ဆာလံကျမ်း ၅၁

ဆာ ၅၁ နောင်တရေမွှေး ခပ်မွှေးမွှေး

          Alexander Maclarence က “ဘုရားသခင်အလိုတော်ရှိသောရေမွှေးသည် နောင်တရနံ့ သင်းပျံ့၍ အပြစ်အညစ်အကြေးများကိုလည်း သန့်စင်စေသည်”ဟုဆိုသည်။ ဆာ၅၁သည်ထိုစကား နှင့်တသားတည်းဖြစ်သည်။ ဒါဝိဒ်မင်းကဗာသရှေဘနှင့်ကာမေသုကျူးလွန်းပြီးသည့်အပြစ် သူ့ခင်းပွန်းစစ်သူကြီး ဉရိယကိုပါသေကြောင်းကြံစည်ခဲ့ပြီးသည့်နောက် ပရောဖက်နာသန်က ဒါဝိဒ်မင်းအားမခြွင်းမချန်အပြစ်ဖော်ထုတ်သည့်အကြောင်းဖြစ်သည်။ ထိုပရောဖက်စကားကို ကြားသောအခါ ဒါဝိဒ်မင်းသည် စိတ်နှလုံးကြေမွလျက်မိမိအပြစ်ကို ဝန်ချသည်။

ဒါဝိဒ်မင်းအပြစ်ဝန်ချပုံကို ဆက်လက်လေ့လာကြည့်ကြပါစို့။

၅၁: အကျွန်ုပ်ကိုသနားတော်မူပါ။ အကျွန်ုပ်သည်အရေးယူအပြစ်ပေးထိုက်သူဖြစ်ပါသည်။ သို့သော်လည်းဘုရားရှင်သည် ချစ်ခြင်းမေတ္တာကြွယ်ဝတော်မူသည့်အတိုင်း အကျွန်ုပ်အပြစ်ရှိသည့် အတိုင်းအရေးမယူပါရန် တောင်းလျှောက်ပါသည်။ ကရုဏာတော်များပြားသည်နှင့်အညီ အကျွန်ုပ်၏လွန်ကျူးမှုများကို ငဲ့ညာတော်မူပါ။ ကိုယ်တော်၏မြင့်မြတ်စုံလင်သောတရားတော် ပြသတော်မူပါ။

၅၁: ကိုယ်တော်၏သမ္မာတရားလမ်းကိုသွေဖီခဲ့၍ လွန်ကျူးမိသောအပြစ်များကိုအကုန် အစင် ဆေးကြောတော်မူပါ။ ကိုယ်တော်နှင့်ဝေးကွာရခြင်းအဖြစ်သော်၎င်း၊ ပိုမိုဝေးကွာသောကြောင့် နောက်ဆက်တွဲလွန်မှားသောအပြစ်များကို ခဝါချပေးတော်မူပါဘုရား။

၅၁: ကိုယ်တော်ဘုရားအကျွန်ုပ်သည်ကိုယ်တော်ကိုတရားတော်ကို လူသိရှင်ကြားဖောက် ဖျက်ကျူးလွန်မီပြီတကား။ လူပုံအလယ်မှအရှက်တကွဲအကျိုးနည်းရှိသကဲ့သို့ ပရိသတ်ဗိုလ်ပုံအလယ် မှာဝန်ချတောင်းပန်ပါသည် ။နောင်တရရှိပါသည်။ အကျွန်ုပ်လွန်ကျူးမိသောအပြစ်ကို တနုံ့နုံ့ခံစားမိ ပါသည် နလံမထူ။ ခေါင်းမမော့ဝံ့အောင်ရှက်မိပါသည်။

