ကမ္ဘာဦးကျမ်း ၃၆

၉။ ယာကုပ်အစ်ကို ဧသော၏သားစဉ်မြေးဆက် (အခန်း ၃၆)

          ၃၆:၃၀ အခန်းကြီး(၃၆)သည် ပင်လယ်သေအရှေ့တောင်ဘက် ဧဒုံအရပ်တွင် နေထိုင်သော ဧသောမိသားစု သားမြေးစည်ဆက်အကြောင်း ဖြစ်သည်။ ၂၅:၂၃ ပါ ကတိတော်လာအတိုင်း ဧသော၏ သားမြေးစဉ်ဆက်သည် ထွန်းကားများပြားလာကြသဖြင့် ဧသောသည် လူမျိုးကြီးတစ်ခု၏ ဘိုးဘေး၊ ဖခင်ကြီးဖြစ်သည်။ ဧသောတွင် မယားသုံးယောက် (သို့မဟုတ်) လေးယောက်ရှိသည်။ အချို့မိန်းမများသည် နာမည်(၂)ခု ရှိသောကြောင့် အသေအချာမသိနိုင် (၂၆:၃၄၊ ၂၈:၉၊ ၃၆:၂-၃ တို့ကို ယှဉ်ဖတ်ပါ။ အပိုဒ်ငယ် (၂၄)တွင် အာနုက ရေတွင်း(ရေပူစမ်း) (NASB) တွေ့ရှိသည်ဟု ဆိုသည်။

၃၆:၃၁၄၃ ကမ္ဘာဦးကျမ်းကို စီရင်ရေးသားသူ မောရှေသည် ဘုရားသခင်၏ ဝိညာဉ်တော်ဖော်ပြခြင်းဖြင့် (၃၅:၁၁ ကိုကြည့်) ဣသရေလလူမျိုးတွင် ရှင်ဘုရင် ရှိလာမည်ဟု ဆိုသည်။ အခန်းကြီး(၄)တွင် ဘုရားတရားမသိသော ကာဣန၏သားမြေးစဉ်ဆက် (၇)ဆက် ရေးပြထားပြီး ဤအခန်းငယ် ၃၃-၃၉ တွင် ဘုရားတရားမသိသော ဧသော၏ သားစဉ်မြေးဆက် (၇)ပါး ထပ်မံတွေ့ရသည်။ (၇)ဂဏန်းသည် ပြည့်စုံသော အဓိပ္ပါယ်ရှိ၍ သားမြေး အပြည့်အစုံဖော်ပြလိုဟန်ရှိသည်။ ဧသော၏ သားစဉ်မြေးဆက်များသည် ဘုရားတရား ယုံကြည်သူများစာရင်းဇယားတွင် မတွေ့ရပါ။ အသက်ရှင်သော ဘုရားနှင့်ဝေးကွာသူများ ဖြစ်သည်။ ဤယာယီလူ့လောက ကမ္ဘာတွင် ကြွယ်ဝချမ်းသာခြင်းဖြင့် ထင်ပေါ် ကျော်ကြားသူများဖြစ်သည်။ ထာဝရကာလနှင့်             မသက်ဆိုင်ကြ။

Previous Article
Next Article