ကမ္ဘာဦးကျမ်း ၉

၈။ ရေလွှမ်းမိုးခြင်းဘေးဒဏ်ကြီးနောက်ပိုင်း နောဧ (အခန်း )

          : ရေလွှမ်းမိုးခြင်းဘေးဒဏ်ကြီးကာနောက်ပိုင်းတွင် လူသားများသည် ပထမဦးဆုံးအကြိမ် အသားစားခွင့်ရကြောင်း အပိုဒ်ငယ်(၃)တွင် တွေ့ရသည်။ သို့သော် အသွေးမစားရ။ အဘယ်ကြောင့်ဆိုသော် အသွေးသည် ခန္ဓာကိုယ်၏အသက်ဖြစ်သောကြောင့် ဘုရားသခင်က ပိုင်ဆိုင်သည်။ ဘုရားသခင်နှင့်သာ သက်ဆိုင်သည်။

လူ့လောက အဖွဲ့အစည်းတွင် ကြီးလေးသော အပြစ်ဒဏ်များ တရားစီရင်ဖို့ အုပ်စိုးသူ အစိုးရအား လုပ်ပိုင်ခွင့် အပ်နှင်းထားသည်။ ဥပမာအားဖြင့် လူသတ်မှု ကျူးလွန်သူအား နိုင်ငံတော် အစိုးရ တရားစီရင် အရေးယူရသည်။ ထိုသို့ အရေးယူဆောင်ရွက်ခွင့်ကို နိုင်ငံတော်အစိုးရကသာလျှင် ဆောင်ရွက်ခွင့်ရှိသည်။ ထို့ကြောင့် ဓမ္မသစ်ကာလတွင် ယုံကြည်သူများသည်လည်း နိုင်ငံတော်အစိုးရကို ဝန်ခံရမည့်အကြောင်း (ရော ၁၃:၄)တွင် ” … ထို့ကြောင့် ဓါးကို အချည်းနှီးကိုင်ဆောင်ရသည် မဟုတ်” ဟု အစိုးရနှင့် ပတ်သက်၍ ဆုံးမသတိပေးထားသည်။

:၁၈-၁ သက်တံ့သည် ဘုရားသခင်က ကမ္ဘာမြေကြီးအား နောက်တဖန် ရေလွှမ်းမိုးခြင်း ဖျက်ဆီးခြင်း မပြုဟူသော သင်္ဘောအမှတ်လက္ခဏာ ဖြစ်သည်။

:၁၈၂၃ ဘုရားသခင်က နောဧအား ကျေးဇူးတော်ပြုသော်လည်း နောဧသည် မူးယစ်သေစာ သောက်စားခြင်းဖြင့် မူးယစ်၍တဲထဲ၌ စောင်မနိုင်၊ ပုဆိုးမနိုင် ပိုးလိုးပက်လက်အိပ်သည်။ ဟာမက ထိုအဖြစ် အပျက်ကို မြင်သောအခါ ဟားတိုက်ရယ်မောပြီးနောက် အစ်ကိုများကို သွားရောက် ပြောပြသည်။ သူ့အစ်ကိုများက ဖခင်အား စောင်ဖုံးပေးကြသည်။