၅၁: ကိုယ်တော်ကိုပြစ်မှားမိပါပြီ။ ကိုယ်တော်၏တရားတော်ကိုလွန်ကျူးမိသောကြောင့် အပြစ်ကြီးပါဘိခြင်း။ ဗေသရှေဘကို လွန်ကျူးသည့်အပြင်သူ့ခင်ပွန်း ဉရိယအပေါ်သို့လည်း အပြစ်ကြီးကျူးလွန်မိပါသည်။ ကျူးလွန်မိသောအပြစ်ပေါင်းစုံကိုခွင့်လွှတ်တော်မူပါဘုရား။ အကျွန်ုပ် ပြုမှားမိသမျှသည်ကိုယ်တော်ကို ပြစ်မှားခြင်းဖြစ်ကြောင်း ဝန်ခံပါသည်။ သခင့်တရားတော်ကို ချိုးဖောက်မိပါပြီ။ နာမတော်ကိုမထီမလေးစားလုပ်မိပါပြီ။ ကိုယ်တော်ကိုဆန့်ကျင်မိပါပြီ။ ကိုယ်တော်သည် တရားမျှတစွာစီရင်တတ်ပါသည်။ ကိုယ်တော်၏ တရားစီရင်ချက်ကိုမည်သူကမှ လက်ဝင်မလျှိုဝံ့ပါ။ ကိုယ်တော်၏ဆုံးဖြတ်ချက်သည် တရားမျှတပါသည်။

၅၁: ကိုယ်တော်ဘုရား၊အကျွန်ုပ်သည်လူကောင်းမဟုတ်ပါ။ မွေးစကပင်အပြစ်ပါရှိပါသည်။ အမိဝမ်းထဲတွင် သန္ဓေတည်စဉ်ကပင် အပြစ်ပါရှိပါသည်။ ထိုသို့ဆိုသော မွေးသမိခင်ကို ပြစ်မှားခြင်း မဟုတ်။ အကျွန်ုပ်၏အပြစ်ကြီးမားပုံ၊ မကောင်းပုံကိုဖော်ကျူးတင်စားသည်။ ဘုရားသခင်က အကျွန်ုပ်အားဖန်းဆင်းစဉ်တွင် အပြစ်ထည့်ပေးသည်ဟုမဆိုလိုပါ။ အကျွန်ုပ်ကိုက အပြစ်ဇာတိရှိ သည်ဟုဆိုလိုသည်။

          ၅၁: ကိုယ်တော်ဘုရားကဟုဿုပ်ညွှန်ဖြင့်စီးသောရေကိုသုံး၍ နူနာရောဂါဆေးကြော ရကြောင်း (ဝတ် ၁၄:၁-၈) သွန်သင်ထားပါသည်။ ထို့ကဲ့သို့ပင်အကျွန်ုပ်၏ ညစ်ညမ်းသောစိတ်နှလုံး ကိုဟုဿုပ်ပင်ညွှန်ဖြင့်ဆေးကြောပေးတော်မူပါ။ အကျွန်ုပ်အားမိုးပွင့်ထက်ဖြူစင်အောင် ဆေးကြော ပေးတော်မူပါ။

          ၅၁: အပြစ်နွံထဲမှာရှိနေစဉ်တေးမဆိုနိုင်။ ယခင်ကပျော်ရွှင်ဝမ်းသာခဲ့ပုံများကို လွမ်းဆွတ်မိ ပါသည်။ ထိုသံစဉ်မျိုးနောက်တဖန်ကြားပါရစေလား။ အကျွန်ုပ်၏ဖော်ပြန်မှုကြောင့် အရိုးတွေကြွေမွ မတတ်နာကျင်မိပါသည်။ ကိုယ်တော်ရဲ့ပွဲတော်တွင်လည်းမကခုန်တော့ပါ။ နာမတော်မြတ်၌ ပျော်ရွှင်စွာကခုန်နိုင်စေရန် ပြန်လည်ထူထောင်ပါရစေ။

