထားပါသည်။ ကာယကံ၊ ဝစီကံ၊ မနောကံ သုံးခုစလုံးပါဝင်သည်။ ဘုရားသခင်၏ အလိုတော်နှင့်ညီအောင် မည်သို့တွေးခေါ်ကြသနည်း။ မည်သို့တွေ့မြင်နိုင်သနည်း။ အပြုအမူအနေအထိုင်၊ ဝတ်စား ဆင်ယင်မှု၊ ကိုင်တွယ်ဖတ်ရှုသော စာအုပ်စာပေ၊ စီးပွားရေးလုပ်ငန်း၊ အပန်းဖြေပုံ၊ ပရိဘောဂ၊ အပေါင်းအသင်း၊ အားလပ်ရက်၊ မော်တော်ကား၊ အားကစားလုပ်ဆောင်ခြင်းမှ စ၍ ကဏ္ဍအသီးသီးတွင် အလင်းလင်းစေပါသည်။

:၁၁ ယုံကြည်သူများသည် အကျိုးမဲ့သော မှောင်မိုက်အမှုတို့နှင့်မဆက်ဆံ။ မှောင်မိုက်သော အမှုအရာသည် ဘုရားအမှုတော်အတွက်ဖြစ်စေ၊ အခြားသူများအတွက်ဖြစ်စေ၊ အကျိုးကျေးဇူးမရှိ။ ထိုအမှုအရာများနှင့် ဆက်စပ်၍ ပေါလုက ရောမသားများကို မေးခွန်းထုတ်ဘူးသည်။ ”မည်သည့်အကြောင်း တရားကြောင့် ယခုအခါတွင် အရှက်တကွဲအကျိုးနည်း ဖြစ်ကြသနည်း” (ရော ၆:၂၁) ဟုမေးခဲ့သည်။ ရောမသားများသည်လည်း အမှောင်အမိုက်နှင့် ဆက်ဆံခဲ့ကြသည်။ လူ့လောက ၏ ပိုးစုန်းကြူး အလင်းရောင်မျှသာ မြင်ခဲ့ကြသည်။ လှောင်ပိတ်ထားသော အမှောင်ခန်းထဲ၌ နေခဲ့ကြသည်။ ချောင်ခိုနေကြ သည်။ အလင်းရောင်ရောက်လာသော်လည်း လောကလူသားများဖြစ်သည့်အတိုင်း အမှောင်ကိုခင်တွယ်ကြသည် (ယော ၃:၁၉)။ ယုံကြည်သူများအား မှောင်မိုက်ထဲမှခေါ်ထုတ်ခြင်းခံရသည့်အပြင် ထိုအမှု၏အပြစ်ကိုလည်းပြသည်။ အဆင့်(၂) ဆင့်ရှိသည်။ ပထမအဆင့်တွင် စင်ကြယ်သောအသက်တာသို့ ပို့ဆောင်သည်။ ဒုတိယအဆင့်အနေဖြင့် သန့်ရှင်းသော ဝိညာဉ်တော်က သူတို့အမှားကိုထောက်ပြပြီး သွန်သင်လမ်းပြသည်။

:၁၂ ခရစ်ယာန်များသည် မည်ကဲ့သို့သော နေရာမျိုးတွင်မဆို အပြစ်ဆိုဖွယ်ရာမရှိအောင် နေထိုင်ရမည့် အကြောင်း ရှင်းပြသည်။ အပြစ်သားများသည် လူသူမရှိဟုထင်မှတ်သောနေရာတွင် မှားယွင်းခဲ့သော အပြုအမူများကိုလည်း အိုးမလုံအုံပွင့် ထုတ်ဖော်ကြသည်။ မိမိတို့ကို အရှက်ခွဲတတ်ကြသည်။ ဖြစ်လေ့ဖြစ်ထမရှိ။ သဘာဝမကျသော အဖြစ်ထူးအဖြစ်ဆန်း များကိုလည်း ကျူးလွန်တတ်ကြသည်။ သို့ကြောင့် ခရစ်ယာန်မှန်လျှင် ထိုသူများ၏စကား နားထောင်ခြင်းမပြုရ၊ ရှောင်ကြဉ် ရမည်။

:၁၃ အလင်းသည် အမှောင်ထဲရှိအရာများကို ထင်ရှားစေသည်။ သို့ကြောင့် စင်ကြယ်သော ခရစ်ယာန် အသက်တာသည် အသစ်တဖန်မွေးဖွားခြင်းမရှိသော အပြစ်သားဘဝနှင့် ဖီလာဆန့်ကျင်နေသည်။ အပြောအဆို၊ အမူအရာမှ စ၍ အပြစ်ဖို့ဖွယ်ရာ စကားများတွေ့ရသည်။ ထိုအကြောင်းကို Blaike  က ဤသို့ရှင်းပြသည်။

သခင်ယေရှုက ဖာရိရှဲများအား သမ္မာတရားမဟောကြားခင်တွင် ဖာရိရှဲများသည် အလင်းထဲတွင်နေသူများဟု မိမိကိုယ်ကိုထင်မှတ်ကြသော်လည်း၊ ခရစ်တော်၏ စစ်မှန်သော သမ္မာအလင်း ရောက်သောအခါ ဖာရိရှဲများ၏ ဇာတိရုပ်သဏ္ဍာန်ပေါ်ထွန်းကုန်သည်  ပေါ်ပြီးလျှင် ပေါ်နေသည်။၃၅

ဤကျမ်းပိုဒ် နောက်ပိုင်းကို အလင်းရောင်က အရာရာကို ထုတ်ဖော်ပြသနိုင်သည်ဟု ပြင်ဖတ်လျှင် ပိုမိုအဓိပ္ပါယ် ရှင်းပါမည်။၃၆ ခပ်ရှင်းရှင်းပြောရလျှင် ခရစ်ယာန်များက အလင်းပြနိုင်လျှင် အခြားသူများလည်း ထိုအလင်းကို မှီခိုနေကြ သည်ဟုဆိုရမည်။ ဆိုးညစ်သောသူများလည်း အလင်းထဲသို့ ရောက်လျှင် အလင်း၏သားသမီး ဖြစ်သွားပါသည်။

သို့သော် ချို့ယွင်းချက်ရှိသည်။ အလင်းမြင်တိုင်းလည်း ခရစ်ယာန်ကောင်းမဖြစ်နိုင်ပါ။ အလင်းထဲသို့ရောက်သူသည် အလင်း၏ အကျိုးကျေးဇူး ခံစားရသည်ဟု ဆိုခြင်းဖြစ်သည်။ ၁ပေ ၃:၁တွင် နမူနာပေးထားပါသည်။ ယူကြည်သူအမျိုးသမီးက အလင်းပြခြင်းဖြင့် ကယ်တင်ခြင်းမရရှိသေးသူ ခင်ပွန်းသည် အားအောင်မြင်နိုင်ကြောင်း သင်ခန်းစာပေးထားပါသည်။ အမျိုး သမီးများသည် ခင်ပွန်းသည်အား ဝန်ခံရမည် ဖြစ်သောကြောင့် သွန်သင်ခြင်း မပြုရပါ။ အကျင့်ကောင်းအလင်းပြခြင်းဖြင့်သာ နိုင်ယူရသည်။ ထိုသို့ဖြင့်အလင်းရောင် ရရှိသောခရစ်ယာန် အမျိုးသမီးများ၏ အမှောင်ထဲရှိခင်ပွန်းသည်အား အောင်မြင်ပုံကို သင်ခန်းစာယူရသည်။

:၁၄ ထိုကြောင့် ယုံကြည်သူအသက်တာသည် ဒေသနာတော်အမြဲတန်း ဟောကြားသူဖြစ်ရသည်။ ဘေးပတ်ဝန်းကျင်ရှိ  အမှောင်ထုအား လှုံ့ဆော်လှုပ်နိုးလျက် အလင်းပေးရသည်။

အိပ်ပျော်နေသူ နိုးလော့

          သေခြင်းမှထမြောက်လော့

          ခရစ်တော်ကသင့်အားအလင်းပေးတော်မူပြီ

ဤအလင်းစကားသည် အမှောင်ထဲတွင်အိပ်ပျော်နေသူများအား လှုပ်နိုးခြင်း၊ ဝိညာဉ်ရေးရာသေသူများ နိုးထစေခြင်း ဖြစ်သည်။ အလင်းရောင်က လက်ရပ်ခေါ်နေပါသည်။ ထိုကမ်းလှမ်းသံကိုအဖြေထိုးသူသည် ခရစ်တော်အလင်း ရ၍၊ ဘဝတောက်ပသွားကြသည်။

