ဆာလံကျမ်း ၁၁၂

ဖြောင့်မတ်သူများသို့ဆုလက်ဆောင်

၁၁၂:၁ အထက်ပါ ဆာလံကျမ်းနှင့် ဆက်စပ်ပတ်သက်သည်။ ဤကျမ်းကိုလည်း အက္ခရာစဉ်လိုက် ဖွဲ့သီထား၍ ဝိညာဉ်ရေးရာသင်ခန်းစာများ သွန်သင်သည်။ ဆာ ၁၁၁တွင် ဘုရားသခင်ကို ချစ်ကြောက်ရိုသေ သူများသည် လက်တွေ့ကျင့်ကြံကြသောကြောင့် ပညာရှိကြသည်ဟု ဆိုခဲ့သည်။ ထိုကဲ့သို့ပင် ပြုဘွယ်အငန်း အတာ များပြားသည့်အထဲတွင် ဘုရားသခင်ကို ဦးစားပေး(၁)ဟုထား၍ ဘုရားသခင်၏လူကို ဒုတိယ ဦးစားပေးထားရသည်။ ဆာ၁၁၁တွင် ဖြောင့်မတ်ခြင်းနေရောင်ခြည်သည် ဘုန်းတန်ခိုးတော်ဖြင့် ဖြန့်ကျက် ခဲ့သည်။ ယခုကျမ်းတွင် ယုံကြည်သူကို နေရောင်ခြည်ရောင်ပြန်ဟပ်သောကာလအဖြစ် တင်စားထားသည်။ ဘုရားသခင်၏ ဘုန်းကျက်သရေကဲ့သို့ပင် ယုံကြည်သူများသည်လည်း သန့်ရှင်းဝိညာဉ်တော်တန်ခိုးဖြင့် ကိုယ်တော်နှင့်တူကြမည် (၂ကော ၃:၁၈)။

ဘုရားသခင်အားချီးမွမ်းလော့ဟူသောစကားရပ်သည် ဆာလံကျမ်း၏လက်သုံးစကားဖြစ်သည်။ နမူနာယူထိုက်သော ပုံဥပမာကောင်းဖြစ်သည်။

မင်္ဂလာရှိသောသူဆိုသည်မှာ မည်သူနည်း။ ဘုရားသခင်ကို ချစ်ကြောက်ရိုသေ၍ ပညတ်တော်များကို လိုက်နာကျင့်ကြံသူဖြစ်သည်။ ရိုးသားဖြောင့်မတ်သည့် အကျိုးကျေးဇူးများကို အောက်ပါအတိုင်းခံစားရသည်။

၁၁၂: မြေပေါ်မှာ အားကြီးသည်။ သားစဉ်မြေးဆက် အစွမ်းသတ္တိရှိကြ၍ ဂုဏ်သိက္ခာတတ်ကြသည်။ အဘယ်သို့ဆိုသော် သားစဉ်မြေးဆက် အမွေကောင်းဆက်ခံကြသည်။ (အသင်းတော်ကာလတွင် လောက စည်းစိမ် ဘဏ္ဍာအစား ဝိညာဉ်ရေးရာအမွေဟု ခံယူရသည်)။

၁၁၂: ဘဏ္ဍာရတနာ။ ဘုရားတရား သိရှိနက်ရှိုင်းသူများသည် ဖရိုဖရဲမဖြစ်။ ဆင်းရဲမွဲတေခြင်း မရှိကြ။ ဖြောင့်မတ်ရိုးသားခြင်း၏အမွေကို သားမြေးစဉ်ဆက် အဆက်ဆက်တိုင်အောင် လက်ဆင့်ကမ်း အမွေပေးကြသည်။

၁၁၂: အလင်းထွန်းလင်းကြသည်။ အမှောင်ထဲတွင် အာမခံချက်မရှိပါ။ အလင်းထွန်းလင်း သောအခါတွင်မူ ပတ်၀န်းကျင်သေချာသိမြင်ရသည်။ ဘုရားရှင်၏အလင်းကို တွေ့မြင်သူများသည် ကျေးဇူးတော်နှင့် သနားစုံမက်ခြင်းခံစားကြသည်။