၅၁: ကိုယ်တော်ဘုရား၊ အကျွန်ုပ်သည်လူကောင်းမဟုတ်ပါ။ မွေးစကပင်အပြစ် ပါရှိပါသည်။ အမိဝမ်းထဲတွင် သန္ဓေတည်စဉ်ကပင်အပြစ်ပါရှိပါသည်။ ထိုသို့ဆိုသော မွေးသမိခင်ကို ပြစ်မှားခြင်းမဟုတ်။ အကျွန်ုပ်၏အပြစ်ကြီးမားပုံ၊ မကောင်းပုံကိုဖော်ကျူးတင်စားသည်။ ဘုရာသခင်က အကျွန်ုပ်အားဖန်ဆင်းစဉ်တွင်အပြစ်ထည့်ပေးသည်ဟု မဆိုလိုပါ။ အကျွန်ုပ်ကိုက အပြစ်ဇာတိရှိသည်ဟုဆိုလိုသည်။

၅၁: ကိုယ်တော်ဘုရားသည် အပြစ်ကိုမုန်းတီး၍သစ္စာတရားကိုချစ်ခင်မြတ်နိုးပါသည်။ လူစိတ်နှလုံးကိုကြည့်သည်။ အကျွန်ုပ်စိတ်နှလုံးထဲတွင် ဉာဏ်ပညာအမြစ်စွဲဖို့ သွန်သင်တော်မူပါ ဘုရား။

၅၁: ကိုယ်တော်ဘုရားကဟုဿုပ်ညွှန်ဖြင့်စီးသောရေကိုသုံး၍ နူနာရောဂါဆေးကြောရ ကြောင်း (ဝတ် ၁၄:၁-၈)သွန်သင်ထားပါသည်။ ထိုကဲ့သို့ပင်အကျွန်ုပ်၏ ညစ်ညမ်းသောစိတ်နှလုံကို ဟုဿုပ်ပင်ညွှန်ဖြင့်ဆေးကြောပေးတော်မူပါ။ အကျွန်ုပ်အားမိုးပွင့်ထက်ဖြူစင်အောင် ဆေးကြောပေး တော်မူပါ။

          ၅၁: အပြစ်နွံထဲမှာရှိနေစဉ်တေးမဆိုနိုင်။ ယခင်ကပျော်ရွှင်ဝမ်းသာခဲ့ပုံများကိုလွမ်းဆွတ် မိပါသည်။ ထိုသုံစဉ်မျိုးနောက်တဖန်ကြားပါရစေလား။ အကျွန်ုပ်၏ဖောက်ပြန်မှုကြောင့် အရိုးတွေ ကြွေမွတတ်နာကျင်မိပါသည်။ ကိုယ်တော်ရဲ့ပွဲတော်တွင်လည်မကခုန်တော့ပါ။ နာမတော်မြတ်၌ ပျော်ရွှင်စွာကခုန်နိုင်စေရန် ပြန်လည်ထူထောင်ပါရစေ။

၅၁: ကိုယ်တော်ဘုရားအကျွန်ုပ်၏အမှားအပြစ်များကို စေ့စေ့ကြည့်ရှု၍တရားစီရင်းခြင်းပြု တော်မမူပါရန် တောင်းပန်ပါသည်။ ပြုမှားမိသောအပြစ်ဒုစရိုက်များကို ခဝါချ ပေးတော်မူပါ။ ထိုအပြစ်များကို ပြန်လည်စဉ်းစားမိတိုင်း ရင်နာလို့မဆုံးပါ။

၅၁:၁၀ အကျွန်ုပ်ဘဝဟောင်းကို ပြန်လည်ဆင်သောအခါ အတွေးအခေါ်မှစ၍ ညစ်ညမ်း ခဲ့ပါသည်။ ဒုစရိုက်ကျူးလွန်မိသည့်တိုင်အောင် ညစ်ညမ်းသောအတွေး၌ ပျော်မွေ့ခဲ့ပါသည်။ သို့ကြောင့် အကျွန်ုပ်စိတ်နှလုံးအတွေးအခေါ်မှစ၍ ဆေးကြောပေးတော်မူပါ။ မြစ်ဖျားခံရာ စင်ကြယ်လျှင် စီးဆင်းလာသောချောင်းရေသည်လည်း စင်ကြယ်ပါလိမ့်မည်။ ကိုယ်တော်ဘုရား အကျွန်ုပ်၏စိတ်မနောကို ဖြူစင်စေပါ။ ရှေ့ဆက် အမှားမပြုမိအောင် ကွယ်ကာပေးတော်မူပါ။