:၁၅ ဤကျမ်းပိုဒ်တွင် ဆန့်ကျင်ဘက်နှစ်ခုကို ယှဉ်တွဲသွန်သင်ထားသည်။ ပညာမဲ့နှင့်ပညာရှိတို့၏ ခြေလှမ်းဖြင့် ဥပမာ ပေးထားသည်။ ပထမဦးစွာ စာဖတ်ပရိတ်သတ်များအား ပညာမဲ့ကဲ့သို့မနေဘဲ၊ ပညာရှိသကဲ့သို့နေကြရန် သတိ ပေးထားသည်။ ဤဩဝါဒစာတွင် လျှောက်လှမ်းခြင်းဟူသော စကားကို(၇)ကြိမ်တိတိ သုံးနှုန်းထားရာသော့ချက်စကားလုံး ဖြစ်သည်။ ဘုရားသခင်၏သားသမီးများပီပီ တစ်ဦးချင်းအသက်တာ၌ အလင်းထဲတွင် လျှောက်လှမ်းရန် တိုက်တွန်းဆုံးမ ခြင်းဖြစ်သည်။ ပညာမဲ့ကဲ့သို့ လျှောက်လှမ်းခြင်းဆိုသည်မှာ လောကီလူသားများကဲ့သို့ နမော်နမဲ့နေထိုင်ခြင်းကို ဆိုလို သည်။

:၁၆ ပညာရှိအဖြစ်နေထိုင်ခြင်းသည် အချိန်အခါကောင်းကို ဆုပ်ကိုင်ဖမ်းမိခြင်းဖြစ်သည်။ နေ့ရက်စဉ်တိုင်း ကယ်တင်ခြင်းတံခါးဖွင့်ထားပါသည်။ ကာလအချိန်ရွေးနှုတ်ခြင်း ဆိုသည်မှာ ဘဝအသက်တာကို အကျိုးရှိရှိ၊ အဓိပ္ပါယ်ရှိရှိ ကုန်လွန်စေခြင်းဖြစ်ပါသည်။ ဖြောင့်မတ်စင်ကြယ်ခြင်း၊ ကရုဏာတရားရှိခြင်း၊ နှုတ်၏စောင်မခြင်း၊ ပြုမူခြင်းဖြစ်သည်။ ယနေ့ခေတ်ကာလသည် ဆိုးယုတ်သောကာလဖြစ်သည်။ ဘုရားသခင်ပေးသော အချိန်ကာလသည် ခဏတာအတွင်းတွင် ကုန်ဆုံးသွားမည်။ ထို့ကြောင့် ရရှိသောဘဝအသက်တာအတွင်းတွင် ဝတ်ပြုကိုးကွယ်ခြင်း၊ သက်သေခံခြင်းမပါသော အခွင့်အရေးကို လက်လွှတ်အဆုံးရှုံးမခံကြပါနှင့်။

:၁ရ သို့ကြောင့် သတိမရှိသူမဖြစ်၊ သခင်ဘုရား၏အလိုတော်ရှိရာကို ပိုင်းခြား၍ သိသောသူဖြစ်ကြလော့ ဟု ကျမ်းစာကဆိုထားသည်။ အဘယ့်ကြောင့်ဆိုသော် ဘဝအသက်တာကတိုသည်။ စာတန်နတ်ဆိုးက သောင်းကျန်းနေ သည်။ ဘဝရည်မှန်းချက် အရွေးမမှားဖို့လိုသည်။ ဤလောကအရာများသည် မျက်စိတမှိတ်လျှပ်တပြက်တွင် ပျောက်ကွယ် တတ်သော သင်္ခါရတရားဖြစ်သည်။ အရေးကြီးသောအချက်မှာ နေ့စဉ်အသက်တာတွင် ဘုရားသခင်၏ အလိုတော်အတိုင်း အသက်ရှင်ဖို့ဆိုရာတွင် အတွေးအခေါ်၊ ခွန်အားအစွမ်းအစရှိသမျှ အထံတော်သို့ ပုံအပ်ခြင်းဖြစ်သည်။ တစ်ဦးချင်းအသက်တာ တွင် အလိုတော်အတိုင်း အသက်ရှင်ခြင်းသည် ပညာရှိလမ်းစဉ်ဖြစ်ပေသည်။

:၁၈ လွန်ကျူးစေတတ်သော စပျစ်ရည်နှင့် ယစ်မူးခြင်းကိုရှောင်ဟု တားမြစ်ထားပါသည်။ ဤကျမ်းပိုဒ်သည် မြောက်ပိုင်းအမေရိကသားများနှင့် မကိုက်ညီသောယဉ်ကျေးမှုဓလေ့စရိုက်နှင့် မညီသော ကျမ်းဖြစ်သည်။ သို့သော် ကျမ်းစာပါသမျှသည် ယဉ်ကျေးမှုအမျိုးမျိုး၊ တိုင်းနိုင်ငံအသီးသီးအတွက်ဖြစ်သည်။ ယနေ့ခေတ်တွင် ဝိုင်နှင့်ဘီယာသည် ယဉ်ကျေးမှုရိုးရာအစားအသောက်အဖြစ် စားပွဲပေါ်တွင် နေရာယူလေ့ရှိပါသည်။ သမ္မာကျမ်းစာက စပျစ်ရည်သုံးဆောင်ခြင်းကို မကန့်ကွက်ပါ။ မူးယစ် ရမ်းကားခြင်းကိုသာ ရှုတ်ချပါသည်။ ဝိုင်ကို ဓါတ်စာအဖြစ်အသုံးပြုနိုင်သည်ဟု သု ၃၁:၆၊ ၁တိ ၅:၂၃ တွင် ရှင်းပြထားပါသည်။ သခင်ယေရှုကိုယ်တော်တိုင်ကလည်း ကာနရွာမင်္ဂလာဆောင်ပွဲတွင် ပရိသတ်များသုံးဆောင်ဖို့ ဝိုင်စပျစ်ရည် ဖန်တီးခဲ့ပါသည် (ယော ၂:၁-၁၁)။

သို့သော် ဝိုင်စပျစ်ရည် သောက်သုံးခြင်း၏ နောက်ဆက်တွဲအဖြစ် ရုန်းရင်းဆန်ခတ်မှု ပေါ်ပေါက်တတ်သောကြောင့် တားမြစ်ခြင်း ဖြစ်ကြောင်း အောက်ပါကျမ်းပိုဒ်များ ဖြင့် နားလည်ရသည်။

၁။        အလွန်အကျွံသောက်စေချင်သည် (သု ၂၃:၂၉-၃၅)

၂။         အရက်စွဲစေသည် (၁ ကော ၆:၁၂)

၃။        အခြားယုံကြည်သူများအား အားနည်းစေသည် (ရော ၁၄:၁၃၊ ၁ကော ၈:၉)။

၄။        အစားအသောက်သည် ဘုရားသခင် ဘုန်းတော်ထင်ရှားဖို့ဖြစ်၍၊ စပျစ်ဝိုင်သောက်စားခြင်းသည် ဘုန်းတော်ထင်ရှားခြင်းအား ထိခိုက်နိုင်သည် (၁ကော ၁၀:၃၁)။

၅။        ခရစ်ယာန်များသည် သံသယစိတ်ဖြင့် အစားအသောက်မစားရ (ရော ၁၄:၂၃)။

ပေါလုထောက်ခံသော စပျစ်ရည်သောက်သုံးခြင်းမှာ ဝိညာဉ်ဖြင့်မှီဝဲခြင်း ဖြစ်သည်။ ထိုနှစ်ခုသည် ဆက်စပ်သော် လည်း ဖီလာဖြစ်နေပုံကို ဦးစွာနှိုင်းယှဉ်ကြည့်ကြပါစို့။

ပထမတွင် ဆင်တူရိုးမှား၊ ထူးမခြားနားကြောင်း တွေ့ရသည်။

၁။        ထိုအခြေအနေနှစ်ခုစလုံးတွင် သောက်သုံးသူသည် သူ့ပင်ကိုယ်တန်ခိုးအစွမ်းမရှိတော့ပါ။

အရက်တန်ခိုးအောက်၌ ရှိသည်။

၂။         အခြေအနေနှစ်ခုစလုံးတွင် စိတ်အားတက်ကြွကြသည်။ ပင်တေကုတ္တေနေ့တွင် သန့်ရှင်းသော ဝိညာဉ်တော်က စိတ်အားတက်ကြွစေခြင်းဖြစ်သော်လည်း တချို့ကမူ မူးယစ်ကြသည်ဟု ထင်မှားကြသည် (တ ၂:၁၃)။

၃။        အခြေအနေနှစ်ရပ်စလုံးတွင် အစွမ်းတန်ခိုးသက်ရောက်သည်။ မူးယစ်ကြောင်း လက္ခဏာအရိပ်အယောင်နှင့် စရိုက်လက္ခဏာများ ပေါ်လွင်သည်။

