ဆာလံကျမ်း ၁၃၆

ဆာ ၁၃၆၊ ကြီးမြတ်တော်မူသောအရှင်

ဤဆာလံတေးသည် တမူထူးခြားသည် အပိုဒ်ငယ်ပေါင်း (၂၆)ပိုဒ်ပါဝင်၍ သံစဉ်တခုတည်းရှိသည်။ ‘ကရုဏာတော်သည် ထာဝရတည်ပါပေသည်’ဟု တခါတည်းနှင့်မကျေနပ် မလုံလောက်သောကြောင့် “ကျေးဇူးတော်သည် ထာဝရတည်ပါပေသည်”ဟု ဆင်တူရိုးမှား ထပ်ကျော့ထားသည်။ Thomas Goodwin က ” ဤဆာလံကျမ်းတပုဒ်တည်းတွင် ထာဝရတည်တံ့သည့်အကြောင်း (၂၆)ကြိမ်ပါရှိပါသည်”ဟုဆိုသည်။

သိရှိထားကြသည့်အတိုင်း ကြီးမြတ်တော်မူသော ဘုရားရှင်ကို ဂုဏ်ပြုစပ်ဆိုသည့် ဆာလံတေး ဖြစ်သည်။  Pesach နှင့် Rosh Hashanah ခေါ်ယုဒတို့၏ပသခါပွဲနှင့် နှစ်သစ်မင်္ဂလာပွဲများတွင် သီဆိုလေ့ရှိကြသည်။ နေ့စဉ် ဝတ်ပြုကိုးကွယ်ရာတွင်လည်း ကျူးဧကြသည်။

သီချင်းကို ထပ်ကြော့သီဆိုလျှင်လည်း ငြီးငွေ့ခြင်းမရှိ။ ဘုရားသခင်၏ ချစ်ခြင်းမေတ္တာတော် အစဉ် လိုအပ်ကြပုံ အဘယ်သောအခါမှ ခမ်းခြောက်နွမ်းလျှခြင်းမရှိသည့်အကြောင်း ဖွဲ့ဆိုထားသည်။ ကိုယ်တော်၏ ဂရုဏာတော်၊ သစ္စာတော်နှင့် မြင့်မြတ်ခြင်းများသည် ဖောက်ပြန်ခြင်းမရှိ။ အစဉ်တည်တံ့သည်။

၀တ်ပြုကိုးကွယ်ရန် ဖိတ်ခေါ်ခြင်း (၁၃၆:)

နိဒါန်းအစဖွင့်တွင် ဘုရားသခင်သည် ဘုရားရှင်ဖြစ်တော်မူ၍ ကောင်းမြတ်တော်မူသောကြောင့် ချီးမွမ်းကိုးကွယ်ကြဖို့ ဖိတ်ခေါ်သည်။ ထိုဘုရားရှင်သည် ယေဟောဝါဘုရားရှင် ဖြစ်သည်။ ရုပ်တု၊ ဘုရားတု၊ ဘုရားကြီးငယ်များ၏ ကိုးကွယ်ရာဖြစ်သည်။ စကြာဝဋ္ဌာတခုလုံးကို အုပ်စိုးသောသခင်ဖြစ်သည်။ သခင် တကာတို့၏သခင်ဖြစ်သည်။ မြတ်သောသခင်များကို ဦးစီးသူ၊ ကောင်ကင်တမန်နှင့် လူပုဂ္ဂိုလ်အရှင်သခင် များကို အုပ်စိုးသူဖြစ်သည်။ ကိုယ်တော်သည် ကြီးမြတ်မူသည့်အပြင် ဖန်ဆင်းရှင်၊ ကယ်နှုတ်သူ၊ လမ်းပြ၊ ကျွေးမွေးစောင့်ရှောက်သော အရှင်ဖြစ်သည်။

ဖန်ဆင်းရှင် (၁၃၆:)

ဘုရားသခင်၏ ကောင်းမြတ်ခြင်းနှင့် ဂရုဏာတော်ကို ဖန်ဆင်းထားသော လက်ရာများကို ကြည့်ခြင်း အားဖြင့် ဦးစွာသိရှိနိုင်သည်။ ဉာဏ်ပညာတော်ကြီးမားသည်နှင့်အမျှ ကောင်းကင်တန်ဆာများကို စီရင် ပြင်ဆင်ထားပါသည်။ တိုက်ကြီးများနှင့် ပင်လယ်သမုဒ္ဒရာများကို ခွဲကန့်ထားပါသည်။ မိုးကောင်းကင်တွင် ဧရာမအလင်းထွန်းလင်းစေသည်။ နေ့အချိန်တွင် နေဖြင့်အလင်းနှင့်အပူပေး၍ လူတွေအိမ်မက်လှနိုင်အောင် ညဉ့်အချိန်တွင် လနှင့်ကြယ်ရောင်ဖျော့ဖျော့ ပေးပါသည်။

