ကမ္ဘာဦးကျမ်း ၈

:၁၉ ရေလွှမ်းမိုးခြင်း ဘေးဒဏ်ကြီးအကြောင်းကို အောက်ပါအတိုင်း မှတ်သားထားနိုင်ပါသည်။

၁။        ခုနှစ်ရက်။ နောဧသင်္ဘောထဲသို့ ဝင်ရောက်ချိန်မှ စ၍ ရေလွှမ်းမိုးခြင်း ဘေးဒဏ်ကြီးကာလ (၇:၁၀) စသည်။

၂။         ရက်ပေါင်း(၄၀) ညပေါင်း(၄၀) သဲကြီးမဲကြီး မိုးရွာသည့်ကာလ (၇:၁၂)ဖြစ်သည်။

၃။        ရက်ပေါင်း(၁၅၀)။ မိုးစဲသည့်ကာလမှစ၍ ရေလျော့ကျကုန်းမြေပေါ်သည့် အချိန်ဖြစ်သည်။ အရာရပ် တောင်ပေါ်တွင် နောဧ သင်္ဘောသောင်တင်သည့်အချိန် (၇:၁၁ နှင့် ၈:၄ ကိုယှဉ်ဖတ်ပါ) ဖြစ်သည်။

၄။        ရက်ပေါင်း(၂၂၄)ရက်။ ရေစကြီးသည့်အချိန်မှ တောင်ထိပ်ပေါ်တွင် နောဧသင်္ဘောသောင်တင် သည့်အချိန်ကာလ (၇:၁၁ နှင့် ၈:၅ ကိုယှည်ဖတ်ပါ)။

၅။        ရက်ပေါင်း(၄၀)။ တောင်ထိပ်ပေါ်မှာ သင်္ဘော သောင်တင်ချိန်မှ နောဧက ကျီးအအား အပြင်သို့ လွှတ်သည့်အချိန် ကာလ (၈:၇)။

၆။        ()ရက်။ ကျီးအလွှတ်ပြီး (နောက်တဖန်ချိုးပြန်လွှတ်သည့်အချိန်ကာလ (၈:၆-၁၀၊ ငယ် ၁၀၊ နောက်ထပ် (၇)ရက်)။

၇။        နောက်ထပ်()ရက်။ နော်ကထပ် ချိုးတစ်ကောင် ထပ်မံစေလွှတ်သည့် အချိန်ကာလ (၈:၁၀)။

၈။        နောက်ထပ်()ရက်။ နောက်ဆုံးအကြိမ် ချိုးငှက် စေလွှတ်သည့် အချိန်ကာလ (၈:၁၀)။

၉။        (၃၁၄)ရက်။ ရေစတင်လွှမ်းမိုးချိန်မှစ၍ နောဧ မိသားစု ကုန်းမြေပေါ်သို့ တဖန်ခြေချသည့် အချိန်ကာလ (၇:၁၁ နှင့် ၈:၁၃)။

၁၀။      (၃၇၁)ရက်။ ရေစတင်ကြီးချိန်မှ မြေကြီးတဖန် ခြောက်သွေ့ချိန်ထိ (၇:၁၁ နှင့် ၈:၁၄ တို့ကိုယှဉ်ဖတ်ပါ) ထိုအချိန်တွင် နောဧမိသားစုအား သင်္ဘောအပြင်ဘက်သို့ ထွက်ကြသည် (ငယ် ၁၆)။

မစင်ကြယ်သော ကျီးအ (ငယ် ၇)နှင့် စင်ကြယ်သော ချိုးငှက် (ငယ် ၈) သည် ယုံကြည်သူများ၏ အကျင့်ဟောင်းနှင့် စရိုက်သစ်ပုံသက်သေကောင်းဖြစ်သည်။ အကျင့်ဟောင်းသည် အပုပ်အစပ် အမှိုက်သရိုက်တော၌ ကျင်လည်၍ စရိုက်အသစ်သော အသက်တာသည် ထိုအပုပ်အစပ်တောတွင် အသေမခံနိုင်။ ကယ်တင်ခြင်း စိတ်ချမှု မတွေ့သေးသရွေ့ ကျေနပ် တင်းတိမ်ခြင်းမရှိ။ မနေမနားရှာဖွေသည်။

:၂၀၂၂ ဘုရားသခင်၏ ကယ်တင်ခြင်း ကျေးဇူးတော်ကို ထောက်၍ နောဧသည် ဘုရားသခင်အတွက် ယဇ်ပလ္လင်တည်သည်။ ထိုကဲ့သို့ ဘုရားသခင်၏ အမျက်ဒေါသမှ ကင်းလွတ်ခွင့် ရရှိကြသည့် ယုံကြည်သူများသည်လည်း ကျွန်ုပ်တို့၏ စိတ်နှလုံးကို ဘုရားသခင်ထံ ပူဇော်ရမည်။ နောဧ၏ ပူဇော်သက္ကာဘုရားသခင်က လက်သင့်ခံ ကောင်းကြီးပေးသကဲ့သို့ အာမင်ထူးခြင်း ခံစားကြရာဖြစ်သည်။ နောဧ၏ ပူဇော်သက္ကာကို ကောင်းကြီးပေးလျက် ဘုရားသခင်က ငါသည် ယခုအခါ ပြုပြီးသကဲ့သို့ အသက်ရှင်သော အရာရှိသမျှကို နောက်တဖန် ဒဏ်မခတ်ဟု ကတိတော်ပေးလိုက်သည်။ ကာလရာသီ အလိုက် လူသားများ လွတ်လပ်စွာ ထွန်ယက်စိုက်ပျိုးကြစေဟု ဆိုသည်။

၆:၅ နှင့် ဤကျမ်းချက်တွင် လူ့စိတ်နှလုံးသည် ငယ်သော အရွယ်မှ စ၍ ဆိုးရွားဖောက်ပြန်ကြပုံ ရှင်းပြထားသည်။ ပထမအချက်အနေဖြင့် ယဇ်ပူဇော်ခြင်းမရှိ။ထိုသို့မရှိကြသဖြင့် အပြစ်စီရင်ခြင်းလိုက်လာသည်။ ဤကျမ်းပိုဒ်တွင် ယဇ်ပူဇော်ခြင်းတွေ့ရသည်။ ထိုသို့ ယဇ်ပူဇော်ခြင်းကြောင့် ဘုရားသခင်၏ ကရုဏာတော်ခံစားရသည်။

Previous Article
Next Article