သို့သော် ထိုအခြေအနေနှစ်ရပ်၏ ထိပ်တိုက်ဖီလာဆန့်ကျင်ပုံကိုလည်း တွေ့ရသည်။

၁။        မူးယစ်သောက်စားသူသည် လွန်ကြူးစွာ သောက်စားသည်။ အကျင့်စာရိတ္တ ပျက်ပြားသည်။ ဝိညာဉ်ရေးရာဖြင့် မှီဝဲသူမူ   ကား ထိုကဲ့သို့ အလျဉ်းမဖြစ်။

၂။         မူးယစ်သောက်စားသူသည် အထိန်းအကွပ်မရှိ၊ လက်လွတ်စပယ်မူးတတ်သည်။ ဝိညာဉ်အသိဖြင့် သောက်သူမူကား မိမိကိုယ်ကို ထိန်းသိမ်းသည် (ဂလာ ၅:၂၃)။ ဝိညာဉ်ဖြင့် ပြည့်ဝသော ယုံကြည်သူသောက်သုံးလျှင်မူကား ရုပ်ပျက် ဆင်းပျက်ဣန္ဒြေမဲ့အောင်မနေ။ ပရောဖက်တို့သည် မိမိစိတ်ဝိညာဉ်ကို ချုပ်တည်းနိုင်ကြသည် (၁ကော ၁၄:၃၂)။

ကျမ်းစာထဲတွင် ဝိညာဉ်ပြည့်ဝသူသည် ဘုရားသခင်၏ အထူးဆုကျေးဇူးခံစားသူများ တစ်ခါတရံ ဖြစ်တတ်သည်ဟု ဆိုသည်။ ဥပမာအားဖြင့် ဗတ္တိဇံယောဟန်သည် အမိဝမ်းထဲမှရှိစဉ်ကပင် သန့်ရှင်းသော ဝိညာဉ်တော်ဖြင့် ပြည့်ဝသည် (လု ၁:၁၅)။ ထိုအမှုကိစ္စမျိုးမရှိဘူး၊ မကြုံဘူးဟု ပြော၍မရပါ။ တစုံတစ်ဦး၏ လုပ်ဆောင်ချက်၊ ဆုတောင်းချက်သည် ဘုရားသခင်၏ စိတ်တော်နှင့်ထိတွေ့ရာမဟုတ်ဟု မဆိုနိုင်။ ဤကျမ်းပိုဒ်တွင် ယုံကြည်သူများသည် ဝိညာဉ်တော်ဖြင့် ပြည့်ဝရမည် ဟုဆိုထားသည်။ ထိုစကားသည် ကိုယ်တိုင်လုပ်ဆောင်ရမည့်အချက်ဖြစ်သည်။ သို့သော် အလိုအလျောက် ဖြစ်လာမည်မဟုတ်။ နာခံခြင်း၏ အကျိုးကျေးဇူးဖြစ်သည်။

ထို့ကြောင့် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝခြင်းသည် ထူးခြားလေးနက်သော အမှုတော်ဖြစ်သည်။ သို့သော် အောက်ပါအခြေအနေများနှင့် မတူညီပါ။

၁။        သန့်ရှင်းသောဝိညာဉ်တော်၌ နှစ်ခြင်းမင်္ဂလာခံယူခြင်း ခရစ်တော်၏ခန္ဓာကိုယ်၌ ယုံကြည်သူနှင့် သန့်ရှင်းသောဝိညာဉ်တော် ပေါင်းစပ်ခြင်းဖြစ်သည် (၁ကော ၁၂:၁၃)။

၂။         တည်မှီခြင်း အမှုတော်အားဖြင့် ငြိမ်သက်ခြင်း အရှင်ခရစ်တော်က အထံတော်သို့ သိမ်းသွင်းပါသည်။ အထံတော်၌ တည်မှီရသောကြောင့် ဖြောင့်မတ်ခြင်း၊ ကိုးကွယ်ခြင်းနှင့် အမှုတော်၌ ပါဝင်ခွင့်ရကြသည်။

၃။        ဘိသိက်ပေးခြင်း ဝိညာဉ်တော်ကိုယ်တိုင်သည် ဘုရားသခင်၏ သားသမီးများအား ခရစ်တော်အကြောင်း သွန်သင်ရန် ဘိသိက်ပေးထားသူဖြစ်သည် (၁ယော ၂:၂၇)။

၄။        တံဆိပ်ခတ်နှိပ်ခြင်း သန့်ရှင်းသောဝိညာဉ်တော်အား သန့်ရှင်းသူများအား အမွေတော်ခံသူများ ဖြစ်ကြောင်း တံဆိပ်ခတ်နှိပ်ထားပါသည်။ ထိုတံဆိပ်ခတ်နှိပ်ခြင်းသည် အမွေခံဖြစ်ကြောင်း အာမခံချက်ဖြစ်သည်(ဧ ၁:၁၃၊၁၄)။

ဤအချက်များသည် ယုံကြည်သူအသက်တာတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အမှုတော်အချို့ ဖြစ်ပါသည်။ ခရစ်တော်၌ တည်နေသူသည် အလိုအလျောက် နှစ်ခြင်းမင်္ဂလာခံယူသူ၊ ဘိသိက်ပေးထားသူ၊ တံဆိပ်ခတ်နှိပ်ခြင်းခံရသူ ဖြစ်သည်။

သို့သော် ဝိညာဉ်တော်ပြည့်စုံပုံခြင်း မတူညီကြပါ။ တပည့်တော်များသည်လည်း တချိန်တည်းတွင် တစ်မျိုးတည်း ပေးခြင်းသည်မဟုတ်။ အစဉ်အဆက်ဖြည့်ဆည်းကြသည်။ ကျမ်းစာတော်မြတ်ကလည်း ”ဝိညာဉ်တော်ဖြင့် ဖြည့်ဆည်းပြည့်စုံ ကြလော့”ဟုဆိုထားသည်။ တချိန်ချိန်တွင် ပုံစံတစ်မျိုးဖြင့် ရရှိကောင်းရရှိမည်။ သို့သော် ထိုရရှိသော ဝိညာဉ်တော်ကို စဉ်ဆက် မပြတ်ထိန်းသိမ်းဖြည့်ဆည်းရမည်။ ယနေ့ဖြည့်ဆည်းနိုင်သောအရာသည် မနက်ဖြန်ထိ စောင့်ဆိုင်းစရာမဟုတ်ပါ။ လက်ငင်းလိုအပ်ချက်ဖြစ်နိုင်သည်။ သန့်ရှင်းသောဝိညာဉ်တော်က လက်ငင်းလိုအပ်ချက်အရ ဖြည့်ဆည်းပေးခြင်း ဖြစ်နိုင် သည်။ သို့ကြောင့် ယုံကြည်သူသည် ဘုရားသခင်၏အစီအမံကို ဖြည့်ဆည်းပေးရသည်။

ယုံကြည်သူသည် ဝိညာဉ်တော်ဖြင့် မည်ကဲ့သို့ပြည့်စုံနိုင်မည်နည်း။ ထိုအကြောင်းကို ပေါလုက ဧဖက်သားအား မပြောပါ။ ဝိညာဉ်တော်ဖြင့် ပြည့်စုံဖို့သာပြောပါသည်။ သို့သော် အခြားကျမ်းပိုဒ်များဖြင့် ဝိညာဉ်တော်နှင့် ပြည့်စုံရမည့် အကြောင်းကို ရေးထားပါသည်။

၁။        အပြစ်ဟူသမျှကို ဖယ်ရှားပစ်ပါ (၁ယော ၁:၅-၉)။ အပြစ်ရှိနေသရွေ့ လူလွတ်မဖြစ်နိုင်။ အချုပ်အနှောင်ရှိနေသဖြင့် စင်ကြယ်သောအသက်တာမဖြစ်မီ လူလွတ်မဖြစ်နိုင်။

၂။         မိမိတို့အား ကိုယ်တော်၏ထိန်းကွပ်မှုအောက်သို့ အပြီးအပိုင် ဝကွက်အပ်နှံရသည်။ (ရော ၁၂:၁၊၂)။ ဆိုလိုသည်မှာ အလိုဆန္ဒ၊ အသိဉာဏ်၊ ခန္ဓာကိုယ်၊ အချိန်ကာလ၊ ပါရမီ၊ ဥစ္စာရတနာဟူသမျှကို အထံတော်သို့ အပ်နှံရသည်။ အသက်တာတစ်ခုလုံးအား ကိုယ်တော်ဝင်ရောက်ဖို့ တံခါးဖွင့်ထားရသည်။

၃။        နှုတ်ကပတ်တော်အားဖြင့် အသက်တာတွင်ကြွယ်ဝစွာ ကျိန်းဝပ်စိုးစံစေရမည် (ကော ၃:၆)။ ဆိုလိုသည်မှာ နှုတ်ကပတ်တော်ဖတ်ရှုခြင်း၊ သင်ယူခြင်း၊ နာခံခြင်းရှိရမည်။ အသက်တာတွင် နှုတ်ကပတ်တော်ကြွယ်ဝလျှင် အကျိုးဆက် လိုက်လာပါမည် (ကော ၃:၆)။ ထိုသို့ဖြင့် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝလာမည် (ဧ ၅:၁၉)။

