ဆာလံကျမ်း ၂၈

ဆာ ၂၈၊ ဘုရားရှင်တော် ရေငုံနှုတ်ပိတ်ခြင်း

    ၂၈:၁-၂  ကိုယ်တော်တပါးတည်းကိုသာ ခေါ်ကြသည်။ ကိုယ်တော်ကိုသာ အားကိုးကြပါသည်။ ကိုယ်တော်သာ လျှင် အကျွန်ုပ်ခိုလှုံရာအကွယ်အကာကျောက်ဆောင်ဖြစ်၍ ဘေးကင်းလုံခြုံရာဖြစ်သည်။ ခွန်အားရယူရာဖြစ်   သည်။ အကျွန်ုပ်ဆုတောင်းသံများကို မကြားချင်ယောင်မဆောင်ပါနှင့်။ မကြားချင်ယောင်ဆောင်လျှင် လူဆိုးတို့ ၏သေတွင်းထဲသို့ ရောက်သွားပါလိမ့်မည်။ ကိုယ်တော်နှင့် မခွဲခွာပါရစေနှင့်။ သန့်ရှင်းသော ဗိမာန်တော်ထဲတွင် လက်များချီးမြှောက်၍ ဆုတောင်းနေပါသည်။ ဆုတောင်းသံများကို နားညောင်းတော်မူပါဘုရား။

၂၈:၃   လူဆိုးသူယုတ်တို့၏ လက်ထဲသို့ဘယ်သောအခါမှ မပစ်ပယ်ပါနှင့်။ သူတပါးကိုဖျက်ဆီးလိုသည့်အခါ မှမပစ်ပယ်ပါနှင့်။ သူတပါးကို ဖျက်ဆီးလိုသည့်အခါ သကာလူးသောအဆိပ်စကားပြောတတ်သူများ၊ အိမ်နီးချင်း များကို အပေါ်ယံကြောပေါင်း၍ ဖျက်ဆီးပြုသူများ လက်ထဲသို့ မပစ်ပယ်ပါနှင့်။

    ၂၈:၄ ကိုယ်တော်ဘုရား၊ထိုသူများကို သူတို့ပြုမူပြောဆိုသည့်အတိုင်း ရိတ်သိမ်းကြပါစေ။ ဆိုးသွမ်းယုတ်ညံ့ ကြသည့်အတိုင်း ကံတူအကျိုးပေးကြပါစေ။  ကာယကံမြောက်လုပ်ဆောင်ကြသည့်အတိုင်းပြန်ဆပ်တော်မူပါ။ အပြစ်ပြုကြသည့်အတိုင်း အပြစ်၏အဖိုးအခရကြပါစေသော်။

၂၈:၅  ထိုသူများ၏ပြုမူလုပ်ဆောင်မှုများသည်ကိုယ်တော်၏ အမူတော်နှင့်မသက်ဆိုင်ကြ။ လက်တော်ရာ ကိုလည်း ဆန့်ကျင်ဖီလာကြသည်။ နောက်တဖန် နလံမထူနိုင်အောင် ဖြိုဖျက်တော်မူပါဘုရား။

    ၂၈:၆  အကျွန်ုပ်ဆုတောင်းသောအခါ သန့်ရှင်းဝိညာဉ်တော်က အံ့ဩဘွယ်ရာ လုံခြုံစိတ်ချမှုပေးသည်။ ဆုတောင်းစကားများကို အဖြေပေးသည်။ ထို့ကြောင့်လည်းကိုယ်တော်ကို ကောင်းချီးမင်္ဂလာပေးပါသည်။ ကိုယ်တော်အတွက် သီချင်းစပ်ဆိုပါမည်။

၂၈:၇-၈  ဤကျမ်းပိုဒ်ကို ဆရာကြီးတပါးက ဤသို့ပြန်ဆိုထားသည် –

ကိုယ်တော်သည် အကျွန်ုပ်၏ ခွန်အား၊ အကျွန်ုပ်၏အကွယ်အကာ

ကိုယ်တော်ထံသို့ စိတ်နှလုံး ဒုန်းဒုန်းချပါ၏။

အကျွန်ုပ်ကို ကူညီမစသောကြောင့်၊စိတ်နှလုံး ချမ်းမြေ့ပါ၏။

တဖွားဖွား ကျေးဇူးတင်ပါသည်။

ကိုယ်တော် ရွေးကောက်ထားသောသူများ၏ ခွန်အားတည်ရာအရင်းအမြစ်။

ကိုယ်တော်ဘိသိတ်ပေးသောသားတော်ဖြင့် ခွန်အားဖြစ်စေတော်မူပြီ။

၂၈:၉  အကျွန်ုပ်အား ကယ်နှုတ်တော်မူမည်ဟု ကတိတော်ပြုခဲ့သည့်အတိုင်း ဆုတောင်းပါသည်။ ကိုယ်တော၏လူများကို ကယ်မတော်မူပါ။ ကိုယ်တော်၏ အမွေတော်ခံဖြစ်ကြသော ဣသရေလလူမျိုးသို့ ကောင်းချီးချပေးတော်မူပါ။ ကိုယ်တော်သည် ကောင်းမြတ်သည့်သိုးထိန်းကြီး ဖြစ်တော်မူသည့်အတိုင်း ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်တော်မူပါ။ တောင်တော်အောက်မှာ ကာလစဉ်ဆက်သို့ဝှက် သိမ်းတော်မူပါ။ ကိုယ်တော်၏ ကျေးဇူးတော်ကြီးမားလှပေစွ။

Previous Article
Next Article