ကမ္ဘာဦးကျမ်း ၁၁

() ဗာဗေလမျှော်စဉ် (အခန်း ၁၁)

          ၁၁: အခန်းကြီး (၁၀)တွင် ပါရှိသော လူမျိုးနွယ်စုများ ဘာသာစကားအမျိုးမျိုး ကွဲပြားကြပုံကို အခန်ကြီး ၁၁:၅၊ ၂၀၊ ၃၁ တို့တွင် ရှင်းပြထားသည်။ အဘယ်ကြောင့် ထိုသို့ကွဲပြား ခြားနားကြသည့် အကြောင်းကို လေ့လာကြည့်ကြရအောင်။ ဘုရားသခင်က ရေကြည်ရာ မြက်နုရာဒေသ အသီးသီးမှာ ပျံ့နှံ့နေစေချင်သော်လည်း လူများသည် ရှိနာပြည် (ဗာဗုလုံ)တွင် မျှော်စင် တည်ဆောက်ကြသည်။လာကြ၊ အုတ်ဖုတ်၍ ခိုင်မာစွာ တည်ဆောက်ကြကုန်အံ့၊ မြို့ကို၎င်း၊ မိုးကောင်းကင်သို့ မှီရသော ရဲတိုက်ကို၎င်း၊ တည်ဆောက်၍ ကျော်စောကိတ္တိရှိခြင်းငှါ ပြုကြကုန်အံ့ ဆိုကြသည်။ ထိုသို့ပြလုပ်ခြင်းသည် မာန်မာနထောင်လွှာခြင်း၊ ကျော်စောကိတ္တိ လိုလားခြင်း တနည်းအားဖြင့် လူ့အကျင့်မာန အကြောင်း အားနည်းခြင်း ဖြစ်သည်။ ထိုသို့ မိုးထိ အောင်လှေကားထောင်ဖို့ ကြိုးစားခြင်းသည် ဝိညာဉ်ရေးရာအမြင်တွင် မိမိ ကြိုးစားအားထုတ်မှု အကျင့်သီလအားဖြင့် ကယ်တင်ခြင်းရရှိရန် ကြိုးစားခြင်း နှင့်တူပါသည်။ အမှန် စင်စင်တွင် ကယ်တင်ခြင်းသည် အခမဲ့ လက်ဆောင်ပေးထားပြီးဖြစ်သည်။ ထိုလက်ဆောင်ကို မတွေ့ရှိဘဲ မိမိနည်းဟန်ဖြင့် ကြိုးပမ်းခြင်းသည် အချည်းနှီးမိုက်မဲမှုဖြစ်သည်။

၁၁: ဘုရားသခင်က ဘာသာစကားအမျိုးမျိုး ကွဲပြားစေခြင်းဖြင့် မျှော်စင်ဆောက်လုပ်ခြင်း ရပ်တန့်စေသည်။ ထို့ကြောင့် ယနေ့ခေတ်ကာလတွင် ကမ္ဘာအဝှန်း၌ ဘာသာစကားအမျိုးမျိုး ပေါ်ထွန်းခြင်း ဖြစ်သည်။ ပင်တေကုတ္တေ (တ ၂:၁-၁၁) တွင် ဘာသာစကားအမျိုးမျိုး ပြောဆိုကြခြင်းသည် ဗာဗုလုန်တွင် စကားအမျိုးမျိုး ပြောကြားခဲ့ပုံကို ပြန်လည်ဖောက်သည်ချခြင်းဖြစ်သည်။ ဘုရားသခင်၏ အံ့ဩဖွယ်ရာ အမှုတော်ဖြစ်သည်။ ဗာဗေလဟူသော စကား၏ အဓိပ္ပါယ်မှာ ရှုပ်ထွေးခြင်းဖြစ်သည်။ ဘုရားသခင်ကို ပုန်ကန်ဆန့်ကျင်ရန် စည်းလုံးခြင်းကို ရှုပ်ထွေးစေသည်။