၄။        နောက်ဆုံးမှာ အသက်တာအား ဝိညာဉ်တော်ဝင်ရောက်ဖို့ရန် ဟာလာဟင်းလင်း ရှင်းထားရမည် (ဂလာ ၂:၂ဝ)။ အသစ်ဖြည့်ဆည်းပေးရန် ခွက်ဟောင်းကို ပထမဦးစွာရှင်းလင်းထားရမည်။ ထိုကဲ့သို့ပင် သန့်ရှင်းသောဝိညာဉ်တော် ဖြည့်ဆည်းဖို့ မူလအခံဇာတိနှင့် အစဉ်အလာကို ဖယ်ရှားရှင်းလင်းထားရသည်။

ထိုအကြောင်းနှင့်ပတ်သက်၍ ဆရာတော်ကြီးတပါးက ဤသို့ရေးဘူးသည်။

သင့်အပြစ်များနှင့် ဝန်ထုပ်ဝန်ပိုးဟူသမျှကို  ခရစ်တော်၏ ပြီးပြည့်စုံသောအမှုတော်၌ ပုံအပ်လိုက်လျှင် သင့်ဝန်ထုပ်ဝန်ပိုးနှင့် အသက်တာကို သန့်ရှင်းသောဝိညာဉ်တော်အမှု၌ ပါဝင်သွားမည်။ နံနက်တိုင်း၊ နေ့ရက်တိုင်းသည် သန့်ရှင်းသောဝိညာဉ်တော်က စီစဉ်ဦးဆောင်သွားမည်။ သင့်နေ့ရက်စဉ်ဆက် အမှုအရာများနှင့် အကျင့်များကို ပျော်ရွှင်စွာ အသုံးပြုနိုင်မည်။ ကိုယ်တော်၏ လမ်းညွှန်မှုအောက်၌ သွားရမည့်ဘဝခရီးလမ်း ထွန်းလင်းဖြောင့်ဖြူးမည်။ သွန်သင်တော်မူချက်၊ အသုံးပြုတော်မူလိုသည့်အတိုင်း ပုံအပ်နာခံလိုက်ပါ။ ယုံကြည်ခြင်းနှင့် နာခံခြင်းမရှိပါ။ မိမိအစွမ်းအစဖြင့် ဝန်ထုပ်ဝန်ပိုးသယ်ပိုးဖို့ အပင်ပန်းမခံပါနှင့်။ သန့်ရှင်းသောဝိညာဉ်တော်အုပ်စိုးမှုကို နာခံပါ။ ဘုရားသခင်၏ ဘုန်းတော်ထင်ရှားစေလိုသည့်အတိုင်း သန့်ရှင်းသောဝိညာဉ်တော်က စီစဉ် ဦးဆောင်ပါမည်။

            ဝိညာဉ်တော်နှင့် ပြည့်ဝသည့်အချိန် သိရှိနိုင်ပါသလား။ စင်စစ်ဘုရားသခင်နှင့် နီးစပ်လေလေ၊ မိမိကိုယ်ကို အချည်းအနှီးသတ္တဝါ၊ အပြစ်ဗလပွဖြစ်မှန်း သိရှိလေလေဖြစ်ပါသည် (ဟေရှာ ၆:၁-၅ ကိုကြည့်)။ ကိုယ်တော်ထဲတွင် ရှိနေသူများသည် ဝါကြွားစရာအကြောင်း တစုံတရာမှမရှိပါ (လု ၅:၈)။ ဝိညာဉ်တော်ရောက်ရှိလွှမ်းမိုးခြင်းကို သတိမထား မိကြပါ။ ရောက်ရှိသည်ကိုလည်း မသိသာကြပါ။ ဝိညာဉ်တော်နှင့်ပြည့်ဝခြင်း ဆိုသည်မှာ ခရစ်တော်၌ အသက်ရှင် ခြင်းဖြစ်သည်။ ခရစ်တော်ပါရှိခြင်းဖြစ်သည်။ မိမိကိုယ်ကို ဖြည့်ဆည်းခြင်းမဟုတ်။

တချိန်တည်းတွင် ဘုရားရှင်ကို သိကျွမ်းလျှက် အသက်တာတွင် အသက်ရှင်လှုပ်ရှားနေမည်။ အရာခပ်သိမ်းကို သာမန်ထက် ထိုးဖောက်သိမြင်နိုင်စွမ်းရှိသည်။ အံ့ဖွယ်ရာအဖြစ်အပျက်အတွေ့အကြုံများ ကြုံတွေ့မည်။ ဘဝအသက်တာအား ဘုရားသခင်က တို့ထိမည်။ ဘုရားရှင်စီစဉ်ပေးသော အချိန်ဇယားအတိုင်း အသက်ရှင်သည်။ ပတ်ဝန်းကျင်ဖိစီးမှုများ အမှုမထားတော့ပါ။ သခင်ဘုရား၏ မောင်းနှင်အားအတိုင်း လှုပ်ရှားသည်။ အရာခပ်သိမ်းကို သခင်ဘုရားအတွက် အသက်ရှင်ခြင်းဖြစ်သည်။ အရာခပ်သိမ်းကို ဘုရားရှင်အတွက် ပုံအပ်ထားသည်။

:၁၉ ဝိညာဉ်တော်နှင့်ပြည့်ဝခြင်း၏ အကျိုးကျေးဇူး(၄)ရပ်ကို ရှင်းပြထားသည်။ ပထမဆုံးအချက်မှာ ဆာလံသီချင်းမှစ၍ ဓမ္မသီချင်းအမျိုးမျိုးတို့ကို အချင်းချင်းပြောဆိုကြသည်။ ဝိညာဉ်တော်ပြည့်ဝသောအခါ ပါးစပ်ဖျား တွင် သခင်ဘုရားအကြောင်းကိုသာ ပြောချင်ဆိုချင်လာသည်။ အချင်းချင်းဝေငှအားပေးလိုသော အသိစိတ် တဖွားဖွား ပေါ်လာသည်။ ချီးမွမ်းသီချင်း တကြော်ကြော်ဆိုချင်သည်။ ဆာလံသီချင်းကို သီချင်းသည်များက ဒါဝိဒ်၊ အာဆတ်နှင့် အခြားသူများ ရေးသားသီကုံးထားသော သီချင်းများဟူ၍ (၃)ပိုင်းရှိသည်ဟုဆိုကြသည်။ ဓမ္မသီချင်းဆိုသည်မှာ ဝိညာဉ်တော် မှုတ်သွင်းထားခြင်း မဟုတ်သော်လည်း ချီးမွမ်းကိုးကွယ်ရာ၌ သီဆိုရသောသီချင်းဖြစ်သည်။ ဝိညာဉ်ရေးရာသီချင်းများ ဆိုသည်မှာ ဘုရားသခင်သို့ တိုက်ရိုက်ဦးတည်သော သီချင်းမဟုတ်သော်လည်း တေးဂီတသံစဉ်အမျိုးမျိုးဖြင့် ရေးစပ်ဖော်ကျူး သော ဝိညာဉ်နိုးကြားရာ တေးဂီတများဖြစ်သည်။

ဒုတိယသက်သေခံချက်အနေဖြင့် နူးညွတ်သောစိတ်နှလုံးနှင့် သခင်ဘုရားရှေ့တော်၌ သီချင်းသီဆိုကြလော့ ဟုဆိုထားပါသည်။ ဝိညာဉ်တော်နှင့်ပြည့်ဝလျှင် ပျော်ရွှင်ခြင်းတသွင်သွင်စီးဆင်းလာသည် (တ ၁၃:၅၂)။ ဇာခရိသည် ဝိညာဉ်တော်နှင့်ပြည့်ဝသောအခါ စိတ်နှလုံးအကြွင်းမဲ့ဖြင့် သခင်ဘုရားအား ချီးမွမ်းသီဆိုသည် (လု ၁:၆၇-၇၉)။

:၂ဝ တတိယအချက်အနေဖြင့် ကျေးဇူးတော် ချီးမွမ်းတတ်သည်။ ခပ်သိမ်းသောအရာတို့၌ ကျေးဇူးတော်ကြီးလှပါ၏ဟု သခင်ယေရှုခရစ်တော်၏ နာမတော်ကိုထောက်၍၊ ခမည်းတော်ဘုရားသခင်ရှေ့ ကာလအစဉ်မပြတ်ဝန်ခံကြလော့။ ဝိညာဉ်တော်စိုးမိုးအုပ်စိုးသောနေရာတွင် ဘုရားသခင်ဘုန်းတော်၊ နာမတော် ထင်ရှားသည်။ ရံဖန်ရံခါမဟုတ်။ အမြဲတန်းစဉ်ဆက်မပြတ်စိုးမိုးသည်။ စိတ်ပျော်ရွှင်ခြင်းသာမက အရာခပ်သိမ်းကို လှပကြည်လင် လန်းဆန်းစေသည်။ နေရောင်ခြည်ကိုလည်း ကျေးဇူးစကားဆိုနိုင်သည်။ ဘဝမုန်တိုင်းထန်သောကာလတွင်လည်း ကျေးဇူးတော်ရေတွက်နိုင်သည်။ လောကကြီးကို အကောင်းမြင်သည်။

