ဆာလံကျမ်း ၃၂

ဆာ ၃၂၊ အပြစ်ခွင့်လွှတ်ခြင်း

 

အပြစ်ခွင့်လွှတ်ခြင်းသည် နှစ်ဦးနှစ်ဖက်ပျော်ရွှင်ဖွယ်ရာဖြစ်သည်။ နောက်တဖန်ပြန်ပြောစရာမလို၊။ ဝန်ထုပ်ဝန်ပိုးပစ်ချခြင်း၊ ကြွေးမြီပယ်ဖျက်ခြင်းဖြစ်၍ စိတ်အေးနားအေးသည်။ အပြစ်ခဝါချ လိုက်ပြီ၊ စစ်ပွဲပြီးဆုံး ပြီ၊ ပျော်ရွှင်ငြိမ်သက်ခြင်း ရောက်လာပြီ။ ဒါဝိဒ် သည် သူ့အပြစ်များကို မလိမ့်တပတ်လိမ်လည်လှည့်ဖျားခြင်း မပြု။ အပြစ်ကိုဖုံးကွယ်ခြင်းသည် အမြဲတန်း ပျောက်မသွား၊ အပြစ်ဖေါ်ပြခွင့်လွှတ်ခြင်းသာလျှင် လိပ်ပြာသန့် သည်။ စိတ်အေးသည်။ ယနေ့ယုံကြည်သူများသည်လည်း ရှေးဦးသန့်ရှင်းသူများကဲ့သို့ပင် အပြစ်ကိုဖုံးကွယ် ခြင်းမပြုဘဲ၊ ပြစ်မှုဖေါ်ပြတောင်းပန်၍ အပြစ်ခွင့်လွှတ်ခြင်း တောင်းခံရသည်။ ထိုခေတ်ကာလက ယုံကြည်သူများ သည် ထိုသို့ပြစ်မှုဖေါ်ပြတောင်းပန်လျှင် ထာဝရဘုရားသခင်ကအပြစ်များကို ဖုံးအုပ်မေ့လျှော့ပေးသည်။ လုံးဝ ခွင့်လွှတ် ခဝါချပေးသည်ဟု ခံယူကြသည်။

 

၃၂:                       ရှင်ပေါလုက ဆာ၃၂:၁ ကိုကိုးကား၍ ရော ၄:၇-၈ တွင် ရှေးဦးကာလတွင် ယုံကြည် ခြင်းရှိမှသာလျှင် ဖြောင့်မတ်ရာသို့ ရောက်နိုင်သည်ဟုဆိုသည်။ သို့သော် ဒါဝိဒ်၏စကားတွင် လုံးလုံးအဖြေ တည်သည်မဟုတ်။ ဖြောင့်မတ်ခြင်း တစ်ခုတည်းနှင့်လည်း ကယ်တင်ခြင်းရရှိသည် မဟုတ်။ ထိုစကားသည်အ ပြစ်ခွင့်လွှတ်ခြင်း ကို အဓိကဆိုလိုသည်။ အပြစ်ခွင့်လွှတ်ခြင်း ခံရသူများသည် မင်္ဂလာရှိသည်။ သန့်ရှင်း ဝိညာဉ် တော်၏ အသိ ဉာဏ်ပေးခြင်းဖြင့် ပေါလုကာဒါဝိဒ် အကြောင်းကို ရော ၄:၆ တွင် “ ဘုရားသခင်သည် အကျင့်ကို မထောက်ဘဲလျှက်။ ပေးတော်မူသောဖြောင့်မတ်ခြင်းကိုရသော သူ၏မင်္ဂလာကို ဒါဝိဒ်သည်ရည်မှတ်သည် ’’ဟု ဆိုထားသည်။

 

၃၂:                     အဓိကသော့ချက်ကို ထပ်ကိုင်ထားသည်။ ဒါဝိဒ် သည် သူတပါးကြင်ယာ ဗေသ ရှေဘအား ကာမေသုမေစ္ဆာကျူးလွန်သည့်အပြင် သူ့ခင်ပွန်းဥရိယ ကိုလည်းသေကြောင်းကြံစည်ခဲ့သည်။ သို့သော်ထိုအ ပြစ်များကို ဝန်ခံခြင်းမပြု။ အမှိုက်ပုံထဲတွင် ဖုံးကွယ်ချင်သည်။ အချိန်ကာလကြာလာလျှင် မေ့လျှော့ကြမည်ဟု ထင်သည်။ ထိုသို့ မထုံတတ်တေး၊ ခေါင်းမာမှု လူ့အပြုအမူများသည် ဘုရားရှင်နှင့် လုံးလုံးလျားလျားဖီလာဆန့်ကျင်သည်။ အတွင်းစိတ်ဓာတ် ပုပ်ပျက်သောကြောင့် ခန္ဓာကိုယ်လည်းထိပါး လာ သည်။ ကျန်းမာရေးထိခိုက်လာ သည်။ သူ့အပေါ်သို့ ဘုရားသခင် ထက်မြက်သည့်ဓါး လေးလံစွာ ကျရောက် ပါသည်။ လုပ်ဆောင်သမျှသည် အမှားချည်းဖြစ်သည်။ အရာရာနှင့် အကြောင်းကြောင်းထပ်လာသည်။ ဘဝ လမ်းကြောင်းသည် မူမမှန်။ လိပ်ပြာ မသန့်။ စိတ်ဓါတ်မကြည်လင်။ တောရိုင်းထဲတွင် ဆင်ကန်းတောတိုးခြင်း မျိုးဖြစ်လာသည်။

 

