ဆာလံကျမ်း ၄

ဆာ၄။ ဘုရားရှင်၏ လျှို့ဝှက်ငြိမ်သက်ဆေ

၄း၁ ဒါဝိဒ်ဘုရားရှင်ထံတော်သို့ ချဉ်းကပ်လျှင်ချဉ်းကပ်ခြင်း အကျွန်ုပ်ကို ဖြောင့်မတ်စေတော်မူသောဘုရားဟု တိုင်တည်သည်။ ဘုရားရှင်သည်တရားမျှတသူဖြစ်တော်မူသည့် အတိုင်း ဒါဝိဒ်ကိုဖြောင့်မတ်စေတော်မူသည်ဟု နားလည်ခံယူထားသည်။ လူသည် ထင်ကြေးမြင်ကြေးနှင့် ယောရမ်းမှန်းဆတတ်ကြသော်လည်း ဘုရားရှင်သည် အဖြစ်မှန်နှင့်တရားသဖြင့်အောင်မြင်ခြင်းကို သိရှိတော်မူသည်။“အကျွန်ုပ် ဆင်းရဲဒုက္ခရောက်စဉ် ချမ်းသာပေးတော်မူပြီကိုယ်တော်ဘုရား” ဟု ဆက်ဆိုသည်။Darby ၏ ကျမ်းမူသစ်တွင်မူ “ဆင်းရဲဒုက္ခထက် ငါ့ကိုကြီးမားစေတော်မူပြီ”ဟု ဆိုသည်။ ရိုးရိုးစင်းစင်းတွေးကြည့်လျှင် ဖိစီးနှိပ်စက်မှုများက လူအစွမ်းအစအရည်အသွေးကို ပိုမိုထောက်ပြရာ၊ ဘုရားရှင်ကို ပိုမိုအားကိုးအားထားပြုရာဖြစ်ပါသည်။စည်းစိမ်ဥစ္စာက အနည်းငယ်သာတိုးပွားစေ၍ အခက်အခဲပြသနာက ကြီးထွားခြင်းနှင့် ရင့်ကျက်ခြင်းဖြစ်စေသည်။ ဆရာကြီး Spurgeonက ဤသို့ပြောဘူးသည်။

ခံစားရသော ငြိမ်သက်ချမ်းမြေ့ခြင်း၊ သက်တောင့်သက်သာကာလနှင့် ပျော်ရွှင်သောအချိန်ကာလ ကောင်းချီးမင်္ဂလာများကို နှစ်ပဲတပြားဖြင့် ရောင်းစားမိမှာစိုးရိမ်မိသည်။ ဝမ်းနည်းကြေကွဲခြင်း၊ နာကျင်ခြင်းနှင့်ဆင်းရဲဒုက္ခများကြားမှ ကောင်းသောအရာများတွေ့မြင်နိုင်ပါသည်။ တူနှင့်ပေ၊ မီးနှင့်တံစဉ်မလိုပါ။ အကျွန်ုပ်အိမ်တွင် ဒုက္ခဝေဒနာသည်အကောင်းဆုံးသောပရိဘောဂများဖြစ်သည်။

ဒါဝိဒ်သည် ဆင်းရဲဒုက္ခပိပြားခဲ့စဉ် ဆုတောင်းသံများကို ဘုရားသခင်က နားညောင်းကြောင်းမှတ်မိသည်။ ယခုလည်း ဘုရားသခင်ထံဆုတောင်းရန်တက်ကြွနေသည်။

၄း၂-၃ အပိုဒ်ငယ်၂-၅သည် လက်တလောအခြေအနေပေါ်တွင် ဒါဝိဒ်မင်း၏ကောက်ချက်ဖြစ်သည်။ ပတ်ဝန်းကျင်၏ သွားပုပ်လေလွင့်ပြောဆိုခြင်း၊ဂုဏ်အသရေဖျက်ခြင်းခံနေရသည်။ သူ့နာမည်ကိုရစရာမရှိအောင် ပြောကြသည်။ သူ့အကျင့်စာရိတ္တကိုအပုပ်ချကြသည်။ ဂုဏ်သိက္ခာစော်ကားကြသည်။အရင်းမရှိ အဖျားမရှိ မဟုတ်မဟတ်စွပ်စွဲကြသည်။

ဒါဝိဒ်ကမည်မျှကြာကြာ ပုပ်ခပ်စော်ကားနိုင်ကြမည်နည်း။ အဘယ်ကာလကြာမှ ခြေကုန်လက်ပန်းကျ၍ လက်လျော့ကြမည်နည်း။ စော်ကားသမျှသည်အချည်းနှီးဖြစ်သည် ဟု ဆိုသည်။ အဘယ်သို့ဆိုသော်“ထာဝရဘုရားက သန့်ရှင်းသောမိမိလူကို ရွေးထားတော်မူသည်”။ ဘုရားရှင်ကို ယုံကြည်ကိုးစားသူများသည် ဘုရားရှင်၏ သူငယ်အိမ်(ဇာ ၂း၈) ဖြစ်ကြ၏ဟုဆိုထားသည်။ ထိုသူများသည် လက်ရာတော်ဖြင့်နာမည်ရေးမှတ်ထားသူများ (ဆာ ၄၉း၆)ဖြစ်သည်။ထိုသူများ၏ ညီးတွားသံ၊ ဆုတောင်းသံများကို ဘုရားရှင်တော်နားညောင်းသည်။ ထိုအကြောင်းကို ရှင်ပေါလုက ရော ၈း၃၁တွင် “ဘုရားသခင်သည် ငါတို့ ဘက်၌ရပ်တည်လျှင် အခြားတဘက်၌မည်သူရပ်နိုင် အံ့နည်း”ဟုဆိုထားသည်။