ခပ်တိုတိုပြောရလျှင် ဘဝအောင်မြင်သူဖြစ်သည်။

ဖြစ်ပျက်ကြုံတွေ့နေရသော အရာတိုင်းသည် ဘုရားသခင် ပြင်ဆင်ပေးထားခြင်းဖြစ်၍ ကျေးဇူးတော် ချီးမွမ်းရာသာဖြစ်သည်။ မည်သို့သော အတိဒုက္ခရောက်စေကာမူ ကျေးဇူးတော် ချီးမွမ်းလျှင် ကောင်းကြီးမင်္ဂလာသို့ ပြောင်းလဲသွားမည်။ နှုတ်ထွက်စကားတိုင်းသည်လည်း ပျော်ရွှင်ဖွယ်ရာ သတင်းများသာ ဖြစ်ပေမည်။ (သီးသန့်)

            :၂၁ စတုတ္ထအချက်မှာ ခရစ်တော်ကို ခန့်ညားသောအားဖြင့် အချင်းချင်း တစ်ယောက်အောက် တစ်ယောက် ကိုယ်ကိုနှိမ့်ချခြင်းဖြစ်သည်။ ထိုအကြောင်းကို Erdman  က ဤသို့ဖွင့်ဆိုသည်။

ဤအချက်ကို အမှုမဲ့အမှတ်မဲ့ပြုတတ်ကြသည်။ ဝိညာဉ်တော်ဖြင့် ဆန်းစစ်ခြင်းဖြစ်သည်။ ယုံကြည်သူ အများစုသည် ဟာလေလုယာ ဟုဟစ်ကြွေး၍ အသံကုန်ချီးမွမ်းခြင်း၊ အခြားသောဘာသာစကားဖြင့် ပြောဆိုခြင်းဖြင့် သန့်ရှင်းသောဝိညာဉ်တော်ဖြင့် ပြည့်ဝကြောင်း ပြသကြသည်။ ထိုသို့ပြုလုပ်ခြင်းသည် အမှန်တကယ်ပြည့်ဝခြင်းဖြစ်နိုင်သော်လည်း မိမိကိုယ်ကိုလိမ်ညာခြင်းလည်း ဖြစ်သည်။ သီတင်းသုံးဖော် ညီအကိုများအား အနှောင့်အယှက်ဖြစ်စေနိုင်သည်။ ထို့ထက်စာလျှင် နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်သီးခံခြင်း၊ ဖော်ရွေခြင်းများသည် အမှားအယွင်းမရှိသော ဝိညာဉ်ခွန်အားပြည့်ဝခြင်းဖြစ်သည်။ ခရစ်တော်ဘုရားကို ဝန်ခံလျှင် ချစ်ကြောက်ရိုသေရသည်။ တည်ကြည်ငြိမ်သက်စွာ သခင်ဘုရားဝတ်ပြုခြင်းသည် သခင်ဘုရားအား အရှင်သခင်အဖြစ် လေးစားကြည်ညိုရာ ရောက်ပါသည်။၃၇

            ထို့ကြောင့် ဝိညာဉ်တော်နှင့်ပြည့်ဝခြင်းကို အပြောအဆို၊ ကျူးဧသီဆိုခြင်း၊ ကျေးဇူးတော်ချီးမွမ်းခြင်း၊ ဝန်ခံခြင်း (၄)ရပ်ဖြင့် ပြသရသည်။ ထို့အပြင် အခြားအင်္ဂါရပ်(၄)ခုလည်းရှိသည်။

၁။        အပြစ်အား ပြစ်တင်ဝံ့သည့်သတ္တိ (တ ၁၃:၉-၁၂)။

သခင်ဘုရားအားသက်သေခံခြင်း (တ ၄:၈-၁၂၊ ၃၁၊ ၁၃:၅၂-၁၄:၂၊ ၃)။

၂။         အမှုတော်ထမ်းဆောင်ခြင်း အစွမ်းသတ္တိ (တ ၁:၈၊ ၆:၃၊ ၈၊ ၁၁:၂၄)။

၃။        သဘောထားကြီးမြတ်ခြင်း (တ ၄:၃၁၊ ၃၂)။

၄။        ခရစ်တော်အား ချီးမြှောက်ခြင်း (တ ၉:၁၇၊ ၂ဝ) နှင့် ဘုရားသခင်အားချီးမြှောက်ခြင်း (တ ၂:၄၊၁၁၊ ၁ဝး၄၄၊၄၆)။

သန့်ရှင်းသောဝိညာဉ်တော်ဖြင့် လူတိုင်းအား ပြည့်ဝစေချင်သည်။ သို့သော် မိမိဂုဏ်သိက္ခာအတွက် မဟုတ်ဘဲ ဘုရားသခင် ဘုန်းတော်ထင်ရှားဖို့ရန် ဖြစ်ရမည်။

() ခရစ်ယာန်အိမ်ထောင်စု၌ ဘုရားတရားကိုင်းရှိုင်းခြင်း (:၂၂:)

          :၂၂ သင်ခန်းစာအသစ်ဖြစ်သော်လည်း အထက်ပါကျမ်းပိုဒ်နှင့် ဆက်စပ်မှုမပြတ်ပါ။ ဝိညာဉ်တော်နှင့် ပြည့်ဝသူများ အချင်းချင်း ဆက်ဆံရေးအကြောင်း သွန်သင်ခဲ့ပြီးနောက် ၅:၂၂ မှ ၆:၉ တွင် ခရစ်ယာန်အိမ်ထောင်စု၌ ဘုရားသခင်အလိုတော် နှင့်အညီ ပြုလုပ်ရန်သွန်သင်သည်။

အချင်းမိန်းမတို့၊ ကိုယ့်ခင်ပွန်း၏အုပ်စိုးခြင်းကို ဝန်ခံလော့။

          သားသမီးများသည်လည်း မိဘအုပ်ထိန်းမှုကို နာခံရမည်။

အစေခံကျွန်များသည်လည်း သခင်၏အုပ်စိုးမှုကို ဝန်ခံရမည်။

ယုံကြည်သူများသည် သခင်ခရစ်တော်၌ တလုံးတဝတည်းဖြစ်သည်ဆိုသည်မှာ လောကမျိုးနွယ်တော်စပ်မှုအား နှောင့်ယှက်ဖျက်ဆီးခြင်းမဟုတ်ပါ။ ဘုရားသခင်က စီမံခန့်ခွဲထားသော နိုင်ငံတော်အစိုးရနှင့် အာဏာပိုင်များဟူ၍ နှစ်မျိုးနှစ်စားရှိရစမြဲဖြစ်သည်။ အာဏာရှင်က လုပ်ထုံးလုပ်နည်းပြဋ္ဌာန်း၍ ပရိသတ်က လိုက်နာရသည်။ ထိုနိယာမသည် ဘုရားသခင်၏ဦးဆောင်မှုကို အခြေခံခြင်းဖြစ်သည်။ ”ခရစ်တော်၏ခေါင်းကား ဘုရားသခင်ဖြစ်တော်မူသည်ကို သင်တို့ သိမှတ်စေခြင်းငှာ ငါအလိုတော်ရှိ၏” (၁ကော ၁၁:၃)။ ဘုရားသခင်က အစိုးရမင်းများကို ခန့်အပ်ထားပါသည်။ သို့ကြောင့် မည်သို့ပင်ဖြစ်စေ၊ အစိုးရမရှိခြင်းထက် ရှိခြင်းကပိုကောင်းသည်။ သို့ကြောင့် ဘုရားသခင်၏စကားအား ငြင်းပယ်ရာ မရောက်အောင် အစိုးရမင်း၏အုပ်ချုပ်မှုကို ဝန်ခံလေးစားရသည်။ အစိုးရမရှိသောအဖွဲ့အစည်းသည် မင်းမဲ့တိုင်းပြည် ဖြစ်သည်။ အစိုးရမင်းမရှိလျှင် တိုင်းသူပြည်သားများသည် အငြိမ်မနေရ၊ ကျီးလန့်စာစားရသည်။

