ဆာလံကျမ်း ၃၄

ဆာ ၃၄၊ အသစ်တဖန်မွေးဖွားခြင်း ဆာလံတေး

 

ဤဆာလံကျမ်း၏နောက်ခံ သမိုင်းကို ၁ ရာ၂၁ တွင်တွေ့ရသည်။  ရှောလုထံမှထွက်ပြေးသောအခါ ဒါဝိဒ် သည်ဖိလိတ္တုလူမျိုးဂါသ ဘုရင်ထံသို့ ခိုလှုံသည်။ ဂါသဆိုသည်မှာ လူနာမည်မဟုတ်၊ ရာထူးရာခံဖြစ် သည်။ နာမည်အမှန်မှာ အာခိရှ(သို့) အဘိမလက်ဖြစ်သည်။ ရန်သူများက အသက်ရန်ရှာမည်စိုးသောကြောင့် ဒါဝိဒ် မင်းသည်အရူးယောင်ဆောင်သည်။ တံခါးဝ တွင်ထိုင်၍ မုတ်ဆိတ်ကျင်နွယ်ထိအောင် တံထွေးယိုကျ သည်။ ပြန်လျက်စားသည်။ ရှင်ဘုရင်ကဒါဝိဒ် ကိုမောင်းထုတ်လိုက်သည်။ သို့ဖြင့်အဒုလန် အုတ်ဂူမှ လွတ်မြောက်သွားသည်။ ဤဇာတ်လမ်းသည် သူရဲကောင်းဇာတ်လမ်းမဟုတ်။ ဘုရားသခင်ကကွယ်ကာစောင့် ရှောက်သည့်အကြောင်းစုံဖြစ်သည်။

ယုံကြည်သူများသည် ရာစုနှစ်ချီ၍ ဆာလံ ၃၄ ကိုနှစ်သက်ကြသည်။ အဘယ်သို့ဆိုသော် ကျေးဇူး တော်ဖြင့် ကယ်တင်ခြင်းသက်သေဖြစ်သည်။ ဘုရားသခင်ကိုယုံကြည်ခြင်းဖြင့် ကယ်တင်ခြင်းရရှိသည့်အ ကြောင်းဖြစ်သည်။ ဇာတ်လမ်းစုံကို ကြည့်ကြပါစို့။

 

၃၄:   အပြစ်ထဲမှ ကယ်တင်ခြင်းရရှိခြင်းသည် အံ့ဩဖွယ်ရာ ဘုရားပေးလက်ဆောင်ဖြစ်သည်။ ထို ကယ်တင်ခြင်းပေးသော အရှင်ကိုချီးမွမ်းဖို့ကောင်းပေစွ၊ တချိန်လုံးကောင်းချီးမင်္ဂလာခံစားဖို့ရာ လွယ်ကူသည် မဟုတ်၊ တချိန်လုံး နှုတ်ဖျားမှ ချီးမွမ်းဖို့ရန် လွယ်ကူသည်မဟုတ်။ကောင်းချီးမင်္ဂလာခံစားဖို့ရာ မည်သူမျှ ဘုရားသခင်၏ဂုဏ်တော်ကို အစဉ်ချီးမွမ်း ထောမနာပြုနိုင်ကြသည် မဟုတ်။

 

၃၄:   အသက်တာပြောင်းလဲသူသည် ဘုရားသခင်ကို ဂုဏ်ယူဝါကြွားရသည်။ မိမိအကျင့်သီလ၊ ကြိုးစားအားထုတ်မှု၌ ကြွားစရာမရှိ။ ကျေးဇူးတော် ဧဝံဂလိတရားသိရှိနားလည် သူတိုင်း အပြစ်သားများအား ခရစ်တော်၏ကယ်တင်ခြင်း အကြောင်းသိရှိကြသည်။ ထို့ကြောင့်ယုံကြည်သူများ၏ ဝါကြွားစရာသည် ခရစ် တော်တစ်ပါးတည်းသာရှိသည်။ အပြစ်ထဲမှာ ရှိနေသော်လည်း ကယ်တင်ခြင်းအခမဲ့ ရရှိကြောင်းသိရှိလျှင်မျှော် လင့်ချက်ထားရှိနိုင်သည်။ ပျော်ရွှင်နိုင်သည်။

