ဆာလံကျမ်း ၁၃၇

ဆာ ၁၃၇၊ အိုယေရုရှလင်၊ သင့်ကိုမေ့လျော့မိလျှင်

၁၉၄၈နှစ် ဧပြီလတွင် ယေရုရှလင်မြို့ကို ရန်သူများက ဝိုင်းထားကြသည်။ အစားအသောက် ငတ်မွတ် ကြပြီ။ မြို့သူမြို့သားများသည် ကွန်မြူနစ်နိုင်ငံသားများသို့နှယ် ခွဲတမ်းစနစ်ဖြင့် စားနပ်ရိက္ခာရရှိကြသည်။ တပတ်တွင် မာဂျရင် (၂)အောင်စ၊ အာလူး (၂၅)ကျပ်သား၊ အသားခြောက်(၂၅)ကျပ်သားသာ ရရှိကြသည်။ ထိုစဉ်တွင် တဲလဗီမြို့ (Tel Aviv)မှ ရိက္ခာထောက်ပံ့သည့် ယာဉ်တန်းကြီးရောက်လာကြောင်း ကြားသိ ကြသည်။ လူထောင်ပေါင်းများစွာတို့သည် ထိုယာဉ်တန်းကို အပြေးအလွှားကြိုဆိုကြသည်။ ထိုယာဉ်တန်းကြီး ဝင်လာပုံကို ဘယ်သောအခါမှ မေ့နိုင်ကြမည်မဟုတ်။ မျက်စိထဲက ထွက်ကိုမထွက်ဘူး။ မော်တော် ယာဉ်များ၏ခေါင်းခန်းပေါ်တွင် အောက်ပါစာလုံးပြာကြီးများဖြင့် စာတန်းထိုးထားကြသည်။

“မေ့နိုင်ပါရိုးလား အိုယေရုရှလင်”

If, forget , O Jerusalem…

ဆာ ၁၃၇:၅ သည် ယုဒလူများ၏ အကျဉ်းသားဘဝ၊ ကျေးကျွန်ဘဝကို သတင်းလွင့် ပျံ့နှံ့စေရာ ဖြစ်သည်။

၁၃၇: ဗာဗုလုန်ကျွန်ဘဝမှ ပြန်လည်လွတ်မြောက်လာကြပြီးနောက် ဆာလံဆရာသည် ဇိအုန်တောင် နှင့် ဝေးကွာခဲ့ကြစဉ်က ဝမ်းနည်းကြေကွဲခဲ့ကြပုံကို ပြန်လည်စဉ်းစားဝမ်းနည်း မိသည်။

အားလပ်ချိန် ဥပုသ်နေ့ရက်များတွင် အတူတကွ ဆုတောင်းကြစို့ ဗာဗုလုန်မြစ်နားတွင် ဆုံတွေ့ ကြသည်။ အတိတ်အကြောင်းပြန်တွေးသောအခါ မျက်ရည်ဖြိုင်ဖြိုင် ရွာသွန်းကြသည်။ ဇိအုန်တောင်ကို လွမ်းမောကြသည်။ ဇိအုန်တောင်ကို ကမ္ဘာသူကမ္ဘာသားများ၏ ဝိညာဉ်ရေးရာ ဗဟိုချက်မ၊ အသက်ရှင်ရာ အချက်အချာမြေအဖြစ် ခံယူကြသည်။ ပွဲတော်မင်္ဂလာ စီရင်ကျင်းပခဲ့ကြပုံများကို ပြန်လည်စဉ်းစားတိုင်း ကျမျက်ရည်မဆယ်နိုင်ကြ။ ယခုမူ ထိုနေရာသို့ ကိုယ်တိုင်မသွားနိုင်ကြတော့ပါ။ မသန့်ရှင်းသူများ၏ လက်ထဲတွင် ညစ်ပေစွန်းထင်းကုန်ပြီ။ ဗာဗုလုန်မြစ်ရေကို ကြည့်လိုက်တိုင်း မြစ်ရေဟုမမြင်။ ယုဒတို့၏ မျက်ရည် ပေါင်းစည်းစီးဆင်းသည်ဟု မြင်ကြသည်။ ယေရမိဆုတောင်းသကဲ့သို့ပင် အဝေးတနေရာမှ ယော်ရမ်းမှန်းဆနေရသည်။ “ငါ၏လူမျိုး၊ သတို့သမီးပျက်စီးသောကြောင့် ငါ့မျက်ရည်သည် မြစ်ရေပြင်ဖြစ်၍ စီးလျှက်နေ၏” (မြည် ၂၃:၄၈)။

