ဆာလံကျမ်း ၁၄၀

ဆာ ၁၄၀၊လူဆိုးသူယုတ်တို့လက်ထဲမှ

၁၄၀: ရန်သူများ၏လုပ်ကြံခြင်းမှ လွတ်မြောက်ခွင့်ပေးရန် ဒါဝိဒ်မင်းစတင်ဆုတောင်းသည်။ လူဆိုးများက အသက်ရန်ရှာကြသည်။ လူယုတ်မာများက နှိပ်ကွပ်ကြသည်။ ထိုသူများက သူများကို ဒုက္ခမပေး လျှင် စားမဝင်၊ သူများကို မနှိပ်စက်လျှင် အိပ်မပျော်ကြသူများဖြစ်သည်။ တဘက်လူကို အားမနာ လျှာမကျိုးပြောကြသည်။ မြွေကဲ့သို့ပင် လျှာအောက်၌ အဆိပ်ပါကြသည်။ ပြောစကားများသည် နားထောင် ချင်စဖွယ်မရှိ။ အဆိပ်အတောက်ချည်းဖြစ်သည်။

၁၄၀: သို့ကြောင့် ရန်သူများ၏ ကြော့ကွင်းထဲသို့မကျရောက်စေရန် ဆာလံဆရာက ဆုတောင်း သည်။ လူဆိုးများသည် ထောင်ချောက်ဆင်ရာတွင် အထူးကျွမ်းကျင်ကြသည်။ လှည့်စားတတ်ကြသည်။ မမြင်ကွယ်ရာတွင် ပုန်းအောင်းကြပြီး ဆာလံဆရာသွားရာလမ်းတွင် မာယာထောင်ချောက်ဆင်ကြသည်။ ကွန်ယက်ဖြန့် ထားကြသည်။ ညွတ်များလည်း ထောင်ထားကြသည်။

၁၄၀: ထိုလူသတ်ဖို့ အကြံအစည်မှ ကွယ်ကာတော်မူပါ။ ကိုယ်တော်ထံသို့နီးအောင် ဆွဲခေါ် တော်မူပါ။

ဆက်ကပ်ခြင်း    –ကိုယ်တော်သည် အကျွန်ုပ်၏ ဘုရားသခင်၊

ကိုးကွယ်ခြင်း    –အကျွန်ုပ်ဆုတောင်းသံ နားထောင်တော်မူပါ။

မှီခိုခြင်း             –အကျွန်ုပ်၏မီခိုခြင်းအစွမ်းသတ္တိ၊ဘုရားရှင်၊

ကျေးဇူးတင်ခြင်း            –စစ်တိုက်ရာနေ့၌ ဦးခေါင်းကို ဖုံးအုပ်ပေးတော်မူ၏

အသနားခံခြင်း   –မတရားသောသူ၏အလိုဖြည့်ခွင့်၊ အကြံထမြောက်ခွင့် မရှိစေပါနှင့်။

နောက်ဆုံးကျမ်းပိုဒ်တွင် “ရန်သူများ၏အလိုမပြည့်၊ အကြံမမြောက်ပါစေနှင့်” ဆိုသည်မှာ သူ့ကို သတ်ဘို့ အကြံအစည် တားဆီးခိုင်းခြင်းဖြစ်သည်။ ဘုရားသခင်သည် မကောင်းသောအကြံအစည် သူ့တပါးကို ဒုက္ခပေးမည့်အတွေးအား ကူညီရိုးမရှိ။ သို့ဖြစ်ပါလျှက်နှင့် အဘယ်ကြောင့် ဤသို့ရေးထားပါသနည်း။ ဆာလံဆရာ၏ ဒုက္ခအားဘုရားသခင်ကယ်တင်ပုံကို ဖော်ညွှန်းလိုသည်။

၁၄၀:၁၁ မကောင်းသောသူများ၏ အကြံအစည်များအား ကိုယ်ရှူးကိုယ်ပတ်ကြပါစေဟု ဆာလံဆရာက ဆုတောင်းသည်။ သူတပါးကို ပေးမည့်ဒုက္ခများသည် ထိုမကောင်းသောသူများ၏ ခေါင်းပေါ် သို့ မီးခဲသဖွယ်ကျပါစေ။ လွတ်မသွားကြစေရန် မိုးသီးမိုးဖွဲပမာ ရွာသွန်းပါ။ ပြေးစရာမရှိဘဲ နောက်ချေးပုံထဲသို့ လိမ့်ကျကြပါစေ။ ကမ္ဘာမြေပေါ်မှာ နေရာမြေမရှိ။ လူတကာက နှာခေါင်းရှုံ့ကြပါစေ။ မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွားကြပါစေ။ သက်ဇိုးမရှည်ကြပါစေနှင့်။

၁၄၀:၁၂၁၃ ဆာလံဆရာသည် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို တွေးတောရင်း ကျေနပ်စိတ်ချ သည်။ ဘာတွေဖြစ်မည်လဲ။ ဘုရားသခင်သည် မရှိဆင်းရဲသား ကျောမွဲလူတန်းစားဘက်မှာ ရပ်တည်ကြောင်း ဆာလံဆရာက သိရှိသည်။ ဘုရားရှင်သည် ​ဖြောင့်မတ်တော်မူသည့်အတိုင်း ငမွဲများကို ကူညီမစလေ့ရှိသည်။ မစတော်မူသည့်အတိုင်းဆင်းရဲသားများက ကျေးဇူးစကားဆိုလေ့ရှိကြသည်။ သဘောကောင်းမနောဖြောင့် သောသူများသည် အထံတော်တွင် အစဉ်ဆည်းကပ်ကြသည်။ ဆင်းရဲဒုက္ခကြုံဆုံသမျှကို ယားသည်ဟုပင် မထင်ကြ။

Previous Article
Next Article