 

၃၄:   ဝိညာဉ်ကယ်တင်ခြင်းရရှိသူသည် တဦးတယောက်တည်းပျှော်ရွှင်၍ မကျေနပ်နိုင်။ နီးစပ်ရာ ညီအကို မောင်နှမများကိုခေါ်၍ ဘုရားသခင်၏နာမတော်အားချီးမြှောက်ကြသည်။ အချို့စုံတွဲများသည် ဤ ကျမ်းချက်ကို အမှီပြု၍ မင်္ဂလာ လက်စွပ်လဲလှယ်ကြသည်။

 

၃၄:   ဘုရားသခင်၏ ဝိညာဉ်တော်သည် အပြစ်သား၏ စိတ်ဝိညာဉ်အပေါ်သို့ လွှမ်းခြုံသောအခါ ဘုရားသခင်ကို လိုလိုလားလား ရှာဖွေပေးသည်။ နောက်ကျမှ ဘုရားရှင်ကို ထိုသို့ဦးစွာ ရှာဖွေကြောင်း သိရှိနား လည်သည်။ ထိုအကြောင်းကို ဤသို့ တေးကဗျာစပ်ဆိုထားသည်။

 

ဘုရားရှင်ကိုရှာဖွေခဲ့၊ နောက်မှအကြောင်းစုံသိ

ငါ့ဝိညာဉ်ကို ကိုယ်တော်အားရှာဖွေခိုင်း

ရှာမတွေ့ခဲ့ပါလား

ကိုယ်တော်ကံသာ ငါ့ကိုရှာတွေ့ရဲ့။

ရှေးစာဆိုတဦး

 

ကိုယ်တော်သည် ရှာဖွေသည့်အခါ အတွေ့ခံရသည်သာမက၊ စိုးရိမ်သောက ဗျာပါဒများကို ဖယ်ရှားပေးသည်။ မမြင်ရသေးသော အနာဂတ်စိုးရိမ်မှုနှင့်အပြစ်ကြောင့်သေရမည့် အရေးကိုလည်း ရင်ဆိုင်ဝံ့ သည့် သတ္တိပေးသည်။ ပလ္လင်ဖြူ တရားပလ္လင်ရှေ့တွင်လည်း ရှက်ကြောက်အားငယ်စရာမလို ရင်ကော့ရပ်နိုင် သည်။ ခရစ်တော်ကို ကယ်တင်ရှင်သခင်အဖြစ်ယုံကြည်ကိုးစားလျှင် “သင့်အပြစ်များကို ခွင့်လွှတ်ပြီးဖြစ်၍ စိတ်ချလက်ချနေပေတော့”ဟု စကားတော် အာမခံချက်ရရှိသည်။

 

၃၄:   ထိုအရေးကိစ္စသည် ကိုယ်ပိုင်ကိစ္စမျှသာမဟုတ်။ အားလုံးအတွက်လည်း အသုံးပြုနိုင်သည်။ ခရစ်တော်ကို ယုံကြည်ကိုးစားသူတိုင်း အလင်းရရှိကြသည်။ ရှုံ့မဲ့ရာမှ ပြုံးရွှင်လာသည်။ စိတ်ညစ်ရာမှ ဝမ်းသာရွှင်မြူးသည်။ အထံတော်သို့ ဘဝပုံအပ်သူတိုင်း ဝမ်းနည်းကြေကွဲခြင်း အလျဉ်းခြင်းမရှိ။ ယုံကြည်ခြင်း စိတ်ဓါတ်မပျက်ပြားနိုင်။

၃၄:   ဆင်းရဲမွဲတေ၊ စုတ်ပြတ်လျှက်၊ အဖေါ်မဲ့မျက်နှာညိုးငယ်လျှက် အထံတော်သို့ ချဉ်းကပ်ကြ သည်။ အစွမ်းအစမဲ့၊ အရည်အချင်းမရှိ ရောက်လာကြသည်။ ထိုအားနည်းချက်များကိုကိုယ်တော်က ဖြည့်ဆည်း ပေးသည်။ ကိုယ်တော့်ကို ယုံကြည်ကိုးစားသောအခါ စကား ပြောင်းလဲလာသည်။