ထိုပရောဖက် ယေရမိက ဤသို့လည်းဆိုခဲ့သည်။

ငါ၏လူမျိုး၊ သတို့သမီးနှင့်ဆိုင်သော အသေကောင်များအတွက် ငါသည် နေ့ညဉ့်မပြတ် ငိုမည် အကြောင်း၊ ငါ့ဦးခေါင်းသည် ရေသက်သက်။ ငါ့မျက်စိသည် မျက်ရည်ထွက် စမ်းရေပေါက် ဖြစ်ပါစေသော” (ယေ :)

၁၃၇: စောင်းများကိုလည်း မိုးမခပင်ပေါ်တွင် ချိတ်ထားလိုက်ကြသည်။ ယခုခေတ်အရဆိုလျှင် ဘီဒိုထဲတွင် သိမ်းဆည်းသော့ခတ်ထားကြသည်။ အဘယ့်ကြောင့်နည်း။ ဂီတတူရိယာတီးခတ်ချင်စိတ် ကုန်ခမ်းကြပြီ။ တေးမဆိုချင်ကြ။ တေးမဆိုချင်မှဖြင့် တူရိယာလည်းတီးခတ်စရာမလို။

၁၃၇: ဗာဗုလုန်သားများက ဟေဗြဲရိုးရာတေးသီချင်းတပုဒ်လောက် ဆိုပြပါလားဟု မကြာခဏ တောင်းဆိုကြသည်။ ထိုအခါမျိုးတွင် အနာပေါ်ဒုတ်ကျ ပိုမိုနာကျင်သည်။ မင်းတို့တိုင်းပြည်မှာ ပျော်ရွှင်စွာ တီးမှုတ်သီဆိုကြသကဲ့သို့ ရွှင်လန်းစွာဆိုကြပါလားဟု ပြောကြသည်။

၁၃၇: မျက်နှာပြောင်တိုက် သရော်ရက်လိုက်ကြလေခြင်း။ ဇာတိချက်ကြွေမွေးရပ်မြေ ကွေကွင်းရလို့ လွမ်းတသိမ့်သိမ့် ဆွေးတစိမ့်စိမ့် မိန်းမောဆွတ်ပျံနေသည့်အထဲ ပဇာသို့ တေးတငြိမ့်ငြိမ့်နေနိုင်မာလဲ။ စိတ်နှလုံးကြေကွဲဝမ်းနည်းနေသည့်အကြား၊ ရုပ်တု ဘုရားတုကိုးကွယ်သူများအလယ်တွင် ကြီးမြတ်တော် မူသောဘုရားရှင်ကို နောက်ပြောင်စရာအဖြစ် မည်သို့သီချင်းဆိုနိုင်မည်နည်း။ ယေရုရှလင်ကို မေ့လျော့ရာ ရောက်သွားမည်။ ဘုရားသခင်နှင့် လောကီရေးရာကို မည်သို့ရောထွေးရှက်တင် လုပ်နိုင်မည်နည်း။ “လူစိမ်းသူစိမ်းမြေနှင့် ဘုရားသခင်ချီးမွမ်းခြင်း သီချင်းသည် မည်သို့မှ မအပ်စပ် မစုံမက်နိုင်” ဟု F.B.Meyerက ထောက်ခံသည်။

၁၃၇: ဆာလံဆရာက သူ့လူများယေရုရှလင်တွင် အသက်ရှင်ကြပုံကို ပြန်လည်တမ်းတသည်။ ယေရုရှလင်ကို ဘုရားသခင်ကျိန်းဝပ်ရာ ဌါနာတော်အဖြစ် ခံယူကြသည်။ ယေရုရှလင်ကို ဘဝတသက် မေ့ရက် နိုင်စွမ်းမရှိ။ တေးဖွဲ့သီဆိုရာ၊ တူရိယာတီးခတ်၍ ချီးမွမ်းကိုးကွယ်ရာဖြစ်သည်။ စောင်းကို ညာလက်ဖြင့် တီးခတ်ပူဇော်သည်။ အကယ်၍များ သူ့နှလုံးသားလွင်ပြင်တွင် ယေရုရှလင်ကို ပထမဦးစားပေးမဖြစ်လျှင် သူ့လျှာသည် အာခေါင်မှာကပ်၍ ရွှေဖြစ်ရပါစေ။ နောက်တဖန် တေးဂီတ မတီးခတ်ပါရစေနှင့်။ ဇိအုန်တောင်ကို ထောမနာပြုသည့်တေး တဖန်မကျူးပါရစေနှင့် ဟုကျိန်ဆိုသည်။