ရွေးနှုတ်သခင် (၁၃၆:၁၀၁၅)

မဟာဖန်ဆင်းရှင်သခင်သည် တန်ခိုးရှင် ရွေးနှုတ်သခင်လည်းဖြစ်သည်။ အဲဂုတ္တုမင်းဆိုးမင်းညစ်များ လက်ထဲမှ ဣသရေလလူများ ရွေးထုတ်ရန် အဲဂုတ္တုဖူးပွင့်လူငယ်များကို ဖြတ်တောက်သည်။ ခွန်အားကြီးသော လက်မောင်းဖြင့် ဣသရေလလူများကို လွတ်ရာကျွတ်ရာ ပို့ဆောင်သည်။ ထိုလက်ဖြင့် ပင်လယ်ကိုလည်း နှစ်ပိုင်းကွဲစေသည်။ ဣသရေလလူများ ဖြတ်ကျော်ပြီးနောက် ဖာရော၏စစ်သားများ ဖြတ်ကူးကြစဉ် ပင်လယ်ရေသည် ပုံမှန်ဖြစ်အောင် ပြန်လည်ပူးပေါင်းသည်။ သူ့လူများအပေါ်သို့ ထားရှိသော ယေဟောဝါ ဘုရားသခင်၏မေတ္တာတော်သည် ကြီးမားပါပေသည်။

လမ်းပြခြင်း (၁၃၆:၁၆)

ဘုရားသခင်က နှစ်ပေါင်းလေးဆယ်လုံးလုံး ကန္တာရတော်တွင် မျက်စိသည် သဝေထိုးနေကြသော ဣသရေလတို့အား လမ်းပြခဲ့သည်။ ဣသရေလတို့သွားသောလမ်းသည် မင်းမတော် လမ်းမတော်မဟုတ်။ လမ်းညွှန်မှတ်တိုင်လည်းမရှိ။ မြေပုံမရှိ။ ဘုရားရှင်၏လမ်းညွှန်မှုဖြင့် ချီတက်ကြသည်။ တုနှိုင်းဖွယ်ရာမရှိ လမ်းပြသခင်။

ဗိုလ်တကာဗိုလ် (၁၃၆:၁၇၂၂)

ရန်သူများကိုလည်း တိုက်ခိုက်ဖြိုခွင်းပေးသည်။ ဣသရေလတို့ သွားရာလမ်းကို ရှိဟန်မင်းနှင့် သြယမင်းတို့က တားဆီးပိတ်ပင်ကြသည်။ ထိုမင်းများကို ဖြိုခွင်းကျော်ဖြတ်စေပြီး ကတိတော်ပြုထားသော မြေပေါ်အရောက် ပို့ဆောင်ခဲ့သည်။

မစသူ၊ ကယ်တင်ရှင်၊ စောင့်ရှောက်သခင် (၁၃၆:၂၃၂၅)

အကျဉ်းချုံးပြောရလျှင် ဆာလံဆရာက ယေဟောဝါဘုရားသခင်ကို အံ့သြဘွယ်ရာကယ်တင်ရှင်၊ ကူညီမစသူ၊ ကျွေးမွေးထောက်ပံ့သူအဖြစ် ခံယူချီးမွမ်းသည်။ ဣသရေလတို့ လူဦးရေနည်းပါး၍ ခိုကိုးရာမဲ့ ဖြစ်ကြစဉ်တွင် ဘုရားရှင်က ကွယ်ကာစောင့်ရှောက်ပုံကို အောက်မေ့သည်။ သူတပါးညှဉ်းပန်းနှိပ်စက်မှု အောက်မှ ကယ်ထုတ်ပုံကို သတိရသည်။ ရန်သူများလက်ထဲမှ ကယ်ထုတ်ခဲ့သည်။ ငတ်မွတ်စဉ်၌လည်း အငတ်မထား အဝအလင်ကျွေးမွေးထောက်ပံ့ခဲ့သည်။

ကောင်းကင်ဘုံရှင် ဘုရားသခင် (၁၃၆:၂၆)

ဘုရားသခင်သည် ကြီးတော်မူပါပေသည်။ ပုဂ္ဂိုလ်ရေးအရ ကြီးမြတ်သည့်အလျောက် ကရုဏာတော် သည်လည်း ရပ်နားခြင်းမရှိ၊ အစဉ်စီးဆင်းသည်။ သာ၍ ချီးမွမ်းစရာ အကြောင်းရှိပါသည်။

Previous Article
Next Article