ဆာလံကျမ်း ၁၄၉

ဆာ ၁၄၉၊ အမြင့်ဆုံးချီးမွမ်းကြစို့

ဤဆာလံတေးတွင် အပိုင်း(၂)ပိုင်းရှိသည်။ (အငယ် ၁-၆က)တွင် သန့်ရှင်းသူများတေးဆိုကြ၍ ဒုတိယပိုဒ် (အငယ် ၆ခ-၉)တွင် အုပ်စိုး စိုးစံကြသည်။ မည်သည့်အချိန်တွင်ပါလဲ။ လူ့ကမ္ဘာမြေပေါ်တွင် သခင်ယေရှုစိုးစံဖို့ ကြွလာသောအခါသမယဖြစ်သည်။ နိုင်ငံတော်ကို မျှော်လင့်နေကြသည့် ဧည့်ကြိုများဖြစ် သည်။

၁၄၉: အသစ်သောသီချင်းဆိုသည်မှာ ဣသရေလတို့သီဆိုသည့် ဖန်ဆင်းခြင်၊ ရွေးနှုတ်ခြင်း၊ အုပ်စိုးသည့်အကြောင်း တေးသီချင်းဖြစ်သည်။ ယေဟောဝါဘုရားသခင်ကို ကိုယ်စိတ်ဝိညာဉ်အကြွင်းမဲ့ဖြင့် ချီးမွမ်းကြသည်။

တေးသီချင်းဖြင့်သာ ချီးမွမ်းကြသည်မဟုတ်။ ကခုန်၍ ချီးမွမ်းကြသည်။ မည်သို့ ကရမည်နည်း။ ယုံကြည်သူများသည် ကရသလား။ ဘုရားသခင်ရှေ့တော်တွင် ဝမ်းမြောက်ဝမ်းသာ ကြည်နူးသည့် လက္ခဏာ ဖြင့် ကခုန်ရပါသည်။ စိတ်ဝိညာဉ်ရွှင်လန်းကြောင်း သက်သေပြရသည်။ ဘုရားသခင်က ကခုန်ခြင်းကို လက်ခံ ပါသည်။ ယခုခေတ်ကာလတွင် အချို့သောအသင်းတော်များ ကခုန်ကြပါသည်။ မှန်ကန်သော လုပ်ဆောင်မှု ဖြစ်ပါသည်။ ကခုန်ခြင်းနှင့် ဆူညံခြင်းမတူပါ။ ဆာလံဆရာပြောသော ကခုန်ခြင်းသည် သန့်ရှင်းစင်ကြယ် သည်။ တေးဂီတတူရိယာများ တီးခတ်ရာတွင်လည်း ထိုနည်းလည်းကောင်းဖြစ်ပါသည်။ ပတ်သာနှင့် စောင်း သည် စိတ်လှုပ်ရှားစေသည့်အပြင် ဘုရားသခင်ထံသို့ အာရုဏ်ဆွဲဆောင်ပါသည်။ မကြာခဏ အလွဲမှား တတ်ကြသည်။ တူရိယာများကို သုံးစွဲခြင်းတွင် အပြစ်မရှိပါ။ လျှပ်ပေါ်ခြင်းမဖြစ်စေရ။

၁၄၉:၆က အဘယ့်ကြောင့် ပွဲလမ်းသဘင်သဖွယ် တီးမှုတ်ကခုန်ကြရသနည်း။ အဘယ့်ကြောင့် ဆိုသော် ဘုရားသခင်က သူ့လူများရွှင်လန်းဝမ်းသာသည်ကို တွေ့မြင်ချင်သည်။ အောင်စည်အောင်မောင်း တီးခတ်ကြသည်ပုံကို ကြားချင်သည်။ ဘေးရန်ကြီးကာလလွန်မြောက်ပြီ။ မုန်တိုင်းလွန်သော် မိုးလာစမြဲ မဟုတ်လား။

ဘုရားသခင်၏ ဘုန်းတော်ကို ရွှင်လန်းစွာချီးမြှောက်ချင်သည်။ တေးဖွဲ့အော်ဟစ်၍ ပျော်မဆုံး မော်မဆုံး ပျော်ရွှင်ကြသည်။ ပျော်ရွှင်ရသည့် အကြောင်းအချက်များစွာရှိပါသည်။ အပိုဒ်ငယ်(၅)ပါ ကျိန်းဝပ်ရာပေါ်မှာ ဆိုသည်မှာ ပလ္လင်တော်ပေါ်က ဆိုလိုဟန်ရှိသည်။ ဘုရားရှင်တော်လဲလျောင်းတော်မူရာ ပလ္လင်တော်မှ ချီးမွမ်းသံ နားထောင်နေသည်။

၁၄၉:၆ခ အပိုဒ်ငယ်(၆)အလယ်တွင် အခမ်းအနားပြောင်းလဲသွားသည်။ အပိုဒ်ငယ်(၆) နောက်ပိုင်းမှစ၍ ဣသရေလလူများသည် တရားစီရင်သူ လူတန်းစားထဲပါသွားသည်။ ဣသရေလတို့၏ ရန်သူများပျက်သုဉ်းပြီး မေရှိယသခင်ကြွလာသည့် အမှတ်အသားဖြစ်သည်။ သခင်ဘုရားကိုယ်တိုင် စီရင်ချက် ချမှတ်မှတ်မည်ဖြစ်၍ တိုင်းနိုင်ငံသားများကို စီရင်ခွင့်အမိန့်အာဏာအား ဣသရေလလူမျိုးများက အခြား လူမျိုးများအား နည်းပေးလမ်းပြမည်ဟု စာရေးဆရာက ထင်မြင်သည်။ သခင်ယေရှုက သံလှံတံတော် စွဲကိုင်၍ အုပ်စိုးမည် (ဗျာ ၂:၂၇)။ တမန်တော်များက ဣသရေလ(၁၂)မျိုးကို ကိုယ်စားပြုသော ပလ္လင်များ ပေါ်တွင် နေရာယူကြမည် (မ ၁၉:၂၈)။ ဣသရေလများက တပါးအမျိုးသားများထဲသို့ စီရင်ခွင့်အာဏာ ဝေမျှ မည် (ဒံ ၇:၂၂)။

သို့ဖြင့် သန့်ရှင်းသူများသည် သန်လျက်တော်ကိုင်ကြမည်။ လူများသို့ ကလဲ့စားချေခွင့်ရှိသည်။ ပုန်ကန်သောင်းကျန်းသော ရှင်ဘုရင်များနှင့် မူးမတ်များကို သံကြိုးဖြင့် တုတ်နှောင်ကြမည်။ ထိုသို့ ပြုလုပ်ခြင်းသည် ဖြောင့်မတ်သည်။ တရားမျှတသည်။

၁၄၉: ထိုနေ့ရက်သည် ဣသရေလလူမျိုးသို့ ဘုန်းပွင့်ရာနေ့ဖြစ်သည်။ သမိုင်းတလျှောက် နှိပ်ကွပ် လာကြသူများ၊ စော်ကားမော်ကားပြုသူများအား ပြန်လည်အရေးယူနိုင်သည်။

သခင်ခရစ်တော်ဘုရား ပြန်လည်ကြွလာသောအခါ ဓမ္မသစ်သန့်ရှင်းသူများသည် ဘုန်းတန်ခိုးပြည့်ဝ ကြမည်။ စီရင်ခွင့်အာဏာ ရရှိကြမည်။ ထိုအကြောင်းကို ၁ကော ၆:၂-၃တွင်ကြည့်ပါ။

Previous Article
Next Article