ကမ္ဘာဦးကျမ်း ၁၉

ဘုရားသခင်က အာဗြဟံ၏ မိသားစုသို့ ကောင်းကြီးပေးပုံကို အငယ် ၁၉တွင် ရှင်းပြထားပါသည်။

၁၉:၁၁ သောဒုံ ဟူသော နာမည်သည် လိင်တူချင်း စပ်ရှက်ခြင်းဖြင့် နာမည်ထင်ရှားလာသည်။ ထိုသို့သော သဘာဝတရားကို ဆန့်ကျင်၍ ညစ်ညမ်းမှုကြောင့် မြို့တစ်ခုလုံး ပျက်သုဉ်းပျောက်ကွယ်ခဲ့ရသည်။ ယေဇ ၁၆:၄၉-၅၀ တွင် သောဒုံမြို့သည် “မာနထောင်လွှားခြင်း၊ သောက်စားကျူးခြင်းနှင့် ပြစ်မှုဒုစရိုက် ပေါင်းစုံ လွန်ကျူးကြသည်” ဟု ဆိုသည်။

လောတ အိမ်တွင် ကောင်းကင်တမန်()ပါး ညအိပ်တည်းခိုသည်။ သောဒုံသားများသည် ထို သတင်းစကား ကြားသောအခါ သံဝါသပြုဖို့ အတင်း အဓမ္မ လာရောက် တောင်းဆိုကြသည်။ လောတသည် ဧည့်သည်များကို လုံခြုံစေလိုသည်။ အိမ်ရှင်ဝတ္တရား ကျေပြွန်လိုသဖြင့် ဧည့်သည်တော်ကောင်းကင်တမန်များ အစား သမီးပျိုနှစ်​ယောက် ထုတ်ပေးသည်။ သို့သော် ကောင်းကင်တမန်များကိုသာ မရမက တောင်းဆိုကြသည်။ ထိုစဉ်ကောင်းကင်တမန်များက လက်ဆန့်တန်း၍ ဒဏ်ခတ်သဖြင့် သောဒုံသားတို့ မျက်စိကန်းသွားကြသည်။

လိင်တူဆက်ဆံခြင်း

ဓမ္မဟောင်းကျမ်း(က ၁၉:၁-၂၆၊ ဝတ် ၁၈:၂၂၊ ၂၀:၁၃) နှင့် ဓမ္မသစ်ကျမ်း (ရော ၁:၁၈-၃၂၊ ၁ကော ၆:၉ ၁တိ ၁:၁၀)တို့တွင် ဘုရားသခင်က ပြစ်တင်ရှုတ်ချကြောင်း တွေ့ရသည်။ ထိုအပြစ်ဒုစရိုက် ကျူးလွန်ကြသောကြောင့် ဘုရားသခင်က သောဒုံနှင့် ဂေါမူရမြို့ကိုဖျက်ဆီးပစ်သည်။ မောရှေ ပညတ်ကျမ်းအရ လိင်တူ ဆက်ဆံခြင်းသည် သေဒဏ်ဖြစ်သည်။ လိင်တူ ဆက်ဆံသူများသည် ဘုရားသခင်၏ နိုင်ငံတော်ထဲသို့ ဝင်ခွင့်မရှိ။

ထိုမိန်းမရှာများသည် ကိုယ်ကျင့်တရား ရုပ်ပျက်ဆင်းပျက် ချို့တဲ့သူများဖြစ်သည်။ ရှင်ပေါလုက “အချင်းချင်း ကိလေသာ စိတ်ပူလောင်သဖြင့် ရှက်ကြောက်ဘွယ်သော အမှုကို ယောက်ျားချင်းပြုလျက်၊ မိမိတို့မှားယွင်းခြင်းနှင့် အလျောက် မိမိတို့အပြစ်ဒဏ်ခံရကြ၏” (ရော ၁:၂၇) ဟု ဆိုထားသည်။ ထိုသို့ လိင်တူ ဆက်ဆံခြင်းဖြင့် ကာလသားရောဂါ၊ AIDS ရောဂါနှင့် တခြား ရောဂါဆိုးများ ရရှိနိုင်သည်။ ရုပ်ခန္ဓာကိုယ် ချို့ယွင်းချက်အပြင် စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်ခြင်းသို့ ကူးစက်သွားသည်။

ထိုအပြစ်လည်း အခြားဒုစရိုက် အပြစ်များကဲ့သို့ နောက်တရ၍ ခရစ်တော်ထံသို့ ပြန်လာလျှင် ခရစ်တော်က ကယ်တင်ပါသည်။ ဘုရားသခင်သည် မိန်းမရှာဖြစ်စေ၊ ယောက်ျားဖြစ်စေ၊ ပဏ္ဍုပ် ဖြစ်စေ မိမိ အပြစ်ကို ဝန်ချတောင်းပန်လျှင် ခွင့်လွှတ်သည်။