အိမ်ထောင်မိသားစုတွင်လည်း ထိုနည်းအတိုင်းဖြစ်သည်။ အိမ်ထောင်ဦးစီးရှိရသည်။ ထိုအိမ်ထောင်ဦးစီး၏ ဦးဆောင် မှုကို နာခံရသည်။ ဘုရားရှင်သည် ယောက်ျားများကို အိမ်ထောင်ဦးစီးအဖြစ် ခန့်အပ်ထားပါသည်။ ပထမဦးစွာ လူယောက်ျား ဖန်ဆင်း၍ ထို့နောက်မှ လူမိန်းမဖန်ဆင်းခြင်းဖြင့် သိသာထင်ရှားပါသည်။ ထိုသို့ဖန်ဆင်းခြင်းသည် ရည်ရွယ်ချက်ရှိသည်။ နောက်မှ ဖန်ဆင်းသောမိန်းမက ဦးစွာဖန်ဆင်းသောယောက်ျားအား ဝန်ခံလေးစားရန်ဖြစ်သည်။

ဝန်ခံခြင်းဆိုသည်မှာ ယုတ်နိမ့်ခြင်းမဟုတ်ပါ။ သခင်ယေရှုခရစ်တော်သည်လည်း ဘုရားသခင်ကို ဝန်ခံသည်။ သို့သော် ဘုရားသခင်ထက် မယုတ်နိမ့်ပါ။ ထိုကဲ့သို့ပင် မိန်းမများသည်လည်း ယောက်ျားများကိုဝန်ခံသောကြောင့် ယုတ်နိမ့် သည်မဟုတ်။ သာလွန်သောအချက်များစွာရှိပါသည်။  ဥပမာအားဖြင့် ဆက်ကပ်ကိုးကွယ်ခြင်း၊ သနားကြင်နာခြင်း၊ စိတ်ရှည် သီးခံခြင်း၊ ဒဏ်ခံနိုင်ခြင်းတို့တွင် ယောက်ျားများထက် သာလွန်ကြပါသည်။ သို့သော်လည်း မိန်းမများသည် မိမိတို့လင် ယောက်ျား၏ အုပ်စိုးခြင်းကို ဝန်ခံရမည် ဟုဆိုထားသည်။ မိမိလင်ယောက်ျားကို ဝန်ခံခြင်းသည် သခင်ဘုရား၏ အုပ်စိုးမှုကို ဝန်ခံခြင်းဖြစ်ပါသည်။ နာခံခြင်းတစ်ဘက်တွင် ပုန်ကန်တော်လှန်ခြင်းရှိသည်။ ထို့ကြောင့် နာခံခြင်းမရှိလျှင် ဘုရားရှင်၏ပညတ်ချက်အား ပုန်ကန်ရာရောက်ပါသည်။

မနာခံခြင်း၏ဆိုးကျိုးများကိုလည်း သမိုင်းတွင် အထင်အရှားတွေ့မြင်ခဲ့ကြပြီးဖြစ်သည်။ ကိုယ်နှင့်မဆိုင်ဘဲ ခေါင်းဆောင်မှုဝင်ရောက်နေရာယူသောကြောင့် ဧဝအားဖြင့် လူ့သမိုင်းတွင် ဂန္တဝင်အပြစ်ဝင်ရောက်ခဲ့သည်။ မိမိလင်သား၏ အုပ်စိုးမှုကို မနာခံခြင်း၏အပြစ်မှတ်တိုင်ဖြစ်သည်။ ယနေ့ခေတ်ကာလတွင်လည်း မှားယွင်းသောဆရာများ၏ သွန်သင်ချက် လေသံနောက်သို့ နားယောင်ပြီး၊ ဘုရားသခင်၏သွန်သင်ချက်တွင် မပါသောလမ်းစဉ်သို့ မိန်းမများ သွေးရူးသွေးတန်း ထလာကြသည်။ ဒေသန္တရအသင်းတော်တွင် မိန်းမများ ဘုရားသခင်၏ရာထူး ဝင်ရောက်နေရာလုယူကြခြင်းသည် အသင်းတော်ပျက်စီးစေသည့် အကြောင်းဖြစ်သည်။ ထိမ်းမြားလက်ထပ်ခြင်းကို ဖျက်ဆီးခြင်း၊ အိမ်ထောင်မိသားစု တရားတော်ကို ဖြိုဖျက်ခြင်းဖြစ်သည်။

အသင်းတော်တွင် မိန်းမများ ရာထူးရာခံပေးခြင်းဖြင့်လည်း ဆွဲဆောင်စရာပို၍ဖြစ်မလာပါ။ မယားကောင်းနှင့် မိခင်ကောင်းဖြစ်ဖို့သာ အလိုတော်ရှိပါသည် (သု ၃၁)။ မယားကောင်း၊ မိခင်ကောင်းသည် ဘုရား၏စိတ်တော်နှင့် ထိတွေ့ရာ ဖြစ်သည်။

:၂၃ ခင်ပွန်းသည်ကို အဘယ့်ကြောင့်ဝန်ခံရမည်နည်းဆိုသော် လင်သားသည် မယား၏ ဦးခေါင်းဖြစ်သည်။ ထိုလင်မယား၏တော်စပ်မှုသည် ခရစ်တော်နှင့်အသင်းတော် တော်စပ်မှုမျိုးဖြစ်သည်။ ခရစ်တော်သည် အသင်းတော်၏ ဦးခေါင်းဖြစ်သည်။ ထိုကဲ့သို့ပင် လင်ယောက်ျားသည်လည်း မယား၏ဦးခေါင်းဖြစ်သည်။ ဦးခေါင်းဖြစ်တော်မူသည့် အတိုင်း ခန္ဓာကိုယ်ကို ချစ်ခင်ရသည်။ ဦးဆောင်ရသည်။ ဦးစီးရသည်။ ကျွေးမွေးရသည်။ ထောက်ပံ့ရသည်။ ကာကွယ်ရ သည်။ စောင့်ရှောက်ရသည်။

ယနေ့ခေတ်ကာလတွင် ဤသွန်သင်ချက်ကို ခါးခါးသီးသီးငြင်းဆိုသူများရှိသည်။ ပေါလုအား တကိုယ်ရေ တကာယ သမား၊ မျက်ကန်းဝါဒီ၊ တဖက်စောင်းနင်းအမြင်ရှိသူ၊ မိန်းမမုန်းတီးသူအဖြစ် စွပ်စွဲကြသည်။ အချို့က ထိုခေတ်ထိုအခါ အတွက်သာ အကျုံးဝင်သည်။ ယနေ့ခေတ်ကာလနှင့်မဆိုင်ဟု အာခံကြသည်။ ထိုသို့ပြောဆိုနှုတ်စွာခြင်းသည် သမ္မာကျမ်းစာ အား ထိပ်တိုက်ရင်ဆိုင်ရာရောက်ပါသည်။ ပေါလု၏စကားသက်သက်မဟုတ်ပါ။ ဘုရားသခင်၏ နှုတ်ကပတ်တော် ဖြစ်ပါ သည်။ ထို့ကြောင့် ထိုစကားကို ငြင်းဆန်ခြင်းသည် ဘုရားသခင်၏နှုတ်ကပတ်တော်အား ငြင်းပယ်ခြင်း၊ နှုတ်ကပတ်တော် အား မထီမဲ့မြင်ပြုခြင်းဖြစ်သည်။

:၂၄ လင်နှင့်မယားတော်စပ်မှုသည် ခရစ်တော်နှင့် ခရစ်တော်၏သတို့သမီးအသင်းတော် တော်စပ်မှုနှင့် အတူတူ ဖြစ်သည်။ အသင်းတော်သည် မယားဝတ်စောင့်ထိန်းရသည်။ အရာရာ၌ဝန်ခံရသည်။ ဆိုလိုသည်မှာ အရာခပ်သိမ်း၌ သခင်ဘုရား၏ဦးဆောင်မှုကို ခံယူရသည်။ သခင်ယေရှုကို ယုံကြည်လက်ခံသော မယားတိုင်းသည် ဘယ်သောအခါမှ မိမိလင်အားအုပ်စိုးရန် ကြိုးပမ်းခြင်းမရှိ။ မိမိလင်ယောက်ျားသည် မယုံကြည်သူဖြစ်သည့်တိုင်အောင် စိုးမိုးအုပ်စိုးခြင်း မကြိုးစားရ။ အစဉ်အမြဲနာခံရသည်။