၁၃၇: ပထမတွင် မိမိကိုယ်ကို ကျိန်ဆိုသည်။ နောက်တခါ သန့်ရှင်းသောယေရုရှလင်မြို့တော်ကို ဖျက်ဆီးဖို့ ကြံစည်နေသည့် ရန်သူများကို ကျိန်ဆိုသည်။

ထိုရန်သူများမှာ ဧဒုံ၏သားစဉ်မြေးဆက်များ ဖြစ်သည်။ ဥခွံကို နင်းချေသကဲ့သို့ ယေရုရှလင်မြို့ကို နင်းချေပစ်ဖို့ စစ်အင်အားအလုံးအရင်းဖြင့် ပြင်ဆင်နေကြပြီ။ အမြစ်တိုင်အောင် ဆွဲနှုတ်ပြီဟု ကြွေးကြော် ကြသည်။ ထိုကြုံးဝါးသံများကို ခပ်ပေါ့ပေါ့ သဘောမထားပါနှင့်။ ဘုရားသခင်စီရင်တော်မူပါ။

၁၃၇: နောက်ရန်သူမှာ ကျူးကျော်ရေးသမား ဗာဗုလုန်သားများ ဖြစ်သည်။ ဘုရားသခင်က ဗာဗုလုန်သားများသည် ဘုရားသခင်၏လူများ ဆုံးမဖို့ဝါးရင်းတုတ်အဖြစ် အသုံးပြုသည်။ ဗာဗုလုန်သား များသည် ရက်စက်ကြမ်းကြုတ်ကြသော်လည်း ဘုရားသခင်က အရေးမယူ။ အပြစ်မပေး။

ငါသည် ငါ၏လူတို့ကို အမျက်ထွက်သောကြောင့် ငါ၏အမွေကို ရှုတ်ချ၍ သင့်လက်သို့ အပ်လိုက်၏။ သင်သည် သနားသောစိတ်မရှိ။ အသက်ကြီးသောသူတို့အပေါ်မှာ လေးသော ထမ်းပိုးကို တင်တော်မူပြီ” ​(ဟေရှာ ၄၇:)

ငြိမ်သက်စွာနေသော တပါးအမျိုးသားကို အလွန်အမျက်ထွက်၏။ အကြောင်းမူကား ငါသည် ယေရုရှလင်မြို့ဟု အနည်းငယ်အမျက်ထွက်သောအခါ သူတို့သည် ဝိုင်း၍ ညှဉ်းဆဲကြပြီ” (ဇာ ၁၁:၁၅)

ဗာဗုလုန်သားများက ယေရုရှလင်ကို တိုက်ခိုက်သိမ်းပိုက်ခြင်းအား စောဒကတက်စရာမရှိပါ။ ရှေးပရောဖက်များကလည်း ဗျာဒိတ်ပေးထားကြပြီး ဖြစ်သည် (ဟေရှာ ၁၃:၁-၂၂၊ ယေ ၅၀:၁၅-၂၈၊ ၅၁:၆-၃၆)။ ဘုရားသခင်က ဗာဗုလုန်သားများကို လက်နက်တန်ဆာပလာအဖြစ် သုံး၍ ယေရုရှလင်ကို ဆုံးမသည်။

၁၃၇:

နောက်ဆုံးကျမ်းပိုဒ်သည် ခက်ခဲနက်နဲဆုံး ကျမ်းချက်တခုဖြစ်သည်။ သင်တို့၏သူငယ်တို့ကို ကိုင်၍ ကျောက်ပေါ်မှာ ဆောက်သောသူသည် မင်္ဂလာရှိ၏။

ဓမ္မသစ်ကျမ်း ဖတ်ရှုလေ့လာခြင်းမရှိသေးသူများအတွက် မနှစ်မြို့ဘွယ်ရာ ရက်စက်မှု၊ အာဃာတရား ဖြစ်သည်။ အပြစ်မဲ့သော ကလေးသူငယ်များကို အဘယ့်ကြောင့် လူ့စိတ်ကင်းမဲ့စွာ ပြုမူဆက်ဆံရမည်နည်း။ အောက်ပါတိုင်းစဉ်းစားအဖြေရှာကြရအောင်။