လိင်တူဆက်ဆံခြင်းနှင့် နှာဘူးထခြင်း မတူညီပါ။ လိင်တူဆက်ဆံခြင်းကို သမ္မာကျမ်းစာက ရှုတ်ချသော်လည်း နှာဘူးထခြင်းကို မကန့်ကွက်ပါ။ လိင်ဆန့်ကျင်ဘက်အား ပုံစံအမျိုးမျိုးဖြင့် ဖျားယောင်း သွေးဆောင်ဗန်းပြကြသော်လည်း ထိုလိင်နောက်သို့ ပါမသွားသူများစွာရှိပါသည်။ ဝိညာဉ်တော် အသိတရားဖြင့် မိမိကိုယ်ကို ထိန်းသိမ်းကြသည်။ စုံစမ်းသွေးဆောင်ခြင်းကို တွန်းလှန်နိုင်ကြသည်။

ခရစ်ယာန်များအကြားတွင်လည်း ထိုသို့နှာဘူးထသူများ အများအပြား တွေ့နေရသည်။

မိမိအခြေအနေကို သိကြသော်လည်း ပြုပြင်ပြောင်းလဲခြင်းမရှိသည်မှာ ဝမ်းနည်းဖွယ်ရာ ဖြစ်သည်။ ထိုသူများကို ဝိညာဉ်တော်အသိစိတ်ဓာတ်ဖြင့် ဇွဲရှိရှိ ဆုံးမသွန်သင်၍ စင်ကြယ်စေရသည်။ စိတ်နှလုံးထဲမှ ခရစ်တော်ကို ယုံကြည်လက်ခံလျှင် ဘုရားသခင်က ထိုသူများ၏ အားနည်းချက်များကို ပြည့်စုံသွားစေပါမည်။၅၅

အချို့က ထိုသို့စိတ်စွမ်းအား လျှော့နည်းသည့်အကြောင်းကို ဘုရားသခင်အား အပြစ်ဖို့ချင်ကြသည်။ မွေးရာပါဗီဇဖြစ်သည်ဟု ဆိုကြသည်။ သို့သော် သူတို့ပြုသော ဒုစရိုက်အပြစ်အတွက် ဘုရားသခင်ကို လိမ်ညာ၍ မရပါ။ အာဒံမှ မွေးဖွားလာသော သားသမီးတိုင်း အပြစ်ဒုစရိုက်နှင့် မကင်းကြပါ။ အချို့က တစ်မျိုးတွင် အားနည်းချက်ရှိ၍ အခြားတစ်​ယောက်က အခြားတစ်နေရာတွင် အားနည်းချက်ရှိပါသည်။ အပြစ်ဒုစရိုက်သည် စုံစမ်းခြင်းမဟုတ်၊ အပြစ်ကျူးလွန်ရန် ကြံစည်အားထုတ်ခြင်းသာလျှင် စုံစမ်း စစ်ဆေးခြင်း ဖြစ်သည်။

ယောက်ျားအချင်းချင်း၊ မိန်းမအချင်းချင်း၊ ကာမ တဏှာရမက်ကြီးခြင်း အပြစ်မှ ကယ်တင်ရန် နည်းလမ်းရှိပါသည်။ ထို့ကြောင့် လှုပ်ရှားသွားလာပြုမူရာတိုင်း၌ ဘုရားသခင်နှင့် နီးစပ်စွာရှိနေဖို့ လိုသည်။ ဘုရားသခင်ကို အမြဲတမ်း တိုင်ပင်ပါ။

ခရစ်ယာန်များသည် ထိုသို့သော လူမျိုးကို ချဉ်းကပ်ခြင်းမပြုရသည့်ပြင် ဘဝပြုပြင်ပေးရန် ဝတ္တရား ရှိသည်။ အဘယ်ကြောင့်ဆိုသော် ခရစ်တော် အသေခံခြင်းသည် အပြစ်သား အားလုံးနှင့် အကျုံးဝင်သည်။ ကူညီကယ်တင်ပေးရသည်။ ဘဝစင်ကြယ် စေရမည်။ “သန့်ရှင်းခြင်း ပါရမီ မရှိလျှင် အဘယ်သူမျှ ထာဝရ ဘုရားကို မဖူးမမြင်ရ” (ဟေဗြဲ ၁၂:၁၄)။

