ဆာလံကျမ်း ၂၄

ဆာ ၂၄၊ ဘုန်းတန်ခိုး၏ဘုရင်သည် ဘယ်သူလဲ

ဆာလံ ၂၄သည် ဘေးဒဏ်ကြီးကာလအဆုံးတွင်ဘုန်းကျက်သရေပေါ်ထွန်းလာမည့် မျှော်လင့်ချက်အကြောင်းဖြစ်သည်။ ဘုရားရှင်၏ တရားစီရင်ခြင်းမိုးကြိုးသံချုပ်ငြိမ်းသွားပြီ။ လူ့လောကသို့ သခင်ယေရှုကြွလာ၍ ရန်သူများကို အောင်မြင် တော်မူပြီ။ရှင်ဘုရင်တို့၏ဘုရင်၊ သခင်တကာတို့၏သခင်အဖြစ်စိုးစံဘို့ ယေရုရှလင်သို့ ကြွချီတော်မူပြီ။ လောကသားများ မကြားမမြင်ဘူးသော အောင်ပွဲမျိုးတည်း။ ကြည့်မြင်သူများသည် သခင်ယေရှူပြုခဲ့သော ဆင်းရဲဒုက္ခများကို ပြန်တွေးမိသောအခါ ပါးစပ်အဟောင်းသားမှိုင်ကြသည်။ သခင်ယေရှု၏ ဘုန်းတန်ခိုးကိုအံ့ဩ ငေးမောကြသည်။

၂၄း၁-၂ လူအုပ်ကြီးသည် အုတ်အော်သောင်းနင်းဖြစ်ကြသည်။ ကမ္ဘာမြေနှင့်တကွ အရာခပ်သိမ်းကို ဘုရားရှင်က ပိုင်ဆိုင်ကြောင်း ထုတ်ပြန်ကြေညာသည်။ ဘုရားသခင်သည် မူရင်းပိုင်ရှင်မှန်သည်။အုပ်စိုးပိုင်ခွင့်ရှိသည်။ ထိုသို့စိုးပိုင်သည့်အကြောင်းရင်းမှာ ခရစ်တော်သည် လောကကမ္ဘာကြီး ဖန်ဆင်းရှင်ဖြစ်သည်။ ရေများကို သီးသန့်ရှိစေတော်မူ၍ ကုန်းမြေကို တနေရာတွင် ပေါ်လွင်စေသည်။ မြစ်ချောင်းများကို စီးဆင်းစေ၍ အချို့နေရာများတွင် မြေကြီးအောက်၌ရေထည့်ထားသည်။ ပိုင်ရှင်ဘုရားသခင် ကြွလာသောအခါ လောကသားများက ရာစုနှစ်ပေါင်းများစွာငြင်းပယ်ကြသည်။

၂၄း၃-၆ ဤအပိုဒ်ငယ်(၄)ခုတွင် အနှစ်တထောင်တိုင်းပြည်သို့ ဝင်ရောက်လာကြသူများသည်ငြိမ်ဝပ်ချမ်းမြေ့၍ စီးပွားချမ်းသာကြမည့်အကြောင်းရှင်းပြထားသည်။ ထိုသူများမှာ ရွေးနှုတ်ထားသောဣသရေလလူနည်းစုနှင့် ရွေးနှုတ်ထားသော တပါးအမျိုးသားများဖြစ်၍ ယေရုရှလင်ဗိမာန်တော်သို့ ပက်ပြုကိုးကွယ်ဖို့ ချီတက်ကြသည်။ အကျင့်လက္ခဏာစံချိန်မီသောကြောင့် နိုင်ငံတော်သို့ ဝင်ခွင့် စံချိန်မှီကြသည်။အဘယ်သို့ဆိုသော် အသစ်တဖန်မွေးဖွားသူများဖြစ်ကြသည်။ထို သို့ အသစ်ဖန် မွေးဖွားခြင်းမရှိလျှင်မူကားနိုင်ငံတော်ထဲသို့ ဝင်ခွင့် မရကြ ( ယော ၃း၃ – ၅)။ဘေးဒဏ်ကြီးကာလကို အောင်မြင်စွာကျော်ဖြတ်နိုင်သူများဖြစ်သည်။ ထို သူများ၏ ဝတ်ရုံဖြူများသည်သိုးသခင်အသွေးများဖြင့် ဆေးကြောထားသောကြောင့်ဖြူဖွေးကြသည်။ထင်ရှားသောလက္ခဏာ(၄)ရပ် ရှိသည်။ အက်များစင်ကြယ်ကြသည်။ တနည်းအားဖြင့် ထိုသူ များ၏အပြုအမူများကို အပြစ် ဆို တွယ်ရာမရှိ၊ ဖြောင့်မတ်ကြသည်။ စိတ်ကူးသန့်စင်ကြသည်။ သဘောထားကောင်းကြသည်။ လူမကြိုက် ဘုရားမနှစ်သက်သောအပြုအမူမရှိကြ။ မတရားသောအမှု၌ သက်သေမခံ။ထိုလူများ၏ လက်၊ စိတ်နှလုံး၊ အသိ ညာဉ်၊အားလုံး ဖြောင့်မတ်သန့်စင်သည်။ခရစ်တော်စိုးစံသော အနှစ်တထောင်တိုင်းပြည်ရှိ တိုင်းသူပြည်သားများ၏အပြုအမူတည်း။ ဘုရားတရားမသိသောသူများက သရော်လှောင်ပြောင်ကြသော်လည်း၊ ဘုရားသခင်၏ ကယ်တင်ခြင်း၌ မွေ့လျော်ကြသည်။ အနှစ်တထောင်တိုင်းသူပြည်သားများဖြစ်ကြသောကြောင့် ဘုရားသခင်၏ မျက်နှာတော် ရှာဖွေကြသည်။ ဘုရားသခင်၏ ကျေးဇူးတော်ခံစားကြသောကြောင့် တင်းတိမ်ရောင့်ရဲပျော်ရွှင်ကြသည်။