၁၁:၁၀၂၅ ဤကျမ်းပိုဒ်တွင် ရှေမမှ အာဗြဟံထိ သားစဉ်မြေးဆက် မျိုးနွယ်စု စာရင်း ရေးပြထားသည်။ လူတစ်ဦးတစ်ယောက်၏ သားစဉ်မြေးဆက်ပြန့်ကားခြင်းဖြင့် အကိုင်းအခက်အနွယ် ပြန့်ကြဲပုံ ရှင်းပြထားသည်။ နေရာဒေသအသီးသီးကို ပျံ့နှံ့ကွဲပြားကြသော်လည်း အရင်းသည် ပင်စည်တစ်စုံတည်း ဖြစ်သည်။ အာဗြဟံမှ ဟေဗြဲလူမျိုးနွယ်စုပေါက်ဖွားလာသည်။ဓမ္မဟောင်းကျမ်းတွင်ဟေဗြဲလူမျို ၏ သမိုင်းကြောင်း ဋီကာချဲ့ ရေးသားထားသည်။

၁၁:၂၆၃၂ အာဗြဟံသည် ယုံကြည်ခြင်း အားကြီးသူဖြစ်၍ ဟေဗြဲလူမျိုးသမိုင်းကြောင်းတွင် အရေးပါ အရာရောက်သော ပုဂ္ဂိုလ် ကြီးတစ်ပါးဖြစ်သည်။ ကမ္ဘာ့ ဘာသာကြီး(၃)မျိုးဖြစ်သော ယုဒဘာသာ၊ ခရစ်ယာန်ဘာသာ နှင့် အစ္စလမ်ဘာသာများက အာဗြဟံကို ကြည်ညိုကိုင်းရှိုင်းကြသည်။ သူ့အကြောင်းကို ဓမ္မဟောင်းကျမ်း (၁၆)စောင်တွင် တွေ့ရ၍ ဓမ္မသစ်ကျမ်းတွင် (၁၁)စောင်၌ ပါရှိသည်။ နာမည်၏ အဓိပ္ပါယ်မှာ “ချီးမြှောက်ခြင်းဖခင်” ဖြစ်သည်။ အာဗြဲမှ အာဗြဟံ သို့ပြောင်းသွားသောအခါ “လူအများ၏ဖခင်” ဟု အဓိပ္ပါယ်ရသည်။

ဤနေရာတွင် သင်္ချာနည်ဖြင့် တွက်ချက်ရာတွင် အခက်အခဲပြဿနာတွေ့ရသည်။ Derek Kidner က ဤသို့ရှင်းပြထားသည်။ တေရ၏ အသက်နှင့် တွက်ချက်လျှင် အခက်အခဲရှိသည်။ သူကွယ်လွန်ချိန်တွင် အကြီးဆုံးသားသည် အသက်(၁၃၅)နှစ်ရှိသည် (ငယ် ၂၆)။ အာဗြဟံသည် အသက်(၇၅)နှစ်သာရှိသည်ဟု (၁၂:၄ နှင့် တ ၇:၄) တွင် ဆိုထားပြန်သည်။ ဖြစ်နိုင်စရာအကြောင်းတရားမှာ အာဗြဟံသည် အငယ်ဆုံးသားဟု ယူဆလျှင် ပြဿနာဖြေရှင်းနိုင်သည်။ သို့သော် ၁၁:၂၆-၂၇ တွင် ထိပ်ဆုံး၌ ဝါစဉ်အရင်း ရေးထားပြန်သည်။ (မာနရှဲရှေ့တွင် ဧဖရိမ်နာမည် ဦးစားပေးခြင်းမျိုးဖြစ်သည်။) အခြား Samarim ကျမ်းမူတွင် တေရသည် အသက် (၁၄၅)နှစ်တွင် ကွယ်လွန်သည်ဟုဆိုသည်။ စဉ်းစားစရာတစ်ခုရှိသည်မှာ ၁၇:၁၇ တွင် အာဗြဟံ ဆိုစကားကို ထောက်ရှုခြင်းအားဖြင့် တေရအသက်(၁၃၀)အရွယ်တွင် အာဗြဟံကို မွေးဖွားခြင်းဖြစ်နိုင်ပေမည်။၁၂

ခါလဒဲသားတို့နေထိုင်သော ဥရုမြို့ (ငယ် ၃၁)ည် မက်ဆိုပိုတေးရီးယားတွင် ရှိ၍ ရုပ်တုဆင်းတု ဘုရားတု ကိုးကွယ်ရာ အချက်အချာမြို့ဖြစ်သည်။ တေရနှင့် အိမ်ထောင်မိသားစုများသည် ထိုမြို့မှ အနောက်မြောက်ဘက်ရှိ ခါရန်မြို့သို့ သွားကြသည်။ ထိုမြို့သည် ခါနန်ပြည်သို့သွားရာလမ်းပေါ်တွင် ရှိသည်။

Previous Article
Next Article