:၂၅ မယားများသာဆုံးမ၍ လင်ယောက်ျားများကို ခွင့်လွှတ်ထားမည်ဆိုလျှင် တရားမျှတမည်မဟုတ်။ တဖက် စောင်းနင်းဖြစ်သွားမည်။ ထို့ကြောင့် တရားမျှတစွာ လင်ကျင့်ဝတ်ကိုလည်း ပြဋ္ဌာန်းပေးသည်။ လင်ယောက်ျားများသည် မယားများကို အုပ်ချုပ်ခြင်းသာ အုပ်စိုးစေသည်မဟုတ်။ ခရစ်တော်က အသင်းတော်ကိုချစ်သကဲ့သို့ မိမိတို့မယားများကို ချစ်ရမည် ဟု ပြဋ္ဌာန်းထားပါသည်။ အသင်းတော်သည် ခရစ်တော်၏ ချစ်ခြင်းမေတ္တာခံယူ ရရှိသကဲ့သို့ မိန်းမများသည် လည်း လင်ယောက်ျား၏ချစ်ခြင်းမေတ္တာကို တောင်းဆိုရယူပိုင်ခွင့်ရှိကြပါသည်။ တစ်ခါက မိမိမယားကို တုန်နေအောင် ချစ်သော လင်ယောက်ျားအား အမှုတော်ဆောင်က ”ခရစ်တော်က အသင်းတော်ကိုချစ်သည်ထက် သင့်မိန်းမကိုပိုချစ်နိုင် သလား”ဟုမေးသည်။ ဘာမှပြန်မဖြေပါ။ ”မချစ်ဘူးလား” ဟုမေးသောအခါ ”ဆရာလည်း ဆရာ့မိန်းမကို အလွန်ချစ်တာပဲ မဟုတ်လား”ဟု မေးဖြေဖြေသွားသည်။ ခရစ်တော်သည် အသင်းတော်ကို ကာလသုံးပါးစလုံးချစ်သည်။ ခရစ်တော်က သူကိုယ်တိုင် အသင်းတော်ကို အသက်ပေးချစ်ခဲ့သည်။ ဆိုလိုသည်မှာ ကားတိုင်ပေါ်မှာ အသေခံခြင်းဖြစ်သည်။ ကိုယ်တော်၏ သတို့သမီးအတွက် အဖိုးကြီးမားဆုံးသော ဆုလက်ဆောင်ပေးခဲ့သည်။ အာဒံသည် ဧဝအား နံရိုးတစ်ချောင်း ပေးလှူသကဲ့သို့ ခရစ်တော်သည်လည်း နံရိုးမှဒဏ်ရာဒဏ်ချက်များ ခံစားရသည်အထိ အသင်းတော်ကို ချစ်မြတ်နိုးပေါ်ထွန်း စေခဲ့သည်။

:၂၆ မျက်မှောက်ပစ္စုပ္ပန်ကာလတွင်လည်း အသင်းတော်၌ ပါဝင်လှုပ်ရှားခြင်းဖြင့် ခရစ်တော်၏ချစ်ခြင်းမေတ္တာကို တွေ့မြင်နိုင်သည်။ ကိုယ်တော်သည် အသင်းတော်ကို ရေဖြင့်သန့်ရှင်းစေပြီးလျှင် နှုတ်ကပတ်တော်ဖြင့် ဘုရားသခင် အား ဆက်ကပ်တော်မူသည်။ သန့်ရှင်းစေခြင်းဆိုသည်မှာ အထံတော်၌ တည်မှီခြင်းဖြစ်သည်။ အသင်းတော်သည် အနေအထားအားဖြင့် အမြဲစင်ကြယ်သည်။ နေ့စဉ်နေ့တိုင်း ခရစ်တော်နှင့်နေရလျှင် သန့်ရှင်းစင်ကြယ်သည်။ ဧသတဘုရင်မ သည် သူ၏အလှအပများကို အာရွှေဂုဘုရင်မင်းထံသို့ ဆက်သရန် (ဧသ ၂:၁၂-၁၆) တစ်နှစ်ပတ်လုံးဆေးကြောသန့်စင် ပြင်ဆင်မှုလုပ်ထားရသည်။ သန့်ရှင်းစင်ကြယ်ရန် နှုတ်ကပတ်တော်ရေဖြင့် ဆေးကြောရသည်။ ဆိုလိုသည်မှာ နှုတ်ကပတ်တော်ကြားနာ၍ နာခံသူသည် အသက်တာသန့်ရှင်းစင်ကြယ်သည်။ ထို့ကြောင့် ခရစ်တော်ဘုရားက တပည့်တော်များအား ”သင်တို့သည် ငါဟောပြောသောစကားအားဖြင့် ယခုပင်ရှင်းလင်းလျှက်ရှိ၏” (ယော ၅:၁၃) ဟုဆိုသည်။ ထို့အပြင် ပိုမိုသန့်ရှင်းစင်ကြယ်စေရန် ”ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကို သန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပတ်တော်သည် သမ္မာတရားဖြစ်ပါ၏” ဟု ဆက်လက်ဆုတောင်းပေးသည်။ ခရစ်တော်၏ အသွေးတော်ဖြင့် အပြစ်ဟူသမျှကို တစ်ခါတည်းအပြီးအစီး ဆေးကြောခဲ့သည်။ နေ့စဉ်အသက်တာတွင် ပေကျံသောအပြစ်များ ကိုမူ နှုတ်ကပတ်တော်ဖြင့် နေ့ရက်စဉ်တိုင်း ဆေးကြောရပါသည်။ အသင်းတော်သည် ယခုကာလတွင်လည်း သန့်ရှင်း စင်ကြယ်၍ ထိုသို့စင်ကြယ်ခြင်းမှာ နှုတ်ကပတ်တော်ရေဖြင့် စင်ကြယ်ခြင်းဖြစ်ကြောင်း ဤကျမ်းပိုဒ်က သွန်သင်ပါသည်။

:၂ရ ခရစ်တော်၏ချစ်ခြင်းမေတ္တာတော်သည် အတိတ်ကာလတွင် ရွေးနှုတ်ခြင်းဖြင့် သန့်ရှင်းစေသည်။ ပစ္စုပ္ပန်ကာလတွင် နှုတ်ကပတ်တော်ဖြင့် စင်ကြယ်စေသည်။ အနာဂတ်တွင်လည်း ဘုန်းတန်ခိုးပြည့်ဝစေဦးမည်။ အသရေ တင့်တယ်လျှက်ရှိသော အသင်းတော်ကို ခရစ်တော်သည် မိမိအားဆက်သအံ့သောငှာ၊ နှုတ်ကပတ်တော်ရေ၌ ဆေးကြောခြင်းအားဖြင့် သန့်ရှင်းစင်ကြယ်စေမည့်အကြောင်း၊ ထိုအသင်းတော်အဘို့အလို့ငှာ ကိုယ်ကိုစွန့်တော်မူ၏။ အသင်းတော်သည် အညစ်အကြေးတင်ခြင်း၊ သရေတွန့်ခြင်းမရှိ ဝိညာဉ်ရေးရာပြည့်ဝနေပေမည်။ ထိုအကြောင်းကို A.T.Pierson  က ဤသို့ရှင်းပြသည်။

စဉ်းစားကြည့်ပါ။ အရာရာကိုထွင်းဖောက်သိမြင်နိုင်သော မျက်စိဖြင့်ကြည့်သောအခါ မှဲ့တပေါက်မစွန်း၊ အသားအရေ တတွန့်မရှိအောင် ပြေပြစ်ချောမောသောမျက်နှာသည် အဘယ်မျှကျက်သရေမင်္ဂလာ ပြည့်ဝမည်နည်း။ အဘယ်မျှ ဂုဏ်ကျက်သရေ တင့်တယ်မည်နည်း။၃၈

F.W.Grant  ကလည်း ဤသို့သဘောတူထောက်ခံသည်။

အရှုံ့အတွ၊ အထင်းအစင်းမပေါ်၊ ဇရာလက္ခဏာမရှိ၊ ထာဝရနုပျိုသစ်လွင်နေပေမည်။ ဘယ်သောအခါမူမှ မောပန်းနွမ်းရိခြင်း မရှိ။ အစဉ်တက်ကြွလန်းဆန်းမည်။ အသင်းတော်သည် အပြစ်ဆိုဖွယ်မရှိ သန့်ရှင်းစင်ကြယ်နေပေသည်။ အသင်းတော်သမိုင်းတလျှောက်တွင် အပြစ်ကိုအနိုင်ယူ အောင်ပွဲခံသော မင်္ဂလာသတင်းသည် ဘုရားရှင်၏ဘုန်းတန်ခိုး ထင်ရှားခြင်း ဖြစ်ပေသည်။၃၉ 

:၂၈ ခရစ်တော်နှင့် အသင်းတော်၏ ချစ်ကျွမ်းဝင်ပုံကို သွားရေကျလောက်အောင် နမူနာရှင်းပြပြီးနောက် လင်ယောက်ျားများအား မိမိမိန်းမများကို ထိုကဲ့သို့ချစ်ခင်ကြရန် တဖန်တိုက်တွန်းသည်။ ထိုနည်းတူ ယောက်ျားတို့သည် မိမိခင်ပွန်းကို ချစ်ရမည်ဟု ဆုံးမသည်။ မိမိခန္ဓာကိုယ်ကိုချစ်သကဲ့သို့ မိမိမယားများကို ချစ်ရမည်ဟု ဆိုသည်။