လက်ထဲမှာ အဘိုးအနဂ္ဃထိုက်တန် လက်ဝါးကပ်တိုင်တန်ဖိုးကြောင့် ပေတည်း

ဘုရားရှင်က ထိုလူများ၏ အော်မြည်သံကိုနားထောင်သည်။ ဆင်းရဲမွဲတေမှုများ ဝေးလွင့်သွားသည်။ ဘေးဒုက္ခပေါင်းစုံမှ ကွယ်ကာသည်။ မိမိတို့ယက်လုပ်သောအပြစ်ကွန်ယက်မှ ရွေးထုတ် သည်။

၃၄:၇    ယုံကြည်သူကို ကယ်တင်သည့်အပြင် စောင့်ထိန်းသည်။ ဘုရားသခင်၏ ကောင်းကင်တမန်၊ သခင်ယေရှုကိုယ်တိုင် ထိုသူများပတ်လည်တွင်ဝန်းရံလျှက်မျက်စေ့ဖြင့် မမြင်နိုင်သေ ဘေးအန္တာရယ်မှ ကွယ်ကာစောင့်ရှောက်သည်။ ဘုရားသခင်၏သိုးများသည် တကောင်တလေမှ ပျက်စီးခြင်းသို့မရောက် (ယော ၁ဝး၂၈)။

၃၄:   ကယ်တင်ရှင်ကို သိကျွမ်းသူများသည် အခြားသူများထံသို့လည်း ဟောပြောသက်သေခံ သည်။ ရှမာရိပြည်မှ လူနှုလေးဦးကဲ့သို့ပင် “ငါတို့သည်ကောင်းမွန်စွာ မပြုပါတကား။ ယနေ့သည် ကောင်းသော သတင်းကို ကြားပြောရသောနေ့ဖြစ် လျှက်ငါတို့သည်မကြားမပြောဘဲမနေ၊ မိုးလင်းသည့်တိုင်အောင် မပြောဘဲ နေလျှင် အမှုတစုံတစ်ခုရောက်လိမ့်မည်”(၄ရာ ၇:၉)ဟု ခံယူကြသည်။ ဧဝံဂေလိခေါင်းလောင်းထိုးလျှက် “ဘုရားသခင်၏ကောင်းမြတ်ခြင်းကို လာရောက်မြည်းစမ်းကြလော့၊ ကိုယ်တော်ကိုယုံကြည်ကိုးစားသူများသည် မင်္ဂလာရှိလေစွ”ဟု ကြွေးကြော်ကြသည်။

ဤကျမ်းစကားသည် အသက်တာမပြောင်းလဲသေးသူများအား ဖိတ်ခေါ်ကမ်းလှမ်းချက်ဖြစ်သည်။ အကျိုးအကြောင်း၊ ဆင်ခြေဆင်လက်ပေး၍ ယုတ္တိတကျမကျပြောဆိုကြဦးမည်။ ပြောဆိုသမျှသည် အမှန်တကယ် ဖြစ်ပျက်ခဲ့ပြီးဖြစ်သည်။ လူသည် ကိုယ်တိုင်မြည်းစမ်းကြုံတွေ့ပြီးမှ လက်ခံတတ်ကြသည်။ ထိုအကြောင်းကို Murdoch Campbell က ဤသို့ ရေးထားသည်။

ဘုရားသခင်ရှိမရှိ၊ မျက်မြင်သက်သေများနှင့်စကြဝဋာမိုးမြေဖွဲ့စည်းပုံကို စောဒကတက်ချင်ကြပေမည်။

           ကိုယ်တော်၏ ချစ်ခြင်းမေတ္တာနှင့် ကိုယ်တော်ရှိနေပုံကို စိတ်နှလုံးဖြင့် တုထိလျှင်ကိုယ်တော်၏ကောင်း