:၂၄၂၅ နော်ဧ အိပ်ယာမှနိုးထသောအခါ ခါနာန်ပြည်အားကျိန်သည်။ သားကိုမကျိန်ဘဲနှင့် အဘယ်ကြောင့် ခါနာန်ပြည်ကိုကျိန်သနည်း။ သား ဟာမ ကိုကျိန်ခြင်းထက် ခါနာန်ပြည်ကို ကျိန်ခြင်းသည် ပိုမိုထိရောက်သည်။ ကျိန်ခြင်း ဆိုသည်မှာ ထိသူ၏ ဆိုးညစ်သောအကျင့် စာရိတ္တအတိုင်း အကုသိုလ်ကျ ရောက်စေခြင်း ပရောဖက်ပြုချက်ဖြစ်သည်။ နောက်တနည်းအားဖြင့် ခါနာန်ပြည်သည် ထိုမြေမှာ နေခဲ့သော ဘိုးဘေးများကို ကောင်းကျိုးမပြုကြောင်း နောဧ သတိထားမိသည်။ မိမိသားငယ် ပြုသည်ကို သိလျှင် ဟူးသော ကျမ်းပိုဒ်အရ နောဧသည် သားငယ်ထက် အငယ်ဆုံး မြေးကို ရည်ညွှန်းကြောင်း နားလည်နိုင်သည်။ ကျမ်းစာတွင် သား ဟူသော စကားသည် မြေးကိုလည်း မကြာခဏ ရည်ညွှန်းသည်။ ထို့ကြောင့် ခါနာန်ပြည်ကို ကျိန်ဆဲခြင်းသည် နောဧ၏ အပြုအမှားကြောင့် ကျိန်ဆဲခြင်းမဟုတ်။ ခါနာန်မြေကိုက ကျိန်ဆဲစရာဖြစ်သောကြောင့် ကျိန်ဆဲခြင်း ဖြစ်နိုင်သည်။ နောက်အခြားတွေးမှတ်စရာ တစ်ခုမှာ ဟာမ၏ သားကိုသာ ကျိန်ဆဲချင်သည်။ နောက်ထပ်သားစဉ်မြေးဆက် ကျိန်ခြင်းအင်္ဂလာ မဖြစ်စေလို။

:၂၆၂၉ ခါနာန်ပြည်အား ရှေမနှင့်ယာဖက်ကို အလုပ်အကျွေးပြုရန်ကျိန်ဆိုထားသည်။ ခါနာန်သားများ၏ ကံကျွေးဆပ်ပုံကို ယောရှု ၉:၂၃နှင့် သူကြီး ၁:၂၈ တွင် တွေ့ရမည်။ အချို့သူများက ဤအပိုဒ်သည် အသားမဲလူမျိုးများကို ဆိုလိုသည်ဟု အနက်ဖွင့်ကြသော်လည်း ကျမ်းချက်နှင့် အပြည့်အဝ မကိုက်ညီပါ။ ခါနာန်ပြည်သည် ဣသရေလလူမျိုးများ မဝင်ရောက်မှီ ခါနာန်ပြည်သားများ ဓါးမဦးချ နေထိုင်သော စင်ကြယ်မြေဖြစ်သည်။ ဖိုအရပ်ဒေသတွင် အသားမဲလူမျိုးများနေထိုင်ခဲ့ကြောင်း သမိုင်းအထောက်အထား မတွေ့ရှိပါ။ ရှေမနှင့်ယာဖတ်သည် ထိုမြေ၏ ကောင်းကြီးမင်္ဂလာခံစားကြသည်။ အပိုဒ်ငယ် (၂၇)တွင် ယာဖက်၏ ကောင်းကြီးမင်္ဂလာများ ရှေမတပည့်သားမြေး ဣသရေလသားများသို့ မျှဝေသည့်အကြောင်း တွေ့ရသည်။

ဤနေရာတွင် ရှေမသည် သားအကြီးမဟုတ်ဘူးလားဟု မေးစရာ မေးခွန်းပေါ်လာသည်။ ၁၀:၂၁တွင် “ယာဖက်ညီ၊ ဟေဗြဲလူအပေါင်းတို့၏ အဘရှေမ” ဟုဆိုထားသည်။ “ရှေမ- ယာဖက်၏အကို” (NKJV Margin)ဟု ဆိုထားပြန်သည်။ ထိုဒုတိယကျမ်းပိုဒ်ကို အတည်ယူစေချင်သည်။ အဘယ်ကြောင့်ဆိုသော် (က ၅:၃၂ နှင့် ၅ရာ ၁:၄) တွင် မျိုးရိုးစဉ်ဆက်စာရင်း ဖော်ပြရာ၌ ရှေမ၏ နာမည်ကို ဦးစွာဖော်ပြလေ့ရှိသည်။

Previous Article
Next Article