ဆာလံကျမ်း ၂၃

ဆာ ၂၃၊ သိုးထိန်းကြီး

ဆာလံ၂၃သည် ဆာလံကများအနက် နှစ်လိုဘွယ်ရာ အကောင်းဆုံးဖြစ်သည်။ ဥပုသ်စာဖြေသင်တန်းနှင့် ခွန်အားပေးသင်တန်းများတွင် နှုတ်တိုက်အလွတ်သီဆိုလံရှိကြသည်။ ဘယ်သောအခါမှ မရိုးမအီမတိမ်ကောနိုင်သော ကျမ်းစကားဖြစ်သည်။ ရှေးဓမ္မစာဆိုကြီးတပါးက “ဆာလံ၂၃ပေါ်လာရာနေ့ရက်သည်နေ့ထူးရက်မြတ်ပေတည်း”ဟု ဆိုထားသည်။ဆရာကြီး J. A. Little Proud m ဤသို့ထောက်ခံ ထားသည်။အောင်မြင်သောဘဝခရီး၏ လျှို့ဝှက်ချက် -နေ့စဉ်လိုအပ်ချက်ဖြည့်ဆည်းပေးသည်။ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါသည်ဆင်းရဲမခံရ။ကျေနပ်စွာသေဆုံးရခြင်း၏ လျှို့ဝှက်ချက်- စိုးရိမ်သောကဟူသမျှကင်းစင်သည်။သေမင်း၏ အရိပ်အောက်၌ လျှောက်သွားရသော်လည်း ငါသည်မကြောက်။ အကြောင်းမူကား ကိုယ်တော်သည် အကျွန်ုပ်နှင့် အတူရှိတော်မူသည်။ထာဝရပျော်ရွှင်ခြင်းလျှို့ဝှက်ချက် – လိုအပ်သမျှ ဖြည့်ဆည်းပေးသည်။အကျွန်ုပ်သည် ကျေးဇူးတော်နှင့် ဂရုဏာတော်ကို တသက်လုံးခံစား၍ ထာဝရဘုရား၏အိမ်တော်မှာ အစဉ်အမြဲနေရပါလိမ့်မည်။

၂၃း၁ ကမ္ဘာအနှံ့လူသိများကျော်ကြားသော်လည်း လူတိုင်းနှင့်မသက်ဆိုင်ပါ။ “ထာဝရဘုရားသည် ငါ့ကိုထိန်းကျောင်းသောအရှင်ဖြစ်သည်”ဟုခံယူသူများနှင့်သာလျှင် သက်ဆိုင်သည်။ သိုးထိန်းကြီးသည် အားလုံးအတွက် အသေခံခဲ့သည်မှာမှန်ပါသည်။သို့သော်ထိုသိုးစုထဲတွင် ပါဝင်ပါသည်ဟု မိမိကိုယ်ကိုယုံကြည်ဝန်ခံသူများနှင့်သာ အကျုံးဝင်သည်။ လူသားအားလုံးအား ကယ်တင်ပါသည်။ သို့သော် ငါ့ကိုကယ်တင်ပါလားဟု ဝန်ခံသူများနှင့်သာ ပတ်သက် သည်။ပုဂ္ဂိုလ်ရေးအရ “ငါပိုင်ဆိုင်သည်”ဟု သိမှတ်နိုင်ရသည်။ အကယ်၍ ထိုသို့ပြောဆိုနိုင်ခြင်းမရှိသေးပါက ဆာ၂၃နှင့် မပတ်သက်ပါ။ အခြားတဘက်တွင် သင်သည်ကိုယ်တော်၏ ပိုင်ဆိုင်ရာဖြစ်၍ ကိုယ်တော်ကိုလည်း တန်ပြန်ပိုင်ဆိုင်လျှင် အရာခပ်သိမ်းသည် ကိုယ်တော်လက်ထဲ၌ တည်သည်။

၂၃း၂ ကိုယ်ကာယအစာဖြစ်စေ၊ ဝိညာဉ်အစာဖြစ်စေ ပူပန်စရာမရှိ။ အဘယ်သို့ဆိုသော် စိမ်းလန်းကျက်စားရာအရပ်၌ ငါ့ကို အိပ်စေတော်မူပြီ။သာယာသောရေကြည် စမ်းချောင်းသို့ ခေါ်ဆောင်သောကြောင့် ရေငတ်အားပြတ်ခြင်းရှိမည်မဟုတ်။

