ဆာလံကျမ်း ၂၉

ဆာ ၂၉၊ ဘုရားရှင်တော် အသံတော်

    ၂၉:၁-၂  ရာသီဥတုကို မကျေနပ်သဖြင့် စောဒကတက်ပါသလား။ ဒါဝိဒ်ကဣသရေလလူများညီးတွားခြင့်ဖြင့် အကျိုးအမြတ်မလား။ ညီးတွားခြင့်ထက် ချီးမွမ်းကြပါလားဟုစိန်ခေါ်သည်။ ကောင်းကင်အောက်ရှိ လူသားအပေါင်းတို့သည် လေမုန်တိုင်းပမာ အင်အားကြီးမားတော်မူသော ကိုယ်တော်၏ဘုန်းတန်ခိုးကို မှတ်မိကိုးကွယ်ကြပါစေသား။

      သန့်ရှင်းရာဌာနတော်မြတ်မှာကိုယ်တော်ကို ချီးမွမ်းကိုးကွယ်ကြပါသော်။

      ရှေ့တော်မှာ ဒူးထောက်လျှက် ဘုန်းတော်ဝန်ခံကြစေ။

      နာခံခြင်းကြီးမား၍၊ ရိုကျိုးအောက်ကျို့ကြပါစေ၊ ဒူးထောက်ပြပ်ဝပ်ကြစေ၊ နာမတော်ချီးမွမ်းကြစေသော်။

J.S.B.Monsell

၂၉:၃-၄  “ထာဝရဘုရား၏ အသံတော်”ဟူသော စကားလုံးကို (၇)ကြိမ်တိုင်တိုင် သုံးထားသည်။ ဘုရားရှင်၏ အသံတော်သည် ယေဘူယျအားဖြင့် မိုးကြိုးသံ၊ မုန်တိုင်းသံသမျှ ပြင်းထန်သည်။

ပထမအကြိမ်တွင် မုန်တိုင်းသည် မြေထဲပင်လယ်ကို ဖြတ်သန်း၍ လေဘာနုန်ကုန်းတွင်းပိုင်းသို့ တိုက်ခက်သည်။ မိုးကြိုးသံများသည် ပဲ့တင်ထပ်လျှက် ကမ်းပါးကို တဗိုင်းဗိုင်းပုတ်ခပ်သည်။ ထိုအသံသည် အံ့ဩဘွယ်ရာ အသံကြီးဖြစ်သည်

၂၉:၅-၆   လေဗနုန်တောင်ကုန်းတစ်ခုလုံး မိုးကြိုးမုန်တိုင်း ဗုံးကြဲလာပြီ။ ရုတ်တရက်မိုးသက်လေပြင်းတိုက်ခတ် သည့်နှင့်တပြိုက်နက် သစ်ပင်ကြီးများသည် စည်းမရှိဝါးမရှိ လှုခတ်ကုန်ပြီ။ လေဗနုန်တော်နှင့် စိရုန်တော်တို့သည် နွားသငယ်၊ ကြံ့သငယ်ကဲ့သို့ကဆုန်ပေါက်ခုန်ပေါက်ပြေးလွှားနေကြပြီ။

    ၂၉:၇-၈  အသံတော်သည်လျှပ်ကြိုးလျှပ်နွယ်ဖြင့် တောင်ဘက်အရပ်သို့ ထိုးခွင်းသွားသည်။ ကာဒေါ်ရှတော် တောင်တစ်ခုလုံးသည် တုန်လှုပ်ခြောက်ခြားလေပြီ။

လေမုန်တိုင်းသည် တောင်ဘက်အရပ်သို့ ရွေ့သွားသောအခါ ဒါဝိဒ်ကသုံးမျိုးမြင်သည်။ပထမအမြင်

မှာ ထာဝရဘုရား၏ အသံတော်ကသမင်ဒရယ်မတို့ကို မွေးဘွားစေသည်။ထိုအချက်အလက်သည် သိပ္ပံ

နည်းကျစကားဖြစ်သည်။မိုးကြိုးမုန်တိုင်းများသည် ကိုယ်ဝန်ဆောင်သားမွေး သတ္တဝါများအပေါ်တွင် ဩဇာလွှမ်း

မိုးသည်။လျှပ်ပြက်ချိန်တွင်သားမွေးလေ့ရှိသည်။

      ဒုတိယအချက်မှာ သစ်တောသစ်အုပ်တို့ သစ်ရွက်ကြွေကြသည်။ အရိုးတန်ဖြိုင်းဖြိုင်း ကျန်ရစ်ခဲ့ကြသည်။