၄း၄ ဒါဝိဒ်၏ရန်သူများက အကြံကြီးကြံစည်နေကြသည်။ အမျက်ဒေါသထွက်လျှင် ဖြောင့်မတ်ခြင်းဧ ၄း၂၆တွင် “သင့်စိတ်ဆိုးမှု ကို အပြစ်မဖြစ်စေနှင့်” ဟုဆိုထားသည်။ သို့သော် ထိုစကားသည်ယုံကြည်သူများအတွက်ဖြစ်သည်။ ဘုရားတရားမသိသူများက နားလည်နိုင်မည်မဟုတ်။ ဤ ဆာ ၄ ပါ စကားများမှာ လူဆိုးသူခိုးများသို့ ရည်ရွယ်ပြောဆိုသောစကားဖြစ်သည်။ အမျက်ဒေါသလွန် ကဲ၍ ရုန်းရင်းဆန်ခတ်ပြုတတ်ကြသည်။ ညချမ်းချိန်တွင်လည်းကြံဆကြသည်။ ထို့ကြောင့်ထိုသို့ ဆိုးယုတ်သောအကြံဉာဏ်များကို ရှေ့ဆက်မတိုးဖို့ ဆိုထားသည်။

၄း၅ ဒါဝိဒ်က မတရားသောသူများထံသို့လက်တွေ့ဖြောင့်မတ်ခြင်းနှင့်ယုံကြည်ခြင်းအကြောင်းဧဝံဂေလိစကားလုံး ပစ်ထည့်လိုက်သည်။ “သင့်ယဇ်ပူဇော်ခြင်းအား တရားစေလော့” (Gelineau)။ထိုသို့တရားသဖြင့် ယဇ်ပူဇော်နိုင်ရန် ဦးစွာဘု ရားသခင်အား ယုံကြည်စိတ်ချရပေမည်။

၄း၆ လူ့လောကတွင် စည်းစိမ်ဥစ္စာနှင့် ဂုဏ်ပကာသနတပ်မက်သူပိုများပါသည်။ မနေမနားရှာစားကြပါသည်။ ဘုရားသခင်ကိုမသိ၊ ကောင်းချီးရှင်ကိုမလိုချင်ကြ။ ခရစ်တော်၏ သက်တော်စဉ်များ လိုချင်ကြသော်လည်း လက်တွေ့မလျှောက်လှမ်းလိုကြ။ကောင်းချီးမင်္ဂလာလိုချင်ကြသော်လည်း ကောင်းချီးပေးအရှင်ကို မလိုချင်ကြ။ထို့ကြောင့် ဒါဝိဒ်က “အို ထာဝရဘုရား၊ မျက်နှာတော်အလင်းကို အကျွန်ုပ်ကိုယ်ပေါ်မှာ ပေါ်ထွန်းစေတော်မူပါ” ဟု လျှောက်တော်မူသည်။

၄း၇ ဘုရားတရားမသိ လောကီသားများ သည်စပါးဆန်ရေပေါကြွယ်ဝ၍ စပျစ်ရည်သောက်သုံးခြင်း၌ဂုဏ်ယူဝင့်ကြွားကြသည်။ ဘုရားသခင်၏ လူများပျော်ရွှင်ချမ်းမြေ့ခြင်းသည် ထိုမျှမက၊ အလျှံပယ်ဝမ်းသာကြသည်။ “စပါးကျီ၊ ပုတ်ထဲတွင် စပါးဆန်ရေပေါကြွယ်ဝ၍ စဉ့်အိုးသရည်းတွင် စပျစ်ဝိုင်ပြည့်လျှံခြင်းကစိတ်နှလုံးထဲ၌ ဘုရားရှင်ငြိမ်သက်ခြင်းကို မမီနိုင်”(Knox)။

၄း၈ ဘုရားရှင်၏ငြိမ်သက်ချမ်းမြေ့မှုကိုခံစားရသောကြောင့် ဆာလံဆရာကကျေနပ်သည်။ ဘုရားရှင်က ကွယ်ကာစောင့်ရှောက်သာကြောင့် နှစ်ခြိုက်စွာအိပ်ပျော်ရတော့မည်။ ဤကျမ်းပိုဒ်(၈)ခု အတွင်းတွင် ဆုတောင်းခြင်းတန်ခိုးကြောင့် အခြေအနေများစွာပြောင်းလဲသွားကြောင်း တွေ့ကြုံရပေမည်။

 

 

Previous Article
Next Article