ဆာလံကျမ်း ၄၈

ဆာ ၄၈ ဘာမြင်ခဲ့ကြသလဲ

ပင်လယ်ရပ်ခြားသားတဦးယေရုရှလင်မြို့မတံခါးသို့ ဘုမသိဘမသိရောက်လာသည်။ စာထဲ တွင်မြို့သူမြို့သားများသည် ရန်သူများဝိုင်းရံခံရမှာကို စိုးရိမ်နေကြသည်။ အရပ်စကားဖြင့်ပြောရ လျှင်စိတ်ဓာတ်ကျနေကြသည်။ ထိုအခါဘုရားသခင်က အံ့ဘွယ်တန်ခိုးပြသသည်။ ရန်သူများအတုံး အရုံးလဲသေကြသည်။ ထိုမြင်ကွင်းကို မြင်သောအခါ ထိတ်လန့်သွားကြပြန်သည်။ ယေရုရှလင်မြို့ သည်ပျက်စီးခြင်း ဘေးရန်ဆိုးမှ ကင်းလွတ်သွားသဖြင့်လှိုင်းလုံးကြီးများသဖွယ် ထောပနာသီချင်းဆို ကြသည်။ ဆာ ၄၈ သည် ထိုမြင်ကွင်းအခိုက်အတန့်အား လျှပ်တပြတ်ရိုက်ချက်ဖြစ်သည်။

၄၈: ဘုရားသခင်သည် မြွက်ဆိုမမွှမ်းသာအောင် ကြီးမြတ်သည်။ တန်ခိုး၊ အသိဉာဏ်ဘုန်းကျက် သရေကျေးဇူးတော်အတိုင်း အဆ မရှိကျယ်ဝန်းသည်။ ချစ်ခြင်းမေတ္တာတော်သည် ကြီးမား၍ကရုဏာ တော်သည်နက်နဲသည်။ ဉာဏ်ပညာနှင့် အသိအမြင် ကျယ်ပြန့်မြင့်မားသည်။ တရားသဖြင့်စီရင်တော် မူချက်များသည် အပြစ်အနာ ကင်းစင်သည်။

ထိုသို့ ကြီးမြတ်တော်မူသောကြောင့် ချီးမွမ်းထိုက်ပါပေသည်။ မဟာဖန်ဆင်းရှင်၊ မဟာပရော ဖက်၊ ယဇ်ပုရောဟိတ်ကြီး၊ ဘုရင်တကာတို့၏ဘုရင်၊ ရွေးနှုတ်သောအရှင်၊ သူ့လူမျိုးကိုကယ်ထုတ် တော်မူသောသခင် ဖြစ်သည်။ ထို့အပြင်ဆာလံ ၄၈ တွင်ကယ်တင်ရှင်မြို့တော်ကိုကာကွယ်သူ သူ့လူ မျိုးကိုဘေးရန်လုံခြုံစေသူအဖြစ် တဖန်တွေ့မြင်ရသည်။

ဘုရားသခင်၏လူမျိုးနှင့် ဘုရားသခင်မြို့ကို တသဘောတည်းသုံးထားသည်။ မြို့တော်သူ မြို့တော်သားများသည် ဘုရားသခင်၏ဗိမာန်တော်ထဲတွင် စုဖွဲ့ကြသည်။ ထိုသူများအတွက် ယေရုရှ လင်လောက်ကျက်သရေရှိသော ကမ္ဘာမြို့ပြမရှိ။ မြို့တော်သည် သန့်ရှင်းသောတောင်တော်ပေါ်တွင် တည်ထားသောကြောင့်တည်း။ သရဖူထိပ်ပေါ်မှာ တင်ထားသောကျောက်မျက်ရတနာတို့အလှမှာ အယဉ်ဆင့်သည်။ ကမ္ဘာ့အလှကျောက်မျက်ရတနာတည်း။

