ဆာလံကျမ်း ၃၉

ဆာ ၃၉၊ စကားချပ်၊ အတွင်းမီး

          ၃၉: ဘုရားသခင်ကို ပုန်ကန်ဆန့်ကျင်သူများနှင့် ဆင်ခြေဆင်လက် ပေးသူများအား ပြန်ပြောလိုက်ချင်စမ်းပါဘိ။ မယုံကြည်သူများ၏ စကားကို နားမခံသာအောင် ကြားရပေမယ့် ပြန်မပြောမိအောင် နှုတ်ပိတ်ထားသည်။ ဘုရားသခင်က အပြစ်ခွင့်လွှတ်လျက် ကျွေးမွေးစောင့်ရှောက်ပါစေဟု မေတ္တာမပို့နိုင်။ စိတ်ဖိစီးလွန်းလို့ ဘာတစ်ခွန်းမှ မပြောချင်အောင် ရေငုံနှုတ်ဆိတ်နေမိသည်။ နားပိတ်သဖွယ် မကြားချင်ယောင်ဆောင်မိသည်။ သို့သော်လည်း အကျိုးမဖြစ်၊ စိတ်နှလုံးသည် ထွေပြားသည်။ အဘယ်ကြောင့် ထိုမျှ သည်းခံနိုင်စွမ်းရှိသည်ကိုလည်း နားမလည်နိုင်။ စိတ်နာကျင်ချက်များကို ပိုမိုစောင့်ထိန်းလေ၊ စိတ်ဖိစီးမှု ပိုများလေလေဖြစ်သည်။ နောက်ဆုံးတွင်မူ ရင်ထဲခံစားချက်များကို ဆုတောင်းခြင်း အဖြစ်သို့ ပေါက်ကွဲသည်။

၃၉: ကိုယ်တော်ဘုရား၊ ထိုမဟူရာညများ အဘယ်မျှကြာဦးမှာလဲ။ အဘယ်မျှကျင်လည်ကြ၍ ဘယ်သောအခါမှ လွန်မြောက်ကုန်ဆုံးပါမည်နည်း။ ကျွန်ုပ်၏အသက်တာကာလသည် ထာဝရကာလနှင့် နှိုင်းယှဉ်လျှင် တစ်ထွာ တစ်ပိုက်မျှပင်မရှိပါ။ လူ့ဘဝတာ ကာလသည် ပြောပလောက်စရာမဟုတ်။ အခိုးအငွေ့ ပမာ ကုန်ခမ်းပျောက်လွှင့်နိုင်ပါသည်။ မိမိဘဝကို အထွဋ်အထိပ်ရောက်ပြီး အောင်မြင်ပြီဟု ကြွေးကြော်သော်လည်း အဘယ်မျှမကျန်၊ အသက်ရှည်ချင်ကြသည်။ ချိုးခြံချွေတာကြသည်။ ပျော်ရွှင်ချင်ကြသည်။ သို့သော်လည်း ထိုလုပ်ဆောင်မှုများသည် သူရူးအလုပ်သာဖြစ်သည်။ ဘာမှ မတည်မြဲ။ အာဂန္တုဧည့်သာပါတကား။

၃၉:ကိုယ်တော်ဘုရား၊ လူ့ဘဝမှာ မျှော်လင့်စရာရှိပါသလဲ။ ကိုယ်တော်တစ်ပါးတည်းကိုသာ မျှော်လင့်စရာ ရှိပါသည်။ ကိုယ်တော်မှ လွဲရင် ဘဝအဓိပ္ပါယ်မရှိပါ။ ဘေးဒုက္ခအပေါင်းမှ ကွယ်ကာတော်မူပြီ။ အကျွန်ုပ်ဘဝခရီးမှာ အပြစ်ပေါင်းစုံ တွေ့မြင်ခဲ့ပြီးပါပြီ။ လူမိုက်တို့၏ ကဲ့ရဲဥခြင်းကို မခံနိုင်တော့ပါ။

၃၉:၁၀ ထိုအမှုအရာများသည် ကိုယ်တော်ခွင့်ပြုချက်ဖြင့် ရောက်လာခြင်းဖြစ်သောကြောင့် ငြိမ်သက်တိတ်ဆိတ်စွာ ငုံ့ခံရပါသည်။ ယခုအချိန်တွင်မူ တောင်းလျှောက်ပါရစေ။ အကျွန်ုပ်ပေါ်မှ ကိုယ်တော်၏ လက်ကို ဖယ်ရှားပေးတော်မူပါ။ ကိုယ်တော်၏ ဆုံးမခြင်းကို နားလည်ပါပြီ။

၃၉:၁၂၁၃ ကိုယ်တော်ထံသို့ ချဉ်းကပ်လာပါသည်။ အကျွန်ုပ်ဆုတောင်းသံများကို နားညောင်းတော်မူပါ။ အရေးပေါ်ဆုတောင်းချက်များကို အဖြေပေးတော်မူပါ။ မျက်ရည်စများကို မဖယ်ပေးဘဲ မနေပါနှင့်။ လောကဧည့်သည်အဖြစ် တစ်ညဉ့်လုံး နေရပါပြီ။ ရှေးဘိုးဘွားများသို့နှယ် အာဂန္တု ဖြစ်ရပါသည်။ အကျွန်ုပ်ပေါ်သို့ တရားစီရင်ချက်များကို ဖယ်ရှားပေး၍ ခဏတဖြုတ် ကျန်းမာပျော်ရွှင်ပါစေ။ ဤလူ့လောကမှ မထွက်ခွာမီ လူ့ဘဝအရသာမြည်းစမ်းပါရစေသား။

Previous Article
Next Article