၂၄း၇-၈ အပိုဒ်ငယ် ၁-၆သည် ကောဒြုန်ချိုင့်ဝှမ်းဖြတ်သန်းကြစဉ် သီချင်းဆိုကြဟန်ရှိသည်။ ထိုသီချင်းဆိုသံများကို စစ်ချီသီချင်းသံက ဝင်ရောက်လွှမ်းမိုးသွားသည်။ ပရိသတ်များ ယေရုရှလင်တံခါးဝသို့ အကြည့်အရှုရောက်လာကြသည်။ “အချင်းတံခါးတို့၊ တံခါးမုက်ကို ကြွလိုက်ကြ။ အချင်းထာဝရတံ ခါးတို့ ။ ကိုယ်ကိုကြွလိုက်ကြ၊ ဘုန်းကြီးသောရှင် ဘုရင်ဝင်တော်မူမည်” မြို့ရိုးတံခါးစောင့် ကင်းသမားများက”ဘုန်းကြီးသော ရှင်ဘုရင် အားအဘယ်သူနည်း”ဟု ကျယ်လောင်စွာမေးကြသည်။ အစွမ်းတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရဘုရားစစ်တိုက်ခြင်း တန်ခိုးကြီးတော်မူသော ထာဝရပေတည်း။” ဟု သံပြိုင်အော်ဖြေကြသည်။

၂၄း၉-၁၀ မြို့ထဲသို့ ဝင်ကြရတော့မည်။ မြို့မုတ်တံခါးနားသို့ ရောက်လာကြပြီ။ ဘုန်းတန်ခိုးကြီးသောရှင်ဘုရင်ဝင်ဖို့ တံခါးများဖွင့်နေကြပြီ။ ဘုန်းကြီးသောအရှင်၊ ရှင်ဘုရင်ဖြစ်ပါပေသည်။ရှင်ဘုရင်ကြီးသည် လက်ဖဝါးတွင်သံချက်တော်အနာဖြင့် လှံတံတော်ကိုကိုင်၍ စကြဝဠမြေတစ်ပြင်လုံးအုပ်စိုးဖို့ မြို့တော်ထဲသို့ကြွချီလာတော်မူပြီ။

ထိုအကြောင်းကို F.B.Meyer ကဤသို့ဆို သည်။ ဤဆာလံကျမ်းသည် ယုံကြည်သူစိတ်နှလုံးထဲသို့ ခရစ်တော်ဝင်ရောက်စိုးစံသည့်အမှတ်လက္ခာဏာဖြစ်သည်။ ကမ္ဘာသူကမ္ဘာသားများကရှင်ဘုရင်အဖြစ်လက်ခံကြသကဲ့သို့ မိမိဘဝတစ်ခုလုံးစီအုပ်စိုးမည့်အကြောင်းဖြစ်သည်။

 

Previous Article
Next Article