ဆာလံကျမ်း ၁၁၁

သခင်ဘုရား၏အံ့ဘွယ်အမှုတော်

ဆာ ၁၁၁ကို သုံးပင်လိမ်ဖြင့် ကျစ်ထားသည်-

-ယေဟောဝါဘုရား၏အမှုတော် (ငယ် ၂-၄၆၊၇)

-ယေဟောဝါဘုရား၏စကားတော် (စကားပရိယာယ်နှင့်ပဋိညာဉ် (ငယ် ၅-၉) ပညတ်ချက် (ငယ်၇)

-ကိုယ်တော်နှင့်ပြုတော်မူသမျှသည် နိစ္စထာ၀ရတည်မြဲခြင်း (ငယ် ၃၊၅၊၈-၁၁၀)

ဟေဗြဲကျမ်းမူတွင် အက္ခရာစဉ်လိုက် ရေးဖွဲ့ထားသည်။ ပထမအပိုဒ်ငယ်(၈)ခုကို (၃)ကြောင်းစီဖြင့် ဖွဲ့သီထားသည်။ ထို ၂၂ကြောင်းသောတေးပိုဒ်ကို အက္ခရာစဉ်လိုက် စပ်ထားပါသည်။

ဆာလံတေး၏အဓိကရည်ညွှန်းချက်မှာ ခရစ်တော်၏ပလ္လင်တော် ဘုန်းတော်ဘွဲ့ဖြစ်သည်။ ဣသရေ လလူများက အဲဂုတ္တုအမှောင်ပြည်မှ၎င်း၊ ဗာဗုလုန်ကျေးကျွန်ဘဝမှ၎င်း ခေါ်ထုတ်လာသော ဘုရားသခင်အား ဂုဏ်ပြုချီးမွမ်းကြသည်။

၁၁၁: သစ္စာစောင့်သူများက ဘုရားသခင်ချီးမွမ်းသည့်အကြောင်းဖြင့် ပြည်ဖုံးကားဖွင့်လှစ်သည် (ဟေဗြဲ၊ ဟာလေလုယ)။ ဆာလံဆရာက ဘုရားရှင်၏ဘုန်းရောင်ခြည်ကိုမကြောက် ချီးမွမ်းသည်။ လူထုပရိတ်သတ်နည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ၊ ချီးမွမ်းကခုန်မည်။ ထိုကဲ့သို့ပင် ယုံကြည်သူများသည် လည်း တဦးချင်းဖြစ်စေ၊ လူအုပ်လိုက်ဖြစ်စေ ချီးမွမ်းကခုန်နိုင်ရသည်။

၁၁၁: ကိုယ်တော်ပြုတော်မူခဲ့သော အမှုတော်()ရပ် ပြဆိုထားသည်။ ဓမ္မဟောင်း ယုဒ လူများအား အဲဂုတ္တုပြည်မှ ခေါ်ထုတ်ခြင်းသည် ဧ၀ရတ်တောင်မျှ မြင့်မားထင်ရှားသည်။ ပြုတော်မူသော အမှုတော်များသည် ကြီးမြတ်သည်။ လေ့လာမှတ်သားစရာ သင်ခန်းစာ အပြွတ်အခိုင်လိုက်ရှိသည်။ ဘုန်းတန်ခိုးအာနုဘော်သည် အံ့ချီးဘွယ်ရာဖြစ်သည်။ ဖြောင့်မတ်ခြင်းတရားတော်သည် နိစ္စထာဝရ တည်တံ့ သည်။

၁၁၁: ဣသရေလတို့ကို ကယ်ထုတ်သည့်အထိမ်းအမှတ် ပသခါပွဲကျင်းပခိုင်းသည်။ ထိုပွဲတော် သည် သိုးသူငယ်သွေးဖြင့် ရွေးနှုတ်သည့်အမှတ်လက္ခဏာဖြစ်၍ ကျေးဇူးတော်နှင့် ကရုဏာတော် အောက်မေ့ သတိရဖို့ဖြစ်သည်။ ပွဲတော်မင်္ဂလာတွင်လည်း ထို့ထက်အဓိပ္ပါယ်ပိုမိုပြည့်စုံသော သိုးသငယ်၏သွေး ပေးထား သည်။ ကိုယ်တော်၏ကျေးဇူးတော်နှင့် စာနာမှုပြည့်ဝပုံသည် သရုပ်ဖော်ထားသည်။ အပိုဒ်ငယ်(၅)သည် ကန္တာရတောထဲတွင် ဣသရေလများအား ဘုရားသခင်က အငတ်မထား ကျွေးမွေးသည့်အကြောင်းလည်း ဖြစ်နိုင်သည်။ ဘုရားရှင်က ဣသရေလလူများသည် ရွေးကောက်ထားသောလူမျိုးဖြစ်ကြောင်း ဘယ်သော အခါမှ မမေ့။ ကတိတော်အတိုင်း အစဉ်သစ္စာရှိသည်။

၁၁၁: အခြားအံ့သြဘွယ်ရာ အမှုတော်တခုမှာ ဘုရားရှင်က ဒေသခံခါနန်လူများကို မောင်းထုတ်ပြီး ဣသရေလလူများအား အမွေခံမြေအဖြစ်ပေးသည်။ သူ့လူမျိုးအား ကတိတော်မြေပေါ်သို့ ဘေးမသီရန်မခ ခြေချစေသည်။ ဆာလံဆရာက ထိုမြေကို တပါးအမျိုးသားတို့၏ အမွေဆိုင်ဟုခေါ်သည်။

၁၁၁: ဘုရားသခင်ပြုတော်မူသမျှသည် သစ္စာတရားနှင့်ပြည့်စုံ၍ တရားမျှတသည်။ ပညတ်ချက် ကျင့်၀တ်သီလဟူသမျှသည် လိုက်နာကျင့်ကြံအပ်သည်။ ကတိတော်အမြဲတန်းတည်သည်။ ကတိတော် အတိုင်းပြည့်စုံသည်။ ပြည်ပသို့ ဖမ်းဆီးခေါ်ဆောင်ခြင်းခံကြရသောအခါ ကိုယ်တော်က သူ့လူများအား ပြန်ရွေးသည်။ ဗာဗုလုန်ကျေးကျွန်ဘဝမှ ပြန်ခေါ်သည်။ ကိုယ်တော်တိုင်းပြည်တည်သောအခါ ဣသရေလ (၁၂)မျိုးစလုံး ပြန်လည်စုစည်းဦးမည်။ ကိုယ်တော်၏ကတိတော်သည် တစိတ်တဒေသ တပိုင်းတစမျှ မချို့ယွင်း နာမတော်သည် မြင့်မြတ်စင်ကြယ်သည်။ ကိုယ်တော်ဟူသော နာမတော်အတိုင်း ကြီးမြတ်ပါပေ သည်။

၁၁၁:၁၀ ဘုရားရှင်ကို ချစ်ကြောက်ရိုသေခြင်းဖြစ်သည်။ ပညာခရီးလမ်းလျှောက်လှမ်းသူဖြစ်သည်။ ပိုမိုနာခံသည်နှင့်အမျှ အသိအလိမ္မာထပ်ပေးသည်။ “နာခံခြင်းသည် ဝိညာဉ်အသိတရား ကြီးထွားခြင်းဖြစ် သည်။”

အစဉ်အမြဲချီးမွမ်းထိုက်သော ဘုရားရှင်ပေတည်း။

Previous Article
Next Article