          မြတ်ခြင်းသည် ပြောမကုန်အောင် ကြီးမားကြောင်း နားလည်ကြပေမည်။*

          ထို့နောက် အသက်တာပြောင်းလဲသူများကိုဖိတ်ခေါ်သည်။ ထိုသို့ဖိတ်ခေါ်ခြင်းသည် ယုံကြည်ခြင်း အသက်တာဆောက်တည်ရေးဖြစ်သည်။ သန့်ရှင်းသူများသည် ယုံကြည်ခြင်းဖြင့် လျှောက်လှမ်းရသည်။ ပတ်ဝန်းကျင်အခြေအနေအရ ကြည့်လုပ်ခြင်းမျိုးမဟုတ်။ ဘုရားသခင်၏ အံ့ဩဘွယ်ရာ ကွယ်ကာစောင့်ထိန်းမှု ကျွေးမွေးစောင့်ရှောက်မှု ကြုံတွေ့ကြရသည်။ ထိုအကြောင်းကို မ ၆:၃၃တွင် ဤသို့ဆိုထားသည်။

နိုင်ငံတော်နှင့် ဖြောင့်မတ်ခြင်းတရားကို ဦးစွာရှာလော့၊ နောက်မှ ထိုအရာများကိုပေးမည်။”*

           ၃၄:၁ဝ ခြသေ့င်္ပျိုများသည် တခါတရံအစားအစာပြတ်လပ်၍ ငတ်မွတ်ခေါင်းပါးကြရသော်လည်း ဘုရားသခင်ကို ရှာဖွေသူများသည် ဘယ်သောအခါမှ ငတ်မွတ်ဆင်းရဲခြင်းဘေးမကြုံရ။ ယေရှုခရစ်တော်သည် ကြီးမြတ်သောအရှင် ဖြစ်တော်မူသည့်အတိုင်း အပူပင်မကြောင့်ကြအောင် ကျွေးမွေးစောင့်ရှောက်သည်

၃၄:၁၁  ဘုရားသခင်၏ ကျေးဇူးတော်ကကယ်တင်၍၊ စောင့်ထိန်းသည်။ ထောက်ပံ့သည်သာမက ဘဝလမ်းခရီးကိုလည်း ပဲ့ပြင်လမ်းညွန်သည်။

အကြောင်းမူကား၊ မင်္ဂလာရှိသော မျှော်လင့်ရာကိုလည်းကောင်း၊ ကြီးမြတ်သော ဘုရားသခင်တည်း ဟူသော၊ ငါတို့ကို ကယ်တင်တော်မူသောအရှင်သခင်၊ ယေရှုခရစ်၏ ဘုန်းအသရေတော်ထင်ရှား ပေါ်ထွန်းခြင်း ကိုလည်းကောင်း၊ ငါတို့သည် မျှော်လင့်လျှက်၊ ဘုရားတရားမဲ့နေခြင်း၊ လောကီတပ်မက်ခြင်းကိုပယ်ရှားလျှက်၊ ယခုဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်းတို့ကို ပြုနေရမည်အကြောင်းကို ငါတို့ကို ဆုံးမသွန်သင်၍၊ လူအပေါင်းတို့ကို ကယ်တင်တတ်သော ဘုရားသခင်၏ကျေးဇူးတော်သည် ထင်ရှားပေါ်ထွန်းလျှက်ရှိ၏။ ထိုယေရှုခရစ်သည် ခပ်သိမ်းသော ဒုစရိုက်မှငါတို့ကိုရွေးနှုတ်ခြင်းငှါလည်းကောင်း၊ ကောင်းသောအကျင့်ဘက်၌ စိတ်အားကြီး၍ ပိုင်ထိုက်တော်မူသောအမျိုးကို မိမိအဘို့ စင်ကြယ်စေခြင်းငှာ လည်းကောင်း ကိုယ့်ကိုယ်ကို စွန့်ကြဲတော်မူပြီ”(တိ ၂:၁၁-၁၄)။

ဆာလံဆရာက သူ့သားများအား ဘုရားသခင်ကိုချစ်ကြောက်ရိုသေဘို့ တိုက်တွန်းနှိုးဆော်ထားသည်။

၃၄:၁၂၁၅

၁။  လျှာကို ထိန်းချုပ်ခြင်း။ မကောင်းသောစကားနှင့် မုသားစကားမပြောဆိုခြင်း

၂။  သီးသန့်လျှောက်လှမ်းခြင်း။ ဒုစရိုက်လမ်းကိုရှောင်ရှား၍ ကောင်းသောအမှုအရာသို့ ဆက်ကပ်ခြင်း

၃။  သူတပါးနှင့် သင့်တင့်ခြင်း။ ထိုအကြောင်းအရာကိုရှင်ပေါလုက ရော ၁၂:၁၈တွင် “သင်တို့သည်တတ်နိုင်