၁၁၂: စေတနာ သဒ္ဒါရက်ရောခြင်း။ လာရောက်ချေးငှါး တောင်းရမ်းသူများအား လက်ချည်း ဗလာပြန်မောင်းထုတ်ခြင်းထက် စေတနာသန့်သန့်ဖြင့် ပေးကမ်းခြင်းသည် မွန်မြတ်သည်။ မိမိစီးပွားကို စနစ်တကျ စီမံကွပ်ကဲတတ်သူဖြစ်သည်။ ဘ၀ခိုင်မာသည်။ နှောင်းလူများက လွမ်းတသသရှိနေကြမည်။

၁၁၂: သောကကင်းသည်။ သဘာ၀ဘေးအန္တရာယ်စီးပွားရေးက သောင်းကနင်းဖြစ်၍ အနိဌာရုံ သတင်းပြည့်လျှံတင်းလည်း သောကဗျာပါဒမရှိ။ ဘုရားသခင်ကို ယုံကြည်စိတ်ချသည်။ ဘုရားသခင် ၏ခွင့်ပြုချက်မရှိလျှင် ဘေးဆိုးကံကြမ္မာဆိုး မရောက်နိုင်ကြောင်းသိရှိသည်။

၁၁၂: တိုက်ခိုက်ခံရလျှင်လည်း မိမိကိုယ်ကိုစိတ်ချသည်။ ရန်သူများ လာရောက်တိုက်ခိုက်လျှင် လည်း မဖြုံ။ တုန်လှုပ်ကြောက်လန့်ခြင်းမရှိ။ မိုးသဲလျှင်လည်း တခဏပြန်ကျမည်ဟုသိသည်။ မိမိရပ်တည်မှု ခိုင်မာ နိုင်သည့်ဘက်၌အမြဲရပ်တည်သည်။

၁၁၂: အသီးအပွင့်အောင်မြင်၍ လေးစားကြသည်။ စေတနာသဒ္ဒါရက်ရော၍ မရှိဆင်းရဲသားများကို အလှူရေစက်လက်နှင့်မကွာ ပေးကမ်းလှူဒါန်းနိုင်သည်။ သို့ကြောင့် အရှက်အကြောက်မတွေ့ရ။ ချိုကြွ ထောင်ကားနိုင်သည် သူများလက်ခုပ်သြဘာပေးခြင်းခံရသည်။ ထိုအကြောင်းကိုရှင်ပေါလုက ၂ကော ၉:၉တွင်”အရာရာ၌ သုံးလောက်သော ဥစ္စာအမျိုးမျိုး”ဟုခေါ်သည်။

၁၁၂:၁၀ မတရားသူများ၏ မနာလို၀န်တိုမှု။ ဘုရားသခင်၏လူများသည် အမြဲတန်းတောင်းစား၍ ချီးမြှောက်ခြင်းခံရကြောင်းတွေ့မြင်ကြသောအခါ မတရားသူများက မနာလိုငြူငြင်ကြသည်။ အံသွားကြိတ်၍ ရန်ထောင်ကြသည်။ ထိုသူများသည် အသက်ရှင်ကြရသော်လည်း လူဖြစ်ကျိုးမနပ်ကြ။ ထိုအကြောင်းကို Barnes က ဤသို့ဆိုသည်-​

​​ဆာလံကျမ်းပါဖြောင့်မတ်သူနှင့်အရှေ့နှင့်အနောက်ပမာဖီလာဆန့်ကျင်သည်။ ချမ်းသာပျော်ရွှင်ကြ မည်။ စီမံကိန်းဖော်ပြမည်။ လူတွေက ချီးမွမ်းကြမည်။ သို့သော် သေလွန်သည့်အခါ မည်သို့ ရှိကြမည်နည်း။ ဘုရားသခင်၏လူများမှာမူကား ဘေးဒုက္ခရောက်သည့်ကာလ၌ လုံခြုံအေးချမ်း ကြမည်။ ဘုရားရှင်ကို အားကိုးကြသည်။ ဘ၀ကိုခိုင်မာကြသည်။ ဘုရားသခင်၏ မိတ်ဆွေဟု အခေါ်ခံရသည်။၇၈

Previous Article
Next Article