၅၁:၁၁ ကိုယ်တော်ဘုရား အကျွန်ုပ်ကို ပစ်ခွာမသွားပါနှင့်။ ကိုယ်တော်နှင့် ဝေးရာအရပ်မှာ မနေနိုင်ပါ။ ကိုယ်တော်မရှိသောအရပ်မှာ မနေပျော်ပါ။ အကျွန်ုပ်ထံမှ သန့်ရှင်းဝိညာဉ်တော်ကို မရုပ်သိမ်းပါ နှင့်။ ကိုယ်တော်သည် စကားတော်မနာခံသောသူထံမှ သန့်ရှင်းဝိညာဉ်တော်ရုပ်သိမ်း လေ့ရှိပါသည်။ ရှောလုထံမှ ထိုသို့ရုပ်သိမ်းခဲ့ဘူးသည် (၁ရာ၁၆:၁၄)။ ကိုယ်တော်ဘုရား၊ ထိုအဖြစ်ဆိုးမျိုး မပြုပါရစေနဲ့။

၅၁:၁၂ ဆိုခဲ့ပြီးသည့်အတိုင်း တေးမဆိုနိုင်အောင် နှုတ်ဆွံ့နေပြီ။ အကျွန်ုပ်စိတ်ဝိညာဉ်သာမက တေးသီချင်းလည်း မှိုတက်ကုန်ပြီ။ ကိုယ်တော်၏ ကယ်တင်ခြင်းအကြောင်း ပျော်ရွှင်စွာ တေးဖွဲ့သီဆို ပါရစေ။ နောက်တစိတ်ဖြင့် အထံတော်သို့ ပြန်လာပါပြီ။ အပြစ်ဝန်ချတောင်းပန်ပါသည်။ နောက်တခါ ထပ်ဆိုပါမည်။ ကြည်ညိုသောစေတနာ စိတ်သဘောထားဖြင့် ထောက်မတော်မူပါ။ ကယ်တင်တော်မူခြင်း၊ ဝမ်းမြောက်တေး ဆိုပါမည်။ ကိုယ်တော်၏ သဘောထားကြီးမြတ် စိတ်ကြောင့် ချမ်းသာရာရှိလိုပါသည်။ တနည်းအားဖြင့် နောက်တခါ ထိုအဖြစ်မျိုး မလုပ်တော့ပါ  စကားတော်နာခံပါမည်။ ဖြောင့်မတ်စွာ အသက်ရှင်ပါမည်။

၅၁:၁၃  ဘုရားသခင်က အကျွန်ုပ်အပြစ်ကို ခွင့်လွှတ်တော်မူလျှင် ဘုရားသင်၏ သဘောထား ကြီးမြတ်ပုံကို သက်သေခံပါမည်။ အခြားသူများကိုလည်း ထိုသို့စိတ်ဓါတ်ထားရှိကြဖို့  သွန်သင်ပြော ပြပါမည်။ အကျွန်ုပ်အပေါ်သို့ ကိုယ်တော်ပြုမူခဲ့ပုံကို ထောက်ရှု၍ အခြားလူများစွာကို အထံတော်သို့ လာကြစေပါမည်။