ဂရိကျမ်းမူတွင်မူ ငယ် ၂၂-၂၃ ၌ မိမိကဲ့သို့ ဟူသောစကားလုံးကို (၆)ကြိမ်တိုင်တိုင် သုံးထားသည်။ ထိုစကားလုံး သည် ဘုရားသခင်က ဘုရားလူများအား ချစ်ခင်ပုံကို ပြသခြင်းဖြစ်သည်။ ဓမ္မဟောင်းကျမ်းတွင် မိန်းမအများအပြား တပြိုင်တည်း ယူခွင့်ပြုသော်လည်း ဓမ္မသစ်ကျမ်းတွင်မူ အသိအမှတ်မပြုပါ။

လင်နှင့်မယားဆက်ဆံရေးသည် စိတ်ဝင်စားဖွယ်ကောင်းသော ယဉ်ကျေးမှုအနုပညာဖြစ်သည်။ အဘိဓမ္မာဆန်သည်။ မိမိခန္ဓာကိုယ်ကိုချစ်သကဲ့သို့ မိမိမယားကိုချစ်ပါ (ငယ် ၂၈) ဟုဆိုသည်။ မိမိကိုယ်ကို (ငယ် ၂၈း၃၃)နှင့် မိမိခန္ဓာကိုယ်ကဲ့သို့ (ငယ် ၂၉)ဟု ဆိုသည်။ လင်မယားပြုခြင်းသည် နှစ်ကိုယ့်တကိုယ်၊ နှစ်ဘဝမှတစ်ဘဝပေါင်းစပ်ခြင်းဖြစ်သည်။ မိမိမယားကို ချစ်ခင်သူသည် မိမိခန္ဓာကိုယ်ကိုချစ်ခင်ခြင်းဖြစ်သည် ဟု ကျမ်းစာက သွန်သင်ပါသည်။

:၂၉ လူသည် မိမိအသက်ခန္ဓာကို အထူးဂရုစိုက်စောင့်ထိန်းသူဖြစ်သည်။ အစားအစာကျွေးသည်၊ အဝတ်အစား ဆင်မြန်းသည်၊ ဆေးကြောသန့်စင်သည်၊ သက်သာဇိမ်ကျအောင်စီစဉ်ပေးသည်။ ဒဏ်ရာ၊ အနာတရမှ ကာကွယ်ပေးသည်။ အမြဲတန်း ဂရုစိုက်ထိန်းသိမ်းသည်။ ခရစ်တော်က အသင်းတော်အား ဂရုစိုက်စောင့်ရှောက်ခြင်း၏ ပုံရိပ်ဖြစ်သည်။

:၃ဝ ကျွန်ုပ်တို့သည် ခရစ်တော်၏ ခန္ဓာကိုယ်အစိတ်အပိုင်းများဖြစ်သည်ကို စွဲမှတ်ရမည်။ ဘုရားသခင်၏ ကျေးဇူးတော်သည် ကြီးမားလှပါသည်။ အပယ်ငရဲမှလွတ်မြောက်စေသည်သာမက ခရစ်တော်၏ခန္ဓာကိုယ်အစိတ်အပိုင်း အဖြစ်သို့လည်း ပြုလုပ်စီမံသည်။ ကိုယ်တော်၏ချစ်ခြင်းမေတ္တာတော်သည် ကြီးမားလှပါသည်။ ကိုယ်တော်၏ ခန္ဓာကိုယ် အဖြစ်သို့ ချီးမြှောက်သည်။ ဂရုစိုက်သည်၊ ပြုစုသည်၊ စင်ကြယ်စေသည်၊ လေ့ကျင့်ပျိုးထောင်သည်၊ အဘယ်မျှ လုံခြုံပါ သနည်း။ ကောင်းကင်နိုင်ငံတွင် ကျွန်ုပ်တို့မပါဘဲမနေလို။ ခရစ်တော်၌ အသက်တာပေါင်းဖက်ရသည်။ ခန္ဓာကိုယ်၌ သက်ရောက်မှုသည် ဦးခေါင်း၌ သက်ရောက်သည်။ ဦးခေါင်းနှင့်ခန္ဓာကိုယ် တဆက်တည်းဖြစ်ကြသည်။

:၃၁ တ ၂:၂၄ ပါ ထိမ်းမြားလက်ထပ်ခြင်းကို တမန်တော်ကြီးက ရှင်းပြသည်။ ပထမဦးစွာ အနီးစပ်ဆုံးသွေးသားသည် မိဘများဖြစ်သည်။ အိမ်ထောင်ပြုလာသောအခါတွင်မူကား အနီးစပ်ဆုံး သွေးသားဆွေမျိုးသည် အိမ်ထောင်ဘက် ဖြစ်သည်။ မိဘများကို စွန့်ခွာ၍ ခင်ပွန်းသည်ကို မှီဝဲသည်။ ဒုတိယအဆင့်အနေဖြင့် ထိုအကြင်လင်မယားသည် တစ်သွေးတစ်ကိုယ်တည်းဖြစ်သွားကြသည်။ နှစ်ကိုယ့်တစ်ကိုယ်၊ နှစ်ဘဝတစ်ဘဝ ဖြစ်သွားကြသည်။ မှတ်သားရန်မှာ ပညတ်တရားဖြင့်ချုပ်နှောင်၊ မင်္ဂလာတရားဖြင့် ရစ်ပတ်ထားသည်။

:၃၂ ဤအရာသည် အလွန်နက်နဲသောအရာဖြစ်သည်။ ထိုသို့ဆိုသော် ခရစ်တော်နှင့် အသင်းတော်ကို ရည်မှတ်၍ ဆိုသတည်း။ ထိမ်းမြားလက်ထပ်ခြင်း၊ အိမ်ထောင်ပြုခြင်းသည် လျှို့ဝှက်နက်နဲသောအရာဖြစ်သည်ဟု ပေါလုက တရားသဘောအားဖြင့် ရှုမြင်သည်။ အကြင်လင်မယား၏ ပေါင်းဖက်ခြင်းသည် အသင်းတော်နှင့် ခရစ်တော် ဆက်စပ် ပေါင်းသင်းခြင်းနှင့် တူသည်ဟု ပုံနှိပ်ထားသည်။       

          လျှို့ဝှက်နက်နဲသောအရာ ဟုဆိုရာတွင် နားမလည်နိုင်သောအရာဟု ဆိုလိုခြင်းမဟုတ်။ သမ္မာတရား၏ နက်ရှိုင်းမှုကို ထောက်ပြခြင်း ဖြစ်သည်။ ရှေးကာလတွင်မူ နက်နဲသောအရာများကို မမြင်သာအောင် လျှို့ဝှက်ထားသော်လည်း ယခုကာလတွင် ထုတ်ဖော်ပြသနေပြီ။ ဘုရားသခင်၏သားတော်အားဖြင့် တိုင်းနိုင်ငံသားများကို သတိုးသမီးအဖြစ် ကမ်းလှမ်း စေ့စပ်ထားပါသည်။ အိမ်ထောင်ပြုခြင်းသည် ခရစ်တော်နှင့် အသင်းတော် ပေါင်းဖက်စုံမက်ခြင်းကဲ့သို့ မြဲမြံခိုင်မာသည်။

ခရစ်တော်၌ဝိညာဉ်တစ်ခုတည်း။

            ယေရှုဘုန်းတော်ထင်ရှားရာ

            အသင်းတော်အတွက် အသွေးတော်သွန်းလောင်း ခရစ်တော်၏ခန္ဓာ သတို့သမီးမြင်ရပြီ

Mary Bowley  Peter

:၃၃ အကြင်လင်မယားနှင့်ပတ်သက်သော နောက်ဆုံးသွန်သင်ချက်ကျမ်းပိုဒ်ဖြစ်သည်။ ကိုယ့်ကိုကိုယ် အသီးသီး ချစ်ကြသကဲ့သို့ကိုယ့်ခင်ပွန်းကို ချစ်ကြလော့ကိုယ့်ကိုကိုယ်ချစ်ပါဟုဆိုလိုခြင်းမဟုတ်။ နှစ်ကိုယ့်တစ်ကိုယ် ဖြစ်ကြသည်ကို သိမှတ်ပါဟုဆိုလိုခြင်းဖြစ်သည်။ မိန်းမများသည် မိမိကိုယ်ကို တယုတယထားသကဲ့သို့ လင်သားကို ရို သေရမည်။ နာခံရမည်။ ထိုအကြောင်းကိုခဏမေ့ပြီး ယနေ့ခေတ်ကာလလင်မယားများကို တစေ့တစောင်း ကြည့်ရအောင်။ မည်သို့မည်နည်း။ မည်မျှလိုက်နာကြပါသနည်း။ တစ်ယောက်နှင့်တစ်ယောက်မခေါ်မပြောခြင်း၊ တသီး တခြားစီနေခြင်း၊ ကွာရှင်းပြတ်စဲခြင်းမပြုရပါ။ အမှန်စင်စစ် အိမ်ထောင်မိသားစုသည် လောကကောင်းကင်နိုင်ငံ ဖြစ်သည်။

Previous Article
Next Article