၂၃း၃ ဘယ်သောအခါမှ အစွမ်းမဲ့ဖရိုဖရဲဖြစ်မည်မဟုတ်။ အဘယ်သို့ဆိုသော် ငါ့ ဝိညာဉ်ကိုအားဖြည့် ပေးသည်။အကျင့် စာရိတ္တလည်းပျက်ပြားမည်မဟုတ်။အဘယ်ကြောင့် ဆိုသော် နာမတော် ဘို့ အလို့ငှါဖြောင့် မတ်သော သမ္မာတရားလမ်း၌ ဦးဆောင်တော်မူသည်။ဤဆာလံကျမ်းကို လူငယ်သူရွယ်တဦးက ဤသို့ပြန်ဆိုထားသည်။ “ထာဝရဘုရားသည် ငါ၏သိုးထိန်းဖြစ်တော်မူ၏။ ငါ့မှာစိုးရိမ်စရာမရှိ”။ သူ့စကားသည်မှန်ပါသည်။ အဓိကစကားလုံးကို မေ့ကျန်ရစ်သော်လည်း အဓိပ္ပါယ်ဖမ်းမိသည်။ ဘုရားသခင်၏ သိုးဖြစ်နေမှဖြင့် ဘာပူစရာရှိတော့မည်နည်း။

၂၃း၄ ထို့အပြင် သေခြင်းတရားကိုလည်းရင်ဆိုင်ဖို့ရန် ကြောက်စရာမလို။ သေမင်း၏အရိပ်လွှမ်းမိုးသော ချိုင့်ထဲ၌လျှောက်သွားရသော်လည်းဘေးအန္တရာယ်ကို မကြောက်။ အဘယ်သို့ဆိုသော်သိုးထိန်းကြီးသည် အနားမှာ အမြဲရှိတော်မူသည်။သေမင်း၏ အဆိပ်သည်အပြစ်ဖြစ်သည်။ အပြစ်သည်ဝန်ခံခြင်းမရှိသကဲ့သို့ ခွင့်လွှတ်ခြင်းလည်းမပြု။ ခရစ်တော်ကမူ ယုံကြည်သူများအတွက် ထိုအပြစ်ကို အနိုင်အထက်ပြုခဲ့သည်။ အပြစ်များကို ဝေးရာသို့လွှင့်ပစ်လိုက်ပြီ။ အကြောက်ရဆုံးသေခြင်းတရားကို ဘာလုပ်နိုင်သေးသလဲ၊ ဘာတတ်နိုင်သေးသလဲဟု ပြောနိုင်ကြပြီ။အိုသေမင်း၊ အိုသန့်ရှင်း၊ သင့်အစွမ်းကိုငါမကြောက်အပြစ်ကြွေးဆပ်ခဲ့ပြီ။အမှောင်ထုထဲ၌ ယေရှုခရစ်တော်လဲလျောင်းခိုက်ငါတို့အပြစ်များပေးချေခဲ့လေပြီ။Margaret L. Carsonခရစ်ယာန်များသည် သေခြင်းတရားရင်ဆိုင်ရမှာကို အလွန်ကြောက်ဖို့မလို”။ ရှေးသန့်ရှင်းသူတပါးက“ကိုယ်တော်က ငါ့ယာယီတဲကို ဖျက်သိမ်းလည်းမပူ၊ယဉ်ကျေးသိမ်မွေ့စွာ လုပ်ဆောင်ပေးမည်” ဟု စိတ်ချစကားဆိုခဲ့သည်။လူသည်သေချင်သောသူမဟုတ်။ ယုံကြည်သူများအဖို့ သေခြင်းသည် ထာဝရပျောက်ဆုံး ခြင်းမဟုတ်ပါ။ခရစ်တော်ထံသို့ ဘဝကူးပြောင်းခြင်း၊ လူ့ဘဝထက်ကောင်းမြတ်ရာသို့ ရောက်သွားခြင်း၊ နောက်တခါသေခြင်းမရှိသောဘဝသို့ ရောက်သွားခြင်းဖြစ်သည်။သိုးထိန်းကြီး၏ တောင်ဝှေးနှင့် လှံ တံ သည်လုံခြုံမှု၏အရင်းအမြစ်ဖြစ်သည်။ ဘေးရန်ကာကွယ်၍ ရှေ့သွားမည့်ခရီးလမ်းပြသည်။ လိုအပ်သည့်အခါတွင်လည်း တောင်ဝှေးကလမ်းပြင်ဆင်ပေးသည်။ သိုးအများစုသည် အချိန်တိုင်း၌ထိန်းကျောင်းပဲ့ပြင်ရသည်။

