ကမ္ဘာဦးကျမ်း ၃၀

၃၀:၁၃ ရာခေလသည် လေအာက ဒူးပေါ်တွင် ကလေးချီ၍ ချော့မြူချင်လွန်းသောကြောင့် သူ့ကျွန်မ ဗိလဟာကို ယာကုပ်ထံ ဝင်ရောက်အိပ်ခိုင်းသည်။ ဗိလဟာတွင် သားနှစ်ယောက်ထွန်းကားရာ အကြီးကို ဒန် အငယ်ကို နဿလိ ဟု နာမည်ပေးလိုက်သည်။ လေအာကလည်း အားကျမခံ သူ့ကျွန်မ ဇိလပအား ယာကုပ်ထံ အပ်နှံရာ ဂဒ် နှင့် အာရှာ ဟူသော သားနှစ်ယောက် ထွန်းကားသည်။

၃၀:၁၄၂၄ လေအာ၏သား ရုဗင်သည် ချစ်ဖွယ်ကောင်းသော ပန်းသီး (အနုဆေးသီး)ကို လယ်ပြင်မှ ယူလာသည်။ ထိုအသီးသည် အစွမ်းသတ္တိကောင်းသည်ဟု အယူရှိသည်။ ရာခေလသည် သားမမွေးနိုင်ဘဲ မြုံနေသဖြင့် ထိုအသီးကို လိုချင်သည်။ ထို့ကြောင့် သူ့ယောက်ျား ယာကုပ်အား လေအာနှင့် ညအိပ်ခွင့်ပြုဖို့ အပေးအယူလုပ်ကြသည်။ (အချို့က ထိုကာလတွင် လေအာသည် ယောက်ျားနှင့်အတူတကွ နေထိုင်ခွင့် မရဟုဆိုကြသည်)။ ထို့နောက် သားနှစ်ယောက် ဣသခါနှင့် ဇာဗုလုန်၊ သမီး ဒိန ဖွားမြင်သည်။ ထိုသစ်သီးစားပြီးနောက်ပိုင်းတွင် ရာခေလသည်လည်း သားရတနာ ဖွားမြင်ရာ ယောသပ် ဟု နာမည်ပေးလိုက်သည်။ နောက်ထပ်သားသမီး ရဖို့ကိုလည်း ဘုရားသခင်ကို ယုံကြည်မျှော်လင့်သည်။

 

၄။ လာဗန်အားလိမ်လည်ခြင်း (၃၀:၂၅၄၃)

          ၃၀:၂၅၃၆ ယာကုပ်က မိသားစုများနှင့်အတူ ခါနာန်သို့ပြန်မည့်အကြောင်း ခွင့်တောင်းသောအခါ ယောက္ခမ လာဗန်က မပြန်ရန် ဆွဲထားသည်။ လာဗန်အိမ်တွင် ယာကုပ်ရှိသောအခါ ယာကုပန်သည် ဘုရားကောင်းကြီးမင်္ဂလာ ခံစားသူဖြစ်သောကြောင့် စီးပွားဥစ္စာ တိုးပွားကြောင်း လာဗန်နားလည် ရိပ်မိသည်။ ယာကုပ်က အပြောင်အစင်းအကျားရှိသော ဆိတ်သိုးများ အပိုင်ပေးပါက ဆက်လက် စောင့်ရှောက်ပေးမည် ဟု ဆိုသည်။ ကျန်သော သတ္တဝါများသည် လာဗန်ပိုင်ဆိုင်သည်။ လာဗန်က “ကိုယ့်စကားနှင့် ကိုယ်တည်စေနော်” ဟု ဆိုသည်။ သို့နှင့် နှစ်ဦးပိုင် ဆိတ်၊ သိုးများ ခွဲကြပြီး၊ ယာကုပ်ပိုင် ဆိတ်သိုးများကို (၃)ရက် ခရီးဝေးသော နေရာသို့ ခွဲပို့ထားသည်။ ယာကုပ်ပိုင် တိရစ္ဆာန်များကို ယု့ကြည်စိတ်ချစွာ သူ့သားများ စောင့်ကြည့်ခိုင်းပြီး လာဗန်၏ တိရစ္ဆာန်များကို ယာကုပ်က ဆက်လက်စောင့်ရှောက်သည်။

၃၀:၃၇၄၃ လာဗန်၏ သိုးဆိတ်များကို ထိန်းကျောင်းသော ယာကုပ်သည် သစ်စေးရည်ထွက်သော အပင်ကို အခွံသင်ပြီး အရောင်သန့်သန့်ရှိသော လာဗန်၏ ဆိတ်၊ သိုးများကို ထိုအပင်များ အကြားသို့ မောင်းနှင်သည်။ ထိုသို့ဖြင့် အရောင်သန့်သန့်ရှိသော တိရစ္ဆာန်များသည် အစင်းကျားဖြစ်ကုန်သဖြင့် ယာကုပ်ပိုင်ဖြစ်သွားကြသည်။ ထိုသို့ အပင်၏ အရည်များဖြင့် တိရစ္ဆာန်များ အမွှေးကွက်ကြား ဖြစ်နိုင်ပါသလား။ (သိပ္ပံပညာရှင်များက ဖြစ်နိုင်ပါသည်ဟု ထောက်ခံကြပါသည်)။ ထိုတိရစ္ဆာန်များသည် ယာကုပ် လိုချင်သည့် အရောင်အသွေး အဆင်းကြားဖြစ်ကြပါသလား။

လိုချင်သည့် ပုံစံအတိုင်း ဖြစ်သွားကြပုံကို (အငယ် ၃၁:၁၂)တွင် ကြည့်ပါ။

ယာကုပ်၏ ကလိန်စေ့ငြမ်းဆင် လှည့်စားခြင်း ဖြစ်သည်။ ယာကုပ်မှာ တိရစ္ဆာန်များကို ထိန်းကျောင်းသူ ဖြစ်သောကြောင့် ထွားကျိုင်းသန်မာသော အကောင်များကို အစင်းအကြား ဖြစ်အောင် လုပ်သည်။ ချိုလိမ်ခွာပဲ့ နားရွက်စုတ်သော အကောင်များကို သီးသန့်ဖယ်ထားသည်။ ယာကုပ်၏ လုပ်ဆောင်ချက်သည် အခြားသူများ မသိသော နည်းလမ်းဖြစ်သည်။ မည်သို့ ဆိုစေ၊ ယာကုပ်၏ နောက်ဆုံး(၆)နှစ်ကြာ စောင့်ရှောက်သည့်ကာလတွင် လာဗန်၏တိရစ္ဆာန်များ ဆထက်တိုးပွားသည်မှာ သေချာသည်။

Previous Article
Next Article