၃၂:   ထိုသို့ထင်ရာမြင်ရာစိုင်းပြီးနောက်တနှစ်ကြာသောအခါဘုရားသခင်ရှေ့တော်သို့ ပြန်လာ၍ “ မှားပါပြီ ’’ဟုဝန်ချတောင်းပန်သည်။ ရှက်ဖွယ်ဇာတ်လမ်းသည် ပြည်တည်ရာမှ အနာစိမ်းဖြစ်လာပြီ။  ဖုံးကွယ် လျှို့ဝှက်ဖို့ မကြိုးစားတော့ပါ။ မှန်မှန်ကန်ကန်ထုတ်ဖော်ဝန်ခံသည်။ “ ကိုယ်ပြုမိသော ဒုစရိုက်၊ လွန်ကျူးသော အပြစ် ’’ ဟု ဝန်ခံသည်။ ထိုသို့မိမိ အပြစ်ကိုထုတ်ဖော် ဝန်ခံသည်နှင့် တပြိုင်နက် ဘုရားရှင်က အပြစ်များကို ခွင့်လွှတ်ပေး သည်။ ခွင့်လွှတ်ကြောင်းလည်း အာမခံပေးသည်။

 

၃၂:   ဒါဝိဒ်အပြုအမူ၊ ဆုတောင်းချက်အား ဘုရားရှင်က အဖြေပေးပုံများကို သိရှိတွေ့မြင်ကြသော ဘုရားသခင်၏ လူများကလည်း ဘုရားရှင်ကိုချီးမွမ်းကြသည်။ ဘုရားရှင်နှင့် မိဿဟာယဖွဲ့သူများသည် စိတ် ပျက်အားငယ်ခြင်းမှ ကယ်နှုတ်ခြင်းခံကြရသည်။ ဘယ်သောအခါမှ ခေတ်ပျက်ရေစီးကြောင်း၏ တိုက်စားခြင်း မခံရ။

 

၃၂:   မာကြောခက်ထန်ထခဲ့သော စိတ်နှလုံးသည် ယခုအခါကျိုးပဲ့ကြေမွနေပြီ။ ဘုရားရှင်က ဘေး ရန်အပေါင်းမှ ကွယ်ကာစောင်မတော်မူသောကြောင့် ယခုအခါ ကယ်လွှတ်ခြင်းသီချင်းပေါင်းစုံ စပ်ဆိုနိုင်ပြီ။

 

၃၂:                       အပိုဒ်ငယ် ၈နှင့်၉သည် ဒါဝိဒ်စကားလား၊ ဘုရားရှင်၏စကားတော်လား စဉ်းစားစရာ ဖြစ်သည်။ ဒါဝိဒ်၏ စကားဟုယူဆရလျှင် Jay Adam ၏ စကား “ အပြစ်ခွင့်လွှတ်ခြင်းသည် အခြားသူများကိုကူ ညီမစခြင်း အတွေ့အကြုံကို မျှဝေခြင်း၊ ဒုက္ခရောက်သူများကို အားပေးခြင်း ’’ ကိုသင်ခန်းစာရယူနိုင်ကြပေမည်။ အကယ်၍ ဘုရားရှင်တော်၏ စကားဟုခံယူလျှင် ဒါဝိဒ်၏ဝတ်ပြုကိုးကွယ်ခြင်းကို ဘုရားသခင်ကတိတော်အ တိုင်း ပြန်လည်အဖြေပေးခြင်းဟု နားလည်ရပေမည်။ ဘုရားရှင်ထံတော်ပါးသို့ ပြန်လည်ခြေဦးလှည့်သူကိုခ မည်းတော်က ပွဲခံပေးသည်။ ဘဝလမ်းကြောင်းမှန်ကန်ဖို့ ပဲ့ပြင်ဆုံးမမည်။ သို့သော်သတိစကားတခွန်းပေး ထားသည်။ ဉာဏ်ပညာမဲ့သော မြင်းလားကဲ့သို့ မဖြစ်ရ။ မြင်းထိန်းပြသောလမ်းကိုငြင်းဆန်လျက် သွားချင်ရာ သို့သွားသောလားမဖြစ်ရ။ တိရိစ္ဆာဆန်များသည် သခင့်အလိုသို့ လိုက်တတ်အောင်လေ့ကျင့်သွန်သင်ပေးရသည်။ ထိုကဲ့သို့ပင် ယုံကြည်သူများကလည်း ပတ်ဝန်းကျင်လောကသာယာမှုနောက်သို့လိုက်ပြီး စည်းမဲ့ကမ်းမဲ့ မနေ ထိုင်ရ။ ဘုရားရှင်၏ လမ်းပြဦးဆောင်ရာနောက်သို့လိုက်ရမည်။

 

၃၂:၁၀၁၁      ဖြောင့်မတ်သူသည် ဖြောင့်မတ်ခြင်းဖြင့် ပတ်ဝန်းကျင်ဆိုးသွမ်းမှုများကို အနိုင်ယူလွှမ်း မိုးနိုင်ရသည်။ ဖြောင့်မတ်ခြင်းနှင့် ဆိုးသွမ်းခြင်းသည် တုနှိုင်းဖွယ်မဟုတ်။ ဆိုးညစ်မှုက ဝမ်းနည်းကြေကွဲ မှု မွေး ဖွားသည်။ အောက်ကျို့ရိုကျိုးသော ယုံကြည်သူများမှာ ဘုရားသခင်၏ ကရုဏာတော်ကဝိုင်းရံသည်။ ထို့ ကြောင့် ဘုရားသခင်၏ဖြောင့်မတ်ခြင်းကို အားရှိပါးရှိ ချီးမွမ်းကြွေးကြော်ပါမည်။

Previous Article
Next Article