တခါတရံဇိအုန်တောင်ဟုဆိုလျှင် ယေရုရှလင်နှင့်တွဲဘက်နားလည်ကြရသည်။ ဇိအုန်တောင်​ မြောက်ပိုင်းမြောက်ဘက်ပိုင်းတွင် တည်ရှိသည်။ ဆရာကြီးKnox နှင့် Gelinieau ကတို့ကဤကျမ်း ချက်ကို “ကမ္ဘာမြေ၏ရှေးဦးလူသားများက ထိုသို့ရှုမြင်ခဲ့ကြသည်။ သံလိုက်ဆွဲငင်အားဗဟိုပြုရာ ဘာသာရေးအယူအဆ၏ဗဟိုချက်မ၊ နိုင်ငံရေးနှင့်ယဉ်ကျေးမှုသန္ဓေတည်ရာဖြစ်သည်။ ထိုကဲ့သို့သော မြို့တော်သို့ယေရှုခရစ်တော် တဖန်ပြန်လာ၍ ရှင်ဘုရင်တကာတို့၏ ရှင်ဘုရင် အဖြစ် ထီးနန်းစိုးစံမည်။ မဟာမင်းထီးနန်းစံရာ မြို့ပြနိုင်ငံတော်ကြီး ပေါ်ထွန်းလာမည်။

၄၈:   အဆုံးပိုင်းတွင် ဘုရားသခင်ကမြို့စည်းရိုးခိုင်ခန့်အောင် ပြင်ဆင်ပေးထားသည်။ ဘု ရားသခင်ကထိုမြို့တော်အား အံ့သြဘွယ်ရာကယ်တင်ပုံကို မြို့သူမြို့သားတိုင်းသိမြင်ကြသည်။ အ ဖြစ်အပျက်အကြောင်းစုံသိရှိကြသည်။

၄၈:   မြို့ပြင်ဘက်တွင်ရန်သူစစ်ကြောင်းများ ရွစိရွစိလုပ်နေကြသည်။ မြို့ကိုစီးနင်းဖို့ကြံ စည်ကြိုးပမ်းနေကြသည်။ စစ်ရေးသုံးသပ်ချက်ပြုလုပ်လျှင် ထိုမြို့သည်အောင်မြင်စွာ ခုခံနိုင်စွမ်းမရှိ။ စစ်အင်အားမရှိ။

၄၈:   သို့ဖြင့်ရန်သူများသည် မြို့ထဲသို့ထောက်လှမ်းကြသည်။ ဘာမြင်ကြသလဲ။

ယေရုရှလင်မြို့တော်ကို မဟာစစ်တပ်အင်အားကြီးတွေ့မြင်ခဲ့ကြပေမည်။ စစ်ရည်စစ်သွေး ပြည့်ဝသည်။ ဧရာမတပ်မတော်ကြီး မြင်ခဲ့ကြပေမည်။

လူ့လောကသားများ မြင်နိုင်အောင်ခြားထားသောခန်းစီးကလာကာအား ကောင်းကင်တမန်များက ဖွင့်လှစ်ပြလိုက်သည်။ မြို့ရိုးပတ်လည်တွင်စစ်မြင်းများ အပြည့်ခင်းကျင်းထားသော ရဲမက် ဗိုလ်ပါများ တွေ့မြင်သွားကြပေမည် (၄ရာ ၆:၁၇)။ ဘုရားသခင်၏ ကောင်းကင်တမန် (လူ့ဇာတိမခံ ယူမီယေရှုခရစ်တော်) ကို တွေ့မြင်ကြသလား(ဟေရှာ ၃၇:၃၆)။

၄၈:           မည်သည့်အရာတွေ့မြင်ကြသည်ကို တိတိကျကျမပြောနိုင်သော်လည်း နှလုံး ကြွေပြုန်းကြသည်။ သည်းခြေပျက်လောက်အောင် တစုံတစ်ခုတွေ့မြင်ခဲ့ကြသည်မှာ သေချာသည်။ သို့ကြောင့်လည်း မိမိသို့လက်နက်များကို စွန့်ပစ်ပြီး သေပြေး၊ ရှင်ပြေး ပြန်လည်ထွက်ပြေးသွားကြသည်။ နောက်ကျ ခြေထောက်သစ္စာ ဖောက်ဟု မှတ်ယူကြသည်။ သဲထိတ်ရင်ဖိုဝေဒနာပြင်းထန်စွာ ခံစားကြသည်မှာ လျှောလျှောလျှူလျှူ မမွေးနိုင်းသောမီးနေသည်ကဲ့သို့ ဖြစ်သည်။ နွေဦးညမှာရောက် တတ်ရာရာသို့ လွှင့်စင်သွားသော တိမ်မျှင်တိမ်စများသို့ ဗရုတ်သုက္ခရုပ်ပျက်ဆင်းပျက် ထွက်ပြေးကြ သည်။

