ဆာလံကျမ်း ၁၂၀

ဆာ ၁၂၀၊ ခိုကိုးရာမဲ့ သွားပုပ်လေလွင့်ပြောခံရသူ

ယုံကြည်သူများ၏ ခါးသီးသောအတွေ့အကြုံများတွင် သွားပုပ်လေလွင့်ပြောခံရခြင်း၊ မဟုတ်မှန်စွပ် စွဲခံရခြင်းလည်း ပါ၀င်သည်။ Spurgeon က မုသာစကားကိုဤသို့ဆိုဘူးသည်။ “သစ္စာတရားက ဘိနပ်စီးနေ စဉ် မူသာစကားက ကမ္ဘာတပတ်ပက်သွားပြီ” ဟုဆိုသည်။ လူထုပရိတ်သတ်ကို မွှေနှောက်နိုင်သကဲ့သို့ စိတ်ဝမ်းကွဲပြားအောင်လွယ်လင့်တကူ ပြုလုပ်နိုင်သည်။

၁၂၀:၂။ စိတ်သောကဗျာဒရောက်မှ ဆာလံဆရာက ဘုရားသခင်ကို ချီးမွမ်းသည့်သီချင်းဖြစ်သည်။ ဤဆာလံကျမ်းကို “Song of Ascents” မြင့်တက်ခြင်းတေးဟုခေါ်သည်။ ဆာလံဆရာ၏ဆုတောင်းချက် သည် တိုတောင်းသည်။ ရိုးစင်းသည်။ တိကျသည်။ မုသာစကား၊ ကောလောဟလမှကယ်ထုတ်ရန်ဆုတောင်း သည်။ လိမ်ညာပြောဆိုတတ်သော ရုပ်တုဘုရားတုဝါဒီများ၏ လှည့်စားခြင်းမှ  ကင်းဝေးလိုသည်။

၁၂၀:၄။ ချက်ခြင်းမြားဦးပြောင်းလိုက်သည်။ သူ့ကိုမကောင်းကြံစည်သူများအားအပြစ်ပေးအရေး ယူပေးပါရန်တောင်းလျှောက်သည်။ မည်သို့ စီရင်ချက်ချမှတ်မည်နည်း။ မြားသခင်ထံမှ ချွန်မြသောမြားများ စေလွှတ်တော်မူပါ။ လိမ်လည်လှည့်ဖျား၍ ပေါက်ကရာပေါင်းစုံပြောတတ်သောပါးစပ်ကို မည်သို့လုပ်ရမည် နည်း။ ဆပ်ပြာမှုန့်ဖြင့်ဆေးကြောရမည်လား။ သူတပါးကို မဟုတ်မမှန်၊ မတော်မတရားပြောဆိုခြင်းသည် မီးကြီးခဲသို့ တောက်တောင်သည်။ မီးသွေးခဲ့သို့ တောက်လောင်သည်။ မီးသွေးခဲကဲ့သို့ တငွေ့ငွေ့တောက်သည်။

၁၂၀:၅။ ငြိမ်သက်ချမ်းမြေ့ကို လိုလားသောဆာလံဆရာသည် မေရှက်နှင့် ကေဒါလူမျိုးများအကြား၌ နေရသောကြောင့်ငိုနေရသည်။ မေရှက်သည် ယာဖတ်၏သား (က ၁၀:၂)ဖြစ်သည်။ ဘိုးဘွားစဉ်စဉ်မှစ၍ ယဉ်ကျေးမှုမရှိ၊အရိုင်းအစိုင်းများဖြစ်သည်။ ကေဒါသည် ဣရှမေလ၏ ဒုတိယသား(က၂၅:၁၃)ဖြစ်သည်။ ကိုယ်ချင်းစာနာခြင်းမရှိ။ ရက်စက်ကြမ်းကြုတ်ကြသည်။ International Standard Bible စွယ်စုံကျမ်းတွင် “ကေဒါသည် မူဆလင်မျိုးရိုးနွယ်ဝင်ဖြစ်၍ မိုဟာမက်၊ ဣရှမေလမျိုးရိုးဖြစ်သည်”ဟု ဆိုသည်။

၁၂၀:၇။ ဆာလံဆရာသည် ငြိမ်သက်ချမ်းမြေ့ခြင်းကို မုန်းတီးသော အရိုင်းအစိုင်းများအကြားတွင် နေရသည်မှာ စိတ်ကျဉ်းကြပ်သည်။ ငြိမ်ချမ်းရေး ကမ္ဘာမှာ စံပျော်လိုသည်။

ဓမ္မသစ်ကာလမှ ယုံကြည်သူများသည် သူတပါးတိုက်ခိုက်ပြောဆိုခြင်း ပိုမိုကြုံတွေ့ရသည်။ ထိုသို့ သော သွားပုပ်လေလွင့် တိုက်ခိုက်ခြင်းကို ခံနိုင်ရည်ရှိရန်သခင်ယေရှုကို နမူနာယူရသည်။

“ကဲ့ရဲ့ခြင်းခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေခံရသောအခါ ခြိမ်းချောက်ခြင်းကိုမပြု။ တရားသဖြင့် စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ် အပ်နှံတော်မူ၏” (၁ပေ ၂:၂၀ခ)။

ရှင်ပေတရုက ဤသို့သွန်သင်သည်။

“ကောင်းမွန်စွာပြု၍ ဆင်းရဲခံရသောအခါ သည်းခံလျှင် ဘုရားသခင်ရှေ့တော်၌ ကျေးဇူးရှိပေ၏”။ (၁ပေ ၂:၂၀ခ)။

“သင်တို့သည် ကောင်းချီးမင်္ဂလာကို အမွေခံစေခြင်းအလိုငှါ ခေါ်တော်မူသောသူဖြစ်သည်ဟု သိမှတ်၍ အချင်းချင်း ရန်တုံ့မပြန်၊ မကဲ့ရဲ့။ မေတ္တာပို့ခြင်းကို ပြုကြလော့” (၁ပေ ၃:၉)။

သခင်ယေရှုကိုယ်တိုင်က ဤသို့စကားတော်မိန့်ဆိုထားသည်။-

“ငါ့ကြောင့် သင်တို့ကို ကဲ့ရဲ့ညှဉ်းဆဲ၍ မမှန်ဘဲလျက် အပြစ်တကာတင်ကြသောအခါ သင်တို့သည် မင်္ဂလာရှိကြ၏။ ဝမ်းမြောက်ရွှင်လန်းခြင်း ရှိကြလော့။ အကြောင်းမူကား ကောင်းကင်ဘုံ၌ သင်တို့၏ အကျိုးသည် ကြီးလှ၏။ သင်တို့ရှေ့က ပေါ်ထွန်းခဲ့သော ပရောဖက်တို့ကို ထိုနည်းတူ ညှဉ်းဆဲကြပြီ”။ (မ ၅:၁၁-၁၂)။

Previous Article
Next Article