၂၃း၅ ထိုသို့စိုးရိမ်ဘွယ်ရာကာလအကြားရန်သူ့ရှေ့မှာပင် သိုးထိန်းက စားသောက်ဖွယ်ရာစားပွဲခင်းကျင်းပေးသည်။ ထိုစားပွဲပေါ်တွင် အသွေးတော်ဖြင့် ဝယ်ထားသော ကောင်းချီးမင်္ဂလာများခင်းထားသည်။ ထိုစားပွဲသည် ခရစ်တော်ကိုပုံဆောင်သည်။ရန်သူများဝိုင်းအုံကြသော်လည်းမမှု၊ စိတ်ချမ်းမြေ့စွာကောင်းချီးမင်္ဂလာခံစားနေကြသည်။ထို အကြောင်းကို J.H. Jowett ကဤသို့သရုပ်ဖော်သည်။“အရှေ့တိုင်းသားများသည် ဧည့်သည်၏ဘေးရန်လုံခြုံမှုကို အထူးဂရုစိုက်သည်။ဧည့်ဝတ်ကျေပြွန်ကြသည်။ ဘေးရန်လုံခြုံအောင် ကာကွယ်ထားကြသည်။ စားသောက်အနားယူနေစဉ် မဆိုင်သူများမဝင်လာရအောင် တံခါးပေါက်မှ ကင်းစောင့်ပေးသည်။ဦးခေါင်းကိုလည်း ဆီလိမ်းပေးသည်။ သိုးထိန်းများသည် များ၏ ဒဏ်ရာဒဏ်ချက်ရှာပေး၍ အနာပျောက်ကင်းအောင် ဆီလိမ်းပေးလေ့ရှိသည်။ ယဇ်ပုရောဟိတ်များကို အမှုတော်ထမ်းဆောင်ခြင်း အရာရောက်ကြောင်း ဆီလိမ်းခြင်းဖြင့် အသိအမှတ်ပြုကြသည်။ ရှင်ဘုရင်များကို နန်းတက်ဘိသိတ်အခမ်းအနားတွင် ဆီလိမ်းကြသည်။ ယုံကြည်သူများသည်လည်း ခရစ်တော်ကိုကယ်တင်ရှင်သခင်အဖြစ် လက်ခံသည့်အချိန်မှစ၍ သန့်ရှင်းဝိညာဉ်တော်က ဘိသိက်ပေးသည်။ ထိုသို့ဘိသိက်ပေးခြင်းသည် ဘုရားသခင်၏ဝိညာဉ်တော်လမ်းဖြင့် အခြားသူများကို သွန်သင်နိုင်သည့် နိမိတ်အမှတ်ဖြစ်သည်။ခရစ်တော်၌ ကြွယ်ဝသောဂရုဏာတော်ပိုင်ဆိုင်ကြကြောင်း သိရှိခံယူသူများသည် စိတ်နှလုံးငြိမ်သက်ချမ်းမြေ့လျှက် “ငါ၏ခွက်ဖလားသည် ပြည့်လျှံသည်”ဟု ကြွေးကြော်နိုင်သည်။ကိုယ်တော်၏ မေတ္တာတော်သည် အောင်မရှိကျေးဇူးတော်သည် အတိုင်းအဆမဲ့တန်ခိုးတော်သည် လူ့အစွမ်းဖြင့် မမှန်းဆနိုင်ယေရှုကို ပိုင်ဆိုင်သောသူမူကား၊ထိုအရာများကို ရပြီရ၊ တဖန်ရပြီးရ၊ ကြွယ်ဝကြသည်တကား။

Annie Johnson Flint

၂၃း၆ နောက်ဆုံးတွင် ထာဝရပျော်ရွှင်ခြင်း၏လျှို့ဝှက်ချက်ဖော်ပြထားသည်။ ကျေးဇူးတော်နှင့်ကရုဏာတော် တသက်လုံးခံစား၍၊ နောက်ဆုံး တွင်ခမည်းတော်၏ အိမ်တော်၌ စိုးစံကြရမည်။ ထိုအကြောင်းနှင့်ပတ်သက်၍ Guy ဘုရင်၏စကားကိုမျှဝေချင်သည်။ “ကံကောင်းလိုက်တဲ့ သူတောင်းစားတွေကွာ”ဟု ဆိုသည်။ ထိုစကားကို သဘောတူကြသည်မဟုတ်လား။

 

Previous Article
Next Article