၅၁:၁၄ အကျွန်ုပ်အပြစ်အတွက် သွေးမြေခပြန်ဆပ်စရာမလိုဘဲ၊ ခွင့်လွှတ်တော်မူလျှင် ကမ္ဘာသားတို့ကြားသိအောင် သက်သေခံပါမည်။ ဥရိယ၏သွေးသည် အကျွန်ုပ်ခေါင်းပေါ်သို့ ကျစေသား။ အို ထာဝရဘုရား အကျွန်ုပ်ပါးစပ်အား ချီးမွမ်းသီးချင်းသီဆိုနိုင်အောင် အခွင့်အရေး ပေးတော်မူပါ။ ထောမနာသီချင်း ဆိုပါရစေ။

:၁၅ ငါ့နှုတ်ခမ်းကို စကားမဟနိုင်အော် အပြစ်များက တံဆိပ်ခတ် ချိတ်ပိတ်ထားပြီး ကိုယ်တော်ကို ချီးမွမ်း၍ ထောမနာပြုနိုင်ဖို့ရန် အကျွန်ုပ်၏အပြစ်များကို ခွင့်လွှတ်တော်မူပါ။ အကျွန်ုပ်၏ ပါးစပ်ကို ဆက်ကပ်ပူဇော်ပါရစေ။

          ၅၁:၁၆၁၇ ကိုယ်တော်ဘုရား အကျွန်ုပ်သည် ဘိုးဘွားစဉ်လာပြုသည့် ယဇ်ပူဇော်ခြင်းကို အယုံအကြည်မရှိပါ။ ကိုယ်တော်ဘုရားက ယဇ်ကောင်များအလိုတော်ရှိလျှင် ယဇ်ကောင်များစွာ ယူလာပေးနိုင် ပါသည်။ သို့သော် ကိုယ်တော်ဘုရားသည် မီးရှို့ရာယဇ်ပူဇော်ခြင်းကို မနှစ်သက်ကြောင်း အကျွန်ုပ် သိပါသည်။ သို့ကြောင့် ကျိုးပဲ့ကြေမွသောနှလုံးသားဖြင့် အထံတော်သို့ ရောက်လာပါသည်။ အလိုတော်ရှိသောယဇ်မှန်ကြောင်း သိရှိပါသည်။ စိတ်တော်နှင့် ထိတွေ့တော်မူပါ ဘုရား။

၅၁:၁၈ တဖန်အကျွန်ုပ်ဆုတောင်းလိုသည်မှာ အကျွန်ုပ်ကို ခွင့်လွှတ်သကဲ့သို့ ကိုယ်တော်၏ လူများအပေါ်သို့လည်း ထပ်တူထပ်မျှပြုတော်မူပါ။ ကောင်းသောအမှု၌ အကျွန်ုပ်သည် မွေ့လျော်ကြ ပါစေ။ ယေရုရှလင်မြို့ရိုးကို ပြန်လည်တည်ဆောက်ကြပါစေ။ အကျွန်ုပ်၏အပြစ်က ကိုယ်တော်၏ အမှုတော်ကို အနှောင့်အယှက်မဖြစ်ပါစေနှင့်။ နာမတော်ကို ယခင်အတိုင်းချီးမွမ်းပါမည်။ အတား အဆီးမရှိ၊ ပယောဂကင်းမဲ့စွာ ရှေ့ဆက်ပါရစေ။

၅၁:၁၉ ကိုယ်တော်နှင့် မိဿဟာယဖွဲ့သည့်အခါ အပြစ်များကို ဝန်ချတောင်းပန်ပါသည်။ အကျွန်ုပ်တို့၏ ယဇ်ပူဇော်ရာများကိုလည်း သန့်ရှင်းသောယဇ်အဖြစ်လက်ခံတော်မူပါ။ ယဇ်ပူဇော် သမျှကို စိတ်နှလုံးဖြင့်လက်ခံတော်မူပါ။ နွားလားများကို ယဇ်ပလ္လင်သို့ ယူဆောင်လာပါသည်။ အပြစ် ဒုစရိုက်များကို ဖြေလွှတ်တော်မူသောကြောင့် ကိုယ်တော်အားချီးမွမ်းကြပါသည်။

Previous Article
Next Article