သည့်အတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့”ဟု ဆိုသည်။

ရှင်ပေတရုကမူ ၁ပေ ၃:၉တွင် “သင်တို့သည်ကောင်းချီးမင်္ဂလာကို အမွေခံစေခြင်းအလိုငှါခေါ်တော်မူ သောသူဖြစ်သည်ဟု သိမှတ်၍၊ အချင်းချင်းရန်တုံ့မမူ၊ ပြန်၍မကဲ့ရဲ့၊ မေတ္တာပို့ကြလော့” ဟုဆိုသည်။ ဆက်လက် ၍ အငယ် ၁၂:၁၆က တွင် ဤဆာလံကျမ်းကို ကိုးကားလျှက် အဆိုးကိုအဆိုးဖြင့် မတုံ့ပြန်ဘဲကောင်းချီးပေးခြင်း သည် ဘုရားသခင်နှစ်သက်တော်မူရာဖြစ်သည်။ “ထာဝရဘုရားသည် ဖြောင့်မတ်သောလူတို့ကို ကြည့်ရှုတော်မူ ၏။ သူတို့၏အော်သံကိုလည်း နားထောင်တော်မူ၏” (၃၄:၁၅)။

၃၄:၁၆ ကျမ်းချက်ပထမပိုင်းကို ရှင်ပေတရုက “ဒုစရိုက်ပြုသောသူတို့ကိုကား ထာဝရဘုရားသည် မျက်နှာလွှဲတော်မူ၏ဟု ကိုးကားဆိုထားသည်။ ဒုစရိုက်ပြုသောသူကား မြေကြီးပေါ်မှာ အောက်မေ့စရာ အမှတ်မရှိစေခြင်းငှါ ပယ်ရှင်းမည်ဟု အပြည့်အစုံမယူ။

ကျမ်းချက်ပထမပိုင်းသည် ခေတ်အဆက်ဆက်မှန်ကန်သည်။ ရှင်ဘုရင်တို့၏ ရှင်ဘုရင်အဖြစ်လူ့လောက သို့ ခရစ်တော်ဘုရား ပြန်လည်ကြွလာသည့်အခါ ဒုတိယပိုင်းပြည့်စုံမှန်ကန်လာမည်။

၃၄:၁ရ  ဖြောင့်မတ်သူများ၏အော်ဟစ်ဆုတောင်းသံများကို ဘုရားသခင်က အစဉ်အမြဲကြားနာသည်။ ကြားနာသိရှိသည့်အတိုင်း ဘေးဒုက္ခများမှလည်း ကယ်နှုတ်သည်။ ထိုအကြောင်းကို ဆရာကြီး Barnes က “ဘုရားသခင်ခေါ်သောသူများမှလွဲ၍အခွင့်အရေး အပြည့်အဝမရကြ။ ဘုရားသခင်ခေါ်သောလူများ၏ ဆုတောင်းသံကိုမူအစဉ်ကြားသိသည်”ဟုဆိုသည်။

အပိုဒ်ငယ် ၁၇ကို မထားပစ်ခဲ့မှီ မှတ်သားစရာတစ်ခုရှိပါသည်။ ဘုရားရှင်က ဘေးဒုက္ခထဲမှာသာ ဆေးမြီး တိုနည်းဖြင့် သက်သာစေသည်မဟုတ်။ ဆင်းရဲဒုက္ခပြင်ပသို့ ကယ်ထုတ်ပေးပါသည်။ ယုံကြည်သူများသည် ဒုက္ခပင်လယ်ထဲတွင် နစ်မြုပ်ရသည်မဟုတ်။ ခွန်အားကြီးသော ကယ်တင်ရှင်သခင် ပိုင်ဆိုင်ကြသည်။

၃၄:၁၈  ဘုရားသည် မာန်မာနသမားများကိုမနှစ်သက်။ စိတ်နှလုံးကြေကွဲသောသူများကို နီးကပ်ထိ တွေ့သည်။ သိမ်မွေ့သောစိတ်နှလုံးရှိသူများကိုအစဉ်ကူညီ စိတ်ချမ်းသာစေသည်။

Previous Article
Next Article