၁၉:၁၂၂၉ ကောင်းကင်တမန်များက “လောတအား သူ့မိသားစုများနှင့် အတူ ထိုမြို့မှ ထွက်ပြေးခိုင်း ကြသည်။ သားမက်များအား ပြောပြသောအခါ သားမက်များက နောက်ပြောင်သည်ဟု ထင်မှတ်ကြသည်။ နံနက်မိုးသောက်လုချိန်တွင် ကောင်းကင်တမန်များက လောတ၊ လောတ၏ ဇနီးနှင့် သမီးများအား သောဒုံမြို့ပြင်သို့ ဆွဲထုတ်သွားကြသည်။ ဇောရမြို့ရောက်သောအခါ ခဏနားဖို့လောတဆိုသည်။ ထိုမြို့သည်လည်း အပြစ်ဒုစရိုက်နွံထဲက မြို့တစ်မြို့ဖြစ်သည်။ သောဒုံမြို့တွင် ဖြောင့်မတ်သူ လူ(၁၀)ယောက် မပြည့် သောကြောင့် ဘုရားသခင်က ဖျက်ဆီးသည်။ အာဗြဟံ၏ ဆုတောင်းစကားကို ဘုရားသခင်က အဖြေ မပေးခဲ့သော်လည်း ဘုရားသခင်က အာဗြဟံကို အောက်မေ့သဖြင့် လောတအား ထိုဒုစရိုက် အပြစ်ပုံထဲမှ ဆွဲထုတ်ပေးသည်။

သောဒုံမြို့မှ သေပြေးရှင်ပြေးထွက်ပြေးကြရသော်လည်း လောတ၏ ဇနီးသည် သောဒုံမြို့ကို သံယောဇဉ်မဖြတ်နိုင်သဖြင့် ဘုရားသခင်၏ အပြစ်စီရင်ခြင်းခံရသည်။ သခင်ခရစ်တော် ဘုရားကလည်း သူပေးသော ကယ်တင်ခြင်းတရား ရရှိသူများအား လောကီဇာတိကို သံယောဇဉ်ညှိတွယ်မနေကြရန် လောတ၏ ဇနီး၏အဖြစ်အပျက်ကို သတိရကြလော့ဟု လု ၁၇:၃၂ တွင်သတိပေးထားသည်။

၁၉:၃၀၃၈ လောတတို့သားအဖများသည် ဇောရမြို့ကို လွန်၍ တောင်ပေါ်ဥမင်၌ ခိုနေကြသည်။ ထိုနေရာတွင် သမီးများက ဖခင်လောတအား အရက်မူးအောင် တိုက်ပြီး ဖခင်နှင့်အတူ တစ်ယောက်တစ်လှည့် အိပ်မှားကြသည်။ သမီးအကြီးက သား မွေးဖွား၍ မောဘဟု နာမည်ပေးလိုက်သည်။ သမီးအငယ်လည်း သား မျက်နှာမြင်၍ ဗေနမ္မိဟု နာမည်ပေးလိုက်သည်။ ထိုအချိန်မှစ၍ မောဘလူမျိုးနှင့်အမ္မုန် လူမျိုး ပေါ်ထွန်းလာသည်။ ဣသရေလအမျိုးအား အဖန်တလဲလဲ ဒုက္ခပေးသူများဖြစ်လာကြသည်။ မောဘ အမျိုးသမီးသည် ဣသရေလအမျိုးသားများကို ဖျားယောင်းသွေးဆောင်၍ ညစ်ညမ်းစွာ ပေါင်းဖက်ကြသည် (တော ၂၅:၁-၃)။ အာမောနိလူများသည် ဣသရေလအမျိုးအား မောလက်ဘုရားကိုးကွယ်ရန် သွန်သင်သဖြင့် သားသမီးတိုင်း ယဇ်ပူဇော်ကြသည် (၃ရာ ၁၁:၃၃၊ ယေ ၃၂:၃၅)။ ၂ပေ ၂:၇-၈ အရ လောတသည် ဖြောင့်မတ်သူ ဖြစ်သော်လည်း လောတဇာတိကို စိတ်မပျောက်နိုင်သောကြောင့် သက်သေခံချက်များ ပေါ်လွင် ထင်ရှားခြင်းမရှိ (ငယ် ၁၄)။ သူ့မိန်းမ(ငယ် ၂၆)၊ သားမက်များ၊ မိတ်ဆွေများ၊ အပေါင်းအသင်းများလည်း မကျန်တော့ပါ။ ယခင်က ကြွယ်ဝချမ်းသာခဲ့သမျှသည်လည်း ယခုအခါ ကုန်းကောက်စရာ မရှိအောင် ဆင်းရဲလေပြီ။ သူ၏ အကျင့်အကြံကို (ငယ် ၃၅) သူ၏ အသက်လုယူပုံကို (ငယ် ၂၂)တွင် တွေ့ရသည်။ သူ့သမီးများ၏ အကျင့်သည်လည်းသောဒုံမြို့သူမြို့သားများ၏အကျင့်စာရိတ္တလွှမ်းမိုးကြောင်း တွေ့ရမည်။ ထိုသို့သော အကျင့်ယုတ်ခြင်းသည် လွတ်လမ်း မရှိ (ဟေဗြဲ ၂:၃)။

Previous Article
Next Article