၄၈: အထဲရှိမြို့တော်သူမြို့တော်သားများသည် ဝမ်းသာလုံးဆို့ကခုန်ကြပြီ။ အသက်ပင်မှန် မှန်မရှူခဲ့အရှုံးသမားဘဝမှမမျှော်လင့်ဘဲ အောင်နိုင်သူကြီးဖြစ်သွားအခါအဘယ်မျှ ဝမ်းသာရွှင်ကြ မည်နည်း။ ထာဝရဘုရားသခင်သည် ယေရုရှလင်မြို့ဖခင်ကြီး၊ ကွယ်ကာစောင့်ရှောက်သူဖြစ်ကြောင်း သိရှိခဲ့ကြပြီးသည့်အတိုင်း ယခုအချိန်တွင်မျက်ဝါးထင်ထင် တွေ့မြင်ကြရသည်။ “ဘုရားသခင်က ထာဝရကွယ်ကာရမည့်အကြောင်း ကြားသိခဲ့သမျှအမှန်တကယ် တွေ့မြင်လာရပြီ” (knoxကျမ်းမူ)

၄၈:၁၁        သို့ဖြင့် ထာဝရဘုရားသခင်ကိုပို၍ပို၍ ချီးမွမ်းကြသည်။ ဘုရားသခင်၏ချစ် ခြင်းမေတ္တာတော်ကြီးမားပုံကို ပြန်လည်ဆင်ခြင်ရေတွက်၍ ဗိမာန်တော်တွင်ချီးမွမ်းခြင်းယဇ်ပူဇော် ကြသည်။ ဘုရားသခင်၏နာမတော်ကို လောကသားများပိုမိုသိရှိအောင် ထောမနာပြုကြသည်။ လက်ရုံးတော်ကိုဂုဏ်ပြုကြသည်။ ယုဒတပြည်လုံးရှိ မြို့ပြပြည်ရွာများမှ ယုဒလူများအား ယေရုရှ လင်သို့စုခေါ်၍ အောင်ပွဲသဘင်ဆင်ယင် ကျင်းပကြသည်။

၄၈:၁၂၁၄      တမြို့လုံးသို့လမ်းကြိုလမ်းကြားမကျန်အောင် ပွဲအခမ်းအနားဖြင့်စီတန်း လှည့်လည်ကြပြီ။ မြို့ရိုးမျှော်စင်များ ပေါ်သို့တက်ရောက်၍သတ္တိသွေးပြကြသည်။ အချင်းချင်းအား ပေးကြသည်။ (ထိုမြို့ရိုးမျှော်စင်များသည် ယခုထက်တိုင်ရှိသေးသည်)။ ပြအိုးရင်တားများ (နန်း တော်တည်ရာမြေအမှတ်အသား) တလျှောက်လှည့်လည်ကြသည်။ ထိုအကြောင်းကို သားမြေးစဉ် ဆက်များသို့ လက်ဆင့်ကမ်းပြောကြသည်။ ခေတ်အဆက်ဆက်သားမြေးစဉ်ဆက်များသို့ ဘုရားသ ခင်ကကွယ်ကာ စောင်မတော်မူသည်ဟု ဘိုးဘွားအမွေစကားအဖြစ် ပြောကြသည်။

ထိုအကြောင်းကို ဆရာကြီးတပါးကဤသို့ဖွင့်ဆိုထားသည်။ထိုဘုရားသခင်သည် ငါတို့၏ ဘုရားသခင်ဖြစ်၍နိစ္စထာဝရမှ ထာဝရကာလတိုင်တည်သည်။ သေလွန်ခြင်းသေခြင်း၏တ ဘက်ကမ်းအလွန်တိုင်အောင် ဘဝလမ်းညွန်ထိန်းကျောင်းသည်

Previous Article
Next Article