     တတိယအချက်မှာ ဣသရေလူများသည် ဘုရားသခင်၏ ဗိမာန်တော်ထဲတွင် ဘုန်းတော်ချီးမွမ်းကြသည်။ ဤနေရာတွင် ဗိမာန်တော်ဆိုသည်မှာ လေမုန်တိုင်းထန်ရာ လောကဝန်းကျင်ကို ရည်ညွန်းသည်။ အလင်းရောင်မြှားတန်း၊ မိုးကြိုးသွားရာလမ်း၊ လေနှင်ရာခရီးသည်များသည် သစ်တောအုပ်ထဲတွင်ပေါ်လွင် သည်။ ထိုခြေရာလက်ရာများသည် ဘုရားသခင်၏ အံ့ဩဘွယ်ရာ ဘုန်းတန်ခိုးတော် ထင်ရှားရာဖြစ်သည်။

၂၉:၁၀-၁၁   မုန်တိုင်းလွန်သော် ဘုရားရှင်ကသတိပေးတော်မူသည်။ ပလ္လင်တော်သည် ကမ္ဘာမြေကြီးကို စီးတော်မူ၏။ ကိုယ်တော်၏ဘုန်းတန်ခိုးကို ဘေးရန်အခက်အခဲကြားထဲတွင်မဆို ဘုရားရှင်၏လူများကိုခွန်အား ဖြည့်၍ ငြိမ်သက်ခြင်းပေးနိုင်သည်။ ထိုသို့ပြုလုပ်ရာတွင်လည်း ကိုယ်တော်မွေ့လျော်သည်။

ဤကျမ်းချက်ကို အချို့သောကျမ်းစာသုတေသီများက ဘေးဒဏ်ကြီးကာလအတွင်းတွင် မြောက်အရပ်မှ စစ်မုန်တိုင်းတိုက်ခတ်၍ ဣသရေလပြည်ကိုတောင်ဘက်သို့ လိမ့်ဆင်းစေမည့်အကြောင်းဖြစ်သည်ဟု ယုံကြည် ကြသည် (ငယ် ၃-၉)။ ထိုသို့သောဘေးဒုက္ခကြုံတွေ့ကြပြီးနောက်၊ သခင်ခရစ်တော်က လူ့လောကကြီးတစ်ခုလုံး အုပ်စိုး၍ ရွေးကောက်တော်မူထားသောသူများကို ကောင်းချီးပေးမည် (ငယ် ၁ဝး၁၁)။ ထိုအယူအဆသည် အခြေအနေပေါ်မူတည်၍ ခန့်မှန်းတွက်ချက်ခြင်းဖြစ်သည်။

W.E. Vine ကမူ ဤဆာလံကျမ်းသည် သခင်ခရစ်တော်ဘုရား၊ ဒုတိယအကြိမ်ကြွလာရာတွင် အာမဂေဒုန်၌ ပထမဆုံးပေါ်ထွန်းမည့်အကြောင်း (ဗျာ ၁၆:၁၅)ဖြစ်သည်ဟု ယူဆသည်။ ထို့နောက်ဗောဇရတောအချက်အခြာ ဒေသ ကာဒေရှတော်ကို (ဟေရျာ ၆၃:၁)* ကိုင်လှုပ်မည်။ ထိုအချိန်ကာတွင် တိုင်းနိုင်ငံသားအပေါင်းက ဣသရေလလူမျိုးကိုကျူးကျော်ကြမည်။

မည်သို့ဖြစ်စေ၊ ဤကျမ်းချက်သည် ယနေ့၊နောင်ကာလအစဉ်အမြဲသတိမူရသော ကျမ်းစကားဖြစ်သည်။ ထာဝရဘုရား၏ အသံတော်သည် မုန်တိုင်းကဲ့သို့ ကြားရသည့်နှယ် နေရောင်ခြည်သို့လည်း၊ လှုံရသည်။ ကိုယ်တော်သည် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်တော်မူသည်။ ကိုယ်တော်နှင့် လွတ်ကင်းသောအရာဟူ၍ မရှိ။ ဘုရားရှင်ကို ချစ်ခင်သိကျွမ်းသူများက ကိုယ်တော်သည် ကောင်းသောအမူအရာကိုသာ အစဉ်ပြုပေးတော်မူ ကြောင်း သိရှိနားလည်ကြသည်။

ထိုအကြောင်းကို Ironside က ဤသို့ဆိုသည်။စိတ်ပျက်အားငယ်ချိန်၊ ဘေးဒုက္ခရောက်ချိန်များတွင် စိတ်ဓါတ်ခိုင်မာခြင်းသည် အံ့ဩဘွယ်ရာဖြစ်သည်။ ထိုသို့ပြုလုပ်နိုင်စွမ်းရှိသည်မှာ ဘုရားသခင်ထံမှ သင်ယူခြင်းဖြစ်သည်။ ဘုရားရှင်၏ ကယ်တင်ခြင်းရရှိမည် သိရှိသောကြောင့်စိတ်နှလုံး ခိုင်မာသည်။ အထံတော် သို့ စိနှလုံးဒုန်းဒုန်းချထားသောကြောင့် ငြိမ်သက်ချမ်းမြေ့သည်။*

Previous Article
Next Article