ပထမဆုံးသိရှိထားရမည့် အခြေခံအချက်မှာ ဤကျမ်းစကားသည် ဘုရားသခင်၏ စကားတော် ဖြစ်သည်။ နှုတ်တော်ထွက်စကားလည်းဖြစ်သည်။ စကားတော်ကို မသိနားမလည် သဘောမပေါက်ကြ သောကြောင့် အတွေးများသည်။ ဒုတိယအချက်အနေဖြင့် ဗာဗုလုန်သားများက ဝင်ရောက်ဖျက်ဆီးမည့် အကြောင်း ပရောဖက်ပြုထားပြီးဖြစ်သည်။

သူတို့သားသမီးများကို သူတို့မျက်မှောက်၌ မြေပေါ်မှာ ဆောင့်ဖွပ်ကြမည်။ သူတို့အိမ်များကို လုယက်၍ သူတို့မယားများကို အဓမ္မပြုကြလိမ့်မည်” (ဟေရှာ ၁၃:၁၆)

နောက်တခုသိရှိရမည့်အချက်မှာ သားသမီးများသည် မိဘဘိုးဘေးများ၏ အပြစ်ဒဏ်ကို ခံစားကြသည် (ထွ ၂၀:၅၊ ၃၄:၇၊ တော် ၁၈၊ တရား ၅၊၉တို့ကိုကြည့်) လူသည် ဇာတိမဲ့ သီးသန့်ပေါ်ထွန်းသည် မဟုတ်။ မိုးကျလူသားမဟုတ်။ ပတ်ဝန်းကျင်၏ ဆိုးမွေကောင်းမွေ ရှိုက်ခတ်မှုရှိသည်။ မိဘထံမှသော်၎င်း၊ ပတ်ဝန်းကျင်မှသော်၎င်း၊ အကျိုးအပြစ်ဆက်ခံကြရသည်။

ဤကျမ်းချက်တွင်ပါရှိသည့် အတွေးအခေါ်များသည် မောရှေလက်ထက် ပညတ်တရားအောက် ရှိသူများအတွက်ဖြစ်၍ ယနေ့ခေတ်ကာလ ကျေးဇူးတော်ခေတ်နှင့် အပ်စပ်မှုမရှိ။ သခင်ယေရှုကိုယ်တိုင် မိန့်တော်မူခဲ့သော တောင်ပေါ်ဒေသနာနှင့် ယှဉ်ဖတ်ကြည့်ပါ (မ ၅:၂၁-၃၈)။

ဝိညာဉ်ရေးရာသခင်ခန်းစာအဖြစ် မည်သို့ အနက်ဖွင့်ဆိုရမည်နည်း။ လူတိုင်း အပြစ်ကြီးငယ် ရှိကြ သည်။ ငယ်သောအပြစ်ကလည်း ဘဝတခုလုံးကို ဖျက်ဆီးနိုင်သည်။ အမှိုက်တစ ပြသာဒ်မီး လောင်နိုင်သည်။ ထိုအကြောင်းကို C.S.Lewisက ဤသို့ဆက်စပ်ပေးသည်။

အတွင်းစိတ်ထဲမှာ ကလေးသူငယ်သို့နှယ် သန္ဓေတည်သည်။ ထိုမှတဆင့် တဖြည်းဖြည်း နေရာ ယူသည်။ ကြီးထွားလာသည်။ တနေ့သောအခါ ချိုးကပ်လာသည်။ လူကိုမောင်းနှင်လာသည်။ မခုခံ မတွန်းလှန်နိုင်အောင် အင်အားကြီးမားလာသည်။ သို့ဖြင့် လူသည် တိရစ္ဆာန်စိတ်၊ တိရစ္ဆာန်အကျင့် ဝင်လာသည်။များများမပြောင်ချင်ဘူးငါ့မျှော်လင့်ချက်က ဒါပဲ” “ကိုယ့်ကိုကိုယ်ဘာထင်သလဲအစရှိသည့် စိတ်ရိုင်းလူမိုက်စကားများ ထွက်လာသည်။ ကလေးသူငယ်များသည် ချစ်စဖွယ်ကောင်းပါသည်။ ထို့ကြောင့် ငယ်ရွယ်သည့်အချိန်မှာ ပြုပြင်ရသည်။ အကျင့်ဆိုးများကို သေးငယ်စဉ်အခါက ထိန်းကျောင်းနှိပ် ကွပ်ရသည်ဟု ဆာလံဆရာက အကြံပေးပါသည်။ ဦးနှောက်မရင့်ကျက်မီ ပုံသွင်းပါ။ ကြီးခါမှ နောင်တရရင် နောက်ကျပြီ၉၆

Previous Article
Next Article